အရိုး ပြောင်းလဲခြင်း
Vol. 139 Ch. 4.1596
လုရွှမ် အချိန်ကို ကြည့်လိုက်ရာ သန်းခေါင်ကျော်နေပြီ။ ကံကောင်းထောက်မစွာနဲ့ တစ်ရက်တာ အချိန်ကို မလွတ်ခဲ့ပေ။
ပရမ်းပတာပန်းက ခူးဆွတ်ပြီး အချိန်တိုအတွင်း စောစောစီးစီး သုံးလိုက်တာက သဘာဝအရ အကောင်းဆုံး ဖြစ်သည်။ မဟုတ်ပါက ၎င်းတို့ကို ဘယ်လောက်ပဲ ကောင်းမွန်စွာ ထိန်းသိမ်းထားပါစေ စွမ်းအင်အချို့မှာ မလွဲမသွေ ဖြုန်းတီးမိသွားလိမ့်မည်။ ပြီးပြည့်စုံမည် မဟုတ်ပေ။
ပတ်ဝန်းကျင်ကို သေချာ ကြည့်ပြီးတဲ့အခါ ဒီနေရာဟာ တကယ့်ကို ဝေးလံခေါင်သီတဲ့ နေရာတစ်ခုပဲ ဆိုတာ သိလိုက်သည်။ ထို့နောက် ကျောက်စိမ်းပြားထဲက ပရမ်းပတာပန်းကို ထုတ်လိုက်သည်။ ၎င်းက သူခူးထားတဲ့ ပန်းပါဆိုတာကို သေချာမသိခဲ့ပါက ပြောင်းလဲသွားခြင်းရှိမရှိ တွေးတောနေမိလိမ့်မည်။
ယခုအချိန်တွင် ပန်းက ယင်နဲ့ယန် အသွင်အပြင်က သဘာဝအတိုင်း ဖြစ်ပေါ်လာနေသည်။ ယင်ယန် အမှတ်နှစ်ခုတွင် တဖြည်းဖြည်း အစက်ကလေး ပေါ်လာကာ အနီရောင်တစ်ခုနှင့် တစ်ခုက အပြာရောင်ဖြစ်သည်။
အနီရောင်က လန်းဆန်းကာ အပြာက အုံ့ဆိုင်းနေ၏။
"ကောင်လေး... ဒီပရမ်းပတာပန်းက အရမ်းကြီးတဲ့အတွက် မင်းရဲ့ ကောင်းကင်ဓားနဲ့ နေဖြိုခွင်းနတ်လေးကို ချုပ်တည်းဖို့ လုံလောက်သွားပြီ... မင်းရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို ဖြည့်တင်းဖို့ တစ်ချို့ကို မျိုချဖို့ မစဉ်းစားဖူးဘူးလား"
သူ့စိတ်ထဲမှ ရွှေကျီးကန်းက ရုတ်တရက် အကြံဝင်ပေးလာသည်။ လုရွှမ် စဉ်းစားနေတုန်းမှာပဲ ရွှေကျီးကန်းက ဆက်ပြောလာသည်။
"စဉ်းစားကြည့်လေ... မင်းရဲ့ ကာယခွန်အားက သာမန်လူသားတွေထက် အများကြီး သာလွန်နေပြီ... နတ်ဆိုးသားရဲတွေနဲ့ လုံး၀ ယှဉ်နိုင်နေတာပဲကို... လူနဲ့ နတ်ဆိုးတိရစ္ဆာန်တွေရဲ့ ခန္ဓာကိုယ်တွေက အရမ်းကွာခြားသွားပေမယ့် မင်းမှာ ယွမ်ယန်ကျင့်စဥ်ရဲ့ အကာအကွယ်တွေ ရှိနေတယ်နော်..."
"ကောင်းပြီ... ကျွန်တော်တို့ စမ်းကြည့်လို့ရတာပဲ"
လုရွှမ် လက်ဖဝါးထဲမှ ယွမ်ယန်စွမ်းအင်တွေ ပန်းထဲသို့ ဝင်ရောက်လာခဲ့သည်။ နှင်းရည်စက်ကလေးလို ကြည်လင်ဖြူစင်သော သဲလွန်စတစ်ခုက ချင်ထျန်းဓားပေါ် အစက်ကျသွား၏။
နဂါးဟောက်သံလို ပျော့ပျောင်းသော အသံတစ်သံ ထွက်ပေါ်လာပြီး ဓားက တုန်ယင်လာသည်။ လုရွှမ်မှာ ချင်ထျန်းဓားနဲ့ ပေါင်းစပ်ထားတာမလို့ ဓားထံမှ ရိုးသားသော ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုကို ခံစားနိုင်သည်။
ဒုတိယတစ်စက်၊ တတိယတစ်စက်နှင့် ငါးစက်ချပြီးနောက်တွင် ဓားဆီမှ လုံလောက်တဲ့ ကျေနပ်သံတစ်ချက် ထွက်ပေါ်လာ၏။ လုရွှမ် ပန်းကိုကြည့်လိုက်တော့ အနည်းငယ် ကျုံ့သွားတာ တွေ့လိုက်ရသည်။
"ကောင်လေး... မသိချင်ပါနဲ့ မင်းရဲ့ ကောင်းကင်ဓားက မင်းကိုယ်တိုင် မြှင့်တင်ပေးထားတာ... အလားအလာက ကြီးမားပေမယ့် မင်းအဲဒါကို အလျင်စလို သွားလုပ်လို့မရဘူး ငါးစက်က လုံလောက်တယ်..."
ချင်ထျန်းဓားက အလိုအလျောက် ပျံသန်းကာ လုရွှမ်၏ ခေါင်းထက်တွင် ဆိုင်းငံ့ထားကာ အလင်းတန်းများစွာဖြင့် တောက်ပနေပြီး သူ့အလိုလို အဆင့်တက်လာသည်။
လုရွှမ်သည် ပန်းရဲ့ အရည်စက်ကလေးများကို နေဖြိုခွင်းနတ်လေးပေါ်သို့ တစ်စက်၊ နှစ်စက်ကစလို့ နတ်လေးဆီက နောက်ဆုံး စိတ်ကျေနပ်မှုမရရှိမီအထိ အစက်ချခဲ့သည်။ ထို့နောက် နေဖြိုခွင်းနတ်လေးကလည်း ၎င်းဘာသာ အဆင့်တက်လာ၏။
ထိုအခါမှ လုရွှမ်လည်း သက်ပြင်းတစ်ချက် ချနိုင်လိုက်သည်။ သူ့ကို အနည်းငယ်ပို၍ အံ့သြသွားစေတာကတော့ နေဖြိုခွင်းနတ်လေးက သူ့နဲ့ အနည်းငယ်သော ဆက်နွှယ်မှုလေးတစ်ခု ရှိလာသလို ခံစားလိုက်ရတာပါပဲ။
ပရမ်းပတာပန်းက ထက်ဝက်ကျော် ကျုံ့သွားပြီ။ လုရွှမ် အချိန်ကို ကြည့်လိုက်တော့ နာရီက ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဖြစ်သည်။ သူ မနှောင့်နှေးဝံ့ဘဲ နောက်ထပ် အရည်တစ်စက်ကို ပါးစပ်ကို ဖွင့်ပြီး တစ်ကျိန်တည်း မျိုချပစ်လိုက်သည်။
နှင်းတွေလို အေးစက်နေပေမယ့် လည်ချောင်းထဲကို ဝင်သွားတဲ့ အခါမှာတော့ မီးတောက်တစ်ခုလိုပါပဲ။ အလွန်အေးစက်သော အငွေ့အသက်က ခန္ဓာကိုယ်တွင်းသို့ တခဏချင်း ပေါက်သွားပြီး နောက်အခိုက်အတန့်တွင် ခန္ဓာကိုယ်အနှံ့ တိုက်ရိုက် ပျံ့နှံ့သွားသည်။
ခဏလောက်ကြာတော့ သူ့အရေပြားတွေ ပေါက်ကွဲသွားတော့မလို ခံစားလာရသည်။ တဆတ်ဆတ် တုန်နေတဲ့ အသံနဲ့အတူ ခန္ဓာကိုယ်က ပိုကြီးလာသလို သွေးတွေက ရုန်းထွက်ဖို့ကြိုးစားနေသလိုပင်။ လုရွှမ်လည်း သူ့ပါးစပ်ကို တင်းတင်းစေ့ထားလိုက်သည်။
အချိန်အတော်ကြာပြီးနောက် အသက်ရှုရပ်သွားကာ ခန္ဓာကိုယ်က မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ အသက်တစ်ချက် ရှူသွင်းလိုက်တဲ့အခါ နာကျင်မှုက ပျောက်သွားသည်။
အံ့သြနေတုန်း ကောင်းကင်ကို အမှတ်တမဲ့ မော့ကြည့်လိုက်တော့ တောက်ပသော လသည် အနောက်ဘက်ကို ကျရောက်နေပြီး သန်းခေါင်ယံက ကုန်ဆုံးတော့မည်။ လုရွှမ်လည်း ယွမ်ယန်ကျင့်စဥ်ကို သူ့တစ်ကိုယ်လုံးအနှံ့ ဖြန့်ကာ ပရမ်းပတာပန်းကို တိုက်ရိုက် မျိုချလိုက်သည်။
ရှေးခေတ်တုန်းက နဂါးများနှင့် ရွှမ်ဝူကဲ့သို့သော တန်ခိုးကြီးသော သားရဲများကသာ ဒီလိုပန်းကို ယူဆောင်သွားခဲ့ကြောင်း ရွှေကျီးကန်းဆီက ကြားသိခဲ့ရသည်။
ပရမ်းပတာပန်းဟာ လည်ချောင်း အဝင်ဝတွင် အရည်ပျော်ကာ မီးလျှံနှင့် အေးစက်မှုအဖြစ် တစ်လှည့်စီ ပြောင်းလဲနေသည်။ လုရွှမ် ပါးစပ်ကို တင်းတင်းစေ့ထားပြီး အသက်ရှုသံကို ထိန်းထားသည်။ အာရုံခြောက်ပါးကို မပိတ်ဝံ့ဘဲ သူ့ဆန္ဒအတိုင်း ခံနိုင်ရည်ရှိအောင် တောင့်ခံထားသည်။
ဝုန်းကနဲ အသံနဲ့အတူ လုရွှမ်ရဲ့ ခန္ဓာကိုယ်က အနီးနားရှိ ချောက်ကမ်းပါးများကို ထိမှန်သွားသည်။ ဤနည်းဖြင့်သာ ခန္ဓာကိုယ်ထဲရှိ နာကျင်မှုများကို မေ့ပျောက်နိုင်မှာ ဖြစ်သည်။
ဝုန်း!
ချောက်ကမ်းပါး ပြိုကျသွာသည်။
လက်ရှိ အချိန်မှာတော့ လုရွှမ်ရဲ့ မျက်လုံးများက သွေးလိုနီရဲနေပြီး လက်များက မြေပြင်ကို အဆက်မပြတ် ထိုးနေလေသည်။ လက်သီးချက်တစ်ခုစီက မြေပြင်ကို သုံးပေအနက်အထိ နစ်ဝင်သွား၏။
ဆယ်ချက်လောက် ထိုးပြီးတဲ့အခါ မြေကြီးကွဲအက်ပြီး အက်ကြောင်းတွေ ပေါ်လာသည်။ ဝုန်းကနဲ အသံကြီး တစ်သံနဲ့အတူ လုရွှမ်ဟာ မြေကွက်ကြီးထဲ ရုတ်တရက် မြုပ်သွားခဲ့လေသည်။
……
လေထဲတွင် ဖုန်မှုန့်များက ပျံဝဲနေသဖြင့် ဘာကိုမျှ မမြင်နိုင်တော့ပေ။ ရုတ်တရက် လျှပ်စီးလက်သည့်အရှိန်ဖြင့် သွေးလူသားတစ်ယောက် ပြေးထွက်လာကာ ညအမှောင်ထဲ တိုးဝင်သွားခဲ့သည်။ ၎င်းက လုံးဝ မမြင်နိုင်တဲ့ အရှိန်ဖြင့် ချက်ချင်း ပျောက်ကွယ်သွား၏။
ထိုလူသည် သဘာဝအတိုင်း ပရမ်းပတာပန်းကနေ လေ့ကျင့်မှုကို အဆင့်မြှင့်ခဲ့သူ လုရွှမ်ပဲ ဖြစ်သည်။
ယခုအချိန်တွင် သူ့ခန္ဓာကိုယ်သည် အလွန်သန်မာပြီး ယခင်က ခွန်အားတွေလည်း နှစ်ဆနီးပါး တိုးလာပါပြီ။ လက်သီးတစ်ချက်တည်းဖြင့် လေထုသည် ပြင်းထန်သော အသံဗလံကို ဖြစ်ပေါ်စေကာ လေထု နေရာလပ်ကတောင် တုန်ခါသွားသည်။
ယွမ်ယန်ကျင့်စဥ်ကို အသက်သွင်းလိုက်သည်နှင့် သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးကြောမျှင်ထဲက စွမ်းအားကိုတောင် ခံစားမိနိုင်လုနီးပါး ဖြစ်နေတာ ခံစားလိုက်ရသည်။ တစ်ကိုယ်လုံးရှိ သွေးများ ပွက်ပွက်ဆူလာပြီး သွေးထဲမှ အရှိန်ပြင်းပြင်း လှိုင်းလုံးများကိုပါ အာရုံ ခံနိုင်နေပါပြီ။
သွေးကြောများထဲက စွမ်းအားများက ခန္ဓာကိုယ်အတွင်း စုစည်းကာ လက်သီးချက်အဖြစ် ဖောက်ထွက်လာခဲ့သည်။
အရင်တုန်းကတော့ လုရွှမ်ဟာ စိမ်းပြာနဂါး နှလုံးက ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေနဲ့ ယှဉ်ရင် ပိုအားကောင်းတယ်လို့ ရှင်းရှင်းလင်းလင်း ခံစားခဲ့ရပါသည်။ ရိုက်နှက်သံများကြားတွင် ထိုစွမ်းအားသည် တစ်ကိုယ်လုံးကို ထောက်ပံ့ပေးနိုင်သည်။
ယခုမူ သူ့ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများနှင့် စိမ်းပြာနဂါး နှလုံးကြား ကွာဟချက်မှာ သိသိသာသာ သေးငယ်သွားသည်ဟု ခံစားလိုက်ရသော်လည်း အနည်းငယ်မျှသာ ရှိသေးသည်။ စိတ်ဝိညာဉ်ပင်လယ်ထဲက ရွှေဦးချိုနဲ့ ကျင့်ကြံခြင်းအမြုတေထဲရှိ ကောင်းကင်နဂါးပုတီးစေ့ကြားက စွမ်းအင်တိုက်မိမှုက စိမ်းပြာနဂါး နှလုံးကို မလိုအပ်တော့ဘူးလို့တောင် သူ့ကို ခံစားလာရစေ၏။
ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် စိမ်းပြာနဂါးရဲ့ နှလုံးခုန်နှုန်းကို အားကောင်းစေမည့်အစား ယနေ့ စိမ်းပြာနဂါး နှလုံးသည် သိသိသာသာ ပြောင်းလဲလာခြင်း မရှိသော်လည်း ၎င်းသည် တက်ကြွမှုအပြည့်ရှိပြီး နှစ်ပေါင်းများစွာ စိတ်ဓာတ်ကျနေသည့် ရဲရင့်မှုနှင့် ခံစားချက်တို့ကို ဖယ်ရှားပစ်လိုက်သည်။
ချီထျန်းပုကို ပေါင်းစပ်လိုက်ရင် သူ့အမြန်နှုန်းသည် အနည်းဆုံး ၃၀% တိုးလာသည်ဟု ခံစားလာရပါပြီ။ လေထုထဲတွင် သူ့ခန္ဓာကိုယ်တိုးတက်မှုကို ဟန့်တားနိုင်သည့် အစွမ်းထက် ရောင်ဝါသော်လည်း ၎င်းမှာ သူ့ကို မရပ်တန့်စေနိုင်တော့ပေ။
ဒါက သူရဲ့ တကယ့် အသွင်ကူးပြောင်းမှုပဲ။
ခန္ဓာကိုယ်ကို သန့်စင်ပြီးနောက် လုရွှမ် ငရဲကျွန်း၏ အလယ်ဗဟိုဆီသို့ ပြေးထွက်သွားခဲ့သည်။ သူ မှန်ကန်စွာ ခန့်မှန်းမိပါက ငရဲကျွန်းပေါ်က ဗီဇပြောင်းလဲမှုဟာ အလယ်ဗဟိုမှာ ပြဿနာတစ်ခုခု ရှိနေပုံရသည်။
သူ့လက်ရှိအင်အားဖြင့် ဘယ်အရာကိုမှ မရရှိနိုင်သော်လည်း သူ့အရှိန်နဲ့ဆို ထွက်ပြေး လွတ်မြောက်ဖို့ကတော့ ပြဿနာမရှိသေးကြောင်း ယုံကြည်ပါသည်။