← Chapters

ငရဲကျွန်းမှထွက်ရာလမ်း

Vol. 139 Ch. 4.1598

ငရဲကျွန်းမှထွက်ရာလမ်း

Vol. 139 Ch. 4.1598

ယုန်ဘေးတွင် သားရဲခုနစ်ကောင်ရှိကာ တစ်ကောင်စီက စွမ်းအားကြီးမားသော ရွှမ်ဝူ၏သားစဉ်မြေးဆက်ဆီက အသတ်ခံလိုက်ရသလား သို့မဟုတ် ထူးဆန်းသားရဲဆီက သတ်ဖြတ်ခံလိုက်ရတာလား သို့မဟုတ် ၎င်းတို့ဘာသာ ထွက်သွားကြတာလားတော့ မပြောတတ်ပါ။

လုရွှမ်ရဲ့ အမြင်အရတော့ နှစ်ကောင်ဟာ မြွေဆိုးထက်တောင် သန်မာဆဲ။ ကျန်နှစ်ယောက်က စွမ်းအားချင်း အတူတူပဲ ဖြစ်ပြီး ကျန်သုံးယောက်ကတော့ ပိုနိမ့်ပေမယ့် သိပ်လည်းမကွာခြားပါဘူး။

အကယ်၍ ၎င်းတို့သည် ငရဲကျွန်းအပြင်ဘက်တွင် ရှိနေပါက အညံ့ဆုံး လူသုံးယောက်သည် နဂါးလေး၊ ကောင်းကင်သိမ်းငှက်နဲ့ ရဲ့ရှားတို့ရဲ့ ပြိုင်ဘက်တောင် မဖြစ်နိုင်ပေ။ သို့သော် ဤတွင်တော့ နဂါးလေးတို့ဟာ ဤသားရဲသုံးကောင်နှင့် မယှဉ်နိုင်ပါ။

အထူးသဖြင့် သူတို့သုံးဦးစလုံး ဒဏ်ရာရရှိသွားသောအခါတွင် ဖြစ်သည်။

"မိုးလင်းမှ ငါတို့ ဒီကို ပြန်လာခဲ့မယ်!"

ယုန်က အော်ပြောပြီး သူ့လူတွေကို ရိုးရိုးရှင်းရှင်းနဲ့ လှည့်ပြောကာ ထွက်သွားခဲ့ကြသည်။ သားရဲရှစ်ကောင် လုံးလုံး ပျောက်ကွယ်သွားတော့မှ နဂါးလေး၊ ကောင်းကင်သိမ်းငှက်နဲ့ ရဲ့ရှားတို့လည်း မြေပြင်ပေါ် လဲကျကာ ငိုယိုမိလုနီးပါး ဖြစ်ကုန်သည်။

ယခုကိစ္စက သဘာဝ ဘေးအန္တရာယ်တစ်ခုကနေ လွတ်မြောက်သွားပြီး အမှန်တကယ် ပြန်လည် မွေးဖွားလာရသည့်အတိုင်းပင်။ လုရွှမ် သူ့လက်ကို ဝှေ့ယမ်းကာ ပြင်ပမှ ဝိညာဉ်စွမ်းအင်များကို ပိတ်ဆို့နိုင်သည့် အခင်းအကျင်း တစ်ခုကို ဖန်တီးခဲ့သည်။

လူသုံးယောက်သည် လုရွှမ် တစ်ချက်ကြည့်လိုက်ပြီးနောက် ကြည်လင်သော ကျောက်တုံးများနှင့် အဂ္ဂိရတ်ဆေးများကို အသီးသီးထုတ်ကာ ၎င်းတို့၏ဒဏ်ရာများကို ကုသပြီး စွမ်းရည်များ ပြန်လည် ရရှိအောင် လုပ်ကြတော့သည်။

လုရွှမ်: "အဲဒီကောင်တွေ ဘာလို့ ပရမ်းပတာပန်းကို လိုချင်ရတာလဲ ဆိုတော့ သတ်မှတ်ထားတဲ့ နေရာတစ်ခုထဲကို ဝင်ရမှာမလို့ပဲ... ဒါက ငါတို့ရဲ့ ပူးပေါင်းမှုရဲ့ အခြေခံအချက်ပဲ အဲဒီထဲမှာ ရတနာတစ်ခု ရှိကောင်းရှိနိုင်သလို အခွင့်အရေးတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကိုယ်တိုင် သွားကြည့်ရင် သိလိမ့်မယ်"

သုံးယောက်သား ရုတ်တရက် သဘောပေါက်သွားပြီး လုရွှမ်ကို ကြည့်နေသော သူတို့ရဲ့ မျက်လုံးများ​က ကြောက်ရွံ့မှုအပြည့်နှင့် ဖြစ်ကုန်သည်။ ကိုယ့်ထက် သန်မာတာ၊ ကိုယ့်ထက် လှည့်ကွက်တွေ ပိုရှိတာ၊ ကိုယ့်ထက် ထက်မြက်တဲ့သူကို တွေ့နေရတာ တကယ့်ကို စိတ်ပျက်စရာကောင်းလေသည်။

"ဒီကောင်တွေက ငါတို့ရဲ့ အထောက်အထားကို သံသယမရှိကြသေးဘူး... ငါတို့က ဒီကိုရောက်လာတဲ့ စွန့်ပစ်ခံ အပြစ်သားတွေလို့ပဲ ထင်နေကြတာ... ဒါပေမဲ့ မကြာခင်မှာဘဲ ငါတို့ကို သံသယဝင်လာလိမ့်မယ် အဲဒါကြောင့် မင်းတို့မှာ မပါဝင်ဖို့ အကြောင်းပြချက် မရှိသလောက်ပဲ... မဟုတ်ရင် လှေက ဖော်ထုတ်ခံရလိမ့်မယ်"

"လှေကို ဖော်ထုတ်လိုက်တာနဲ့ ကံကြမ္မာက ဘာဖြစ်သွားမလဲ မင်းတို့သိမယ်လို့ ထင်တယ်... သူများတွေ ဝင်နှောင့်ယှက်ရင် လှေဆီကို အချိန်မီမပြေးနိုင်သရွေ့တော့ ငါတို့ ဒီကနေ ဘယ်တော့မှ ထွက်ခွာနိုင်မှာ မဟုတ်ဘူး"

သုံးယောက်သားရဲ့ မျက်နှာများ ညိုမဲကုန်သည်။ ဘာမှမပြောတာက လုရွှမ် ပြောတာမှန်တယ် ဆိုတာကို နားလည်လို့ပါပဲ။

လုရွှမ် ကောင်းကင်သိမ်းငှက်ရဲ့ နံဘေးသို့ လျှောက်သွားပြီး သူ့​​လက်ဖဝါးဖြင့် စိတ်ဝိညာဉ်အနှစ်သာရ ဘောလုံး​​လေးကို စုပ်ထုတ်လိုက်သည်။

"မင်းရဲ့ဒဏ်ရာတွေ အကုန် ပြန်ကောင်းလာနိုင်တယ်လို့ မထင်လိုက်ပါနဲ့ မိုးမလင်းခင် တစ်နာရီပဲ အချိန်ရှိတယ်... ဒါကြောင့် မင်းရဲ့ဒဏ်ရာတွေကို ဖိနှိပ်ပြီး နောက်ဆက်တွဲ စွန့်စားခန်းတွေမှာ ချန်ထားမခံရ​​စေနဲ့... မဟုတ်ရင် မင်းကို ဘယ်သူမှ ကယ်နိုင်မှာမဟုတ်ဘူး"

"မင်းရဲ့ ရှားပါး အဂ္ဂိရတ်ဆေးနဲ့ ရတနာတွေကို သုံးဖို့လည်း တုံ့ဆိုင်းမနေနဲ့... အနာဂတ်မှာ အခွင့်အလမ်းတွေ အများကြီး ရှိသလို ငါ့ကို လက်စားချေဖို့ အခွင့်အရေးတွေလည်း အများကြီး ရှိတယ်... ဒါပေမယ့် မင်းမှာ ဘဝတစ်ခုပဲ ရှိတယ် အနည်းဆုံးတော့ ဒီမှာ မသေစေနဲ့ပေါ့!"

လုရွှမ်သည် သူ့ပတ်ဝန်းကျင် လှုပ်ရှားမှုကို စစ်ဆေးရင်း စကားပြောနေ၏။ သုံးယောက်သားက တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးနောက် လုရွှမ် ပြောတာကို အသိအမှတ် ပြုလိုက်ကြသည်။ မဖုံးကွယ်တော့ဘဲ သူတို့ဘဝက အရေးကြီးဆုံးပဲလို့ ခေါင်းညိတ်လိုက်သည်။

တစ်နာရီကြာပြီးနောက် မိုးကုတ်စက်ဝိုင်းတွင် ငါးဝမ်းဖြူ အရိပ်အမြွက်ကို ဖျတ်ခနဲ မြင်လာရသည်။ လုရွှမ် သူ့ခန္ဓာကိုယ်ပေါ်ရှိ တောက်ပနေသော အလင်းရောင်ကို ကြည့်ကာ ထိုသားရဲများ၏ ရည်ရွယ်ချက်ကို သဘာဝကျကျ နားလည်လာသည်။

အချိန်တန်ပြီဆိုတော့ နတ်ဆိုးသားရဲတွေ တစ်ဖန်ပြန်ရောက်လာကြပြီ။ သူတို့ အသီးသီးဟာ နဂါးနဲ့ ကျားတွေလို ဖြစ်နေကြပြီး အားလုံးက ခွန်အားတွေ ပြန်ရလာကြပြီပဲ ဖြစ်သည်။ လုရွှမ်သည် ဤနတ်ဆိုးများထံမှ ထွက်လာသော ပုပ်သိုးနေသည့် ရောင်ဝါကို ခံစားလိုက်ရပြီး သူ့နှလုံးသားထဲ သဘောပေါက်လာ၏။

ဤနေရာမှ ရောင်ဝါ ပြင်းထန်သော ဒဏ်ရာများကို အနာကျက်စေသည့် အကျိုးသက်ရောက်မှုမျိုး ရှိပုံရသည်။ သို့သော် ကြီးမားသော အကျိုးဆက်များလည်း ရှိလိမ့်မည်။ မဟုတ်ပါက ယခုအချိန်တွင် ဒီလိုရောင်ဝါကို စုပ်ယူနိုင်မည် မဟုတ်ပေ။

"ကောင်းပြီ သွားကြရအောင်"

လုရွှမ်ရဲ့ ခန္ဓာကိုယ်မှ အနည်းငယ် ဖြာထွက်နေသော အလင်းရောင်ကို မြင်လိုက်ရတော့ ယုန်မျက်လုံးထဲတွင် ပျော်ရွှင်မှု အလင်းတန်းတစ်ခု ပေါ်လာသည်။ လုရွှမ်လည်း ယုန်၏ လှုပ်ရှားမှုကို အာရုံစိုက်နေတာကြောင့် အနည်းငယ် အံ့သြသွားသည်။

ပိုသတိထားဖို့ လိုနေပြီ။

လူအုပ်စုသည် အလယ်ဗဟိုဆီသို့ ပျံသန်းလာခဲ့ကြရာ ပတ်ဝန်းကျင်ရှိ ဆွေးမြေ့နေသော လေထုသည်လည်း ပို၍ပို၍ ပေါများလာသည်။

"ဟမ့် မကြာခင်မှာဘဲ မင်းတို့အားလုံး ကျေညက်သွားတော့မှာ...ဘာတွေ ဟန်ဆောင်နေသေးတာလဲ?"

နှောက်ယှက်ချင်နေတဲ့ သားရဲတစ်ကောင်က လုရွှမ်တို့အဖွဲ့ ဒီမှာရှိတဲ့​ ရောင်ဝါကို တွန်းလှန်ဖို့ ကြိုးပမ်းနေတဲ့အတွက် အထင်အမြင်သေးမှု အပြည့်နဲ့ အော်လိုက်သည်။

လုရွှမ်က စကားမပြောသလို ရဲ့ရှားနဲ့ တခြားသုံးယောက်က ပိုလို့တောင် နှုတ်ဆိတ်နေကြသေးသည်။ အလွန်မြင့်မားပြီး တိမ်ဖြူများဖြင့် ဖုံးအုပ်ထားသော ဧရာမတောင်ထွတ်ကြီးကို အရှေ့မှာ လှမ်းမြင်လာရပါပြီ။

"အဲဒါက မြေအောက်ဝင်ပေါက်... ဒီကျွန်းရဲ့ အနက်ဆုံးနေရာထဲကို သွားနိုင်တဲ့ ဝင်ပေါက်တစ်ခုပဲ... လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ရုတ်တရက် ထွက်ပေါက်တစ်ခုနဲ့ ဖွဲ့စည်းလာခဲ့တာ ဒီကျွန်းပေါ်မှာ ပျံ့လွင့်လာတဲ့ ဝိညာဉ်စွမ်းအင်က အဲဒီကနေ ထွက်လာပုံရတယ်...."

ယုန်က ပေါ့ပေါ့တန်တန်ပြောပြီး ငှက်ကလေးကို တောင်ကြားလမ်းဆီ ပို့ဆောင်လိုက်ပါ၏။ လုရွှမ်လည်း အတွင်းမှ ပူလောင်သော အပူဒဏ်ကို ခံစားလိုက်ရပြီး မမေးဘဲ မနေနိုင်။

"ဒါက မီးတောင်လား"

"မီးတောင်က ကောင်းတဲ့ဖော်ပြချက်ပေါ့... တကယ်တမ်းလည်း မီးတောင်တစ်မျိုးပဲ ဆိုပါတော့"

လူတစ်စုသည် အတော်လေး မြင့်သော တောင်ထိပ်သို့ ပျံတက်သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် လူတိုင်းတွင် ထူးထူးခြားခြား ကျင့်ကြံထားတဲ့ အရည်အချင်းတွေ ရှိနေခဲ့၏။ ဒီမီးတောင်ကြီးရဲ့ ဝင်ပေါက်က အပေါ်ကနေကြည့်ရင်တော့ အပူနည်းနည်းရှိပေမယ့် အောက်ကတော့ မီးတောက် လှုပ်ရှားမှုမျိုး မတွေ့ရချေ။

ဤနေရာ၌ ဝိညာဉ်စွမ်းအင်သည် အလွန်ပြင်းထန်ပြီး ခန္ဓာကိုယ်အပေါ် သက်ရောက်မှုကလည်း ရေစီးကြောင်းနှင့်တူသည်။ ဘာအင်အားကိုမှ မသုံးဘဲတောင် လွင့်မျောနိုင်သလို ခံစားလာရသည်။

ပိုအံ့သြစရာကောင်းတာက သူဒီမှာ သူ့ခန္ဓာကိုယ်ပေါ်ရှိ အလင်းရောင်ကို ထိန်းချုပ်နိုင်ပြီး သေးငယ်တဲ့ ပူဖောင်းတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်တာကို ရှာတွေ့ခဲ့တာပါပဲ။ ဒီနေရာရောက်မှ ပရမ်းပတာပန်းရဲ့ အကျိုးသက်ရောက်မှုကို နောက်ဆုံး​တော့ နားလည်သဘောပေါက်ခဲ့သည်။

သူ့ခန္ဓာကိုယ်ပေါ်တွင် အလင်းတန်းတစ်ခုပေါ်လာပြီး ယုန်၊ သူ့အဖွဲ့နှင့် နဂါးလေးတို့ကို ဖုံးအုပ်နိုင်တဲ့ အလင်းဒိုင်းတစ်ခု တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။

"ဆင်းရအောင်..."

လုရွှမ်ရဲ့ အတွေးတစ်ခုတည်းဖြင့် အလင်းဒိုင်းသည် မှိုကဲ့သို့ အရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အနောက်ဘက်အထိ တိုက်ရိုက် ဖုံးအုပ်သွားခဲ့သည်။

အချိန်အတော်ကြာ တူးဖော်ပြီးနောက် အောက်သို့ ဆင်းလာသည်နှင့်အမျှ ဝိညာဉ်စွမ်းအင်၏ ကြွယ်ဝမှုကို ပိုမိုခံစားနိုင်လေ ဆိုတာကို သတိထားမိလာ၏။ ထို၀ိညာဉ်စွမ်းအင်များကသာ ပြဿနာများ မရှိ​နေခဲ့လျှင် ဤနေရာတွင် လေ့ကျင့်ခြင်းက ကောင်းချီးတစ်ခုသာ ဖြစ်လာလိမ့်မည်။

သို့သော် ဤအခိုက်အတန့်တွင် ဤအလင်းအကာကို အကာအကွယ်သဖွယ် သုံးထားတာကြောင့် ဝိညာဉ်စွမ်းအင်များ မ၀င်ရောက်နိုင်ပါ။ အလင်းအကာအရံများ ရုတ်တရက် ပေါက်ကွဲသွားလျှင် ၎င်းတို့ဟာ ရေခဲတုံးပေါ်တွင် လမ်းလျှောက်နေရသလို ခံစားရလိမ့်မည်။

အပြင်ဘက်တွင် အခိုးအငွေ့များ ရှိနေပြီး လုရွှမ် နတ်ဘုရားမျက်လုံးများကို ဖွင့်ထားသော်လည်း ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သို့သော် ယုန်၏အသွင်အပြင်ကို ကြည့်လျှင် တစ်စုံတစ်ခုကို မြင်နိုင်ပုံရသည်။

"ဟုတ်​တယ်​... ဝင်​ရ​အောင်​"

ယုန်​သည်​ ဦးတည်​ချက်​နှင့်​ ​နေရာကို ညွှန်​ပြလိုက်သည်။ လုရွှမ်လည်း ​နောက်​မှ မီးတောင်​နံရံဆီသို့ အ​ပြေးအလွှား သွားကာ ရှည်​လျား​ကျဉ်း​မြောင်း​သော လမ်းထဲသို့ ဝင်​သွားသည်​။

ပြီးတော့ သူ့ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအင်တွေ တဖြည်းဖြည်း အားနည်းလာပြီး လုရွှမ်ဟာ သူ့ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲ ဆိုတာကို တဖြည်းဖြည်း ရှင်းရှင်းလင်းလင်း မြင်လာရပါ၏။

အလွန်ကြောက်စရာကောင်းတဲ့ ရင်တုန်ခြင်းတစ်ခုက သူ့နှလုံးသားထဲကို တိုးဝင်လာပြီ။ ဆက်သွားရင် အသက် သို့မဟုတ် သေခြင်းဆိုင်ရာ အကျပ်အတည်း တစ်ခုဆီသို့ ဦးတည်သွားပါလိမ့်မည်။

လုရွှမ် ရပ်တန့်သွားသည်။

ယုန်: "ဘာလို့ ရပ်လိုက်တာလဲ ရှေ့ကို ဆက်သွားကြရအောင် ငါတို့ မကြာခင် ရောက်တော့မယ်"

လုရွှမ်: "ရှေ့မှာ အန္တရာယ်ကြီး တစ်ခုရှိနေတယ်... ​​ငါတို့မှာ ၉ကြိမ်သေ ၁ကြိမ်ပဲ ရှင်နိုင်တဲ့ ကျဉ်းမြောင်းတဲ့ လွတ်မြောက်လမ်း တစ်လမ်းပဲ ရှိတယ်"

ယုန်က "ဟုတ်တယ်... ဒါက ငရဲကျွန်းကနေ ငါတို့ ထွက်သွားနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်း ဖြစ်လို့ပဲ.... ကျဉ်းမြောင်းတဲ့ လွတ်မြောက်မှုဆိုတော့ရော ဘာဖြစ်လဲ။ မျှော်လင့်ချက်တွေ တောက်ပနေသရွေ့ ငါတို့က ထွက်သွားဖို့ ကြိုးစားမှာပဲ!"

All Chapters