← Chapters

#သမာဓိကျခြင်းနှင့် ဆိုးယုတ်ခြင်း#

Vol. 57 Ch. 799

#သမာဓိကျခြင်းနှင့် ဆိုးယုတ်ခြင်း#

Vol. 57 Ch. 799

သတင်းအချက်အလက်စုဆောင်းရာ၌ ကံတရား၊ အရေအတွက်နှင့် ခွန်အားတို့ ချို့တဲ့နေ၍မရပေ။

မြင့်မြတ်အဆောင်ဂိုဏ်း၊ ရွှမ်ယွမ်အင်ပါယာဂိုဏ်း၊ အက္ခရာလေးလုံးဂိုဏ်း၊ စုမိသားစု၊ ဝိဉာဉ်အင်မော်တယ်နန်းတော်နှင့် ကျန်သောဂိုဏ်းများက လေလံဆွဲခြင်းကို မပြုလုပ်ကြသေး။

အောက်က တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် အဆင့်နိမ့်ဂိုဏ်းများက တန်ဖိုးမြင့် ကြယ်ငါးပွင့် သတင်းအချက်အလက်များကို ဘယ်လောက်များများ ထုတ်နိုင်မလဲဆိုသည့်အပေါ် စိုးရိမ်နေစရာပင်မလို။

ထိုကောင်းကင်အင်မော်တယ်အထွတ်အထိပ်အဆင့်က မွန်းစတာအိုများအတွက်ပင် သူတို့က တစ်ကိုယ်တော်ကျင့်ကြံသူများသာဖြစ်ပြီး ဂိုဏ်းဂဏန်းမရှိသောသူများသာ ဖြစ်လေရာ ရနိုင်သည့် သတင်းအချက်အလက်က အတော်လေး အကန့်အသတ်ရှိသည်။

သူတို့ဘာမှစိုးရိမ်နေစရာမရှိသလို သူတို့ကဲ့သို့ လေလံဆွဲသည့် ပြိုင်ဘက်များဖြစ်သည့် ထိုထိပ်တန်းဂိုဏ်းများကိုသာ ကိုင်တွယ်ဆောင်ရွက်ရန် လိုအပ်သည်။

ထိုအချိန်တွင် ဇီရှန်းကျယ်လောင်စွာ ပြောသည်။

"ကြယ်ငါးပွင့်သတင်းအချက်အလက်လေးခု၊ ဒီထက်ပိုမြင့်ပေးမယ့်သူတွေရှိလား"

ထိုနေရာတွင် မျှော်လင့်ထားသည့်အတိုင်းပင် အခန်းများအောက်က အသံများက တဖြည်းဖြည်းလျော့နည်းလာသည်။

ကျောက်စိမ်းဆွဲသီးများမှ ထုတ်လွှတ်သည့် အစိမ်းရောင်အလင်းကလည်း စတင်မှေးမှိန်နေလေပြီ။

မရေမတွက်နိုင်လောက်သောသူများ၏ မျက်နှာထက်တွင် ဆန္ဒမရှိသည့် အမူအရာများရှိနေကြသည်။

ကြယ်ငါးပွင့်သတင်းအချက်အလက်လေးခုဖြင့် လေလံဆွဲခဲ့သည့် ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်း၏ တာ၀န်ရှိသူကိုပင် ကြည့်နေကြသည့် လူများရှိနေသည်။

သူတို့က ဒီနေရာ၌ မရနိုင်လျှင်ပင် လေလံပွဲအပြီးတွင် သတ်ဖြတ်ကာ လုယူချင်ကြ၏။

မည်သို့ပင်ဆိုစေကာမူ ဒါက အဆင့်မြင့်ကြယ်နယ်မြေအကြောင်း သတင်းအချက်အလက် ဖြစ်နေသည် မဟုတ်ပေလော။

ကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ချို့လည်း တည်ရှိနေကာ သူတို့၏သက်တမ်းက အဆုံးသတ်ကိုပင် ရောက်နေလေပြီ။

သူတို့သာ ဒီအချုပ်အနှောင်ကို မချိုးဖျက်နိုင်ပါက သူတို့ရင်ဆိုင်ရမှာက လက်ခံ၍ မရနိုင်သည့် သေခြင်းတရားပင်။

သူတို့၏ခန္ဓာဆိုင်ရာ လုပ်ဆောင်ချက်များက အင်မော်တယ်တစ်ဦး၏ အချိန်ဆွဲဆန့်ထားမှုအပေါ် ခံနိုင်ရည်ရှိတော့မည်မဟုတ်ဘဲ နောက်ဆုံးတွင် သေရပေလိမ့်မည်။

အကယ်၍ အဆင့်မြင့်ကြယ်နယ်မြေကိုသာ ၀င်နိုင်မည်ဆိုပါက ဒါက သူတို့ဒီအချုပ်အနှောင်ကို ချိုးဖျက်ရန်အတွက် နည်းလမ်းတစ်ခု ရှာတွေ့နိုင်ပြီဟု ဆိုလိုနေခြင်းပင်။

သူတို့၏သက်တမ်းကိုလည်း အကြီးအမား ဆွဲဆန့်ထားနိုင်မည်။

ထိုစဉ် ဇီရှန်းထပ်ပြောလာသည်။

"တန်ဖိုးကို မြှင့်ပေးချင်ကြတဲ့ သူတစ်ယောက်ယောက်ရှိပါသလား"

ဇီရှန်းစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် အက္ခရာလေးလုံးဂိုဏ်းရှိသည့်ဂိုဏ်းက မတည်ငြိမ်တော့သည့် ပထမဆုံးဂိုဏ်းပင်။

ကျောက်စိမ်းဆွဲသီးက လင်း၀င်းသွား၏။

ဇီရှန်း တန်ဖိုးဖြတ်မှုကိုကြားသောအခါ ပြုံးလိုက်သည်။

"ကြယ်ငါးပွင့်သတင်းအချက်အလက်လေးခုပါ၊ ဒါပေမယ့် တန်ဖိုးကတော့ အရင်ကထက် အများကြီးပိုမြင့်ပါတယ်"

ဇီရှန်း၏စကားလုံးများကို ကြားသောအခါ နောက်ဆုံးလေလံဆွဲသူ၏ မျက်နှာက မည်းမှောင်သွားခဲ့သည်။

ကြယ်ငါးပွင့်သတင်းအချက်အလက် လေးခုဟုသည် သူတို့ကဲ့သို့ဂိုဏ်းများက အမျာစဆုံး စုစည်းနိုင်သည့် ပမာဏတစ်ခုဖြစ်နေလေပြီ။

ထိုအချိန်မှာပင် ရွှမ်ယွမ်အင်ပါယာဂိုဏ်းကလည်း ပါ၀င်လာခဲ့သည်။

ဇီရှန်းပြောသည်။

"တန်ဖိုးမြင့် ကြယ်ငါးပွင့် သတင်းအချက်အလက် ငါးခု"

ထိုအခိုက်အတန့်တွင် ဝိဉာဉ်အင်မော်တယ်နန်းတော်၏ မဟာအကြီးအကဲ ကျန်ကွမ်း၏အသံထွက်လာခဲ့သည်။

"မင်းတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ဒီလိုမျိုးစမ်းသပ်နေကြတာလား"

"ဝှက်ဖဲတွေကို တိုက်ရိုက်ပြသကြရအောင်၊ ပိုကြီးမားတဲ့ဝှက်ဖဲရှိတဲ့တစ်ယောက်က အနိုင်ယူနိုင်မှာပဲလေ"

စုမိသားစုအခန်းထဲတွင် လေးစားခံအကြီးအကဲ ဟွမ်ရှန်းကျယ်လောင်စွာ ရယ်မောသည်။

"မှန်တယ်၊ ဂိုဏ်းချုပ်နှစ်ယောက်က နှစ်များစွာ အဆင့်မြင့်နေရာမှာ ရှိနေခဲ့ကြတာ၊ သူတို့တို့သိပ်သတိထားနေကြတာ မဟုတ်ဘူးလား၊ ဒါပေမယ့် ဒါက ငါတို့ရဲ့ကျင့်ကြံခြင်းလမ်းကြောင်းမဲ့ မကိုက်ညီဘူး"

ထို့နောက် စုမိသားစု၏အခန်းကနေ အရင်ဆုံး အစိမ်းရောင်အလင်းတစ်ချက် လင်း၀င်းသွားခဲ့သည်။

တန်ဖိုးဖြတ်မှုကို ကြားရသောအခါ ဇီရှန်းပြုံးသည်။

"စုမိသားစုမှာ တန်ဖိုးမြင့် ကြယ်ငါးပွင့်အချက်အလက်ကိုးခုရှိပါတယ်"

ကိုးခုလား!

အောက်က ဂိုဏ်းများနှင့် တစ်ကိုယ်တော်ကျင့်ကြံသူများမှာ ဒီပမာဏကိုကြားသည်နှင့် အသက်ရှုပင် ကျပ်သွားကြရသည်။

ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် အလွန်အမင်း အစွမ်းထက်သည့် တည်ရှိမှုဖြစ်သော်လည်း သူတို့က လေးခုသာလျှင် ထုတ်ယူနိုင်သည်။

သို့စေကာမူ စုမိသားစုက နောက်ထပ် တန်ဖိုးမြင့်ကြယ်ငါးပွင့် သတင်းအချက်အလက်ငါးခုကိုပါ ထုတ်လာခဲ့သည်။

ကြားက ကွာခြားချက်က နည်းနည်းမကြီးမားလွန်းနေဘူးလား!

ရွှမ်ယွမ်အင်ပါယာဂိုဏ်းနှင့် အက္ခရာလေးလုံးဂိုဏ်းတို့၏ အခန်းထဲတွင် ဒါကို မြင်ပြီးနောက် သူတို့၏ အမူအရာများက မည်းမှောင်သွားကြ၏။

တန်ဖိုးမြင့်ကြယ်ငါးပွင့် သတင်းအချက်အလက်ကိုးခု!

ဒါက သူတို့လေလံဆွဲနိုင်သည့် အကွာအဝေးကိုပင် ကျော်လွန်နေလေပြီ။

စုမိသားစုက လျှို့ဝှက်အင်အားစုများအကြား ထိပ်တန်းမိသားစုတစ်ခုဖြစ်သည်။

သူတို့၏အခြေခံအုတ်မြစ်က ယှဉ်၍မရလောက်အောင် နက်ရှိုင်းပြီး မိသားစု၀င်များက ပို၍ပင်ကြောက်စရာကောင်းကာ ကံတရားများဖြင့် ပြည့်နေတတ်သည်။

ဒီတန်ဖိုးမြင့်ကြယ်ငါးပွင့်အချက်အလက်ကိုးခုကို မှီခိုရုံမျှနှင့် ရွှမ်ယွမ်အင်ပါယာဂိုဏ်းနှင့် အက္ခရာလေးလုံးဂိုဏ်းတို့က အနည်းငယ် နားလည်လာကြသည်။

ဒီလျှို့ဝှက်ဂိုဏ်းများက အပေါ်ယံက ထိပ်တန်းဂိုဏ်းများနှင့်ယှဉ်ပါက မည်မျှပင် အားကောင်းလေသနည်း။

ဝိဉာဉ်အင်မော်တယ်နန်းတော်၏ မဟာအကြီးအကဲ ကျန်ကွမ်းပြုံးလိုက်သည်။

"ဟွမ်ရှန်း၊ ကြည့်ရတာ ဒီရက်တွေထဲမှာ မင်းတို့စုမိသားစုက ရလဒ်ကောင်းတွေကို ရခဲ့ပုံပဲ၊ မင်းတို့လူအများကြီး စုစည်းခဲ့ကြတယ်မလား"

ဟွမ်ရှန်းပြန်ဖြေသည်။

"မင်းရဲ့ဝိဉာဉ်အင်မော်တယ်နန်းတော်ကလည်း အတော်လေးဆူညံခဲ့တာပဲလေ၊ ထုတ်ပြီး ဘယ်သူက ပိုမြင့်တဲ့တန်ဖိုးကို တတ်နိုင်မလဲဆိုတာ ကြည့်ကြရအောင်"

ကျန်ကွမ်းရယ်မောရင်း လက်ထဲတွင် ကျောက်စိမ်းဆွဲသီးကို ကိုင်လိုက်၏။

အစိမ်းရောင်အလင်းတစ်ချက် လင်း၀င်းသွားသည်။

သတင်းကိုပို့ပြီးနောက် ဇီရှန်းကလည်း တန်ဖိုးဖြတ်ထားသည့်သတင်းကို ရရှိသဖြင့် ပြုံးလိုက်သည်။

"ကံဆိုးချင်တော့ ဝိဉာဉ်အင်မော်တယ်နန်းတော်မှာလည်း ကြယ်ငါးပွင့် သတင်းအချက်အလက်ကိုးခုရှိပေမယ့် ဒီကိုးခုထဲက တစ်ခုရဲ့တန်ဖိုးကို သာမန်လို့ပြောလို့ရပါတယ်"

"ဒါကြောင့် အမြင့်ဆုံး‌ကမ်းလှမ်းသူက စုမိသားစုဖြစ်နေဆဲပါပဲ'

ကျန်ကွမ်း၏အမူအရာက ချက်ချင်းမည်းမှောင်သွားခဲ့သည်။

ဟွမ်ရှန်း ဝိဉာဉ်အင်မော်တယ်နန်းတော် အခန်းရှိရာဘက်သို့ လက်သီးဆုပ်ပြရင်း ရယ်မောသည်။

"ငါ့ကိုနိုင်ခွင့်ပေးတဲ့အတွက် ကျေးဇူးပါ"

ထို့နောက် ဟွမ်ရှန်း စိတ်သက်သာရာရစွာ သက်ပြင်းချရင်း ခုံပေါ်ပြန်ထိုင်ပြီး စုမုယောင်ကို ပြုံးပြသည်။

"ကံကောင်းချင်တော့ မင်းက ဉာဏ်ကောင်းခဲ့တယ်၊ သတင်းလေလံပွဲရဲ့သတင်း ပျံ့တော့မယ့်အချိန်မှာပဲ မင်းငါ့တို့ကို ချက်ချင်း သတင်းတွေရှာဖို့ပြောခဲ့တယ်"

"မဟုတ်ဘူးဆိုရင် အရင်ကငါတို့မှာရှိတဲ့ သတင်းအချက်အလက်တွေနဲ့သာဆိုရင် ငါတို့ ဝိဉာဉ်အင်မော်တယ်နန်းတော်နဲ့ ယှဉ်ပြိုင်လို့ မရလောက်ဘူး"

ထိုနေရာတွင် ဟွမ်ရှန်းစိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းချသည်။

"မိသားစုခေါင်းဆောင်က ဧရာမဖိအားကို ဆန့်ကျင်ပြီး မိသားစုခေါင်းဆောင်ရာထူးကို မင်းကို ပေးဖို့အတွက် မင်းအဖေနဲ့ ဦးလေးကို ရှောင်လွှဲခဲ့တာ အံ့ဩသင့်စရာ မရှိတော့ပါဘူးလေ"

စုမုယောင်ဒါကို ကြားသောအခါ အကူအညီမဲ့စွာပြောသည်။

"အပျော်စောမနေပါနဲ့ဦး၊ မလှုပ်ရှားရသေးတဲ့ မြင့်မြတ်အဆောင်ဂိုဏ်းကျန်သေးတယ်"

စုမုယောင်၏စကားလုံးများကို ကြားသောအခါ ဟွမ်ရှန်း ခုံထဲကနေ မိန်းမောတွေဝေစွာ ထရပ်လိုက်မိသည်။

မှန်ပေသည်။

မြင့်မြတ်အဆောင်ဂိုဏ်းကျန်သေးသည်။

ဒီလိုကြွယ်၀သည့်ဂိုဏ်းမျိုးကို သူဘယ်လိုလုပ် မေ့သွားရလေသနည်း။

ဒီလိုသဘာ၀လေလံပွဲတွင် အရေးအကြီးဆုံးကဘာနည်း။

ကံတရား၊ ဆက်သွယ်မှုနှင့်ခွန်အားပင်။

သို့စေကာမူ မြင့်မြတ်အဆောင်ဂိုဏ်းတွင် ကံတရားနှင့် ခွန်အားမရှိပါ။

ဆက်သွယ်မှုအရ လျှို့ဝှက်ဂိုဏ်းများအတွင်း ထိပ်တန်းဂိုဏ်းများဖြစ်သည့် ဝိဉာဉ်အင်မော်တယ်နန်းတော်နှင့် စုမိသားစုတို့ပင်လျှင် နိမ့်ကျသည်ဟုဆို၍ရသည်။

ကျွမ်းကျင်သူများက နေ့တိုင်းနီးပါး မြင့်မြတ်အဆောင်ဂိုဏ်းသို့ အဆောင်များ တောင်းခံရန်အတွက် သွားလေ့ရှိကြသည်။

ဒီနောက်တွင် နှစ်များစွာကြာလာပြီးနောက် ကျေးဇူးကြွေးများ၊ ဆက်သွယ်မှုများကလည်း ပိုတိုးလာကြမည်သာ။

ကျေးဇူးကြွေးနှင့် ဆက်သွယ်မှုများကို ရရှိပြီးနောက် သတင်းအချက်အလက်များကို စုဆောင်းရာ၌ မြင့်မြတ်အဆောင်ဂိုဏ်း၏ ထိရောက်မှုက အတော်လေးမြန်ဆန်သည်ဟုဆို၍ရသည်။

ဟွမ်ရှန်းဒါကိုတွေးနေစဉ် မျှော်လင့်ထားသည့်အတိုင်းပင် မြင့်မြတ်အဆောင်ဂိုဏ်းအခန်းထဲတွင် အစိမ်းရောင်အလင်းတစ်ချက် လင်း၀င်းလာခဲ့သည်။

လူတိုင်း၏ သိချင်နေကြသည့် အကြည့်များအောက်တွင် ဇီရှန်း၏အနီရောင် နှုတ်ခမ်းလေးများက အနည်းငယ်ဟသွား၏။

"မြင့်မြတ်အဆောင်ဂိုဏ်းရဲ့ သတင်းအချက်အလက်ဆယ့်တစ်ခုစလုံးက တန်ဖိုးမြင့်ကြယ်ငါးပွင့် ထိုက်တန်ပါတယ်..."

ဒါကိုကြားသောအခါ အောက်က တစ်ကိုယ်တော်ကျင့်ကြံသူများ၊ ဒုတိယတန်းစားဂိုဏ်းများနှင့် ပထမတန်းစားဂိုဏ်းအားလုံးတို့က ထိတ်လန့်သွားကြသည်။

ဆယ့်တစ်ခုလား....!

အရမ်းများမနေဘူးလား!

ဟွမ်ရှန်းခုံပေါ်ပြန်ထိုင်လိုက်သည်။

ယခုတစ်ကြိမ်က သူစိတ်လှုပ်ရှားစွာထိုင်စဉ်ကနှင့် မတူဘဲ ငြီးငွေ့သည့် အမူအရာဖြင့် ထိုင်လိုက်ခြင်းပင်။

ရွှမ်ယွမ်အင်ပါယာဂိုဏ်းနှင့် မြင့်မြတ်အဆောင်ဂိုဏ်းတို့၏ အမူအရာများက မည်းမှောင်နေကြသည်။

တစ်ဘက်လူက အဆင့်နိမ့်ဂိုဏ်းတစ်ဂိုဏ်း သို့မဟုတ် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ချို့သာဆိုပါက သူတို့ထိတ်လန့်နေမည်မဟုတ်။

တစ်ဘက်လူထွက်သွားပြီးနောက် လူဦးရေနည်းသည့် နေရာတစ်ခုကို ရောက်သွားသရွေ့ သတ်ဖြတ်လုယက်ရန်ဟူသည် အဆင်ပြေသည်။

ဒါက ဂုဏ်သတင်းကြီးသည့် သတင်းများက ပြုလုပ်တတ်သည့် နည်းလမ်းတော့ မဟုတ်လောက်ပါ။

သို့စေကာမူ ဒီကိစ္စက သူတို့၏ အကျိုးစီးပွားကို ခြိမ်းခြောက်လာပါက သူတို့လုပ်ချင်တာမှန်သမျှ လုပ်မည်သာ။

လုပ်ပြီးပါက သူတို့ခြေရာများကို ပယ်ဖျက်ပစ်ပြီး 'ဖြောင့်မတ်သည့်ဂိုဏ်း' ဟူသော စကားလုံးကို ယူဆောင်ကြမည်သာ။

အားကောင်းသူက အားနည်းသူကို အမဲလိုက်စားသုံးကြသည်။ ဒါက တောဥပဒေသပေတည်း။

မည်သူကဆိုးယုတ်သူ၊ မည်သူက အမှန်တရားဘက်တော်သားဆိုတာ ဘယ်သူသေချာနိုင်မည်နည်း။

အပိုင်း(800) coming။

All Chapters