ဝမ်းတွင်းမည်း
Vol. 139 Ch. 4.1603
ရုတ်တရက်ပင် အရှေ့လမ်းပေါ်ရှိ အလင်းရောင်များ ပျောက်သွားသည်။
အဲဒီအစား သလင်းကျောက်တွေပဲ ပြန်ပေါ်လာ၏။
"မဟုတ်သေးဘူး... ဘာဖြစ်နေတာလဲ ဒီအချိန်ကျမှ အလင်းက ဘာလို့ ဒီလောက်မြန်မြန် ပျောက်သွားရတာလဲ"
နတ်နဂါးက အော်ဟစ်လိုက်သည်။ သူ့မျက်နှာမှာလည်း ထိတ်လန့်ပြီး ဒေါသတွေနဲ့ ပြည့်နေ၏။ သဘာဝအတိုင်းပင် လူတိုင်းရဲ့ မျက်လုံးများက လုရွှမ်ဘက်သို့ လှည့်သွားကြသည်။
လုရွှမ်ရဲ့ လက်ဖဝါးက သလင်းကျောက်ကို ပွတ်သပ်နေခဲ့တဲ့ ကိစ္စကို ပြန်တွေးမိသွားကြသည်။ သူ သလင်းကျောက်များ အားလုံးကို ထိခဲ့၏။ အကယ်၍ လုရွှမ်က ကြည်လင်သောအလင်းရောင် ပျောက်ဆုံးခြင်းနှင့် ဘာမှမဆိုင်ကြောင်း တစ်စုံတစ်ယောက်ကသာ ထွက်ပြောပါက မသေမချင်း အရိုက်ခံရလိမ့်မည်။
နောက်ပြီး ဘယ်သူမှလည်း ယုံမည်မဟုတ်ပေ။
"လူသားနဲ့ အဲဒီသလင်းကျောက်က ဆက်စပ်နေတာလား.... ဘာလဲ"
နတ်နဂါးက လုရွှမ်ကို ဂရုမစိုက်တဲ့ပုံစံနဲ့ မေးလိုက်သည်။
ပြန်ဝင်စားခြင်းကန်ရဲ့ ခြောက်လမ်းသွယ် ခရမ်းရောင်အလင်းကို သူ စိုက်ကြည့်နေသည်။ သလင်းကျောက်၏ အလင်းရောင် ပျောက်ကွယ်သွားသည်နှင့်အမျှ ခရမ်းရောင်ကလည်း ပျောက်ကွယ်သွားသည်။
နတ်နဂါးဟာ သူ့ဘဝတစ်လျှောက်လုံး ကမ္ဘာအနှံ့ ခရီးထွက်ခဲ့သည်။ ငရဲကျွန်းတွင် အကျဉ်းချခံရသော်လည်း သူသည် အငြင်းပွားဖွယ်ရာမရှိသော အုပ်စိုးရှင်အဖြစ် ရှိနေဆဲဖြစ်ပြီး သူ့ကို မည်သူမှ အနိုင်ကျင့်ဝံ့ခြင်း မရှိပေ။
သို့သော်ယနေ့တွင် သူအမြဲတမ်း နှိမ့်ချခဲ့သော လူသားတစ်ဦးဆီက အနိုင်ကျင့်တာကို ခံခဲ့ရပြီး သွေးသုံးပုလင်းနှင့် သွေးအစစ်သုံးစက်ကို ထုတ်ပစ်ပေးရန် အတင်းအကြပ် ခိုင်းစေခံခဲ့ရသည်။
လုရွှမ်ကတော့ သူ့ပုခုံးကို တွန့်ပြလိုက်ပြီး ဆို၏။
"ကောင်းပြီ...ကျုပ်ပြောလည်း ခင်ဗျားတို့က ယုံမှာမှမဟုတ်တာ... ကျုပ် ကောင်းကောင်းလုပ်ခဲ့တယ် မဟုတ်လား"
ဖီးနစ်: "ငါထင်သားပဲ!"
နဂါးက "သေချာပေါက်တော့ မဟုတ်ဘူး ဒါက နိမိတ်ပဲ ဖြစ်ကောင်းဖြစ်မယ် ဒီတစ်ခါတော့ ငါတို့ လွတ်မြောက်ဖို့ အခွင့်ကောင်း ရှိခဲ့ပြီးသား... ငရဲကျွန်းမှာ အပြောင်းအလဲ တစ်ခုခုဖြစ်နေပြီ အဲဒါက ငါတို့ကို တားချင်နေတာ"
နတ်နဂါးက အော်ရင်း သူ့မျက်နှာကလည်း နီရဲလာသည်။ ဒီစကားကိုကြားတော့ အားလုံးက အံ့သြသွားကြတယ်။ ဒါသာမှန်ရင် သူတို့ ဒုက္ခရောက်လိမ့်မည်။
လုရွှမ် ရယ်ချင်နေပေမယ့် သူက လက်ခုပ်တီးပြီး ထောက်ခံလိုက်သေးသည်။
"မဟုတ်လား? အကြီးအကဲက တကယ်ထက်မြက်ပြီး အရမ်းကို လေးစားစရာ ကောင်းတာပဲ... မဟုတ်ရင် ကျွန်တော့်နာမည်ကို ရှင်းထုတ်ဖို့ ခက်သွားလိမ့်မယ် ထင်တယ်"
နတ်နဂါးကတော့ လုရွှမ်ကို အာရုံစိုက်ရန် အလွန်ပျင်းရိနေပြီး ယုန်အား လှည့်ပြောလိုက်သည်။
"အဆင်သင့်လုပ်ထား... လူဝင်စားရာလမ်း ခြောက်ခုကို ပြောင်းလဲချင်ရင် ရှေ့ကို ဆက်သွားဖို့ နဂါးနဲ့ ဖီးနစ်ရဲ့ စွမ်းအားတွေ ပေါင်းစပ်မှုတွေ လိုအပ်နေသေးတယ်"
သူတို့စကားပြောနေစဉ် နတ်နဂါးနဲ့ ဖီးနစ်တို့သည် လူဝင်စားရေကန်၏ လမ်းကြောင်းခြောက်သွယ်ဆီသို့ အင်အားလှိုင်းတစ်ခုစီ စေလွှတ်လိုက်သည်။ နှစ်ယောက်သား၏ စွမ်းအားသည် ခရမ်းရောင်ရောင်ဝါကို စုစည်းကာ တိုက်ခိုက်နေ၏။ ခရမ်းရောင်ဖျော့ဖျော့ရောင်ဝါသည် ခွန်အားအသစ် ရရှိသွားသကဲ့သို့ လှုပ်ခါသွားပြီး တစ်ဖန်ပြန် အစပြုလာသည်။
လှိုင်းပုတ်သံကဲ့သို့ တဟုန်ထိုးမြည်သံက ဤဘက်သို့ ကျယ်လောင်လာ၏။ လုရွှမ်နှာခေါင်းများ လှုပ်ရှားသွားသည်။ ဝိညာဉ်စွမ်းအင်၏ ဆွေးမြေ့နေသော အနံ့ကို သူခံစားနိုင်နေပြီ ဖြစ်သည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ဖရိုဖရဲ အလင်းတန်းများသည် သဘာဝအတိုင်း လင်းထိန်နေပြီး ကျောက်နံရံရှိ ကွက်လပ်ကို ပိတ်ဆို့ကာ ကြီးမားသော အကွေ့အကောက်တစ်ခု ဖြစ်လာသည်။
ဝိညာဉ်စွမ်းအင်များက ပရမ်းပတာအလင်းကို တရစပ် ကျယ်လောင်စွာ ပေါက်ကွဲသွားစေခဲ့သည်။ လုရွှမ်လည်း နောက်ပြန်ဆုတ်သွားရသည်။
"ဟမ့် ငါက အဓိပ္ပာယ်မရှိမှန်း ငါသိတယ် ငါထိန်းမယ်"
နဂါးနှင့်ဖီးနစ်တို့ တစ်ချိန်တည်းတွင် အော်လိုက်ကသည်။
ချက်ချင်းပင် လက်နှစ်ချောင်းက လုရွှမ်ပုခုံးပေါ်သို့ ဖိကာ ကွာဟချက်ကို ပိတ်ဆို့ရန် သူ့ကို နောက်ပြန်တွန်းလိုက်သည်။ လုရွှမ်က လှည့်ကြည့်ပြီး ပြုံးလေ၏။
"တောင်းပန်ပါတယ်... အဲဒီအချိန်မှာ စွမ်းအားက ဒီလောက်ကြီးကြီးမားမား ဖြစ်သွားမယ်လို့ ကျွန်တော်လည်း မသိလိုက်ဘူး အမှားတစ်ခုပါ အမှားပါ"
"ဟမ့် ဒီလိုမဖြစ်တော့ဘူး"
နတ်နဂါးက အော်သည်။
သူ့နှာခေါင်းကို ရှူလိုက်ရင်း ဝိညာဉ်စွမ်းအင်တွေ တဟုန်ထိုးဝင်လာတာကို ခံစားရပြီး "၀ိညာဉ်စွမ်းအင်တွေ အပြေးအလွှား ဝင်လာတာ သိပ်မရှိသေးဘူး... ကျွန်တော်တို့ နည်းနည်းလေး ပိုအားထုတ်နေသရွေ့ ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူး"
လုရွှမ် နောက်ပြန် လှည့်ကြည့်လိုက်သည်။ အလွန်ရုပ်ဆိုးသော ရဲ့ရှားက ထူးဆန်းသော မျက်နှာထားဖြင့် ရပ်နေပြီး ရယ်နေပုံရသည်။
ဒီကောင်လေးက သိသွားပြီလား။
ရဲ့ရှားက မိုက်မဲပြီး တိုက်ခိုက်နည်းကိုသာ သိတဲ့လူတော့ မဟုတ်ပေ။ ဒါပေမဲ့ သူတို့ရဲ့ ဦးနှောက်တွေက လိုက်လျောညီထွေ မရှိတတ်ဘူး မဟုတ်ပါလား။
သို့သော် လုရွှမ် ဒီကိစ္စကို မစဉ်းစားနေတော့ချေ။ ဒီရဲ့ရှားက ပြောလိုက်တော့ရော ဘာဖြစ်လဲ။ နတ်နဂါးနဲ့ ဖီးနစ်က လှုပ်ရှားရဲမှာလား။
ယုန်: "သတိထား... ငါတို့ရဲ့ စွမ်းအင်တွေကို အားကောင်းအောင် လုပ်ရမယ်"
ရုတ်တရက်ဆိုသလိုပဲ လုရွှမ်ရဲ့ ခန္ဓာကိုယ်ထဲကို နတ်ဆိုးစွမ်းအားတစ်ခု တိုးဝင်လာ၏။
ရွှေကျီးကန်းရဲ့အသံက စိတ်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာ၏။
"ကောင်လေး မင်းက အရမ်းတန်ခိုးကြီးပါလား ကျီးဖိုးဖိုးက လက်ခုပ်တီးလို့ မရဘူးဆိုပေမယ့် ဒါက သင်ခန်းစာကောင်းပဲ... သူတို့က တွားသွားသတ္တဝါနဲ့ ငှက်တစ်ကောင်ပဲကွ... မာနကြီးပြီး သတ္တိရှိနေလိုက်ကြတာ... ဟမ့် မဟုတ်ရင် ဘယ်သူ့ကို သင်ပေးရဲမှာလဲ"
"အခုအချိန်က နဂါးသွေးနဲ့ ဖီးနစ်သွေးတွေကို သန့်စင်ဖို့ အကောင်းဆုံးအချိန်ပဲ သူတို့ရဲ့ စွမ်းအားကြောင့် ဟီးဟီး မင်းရဲ့ အရှိန်က ပိုမြန်လိမ့်လာမယ်"
လုရွှမ်လည်း ရယ်လိုက်သည်။ သူ့မှာလည်း တူညီတဲ့ စိတ်ကူးရှိခဲ့ပြီးသားပင်။
ပထမဦးစွာ နဂါးသွေးကို ကျောက်စိမ်းပြားထဲမှ ထုတ်ယူပြီး သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားစေခဲ့သည်။ သူ့တစ်ကိုယ်လုံး ရုတ်ချည်း ပူနွေးလာ၏။ နောက်ဆုံးတွင်တော့ နတ်နဂါး၏ အသွေးသည် လူသားများအတွက် ကြီးမြတ်သောဆေးသာ။ အထူးသဖြင့် ဤအရာသည် နတ်ခြေလှမ်းနယ်ပယ် အဆင့်၅ သို့ ရောက်ရှိသွားသော နတ်နဂါး၏ သွေးဖြစ်သောကြောင့် စွမ်းအင်က အလွန်ကြောက်စရာကောင်းသည်။
သူ့နောက်က နတ်ဆိုးစွမ်းအားဟာ ယွမ်ယန်စွမ်းအင်ထဲ ပေါင်းစည်းသွားပြီး နဂါးရဲ့သွေးတွေကတော့ သူ့ခန္ဓာကိုယ်ထဲကို တဖြည်းဖြည်း ပေါင်းစပ်သွားသည်။
ယုန်နှင့် အခြားနတ်ဆိုးများစွာသည် လုရွှမ်ရဲ့ ခန္ဓာကိုယ်အတွင်းက ပြောင်းလဲမှုများကို ခံစားမိသောကြောင့် စိတ်ရှုပ်ထွေးနေသော်လည်း အကြောင်းရင်းကို မပြောနိုင်ပေ။
လုရွှမ်ရဲ့ ကျွမ်းကျင်မှုနဲ့ ကျင့်စဥ်တွေကို သူတို့ မစမ်းသပ်ချင်ပေ။ သူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့ ယွမ်စွမ်းအားက သမုဒ္ဒရာထဲကို စီးဝင်သွားတဲ့ မြစ်ရေလိုပဲ။ အဲဒီလှိုင်းတွေကို လှုပ်ခတ်နိုင်ဖို့ လုံးဝ စွမ်းအားမရှိလှပါဘူး။
ဤအခိုက်အတန့်တွင် ၎င်းတို့စွမ်းအင်က ပိုမိုအားကောင်းလာခဲ့သည်။
အချိန်တွေကလည်း တဖြည်းဖြည်း ကုန်သွား၏။ အနောက်မှ ယွမ်စွမ်းအင်တပ်ဖွဲ့၏ အကူအညီဖြင့် လုရွှမ်သည် သဘာဝဖြစ်စဉ် တစ်ခုလိုလေး နဂါးသွေးကိုစုပ်ယူရန် အလွန် လွယ်ကူသွားခဲ့သည်။
အမွှေးတိုင်တစ်ချောင်းစာလောက် ကြာပြီးနောက် နဂါးသွေးသုံးပုလင်းက သူ့ခန္ဓာကိုယ်ထဲသို့ လုံးလုံးလျားလျား စုပ်ယူသွားခဲ့သည်။ ထို့နောက် ဖီးနစ်သွေးနှင့် သွေးစစ်ခြောက်စက်တို့ ထွက်လာသည်။ အပြင်းထန်ဆုံး တုံ့ပြန်မှုမှာ လုရွှမ် ခန္ဓာကိုယ်က တောက်ပနေပြီး အနီရောင် နေရောင် ထွက်ပေါ်လာခြင်းပင်။
နတ်နဂါးနဲ့ ဖီးနစ်ဟာ လူဝင်စားကန်ရဲ့ လမ်းခြောက်သွယ်ထဲ၌ အာရုံကို လုံးလုံးလျားလျား စိုက်ထူထားသဖြင့် ထိုနေရာတွင် မြင်ကွင်းကို သတိမထားမိခဲ့ပေ။
မဟုတ်ပါက ၎င်းတို့၏ အသိပညာနှင့် အတွေ့အကြုံအရ လုရွှမ်ဟာ နေကိုးစင်း နတ်ဘုရားလောင်းမှန်း အတပ် သိကြလိမ့်မည်။ ဒါကို လုရွှမ်ရဲ့ ကံကောင်းမှုလို့လည်း ယူဆနိုင်ပါ၏။
ဆန့်ကျင်ဘက်အနေနှင့် နတ်နဂါးနဲ့ ကောင်းကင်ဖီးနစ်တို့သည် လုရွှမ် တစ်နာရီကြာလောက် ခံနိုင်ရည် ရှိခဲ့သည့်အတွက် အလွန်ကျေနပ်ခဲ့ကြသည်။ ခရမ်းရောင်အလင်းက ဆွဲထုတ်လုနီးပါးဖြစ်လာခဲ့ပြီပဲ ဖြစ်သည်။
လုရွှမ်လည်း ဤအခိုက်အတန့်တွင် သူ၏ရုပ်ပိုင်းဆိုင်ရာ ခွန်အားဟာ နတ်နဂါး သို့မဟုတ် ကောင်းကင်ဖီးနစ်နှင့် နှိုင်းယှဉ်လျှင်ပင် နိမ့်မည်မဟုတ်ကြောင်း သေချာပါသည်။ ပရမ်းပတာ ပန်းရဲ့ အကူအညီကြောင့် ၎င်းတို့ထက်ပင် သန်မာသွားနိုင်သည်။
ဖီးနစ်နတ်မီးရဲ့ အဆင့်က အဆင့်တစ်ဆင့် ထပ်တိုးလာသဖြင့် ၎င်း၏ စွမ်းအားသည် နှစ်ဆကျော် တိုးလာခဲ့သည်။
လုရွှမ် သူ့နောက်က လှုပ်ရှားမှုတွေကိုလည်း အာရုံစိုက်နေသေးသည်။ သူ့မျက်လုံးများထဲ ခရမ်းရောင် အလင်းများနှင့်သာ ပြည့်နေပြီး အခြားခြောက်ရောင်မှာလည်း ခရမ်းရောင်နှင့် တဖြည်းဖြည်း ရောစပ်သွားသည်။
အတွင်းကနေ သက်တံတံတားတစ်ခု ထွက်ပေါ်လာတော့မယ့်အတိုင်းပင်။
ဒီသားရဲတွေက ငရဲကျွန်းကနေ အမှန်တကယ် လွတ်မြောက်ခွင့်ရှိလား။ ဒီကျွန်းမှာတော့ လူသားကို ဒုက္ခပေးစေချင်နေကြတာ လွတ်မြောက်သွားရင်လည်း ဤလူယုတ်မာများက လူသားများကို ဘေးဥပဒ်ဖြစ်စေနိုင်သည်။
ဤလူများ ဤနေရာတွင် ပိတ်မိနေတာကသာ အကောင်းဆုံး ဖြစ်မှာ သေချာပါသည်။
အပြင်ထွက်ချင်တယ်ပေါ့။ အိပ်မက်မက်နေလိုက်။
"သက်တံ့တံတားက မကြာခင် ပေါ်လာတော့မယ်....လုရွှမ် ငါတို့မင်းစကားကို နားထောင်နေတယ်... မင်းဆုတ်ချင်ရင် ငါတို့ ယုန်နဲ့ သူ့လူတွေကို ချက်ချင်း တိုက်ခိုက်မယ် ပြီးရင် ငါတို့အားလုံး ထွက်ပြေးကြမယ်"
ရုတ်တရက် သူ့စိတ်ထဲ ရဲ့ရှားရဲ့အသံ ဝင်လာသည်။
လုရွှမ် အံ့အားသင့်သွားသည်။
ကြီးမြတ်တဲ့စိတ်တွေက ထပ်တူကျနေတာပဲ!
ဒါပေမဲ့ ရဲ့ရှားက 'ငါတို့' လို့ ပြောနေတာလား။
သူ မျက်လုံးထောင့်ကနေ လှည့်ကြည့်လိုက်သော် နဂါးလေးနဲ့ ကောင်းကင်သိမ်းငှက်တို့ကလည်း အနည်းငယ် ခေါင်းညိတ်လိုက်ကြတာ တွေ့လိုက်ရသည်။