ကောင်းကင်နဂါးပုတီးစေ့ အသွင်ပြောင်းခြင်း
Vol. 139 Ch. 4.1600
လုရွှမ်: "ငါတို့ ဒီအခြေအနေကိုတောင် ရောက်သွားပြီလေ တခြားရွေးချယ်စရာ မရှိတော့ဘူးဆိုတာလည်း သိသာပါတယ် ဒီကိစ္စမှာ ငါတို့ဘက်ကလည်း အကောင်းဆုံး ကြိုးစားပါ့မယ်"
သူ့ပတ်ဝန်းကျင်က အရမ်းသိမ်မွေ့နေပြီ ဖြစ်သော်လည်း တစ်ဖက်လူတွေရဲ့ မျက်လုံးထဲမှာ ဖိနှိပ်ချုပ်ချယ်ထားတဲ့ လူသတ်ရည်ရွယ်ချက်ကို လုရွှမ် သတိထားမိလိုက်သည်။
ဒီကောင်တွေမှာ အရန်နည်းလမ်းတွေ ရှိတယ်ဆိုတာ သံသယဝင်နေစရာ မလိုအောင် သေချာသည်။
ဒါပေမဲ့ သူ ပူးပေါင်းဆောင်ရွက်ရင်တော့ အကောင်းဆုံးပါပဲ။
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းပြီး နဂါးလေး ချထားတဲ့ အခင်းအကျင်း ကန့်သတ်ချက်တွေကို တိုက်ရိုက်ရုတ်သိမ်းပြီး ထွက်လာခဲ့လိုက်သည်။ နဂါးလေးရဲ့ အမူအရာက ပြောင်းသွားကာ ကောင်းကင်သိမ်းငှက်နဲ့ ရဲ့ရှားတို့လည်း တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အသံတိတ် အံ့သြသွားကြသည်။
လုရွှမ်နှင့် အခြားလူများ အခင်းအကျင်းထဲက ထွက်လာကြတာကို မြင်လိုက်ရသောအခါ သားရဲအုပ်စုရဲ့ မျက်လုံးတွေလည်း တောက်ပသွားခဲ့သည်။
"အခွင့်အရေးက တစ်ခုပဲရရင် ငါတို့လက်မလွှတ်နိုင်ဘူး ဆိုတာ သဘာဝကျပါတယ်... ငါတို့လည်း နောက်ထပ်အနှစ်ငါးရာကို မစောင့်ချင်ဘူး... ဒါပေမဲ့ နည်းနည်းတော့ စိုးရိမ်နေမိတုန်းပဲ ဘာလို့လဲဆိုတော့ ဒီကိုရောက်လာတဲ့ ငါတို့ရဲ့အချိန်က တိုတောင်းလွန်းတယ်လေ... နယ်ပယ်နဲ့ ယှဉ်ရင် ငါတို့က မင်းတို့ရဲ့နောက်မှာ အများကြီး ကျန်နေခဲ့ပြီ"
ယုန်က "ဘာကိုဆိုလိုချင်တာလဲ မင်းအကျိုးအမြတ် လိုချင်ရင် တည့်တည့်သာပြော"
လုရွှမ် လက်ခုပ်တစ်ချက် တီးလိုက်ပြီး။
"အစ်ကိုယုန်က အတွေးအခေါ် ကောင်းတာပဲ... အရမ်းရိုးရှင်းပါတယ် ငါတို့ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ နည်းလမ်းတွေ လိုအပ်တယ် ဒါပေမဲ့ ငါတို့ ကိုယ်ပိုင်လက်နက်ကလွဲရင် ကျန်တာတွေက အရမ်းဆင်းရဲတယ်ဆိုတာ မင်းလည်း သိသားပဲ..."
"ဟမ့်!"
တစ်ဖက်သားရဲက ဆေးလုံး၄လုံးကို ပေါ့ပေါ့ဆဆ ပစ်ပေးလိုက်သည်။
"ဒါက ကျွန်းပေါ်က သောင်းနဲ့ချီတဲ့ ပစ္စည်းတွေကို ငါရှာဖွေပြီး နှစ်သုံးရာကြာအောင် သန့်စင်ထားတဲ့ ဆေးလုံး... ငါကတော့ ဒါကို ယင်ယန်ခုနှစ်စင်းဆေးလုံးလို့ ခေါ်တယ် မင်းအသက်ရှူနေသေးသရွေ့ ဆေးလုံးကို မျိုချလိုက်ရင် သေမှာမဟုတ်ဘူး... မင်းတစ်ယောက်ချင်းစီအတွက် တစ်လုံး..."
နဂါးလေးနဲ့ အခြားနှစ်ယောက်လည်း အဂ္ဂိရတ်ဆေးကို လက်ခံရရှိကြသည်။ ကောင်းကင်သိမ်းငှက်မှာ သံသယ ဝင်နေသေးတာကြောင့် ဆေးမှုန့်အနည်းငယ်ကို ဂရုတစိုက် ခြစ်ထုတ်ကာ မြည်းစမ်းလိုက်သေး၏။ ထို့နောက် သူ့မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်ဘဲ အကြိမ်ကြိမ် ခေါင်းညိတ်ပြလိုက်ကြသည်။
ယင်းယန်ကိုးစင်း ဆေးလုံးကတော့ စစ်မှန်သော သခင်ဟွမ်လုံရဲ့ အသက်ကယ်ဆေး ဖြစ်ပုံရသည်။ လုရွှမ် ဤဆေးကို အနံ့ခံရုံဖြင့် ယင်းယန်ကိုးစင်းဆေးနဲ့ အနည်းငယ် ဆင်တူသည်ဟု ခံစားလိုက်ရသော်လည်း ထိရောက်မှုမှာ အနည်းငယ် ယုတ်ညံ့၏။
ဒါကြောင့်လည်း ခုနှစ်လို့ ထည့်ခေါ်ထားတာ ဖြစ်ပေမည်။
ဒီယုန်ကြီးက တကယ့် ဟွမ်လုံနဲ့ ပတ်သက်မှု တစ်ခုခု ရှိနေတာများလား။
"လုံလောက်ပြီလား"
ယုန်က ထပ်မေးပြန်သည်။ သူ့မျက်နှာတွင် ပြောင်းလဲမှုမရှိသော်လည်း နားမလည်နိုင်သော အရှိန်အဟုန်က လူများကို ပို၍ ရက်စက်ကြမ်းကြုတ်သည်ဟု ခံစားလာရစေသည်။ လုရွှမ်လည်း တခစ်ခစ်ရယ်ပြီး။
"ကျေးဇူးအများကြီး တင်ပါတယ် ဒါကတော့ ပြဿနာမရှိပါဘူး... အစ်ကိုယုန် ကျေးဇူးပြုပြီး လမ်းပြပေးပါဦး"
ယုန်က ဘာမှ မပြောဘဲ အရှေ့က ထွက်သွားလိုက်သည်။ ယခုအချိန်မှာတော့ သားရဲများက အလွန်စိတ်လှုပ်ရှားနေပြီး သူတို့၏ ခြေလှမ်းများသည် အနည်းငယ် ယိမ်းယိုင်နေပုံပေါ်နေတာကိုပါ တွေ့နိုင်သည်။
လုရွှမ် နောက်ပြန်လှည့်ကြည့်ကာ သူ့နောက်ကွယ်ရှိ ဝိညာဉ်စွမ်းအင်၏ ပြင်းထန်မှုက အနည်းငယ် အားနည်းသွားပုံရတာကို ခံစားလိုက်ရသည်။
သူ မြန်မြန် လိုက်ရတော့မည်။
အန္တရာယ် ခံစားချက်များက တိုးလာနေသေးသည်။ လုရွှမ် သတိမပေါ့ဝံ့ပေ။ နဂါးလေးတို့ သုံးယောက်သည် ယင်ယန်းခုနှစ်စင်း လျှို့ဝှက်ဆန်းကြယ်ဆေးလုံးကို လက်ထဲတွင် ကိုင်ဆောင်ကာ အချိန်မရွေး တစ်ကျိုက်တည်း မျိုချရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
ပတ်ဝန်းကျင် တောင်နံရံများက ပိုမိုတောက်ပလာပြီး လူတိုင်းကလည်း အောက်ဖက်ဖို့ နိမ့်ဆင်းလာသည်။ ဤအခိုက်အတန့်တွင် နတ်ဆိုးများသည် လုရွှမ်ခန္ဓာကိုယ်ပေါ်က ထွက်လာသော အလင်းတန်းများကို မလိုအပ်တော့ပေ။ ထိုနည်းတူစွာပင် သူ့အလင်းတန်းများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သလင်းကျောက်များထဲသို့ စုပ်ယူခံလိုက်ရတာ တွေ့ရသည်။
လုရွှမ် ကျောက်နံရံကို သူ့လက်ဖဝါးနှင့် ထိလိုက်၏။ နွေးထွေးတဲ့ခံစားမှုနဲ့ စွမ်းအားတွေ ပြည့်နေကာ အလွန်နူးညံ့သည်။ သလင်းကျောက်ကို ထိတွေ့လိုက်သည်နှင့် ခန္ဓာကိုယ်ထဲရှိ ကောင်းကင်နဂါးပုတီးစေ့သည် ရုတ်တရက် ရွေ့လျားသွားစဥ် ချက်ချင်းပင် သလင်းကျောက်ထဲမှ စွမ်းအားတစ်ခုကလည်း လုရွှမ် ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်။
အလွန်လျင်မြန်စွာ ပြေးထွက်လာခြင်း ဖြစ်ကာ တခဏချင်းပင် စီးဝင်သွားခဲ့သည်။
လုရွှမ် အနည်းငယ် စိတ်ရှုပ်ထွေးနေသေးသည်။ အဘယ်ကြောင့်ဆိုသော် သူ့ကျင့်ကြံမှု အမြုတေထဲရှိ ကောင်းကင်နဂါးပုတီးစေ့က အနည်းငယ် ပိုကြီးနေသလိုပင်။ သိပ်မများပေမယ့် သူတို့လို အဆင့်ရှိတဲ့ ကျင့်ကြံသူတွေအတွက်တော့ အသေးငယ်ဆုံး အပြောင်းအလဲတွေကိုတောင် ရှင်းရှင်းလင်းလင်း သိမြင်နိုင်၏။
ကောင်းကင်နဂါးပုတီးစေ့က လုရွှမ်အတွက် အလွန် အရေးကြီးသည်။ သေရေးရှင်ရေး အကျပ်အတည်းများစွာတွင် သူ့အား အန္တရာယ်မှ လွတ်မြောက်အောင် ကူညီခဲ့သည်။ သို့သော် ကောင်းကင်နဂါးပုတီးစေ့က တဖြည်းဖြည်း အရွယ်အစား လျော့ကျလာကာ ပျောက်ကွယ်သွားခဲ့ပါက သူ့အသက်ကယ် မှော်စွမ်းအားတစ်ခု ဆုံးရှုံးသွားမည် ဖြစ်သည်။
ပြီးတော့ ဒီမှာရှိတဲ့ သလင်းကျောက်တွေက သူ့ရဲ့ ကောင်းကင်နဂါးပုတီးစေ့ရဲ့ စွမ်းအင်ကို အမှန်တကယ် ကူညီပေးနိုင်၏။ လုရွှမ် သူ့စိတ်ထဲက စိတ်လှုပ်ရှားမှုကို မျိုသိပ်ထားလိုက်ရသည်။
လုရွှမ် သူ့လက်ဖဝါးကို အခြားသလင်းကျောက်တစ်ခုဆီသို့ လျင်မြန်စွာ ဖိလိုက်သည်။ သေချာတာပေါ့။ စွမ်းအင်လှိုင်းတစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ ပြေးဝင်လာပြီး ကောင်းကင်နဂါးပုတီးစေ့ကလည်း အနည်းငယ် ပိုကြီးထွားလာသည်။ လုရွှမ် ကျေနပ်လာတာကြောင့် လက်ဖဝါးများပေါ် အလွန်နူးညံ့ သိမ်မွေ့သော အကြည့်ဖြင့် ကြည့်ကာ သလင်းကျောက်များကို ပွတ်သပ်ပေးရင်း သူ့မျက်နှာပေါ်ရှိ အမူအရာကလည်း ပို၍ပင် ကြည်ညိုဖွယ်ကောင်းနေပါသည်။
နတ်ဆိုးများနှင့် နဂါးလေးတို့က သူ့ကိုကြည့်ရင်း စိတ်ရှုပ်သွားသော်လည်း လုရွှမ်က အချိန်မဖြုန်းခဲ့သလို လက်ရှိအခြေအနေကို ထူးထူးခြားခြား ပြောင်းလဲရန်လည်း ဘာမှ မလုပ်တာကြောင့် ဘယ်သူမှ ဝင်မပြောခဲ့ပေ။
လုရွှမ်သည် ဘယ်တော့မှ ပြီးမြောက်လိမ့်မည် မဟုတ်သော စွမ်းအင်များအား ဝမ်းမြောက်မှုစွာဖြင့် စုပ်ယူလိုက်သည်။ ကျင့်ကြံခြင်းအမြုတေထဲရှိ ကောင်းကင်နဂါးပုတီးစေ့သည် ၎င်း၏ မူလအသွင်အပြင်ထက် နှစ်ဆပိုကြီးလာသောအခါ ၎င်းတို့ ရပ်လိုက်ရသည်။ အချိန်က တိုလွန်းသောကြောင့် လုရွှမ် စိတ်အနှောင့်အယှက် ဖြစ်သွား၏။
"အကြီးအကဲ ကျွန်တော်တို့ ရောက်နေပါပြီ"
ယုန်က အလွန်ရိုသေသော အမူအရာဖြင့် အော်လိုက်သည်။
လုရွှမ် လန့်သွားသည်။
အကြီးအကဲလား။ ဒါဆို ဒီနေရာမှာ အခြားတစ်ယောက်ယောက်ပါ ရှိနေသေးတာလား။
မံမီရုပ်သဏ္ဌာန်ရှိ အရိုးစု နတ်ဆိုးနှစ်ကောင်သည် ကျောက်နံရံထဲမှ ထွက်လာခဲ့သည်။
ထိုစဥ်ယုန်က တောက်ပသော အရောင်အသွေး မြူမှုန်များဖြင့် ပြည့်နေသော သလင်းကျောက်ပုံကြီးကို အမြန်ထုတ်ယူလိုက်သည်။ မံမီနှစ်ကောင်သည် ကြီးမားသော သလင်းကျောက်ကို ကိုင်ဆောင်ကာ အပြင်းအထန် စုပ်ယူလိုက်ကြသည်။
အများကြီး စုပ်ယူပြီးနောက် နောက်ဆုံးမှာတော့ သူတို့ရဲ့ ခန္ဓာကိုယ်ကို ပြန်လည်ရရှိလာရာ သားရဲနှစ်ကောင်ဟာ နဂါးနဲ့ ဖီးနစ်တွေ ဖြစ်လာခဲ့ပါ၏။ လုရွှမ် သာမက အခြား သုံးယောက်လည်း ထိတ်လန့်သွားကြသည်။
နဂါးလေးက လုံးဝမတုံ့ဆိုင်းဘဲ ဂါဝရပြုရန် အလျင်အမြန် ထွက်လာခဲ့သည်။
"အငယ်တန်း နဂါးမျိုးရိုးက အကြီးအကဲကို ဂါဝရပြုပါတယ်"
"ဟေး... နှစ်တွေအတော် ကြာပြီးတာတောင် နောက်ထပ် နဂါး မျိုးနွယ်စုကို ဒီနေရာကို နှင်ထုတ်လိုက်သေးတယ်ပေါ့လေ... အဟမ့် အဲဒီလူယုတ်မာတွေက ပိုပိုပြီး ဒေါသတွေ တိုးလာနေကြတာပဲ!"
နဂါးကြီးက အော်လိုက်သည်။ သူ့အသံက အနည်းငယ် ခြောက်ကပ်နေသေးပေမယ့် တဖြည်းဖြည်း ဆာလောင်မွတ်သိပ်တဲ့ လေသံလို ဖြစ်လာသည်။ သူ့မျက်လုံးတွေက လူတိုင်းကို စိုက်ကြည့်ရင်း နောက်ဆုံးတော့ လုရွှမ်ကို အာရုံစိုက်မိသွား၏။
"သူတို့ရဲ့ စွမ်းအားတွေ အများကြီး လျော့သွားပုံရတယ်... ဒီမှာ လူသစ်လေးတွေနဲ့ လူသားတစ်ယောက်တောင် ရှိတယ်တဲ့ ဟား မင်းအဆင့်က အရမ်းနိမ့်လွန်းနေတယ်!"
ဖီးနစ်သည် နူးညံ့သောအသံဖြင့် အမျိုးသမီးတစ်ဦး ဖြစ်လာသော်လည်း မောက်မာမှုနှင့် ရှုံ့ချမှု အရိပ်အမြွက်များက အပြည့်ပင်။
"လူသား ကျစ် ကျစ် ငါ့ကိုပြောပါ... ဒီမှာစွန့်ပစ်ခံရဖို့ မင်းဘာတွေလုပ်ခဲ့တာလဲ... မင်းရဲ့ နောက်ခံလူသားမျိုးနွယ် တစ်ခုအနေနဲ့ ဟီးဟီး မင်းကိုစားရင်တောင် ဘယ်သူမှ ဘာမှပြန်မပြောရဲဘူး ဟုတ်တယ်မလား...."
ယုန်နှင့် အခြားနတ်ဆိုးများစွာတို့ကလည်း လုရွှမ်ကို ကြည့်နေကြသည်။ အမှန်မှာ သူတို့သည်လည်း လုရွှမ်တို့ လေးယောက် ကျွန်းဆီ ရောက်လာခဲ့ရတဲ့ အကြောင်းအရင်းကို အမြဲပင် သိချင်နေခဲ့သည်။
ကျွန်းပေါ်တွင် လူသားတစ်ဦး ဆင်းသက်ခွင့် ရသည့်အတွက် အံ့ဩသွားကြခြင်းပင်။
နဂါးလေးနှင့် အခြားလူနှစ်ယောက်၏ အမူအရာများသည် လုရွှမ်က သူတို့ရောက်လာမိတဲ့ မူလဇစ်မြစ်ကို ထုတ်ဖော်မည်ကို စိုးရိမ်သောကြောင့် ပြောင်းလဲသွားသည်။
လုရွှမ် တုံ့ဆိုင်းမနေဘဲ ရှေ့သို့ လှမ်းလာကာ နဂါးနှင့် ဖီးနစ်ကို ဦးညွှတ်လိုက်သည်။
"အငယ်တန်း လုရွှမ်... ဒီကလူကြီးနှစ်ယောက်ကို ဂါဝရပြုပါတယ်.... ကျွန်တော်က သက်ကြီးရွယ်အိုတွေကို ရယ်အောင် လုပ်မိပြီထင်တယ်... ဒါပေမဲ့ အငယ်တန်းမှာတော့ လူသားမျိုးနွယ်ရဲ့ နံပါတ်တစ် ပါရမီရှင်ဆိုတဲ့ နောက်ခံပဲ ရှိပါတယ်....ဒါက လူတွေအများကြီးကို စော်ကားခဲ့မိတာ ဖြစ်မယ်!"