← Chapters

မြွေနတ်ဆိုးကို သတ်

Vol. 139 Ch. 4.1595

မြွေနတ်ဆိုးကို သတ်

Vol. 139 Ch. 4.1595

ရုတ်​တရက်​ လုရွှမ်ရဲ့ ခန္ဓာကိုယ်​သည်​ လျင်​မြန်​စွာ ခုန်​တက်​သွားပြီး လျှပ်​စီးလက်​သလို ပျောက်သွားသည်။ ဓားတစ်စင်း လျစ်ကနဲ ထိုးထွက် ဖြတ်ကျော်သွား၏။ ထိုဓားစွမ်းအင်က ထူးဆန်းသော မြွေ၏ ဘယ်ဘက်မျက်လုံးကို ထိုးဖောက်ရန် ကြံရွယ်ထားခြင်း ဖြစ်​လေသည်။

ပေါက်ကွဲသံနှင့်အတူ မျက်လုံးသည် ကွဲအက်သွားပြီး အပြာရောင်သွေးများ နေရာအနှံ့ ဖြန်းခနဲ ပန်းထွက်လာ၏။ ထူးဆန်းမြွေလည်း ၎င်း၏ ခန္ဓာကိုယ်ကို လှည့်ပတ်ကာ ပြင်းထန်စွာ အော်ဟစ်​နေ​တော့သည်။

မြွေအမြီးသည် ကျောက်ဆောင်များကို ထိမှန်ကာ ကျောက်ဆောင်များ ပြိုကျကုန်သလို တောင်ကုန်းများလည်း ပျက်စီးကုန်တာကြောင့် ဖုန်မှုန့်များ လွင့်ပျံထွက်သွားသည်။

"လူသား... ငါ မင်းကို သတ်ပစ်မယ် ငါမင်းကို သတ်မယ် အား!"

လုရွှမ် လေထဲ ပျံတက်သွားပြီး နာကျင်စွာ အော်ဟစ်ကာ ကမ္ဘာကြီးကို ရက်စက်စွာ ချေမှုန်းချင်နေတဲ့ မြွေနတ်ဆိုးကို ကြည့်လိုက်သည်။ အစောက သူ့စိတ်ထဲမှာ အလွန်ထိတ်လန့်သွားခဲ့၏။ ကြောက်စရာကောင်းတဲ့ အန္တရာယ်တစ်ခုပင်။ ကြာပွတ်လို မြွေအမြီးကို ထိမိရင် ပါးစပ်က သွေးထွက်တာထက် ပိုဆိုးနေမှာ သေချာပါသည်။

အခုဆို မြွေက အာရုံပျံ့လွင့်နေတဲ့ အချိန်ပဲ။ ဒီအချိန်မှာ မြွေကို အပြင်းအထန် ဒဏ်ရာရအောင် မလုပ်နိုင်ရင် ဘယ်လောက်ကြာ ဆက်ထိန်းထားနိုင်ပါ့မလဲ မသိနိုင်ချေ။

လုရွှမ် ချင်ထျန်းဓားကို ဆွဲထုတ်ပြီး အရိုးရှင်းဆုံး၊ တိုက်ရိုက်နှင့် အပြင်းထန်ဆုံး ယွမ်ယန်ဓားကိုးစင်းဖြင့် ထူးဆန်းသော မြွေတစ်ကောင်၏ ခန္ဓာကိုယ်ကို ခုတ်လှဲပစ်လိုက်သည်။

ထူးဆန်းသော မြွေသည် ပြင်းထန်စွာ နာကျင်နေသော်လည်း ၎င်း၏ တုံ့ပြန်မှုသည် အလွန်အမင်း ထိလွယ်ရှလွယ် ရှိနေဆဲပင်။ သေခြင်းတရား အငွေ့အသက်ကို ခံစားမိသွားတာကြောင့် ၎င်းရဲ့ ခန္ဓာကိုယ်က လိမ်သွားကာ မြွေအမြီးမှာ ကြာပွတ်လို ပတ်ယမ်းလာခဲ့သည်။

အရှိန်က မြန်လွန်းတော့ လုရွှမ်လည်း အမြန်ရှောင်လိုက်သည်။ သူသာ ဆက်ခုတ်နေမယ်ဆိုရင် ထူးဆန်းတဲ့ မြွေရဲ့ ခန္ဓာကိုယ်ကို ကောင်းကင်လက်နက်က မထိခိုက်သွားခင် သူ့​ခန္ဓာကိုယ်က မြွေအမြီးနဲ့ ထိသွားလိမ့်မည်။

ယခုအချိန်တွင် အဝေးကနေ တိုက်ခိုက်တာက ပိုကောင်းကြောင်း၊ အနီးကပ် တိုက်ပွဲက မလိုအပ်ကြောင်း သူ့စိတ်ထဲတွင် သိလိုက်သည်။ လက်ရှိ အချိန်တွင် ထူးဆန်းသော မြွေသည် ဒေါသတကြီးဖြင့် ကျောက်တုံးများကို ရိုက်ခတ်နေ၏။

ဘာလို့ အရူးလို ဖြစ်နေရတာလဲ။

လုရွှမ် ဆုတ်ခွာသွားရင်း နေဖြိုခွင်းနတ်လေးကို ထုတ်ကာ နတ်ဝိညာဉ်မြှားတစ်စင်းကို ပစ်လွှတ်လိုက်သည်။

ထူးဆန်းသော မြွေက စူးစူးဝါးဝါး အော်ဟစ်ကာ ဝိညာဉ်မြှားဖြင့် တိကျစွာ ပစ်သတ်ခံလိုက်ရသည်။ ၎င်း၏ ရှည်လျားသော အမြီးက မြေပြင်တွင် သံမှိုစိုက်ထားသလို နစ်ဝင်သွားပြီး ပန်းကန်လုံးလောက်ကြီးတဲ့ ကြီးမားသော သွေးထွက်သံယို အပေါက်တစ်ခုကို ဖန်တီးပစ်သည်။

အရမ်းသန်မာသည်။ ဒီခန္ဓာကိုယ်က နဂါးမျိုးရိုးကပဲ ဖြစ်နိုင်၏။

မြွေသည် နာကျင်စွာ အော်ဟစ်ရင်း ၎င်း၏အမြီးကို အဆက်မပြတ် ရွေ့လျားကာ သံမှိုစိုက်ထားသည့် နေရာကို ဆွဲထုတ်လိုက်သည်။ မြွေအမြီးက ပြိုကျနေသော ကျောက်တုံးများကို ထိမှန်သွားကာ လျှို့ဝှက်လက်နက်များကဲ့သို့ပင် လုရွှမ်ဆီသို့ တိကျစွာ လွင့်စင်လာသည်။

ကျောက်တုံးကြီးများရဲ့ အရှိန်ဟာ အလွန်ပြင်းထန်ပြီး လေချွန်သံကိုတောင် ဖြစ်ပေါ်စေတယ် ဆိုရင်တော့ လွတ်မြောက်နိုင်ဖို့ မသေချာချေ။

လုရွှမ် ဘယ်ညာ ရှောင်လိုက်ရသဖြင့် သူ့မြှားများပင် မတိကျတော့ပေ။ မြွေသည်လည်း ထပ်ခါထပ်ခါ ရှောင်သွားကာ နောက်တစ်ကြိမ် ထပ်တိုက်ရန် မဖြစ်နိုင်တော့ပေ။

"ကောင်လေး! ငါမင်းကိုသတ်ပစ်မယ်!"

ထူးဆန်းတဲ့မြွေက ရှေ့ကို ထပ်တိုးလိုက်သည်။ ၎င်းရဲ့ ကျန်နေတဲ့ မျက်လုံးတစ်ဖက်က နာကြည်းမုန်းတီးမှုတွေ ပြည့်နှက်နေပြီး သွေးလိုနီရဲကာ နတ်ဆိုးအငွေ့အသက်တွေကလည်း လွန်ကဲစွာ လျှံထွက်လျက်ရှိ၏။

လုရွှမ်: "အိုး.. မင်းငါ့ကို စိုက်ကြည့်ရဲသေးတာပဲ"

မြှားတစ်စင်းကို ထပ်ပစ်လိုက်ပြန်သည်။ မြှားက ကျန်ရှိနေတဲ့ မြွေမျက်လုံးကို အတိအကျ ပစ်မှတ်ထားလိုက်သည်။ ၎င်းကို မြွေကြီးမှာ ပိတ်ဆို့ထားနိုင်သော်လည်း ပို၍ပင် ဒေါသထွက်သွားစေသည်။

လုရွှမ် လေထဲသို့ပျံတက်ကာ နောက်ပြန် ဆုတ်သွားရင်း သူ့လက်ထဲက ဝိညာဉ်မြှားများကို ထပ်မံ ပစ်လွှတ်လိုက်သည်။

မြွေဆိုးသည် ပိတ်ဆို့နေသော်လည်း ကြီးမားသော ခန္ဓာကိုယ်က ရှိ​​နေ​သေး​သည်။ ပြင်းထန်တဲ့ ပစ်ခတ်မှုကြောင့် ခန္ဓာကိုယ်ကို လျှပ်ထိမှန်ကာ မီးပွားများ ပွင့်ကုန်သဖြင့် ထူးဆန်းသော မြွေခန္ဓာကိုယ်က တုန်ခါသွားခဲ့သည်။

"ကောင်လေး... မင်းက ဘယ်လိုလေး၊ ဘယ်လို မြှားတွေ... ဘယ်လိုမျိုး ရိုင်းစိုင်းတဲ့ တန်ခိုးတွေ ရှိသေးလဲ?"

မြွေနတ်ဆိုးကြီးက ဟောက်လိုက်တဲ့အခိုက် သူ့ခန္ဓာကိုယ်က နာကျင်စွာ တုန်လှုပ်သွားရတာကြောင့် အလွန်ဒေါသ ထွက်သွားရ​ပြန်သည်။ မျက်လုံးတစ်ဖက်တည်းသာ ကျန်တော့တာမို့ တိုက်ပွဲကို အချိန်အတော်ကြာအောင် ထိန်းချုပ်ရန်မှာ အလွန်ခက်ခဲလာသော်လည်း လုရွှမ်က ကျန်နေတဲ့ တစ်ဖက်ကိုပါ ခဏခဏ ပစ်နေခဲ့၏။

အရှိန်ပြင်းပြင်း ရှောင်နေတာတောင် ရှပ်ထိသွားတဲ့ နေရာက သေမလောက်အောင် နာကျင်လေသည်။ သွေးတွေ ထွက်လာရင်တော့ ဒဏ်ရာက အလျင်အမြန် ကွဲသွားပြီ။ အစတုန်းကတော့ ပန်းကန်လုံး အရွယ်သာ ရှိခဲ့ပေမယ့် အခုကတော့ လူတစ်ယောက် တိုးဝင်နိုင်တော့မည်။

"လူသား.... ငါ မင်းကို သတ်မယ် မင်းကို သတ်ပစ်မယ်"

မြွေထူးဆန်းက ရူးလုမတတ် ဟောက်ကာ လုရွှမ်ဆီသို့ ဆက်လက် ပြေးဝင်သွားခဲ့သည်။

လုရွှမ်ရဲ့ ခြေဖဝါးများက လမ်းကြောင်းအမျိုးမျိုးသို့ ရွေ့လျားနေခဲ့၏။ ခြေလှမ်းတွေက အစောက ပျံသန်းနေသလိုပဲ နှေးကွေးနေတာမျိုး မရှိပေ။ ထူးဆန်းသော မြွေကလည်း အလွန်ပြင်းထန်စွာ ခုန်နေပြီး အမြဲတမ်း အလွယ်တကူ ရှောင်သွားနိုင်သည်။

သူသည် ဤထူးဆန်းသော မြွေကို မြှားတစ်စင်းတည်းဖြင့် ပစ်သတ်ရန် မဖြစ်နိုင်သောကြောင့် မြှားတစ်စင်းပြီးတစ်စင်း ပစ်ခဲ့သည်။

တစ်နာရီကြာပြီးနောက် လုရွှမ်ဟာ မျှော်လင့်ထားသည့်အတိုင်း ပြုမူခဲ့သေးသော်လည်း ထူးဆန်းသောမြွေသည် ၎င်း၏ခန္ဓာကိုယ်အား လှည့်ပတ်ကာ လုရွှမ်ကို မျက်နှာမူလျက် လေထဲတွင် ရပ်တန့်သွားခဲ့သည်။

အစကတော့ လုရွှမ်ကို မျိုဖို့ကြိုးစားခဲ့ပြီး အခုတော့ ရန်သူက သူ့ကို မြှားနဲ့ပစ်သတ်နေတာကြောင့် သူ့ကိုယ်သူသာ ခုခံ ကာကွယ်နေရတော့၏။

"ငါ့ကိုပြောစမ်း... မင်းဘယ်သူလဲ မင်းက ဘယ်လိုလူသားလဲ"

ယခုအချိန်တွင် သူသည် အလွန်စိတ်ပျက်နေပါပြီ။ တိုက်ခိုက်ချင်သော်လည်း သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာရနေပြီး အဆင် မပြေနိုင်တော့ကြောင်း သူသိလိုက်သည်။

ထိုဓားနှင့် လေးက အလွန်ကြောက်စရာ ကောင်း၏။ သန်မာသော ကိုယ်ခန္ဓာဖြင့်ပင် ဓားနှင့်မြှားတို့ကို ခုခံနေရင်း ဒဏ်ရာရသွားခဲ့​သေးသည်။

နောက်တစ်ခုကတော့ တစ်ဖက်က မျှော်စင်နယ်ပယ်ရဲ့ ပထမအဆင့် ဖြစ်နေတာပါပဲ။ သူ၏လက်ရှိ အခြေအနေကို မပြောနိုင်သော်လည်း နဂါးအရွတ်ကို အဖြတ်ခံလိုက်ရသောအခါ နတ်ခြေလှမ်းနယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

သူသည် ယခုအခါ မြွေငယ်​လေးအဖြစ်သို့ ပြောင်းလဲသွားချေပြီ။ သူသည် ဤနေရာတွင် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး ဤနေရာရဲ့ ထူးဆန်းသော အသွင်အပြင်က သူ့အား ကြီးကြီးမားမား ပြောင်းလဲမှုများကို ဖြစ်​​​ပေါ်စေခဲ့သည်။

မူလနဂါး အကြေးခွံများကို ဖယ်ရှားလိုက်ကာ ယခုအခါ ၎င်းအား မြွေအကြေးခွံများဖြင့် ဖုံးအုပ်ထားသဖြင့် အားနည်းသွားသည်ဟု ခံစားရသော်လည်း ပထမအကွက်ကို တားဆီးနိုင်ရင်တောင် ဒုတိယအချီ ကျရင်တော့ ဒဏ်ရာရသွားလိမ့်မည်။

လုရွှမ်ကို အမုန်းဆုံးဖြစ်စေသည့် အချက်က သူသည် နေရာတစ်ခုတည်းကို ပစ်မှတ်ထားနေခြင်းပင်။ ပြင်းပြင်းထန်ထန် ဆက်လက် တိုက်ခိုက်သွားပါက ထိခိုက်မှုကလည်း ပြင်းထန်လာလိမ့်မည်။

လူသားတွေ ဘယ်တုန်းက ဒီလောက် အစွမ်းထက်လာတာလဲ။

သူ မကျေနပ်ဘူး!

လုရွှမ် ဘာမှပြန်မပြောဘဲ မြှားတစ်စင်းပြီးတစ်စင်း ဆက်ပစ်သည်။ စိတ်ဝိညာဉ်မြှားတွေ၊ တက်ကြွတဲ့မြှားတွေနဲ့ ရုပ်ပိုင်းဆိုင်ရာမြှားတွေကို ပစ်ခတ်နေတာကြောင့် ​မြွေထူးဆန်းရဲ့ အောက်ခြေက တွင်းနက်ကြီး ဖြစ်သွားကာ ဂူထဲမှာ အဖမ်းခံထားရတဲ့ လိပ်တစ်ကောင်လို သေးသိမ်သွားကာ ခေါင်းသေးသေးလေးသာ ထွက်ပေါ်လာ၏။

"မင်း... မင်းမှာ ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ စွမ်းအားတွေ ဘယ်လိုရှိနိုင်မှာလဲ... မင်းရဲ့ ယွမ်စွမ်းအင်က ဘယ်လိုလုပ် မကုန်နိုင်တာလား... ဒီမှာရှိတဲ့ ဝိညာဉ်စွမ်းအင်တွေက မင်းကို ဘယ်လိုလုပ် မပျက်စီးစေတာလဲ"

၎င်းက ဒါတွေကိုသာ ထပ်ခါတလဲလဲ တွေးနေပုံရသည်။

ယခုအချိန်တွင် မြွေထူးဆန်း၏ ခန္ဓာကိုယ်သည် အပေါက်များစွာ ပေါက်နေပြီး သွေးတွေ စွန်းထင်းနေပါပြီ။ နီရဲနေပြီဖြစ်သော သူသည် ယခင်က တိုက်ပွဲတွင် ကျွမ်းကျင်သော လူတစ်ဦး ဖြစ်ခဲ့သောကြောင့် သူ့​ခန္ဓာကိုယ်ကို တင်းကြပ်စွာ ထောက်ပံ့ရန် လေ့ကျင့်ထားသမျှကို အားကိုးနေရသည်။

လုရွှမ်နှုတ်ခမ်းပေါ်တွင် ရွံ့ရှာနေသည့် အရိပ်အမြွက်မျိုး ပြနေသည်။ သူက ဘာမှပြန်မပြောဘဲ မြှားများကိုသာ ဆက်ပစ်နေလေ၏။ နောက်ထပ် နာရီဝက်လောက်ကြာတော့ မြွေသည် သူ့ရဲ့မြင့်မားတဲ့ခေါင်းကို ငုံ့ပြီး မျက်လုံးတွေကိုပါ မှိတ်သွားသည်။

လုရွှမ်သည် ထူးဆန်းသော မြွေ၏ ခန္ဓာကိုယ်ကို ဓားဖြင့် ပိုင်းဖြတ်လိုက်တဲ့အခါ မြွေကြီးလည်း လှုပ်ရှားမှု​တွေ မရှိတော့ပေ။

"ငါ အပို စကားတွေကို ကြိုက်တဲ့သူ မဟုတ်ဘူး"

လုရွှမ် ရယ်ပြီး လှည့်ထွက်သွားခဲ့သည်။

အမှန်တော့ ဒီကောင်က နဂါးကြီး ဖြစ်ကာ နဂါးကျွန်းကို ပြန်သွားချင်နေသူပဲ ဖြစ်ပါသည်။ မထင်မှတ်ထားဘဲ နောက်ဆုံးမှာတော့ ဒီမှာပဲ ပြန်နေလိုက်ရ၏။

နဂါးကျွန်းကို မသွားခင် ဘာကြောင့် နဂါးကို သတ်ခဲ့တာလဲဆိုတာ နတ်နဂါးကတော့ ရှာတွေ့သွားလောက်ဦးမှာ သေချာသည်။

All Chapters