ပရမ်းပတာပန်း
Vol. 139 Ch. 4.1591
ကျွန်းက သိပ်မကြီးပါဘူး။
ကျွန်းထဲသို့ ဝင်ပြီးနောက် လုရွှမ်သည် သူမြင်ဖူးသော အရာများက လုံးဝ ထင်ယောင်ထင်မှား ဖြစ်နေကြောင်း သိလိုက်သည်။ ဒီကျွန်းက သိပ်မကြီးပေမယ့် သေးသေးလေးလည်း မဟုတ်တာတော့ သေချာသည်။
တောင်တွေက မြင့်သည်။ ဘေးပတ်ပတ်လည်က မြေပြင်က ကြမ်းတမ်းသည်။ တောင်တွေက အုံ့ဆိုင်းနေတော့ အစွန်းကို တစ်ချက်ကြည့်ရုံဖြင့် မမြင်ရချေ။
တိမ်ဖြူကုလားကာသည် အဝေးက တောင်တန်းများကို ဖုံးအုပ်ထားသော်လည်း သဲလွန်စအနည်းငယ် ပေါ်လာပါသေးသည်။ ၎င်းသည် လူများအား အလွန်လျှို့ဝှက် ဆန်းကြယ်သော ခံစားချက်ကို ပေးစွမ်းပြီး အတွင်းထဲ ဝင်ရောက်၍ စူးစမ်းလိုစိတ်ကို ကူကယ်ရာမဲ့ ထွက်ပေါ်လာစေသည်။
စီးဆင်းနေတဲ့ ရေတွေနဲ့ ရေတံခွန်တွေရဲ့ ငြီးငြူသံတွေ၊ ဟောက်သံတွေနဲ့ လှုပ်လှုပ်ရွရွ ရွေ့လျားနေသံတွေ ဖြစ်ပြီး တောင်တွေက ပေပေါင်းသောင်းချီ မြင့်သည်။ ရေကန်တွေက ဘယ်လောက်နက်လဲ မသိနိုင်ချေ။
ကမ်းခြေအနီးတွင် မြင်တွေ့ရသော သာရဲအချို့မှလွဲ၍ အတွင်းထဲမှာတော့ အသက်မရှိသော ဆိတ်ငြိမ်သော နေရာတစ်ခုလို ဖြစ်နေသည်။ မြက်ခင်းစိမ်းစိမ်းတွေက လေပြေတွေ တိုက်နေပေမယ့် ပိုခံစားရလေလေ၊ ထူးထူးခြားခြား တစ်ခုခု ရှိနေသလို ခံစားရလေလေပါပဲ။
လူခြောက်ယောက်က တန်းစီပြီး ဘယ်သူ့ကိုမှ ဘယ်သူ့ကို မယုံကြဘဲ တခြားသူတွေရဲ့ နောက်မှာလည်း ရပ်မနေကြချေ။
လုရွှမ်က ရွှမ်ဝူ အမျိုးအနွယ်၏ဘေးတွင် ရပ်နေသည်။ ထုံးစံအတိုင်း သူသည် ကြယ်တစ်သောင်းကမ္ဘာမှာ ရှိစဥ်တုန်းက ရွှမ်ဝူတစ်ကောင်နဲ့ ကြုံတွေ့ခဲ့ရဖူးပြီး ရွှမ်ဝူဆီကနေလည်း နှင်ထုတ်ခံခဲ့ရသည်။
ဤအခိုက်အတန့်တွင် ဒီရွှမ်ဝူရဲ့ စွမ်းအားသည် နတ်ခြေလှမ်းနယ်ပယ် အဆင့်ထက် ကျော်လွန်နေပြီဟု ခံစားမိသည်။ သူ့ရှေ့ကလူထက် အများကြီး သန်မာ၏။
"လူသားမျိုးနွယ် လုရွှမ်ပါ... ဒီကညီအစ်ကို မင်းကို ဘယ်လိုခေါ်ရမလဲ?"
လုရွှမ်က ရွှမ်ဝူပုခုံးကို ကိုင်လိုက်ပြီး ကြင်နာစွာ မိတ်ဆက်လိုက်သည်။
"ဟမ့်!"
ရွှမ်ဝူရဲ့ သားစဉ်မြေးဆက်က ဟစ်အော်ကာ နှုတ်ခမ်းကို တွန့်၍ “လူသားများ” ရဲ့ မျက်နှာကို အထင်အမြင် သေးစွာဖြင့် ခေါင်းလှည့်လိုက်သည်။
လုရွှမ် ခဏလောက် ထိတ်လန့်သွားပေမယ့် ချက်ချင်း တည်ငြိမ်သွားသည်။ ဒီကောင်ရဲ့ ဦးနှောက်မှာ တစ်ခုခုမှားနေပြီလား။
လူသုံးယောက် စည်းလုံးညီညွတ်ခဲ့ကြတာ ရှင်းရှင်းလင်းလင်း ရှိသော်လည်း ရွှမ်ဝူသည် ယခင်က လူသားများတီထွင်ခဲ့သော စကားလုံးများနှင့် ပတ်သက်၍ ဒေါသထွက်နေဆဲ ဖြစ်သည်။ တခြား ထူးဆန်းသော သားရဲအတွက်မူ လုရွှမ် ၎င်းနှင့် မရင်းနှီးဘဲ အာရုံစိုက်နေရန် မလိုအပ်ပေ။
ဒီနေရာမှာ တစ်ယောက်တည်း နေလိုက်တာကမှ အဆင်ပြေလိမ့်မည်။ နတ်ဘုရားလို ပြိုင်ဘက်တွေကို မကြောက်ဘဲ ဝက်နဲ့တူတဲ့ အသင်းဖော်တွေကိုသာ ကြောက်ရမှာ ဖြစ်ပေသည်။
"အထဲဝင်ရအောင်"
နဂါးလေးက အော်ပြီး တခြားသူတွေကို စိုက်ကြည့်လိုက်သည်။ ထုံးစံအတိုင်း လူတိုင်းမှာလည်း ကန့်ကွက်စရာ မရှိပါဘူး။
နဂါးလေး၊ ရဲ့ရှားမျိုးနွယ်နဲ့ ကောင်းကင်သိမ်းငှက်တို့က ရှေ့သို့ အပြေးအလွှား ပြေးသွားပြီး အဖြူရောင် အခိုးအငွေ့ထဲသို့ တိုက်ရိုက် ပြေးဝင်သွားကြသည်။
ထိုအခါ ထူးဆန်းသားရဲကလည်း သူတို့သုံးယောက်နောက်သို့ လိုက်သွားသဖြင့် ရွှမ်ဝူမှာ သူ၏နှေးကွေးသော အရှိန်ကြောင့် လှောင်ရယ်ခံရမည်ကို စိုးရိမ်သဖြင့် အားနည်းချက်ကို မပြနိုင်ပေ။ လုရွှမ် အနောက်မှ အေးဆေးစွာ ပျံသန်းသွားခဲ့သည်။ သူ့ပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုများနှင့် အာရုံစူးစိုက်ဖို့ လိုအပ်သော နေရာအချို့ကို ရှာဖွေရန် သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်ကာ ငြိမ်သက်စွာ ပျံသန်းသွားခဲ့သည်။
လုရွှမ်: "ကျီးဖိုးဖိုး တစ်ခုခုကို ခံစားမိတာရှိလား"
"ထူးဆန်းတာ တစ်ခုရှိတယ် ဒါပေမယ့် အတိအကျတော့ ငါမခံစားရဘူး... မင်းသတိထားသင့်တယ်"
ရွှေကျီးကန်းရဲ့ စကားတွေက နည်းနည်းတော့ မရှင်းမလင်း ဖြစ်နေတာကြောင့် ဒီနေရာရဲ့ ထူးဆန်းမှုကိုလည်း ထင်ရှားသွားစေပါသည်။ လူငါးဦးသည် တိမ်ဖြူကုလားကာထဲသို့ ပြေးဝင်သွားခဲ့ကြ၏။ ပတ်ဝန်းကျင်က လုရွှမ်ရဲ့ နတ်မျက်စိဖြင့်ပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။
အလျင်စလိုမလုပ်ဘဲ သူ့အနေအထားကို ရွှေ့လိုက်ပြီး ဖြည်းညှင်းစွာပဲ ပြေးဝင်လိုက်သည်။ ကန့်လန့်ကာထဲ ဝင်သွားတော့ အဝေးက လူငါးယောက်က သူ့ကို တိမ်တိုက်တွေထဲကနေ လှမ်းကြည့်နေတာ တွေ့လိုက်ရလေ၏။
"မင်းတို့ငါးယောက်ကို ငါစောင့်နေတာ ကြာပြီထင်တယ်!"
နဂါးလေးတ်ု့ သုံးယောက်က ဟစ်အော်လိုက်ကြပြီး ထူးဆန်းသားရဲနဲ့ ရွှမ်ဝူတို့ရဲ့ မျက်နှာများကတောင် အနည်းငယ် မည်းမှောင်သွားခဲ့သည်။ လုရွှမ်လည်း ဒါကို အလေးအနက် မထားခဲ့ပါ။ ဒါတွေဟာ လူတွေကို အထင်ကြီးစေမယ့် လှည့်ကွက်တွေချည်းပဲလေ။
ဒီလူမိုက်နှစ်ယောက်က အဲဒီလူသုံးယောက်ကို ရွေးလိုက်တဲ့အတွက် သူ့ကို စွန့်ပစ်ဖို့ ကြံရွယ်ခဲ့တာ သိသာနေပြီ။
ထူးဆန်းသော ဝိညာဉ်စွမ်းအင်သည် သိသိသာသာ ပို၍အားကောင်းသည်မှလွဲ၍ အရာအားလုံးက အပြင်ဘက်ကနဲ့ အတူတူပင်။ လုရွှမ်လည်း သူ၏ ဝိညာဉ်စွမ်းအင်စုပ်ယူမှုကို ပိတ်ထားပြီးဖြစ်ပြီး သူလိုအပ်သော ဝိညာဉ်စွမ်းအင်သည် ကျောက်စိမ်းပြားထဲရှိ သလင်းကျောက်များမှ ထွက်လာသည်။
သလင်းကျောက်ထဲက ဝိညာဥ်စွမ်းအင်တွေဟာ စိတ်ဝိညာဉ်ပင်လယ်ကို တိုက်ရိုက် ဖြတ်သန်း၍ ခန္ဓာကိုယ်ထဲသို့ လွှဲပြောင်းပေးနိုင်သည်။ ဒါက သူဟာ ထိုလူငါးဦးထက် ကြီးမားသော အားသာချက် ရှိသည်ဟု ဆိုနိုင်သည်။
"ဒီမှာ ဝိညာဉ်စွမ်းအင်က တစ်ခုခုမှားနေပြီ ကျေးဇူးပြုပြီး သတိထားကြပါ"
နဂါးလေးက အော်ပြောပြီး လူတော်တော်များများကလည်း ခေါင်းညိတ်လိုက်ကြသည်။ လုရွှမ် ထိုလူငါးယောက်ကို လျစ်လျူရှုထား၏။ ဒီထဲဝင်မှာက တစ်ရက်တည်းသာဖြစ်ပြီး ဤလူများသည် သူနှင့်အတူ လျှောက်လှမ်းရန် ရည်ရွယ်ချက်မရှိပေ။
သူ့အတွက် ဒီနေရာဟာ လွတ်လွတ်လပ်လပ် သွားလာလို့ရတဲ့ နေရာပဲ။ အဲဒီလူငါးယောက်နဲ့ အတူရှိတဲ့အခါ သူ့နောက်ကွယ်ကနေ လှည့်စားချင်နေတာကို သတိထားဖို့ပဲ လိုသည်။
လုရွှမ် ထွက်သွားတာကို ကြည့်ပြီး နဂါးလေး၊ ရဲ့ရှားမျိုးနွယ်နဲ့ ကောင်းကင်သိမ်းငှက်တို့ တခြားနှစ်ယောက်ကို တစ်ချက် ကြည့်လိုက်ပေမယ့် လိုက်မသွားခဲ့ကြချေ။
ရဲ့ရှားမျိုးနွယ်: "ဟမ့် အဲဒီလူကို ခဏလောက် လွှတ်ထားလိုက်ကြရအောင်... ဒီတိုက်ပွဲမှာ ဝိညာဉ်စွမ်းအင်တွေ အရမ်းကုန်သွားပြီ..."
ကျန်လူနှစ်ယောက်က ဝိညာဉ်စွမ်းအင်ကို ဤနေရာတွင် မစုပ်ယူနိုင်တော့ကြောင်း နားလည်တာမလို့ သဘာဝအားဖြင့် ခန္ဓာကိုယ်အတွင်း သိမ်းဆည်းထားသည့် ဝိညာဉ်စွမ်းအင်ကိုသာ စုပ်ယူရသည်။ သို့သော် ပမာဏတစ်ခုသာ ဝင်နိုင်၏။
ထုံးစံအတိုင်း ငရဲကျွန်းရှိ အခွင့်အလမ်းများနှင့် လျှို့ဝှက်ချက်များကို ရှာဖွေတာလိုမျိုး ပိုအရေးကြီးသော အရာများကိုသာ အာရုံစိုက်ထားသင့်သည်။ လုရွှမ်ကို အမဲလိုက်ခြင်းအတွက်က ၎င်းတို့ သုံးဦးအတွက် အခွင့်အရေးများစွာ ရှိဦးမည်ဟု ယုံကြည်နေကြသည်။
လုရွှမ် ဘယ်လောက်ပဲ သန်မာနေပါစေ သူဘယ်လောက်ပဲ အရည်အချင်းရှိပါစေ၊ ထူးဆန်းသားရဲရဲ့ အကူအညီနဲ့ ရွှမ်ဝူရဲ့ မိုက်မဲတဲ့ ခေါင်းကို ထည့်မပေါင်းရင်တောင် သူတို့ သုံးယောက်အတူတကွ ယှဉ်ပြိုင်လိုက်ရင် အနိုင်ရဖို့ သေချာပါပြဖိ။
သူတို့၏ နှလုံးသားထဲတွင် လုရွှမ်ကို သတ်ရန် အမိန့်ပေးထားပြီးသား ဖြစ်သည်။
လုရွှမ် ရှေ့သို့ ဖြည်းညှင်းစွာ ပျံသန်းသွားခဲ့သည်။ ယခုလို အန္တရာယ်ရှိသော နေရာတွင် ရှင်သန်ဖို့ အရင် ကြိုးစားရမည်။ ယုတ်မာမှုကို ဖုံးကွယ်ထားတာကလည်း အလွန် ထက်မြက်သော နည်းလမ်း ဖြစ်သည်လေ။
မည်သို့ပင်ဆိုစေကာမူ မျှော်စင်နယ်ပယ် အဆင့်တစ်က မြင်ဖူးသူတိုင်း တစ်ချက်သာ ကြည့်ကြသည်။ ဒီလိုမျိုး ခွန်အားရှိသူကို ဘာကြောင့် ဒီမှာတင်ထားရသလဲ ဆိုတာကိုလည်း အံ့သြမိပါလိမ့်မည်။
ဒါပေမယ့် ဗီဇအရတော့ ဘာမှ နားမလည်တဲ့ ကလေးက ကျားနဲ့ ယုန်ကို မြင်တဲ့အခါ ယုန်ရှေ့မှာ လုံခြုံတယ်လို့ ခံစားရမှာ သေချာပါ၏။ ဝက်တစ်ကောင်လို ဟန်ဆောင်ပြီး ကျားကိုစားချင်တဲ့အခါ တခြားအရာများကို အလိုလို လျစ်လျူရှုတတ်လိမ့်မည်။
လုရွှမ်ရဲ့ နတ်မျက်လုံးများက ပတ်ဝန်းကျင်ကို လေ့လာနေခဲ့ရာ ရုတ်တရက် မျက်လုံးများ လင်းလာပြီး ပရမ်းပတာ ပန်းတစ်ပွင့်ကို တွေ့လိုက်ရသည်။
ပရမ်းပတာ ပန်းတစ်ပွင့်က ဒီလိုနေရာမျိုးမှာ ကြီးထွားလာလိမ့်မယ်လို့ မထင်မှတ်နိုင်ပေ။ ဒါက အကြီးအကဲ ချန်ပေါင်ရှန်းရဲ့ မှတ်စုများထဲတွင် အမှတ်အသားပြုထားသော ထိပ်တန်းဆေးဖက်ဝင်ပစ္စည်း ဖြစ်ပြီး အလွန်ရှားပါးသည်။
တောင်ပိုင်းနယ်မြေမှာ မျိုးသုဉ်းသွားခဲ့သော အရာများကို ငရဲကျွန်းမှာ အမှန်တကယ် တွေ့ရတော့မယ့်ပုံပဲ။
လုရွှမ် ခပ်လှမ်းလှမ်းမှ ဆင်းသက်လိုက်သည်။
ပရမ်းပတာပန်းများသည် နေရောင်ခြည်နှင့် လရောင်ကို ရင်ဆိုင်ရသောအခါတွင် အရောင်ပြောင်းသွားလိမ့်မည်။ အနီရောင်နေထွက်တဲ့အခါ ယင်စွမ်းအင်ကို သဘာဝအတိုင်း ထုတ်ပေးမှာ ဖြစ်ပြီး တောက်ပတဲ့လက ထွက်လာတဲ့အခါ အလွန်မှော်ဆန်တဲ့ ယန်စွမ်းအင်ကို သဘာဝအတိုင်း ထုတ်လွှတ်ပါလိမ့်မည်။
သို့သော် ဒဏ္ဍာရီအရ ထိုပန်းအတွင်းရှိ ယင်နဲ့ယန်ဟာ လုံးဝ မျှမျှတတ ဖြစ်နေမှသာ ပရမ်းပတာပန်းက ဆေးလုံး သန့်စင်တဲ့အခါ ထူးထူးခြားခြား ဂုဏ်သတ္တိများစွာ ရှိလာမှာ ဖြစ်ပါသည်။
အထူးသဖြင့် ပရမ်းပတာပန်းဟာ ကမ္ဘာတစ်ဝှမ်းရှိ လူသားများကို ဆွဲဆောင်နိုင်သည့် လက္ခဏာတစ်ခု ရှိသည်။ ၎င်းက လက်နက်ကို အဆင့်မြှင့်တင်ရန်အတွက် အဓိကပစ္စည်း ဖြစ်ပေ၏။
ပရမ်းပတာ ပန်းတစ်ပွင့်ကို လက်နက်သန့်စင်မှုတွင် ထည့်သွင်းလိုက်သောအခါ မျှတသော ယင်နဲ့ယန်တို့သည် လက်နက်ထဲသို့ ဝင်ရောက်ပြီး ကောင်းကင်နှင့် မြေကြီးရဲ့ အခြေခံအုတ်မြစ် ဖြစ်လာလိမ့်မည်။
ပရမ်းပတာပန်းဟာ အလွန်တန်ဖိုးရှိပြီး ယင်ယန် ချိန်ခွင်လျှာသည် အလွန်ရှားပါးသောကြောင့် တိုးတက်ရန် အသင့်တော်ဆုံး ၎င်းက ကောင်းကင်လက်နက်အတွက် အထူးသင့်လျော်သည်။