← Chapters

ခက်ခက်ခဲခဲဖြင့်

Vol. 139 Ch. 4.1602

ခက်ခက်ခဲခဲဖြင့်

Vol. 139 Ch. 4.1602

လုရွှမ်: "ကြောက်တာပေါ့ ကြောက်တာပေါ့... ဒီလူကြီးနှစ်ယောက်က နတ်ခြေလှမ်းနယ်ပယ် အဆင့်ငါးကို တက်သွားတဲ့ သက်ကြီးရွယ်အိုတွေလို့ စောစောကမှ မပြောကြတာ... ကျွန်တော်က မျှော်စင်နယ်ပယ်ရဲ့ ပထမအဆင့်မှာပဲ ရှိပါသေးတယ်... ဒီအကြီးတန်းနှစ်ယောက်ကို ဘယ်လိုလုပ် သတ္တိရှိရှိ ရင်ဆိုင်ရဲမှာလဲ...."

"ဟမ့် မင်းသိထားတာ ကောင်းတယ် ဒါဆို နတ်သမီးဖီးနစ်ကို တောင်းပန်လိုက်"

လုရွှမ်ရဲ့ မျက်လုံးများ ပြူးကျယ်လာပြီး "ဘာအတွက်လဲ" ဟု ​ပြန်အော်လိုက်သည်။

"မင်း ဘာပြောလိုက်တယ်?"

နတ်နဂါးခမျာ အံ့အားသင့်သွားပြီး မယုံနိုင်​အောင် ဖြစ်သွားခဲ့သည်။ လုရွှမ်ရဲ တုံ့ပြန်မှုက သူအရင်က ပြောခဲ့သမျှဟာ အချည်းနှီးသက်သက်ပဲဟု ပြောလိုက်သလိုပါပဲ။

ဖီးနစ်၏ မျက်ခုံးမွှေးများက တစ်စုံတစ်ယောက်ကို သတ်ပစ်ချင်ကြောင်း ပြသနေပြန်၏။

လုရွှမ်ရဲ့ "ဘာအတွက်လဲ" ဟူသော စကားလုံးကို ပြောခဲ့ပြီး စကားလုံးတိုင်းသည် နတ်နဂါးနဲ့ ဖီးနစ်ကို ပုတ်ခတ်နေပုံရ၏။

ဖီးနစ်က အလွန်ဒေါသထွက်ကာ ပြန်ရယ်​ပြလိုက်သည်- "နတ်နဂါး... ဒီလူက အရိုက်ခံရဖို့ ထိုက်တန်တာကို မြင်ပြီမလား... သူ့ကို သင်ခန်းစာ ကောင်းကောင်းပေးပြီး ဒီမှာ ဘယ်သူက သခင်လဲ ပြောပြလိုက်စမ်းပါ"

ထိုစကားကို ပြောပြီးနောက် လုရွှမ်ကို လက်ဖဝါးတစ်ဖက်ဖြင့် လှမ်းဆွဲလိုက်သည်။

လုရွှမ် သူ့ခန္ဓာကိုယ်ကို မလှုပ်ဘဲ ပါးစပ်ကနေသာ လှုပ်ရှားလေသည်။

"ခင်ဗျား ထိရဲရင် ကျွန်တော်လည်း ချက်ချင်း ပေါက်ကွဲပစ်မယ်... မတိုက်နိုင်မှတော့ အတူတူ သေကြရုံပေါ့...ခင်ဗျားတို့ နဂါးတွေနဲ့ ဖီးနစ်တွေက မှော်စွမ်းအားတွေနဲ့ မွေးလာတာ...ကျွန်တော်တို့ လူသားတွေကတော့ မာနနဲ့မွေးလာတာနော်..."

လုရွှမ် ခန္ဓာကိုယ်သည် အဖြူရောင်အလင်းရောင်ဖြင့် လင်းလက်နေသောကြောင့် ဖီးနစ်ရဲ့ လက်ဖဝါးကလည်း ရပ်တန့်သွားရသည်။ ဖီးနစ်၏ ပါးစပ်ထောင့်သည် ခဏမျှ လှုပ်ယမ်းသွားကာ ယုန်မျက်နှာကိုသာ ပြင်းထန်စွာ ပါးရိုက်လိုက်သဖြင့် တစ်ဖက်ယုန်မှာ အနောက်သို့ ပျံထွက်သွားခဲ့သည်။

"အမှိုက်ကောင်!"

ယုန်ပါးပြင်သည် တရွေ့ရွေ့ ခေါက်သွား၏။ ခေါင်းငုံ့ကာ သွေးထွက်ထားသော်လည်း စကားတစ်ခွန်းမှ မပြောဝံ့ပေ။

"လှချက်!" လုရွှမ် ပြုံးလိုက်သည်။

"လူသား မာနမကြီးစမ်းနဲ့!"

နတ်နဂါးရဲ့ အသံသည်လည်း ဒေါသကို မျိုသိပ်ထားရကြောင်း သိသာလာသည်။ သို့သော်လည်း လုရွှမ်က နှစ်ခါလောက် ရယ်ပြီး သူ့လက်​တွေကို ဆုပ်ပြလိုက်လေ၏။

"မာနကြီးတယ်...ခင်ဗျား ကျွန်တော့်​​ကို ရိုက်ချင်​နေတာလား ဒါမှမဟုတ် ကြိမ်းမောင်း​နေတာလား... ကျွန်​တော့်ကို အနိုင်ကျင့်ချင်နေတာလား... အဲဒီစကားက ကျွန်​တော် မောက်မာတယ်လို့ ဆိုလိုတာလား... ဟုတ်ပြီ အားလုံးက ကျွန်တော့်ကို မာနကြီးတယ်လို့ ပြောမှတော့ မာနကြီးတယ်ပဲ ဆိုပါတော့..."

လုရွှမ်က နဂါးနဲ့ ဖီးနစ်ကို လက်ညှိုးထိုး၍ စကားဆက်သည်။

"နဂါးသွေးနဲ့ ဖီးနစ်သွေးဆိုတာ ရှားပါးပစ္စည်းလို့ ကြားဖူးတယ်... အများကြီး မလိုချင်ပါဘူး...တစ်ပုလင်းလောက်ပဲ"

ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် သေးငယ်သော နေရာတစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွားသည်။

နဂါးလေး၊ ကောင်းကင်သိမ်းငှက်နဲ့ ရဲ့ရှားတို့မှာ လုရွှမ်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။ သူတို့၏ မျက်လုံးများက နတ်ဘုရားကို ကြည့်နေသလိုပင်။ ယုန်နဲ့ သူ့အဖွဲ့လည်း ခေါင်းမော့ကာ လုရွှမ်ကို နားမလည်နိုင်သော အမူအရာများဖြင့် ကြည့်ကြသည်။ တခြားနတ်ဆိုးများက ကြောက်လန့်နေခဲ့တာ ကြာပါပြီ။

နတ်နဂါးမှာ ထိတ်လန့် အံ့သြနေသေးသော်လည်း ဖီးနစ်က ချက်ချင်း ဒေါသပေါက်ကွဲပြသည်။

ဖီးနစ်: "မာနကြီးတဲ့ လူသား မင်း သေမင်းကို ရှာနေတာပဲ!"

လုရွှမ် သူ့နားရွက်တွေကို ပွတ်သပ်ပြီး ဆို၏။

"ငရဲကျွန်းကို ရောက်လာပြီးကတည်းက ပြန်သွားရမယ်လို့ မတွေးဖူးဘူး... သေမင်းကို ရှာနေတာတဲ့လား... ကောင်းပြီလေ ကျုပ်က သေမင်းကို ရှာနေတာပဲ ကန့်ကွက်စရာရှိရင်တောင် ပါးစပ်ပိတ်ထား... ခင်ဗျားကို နတ်သမီးလို့ အကြီးအကဲလို့ ခေါ်တာက လေးစားလို့လို့ တကယ် ထင်နေတာလား... ကျုပ်အမြင်အရတော့ ခင်ဗျားက ပိုလှတဲ့ ကြက်မြက်တစ်ကောင်သာသာပဲ"

ဖီးနစ်သည် ဒေါသတကြီး ဖြစ်လာကာ သူ့တစ်ကိုယ်လုံး မီးတောက်များဖြင့် တောက်လောင်လာသည်။

"လူသား.... ငါ မင်းကို သတ်မယ် ငါမင်းကို သတ်မယ်...ငါ ဒီကနေ တစ်သက်လုံး မထွက်သွားရင်တောင် မင်းကို သတ်ပစ်မယ် သွားသေစမ်း!"

ထောင်ပေါင်းများစွာသော မီးတန်းများက လုရွှမ်ဆီသို့ ပစ်လွှတ်လိုက်ရာ မီးတောက်များက ကောင်းကင်ကိုပါ ပြင်းထန်စွာ တောက်လောင်သွားစေခဲ့သည်။

လုရွှမ် တခစ်ခစ်ရယ်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အလင်းတန်းတစ်ခု လင်းလက်လာသည်။ ကြမ်းတမ်းသော ဖီးနစ်နတ်မီးကို ပိတ်ဆို့ထားစေသော ဖရိုဖရဲ နတ်အလင်းရောင်များ ပေါ်ထွက်လာ၏။

"ခင်ဗျား အပြင်းအထန် တိုက်ခိုက်တာကို ကျုပ်ဖြင့် သိပ်ကြောက်တာပဲ.... ငှက်အိုမကြီး!"

ဖီးနစ်သည့ ပိုမိုအင်အားသုံး၍ မီး​တောက်ဖြင့်ထိုးနှက်သော်လည်း နတ်အလင်း အကာအကွယ်ရဲ့ အကျိုးသက်ရောက်မှုက လုံး၀ ပိတ်ဆို့ထား​လေသည်။ လုရွှမ်လည်း ရယ်မောပြီး ဖီးနစ်ကို အရူးအမူး တိုက်ခိုက်ဖို့ ခွင့်ပြုထားလိုက်သည်။

"ကောင်းပြီ!" နတ်နဂါးရဲ့ ပါးစပ်ထဲမှ အော်ဟစ်သံတစ်ခု ထွက်လာသည်။

"လူသား... မင်း ဘာလုပ်ချင်လဲ မင်း သေမင်းကို ရှာနေတာ ဆိုတာ​ရော သိရဲ့လား... ငါတို့ အပြင်ထွက်နိုင်ခဲ့ရင် မင်း အသက်ရှင်နိုင်မယ်လို့ ထင်လား"

လုရွှမ် ရယ်မောလိုက်ပြီး "မဖြစ်သေးတဲ့အရာတွေအတွက် စိတ်မပူပါဘူး"

"မင်း..."

နတ်နဂါးမှာ ဒေါသအရမ်းထွက်လာသဖြင့် စကားမပြောနိုင်လောက်အောင် ​ဖြစ်သွားသည်။

ဖီးနစ်: "မင်းတို့အဲဒီမှာ ဘာတွေ ရပ်လုပ်နေတာလဲ သူ့ကိုသတ်ပစ်လိုက်လေ!"

လုရွှမ်: "ဟားဟား! ငှက်အိုမ ခင်ဗျားကိုယ်တိုင်တောင် မလုပ်နိုင်မှတော့ တခြားသူတွေကို အော်ငေါက်ဖို့ ဖြစ်နိုင်ပါ့မလား... နာခံပြီး သွေးထုတ်ပေးလိုက်...ကျုပ် လိုချင်တာက သာမာန်သွေးပဲ ကျုပ်ကို အတင်းမလုပ်ခိုင်းနဲ့...ပြီးတော့မှ ကျုပ် သွေးစစ်ကို လိုချင်လာရင် ခင်ဗျားတို့ မပေးနိုင်ဘူး ဖြစ်နေမယ်... ဒီပြန်မွေးဖွားခြင်း ရေကန်ရဲ့ ပြောင်းလဲမှုတွေကို ကြည့်ပြီး သေသေချာချာ စဉ်းစားကြပေါ့... စဥ်းစားပြီးရင် ခေါ်လိုက်ပါ...ဟူး... ကျုပ်တို့ရဲ့ လူ့ခန္ဓာကိုယ်က နဂါးတွေ၊ ဖီးနစ်တွေလောက် မကောင်းဘူး... ခဏလောက် ကစားပြီးရင် ပင်ပန်းပြီး တစ်ရေးတစ်မော အိပ်လိုက်ရမှ"

လုရွှမ် တကယ်ပဲ ပက်လက်ကုထားထိုင်တစ်လုံး ထုတ်လိုက်ကာ နတ်ဆိုးတွေ အားလုံးရဲ့ မျက်စိရှေ့မှာပဲ လှဲလျောင်းပြီး အိပ်ပျော်သွားတော့သည်။ လုရွှမ် အိပ်ချင်ယောင်ဆောင်နေမှန်း သူတို့သိသော်လည်း အချိန်အကြာကြီး စကားမပြောဖြစ်ခဲ့ကြပေ။

"သခင်တို့... ခရမ်းရောင်က အရမ်းထူနေသလားလို့"

ယုန်က ရုတ်တရက် အော်ဟစ်ရင်း ​ပြန်ဝင်စားခြင်း ခြောက်လမ်းသွယ် ရေကန်ကို ညွှန်ပြလိုက်သည်။ အားလုံးအတူ လှမ်းလိုက်တော့ ခရမ်းရောင်သည် အလွန်ကြွယ်ဝနေပြီဖြစ်သည်။ နတ်နဂါးလည်း ရုတ်တရက် ခေါင်းကို လှည့်လိုက်ပြီး။

"လူသား ထတော့!"

လုရွှမ်လည်း မျက်လုံးဖွင့်ပြီး "ဘယ်လိုလဲ? စဥ်းစားပြီးပြီလား?"

နတ်နဂါး: "လူသား... မလွန်လာနဲ့!"

လုရွှမ်က မတ်တပ်ထရပ်ပြီး သူ့လက်ချောင်းတွေကို မြှောက်ကာ ရေတွက်လိုက်သည်။

"သာမန်သွေး နှစ်ပုလင်းနဲ့ သွေးအစစ်တစ်စက်"

သူသည် နတ်နဂါးကို လုံးဝ လက်မလွှတ်ချင်သလို ကြောက်ရွံ့ထိတ်လန့်မှု မရှိသော မျက်လုံးများဖြင့် ကြည့်နေသည်။

နတ်နဂါးမှာလည်း အလွန်တရာ တုန်လှုပ်ချောက်ချားဖွယ် ပြင်းထန်သော ရောင်ဝါကို ထုတ်လွှတ်လိုက်သဖြင့် တခြားသားရဲများမှာ ထိုအရှိန်အဟုန်ကို မခံနိုင်သဖြင့် အဆက်မပြတ် ပြန်ဆုတ်သွားခဲ့ရသည်။

လုရွှမ်ရှေ့တွင် နတ်နဂါး၏ အရှိန်အဟုန်ကို ဟန့်တားလိုက်သော နတ်ပရမ်းပတာအလင်းရောင်က တစ်ဖန် လင်းလက်လာသည်။

"သွေးသုံးပုလင်း... သွေးအစစ်သုံးစက်"

လုရွှမ် ခေါင်းကို မြင့်တင်ကာ နဂါးကြီးကို ကြည့်လိုက်သည်။ သူ့အသံမှာ နှိမ့်ချမှုမရှိသလို မာနကြီးသူလိုလည်း မဟုတ်နေချေ။

နတ်နဂါးသည် မြေပြင်ကို လက်ဖဝါးဖြင့် ပြင်းပြင်းထန်ထန် ရိုက်ချပစ်လိုက်ရာ အလွန်မာကျောသော မြေကြီးထဲတွင် မီးတောင်ငယ်တစ်ခု ဖန်တီးပစ်လိုက်သောကြောင့် နတ်နဂါး ဘယ်လောက် စိတ်ဆိုးနေကြောင်း ပြသ​​နေ၏။

"လူသား... မင်းနာမည်ဘယ်လိုခေါ်လဲ"

"နာမည် မပြောင်းထားပါဘူး လုရွှမ်တဲ့!"

"ဟားဟားဟား... ကောင်းပြီ လုရွှမ် ငါ ဒီနာမည်ကို မှတ်ထားလိုက်ပြီ!"

သူ့လက်ဖဝါးတစ်ဖက်က ကျန်လက်ကောက်ဝတ် တစ်ဖက်ကို ပွတ်ဆွဲလိုက်တာနဲ့ နဂါးသွေးတွေ ထွက်လာ၏။ လုရွှမ်လည်း သူ့လက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး နဂါးသွေးများကို သိမ်းယူလိုက်သည်။

နဂါး သာမန့သွေးသုံးပုလင်းနှင့် သွေးစစ်သုံးစက်တို့က လုရွှမ်လက်ထဲတွင် စုရုံးလာပြီး နောက်အခိုက်အတန့်တွင် ကျောက်စိမ်းပြားထဲ တိုးဝင်သွားသည်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ"

လုရွှမ် ပြုံးပြီး ဖီးနစ်ကို ကြည့်လိုက်သည်။

"အချိန်ကုန်နေပြီ... နောက်မှ ရှင်းကြရအောင်"

နတ်နဂါး အော်လိုက်ပေမယ့် သူ့မျက်နှာက အနည်းငယ် ဖျော့တော့သွားကာ ဆေးပြားပေါင်းများစွာကို အဆက်မပြတ် မျိုချလိုက်ရသည်။ ဖီးနစ်သည်လည်း ဒေါသတကြီး အော်ဟစ်လိုက်ပြီး သွေးကြောများကို ဖြတ်လိုက်သည်။

တူညီသော ဖီးနစ်သွေးသုံးပုလင်းနှင့် သွေးအစစ်သုံးစက်။

"ဒီလူကြီး နှစ်ယောက်နဲ့ စီးပွားရေး လုပ်ခွင့်ရတာ ဝမ်းသာပါတယ်..."

လုရွှမ် ပြုံးလိုက်သည်။ သူ့လက်ကောက်ဝတ်ကိုလှန်လိုက်သည်နှင့် သွေးအားလုံးသည် ကျောက်စိမ်း​ပြားထဲသို့ ဝင်သွား၏။

"မိုက်မဲတဲ့စကားတွေ ရပ်လိုက်... ငါတို့ရဲ့ အရေးကြီးတဲ့ ကိစ္စကို ခဏလောက်လေးဖြစ်ဖြစ် နှောင့်နှေးစေတယ် ဆိုရင်တော့ မင်းကို မသေမရှင်ဖြစ်အောင် လုပ်ပစ်မယ်"

လုရွှမ် ခပ်ဖျော့ဖျော့ပြုံးပြီး လက်ကို ဝှေ့ယမ်းပြလိုက်သည်။

"သိပါတယ်... သိပါတယ်"

သူ မျက်လုံးများကိုလှည့်ကာ လူတိုင်းကို စိုက်ကြည့်လိုက်သည်။ ယုန်အပါအဝင် လူတိုင်းက လုရွှမ်အား ကြောက်ရွံ့မှုအနည်းငယ်ဖြင့် ​ပြန်ကြည့်နေကြ၏။

ဒီလူသားက တကယ့် ရက်စက်တဲ့လူပဲ!

နဂါးလေး၊ ကောင်းကင်သိမ်းငှက်နဲ့ ရဲ့ရှားတို့သည် သူတို့မှာ ထွက်လမ်း ရှိတယ်ဆိုတာကို သိပေမယ့် နတ်နဂါးနဲ့ ဖီးနစ်တို့ဟာ နတ်ခြေလှမ်းနယ်ပယ်က ဆရာကြီးတွေပင်။ သူတို့မှာ နောက်ထပ် သတ္တိဆယ်ခု ရှိရင်တောင် ရန်သူလုပ်ဖို့ မဝံ့ရဲကြပါဘူး။

All Chapters