← Chapters

#ဇီရှန်းအတူတကွခရီးထွက်ခြင်း၊ တစ်ဦးစီတွင် ကိုယ်ပိုင်အစီအစဉ်ကိုယ်စီရှိသည်#

Vol. 57 Ch. 802

#ဇီရှန်းအတူတကွခရီးထွက်ခြင်း၊ တစ်ဦးစီတွင် ကိုယ်ပိုင်အစီအစဉ်ကိုယ်စီရှိသည်#

Vol. 57 Ch. 802

မြေပုံပေါ်၌ မှတ်သားထားသည့်နေရာကို မြင့်မြတ်အဆောင်ဂိုဏ်းချုပ်အား မေးပြီးနောက် ဂိုဏ်းချုပ်ထပ်ပြောလာသည်။

"ဒီနေရာက မစူးစမ်းရသေးတဲ့ နေရာတစ်ခုပဲ"

ဒီနေရာက အဆုံးမဲ့ပင်လယ်ဒေသ၏ အလယ်တွင်လည်း တည်ရှိသည်။

အဆုံးမဲ့ပင်လယ်ဒေသ၏ ရက်စက်ကြမ်းကြုတ်သည့် မှော်သားရဲများက အနက်ပိုင်းတွင် စုစည်းနေကြသော်လည်း အလယ်ပိုင်းတွင် ပုန်းလျှိုးနေသည့် အန္တရာယ်များစွာ ရှိနေဆဲပင်။

ဒါ့အပြင် မြေပုံ၌ မှတ်သားထားသည့်နေရာက မရှာဖွေ၊ မစူးစမ်းရသေးသည့် နေရာတစ်ခုဖြစ်သဖြင့် အန္တရာယ်က သိသာထင်ရှားနေသည်။

ပြင်ဆင်မှုအပြီးတွင် စံအိမ်တော်ကလူများနှင့် မြင့်မြတ်အဆောင်ဂိုဏ်း၏ မဟာအကြီးအကဲတို့က ခံတပ်ကနေထွက်ခွာကာ အဆုံးမဲ့ပင်လယ်ဒေသသို့ ခရီးနှင်လိုက်ကြ၏။

......

တခြားတစ်ဘက်တွင် တျန်ကျင်းကုန်သည်များအသင်း၏ ခံတပ်တွင် အတော်လေးရိုးရှင်းသည့် အခန်းတစ်ခန်း၌ ဇီရှန်း လက်ထဲတွင် သားရေစာလိပ်အနည်းငယ်ကိုကိုင်ကာ သစ်သားခုံတွင် ထိုင်နေသည်။

ဒီစာလိပ်များထဲတွင် မှတ်တမ်းတင်ထားတာက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ အချက်အလက်များပင်။

သူတို့ အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် ရုတ်တရက်ပေါ်လာကတည်းက ဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို အခြေခံအားဖြင့် ထို့ထဲတွင် ရေးထွင်းထားသည်။

"စိတ်၀င်စားစရာပဲ.." ဇီရှန်း မေ့စေ့ကို လက်တစ်ဖက်နှင့်ထောက်ကာ စာလိပ်တစ်ချို့ကို စားပွဲပေါ် ပစ်တင်လိုက်သည်။

"မြင့်မြတ်အဆောင်ဂိုဏ်းချုပ်က သူတို့အပေါ် ဒီလိုမြင့်မားတဲ့အကဲဖြတ်ချက်မျိုး ပေးတာ အံ့ဩသင့်စရာ မရှိတော့ပါဘူးလေ"

"ဒီထဲက သတင်းအချက်အလက်တွေအရဆိုရင် သူတို့လုပ်ခဲ့တာတွေပို တကယ်ပဲ ထိပ်တန်းပါရမီရှင်တွေလို့ ယူဆလို့ရတယ်"

ဇီရှန်း ပြတင်းပေါက်ကိုကြည့်ရန် လှည့်လိုက်၏။

ပြတင်းပေါက်အပြင်ဘက်တွင် နေ့ဘက်ဖြစ်ပြီး နေမင်းက တောက်ပစွာ ထွန်းလင်းနေသော်လည်း မြူများထူထဲနေပြီး အရာတိုင်းက အဖြူရောင်ဖြစ်နေသည်။

"အဲဒီဓားနတ်ဘုရားအမွေအနှစ်က ယဲ့ချိုးပိုင်အတွက် ဖြစ်လောက်တယ်...."

"ခန္ဓာပြုပြင်သူအတွက် အထွတ်အမြတ်မြေကတော့ ရှောင်ဟိုင်လို့ခေါ်တဲ့ ဒီခန္ဓာပျိုးထောင်သူအတွက် ဖြစ်ရမယ်"

"ဒီမြင့်မြတ်အဆောင်ဂိုဏ်းချုပ်က တကယ်ပဲ မြေခွေးအိုတစ်ကောင်ပဲ၊ သူတို့ကို ချည်နှောင်ဖို့ သူဘာမဆို ပေးဆပ်ဖို့ ဆန္ဒရှိတယ်"

ဒါပေမယ့် ဒါက တကယ်ပဲ ကြီးမားတဲ့အလားအလာရှိတဲ့ လူငယ်အနည်းငယ်ကို ချည်နှောင်ဖို့အတွက် သက်သက်ပဲလား!

ဇီရှန်း တစ်ခဏမျှတွေးပြီးနောက်တွင် မှန်းဆနိုင်ခဲ့သည်။

ဒီလိုပါရမီရှင်များစွာကို တစ်ချိန်တည်းတွင် ပျိုးထောင်နိုင်သောသူက သေချာပေါက် သာမန်ဖြစ်မည်မဟုတ်။

ထိုမြေခွေးအိုကြီး မြင်မြတ်အဆောင်ဂိုဏ်းချုပ်က သူတို့နောက်ကွယ်က လျှို့ဝှက်ဆန်းကြယ်သည့် ဖြစ်တည်မှုနှင့် မိတ်ဖွဲ့ချင်နေသည်မှာ အသေအချာပင်။

အမွေအနှစ်သတင်းအချက်အလက်အကြောင်း ပြောနေရင်း ဇီရှန်း ရုတ်တရက် ထပ်မံမျက်မှောင်ကြုတ်လိုက်မိသည်။

သတင်းလေလံပွဲတွင် တန်ဖိုးအကဲဖြတ်ချက်က အတော်လေးပုံမှန်မဟုတ်ပေ။

ဥပမာအားဖြင့် ဓားနတ်ဘုရားအမွေအနှစ်အတွင် မြင့်မြတ်အဆောင်ဂိုဏ်းချုပ် ပေးခဲ့သည့် သတင်းအချက်အလက်က လုံး၀ ကြယ်ငါးပွင့်နှင့် မထိုက်တန်ပါ။

သို့သော်ငြားလည်း ဒါကို ကြယ်ငါးပွင့်အဖြစ် တန်ဖိုးထားခဲ့သည်။

တစ်ချိန်တည်းမှာပင် မြင့်မြတ်အဆောင်ဂိုဏ်းနှင့် ကောင်းကင်အင်မော်တယ် နောက်ဆုံးအဆင့်ကျွမ်းကျင်သူတို့က နဂါးသွေးနတ်ဆိုးချောက်နှင့် ပတ်သက်သည့် သတင်းအချက်အလက်အကြောင်း ယှဉ်ပြိုင်သောအခါတွင်လည်း အလားတူ အခြေအ‌နေမျိုး ဖြစ်ပျက်ခဲ့သည်။

မြင့်မြတ်အဆောင်ဂိုဏ်း၏ သတင်းအချက်အလက်တန်ဖိုးကို ကြယ်ငါးပွင့်ဟူ ယူဆ၍ရသော်လည်း တစ်ခြားလေလံဆွဲသူ၏ တန်ဖိုးထက် သိသာစွာပင် ပိုနိမ့်ကျသည်။

အကဲဖြတ်သူရဲ့ဆုံးဖြတ်ချက်က မှားနေတာများလား!

ဇီရှန်းအနည်းငယ်ခေါင်းခါယမ်းမိသည်။

တျန်ကျင်းကုန်သည်များအသင်း၏ အကဲဖြတ်သူများက ဘယ်တော့မှ အမှားလုပ်မည်မဟုတ်။

သူမမသိသည့် လျှို့ဝှက်ကြံစည်မှုတစ်ခုခုရှိလောက်သည်ဆိုသော် ဖြစ်နိုင်ချေတစ်ခုတည်းသာ ရှိတော့သည်။

ဒါကိုတွေးမိသောအခါ ဇီရှန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

သူမမျက်မှောင်ကြုတ်နေသော်လည်း ကွေ့ကြောင်းမျိုးစုံရှိသည့် သူမ၏မျက်ခုံးများက ညို့ယူဖမ်းစားနေဆဲပင်။

"တကယ်လို့ တျန်ကျင်းကုန်သည်များအသင်းက တကယ်ပဲ ငါ့နောက်ကွယ်မှာ လှည့်ကွက်တွေ ကစားနေတာဆိုရင်တော့ ငါလည်းသွားပြီး စုံစမ်းစစ်ဆေးရတော့မှာပေါ့...."

ဘယ်နေရာကနေလဲ!

အကယ်၍ သူမသာ တျန်ကျင်းကုန်သည်များအသင်းကနေ တိုက်ရိုက်စတင်စုံစမ်းပါက ဒါက သေချာပေါက် ရန်သူကို သတိပေးမိသလို ဖြစ်သွားပေလိမ့်မည်။

အဆင့်မြင့်လူများက သူမကို နာကျင်အောင် မလုပ်ရဲသော်လည်း သူတို့က အတော်လေးပါးနပ်ကြသည်။

သူမ၏စုံစမ်းမှုကို ခံစားမိပြီးနောက် သူတို့ကလုံး၀ပုန်းကွယ်ပြီး ခြေရာအားလုံးကို ဖယ်ရှားပစ်ကြပေလိမ့်မည်။

ထိုအခိုက်အတန့်မှာပင် ပုံမှမဟုတ်တာ တစ်ခုခုဖြစ်ပျက်လာတာပါက မြင့်မြတ်အဆောင်ဂိုဏ်း ကမ်းလှမ်းလာသည့် အချိန်တွင်ဆိုတာ ဇီရှန်းတွေးလိုက်မိသည်။

တစ်ချိန်တည်းမှာပင် လေလံဆွဲသည့် သတင်းအချက်အလက်များကလည်း ယဲ့ချိုးပိုင်၊ ရှီရှန်း၊ ရှောင်ဟိုင်နှင့် ကျန်သောသူများနှင့် ဆက်စပ်နေလေရာ ဒါက ဒီလျှို့ဝှက်အကြံအစည်က သူတို့ကို များသောအားဖြင့် ပစ်မှတ်ထားနေတာ ဖြစ်ရမည်။

ဒီလိုဆိုမှတော့......!

ဇီရှန်းဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ ထရပ်ပြီးနောက် သူမထိုနေရာကနေ ချက်ချင်း ပျောက်ကွယ်သွား၏။

.....

အဆုံးမဲ့ပင်လယ်ဒေသ၏ ကမ်းခြေတွင် မရေမတွက်နိုင်လောက်သည့် ကျင့်ကြံသူများက ပင်လယ်ပြင်က ပြန်လာကြပြီးနောက် ယခုပင်လယ်ပြင်သို့ ပြန်၀င်လာကြသည်။

အလားတူပင် ပြန်လာသူတစ်ချို့က အံ့ဩသင့်နေပုံရပြီး တစ်ချို့ကမူ စိုးရိမ်နေကြပုံရသည်။

အပြင်းအထန်ဒဏ်ရာရသည့်လူများပင် ရှိကြသည်။

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများလည်း ရောက်လာကြသည်။

တစ်နေရာတွင်ရပ်ပြီး မဟာအကြီးအကဲက မုဖူရှန်းကိုကြည့်လိုက်သည်။

"မုဖူရှန်း၊ ငါ့ကိုမြေပုံကိုပြဦး"

မုဖူရှန်းခေါင်းညိတ်ကာ မြေပုံကို မဟာအကြီးအကဲအားပေးသည်။

ဒါကိုမြင်သောအခါ မဟာအကြီးအကဲလှမ်းယူပြီး တစ်ချက်ကြည့်သည်။

သူဦးတည်ချက်ကို ဆုံးဖြတ်နေတာ သိသာထင်ရှားနေသည်။

မဟာအကြီးအကဲက အဆုံးမဲ့ပင်လယ်ဒေသ၏ အလယ်ပိုင်းဒေသကို ရောက်ဖူးသဖြင့် သူက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများထက် အလယ်ပိုင်းကို ပိုသိသည်။

မဟာအကြီးအကဲ ဦးတည်ချက်ကို ဆုံးဖြတ်တော့မည့်အချိန်တွင် ဆွဲဆောင်မှုရှိသည့်ခန္ဓာ၊ နတ်သမီးကဲ့သို့ လှပသည့် မျက်နှာလေးနှင့် ခရမ်းရောင်၀တ်စုံကို ၀တ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ရုတ်တရက် သူတို့ဘေးတွင် ပေါ်လာခဲ့သည်။

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ အနည်းငယ် ထိတ်လန့်သွားကြ၏။

ခရမ်းရောင်၀တ်စုံရှင် အမျိုးသမီးကပြုံးသည်။

"ဘာမှားနေလို့လဲ၊ ကျွန်မတို့အခုလေးပဲ ဆုံခဲ့ကြတာလေ၊ ကျွန်မကို မမှတ်မိကြတော့ဘူးလား"

သူမက ဇီရှန်းပေတည်း။

ယဲ့ချိုးပိုင်ပြုံးရင်း ခေါင်းခါယမ်းသည်။

"နည်းနည်းအံ့အားသွားရုံပါပဲ၊ သခင်မလေးဇီရှန်းက တျန်ကျင်းကုန်သည်အသင်းရဲ့ အဓိကလေလံဦးစီးပဲလေ၊ ခင်ဗျားမှာ လုပ်စရာတွေအများကြီး ရှိသင့်တာမလား၊ ဘာလို့ဒီကိုလာဖို့ အချိန်ရှိနေသေးတာလဲ"

"ကျွန်မကလေလံပွဲကျင်းပသူပါပဲ၊ လေလံပွဲကိုပဲကျင်းပရတာ၊ ကျန်တာတွေအတွက် စိတ်အနှောက်အယှက်ဖြစ်စရာမလိုဘူး" ဇီရှန်းပြုံးလိုက်သည်။

"ဒါ့အပြင် အဆုံးမဲ့ပင်လယ်ဒေသမှာ အမွေအနှစ်ရတနာတွေအများကြီးရှိတယ်၊ ကျွန်မလည်း စူးစမ်းရှာဖွေချင်တာပေါ့"

"ဒါပေမယ့်....." ဇီရှန်း ရုတ်တရက် အကြောင်းအရာပြောင်းပစ်သည်။

"ကြည့်ရတာ ရှင်တို့က ကျွန်မကို အတော်လေးသတိထားနေကြပုံပါပဲ"

"ဒါပေမယ့်မစိုးရိမ်ပါနဲ့၊ ကျွန်မက ရှင်တို့နဲ့ မတော်တဆတွေ့မိတာပါ၊ ကျွန်မမှာ အတူသွားမယ့် ခရီးဖော်တွေလည်း မရှိဘူးဆိုတော့ ရှင်တို့နဲ့အတူသွားမယ်ဆိုရင်ရော"

"သေချာတာပေါ့၊ သဘာ၀ရတနာ ဒါမှမဟုတ် လျှို့ဝှက်မြေအမွေအနှစ်တစ်ခုခု ရှိလာခဲ့ရင် ကျွန်မ ၁၀ရာခိုင်နှုန်းရရင်ရပါပြီ၊ တကယ်လို့ ကျွန်မမှာ အသုံး၀င်တာတစ်ခုခုရှိပြီး ရှင်တို့ဖလှယ်ဖို့သဘောတူမယ်ဆိုရင် ရှင်တို့အတွက် အသုံး၀င်တာတစ်ခုခုကိုလည်း ကျွန်မသုံးမှာပါ၊ ဘယ်လိုသဘောရလဲ"

သတိမထားရန်ဟူသည်က မဖြစ်နိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ ဇီရှန်းက တျန်ကျင်းကုန်သည်များအသင်း၏ လေလံပွဲဦးစီးဖြစ်နေသည်။

တျန်ကျင်းကုန်သည်များအသင်းက ငရဲဂိုဏ်းနှင့် ပူးပေါင်းဆောင်ရွက်မှုတစ်ခုခုရှိနေသည်ဟု ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ သံသယရှိနေသည်။

တစ်ချိန်တည်းမှာပင် သူတို့အဆုံးမဲ့ပင်လယ်ဒေသသို့ ၀င်ရန်ပြင်နေစဉ်မှာပင် ဇီရှန်းက သူတို့ရှေ့တွင် ပေါ်လာခဲ့သည်။

တိုက်ဆိုင်မှုတစ်ခုလား!

မင်းဘယ်သူ့ကိုလှည့်စားဖို့ ကြိုးစားနေတာလဲ!

အဆုံးမဲ့ပင်လယ်ဒေသ၏ ကမ်းခြေက မိုင်သောင်းပေါင်းများစွာ ရှည်လျားသည့် တောင်တန်းတစ်ခုပမာ ကျယ်ပြန့်သည်။

ဘာလို့ဒီလိုကြီးမားတဲ့နေရာမှာ သူက ငါတို့ဆီကိုပဲ လာတွေ့ရတာလဲ!

ရှောင်ဟိုင် သူမကို ငြင်းရန်ပြင်လိုက်စဉ်မှာပင် ယဲ့ချိုးပိုင်ပြောလိုက်သည်။

"သေချာတာပေါ့၊ သခင်မလေးဇီရှန်းရဲ့ အကူအညီနဲ့ဆိုရင် ပိုရနိုင်မယ်လို့ ကျွန်တော်ယုံကြည်တယ်"

"ဒါပေမယ့် ကျွန်တော်တို့အတွက် အသုံး၀င်တဲ့ဘယ်သူ့ကိုမဆို ကျွန်တော်တို့ အမြဲပေးပါတယ်၊ ဘာပဲဆိုဆို အားလုံးက ပါ၀င်ကူညီကြတာပဲလေ"

ဇီရှန်းခေါင်းညိတ်ရင်းပြုံးသည်။

"ကျေးဇူးအများကြီးတင်ပါတယ်"

ဆွေးနွေးမှုအပြီးတွင် သူတို့အုပ်စုက အဆုံးမဲ့ပင်လယ်ဒေသ၏ အလယ်ပိုင်းသို့ ဦးတည်လိုက်ကြ၏။

လမ်းတွင် ရှောင်ဟိုင်စိတ်ရှုပ်ထွေးနေပြီး အသံပို့ကာမေးသည်။

"သူ့မှာ ငါတို့နဲ့အတူလာရတဲ့နောက်ကွယ်က မက်လုံးတစ်ခုရှိရမယ်၊ ဘာလို့သဘောတူလိုက်ရတာလဲ"

ယဲ့ချိုးပိုင်ပြုံးရင်း အသံပို့လွှတ်သည်။

"တိုက်ဆိုင်စွာပင် တစ်ဘက်က ဘာလုပ်ချင်နေသလဲဆိုတာ ငါတို့မသေချာဘူး၊ လမ်းမှာ ငါတို့သူ့ကိုစမ်းသပ်ပြီး တျန်ကျင်းကုန်သည်များအသင်းက ဘာလုပ်ချင်နေသလဲဆိုတာ ကြည့်လို့ရတယ်"

မုဖူရှန်းကလည်း အသံပို့သည်။

"ဒါ့အပြင် စီနီယာအစ်ကိုရှီရှန်းရဲ့ စိတ်အခြေအနေက မလှုပ်ယမ်းသွားခဲ့ဘူးလား၊ ဒါက သူ့စိတ်အခြေအနေရဲ့ ပြဿာနာကို ဖြေရှင်းဖို့ကူညီနိုင်တယ်၊ အဲဒီနောက်မှာ သူကောင်းကောင်းကျင့်ကြံနိုင်လိမ့်မယ်"

ရိုးသားသည့်ရှီရှန်းမှာ သူတို့၏အသံပို့တာကို ကြားရသောအခါ ချက်ချင်းရှက်သွားပြီး ‌ဒေါသတကြီးပြောသည်။

"ညီလေးမု၊ မင်းတိုက်ချင်နေတာလား"

တစ်ခါတစ်ရံ ရိုးသားသည့်လူတစ်ယောက်ကို ထောင့်တစ်ခုထဲ အတင်းတွန်းပေးပါက သူတို့က နံရံကိုပင် ကျော်တက်သွားပေလိမ့်မည်။

အပိုင်း(803) coming။

All Chapters