← Chapters

အခန်း (၂၈၄)

Vol. 19 Ch. 284

အခန်း (၂၈၄)

Vol. 19 Ch. 284

ပိုင်ချန် အကယ်ဒမီအား အရှုံးပေးရန်အတွက် ဗဟိုသူတော်စင် အကယ်ဒမီက ကြီးမားသော တန်ဖိုးတစ်ခု ပေးချေခဲ့သည်ဟု၍ တချို့က သံသယရှိနေကြ၏။

ထိုသို့မဟုတ်လျှင် ပိုင်ချန်အကယ်ဒမီက ၎င်းတို့၏ အဆင့်(၁) နှင့် အဆင့်(၃) အား အဘယ်ကြောင့် ထိုမျှ အလွယ်တကူ အရှုံးခံမည်နည်း။ ယခုတွင် သူတို့၌ အဆင့်(၂) တစ်ယောက်တည်းသာကျန်တော့၏။ ၎င်းအနေဖြင့် အလယ်ပိုင်းသူတော်စင် အကယ်ဒမီ သို့မဟုတ် အနောက်ကြယ် အကယ်ဒမီနှင့်တွေ့ပါက ဆက်လက်ရပ်တည်နိုင်မည်လား ထုတ်ပယ်ခံရမည်လားဆိုတာ မသေချာပေ။

မှန်ပေသည်။ လူတိုင်း ပိုင်ချန်အကယ်ဒမီ၏ ခွန်အားအပေါ် သံသယမဖြစ်ကြပေ။ ဗဟိုသူတော်စင် အကယ်ဒမီကိုသာ သံသယရှိနေကြ၏။

နောက်ဆုံးတွင် ၎င်းတို့က ကျဆင်းနေသည့် အကယ်ဒမီတစ်ခုသာဖြစ်သည်။ ပထမဆုံး နှစ်ကြိမ် ဆက်တိုက်ရှုံးနိမ့်ခဲ့ခြင်းက လူတိုင်း မျှော်လင့်ထားသောအရာပင်။ သို့သော် တစ်စုံတစ်ယောက် ထွက်ပေါ်လာပြီး ပိုင်ချန် အကယ်ဒမီမှ နံပါတ်(၁) အား အနိုင်ယူခဲ့၏။

ဗဟိုသူတော်စင် အကယ်ဒမီ၏ ရှေးယခင်ပြိုင်ပွဲများတစ်လျှောက် ကျဆင်းလာမှုက ထိုတိုက်ပွဲတစ်ပွဲဖြင့် လူအများအမြင်ကို ပြောင်းပြန်လှန်ရန်မှာ မလွယ်ကူလှပေ။

ဗဟိုသူတော်စင် အကယ်ဒမီမှ ထိပ်ဆုံး (၃)ယောက်က အစွမ်းအစ အနည်းငယ်ရှိပြီး ကျန်လူများအားလုံး အားနည်းမည်ဟု လူတိုင်း ယုံကြည်နေကြ၏။

ရွှစ်..

တိုက်ပွဲ အနည်းငယ် ဆက်လက်ဖြစ်ပွားပြီးနောက် အကြွင်းမဲ့ စိတ်ဝိညာဉ်သေတ္တာမှ ပြိုင်ဘက် အသစ်နှစ်ဦးအမည်ထွက်ပေါ်လာသည်။

“ အနောက်ကြယ် အကယ်ဒမီ အဆင့်(၃) လုအိုစုန့် နဲ့ ဗဟိုသူတော်စင် အကယ်ဒမီ အဆင့်(၇) ဒီဝူဖန်….”

ဝှစ်ရှ်…

ပရိတ်သတ်များအားလုံး စင်မြင့်ထက်သို့ အာရုံစိုက်လိုက်ကြ၏။

အနောက်ကြယ် အကယ်ဒမီမှ လုအိုစုန့်က ယူရေးနတ်စ်မိသားစုမှ ဆင်းသက်လာပြီး မိသားစုမှ နံပါတ်(၁) ပါရမီရှင်အဖြစ် လူသိများကာ အလွန်အစွမ်းထက်သူတစ်ဦးဖြစ်သည်။ အနောက်ကြယ်အကယ်ဒမီ၌ပင် ထိပ်ဆုံး(၃)ယောက်၀င်သည်ကိုကြည့်လျှင် မြင်နိုင်ပေသည်။

တောင်ပိုင်းတိုက်ကြီးတွင် ကိုယ့်ထက် ပါရမီကောင်းသူအား ကျော်ဖြတ် အနိုင်ယူနိုင်သူ များစွာမရှိပေ။

ဗဟိုသူတော်စင် အကယ်ဒမီမှ အဆင့်(၇) က အလွန်အစွမ်းထက်သူ မဖြစ်သင့်ပေ။

“ ဟားဟားဟားဟား….”

ဝှစ်ရှ်…

လုအိုစုန့်က ရယ်မောလိုက်ပြီး စိတ်အေးလက်အေးဖြင့် စင်မြင့်ထက်သို့ ခုန်တက်လိုက်သည်။

သူက ဤမတိုင်ခင် တိုက်ပွဲအနည်းငယ် တိုက်ခိုက်ခဲ့ပြီးဖြစ်၏။

အနောက်ကြယ်အကယ်ဒမီ၌ သူ့အထက်မှ လူနှစ်ယောက်အား အနိုင်မရနိုင်သော်လည်း ထိုပွဲများ၌ အလွယ်တကူအနိုင်ရခဲ့သည်။

ဗဟိုသူတော်စင် အကယ်ဒမီတွင်..

ထိပ်ဆုံး(၃)ယောက်မှလွဲ၍ ကျန်လူများ သူ့ပြိုင်ဘက် ဖြစ်နိုင်မည်မထင်ပေ။

“ ဟေး.. ဒါက စိတ်မကောင်းစရာဘဲ… မင်းက အဆင့်(၇)မှာပဲရှိတယ်… ဒါနဲ့ တကယ်ပဲ အဆင့်(၇)ရော ဟုတ်ရဲ့လား….”

လုအိုစုန့်က စင်မြင့်၏ တစ်ဖက်ခြမ်းတွင်ရပ်နေသော ဒီဝူဖန်အား မျက်လုံးမှေးကြည့်ကာ မေးလိုက်သည်။

သူတို့ တစ်စုံတစ်ခုအား ဆွေးနွေးခဲ့ကြ၏။ ဗဟိုသူတော်စင် အကယ်ဒမီ၏ နှစ်ပွဲဆက် အနိုင်ရခဲ့ခြင်းမှာ အနည်းငယ် ယုတ္တိမတန်ပေ။ ( ရှောင်ဖန် နဲ့ ရှောင်ဟောင်ပွဲ )

၎င်းတို့အနေဖြင့် သန်မာသူများအား နောက်တွင်ထားကာ အဆင့်စီထားခြင်းဖြစ်ကောင်းဖြစ်နိုင်၏။ သို့ဖြစ်ပါက ပြိုင်ပွဲ၌ လျင်မြန်စွာ ပြုတ်မသွားဘဲ အချိန်အတန်ကြာ ထိန်းထားနိုင်ပေလိမ့်မည်။

ထိုစကားများကြားလျှင် ဒီဝူဖန်မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ် မကျေမနပ်ဖြစ်သွား၏။

“ ငါက အဆင့်(၇)ဘဲ…”

ဆရာရွှမ်ယီ၏ တပည့်(၆)ယောက်ကြောင့်မဟုတ်ပါက သူက ဗဟိုသူတော်စင် အကယ်ဒမီ၌ အဆင့်(၁) ဖြစ်နေပေလိမ့်မည်။ ထိုကိစ္စများမတိုင်မီ သူတော်စင် ဒေသ၌ နံပါတ်(၁)ဟု လူအများထံ သတ်မှတ်ခံထားရသူဖြစ်၏။

ဒီမိသားစု၏ လေ့လာမှုများအရ ဒီဝူဖန်၏ စွမ်းအားက ကျန်အကယ်ဒမီများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိပေသည်။

ဆရာရွှမ်၏ တပည့်များက မွန်းစတားဆန်လွန်းသောကြောင့်သာ အဆင့်(၇)သို့ ထိုးကျသွားခဲ့ရခြင်းဖြစ်၏။

“ ကျွတ်.. ကျွတ်..ကျွတ်…”

ဒီဝူဖန်၏ အဖြေကိုကြားလျှင် လုအိုစုန့်၏ မျက်၀န်းများထဲ၌ အထင်သေးဟန်များ ဖြစ်ပေါ်လာပြီး ခေါင်းယမ်းလိုက်သည်။

“ မင်းက ဗဟိုသူတော်စင် အကယ်ဒမီမှာ ထိပ်ဆုံး(၃)ယောက်ထဲမပါဘဲ အမှန်တကယ် အဆင့်(၇) ဆိုရင် စိတ်၀င်စားဖို့မကောင်းတော့ဘူး…”

“ ဟင်း… ပျင်းစရာဘဲ…”

သူက ဒီဝူဖန်အား ခေါင်းထဲပင်မထည့်တော့ချေ။ ထိုအစား ယုလင်းလုံအပေါ်တွင်သာ ပို၍စိတ်၀င်စားနေခဲ့သည်။

ပရိတ်သတ် အများစု ခေါင်းညိတ်ကာ လုအိုစုန့် စကားအား ထောက်ခံလိုက်ကြ၏။

ဗဟိုသူတော်စင် အကယ်ဒမီမှ အဆင့်(၇) မပြောနှင့် အလယ်ပိုင်း သူတော်စင် အကယ်ဒမီမှ အဆင့်(၇)ပင် လုအိုစုန့်၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။

ထို ဒီဝူဖန် ဆိုးဆိုးရွားရွား ရှုံးနိမ့်တော့မည်မှာ ထင်ရှား၏။

“ ငါ့ကို တော်တော်လေး လျှော့တွက်နေတာဘဲ…”

ဒီဝူဖန်၏ မျက်၀န်းထဲတွင် ဒေါသများ ယှက်သန်းလာသည်။ သို့သော် သူ့တစ်ကိုယ်လုံးမှနေ၍ အလွန်ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ထွက်ပေါ်လာပြီး မျက်၀န်းထဲမှ ဒေါသများနေရာတွင် တောက်ပမှုများ အစားထိုးသွားခဲ့၏။

သူတော်စင်ဒေသမှ ပါရမီရှင်အားလုံးကို အနိုင်ယူရန်အတွက် ဒီဝူဖန် မည်သည့်အရာအပေါ် အားကိုးခဲ့သနည်း…?

စစ်နတ်ဘုရားခန္ဓာကိုယ်နှင့် အင်ပါယာအဆင့် ကျင့်စဉ်ဖြစ်ပေသည်။

သူက တိုက်ခိုက်ရန် မွေးဖွားလာသူတစ်ဦးဖြစ်ကာ ကောင်းကင်ဘုရင်တစ်ဦး၏ အနီးကပ်လေ့ကျင့်ပေးခြင်းကိုပင် ရရှိခဲ့၏။

‘ တိုက်ပွဲစင်မြင့်ထက်ရောက်နေတာတောင် မင်းက ငါ့ကို အထင်သေးပြီး သတိလက်လွတ် ပေါ့လျော့နေရဲတယ်လား…’

‘ မင်း ဘယ်သူဖြစ်ဖြစ်…. အထင်သေးတဲ့အတွက် တန်ဖိုးကြီးကြီးမားမား ပေးဆပ်စေရမယ်…’

ဘုန်း…

ဒီဝူဖန်က စကားပြောရန် စိတ်မ၀င်စားတော့ဘဲ ဒေါသအား မျိုသိပ်လိုက်ပြီး ခွန်အားကို အမြင့်ဆုံးထိ ပေါက်ကွဲစေလိုက်သည်။

ယုလင်းလုံနှင့် ကျန်သူများ သန်မာသည်ကို သူလက်ခံ၍ရသည်။ ၎င်းတို့က တောင်ပိုင်းတိုက်ကြီး၏ အကန့်အသတ်ကို ကျော်လွန်နေကြသူများဖြစ်၏။ သူတို့အား ရှူံနိမ့်ခဲ့ခြင်းကြောင့် ဒီဝူဖန်က တောင်ပိုင်းတိုက်ကြီးမှ ကျန်လူများထက် အားနည်းသည်ဟု မဆိုလိုပေ။

“ တိုက်…”

ဘုန်း…

ဒီဝူဖန်၏ ခန္ဓာကိုယ်မှ သွေးစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာ၏။

လေပေါ်ကျွန်း ကောင်းကင်ထက်မှ တိမ်များအားလုံး သွေးနီရောင်ပြောင်းသွားကာ အဆုံးမဲ့ တိုက်ပွဲခေါ်သံများ ထွက်ပေါ်လာ၏။ ထိုအခါ လုအိုစုန့် တစ်ယောက် စစ်မြေပြင်သို့ ရောက်သွားသည့်အလား ခံစားလိုက်ရသည်။

ဒီဝူဖန်က စစ်မြေပြင်မှ စစ်နတ်ဘုရားတစ်ပါးအလားပင်။

ဘုန်း..

ဒီဝူဖန်က ပြေး၀င်လာပြီး လက်သီးဖြင့် လှမ်းထိုးလိုက်ရာ လုအိုစုန့် စိတ်ထဲတွင် သူ့အား မရေမတွက်နိုင်သောလူများ တစ်ချိန်တည်း တိုက်ခိုက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။

လုအိုစုန့် အံကြိတ်ကာ သက်ပြင်းချလိုက်ပြီး စိတ်ကို တည်ငြိမ်စေရန် ကြိုးစားလိုက်သည်။

ပြိုင်ဘက်၏ တိုက်ခိုက်မှုက စိတ်ကိုရှုပ်ထွေးစေကြောင်း သူနားလည်လိုက်၏။

ယခုတွင် လုအိုစုန့် အဓိကအချက်ကို ဖမ်းဆုပ်မိလိုက်ပြီဖြစ်ပြီး ပြန်လည်တိုက်ခိုက်ရန် အသင့်ဖြစ်နေချေပြီ။

သူကလည်း တောင်ပိုင်းတိုက်ကြီးမှ ထိပ်တန်းပါရမီရှင်တစ်ဦး မဟုတ်ပေလော။

တစ်ခဏမျှ တုန်လှုပ်ခဲ့ပြီးနောက် ပြန်လည် စိတ်တည်ငြိမ်သွားပြီး အလွန်ကြီးမားသော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်၏ စိတ်ဝိညာဉ်စွမ်းအင်ပုံရိပ်က သူ့နောက်ကျောတွင် ထွက်ပေါ်လာပြီး ပင်စည်၌ တွဲကျနေသည့် နွယ်ကြိုးတစ်ချောင်းက ဒီဝူဖန်ရှိရာသို့ လျှပ်စီးအလား လျှင်မြန်စွာ ပြေး၀င်သွားလေသည်။

ဒီဝူဖန်ကလည်း ခေသူမဟုတ်ချေ။ ချက်ချင်း ကိုယ်ကိုယိမ်းကာ ရှောင်တိမ်းလိုက်ပြီး နောက်ထပ်လက်သီးတစ်ချက် ပစ်လွှတ်လိုက်၏။ ထိုလက်သီးချက်ထဲတွင် လူ(၅)ယောက်ပေါင်းစာ စွမ်းအားများ ပါ၀င်နေသည်။

ဤတစ်ကြိမ်တွင် လုအိုစုန့် မရှောင်နိုင်တော့ချေ။ ပြင်းထန်စွာ အထိုးခံလိုက်ရပြီးနောက် မူးမွေ့သွားကာ နောက်သို့ ယိုင်တိုင်တိုင်ဖြင့် ရွေ့သွားလေသည်။

ထိုအချိန်တွင် ဒီဝူဖန်၏ တိုက်ခိုက်လိုစိတ်များက စစ်နတ်ဘုရားခန္ဓာကိုယ်၏ ထောက်ပံ့မှုကြောင့် ထိပ်ဆုံးသို့ ရောက်နေချေပြီ။ ပြိုင်ဘက်အား အခွင့်အရေးမပေးဘဲ အသာစီးအခြေအနေ၌ ဖိအားပေးကာ မပြတ်တမ်း လိုက်လံ တိုက်ခိုက်လိုက်သည်။

ဒုတိယ လက်သီးချက်၌ လူ(၈)ယောက် စွမ်းအား ၊ တတိယ လက်သီးချက်၌ လူ(၁၀)ယောက်စွမ်းအား ၊ (၁၅)ယောက် စွမ်းအား ၊ (၁၈)ယောက်စွမ်းအား…

လက်သီးချက်များထဲ၌ ပါ၀င်သောစွမ်းအားများက တဖြည်းဖြည်းတိုးသွားခဲ့၏။

ဖောင်း…

တစ်ချက်ပြီး တစ်ချက်အထိုးခံရလေ လုအိုစုန့် နှလုံးသား တုန်လှုပ်လာလေဖြစ်သည်။ တဖြည်းဖြည်း မျက်နှာက ဖြူလျော်လာခဲ့၏။ နှဖူးထက်မှ ချွေးအေးများ ရင်ဘတ်သို့တိုင်အောင် စီးကျနေသည်။ (၅)ချက်မြောက် လက်သီး ထိမှန်ပြီးချိန်တွင် သွေးတစ်ပွက်အန်လိုက်ရပြီး အရှိန်အဝါများ မှေးမှိန်သွားတော့၏။

ဒီဝူဖန်က အေးစက်စွာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး လုအိုစုန့်၏ ရင်ဘတ်အား ဆောင့်ကန်လိုက်ရာ ဖွဲအိတ်တစ်လုံးပမာ စင်မြင့်ထက်မှ လွင့်စင်သွားလေသည်။

သူက ဗဟိုသူတော်စင် အကယ်ဒမီ၌ အဆင့်(၇)ဖြစ်နေသည့်တိုင် ကျန်အကယ်ဒမီများမှ ထိပ်ဆုံး(၃)ယောက်ထက်

အားနည်းခြင်းမရှိချေ။

ဒီဝူဖန်… စစ်နတ်ဘုရားခန္ဓာကိုယ် ပိုင်ရှင်…

၎င်း၏ ခွန်အားကို အနောက်ကြယ်အကယ်ဒမီမှ အဆင့်(၃) နှင့်တိုက်ပွဲ၌ ထုတ်ဖော်ပြသခဲ့သည်။

ဘုန်း…

အနောက်ကြယ်အကယ်ဒမီမှ အဆင့်(၃)က ဗဟိုသူတော်စင်အကယ်ဒမီမှ အဆင့်(၇)အား ရှုံးသွားချေပြီ။

ထိုရလဒ်က လူတိုင်းကို လုံး၀ မှင်သက်သွားစေခဲ့ပြီး ၎င်းတို့အာရုံကို နောက်ထပ် တိုက်ပွဲအနည်းငယ်ကြာသွားသည့်တိုင် အပြည့်အ၀ပြန်လည်မစုစည်းနိုင်လောက်အောင် ဖြစ်သွားစေခဲ့သည်။

All Chapters