အိမ်ရှေ့စံ၏ဒေါသ
Vol. 014 Ch. 1371
ရီဖူရှင်းက သူ့ခေါင်းကို ပင့်မပြီး တိုက်ပွဲကွင်းပြင်သို့ မော့ကြည့်လိုက်သည်။ သူက ထိပ်တန်းပုဂ္ဂိုလ်နှစ်ဦး တိုက်ခိုက်သည့်အခါ မည်သည့် အဆင့်ရှိမည်ကို မြင်တွေ့ချင်ပေသည်။
ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံသည် ဤဘုံတွင် အထွတ်အထိပ်၌ ရပ်တည်နေပြီး ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများနှင့် ကွာခြားချက်ဟူ၍ များများစားစား ပြောစရာမရှိပေ။ ကောင်းကင်အာဏာစက်ဘုံ၏ အစွမ်းထက်ဆုံး တပည့်များမှာ စိတ်ကူးထားသည်ထက် ပို၍ သန်မာပေသည်။
ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်းအထက် ကောင်းကင်တွင် ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံသည် သူ၏ လက်ကို ဆန့်ထုတ်လိုက်ပြီး ရုတ်ချည်းပင် ရွှေရောင်မီးလျှံနှင်တံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူက လက်ကို မြှောက်ကာ ရှေ့ကို လှမ်းလိုက်၏။ သူ၏ မျက်လုံးအတွင်းမှ အကြည့်များသည် ရက်စက်ဟန်ပေါ်နေပြီး ပြင်းထန်သည့် စွမ်းအားများက သူ၏ ခန္ဓာမှ ထွက်ပေါ်လာကာ သူ၏ စစ်ပွဲဆန္ဒများက တက်ကြွလာပြီး နတ်ဆိုးအရှိန်အဝါက အားကောင်းလာသည်။
ထန်ကျစ်မော့သည် သူ၏ ပြိုင်ဘက်ဆီသို့ ကြည့်လိုက်သည်။ မဟာနတ်မိုးကြိုး ရှစ်ခု အလင်းလွှာက ကောင်းကင်မှ ကျဆင်းလာပြီး သူ့ကို ဖုံးလွှမ်းသွားသည်။ သူ့အနီးတွင် ခရမ်းရင့်မိုးကြိုးစက်ကွင်း ပေါ်ပေါက်လာပြီး ထိုမိုးကြိုးစက်ကွင်းသည် သူ၏ ခန္ဓာကို ဗဟိုပြုကာ ကောင်းကင်နှင့် မြေကြီးမှ နတ်မိုးကြိုးများကို ဆွဲဆောင်နေပြီး ကြောက်မက်ဖွယ် မိုးကြိုးစက်ကွင်း ဖြစ်ပေါ်လာသည်။
ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များက ထိုနေရာသို့ ကြည့်လိုက်ကြသည်။ ထန်ကျစ်မော့က ဤတိုက်ပွဲကို အလွန် သတိထားနေပုံရကာ သူ၏ သက်စောင့်ဝိညာဉ်ကိုပင် ထုတ်လွှတ်လိုက်သည်။
သူ၏ သက်စောင့်ဝိညာဉ်သည် ပြိုင်စံရှားကာ အလင်းအကျယ်အဝန်းက ကောင်းကင်နှင့် မြေကြီးမှ နတ်မိုးကြိုးများကို ဝါးမျို၍ သဏ္ဌာန်ပြောင်းလဲနိုင်သည်။ ထိုအချိန်တွင် အလင်းအကျယ်အဝန်းသည် အတိအကျ သဏ္ဌာန်မရှိဘဲ ကောင်းကင်နှင့် မြေကြီးကြားတွင် တောက်ပနေသော်လည်း သူ၏ စိတ်က စေညွှန်လိုက်သည်နှင့် သက်စောင့်ဝိညာဉ်က ပြောင်းလဲလာသည်။
ခရမ်းရင့်ကောင်းကင်နန်းတော်တွင် ထန်ကျစ်မော့၏ မဟာလမ်းစဉ် ခန္ဓာကိုယ်သည် အကောင်းဆုံးသော စွမ်းရည်များနှင့် ဖွဲ့စည်းထားသည့်အတွက် သူသည် မဟာမိုးကြိုးရှစ်သွယ်ကျင့်စဉ်ကို နားလည်သဘောပေါက်၍ ကျင့်ကြံနိုင်ပေသည်။
ကောင်းကင်အာဏာစက်ဘုံရှိ လူအများကြားတွင် သူ့ထက်ပို၍ ပါရမီအားကောင်းသော သူ ရှိလိမ့်မည်မဟုတ်ပေ။ ထူးခြားသာလွန်သော အရည်အချင်းရှိသည့် ပါရမီရှင်အားလုံးသည် ထိပ်တန်းအုပ်ချုပ်သူ ဖြစ်လာရန် ကံကြမ္မာရှိလေသည်။
သူတို့အားလုံးသည် ခရမ်းရင့်ကောင်းကင်နန်းတော်မှ သူများနှင့်တော့ ကွာခြားချက် ရှိနေဦးမည် ဖြစ်သည်။ နောက်ဆုံးတွင့ ကောင်းကင်အာဏာစက်ဘုံမှ အလွန်နည်းပါးသော သူများသာလျှင် ထူးခြားလှသော မဟာလမ်းစဉ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်လေသည်။ သူသည် အခြားသူများထက် မြင့်မားရန် ကံကြမ္မာရှိကာ အထက်တွင် ရပ်တည်နိုင်ပေသည်။
သို့သော် ထန်ကျစ်မော့၏ ပါရမီသည် ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံနှင့် ရင်ဆိုင်ရန် လုံလောက်သည်ဟု ထင်ရသည်။
ကောင်းကင်နှင့် မြေကြီးကြားမှ နတ်မိုးကြိုးများ ရွေ့လျားလာပြီး မိုးကြိုးစက်ကွင်းက အလျင်အမြန် ကျယ်ပြန့်လာ၍ အားကောင်းသည့် မိုးကြိုးက ကြီးမားသည့် မိုးကြိုးကွန်ယက်သဖွယ် ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံထံသို့ ဦးတည်သွားလေသည်။
ကြောက်မက်ဖွယ် ရွှေရောင်မီးလျှံများသည် ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံ၏ အထက်တွင် လောင်ကျွမ်းနေပြီး သူက ရှောင်တိမ်းရန် မကြိုးစားဘဲ ရိုးရှင်းစွာပင် ကျဆင်းလာသည့် မိုးကြိုးများက သူ့ကို သက်ရောက်စေခြင်း မရှိသကဲ့သို့ သူ၏ ခန္ဓာကိုယ်နှင့် ခံယူလိုက်သည်။
ထန်ကျစ်မော့က ဂရုမစိုက်ပေ။ သူက ရှေ့သို့ ဦးတည်ကြည့်လိုက်ပြီး သူ၏ အတွေးများကို ကောင်းကင်နှင့် မြေကြီးအကြား ဖြန့်ကျက်လိုက်သည်။ နတ်မိုးကြိုးရှစ်သွယ် အလင်းတန်းများက သူ့ခန္ဓာကိုယ်အနီးတွင် တောက်ပနေပြီး နေရာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။ မိုးကြိုးအလင်းတန်းများက ဆက်လက်၍ ပေါ်ပေါက်လာနေပြီး လောကတစ်ခုလုံးကို လောင်ကျွမ်းပစ်ရန် ရည်ရွယ်နေပုံရသည်။
“ယိမုရဲ့ ကောင်းမြတ်ခြင်းမိုးကြိုး” ထန်ကျစ်မော့က ပြောလိုက်သည်။ သူ၏ အသံ ပျောက်ကွယ်သွားသည်နှင့် မိုးကြိုးအလင်းတန်များက ကောင်းကင်မှ ကျဆင်းလာပြီး မဟာလမ်းစဉ်စွမ်းအားများက အော်မြည်နေကာ နတ်ဆိုးမင်းသား ကျူးယန့်ထံသို့ ရိုက်ခတ်လိုက်သည်။
ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံထံမှ ရွှေရောင်မီးလျှံများသည် လေထုထဲမှ မိုးကြိုးစွမ်းအားများနှင့် ထိပ်တိုက်တွေ့ခဲ့သည်။
“ကွေရွှေအရိပ်မိုးကြိုး ကျစမ်း” ထန်ကျစ်မော့က ထပ်ပြောလိုက်ပြီး မိုးကြိုးများက အေးစက်သည့် အသံများကို ဖန်တီးနေကာ ရွှေရောင်မီးလျှံများက တဖန် ထပ်ပေါ်ပေါက်လာ၍ မိုးကြိုးများကို တားဆီးရန် ကြိုးစားလိုက်သော်လည်း ကွေရွှေအရိပ်မိုးကြိုးသည် နတ်မီးလျှံများကို ထိုးဖောက်သွားပြီး ဆက်လက်တိုးဝင်လာနေသည်။
ဘုန်း…
မိုးကြိုးပစ်လိုက်သည့် အသံတစ်ချက် ထွက်ပေါ်လာပြီး မိုးကြိုးစွမ်းအားများက ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံကို ရိုက်ခတ်သွားပေမယ့် သူ၏ ခန္ဓာတစ်ခုလုံးက ရွှေရောင်မီးလျှံများဖြင့် ချပ်ဝတ်ကဲ့သို့ ဖုံးအုပ်ခံထားရပေသည်။
ထန်ကျစ်မော့က အရေးမစိုက်ပေ။ ကန်းကျင့်သတ်ဖြတ်ခြင်း မိုးကြိုး၊ ဝူထူ ပြိုင်ဘက်ကင်းမိုးကြိုး အစရှိသဖြင့် မဟာမိုးကြိုးကျင့်စဉ် ရှစ်ခုက ကောင်းကင်မှနေ၍ ဆက်တိုက်ကျဆင်းလာပြီး မိုးကြိုးအလင်းတန်းများက ကျူးယန့်နတ်ဆိုးအိမ်ရှေ့စံ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ သူ၏ နတ်မီးလျှံချပ်ဝတ်က တောက်ပနေခဲ့ပေသည်။
“အံ့သြဖို့ကောင်းတဲ့ ခုခံမှုပဲ” လူတိုင်းက ရေရွတ်လိုက်ကြသည်။ သူသည် တကယ့်ကို ကျူးယန့်နတ်ဆိုး ဖြစ်လေသည်။ တူညီသည့် ကျင့်ကြံဆင့်မှ လူများသည် မိုးကြိုးလမ်းစဉ်၏ ရိုက်ချက်တစ်ချက်ကိုပင် ခံနိုင်ခြင်းမရှိကြပေ။
သို့သော်လည်း သူကတော့ မိုးကြိုးရှစ်သွယ် စွမ်းအားများကို ခန္ဓာကိုယ်နှင့်သာ ခုခံလေသည်။
ထန်ကျစ်မော့သည် တစ်ဖက်လူကို ကြည့်လိုက်ပြီး ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံက အတော်လေး မောက်မာဝံ့ကြွားသည်ဟု တိတ်တဆိတ် ပြောလိုက်သည်။
သူ၏ လက်နှစ်ဖက်လုံးက ချိပ်တံဆိပ်တစ်ခုကို ပုံဖော်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် ကောင်းကင်နှင့်မြေကြီးတွင် ဆက်သွယ်သွားခဲ့ပြီး ဖျက်ဆီးခြင်း မိုးကြိုးတိမ်တိုက်များက ကောင်းကင်ထက်တွင် ပေါ်လာကာ ကမ္ဘာပျက်သကဲ့သို့ ကြောက်မက်ဖွယ် မြင်ကွင်းကို ရေးဆွဲခဲ့သည်။
ဘုန်း…
သူက ခြေတစ်လှမ်းလှမ်းလိုက်ပြီး လျှပ်စီးအလင်းအဖြစ်သို့ ပြောင်းလဲသွားကာ လေဟာနယ်စွမ်းအားကို သုံး၍ ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံ၏ ရှေ့တွင် ပေါ်ပေါက်လာသည်။ သက်စောင့်ဝိညာဉ်၏ လျှပ်စီးနယ်မြေသည် မိုးကြိုးတိမ်တိုက်များနှင့် ပေါင်းစပ်သွားပြီး ကြောက်မက်ဖွယ် ဝင်္ကပါပေါ်ပေါက်လာသည်။ နတ်မိုးကြိုးများက ကောင်းကင်မှ ကျဆင်းလာသည့် အလင်းတန်းများအဖြစ် ပြောင်းသွားကာ နေရာအနှံ့ကို ပြန့်ကျဲသွားသည်။ ထန်ကျစ်မော့သည် သူ၏ လက်ကို ဆန့်ထုတ်လိုက်ပြီး ကောင်းကင်သို့ တည်ငြိမ်စွာ မော့ကြည့်လိုက်သည်။
“ကျစမ်း” ထန်ကျစ်မော့၏ ပါးစပ်မှာ စကားတစ်ခွန်းထွက်ကျလာပြီး ကောင်းကင်မှ မိုးကြိုးများ ကျဆင်းလာသည်။ ဤသည်က ခရမ်းရင့်ကောင်းကင်နန်းတော်၏ မဟာမိုးကြိုးတိုက်ခိုက်မှုဖြစ်သည်။
ထိုမြင်ကွင်းကို ကြည့်နေသည့် ကြည့်ရှုသူအားလုံးမှာ ထိုအစွမ်းထက် မိုးကြိုးကြောင့် ထိတ်လန့်တုန်လှုပ်ကုန်သည်။ ကျင့်ကြံသူ၏ စွမ်းအားက အလွန်အားကောင်းနေသည် မဟုတ်လျှင် မိုးကြိုးမန္တာန်များကို ထိုအဆင့်ထိ အောင်မြင်ရန်မှာ မဖြစ်နိုင်ပေ။
ကမ္ဘာပျက်ခြင်းကဲ့သို့သော မြင်ကွင်းသည် အလွန် ထိတ်လန့်ဖွယ် ကောင်းလှသည်။
ပွဲကြည့်စင်တွင် ရပ်နေသည့် နတ်ဆိုးမင်းသားများသည် နတ်ဆိုးအိမ်ရှေ့စံကို စိတ်ပူပင်စွာ ကြည့်နေကြသည်။ ထိုစွမ်းအားက အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။
ကမ္ဘာပျက်သည့်အလား မိုးကြိုးများက ကျဆင်းလာပြီး ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံ၏ ခန္ဓာကိုယ်ဆီသို့ ရိုက်ခတ်သွားသည်။ သူ၏ ခန္ဓာကိုယ်က လှုပ်ခါသွားပြီး ရွှေရောင်မီးလျှံချပ်ဝတ်က ကျိုးပဲ့ကာ ပျက်စီးသွားခဲ့သည်။ မိုးကြိုးလမ်းစဉ်သည် ကောင်းကင်ရှိ မိုးကြိုးမုန်တိုင်းနှင့် ဆက်စပ်သွားခဲ့ကာ အဆက်မပြတ် သူ့ခန္ဓာကိုယ်ကို ရိုက်ခတ်နေပြီး သူ ရပ်နေသည့် နေရာမှာပင် ဖျက်ဆီးကာ အသတ်ခံရတော့မလိုပင် ဖြစ်သည်။
ကျူးယန့်နတ်ဆိုးအိမ်ရှေ့စံ၏ ခန္ဓာကိုယ်သည် အနည်းငယ် ကွေးညွှတ်သွားပြီး သူ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေကာ သူ့ မျက်နှာတွင် အံ့အားသင့်သည့် အကြည့်တို့ အပြင် ရက်စက်ပြီး ကြောက်မက်ဖွယ် ကောင်းနေသည်။
ဂါး…
ခပ်အုပ်အုပ် မာန်ဖီသံက ကောင်းကင်တွင် ပဲ့တင်ထပ်ကာ သူ၏ ခန္ဓာကိုယ်က ရုတ်ချည်း စတင်ကြီးထွားလာသည်။ သူ၏ ခန္ဓာကိုယ်က ကွေးညွှတ်သွားအောင် ဖိအားပေးခံရသော်လည်း သူသည် ဆက်လက်၍ ကြီးထွားလာနေပြီး သူ၏ နတ်မိုးကြိုးများနှင့် အသွေးအသားများကို ထောက်ပံ့ပေးလိုက်သည်။
ခပ်တိုးတိုး အသံအက်အက်တစ်ခုက နတ်ဆိုးအိမ်ရှေ့စံထံမှ ထွက်ပေါ်လာပြီး ရက်စက်သည့် မကောင်းဆိုးဝါးဆန်ဆန် အငွေ့အသက်များ ပြည့်နှက်နေပြီး သူသည် ရှေ့သို့ ရှေးရှုကာ ကောင်းကင် မျက်နှာမူကာ ဟစ်အော်လိုက်သည်။
သူ၏ ခန္ဓာကိုယ်က ဆက်လက်၍ ကြီးထွားလာနေသည်။ သူ့လက်များက ကြီးမားလာပြီး နှင်တံရှည်ကလည်း တဖြည်းဖြည်း ပို၍ ရှည်လျားလာ၏။
သူက ခေါင်းကို မ လိုက်ပြီး သူ့ထံ ကျလာသည့် နတ်မိုးကြိုးစွမ်းအားကို ခံယူလိုက်သည်။ သွေးများက သူ့ခန္ဓာတွင် စွန်းထင်သွားသော်လည်း သူက ခံစားချက်မရှိသကဲ့သို့ သူ့လက်ထဲက နှင်တံကို ကောင်းကင်ဆီ ဝှေ့ယမ်းလိုက်သည်။
ထန်ကျစ်မော့၏ ခန္ဓာကိုယ်က လျှပ်တပြက် လျှပ်စီးကဲ့သို့ ပြောင်းလဲသွားသည်။ သူ၏ ခန္ဓာကိုယ်က မိုးကြိုးတိမ်တိုက်များ အထက်သို့ ပျဲသန်းသွားသည်။ သူသည် လက်နှစ်ဖက်လုံးကို အောက်စိုက်လိုက်ပြီး ကမ္ဘာပျက်သကဲ့သို့ မိုးကြိုးများက အောက်ဘက်သို့ ဆက်လက်ကျဆင်းလာပြီး မရေတွက်နိုင်သည့် မိုးကြိုးပစ်သံများက အောက်ဘက်သို့ တရကြမ်းပြေးဆင်းသွားသည်။
ဒိန်း.. ဒိန်း…
စစ်နတ်ဆိုးသားရဲအဖြစ် အသွင်ပြောင်းထားသည့် ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံသည် သူ၏ လက်ထဲမှ နှင်တံရှည်ကို ဝှေ့ယမ်းလိုက်ပြီးမရေတွက်နိုင်သည့် နှင်တံအရိပ်များက ကောင်းကင်ထက်တွင် ပေါ်ပေါက်လာသည်။ ဤ အရိပ်များနှင့် မိုးကြိုးအလင်းများ ရိုက်ခတ်သွားပြီး ကမ္ဘာပျက်မတတ် မိုးကြိုးတိုက်ခိုက်မှု အောက်၌ပင် သားရဲ ခန္ဓာကိုယ်ကြီးက အပေါ်သို့ တက်လာခဲ့သည်။ ရုတ်တရက် သူ၏ အရိပ်ပေါင်းများစွာက ကောင်းကင်နှင့် မြေကြီးကြားတွင် ဖြစ်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် သူက နှင်တံရှည်ကို ဆန့်ထုတ်လိုက်ကာ လေထုထဲတွင် နတ်မိုးကြိုးများနှင့် ထိခတ်မိလေသည်။
ကောင်းကင်ထက်မှ မြင်ကွင်းသည် အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှသည်။
ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံ ထုတ်ဖော်လိုက်သည့် ထိုတိုက်ခိုက်မှုသည် ခရမ်းရင့် မိုးကြိုးတိမ်တိုက်များ အလယ်ဗဟိုသို့ တိုက်ရိုက်တိုးဝင်ရိုတ်ခတ်ကာ အဆုံးမဲ့ နတ်စွမ်းအားများကို ဖျက်ဆီးပစ်လိုက်သည်။
ဘန်းခနဲ ကျယ်လောင်သည့် အသံနှင့်အတူ ကောင်းကင်မိုးကြိုးများသည် ဖျက်ဆီးခံလိုက်ရသည်။ ပုံရိပ်တစ်ခုသည် ဆက်လက်၍ တက်လာပြီး ကောင်းကင်အမြင့်တွင် ပေါ်ပေါက်လာသည်၊ ထိုသည်မှာ ထန်ကျစ်မော့ ဖြစ်သည်။
ဘုန်း! ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံသည် ကောင်းကင်သို့ ခြေလှမ်းလိုက်ပြီး ကောင်းကင်ထက်ရှိ ထန်ကျစ်မော့ထံ ဦးတည်လိုက်သည်။ သာက ထန်ကျစ်မော့ကဲ့သို့ မလျင်မြန်သော်လည်း မိမိကိုယ်ကိုယ်သိမြင်ခြင်း အဆင့်မှ တစ်စုံတစ်ယောက်အနေနှင့် ဤအကွာအဝေး ပမာဏက မပြောပလောက်ပေ။
သူက နှင်တံနည်းစနစ်ကို သုံးလိုက်လျှင် ထန်ကျစ်မော့က အရိပ် မိုးကြိုးကို အသုံးချ၍ ချက်ချင်း ပျောက်ကွယ်သွားပြန်ကာ အခြားနေရာတွင် ပြမ်ပေါ်လာခဲ့သည်။
နတ်ဆိုးအိမ်ရှေ့စံမင်းသားသည် နက်ရှိုင်းသည့် ဟစ်အော်မှုကို ပြုလုပ်ကာ နတ်ဆိုးအငွေ့အသက်များက လေဟာနယ်ကို လွှမ်းမိုးသွားသည်။ သူက ရပ်နေပြီး လက်ထဲက ရွှေရောင်နတ်နှင်တံက ကောင်းကင်သို့ ရိုက်ခတ်လိုက်ကာ ယင်း၏ ကခုန်နေသော အရိပ်များက အဆုံးမဲ့ လေဟာနယ်ကို လွှမ်းခြုံသွားပြီး ယင်း၏ စွမ်းအားက ထန်ကျစ်မော့ဆီသို့ ပြေးဝင်ရိုက်ခတ်လိုက်သည်။
ထန်ကျစ်မော့အနီးမှ မိုးကြိုးလျှပ်စီးများသည် ကြောက်မက်ဖွယ် မိုးကြိုး လေပွေကဲ့သို့ ပြောင်းလဲသွားပြီး နှင်တံအရိပ်များကို ဝါးမျို ဖျက်ဆီးပစ်နေသည်။ သူသည် ကောင်းကင်ထက်တွင် ရပ်ကာ ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံကို ပြောလိုက်သည်။ “ဒါကသာ တကယ့် တိုက်ပွဲဆိုရင် နင်းက အနှေးနဲ့အမြန် ရှုံးမှာပဲ”
သူက အားသာချက်မှာ အမြန်နှုန်းဖြစ်ပြီး ပြိုင်ဘက်၏ တိုက်ခိုက်မှုက အလွန် ပြင်းထန်ရက်စက်လျှင်ပင် သူ့ကို မထိခိုက်နိုင်ပေ။
ထိုစကားကို ကြားသည့်သူများမှာ လျှို့ဝှက်စွာ သဘောတူလိုက်ကြသည်။ ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံ၏ ခုခံတိုက်ခိုက်မှုက အပြစ်ပြောစရာမရှိလျှင်ပင် သူက အလွန်နှေးကွေးပေသည်။ ထန်ကျစ်မော့က အရိပ်ကဲ့သို့ လျင်မြန်စွာ ရွေ့လျားလိုက်လျှင် နတ်ဆိုးအိမ်ရှေ့စံက သူ့ကို ဖမ်းမမိနိုင်ပေ။
သူတို့က လေထဲတွင် တိုက်ခိုက်နေကြလျှင် ပြိုင်ဘက်၏ တိုက်ပွဲစွမ်းရည်က ညီမျှစွာ သန်မာနေပြီး သူ၏ ပြိုင်ဘက်ကို အနိုင်တိုက်နိုင်လိမ့်မည် မဟုတ်ပေ။
“မင်းက ရှေ့ကနေ မတိုက်ရဲလို့ ဒီလို စကားမျိုးပြောနေတာလား” မိုးကြိုးကလန်မှ မင်းသားက လေထဲသို့ အေးစက်စွာ ကြည့်ကာ ပြောလိုက်သည်။
ထန်ကျစ်မော့က သူ့ကို ကြည့်လိုက်သည်။ ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံ၏ တိုက်ခိုက်မှုနှင့် ခုခံမှုစွမ်းအားက အမှန်တကယ် အံ့သြဖွယ် ကောင်းလှသည်။ ကမ္ဘာပျက်မိုးကြိုးများက ကြောက်မက်ဖွယ် ကောင်းလှသော်လည်း ယင်းက သူ့ကို ဖျက်ဆီးရန် ကျရှုံးခဲ့သည်။ ဤခန္ဓာကိုယ် အမျိုးအစားမှာ လူသားများတွင်တော့ သေချာပေါက် အကန့်အသတ် ရှိပေလိမ့်မည်။
“တိုက်ပွဲမှာ ဘယ်တုန်းကတည်းက သတ်မှတ်ချက် ထပ်ဖြည့်လိုက်တာလဲ” ထန်ကျစ်မော့က မေးလိုက်သည်။ “နတ်ဆိုးအိမ်ရှေ့စံရဲ့ တိုက်ခိုက်မှုစွမ်းအားက ဘုံအတွင်းမှာတော့ ထိပ်တန်းပါပဲ။ လူနည်းစုလောက်ပဲ သူ့ကို ယှဉ်နိုင်ကြလိမ့်မယ်။ ဒါပေမယ့် ဒါက သေခြင်းရှင်ခြင်း တိုက်ပွဲသာဆိုရင် ကျုပ် မရှုံးနိုင်ဘူး”
ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံ၏ ကြိးမားသော ခန္ဓာကိုယ်က လူသားအရွယ်အစားသို့ ပြန်လည်ရောက်ရှိသွားပြီး ရွှေရောင် နတ်အလင်းများက သူ့ခန္ဓာကိုယ်ပေါ်တွင် တောက်ပနေသည်။ သူက ထန်ကျစ်မော့ကို ကြည့်ကာ ပြောလိုက်သည်။ “မင်းမှာ ဘယ်ကနေ အဲဒီယုံကြည်မှုတွေ ရလာတာလဲ”
သူ၏ အသံက ပျောက်ကွယ်သွားသည်နှင့် သူ့ ခန္ဓာကိုယ်မှ ရွှေရောင်လျှပ်စီးများ ထွက်ပေါ်လာသည်။
“ဘာတွေလဲ”
လူတိုင်း၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ ထန်ကျစ်မော့၏ ခန္ဓာကိုယ်မှလည်း မိုးကြိုးများ ပေါက်ကွဲထွက်လာသည်ကို မြင်လိုက်သော်လည်း ရွှေရောင်လျှပ်စီးများက ကြောက်မက်ဖွယ် မိုးကြိုးတိုက်ခိုက်မှုများကို သယ်ဆောင်၍ ရှေ့သို့ တိုးဝင်လာသည်။
တူညီစွာပင် ထန်ကျစ်မော့၏ ခန္ဓာကိုယ်သည်လည်း မိုးကြိုးသွားအဖြစ် ပြောင်းဘဲသွားကာ လျင်မြန်စွာ ပြန်ဆုတ်လိုက်ပေမယ့် ရွှေရောင်အလင်းများက နောက်မှ နီးကပ်စွာ လိုက်ပါလာ၍ များပြားလှသည့် ပုံရိပ်ယောင်များ ပေါ်ပေါက်လာသည်။ ကြောက်မက်ဖွယ် ကောင်းသည့် ရက်စက်ပြင်းထန်သော အသက်စွမ်းအားက နေရာတစ်ခုလုံးကို လွှမ်းခြုံထားသည်။
ထန်ကျစ်မော့က သူ၏ လှုပ်ရှားမှုကို ရပ်တန့်စေလိုက်ပြီး အဆုံးမဲ့ အရိပ်များက တစ်ချိန်တည်းတွင် ထုတ်သုံးလာသည့် နှင်တံနည်းစနစ်ကို ခုခံလိုက်သည်။ သူ၏ လက်နှစ်ဖက်လုံးကို ဆန့်ထုတ်ကာ သူ့ခန္ဓာကိုယ်အနီးမှ လေဟာနယ်က ကြောက်မက်ဖွယ် မိုးကြိုးစက်ကွင်းအဖြစ် ပြောင်းလဲသွားပြီး ပုံရိပ်ယောင်များ အားလုံးကို ဖမ်းချုပ်ထားလိုက်သည်။
ထိတ်လန့်ဖွယ် ဟစ်ကြွေးသံကို ကြားလိုက်ရပြီး ကျူးယန့်၏ ကြီးမားသော ခန္ဓာကိုယ်က သူ့ခေါင်းထက်တွင် ပေါ်ပေါက်လာကာ သူ့ကို ငုံ့ကြည့်လိုက်သည်။ ကြီးမားသော နှင်တံရှည်က ကောင်းကင်ကို ရိုက်ခတ်လာပြီး အဆုံးမဲ့ မိုးကြိုးစက်ကွင်းကို ချိုးဖျက်ကာ သူ့ထံသို့ ရိုက်ခတ်လိုက်သည်။
ဘန်း…
နှင်တံအရိပ်များက အောက်သို့ ကျဆင်းလာသည်။ အားလုံးသော လူများမှာ ပုံရိပ်တစ်ခု လေဟာနယ်ထဲမှ ကျဆင်းလာပြီး သွေးများ အန်ထွက်လာသည်ကို မြင်လိုက်ရသည်။ သူက ထန်ကျစ်မော့ ဖြစ်သည်။
သူက ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းလိုက်ကာ လေထဲမှ ကြီးမားသော နတ်ဆိုးအရိပ်ကို ဆိုးဝါးစွာ မော့ကြည့်လိုက်သည်။
“ပုံရိပ်ယောင်ရွေ့လျားခြင်း လူသားကျင့်စဉ်လား” ထန်ကျစ်မော့က မှတ်ချက်ပြုလိုက်သည်။ ထိုသည်က ကျူးယန့် နတ်ဆိုးအင်ပါယာ၏ အရည်အချင်းများတွင် ပါဝင်သည့်အရာမဟုတ်ပေ။
ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံက သူ့ကို ကြည့်လိုက်သည်။ သူ၏ ခန္ဓုကိုယ်က တဖန်ပြန်၍ သေးငယ်လာပြီး ကောင်းကင်အာဏာစက်ဘုံမှ များပြားလှသည့် လွှမ်းမိုးနိုင်သူများကို ကြည့်လိုက်သည်။
လူတိုင်းက အခက်တွေ့နေဟန်ပေါ်သည်။ ခရမ်းရင့်ကောင်းကင်နန်းတော်မှ ထန်ကျစ်မော့က ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံကြောင့် ရှုံးနိမ့်ခဲ့သည်။
နတ်ဆိုးအိမ်ရှေ့စံက နောက်ဆုံးတွင် သူ၏ ရွှေရောင်မျက်လုံး အကြည့်များကို ဘုံ၏ မည်သည့် ထိပ်တန်းအင်အားစုကမှ မဟုတ်သော တစ်စုံတစ်ယောက် ရပ်နေရာဆီ ပို့ဆောင်လိုက်သည်။
“ဘာလို့ ကျုပ်ကို တိုက်ခိုက်မယ့်အစား ဝင်္ကပါ ချိုးဖျက်ဖို့ ရွေးချယ်လိုက်တာလဲ” နတ်ဆိုးအိမ်ရှေ့စံ၏ အသံက အေးစက်နေသည်။ သူ၏ စွမ်းအားများက အလွန် ကြောက်မက်ဖွယ် လွှမ်းမိုးနိုင်လှသည်။
“ကျုပ်က မင်းသားဆီက သတင်းလိုချင်နေမှတော့ ကျုပ်တို့ နှစ်ယောက်ကြားက ငြိမ်းချမ်းမှုကို ပျက်စီးသွားအောင် မလုပ်ချင်ဘူး” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။
“ကျုပ်က မင်းရဲ့ ခွန်အားအစစ်အမှန်ကို မြင်ချင်တယ်ဆိုရင်ရော” ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံက မေးလိုက်သည်။
***