← Chapters

ချမယ်

Vol. 139 Ch. 4.1604

ချမယ်

Vol. 139 Ch. 4.1604

"ကောင်းပြီ... စလိုက်ရအောင်"

လုရွှမ်လည်း အသံပြန်ပို့လိုက်သည်။

ဒါဆို စမ်းသပ်မှုတစ်ခုဆိုရင် ဘယ်လိုလုပ်မလဲ။ ဒီတော့ လှည့်ကွက် ဖြစ်နေတော့ရော ဘာဖြစ်လဲ။ ဒီကောင်တွေ မလုပ်ရင်တောင် သူအစောကတည်းက တွေးထားပြီးသား ဖြစ်လေသည်။

ရဲ့ရှားက ရုတ်တရက် သူ့ဓားကို ဆွဲထုတ်လိုက်ပြီး သူ့ဘေးနားရှိ လင်းယုန်ကြီးတစ်ကောင်ကို ခုတ်ထစ်လိုက်သည်။

ကောင်းကင်သိမ်းငှက်က သူ့ဘေးနားရှိ ဘီလူးတစ်ကောင်ကို လက်သည်းတစ်ဖက်တည်းဖြင့် တိုက်ခိုက်ခဲ့ပြီး နဂါးလေးရဲ့ ခန္ဓာကိုယ်က နဂါးတစ်ကောင်အသွင် ပြောင်းကာ နဂါး လက်သည်းများဖြင့် လှုပ်ရှားလိုက်သည်။

တိုးတိုးတိတ်တိတ် အော်ဟစ်သံ သုံးခုနှင့်အတူ သားရဲသုံးကောင်သည် ရုတ်တရက် တိုက်ခိုက်ခံလိုက်ရသဖြင့် နေရာအနှံ့ သွေးများ ပျံ့ကျဲသွားသည်။

"မအေဘေးတွေ! နင်တို့ ဘာလုပ်တာလဲ"

ကောင်းကင်ဖီးနစ်က လှည့်အော်​လိုက်​သည်​။

ဤသည်မှာ လူသုံးဦး၏ အကြံအစည်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ နောက်ဆုံးတော့ သူတို့ လှုပ်ရှားလိုက်ချိန်က အနည်းငယ် ကွာဟသွားခဲ့သည်လေ။ နတ်နဂါးနဲ့ ဖီးနစ်တို့က ယခုအချိန်အထိ ၎င်းတို့၏ သေးငယ်သော အပြုအမူများကို သတိမထားမိတာမျိုး မရှိနိုင်ချေ။

လုရွှမ်လည်း ထိတ်လန့်သွားရသည်။ ဖော်ထုတ်ခဲ့လိုက်ရပြီမလို့ နတ်နဂါးနဲ့ ဖီးနစ်တို့က ကရုဏာမပြလောက်တော့ပေ။

ကံဆိုးချေပြီ။

ဒါပေမဲ့ နောင်တရပြီး စိတ်ဆိုးဖို့ကလည်း နောက်ကျသွားပြီ။

ထိုစဥ် လုရွှမ်ရဲ့နောက်ကွယ်မှ အနီရောင်နေရောင်က ရုတ်တရက် ထလာပြီး သူ့နောက်ကွယ်က ယုန်သားရဲကို ရိုက်ထုတ်ပစ်လိုက်သည်။

"မချတော့နဲ့! ငါ့နောက်ကို လိုက်ခဲ့"

သူ့ခန္ဓာကိုယ်ပေါ်ရှိ ပရမ်းပတာပန်းရဲ့ အလင်းတန်းများသည် ရုတ်တရက် ပျံ့နှံ့သွားပြီး နဂါးလေး၊ ကောင်းကင်သိမ်းငှက်နဲ့ ရဲ့ရှားတို့ကို ဖုံးအုပ်ထားလိုက်သည်။

"သွားကြစို့!"

သူသည် ကြီးမားပြီး လေးလံ၊ ထူးဆန်းသော ဝိညာဉ်စွမ်းအင်ဆီသို့ ပထမဆုံး အပြေးဝင်သွားသူ ဖြစ်သည်။

ကျန်သုံးယောက်ကလည်း မနှောင့်နှေးကြချေ။ လုရွှမ် သူတို့ကို စွန့်ပစ်သွားမှာကို စိုးရိမ်နေသဖြင့် လုရွှမ်ကိုသာ စိုက်ကြည့်နေခဲ့ကြသည်။ လုရွှမ် သူတို့ကို ဖုံးအုပ်​ပေးလာဖို့ အစပြုလိမ့်မယ်လို့ သူတို့ မမျှော်လင့်ထားပေမယ့် ချက်ချင်း တုံ့ပြန်ကာ လှည့်ထွက်ပြေးသွားကြသေး၏။

ဝုန်း!

ကြီးမားသော အင်အားကြီးတစ်ခုက သူတို့အဖွဲ့ကို ဖုံးအုပ်ထားသော အလင်းကို တိုက်ခိုက်လာခဲ့သည်။ အင်အားသည် အလွန်ပြင်းထန်၏။ ပရမ်းပတာပန်းအလင်းကို မဖြိုခွဲနိုင်ဘဲတောင် လှိုင်းလုံးများက ဖြတ်ကျော်ဝင်ရောက်လာသည်။

သူတို့လေးယောက် တစ်ချိန်တည်းမှာ သွေးတွေ ရွှဲလို့ ရုပ်ဆိုးကုန်လေသည်။ နတ်ခြေလှမ်းနယ်ပယ် အဆင့်၅ အကြီးအကဲတွေက အလွန်အစွမ်းထက်သဖြင့် ခုခံနိုင်စွမ်း လုံးဝ မရှိခဲ့ပေ။

လုရွှမ်တော့ အဆင်ပြေနေပါသေးသည်။ အခုတော့ သူ့ခန္ဓာကိုယ်က အရမ်း အစွမ်းထက်နေပြီး ယွမ်စွမ်းအင်တွေ အရမ်းများနေတာကြောင့် နဂါးလေး၊ ကောင်းကင်သိမ်းငှက်နဲ့ ရဲ့ရှားတို့ကသာ အဓိကဖိအားပေး ခံခဲ့ရသည်။

နဂါးလေးက ဉာဏ်အကောင်းဆုံး ဖြစ်သည်။ သူက မတွေးဘဲ ယင်ယန် လျှို့ဝှက်ဆန်းကြယ်ဆေးလုံးကို ထုတ်ယူပြီး မျိုချတော့မည်။ ထိုအခိုက် လုရွှမ် သူ့လက်ကို ဝှေ့ယမ်းပြီး ဆေးလုံးကို ရိုက်ထုတ်ပစ်သည်။

"မစားနဲ့ ဒီဆေးက အဆိပ်ပြင်းတယ်"

သူက ပြောပြီးနောက် လက်ကိုဝှေ့ယမ်းကာ သံကြိုးတစ်ချောင်းစီ ထွက်၍ လူသုံးဦးကို ဆွဲထုတ်ကာ ထွက်ပြေးသွားခဲ့သည်။

အနောက်တွင်တော့ နတ်နဂါးနဲ့ ဖီးနစ်တို့သည် သူတို့ကို ကြည့်နေကြသည်။ ပြန်ဝင်စားခြင်းကန်ရဲ့ လမ်းခြောက်သွယ်ထဲက ခရမ်းရောင်အရောင်ဟာ တဖြည်းဖြည်း နစ်မြုပ်သွားပြီး နောက်ဆုံးမှာတော့ တိုးတက်လာတဲ့ အရိပ်အယောင်တွေ ပြသထားတဲ့ သက်တံ့တံတားကလည်း ကွဲအက်သွားသည်။

"အား! လူသား ငါနင့်ကို သတ်မယ်!"

နဂါးကြီး: "စိတ်မဆိုးနဲ့ဦး သူတို့နောက်ကို အရင် လိုက်ကြရအောင်"

နဂါးကြီးက လှည့်အော်လိုက်သည်။

သူတို့ တစ်ယောက်ပြီးတစ်ယောက် ပြေးထွက်သွားကြသည်။ ယုန်နှင့် သားရဲအုပ်စုသည် ကြွယ်ဝပြီး ထူးဆန်းသော ဝိညာဉ်စွမ်းအင်များဖြင့် ထုပ်ပိုးခံထားရသည်။ သူတို့၏ ခန္ဓာကိုယ်များသည် လျင်မြန်စွာ ပုံပျက်သွားကာ ယခင်ကထက် ပို၍ ကြောက်စရာကောင်းလာတာကြောင့် အဆက်မပြတ် အော်ဟစ်နေကြ​လေ၏။

"ဒါတွေအားလုံးက အမှိုက်တွေကြောင့်ပဲ! ဟမ့် ငါအရာရာတိုင်းကို အမြဲတမ်း စီစဉ်ထားခဲ့တာ ဒါပေမယ့် ဒီကောင်လေးတွေက ငါ့ကို လှည့်စားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး.."

နဂါးသည် အလွန်စိတ်ပျက်စွာ ဟောက်သော်လည်း သူ့မျက်လုံးများထဲတွင်တော့ စိတ်လှုပ်ရှားမှုများက ဖုံးကွယ်မရပေ။

"နတ်နဂါး...ရှင် ဘာဖြစ်နေတာလဲ?"

ဖီးနစ်သည် ဖီးနစ်နတ်မီးကို အသုံးပြုရန် သူမ၏ ခွန်အားရှိသမျှကို အသုံးပြုထားသည်။ ဤနည်းဖြင့် သူမပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို ဖိနှိပ်ထားခဲ့သည်။ အကယ်၍ ဤဝိညာဉ်စွမ်းအင်များ ထပ်မံကျူးကျော်လာပါက သူမနှင့် နဂါး နှစ်ကောင်စလုံး ဒုက္ခကြီးစွာ ကြုံတွေ့ရလိမ့်မည်။

နဂါးက "မေးခွန်းတစ်ခုကို ငါတို့အမြဲတမ်း လျစ်လျူရှုခဲ့တယ်... ဒီကောင်လေးတွေ ဘယ်ကလာတာလဲ သူတို့ ဘာကြောင့် ငရဲကျွန်းမှာ စွန့်ပစ်ထားတာလဲ....ဒါက ငါတို့ရဲ့ ပင်ကိုယ်အသိအမှတ် ပြုမှုပဲ... ဒါပေမယ့် သူတို့က ငါတို့လိုမဟုတ်တာ အသိသာကြီး"

"မဟုတ်ဘူး?"

ဖီးနစ်က နားမလည်သေး။

"အဲဒီလူသားက လူသားမျိုးနွယ်ရဲ့ နံပါတ်တစ် ပါရမီရှင်တဲ့လေ... သူ ဒီကို တကယ်ပြည်နှင်ခံရမှာလား? နောက်ပြီး တခြားယုန်တွေရဲ့ အရူးအမူးတွေကို တွန်းလှန်နိုင်ပါ့မလား သူတို့က ပရမ်းပတာပန်းကို သူတို့ဆီကနေ လုယူနိုင်ခဲ့မှတော့ သူတို့ အရမ်းထက်မြက်တာ သိသာတယ်"

"အဲဒီလို ဆင်းရဲသား လေးယောက်ကို ဒီတစ်ကြိမ်တည်းမှာ ဘယ်လိုလုပ် လာစွန့်ပစ်မှာလဲ... သူတို့က စွန့်ပစ်ခံရတာ မဟုတ်ဘဲ တခြားအကြောင်းကြောင့် ဒီကို လာခဲ့တာ"

ဖီးနစ်ရဲ့ မျက်လုံးများလည်း တောက်ပလာ​တော့​​သည်။

"ရှင်...ကူတို့လှေကို ဆိုလိုတာလား"

သူမ အသံက အနည်းငယ် တုန်လှုပ်သွားသည်။

"ဟုတ်တယ်...လှေပဲ ငါတို့ အမြန်ပြေးရင် ထွက်သွားနိုင်​လောက်တယ်"

နတ်နဂါးရဲ့ အသံကလည်း အနည်းငယ် တုန်နေခဲ့သည်။ နှစ်ကောင်သား အချိန်ဖြုန်းမနေတော့ဘဲ အားအင်အပြည့်ဖြင့် ရှေ့သို့ ပြေးကြသည်။ သူတို့က ထိုသားရဲတွေရဲ့ အရှေ့ဆုံးမှာ ရှိနေတာကြောင့် လုရွှမ်တို့လည်း နတ်သားရဲနှစ်ကောင်၏ စကားကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

အကယ်၍ ကူးတို့လှေကိုသာ တွေ့သွားခဲ့လျှင် သူတို့မှာ အသက်ရှင်ဖို့ အခွင့်အလမ်း ရှိပါသေးဦးမလား။ ဒါ့ကြောင့်နဲ့ ကောင်းကင်လူသား လျိုရှန်းနဲ့ ရန်ဖေးတို့ နှစ်ဦးစလုံး ထိခိုက်ဒဏ်ရာ ရသွားခဲ့ကြသည်။

လုရွှမ် လူသုံးယောက်ကို ဆွဲထုတ်ပြီး ရှေ့က လမ်းထဲကို ပြေးဝင်သွား၏။ ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း လမ်းတလျှောက် လမ်းကို မှတ်မိနေ​သေးသဖြင့် မျက်လုံးမှိတ်ပြီး ပြေးထွက်လုမတတ် ပြေးသွားသည်။

၎င်းတို့ကို ဖုံးအုပ်ထားသည့် ပရမ်းပတာပန်းရဲ့ နတ်အလင်းရောင်က ဖိသိပ်နေပြီး ၎င်း၏တောက်ပမှုမှာ ပိုမိုသေးငယ်လာသည်။ အပြင်မှာ အငွေ့တွေ ဘယ်လောက်ထိ ကြောက်စရာ ကောင်းနေပြီလဲဆိုတာ သိနိုင်ပါ၏။

သူတို့သုံးယောက်သည် လုရွှမ်ပေးသော ဆေးများဖြင့် အားဖြည့်လိုက်ကြပြီး အကျိုးသက်ရောက်မှုက သဘာဝအတိုင်း အများကြီး မရှိခဲ့ချေ။ ထို့အပြင် ယခုတစ်ကြိမ်တွင် ၎င်းတို့၏ယခင် ဒဏ်ရာများပေါ် တိုက်ရိုက် ဒဏ်ရာထပ်ရခဲ့သည်။ သူတို့သုံးဦးလုံးသည် ပြီးပြည့်စုံသော ဝန်ထုပ်ဝန်ပိုး ဖြစ်လာပြီး လုရွှမ်ကို ဆွဲထားမိသလို ဖြစ်လာသည်။

"အဟမ့် လုရွှမ် မင်း ငါတို့ကို ဘာလို့ မထားခဲ့တာလဲ... ငါတို့က ဝန်ထုပ်ဝန်ပိုး ဖြစ်နေပြီ။ မင်း ငါတို့ကို လွှတ်လိုက်ရင် မင်းဘာသာ မြန်မြန် ထွက်သွားနိုင်တယ်"

ရဲ့ရှားက ရုတ်တရက် အော်လိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း!"

နဂါးလေးနဲ့ ကောင်းကင်သိမ်းငှက်က တစ်ပြိုင်တည်း ပြန်လှည့် ​အော်​လိုက်​၏။

လုရွှမ် ခပ်ဖျော့ဖျော့ပြုံးရင်း ပြန်ဖြေလိုက်သည်မှာ။

"မင်းအစကတည်းက ငါ့ရည်ရွယ်ချက်ကို ဖောက်မြင်တယ်...ဟုတ်တယ် မင်းကို အခုလွှတ်လိုက်ရင် မင်းသေသွားမှာ သေချာတယ် ငါလွတ်မြောက်နိုင်လိမ့်မယ် ဒါပေမယ့် မင်းတို့ငါ့ကို သစ္စာမဖောက်ဘူးလေ.. ငါ့အမြင်အရတော့ မင်းတို့က သိပ်မဆိုးပါဘူး အဲ့တော့ မင်းတို့အန္တရာယ် ကြုံလာတဲ့အခါ မင်းတို့ကို ငါ မစွန့်လွှတ်ဘူး... ဒါပေါ့ မင်းတို့ဘာသာ ကြိုးရဲ့အဆုံးကို တကယ်ရောက်သွားရင် ငါ မင်းတို့ကို သဘာဝအတိုင်း လက်လွှတ်လိုက်မယ် အဲဒါအတွက်တော့ စိတ်ပူနေစရာ မလိုဘူး"

နဂါးလေးနဲ့ ကောင်းကင်သိမ်းငှက်တို့ရဲ့ မျက်နှာများက ပြောင်းလဲသွားသော်လည်း ရဲ့ရှားကတော့ ရယ်မောသွားသည်။

"ကောင်းပြီ ငါတို့ကြိုးရဲ့အဆုံးကို တကယ်ရောက်ရင် ငါအရင်ခုန်ချပြီး မင်းကိုဒုက္ခမပေးတော့ဘူး"

လုရွှမ်လည်း ရယ်မောလိုက်သည်။

"သတိထား... ငါတို့ ဒီလမ်းကနေ အမြန်ပြေးပြီး အခု အထက်ကို ပျံနေပြီ"

သူ့ခန္ဓာကိုယ်က ရုတ်တရက် အရှိန်တက်လာပြီး လူသုံးယောက်နဲ့အတူ ကောင်းကင်ကို ပျံတက်သွားသည်။

သိပ်မကြာခင်မှာပဲ အနောက်ကနေ ကျယ်လောင်တဲ့ ပေါက်ကွဲသံနှစ်ခု ကြားလိုက်ရလေသည်။ ၎င်းသည် ကျောက်နံရံပေါ်သို့ ကျရောက်ခဲ့သော နတ်နဂါးနှင့် ဖီးနစ်တို့ဖြစ်သည်။ ထို့နောက် လေပြင်းများ အရှိန်ပြင်းပြင်းဖြင့် တိုက်ခတ်လာသည်။

နဂါးလေး: "လုရွှမ် ငါတို့ အမြန်တက်နိုင်မယ်လို့ မင်းထင်လား"

"စိတ်မပူနဲ့... နတ်နဂါးနဲ့ ဖီးနစ်က အရမ်းအစွမ်းထက်တယ်လို့ မင်းတကယ် ထင်နေတာလား သူတို့အဲဒီမှာ ပုန်းနေတာ နှစ်ငါးရာရှိပြီ။ အပြင်မှာ ထူးဆန်းတဲ့ ဝိညာဉ်စွမ်းအင်တွေကို မကြောက်ဘူးများ ထင်လား... ဟမ့် တုံ့ပြန်တဲ့အခါ ပိုတောင် အားကောင်းလာမှာကို ကြောက်ရတယ်..."

"ကိုယ့်ကိုကိုယ် ယုံကြည်စမ်းပါ... သူတို့ ကြာကြာ ထိန်းထားနိုင်မှာ မဟုတ်ဘူး အခု ပိုရူးသွပ်လေလေ နောက်ပိုင်း သေမှ ဘယ်လောက်တောင် သနားစရာ ကောင်းလိုက်မလဲ ကြည့်လို့ကောင်းလေပဲ"

ရဲ့ရှားက ရယ်မောပြီး "မှန်တယ်... မင်း သူတို့ကို ဆိုးဆိုးရွားရွား စော်ကားလိုက်တာ သူတို့ မသေရင် မင်းသေလိမ့်မယ်"

လုရွှမ်သည်လည်း အလွန်ရိုးစင်းသော ရဲ့ရှားသည် သူ့စရိုက်နှင့် အလွန်ကိုက်ညီကြောင်း ချက်ချင်း ခံစားလိုက်ရသည်။

"ဟုတ်တယ်... သူတို့မသေရင် ငါသေမယ် ဒီလိုဆိုမှတော့ သူတို့သေရမှာပဲလေ... မင်းအရင်က ငါတို့ဘက်မှာ ဘာလို့ ရပ်နေ​သေးတာလဲ"

နဂါးလေးက ရှိုက်ကြီးတငင် ပြုံးလိုက်ပြီး "ငါတို့မျိုးနွယ်ထဲမှာ ဒီနတ်နဂါးရဲ့ မှတ်တမ်းရှိတယ် သူက လူသတ်သမားပဲ... ဒီအတိုင်းထားလိုက်ရင် ကလဲ့စားချေဖို့အတွက် ငါတို့အားလုံးကို သတ်ပစ်မှာ သေချာတယ်... ပေါက်ကြားလာတဲ့ သတင်းကို တားဆီးဖို့လေ... အဲဒါကြောင့် သူ့နောက်ကို လိုက်မယ်ဆိုရင်လည်း သေရမှာ သေချာတယ်။"

လုရွှမ် ရယ်မောရင်း မှတ်ချက်တစ်ခု ပြန်ပေးလိုက်သည်။

"ဒါဆို ဒီနဂါးက တကယ်သေဖို့ ထိုက်တန်နေပါပြီ"

All Chapters