မြှားလာပြီ
Vol. 139 Ch. 4.1605
ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များသည် ဉာဏ်ရည်ဉာဏ်သွေးရှိတဲ့ လက်ကြီးများ အဖြစ်သို့ ပြောင်းလဲသွားကာ လုရွှမ်နှင့် အခြားသုံးယောက်ဆီသို့ လှမ်းဖမ်းဆုပ်ထားလိုက်သည်။
ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်၏ အသွင်ပြောင်းမှုသည် အမြင်အာရုံကို များစွာကျယ်ပြန့်စေသည်။ သို့သော် ဤလက်များက သူတို့၏ ပရမ်းပတာပန်းရဲ့ အလင်းကို ထိမှန်ကာ အသံကျယ်ကြီးများ ထွက်လာကာ ဘယ်ညာနှင့် အပေါ်အောက် လှုပ်ခါကုန်သည်။
ရဲ့ရှား: "လုရွှမ် မင်း ထိန်းနိုင်လား? မင်းလိုချင်ရင် ငါတို့ရဲ့ စွမ်းအားတွေကို မင်းရဲ့ခန္ဓာကိုယ်ထဲကို လွှဲပေးမယ် မင်း ငါတို့ကို ကယ်လိုက်တာပဲလေ... ငါတို့က မင်းရဲ့ကျေးဇူးကို ဘယ်လိုပြန်ဆပ်ရမှန်းမသိတဲ့ လူတွေမှ မဟုတ်တာ"
လုရွှမ်ကို ကြည့်နေတဲ့ သူ့မျက်လုံးတွေက ဖြူစင်ပြီး သဘောကျမှုအပြည့်နဲ့။ လုရွှမ် တံတားပေါ်မတက်ခင် သူတို့အားလုံးကိုပါ ပါအောင် ဆွဲခေါ်သွားခဲ့သည်။
ဒါက တကယ့် စစ်သူရဲတွေပဲ လုပ်ရဲတဲ့ အရာပါ။
ရဲ့ရှားဟာ ရန်ဖြစ်ရဖို့ သတ္တိရှိသော်လည်း အမှန်တကယ် အစွမ်းထက်သူများကိုလည်း အမှန်တကယ် လေးစားပါသည်။ သူ့မျက်လုံးထဲမှာ လုရွှမ် ဒီလိုလူဆိုတာ သံသယ ဖြစ်နေစရာတောင် မလိုတော့ပေ။
နဂါးလေးနဲ့ ကောင်းကင်သိမ်းငှက်တို့ကလည်း အနည်းငယ် ရှက်သွားပုံရပြီး အကူအညီပေးရန် အမြန်ကမ်းလှမ်းလာခဲ့သည်။ လုရွှမ် လူသုံးယောက်ရဲ့ အကြည့်တွေကို သူ့စိတ်ထဲထည့်လိုက်ပြီး ရဲ့ရှား ပြုံးပြလိုက်သည်။
"မလိုပါဘူး ငါအရင်က ဒီနတ်ဆိုးတွေရဲ့ စွမ်းအင်တွေ အများကြီးကို စုပ်ယူထားပြီးပြီ... အားလုံးက ငါ့ခန္ဓာကိုယ်ထဲမှာ စုစည်းနေတာ စိတ်မပူပါနဲ့"
ပတ်ဝန်းကျင်ရှိ ထူးဆန်းသော ဝိညာဉ်စွမ်းအင်သည် ကမ်းကို တိုက်ခတ်လာသော လှိုင်းလုံးကြီးတစ်ခုကဲ့သို့ အလွန်ပြင်းထန်ပြီး ပရမ်းပတာအလင်းကို ထပ်ခါထပ်ခါ ရိုက်ခတ်နေသည်။ အလင်းရောင်ဖြင့် ဖုံးလွှမ်းနေသော လူလေးဦးသည် အလင်းအကာအရံများအတွင်း နေရာအနှံ့ လွင့်စင်သွားကြသည်။
ကံကောင်းထောက်မစွာပဲ သူတို့သုံးယောက်ကို လုရွှမ်က ကြိုးများဖြင့် ချည်နှောင်ထားခဲ့သည်။ မဟုတ်ပါက သူတို့ အစောကတည်းက လွင့်သွားလောက်ပြီ။ လုရွှမ်လည်း သူတို့ရဲ့အလင်းက သိသိသာသာ အားနည်းလာပြီး တစ်ဝက်နီးပါး ဖိသိပ်ခံလိုက်ရတာ ခံစားလိုက်ရသည်။
အလင်းသည် သိသာထင်ရှားစွာ မှိန်သွားခဲ့ပြီး မည်သည့်အချိန်တွင်မဆို ပြိုကျလုနီးပါး ဖြစ်လာ၏။ လုရွှမ် အလိုအလျောက် အသက်ဝင်လာတတ်သည့် ကောင်းကင်ဓားကို အမြန်ဆွဲထုတ်လိုက်သည်။
တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားရန် လိုအပ်ကြောင်း သူ သိလိုက်သည်။ ချင်ထျန်းဓားမှ ထွက်လာသော ပရမ်းပတာပန်းရဲ့ အလင်းရောင်သည် ၎င်း၏ဓားကိုယ်ထည်ထဲမှ ဖြာထွက်လာ၏။ ယခု အန္တရာယ် ကြုံလာသောအခါတွင် ၎င်းသည် အလွန်ခြိမ်းခြောက်နေပုံရသော်လည်း အမှန်တကယ်တွင်တော့ ၎င်းသည် ဓားကိုယ်ထည်အား ပျက်စီးမှု ဖြစ်စေသည်။
ရေတိုမှာ အရေးမကြီးပေမယ့် အချိန်ကြာလာတာနဲ့အမျှ ပျက်စီးခြင်းဆိုတာ ရှောင်လွှဲလို့ မရတော့တာမျိုး ဖြစ်လာလိမ့်မည်။
"နတ်နဂါးနဲ့ ကောင်းကင်ဖီးနစ် လိုက်လာကြပြီ!"
အဆုံးတွင် ကြိုးချည်ခံထားရတဲ့ ကောင်းကင်သိမ်းငှက်က အလွန်ထိတ်လန့်စွာ အော်လိုက်သည်။
လုရွှမ် အောက်ကို ငုံ့ကြည့်သောအခါ နတ်နဂါးတစ်ကောင်နှင့် မီးဖိုဖီးနစ်အောက်ရှိ လေးလံသော ဝိညာဉ်စွမ်းအင်များမှာ အလွန်လျင်မြန်သော အရှိန်ဖြင့် ပြေးလာနေတာ တွေ့လိုက်ရသည်။ ထိုထူးဆန်းသော ဝိညာဉ်စွမ်းအင်များက နဂါးနှင့် မီးဖိနစ်တို့ထံ ပျံ့နှံ့သွားခဲ့သည်။
နတ်နဂါးသည် ၎င်း၏အစစ်အမှန်ပုံစံသို့ လုံးဝပြောင်းလဲသွားခဲ့ပြီ။ သံတစ်ချောင်းကို သွန်းလုပ်ထားသကဲ့သို့ ခေါင်းမှအမြီးအထိ အနက်ရောင်တွေချည်း ဖြစ်ပြီး စွမ်းအား အရှိန်အဟုန်ဖြင့် ပြည့်နေသည်။ ဦးခေါင်းပေါ်တွင် ခရမ်းရောင် နဂါးချိုတစ်စုံ ရှိပြီး ကွေးညွတ်ကာ ကောင်းကင်ကိုတောင် ထိုးဖောက်တော့မလိုပင်။
အနက်ရောင် အငွေ့တစ်ခုက သံချပ်ကာ အစိတ်အပိုင်းတစ်ခုလိုမျိုး သူ့ခန္ဓာကိုယ်မှ ပျံ့လွင့်နေပြီး ဝိညာဉ်စွမ်းအင်များကို အပြင်သို့ စုပ်ထုတ်နေသည်။
ဖီးနစ်ကလည်း ခရမ်းရောင်မီးတောက်တွေကို ခန္ဓာကိုယ်အနှံ့ ဖြန့်ထားကာ အတွင်းမှာရှိတဲ့ ဝိညာဉ်စွမ်းအင်တွေက လှိုင်းလုံးတစ်ခုလို လွင့်စင်သွားသော်လည်း မီးတောက်များကြောင့် အပြင်ဘက်တွင် ပိတ်ဆို့ခံလိုက်ရသည်။
သို့သော် ဤနေရာရှိ ဝိညာဉ်စွမ်းအင်သည် အပြင်ဘက်ထက် ပိုကြောက်စရာကောင်းပြီး အစွမ်းထက်တာ ထင်ရှားပါသည်။ နတ်နဂါးနဲ့ ဖီးနစ်တို့သည် ၎င်းတို့၏ မှော်စွမ်းအင်များကို အပြည့်အဝ ပြသခဲ့သော်လည်း လုရွှမ်လိုပဲ အနှီ ဝိညာဉ်စွမ်းအင်ဖြင့် ဖိနှိပ်ခံခဲ့ရသည်။
လှိုင်းလုံးကြီးထဲ ရောက်သွားတဲ့ လှေငယ်တစ်စင်းထဲက လူတွေ ကြောက်ရွံ့ ထိတ်လန့်သွားကြသလိုပါပဲ။
"လုရွှမ် မြန်မြန်သွားတော့... ငါတို့ဖမ်းမိရင် သေမှာသေချာတယ်"
နဂါးလေးက အော်လိုက်သည်။ သူ့အသံမှာ အရင်ကတည်းက ထက်မြက်ပြီး စူးစူးရှရှ အသံထွက်နေတာကြောင့် အခုအချိန်မှာ အလွန်ထိတ်လန့်နေမှန်း သိသာသည်။
နဂါးနက်၏ မျက်လုံးများက မီးပုံးကြီးလို ကြီးမားပြီး ဝိုင်းစက်နေသည်။ ၎င်း၏ အလင်းတန်းများက ပတ်ဝန်းကျင်ကို လွှမ်းခြုံထားပြီး ကြောက်မက်ဖွယ် စွမ်းအားများဖြင့် ပြည့်နှက်နေသဖြင့် နဂါးလေးမှာ မလုံခြုံသလို ခံစားလာခဲ့ရသည်။ သူသည် အခြားလူများကို ဂရုမစိုက်သော်လည်း နဂါးမျိုးရိုး ဖြစ်နေသေူသည်။
သူ၏ယခင် အပြုအမူသည် နဂါးမျိုးရိုးအား ပြောင်ပြောင်တင်းတင်း သစ္စာဖောက်မှု ဖြစ်သည်။ ဒီနဂါးနက်သာ ဖမ်းမိသွားရင် သူတကယ် သေသွားလိမ့်မည်။ သေနည်းကလည်း အတော်လေး လွယ်လေ၏။
ကောင်းကင်သိမ်းငှက်သည် အပြင်းထန်ဆုံး ဒဏ်ရာရခဲ့သဖြင့် နောက်တွင် လဲကျသွားခဲ့သည်။ သူ ပိုလို့တောင် ကြောက်သွား၏။ သူသည် လုရွှမ်ဖန်တီးထားတဲ့ သူ့ခါးက ကျောက်စိမ်းခါးပတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး လုရွှမ် လွှတ်ချခဲ့မှာကို စိုးရိမ်သဖြင့် မျက်တောင်မခတ် စိုက်ကြည့်နေခဲ့သည်။
လုရွှမ်လည်း အသက်ရှူမဝသလို ခံစားနေရကာ နှလုံးတုန်နေသော်လည်း သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းထားရသည်။
သူတို့ အခု ထိတ်လန့်နေရင် အားလုံးပြီးသွားလိမ့်မယ်။
အရှိန်ကို ဖိနှိပ်ခံထားရသော်လည်း နတ်နဂါးနဲ့ ဖီးနစ်တို့က ပိုမြန်နေကြောင်း ထင်ရှားလေသည်။
လုရွှမ် သူ့ခေါင်းထက်မှ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ တိမ်ဖြူတွေ ဖုံးလွှမ်းနေဆဲ။ ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘဲ ဘယ်လောက်မြင့်သလဲလို့လည်း မသိ။
အကယ်၍ သူသာ ရိုင်းစိုင်းစွာ ပြေးပြီး အထက်သို့ အမြန်ပြေးခဲ့မည်ဆိုလျှင် နတ်နဂါးနဲ့ ဖီးနစ်တို့ရဲ့ အရှိန်ကို မယှဉ်နိုင်တော့ဘဲ အနှေးနှင့်အမြန် ဖမ်းမိသွားမှာ ဖြစ်သည်။ ကိုယ်ပိုင်အမြန်နှုန်းကို မမြှင့်တင်နိုင်ပါက ရန်သူရဲ့ အရှိန်ကို နှေးကွေးစေမှ ဖြစ်မည်။
"မင်းတို့သုံးယောက် အခု မင်းတို့ရဲ့ ခွန်အားကို ပြန်ယူဖို့ မလိုဘူး... အရမ်းနောက်ကျသွားပြီ။ အတူတူ အလုပ်လုပ်ပြီး အထက်ကို ပျံသန်းဖို့ အစွမ်းကုန် ကြိုးစားရမယ်!"
လုရွှမ် လှမ်းအော်လိုက်ပြီး ချင်ထျန်းဓားကို သူ့နောက်ကျောမှာ နေရာ ချထားလိုက်သည်။ အလင်းကတော့ လျော့မသွားသေးချေ။
သူသည် လူသုံးယောက်ကို ထိတ်လန့်သွားစေခဲ့သည့် နေဖြိုခွင်း နတ်လေးကို ထုတ်ယူလိုက်သည်။ ၎င်းကလည်း ပရမ်းပတာပန်းကို စုပ်ယူထားတဲ့အတွက် သူ့ခန္ဓာကိုယ်ကိုလည်း ထောက်ပံ့ပေးနိုင်သည်။ ငြူစူခြင်း အရိပ်အမြွက်တွေသာမက တခြားခံစားချက်တွေက သူတို့ သုံးယောက်၏ မျက်လုံးများကို ဖြတ်၍ လင်းလက်သွားသည်။
သို့သော်လည်း သုံးယောက်သားက လျင်မြန်စွာ စိတ်ကို စုစည်းကာ အထက်သို့ ပျံသန်းနိုင်ရန် ကြိုးစားကြသည်။
လုရွှမ်က စွမ်းအင်မြှားများကို စုဆောင်းကာ နတ်နဂါးနှင့် အောက်ရှိ ကောင်းကင်ဖီးနစ်ဆီသို့ ပစ်လွှတ်လိုက်သည်။
ဤနေရာတွင် ဝိညာဉ်စွမ်းအင်သည် ထူးဆန်းပြီး ဝိညာဉ်များကို ထုတ်လွှတ်သည်။ ဒီနေရာက သေလမ်းပါပဲ။ ဝိညာဉ်စွမ်းအင်များ ဝိညာဉ်များထံ တွယ်ကပ်လိုက်သည်နှင့် ဝိညာဉ်များကို ဖိတ်ခေါ်ရန် လွယ်ကူသော်လည်း အဝေးကို ပို့ဆောင်ဖို့ကတော့ ခက်ခဲလိမ့်မည်။
ဖီးနစ်: "ကောင်လေး မင်းလုပ်ရဲလား!"
လုရွှမ် လက်ထဲတွင်ရှိသော နေဖြိုခွင်းနတ်လေးသည် မူလက အစိမ်းရင့်ရောင်ဖြစ်သည်။ ပန်းအရည်ကြောင့် အဆင့်တက်သွားပြီးနောက် အစိမ်းရင့်ရောင်သည် ပိုမိုဖျော့လာပြီး အုံ့ဆိုင်းနေသော အလင်းတန်းလေးတစ်ခု ပေါ်လာပြီး နေဖြိုခွင်းနတ်လေးကို ပိုဆန်းကြယ်ပြီး ခမ်းနားသွားစေသည်။
ဤအခိုက်အတန့်တွင် ၎င်းဆီက ပြင်းထန်သော လူသတ်ရောင်ဝါတစ်ခု ချက်ချင်း ထွက်ပေါ်လာ၏။ ၎င်းရောင်ဝါဟာ ပတ်ဝန်းကျင်က ထူးဆန်းသော ဝိညာဉ်စွမ်းအင်များ အတွက် တွန်းအား ဖြစ်သွားစေသည်။
မြှားနှစ်ချောင်းကို လေးညှို့ပေါ်တွင် တင်ထားလိုက်တဲ့အခါ ၎င်းတို့၏ စွမ်းအားကို လျော့သွားစေမည့်အစား အလွန်တိုးလာသည်။ အတွင်း၌ ရောင်စုံမီးတောက်များ ထွန်းတောက်နေသကဲ့သို့ ကြည်လင်သော အလင်းတန်းတစ်ခု လင်းလက်လာသည်။
နတ်နဂါးနဲ့ ဖီးနစ်တို့တောင် မြှားကို ကြည့်ရင်း ထိတ်လန့်သွားကြသည်။ သူတို့က လုရွှမ်ဘက်ကို စိုက်ကြည့်နေပေမယ့် ရှေ့ဆက် မတိုးရဲကြသေးပါ။
လုရွှမ်လည်း ထိတ်လန့်နေ၏။ သူ့ခန္ဓာကိုယ်ထဲရှိ ခွန်အားအားလုံး နေဖြိုခွင်းနတ်လေးထဲ အလိုအလျောက် ဝင်ရောက်သွားတာ ခံစားလိုက်ရသည်။ ဒီစွမ်းအင်မြှားနှစ်စင်းဟာ သူတို့ခံနိုင်ရည်ရှိတဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်မသွားခဲ့သေးချေ။
သို့သော် ယခုအချိန်တွင် ၎င်းသည် ဝိညာဥ်စွမ်းအင်များ အဆက်မပြတ် စိမ့်ဝင်နေသေးပြီး လုရွှမ်ရဲ့ ယွမ်စွမ်းအင်က သုံးပုံတစ်ပုံ ဝင်ပြီးတာတောင် ရပ်တန့်သွားမည့် အရိပ်အယောင်မရှိပေ။
ရုတ်တရက် ရွှေကျီးကန်းရဲ့ အသံကို ကြားလိုက်ရသည်။
"နောက်ဆုံးတော့ ဒီဝိညာဉ်စွမ်းအင်က ဘာလဲ မှတ်မိပြီ!"
လုရွှမ် ဆိုးရွားတဲ့ အခြေအနေမှာ ရှိနေတယ်ဆိုတာ သိနေတာကြောင့် ရွှေကျီးကန်း ပေါ်ထွက်လာခဲ့သည်။
"မင်း လေ့ကျင့်ချင်တယ်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်တွေ သေချာပေါက် လိုအပ်တယ်... ပြီးတော့ ဝိညာဥ်စွမ်းအင်က သဘာဝအရ ကွဲပြားမှုတွေ အများကြီးရှိတယ် အခုဒါက ဝိညာဉ်စွမ်းအင် ပေါင်းစည်းထားတဲ့ ပမာဏလောက်ပဲ မဟုတ်ဘူး... ကောလဟာလတွေအရ သေစေနိုင်တဲ့ ဝိညာဉ်စွမ်းအင် တစ်မျိုးရှိတယ်... ဒီလို ဝိညာဉ်စွမ်းအင်မျိုးက ငါ့သခင်အတွက်တောင် အရမ်းရှေးကျတဲ့ ဒဏ္ဍာရီတစ်ခုပဲ ဒီနေရာမှာ ပေါ်လာမယ်လို့တောင် မမျှော်လင့်ထားဘူး"