#အဆုံးမဲ့ပင်လယ်ဒေသ၊ ရဂ်နာရောခ့်(Ragnarok) ကို သက်သေခံခြင်း#
Vol. 57 Ch. 801
အဆင့်မြင့်ကြယ်နယ်မြေ၏ သဲလွန်စများအကြောင်း သတင်းအချက်အလက်များက ချက်ချင်းဆိုသလို အဆုံးမဲ့ပင်လယ်ဒေသက လူတိုင်း၏နားထဲ ရောက်သွားပြီး ဧရာမအငြင်းပွားမှုတစ်ခုကို ဖြစ်စေခဲ့သည်။
သို့စေကာမူ ဒီသတင်းအချက်အလက်က မြင့်မြတ်အဆောင်ဂိုဏ်း၏ လက်ထဲတွင်ရှိသည်။
အကယ်၍ ဒါကသာ သာမန်ဂိုဏ်းတစ်ဂိုဏ်းဆိုပါက ဂိုဏ်းကြီးအသီးသီး၏ အတင်းလုယူခြင်းကို ခံရသည်မှာ ကြာမြင့်နေလေပြီ။
ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းတစ်ဖြစ်လဲ မြင့်မြတ်အဆောင်ဂိုဏ်းတွင် အဆောင်ပမာဏများမြောင်စွာရှိသလို ဧရာမဆက်သွယ်ရေးကွန်ရက်များလည်းရှိသည်။
အကယ်၍ တစ်ယောက်ယောက်က မြင့်မြတ်အဆောင်ဂိုဏ်း၏ ကျားပါးစပ်က အစာကို ခိုးယူလုယက်လိုပါက သူထပ်၍ စဉ်းစားဆုံးဖြတ်ချက်ချတာက ပိုကောင်းပေလိမ့်မည်။
လူထု၏အမြင်ဗဟိုတွင် ရှိနေသည့် မြင့်မြတ်အဆောင်ဂိုဏ်းကလူများက ခံတပ်ကို ပြန်လာခဲ့ကြသည်။
ခံတပ်ကိုပြန်လာပြီးနောက် မြင့်မြတ်အဆောင်ဂိုဏ်းချုပ် ဖျက်ဆီးခံထားရသည့် ခံတပ်ကို ပြန်လည်တည်ဆောက်ရန် တပည့်များနှင့် အကြီးအကဲများကို ချက်ချင်း ခေါ်ယူခဲ့သည်။
သူက ကာကွယ်ရေးရှုထောင်အားလုံးကို အားဖြည့်ခဲ့ပြီး အဆောင်အရေအတွက်ကိုလည်း အရင်ကထက် အဆပေါင်းများစွာ ပိုထည့်ခဲ့သည်။
ကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများစွာက တစ်ချိန်တည်းတွင် တိုက်ခိုက်မည်ဆိုလျှင်ပင် ချိုးဖျက်ရန်အတွက် အမွေးတိုင်တစ်တိုင်စာခန့် အချိန်ယူရပေလိမ့်မည်။
သူတို့က အဆင့်မြင့်ကြယ်နယ်မြေနှင့် ပတ်သက်သည့် သဲလွန်စများကို ရရှိခဲ့သည်။
အကယ်၍သူတို့သာ အကာအကွယ်များကို မခိုင်ခံ့စေပါက မြင့်မြတ်အဆောင်ဂိုဏ်းကို စော်ကားရန်အတွက် မကြောက်ရွှံ့သည့်သူများကို ကိုင်တွယ်ရန် ပို၍ ခက်ခဲသွားပေလိမ့်မည်။
ဂိုဏ်းချုပ်က စံအိမ်တော်က လူတိုင်းကို သူ့အခန်းထဲတွင် ခေါ်လိုက်သည်။
"အရင်က မင်းခွန်းလွန်အပျက်အစီးကို စိတ်၀င်စားခဲ့ပုံပဲ၊ ဟုတ်တယ်မလား" သူမေးလိုက်သည်။
ရှောင်ဟိုင်ခေါင်းညိတ်သည်။
"ဒီလိုဆိုမှတော့ ဒီသတင်းအချက်အလက်ကို တစ်ချက်ကြည့်ကြတာပေါ့"
မုဖူရှန်းချက်ချင်းပြောသည်။
"စီနီယာ၊ ဒါက သိပ်မကောင်းလောက်ဘူးလေ၊ ဘာပဲဆိုဆို ဒါကိုလေလံဆွဲခဲ့တဲ့သူက စီနီယာပဲလေ၊ ဒါ့အပြင် ဒီသတင်းအချက်အလက်ကလည်း အရမ်းအရေးကြီးပါတယ်၊ ဘယ်လိုလုပ် ဒီလောက်လွယ်လွယ် ပြောလို့ရပါ့မလဲ....."
ဂိုဏ်းချုပ်မျက်လုံးလိမ့်လိုက်မိသည်။
"ရပ်လိုက်စမ်း၊ ကောင်စုတ်လေး၊ မင်းလည်း သိချင်နေတာ ရှင်းနေတာပဲ၊ ဒါတောင် ဟန်ဆောင်နေသေးတယ်"
မုဖူရှန်းခေါင်းညိတ်ရင်း ခြောက်ကပ်စွာ ရယ်မောလိုက်သည်။
ယဲ့ချိုးပိုင်လက်နှစ်ဖက်ဆုပ်သည်။
"ကျွန်တော်တို့အနာဂတ်မှာ သေချာပေါက် စီနီယာရဲ့ကြင်နာမှုကို ပြန်ပေးဆပ်ပါမယ်"
ဒါက ဂိုဏ်းချုပ်ကြားချင်နေသော အရာပေတည်း။
သူက မုဖူရှန်း၊ ယဲ့ချိုးပိုင်နှင့် ရှောင်ဟိုင်တို့၏ အနာဂတ်ကို တန်ဖိုးထားသည့်အပြင် ပို၍အရေးကြီးတာက သူတို့နောက်ကွယ်က ဆန်းကြယ်သည့်ဆရာနှင့် ဂိုဏ်းပင်။
ယခုလိုပါရမီရှင်များစွာကို တစ်ချိန်တည်းတွင် လေ့ကျင့်ပေးနိုင်ရန်ဟူသည် ထိုလူက သေချာပေါက် သာမန်လူဖြစ်မည်မဟုတ်။
ဒီလျှို့ဝှက်ဆန်းကြယ်သည့် တန်ခိုးရှင်၏ တပည့်များနှင့် မိတ်ဆွေဖွဲ့ခြင်းဖြင့် ထိုလူနှင့်လည်း သေချာပေါက် ကောင်းမွန်သည့် ဆက်ဆံရေးများ ရှိလာမည်သာ။
အပြင်က ဘယ်သူကမှ သင့်ကို ရိုးသားစွာဆက်ဆံမည်မဟုတ်။
ဆက်ဆံရင်လည်း သင်ကသူတို့အတွက် တန်ဖိုးရှိသောကြောင့်သာဖြစ်မည်။
ဥပမာအားဖြင့် ဒါက ဆိုလိုတာက သူမုဖူရှန်း၏ ပါရမီကို တန်ဖိုးထားတာက မုဖူရှန်းက အနာဂတ်တွင် မြင့်မြတ်အဆောင်ဂိုဏ်းကို တစ်ခါမှ မပိုင်ဆိုင်ခဲ့ဖူးသည့် အမြင့်ဆုံးကို ရောက်အောင် လုပ်နိုင်သောကြောင့်ပင်။
နောက်ထပ်ဥပမာက သူမုဖူရှန်း၏ ဂိုဏ်းတူညီအစ်ကို၊ မောင်နှမများကို ကောင်းမွန်စွာ ဆက်ဆံရခြင်းက သူတို့နောက်ကွယ်က တန်ခိုးရှင်ကြောင့်ပေတည်း။
အကယ်၍ သူတို့၏ပါရမီသာ သာမန်ဆိုပါက ဂိုဏ်းချုပ်နှင့် မြင့်မြတ်အဆောင်ဂိုဏ်း၏ ကျန်သောသူများက သူတို့ကို ဘာလို့ ဒီလောက်ထိ တန်ဖိုးထားမည်နည်း။
အပြင်ပတွင် သူတို့သေသွားလျှင်ပင် မျက်တောင်တစ်ချက် ခတ်ကြမည်မဟုတ်။
ဒါကရက်စက်သော်လည်း လက်တွေ့ဘ၀ဖြစ်သည်။
ကိုယ်နှင့်ရင်းနှီးသောသူများကလွဲပြီး ဘယ်သူမှသင့်ကို အကြောင်းရင်းမရှိဘဲ ကောင်းကောင်း မဆက်ဆံပေ။
ဂိုဏ်းချုပ် သတင်းအချက်အလက်ကို ဖွင့်ပြီးနောက် ဓားနတ်ဘုရားအမွေအနှစ် သတင်းအချက်အလက်ကို ယဲ့ချိုးပိုင်အား ပေးလိုက်သည်။
ထို့နောက် သူအထူးပစ္စည်းတစ်ခုနှင့် ပြုလုပ်ထားသည့် စာလိပ်တစ်ခုကို ထုတ်ယူသည်။
စာပဲပေါ်၌ ဖြန့်ကြက်ပြီးနောက်တွင် စာသားများစွာမရှိပေ။ သတင်းအချက်အလက်များက နည်းပါးသည်။
၎င်းတို့က အောက်ပါအတိုင်းဖြစ်သည်။
အဆင့်မြင့်ကြယ်နယ်မြေ၏လမ်းကြောင်း၊ အဆုံးမဲ့ပင်လယ်အနက်ပိုင်း!
နေနှင့် အပြန်အလှန်သက်ရောက်ခြင်း၊ တောက်ပသည့် လနှစ်စင်းက ခွန်းလွန်အပျက်အစီးထဲတွင် ပေါ်လာခြင်း!
အဆုံးမဲ့ပင်လယ်ဒေသက နတ်ဘုရားနိဂုံး (Ragnarok)ကို သက်သေခံခြင်း!
ကျိုးပဲ့နေသည့်သတင်းအချက်အလက်က အတော်လေးဝေဝါးနေသည်။
လူတိုင်းဒါကိုမြင်သောအခါ မျက်မှောင်ကြုတ်လိုက်ကြ၏။
ရဂ်နာရောခ့်!
ဒါကို ရှေးခေတ်တုန်းက အတော်လေးကြီးမားသည့် စစ်ပွဲတစ်ခုဟု အဓိပ္ပာယ်ကောက်ယူနိုင်သည်။
စစ်ပဲ၏တည်နေရာက အဆုံးမဲ့ပင်လယ်ဒေသဖြစ်သည်။
ဒါနှင့် ဒီအကြောင်းအရာအား ရှင်းပြနိုင်ပါသည်။
မည်သည့်အတွက်ကြောင့် အဆုံးမဲ့ပင်လယ်ဒေသတွင် အမွေအနှစ်နှင့် ရတနာများစွာ ရှိနေရလေသနည်း။
သို့စေကာမူ နေနှင့်လ အပြန်အလှန်သက်ရောက်ခြင်းနှင့် ခွန်းလွန်အပျက်အစီးတွင် တောက်ပသည့်လနှစ်စင်းပေါ်လာခြင်း!
အဆင့်မြင့်ကမ္ဘာသို့ပို့ပေးသည့် ဒီလမ်းက ဘာများနည်း။ အဆုံးမဲ့ပင်လယ်နက်လား!
ဟုန်ရင်မျက်မှောင်ကြုတ်သည်။
"အဆင့်မြင့်ကမ္ဘာဆိုတာက အဆင့်မြင့်ကြယ်နယ်မြေကို ရည်ညွှန်းတာပဲ၊ ပြီးတော့ အဆုံးမဲ့ပင်လယ်နက်၊ ဒါက နေရာတစ်ခုခုကို ရည်ညွှန်းထားတာများလား"
ဂိုဏ်းချုပ်အနည်းငယ်ခေါင်းခါယမ်းသည်။
"အဆုံးမဲ့ပင်လယ်နက်လို့ခေါ်တဲ့နေရာမရှိဘူး"
"ဒီလိုဆိုမှတော့" ယဲ့ချိုးပိုင်မေ့စေ့ပွတ်လိုက်၏။
"ဒါကနေရာတစ်ခုခုရဲ့ သရုပ်ဖော်ချက် ဖြစ်လောက်တယ်"
"အဆုံးမဲ့ပင်လယ်နက်ဒေသ၊ ဒါက အဆုံးမဲ့ပင်လယ်ဒေသရဲ့ အနက်ပိုင်းများဖြစ်နိုင်မလား"
ဂိုဏ်းချုပ် စိုးရိမ်ပူပန်သွားပုံရသည်။
"ဒါပေမယ့် အဆုံးမဲ့ပင်လယ်ဒေသရဲ့ ပထမတစ်ပိုင်းက အခုလို အန္တရာယ်နည်းသွားပြီ ဆိုပေမယ့် လျှို့ဝှက်အန္တရာယ်တွေအားလုံး တခြားတစ်ဘက်က အဆုံးမဲ့ပင်လယ်ဒေသရဲ့ အနက်ပိုင်းမှာ စုပြုံနေတယ်၊ ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ယောက် အလျင်စလို၀င်သွားမယ် ဆိုရင်တောင် ဘာမှကျန်မှာမဟုတ်ဘူး"
မုဖူရှန်းအကူအညီမဲ့စွာပြောသည်။
"တခြားသဲလွန်စတွေရှိမှာပါ၊ အခုကျွန်တော်တို့ တခြားမပြည့်စုံတဲ့ သတင်းအချက်အလက်တွေကို ရှာပြီး အတယတကွပေါင်းစပ်ရုံပဲပေါ့၊ ဒီလိုဆိုရင် အဖြေတစ်ခုရှိလာမှာပါ"
ဒါကိုကြားသောအခါဂိုဏ်းချုပ် ခေါင်းညိတ်သည်။
နင်းချန်ရှင်းရုတ်တရက်ပြောလိုက်သည်။
"စီနီယာ၊ တကယ်လို့ ဒီသတင်းက အရမ်းကြီးအသုံးမ၀င်ဘူးဆိုရင် ဒီသတင်းကို ထုတ်ဖော်လိုက်ဖို့ ကျွန်တော်အကြံပြုချင်တယ်"
"အပြင်ပကမ္ဘာက ဂိုဏ်းချုပ်လက်ထဲက သတင်းအချက်အလက်ကို မျက်စိကျနေကြပြီး အငမ်းမရလောဘဇောတက်နေကြတယ်"
"တစ်ချို့အင်အားစုတွေက ပြဿာနာရှာဖို့အတွက် ဒါကိုသုံးလာနိုင်တယ်"
"ဒီလိုဆိုမှတော့ ဒါကိုအရင်ထုတ်ဖော်လိုက်တာ ပိုကောင်းတာပေါ့၊ ဒါကဘာမှ သက်ရောက်မှုရှိလာမှာ မဟုတ်ပါဘူး"
မုဖူရှန်း၊ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက သဘောတူသည့်အသွင် ခေါင်းညိတ်သည်။
ဒါကိုကြားပြီးနောက် ဂိုဏ်းချုပ်ခေါင်းညိတ်ကာ တစ်ယောက်ယောက်ကို ခေါ်လိုက်သည်။
ထို့နောက် အဆင့်မြင့်ကြယ်နယ်မြေနှင့် ပတ်သက်သည့်ဒီသတင်းကို သူထုတ်ပြန်လိုက်သည်။
ထိုအင်အားစုများက မြင့်မြတ်အဆောင်ဂိုဏ်းဆီကနေ ဒီသတင်းအချက်အလက်ကို ဘယ်လိုရယူရမလဲဆိုတာ တွေးနေကြစဉ် ဒီသတင်းကို လက်ခံရရှိသောအခါ လူတိုင်း ကြက်သေသေသွားကြ၏။
မြင့်မြတ်အဆောင်ဂိုဏ်းက အမှန်တကယ်ပင် အဆင့်မြင့်ကမ္ဘာသို့ လမ်းကြောင်းဖြစ်သည့် အဆုံးမဲ့ပင်လယ်နက်၏ သတင်းအချက်အလက်ကို ထုတ်ပြန်ရန်အတွက် ပဏာမခြေလှမ်းလှမ်းခဲ့သည်။
သို့စေကာမူ အဆင့်မြင့်ကြယ်နယ်မြေ၏ ၀င်ပေါက်က အဆုံးမဲ့ပင်လယ်ဒေသ၏ အနက်ပိုင်းဖြစ်မည်ဟု သူတို့ထင်မိကြသော်လည်း မြင့်မြတ်အဆောင်ဂိုဏ်းနည်းတူပင် ကောက်ချက်ချခဲ့သည်။
ဒီထဲကို၀င်၍မရ။
ဝိဉာဉ်အင်မော်တယ်နန်းတော်၏ ခံတပ်ထဲတွင် လင်းကျိနန်ဒါကိုမြင်သောအခါ ပြုံးလိုက်မိသည်။
"သူတို့က သတင်းအချက်အလက်ကို ထုတ်ပြန်ဖို့ ပဏာမခြေလှမ်းလှမ်းလိုက်တာဆိုတော့ အတော်လေးပါးနပ်သားပဲ'
မဟာအကြီးအကဲကျန်ကွမ်းကလည်းပြုံးသည်။
"ဒါပေမယ့် ဒီလိုလုပ်ဖို့ဆိုတာက အတော်လေးသတ္တိရှိဖို့လိုတယ်"
လင်းကျိနန် မှိန်ဖျော့စွာသာပြုံးရင်း ဘာတစ်ခုမှမပြောခဲ့ပေ။
သို့သော်သူ့နားလည်မှုအရ သတင်းအချက်အလက်ကို ထုတ်ပြန်ရန်အတွက် ပဏာမခြေလှမ်းလှမ်းတာက သေချာပေါက် မြင့်မြတ်အဆောင်ဂိုဏ်းချုပ်၏ အကြံမဟုတ်ပါ။
မြင့်မြတ်အဆောင်ဂိုဏ်းချုပ်၏ စရိုက်အရ အနည်းဆုံးတော့ အကျိုးအမြတ်တစ်ချို့ကို ရရန်အတွက် ဒီသတင်းအချက်အလက်ကို သူအသုံးပြုမည်သာ။
စုမိသားစုခံတပ်ထဲတွင် ဟွမ်ရှန်း အံ့ဩသင့်တကြီးမေးလိုက်သည်။
"ဒီဂိုဏ်းချုပ်က ဘယ်တုန်းက ဒီလောက်ထိ ရက်ရောလာရတာလဲ"
သို့စေကာမူ စုမုယောင်ခေါင်းခါယမ်းသည်။
"ဒါကသေချာပေါက် သူ့အကြံမဟုတ်ဘူး"
"မင်းဆိုလိုတာက၊ လူငယ်တွေရဲ့....."
စုမုယောင်ပြုံးသည်။
"ဟုတ်တာပေါ့"
......
တစ်ချိန်တည်းမှာပင် အမှောင်ထုဖြင့် ၀န်းရံနေသည့်နေရာတစ်ခု၌ အနက်၀တ်လူက ဒီသတင်းကို ကြားသောအခါ နှာခေါင်းရှုံ့လိုက်သည်။
"မင်းတို့က အတော်လေးပြတ်သားတာပဲ၊ ဒီဘိုးဘေးရဲ့ အစီအစဉ်တစ်ခုကိုတောင် ဖျက်ဆီးပစ်ခဲ့တယ်"
"ဒါပေမယ့်....ဒါကသိပ်ကြီးကြီးမားမားတော့ မဟုတ်ပါဘူး"
.....
မြင့်မြတ်အဆောင်ဂိုဏ်းခံတပ်တွင် ဆုံးဖြတ်ချက်တစ်ခုချပြီးနောက် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက မြေပုံပေါ်၌ သက်ရှိဝိဉာဉ်မြအမြစ်အကြောင်း ပြထားသည့် နေရာသို့ အရင်သွားရန် စီစဉ်နေခဲ့သည်။
သူတို့မထွက်ခွာခင် ဂိုဏ်းချုပ်ကလည်း သူတို့ကို အဆောင်အများအပြားပေးခဲ့သည်။
တစ်ချိန်တည်းမှာပင် မဟာအကြီးအကဲကို သူတို့နောက်လိုက်ပြီး ကာကွယ်ရန်အတွက်လည်း ပို့ခဲ့သည်။
ဒီနည်းလမ်းဖြင့် ပြဿာနာတစ်ခုခုရှိလာပြီး သူတို့ထောင်ချောက်ထဲကျသွားလျှင်ပင် တစ်ဘက်လူကို အချိန်ဆွဲထားနိုင်ပေသည်။
အပိုင်း(802) coming။