← Chapters

#ဝဲဂယက်အောက်တွင်#

Vol. 57 Ch. 803

#ဝဲဂယက်အောက်တွင်#

Vol. 57 Ch. 803

လူတိုင်းတွင် သူတို့၏ ကိုယ်ပိုင်နောက်ကွယ်က စေ့ဆော်မှုများရှိသည်။

ယဲ့ချိုးပိုင်၊ မုဖူရှန်းနှင့် ကျန်သောသူများက ဇီရှန်းဆီကနေတဆင့် တျန်ကျင်းကုန်သည်များအသင်း၏ ပန်းတိုင်က ဘာလဲဆိုတာ သိချင်ကြသည်။

သူတို့က ငရဲဂိုဏ်းနှင့် ဘယ်လိုပူးပေါင်းဆောင်ရွက်မှုများ လုပ်ထားသလဲဆိုတာကိုလည်း ရှာဖွေချင်ကြသည်။

သို့စေကာမူ သူတို့ကိုစိတ်၀င်စားစေတာက တျန်ကျင်းကုန်သည်များအသင်း၏ အခြေခံနှင့် ခွန်အားကို နားလည်ပြီးနောက် သူတို့က အမြဲလိုလိုကြားနေသာဖြစ်သည်။

ယခုတစ်ကြိမ်တွင် သူတို့က ဘာကြောင့် ဒီထောင်ချောက်ထဲ၀င်ရန် ရွေးချယ်ခဲ့လေသနည်း။

ငရဲဂိုဏ်းက တျန်ကျင်းကုန်သည်များအသင်းကို မငြင်းဆန်နိုင်သည့် ဘယ်လို အခြေအနေရပ်များကို ပေးခဲ့လေသနည်း။

ဇီရှန်းကမူ တျန်ကျင်းကုန်သည်များအသင်းက ဘာလုပ်နေသလဲဆိုတာကို သိရရန်အတွက် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများနှင့် ခရီးသွားလိုခြင်းဖြစ်သည်။

နှစ်ဘက်စလုံးက အချင်းချင်း သတင်းအချက်အလက်များကို ရချင်ကြသော်လည်း သူတို့၏ ပန်တိုင်းများက အံ့ဩစရာကောင်းလောက်အောင်ပင် တူညီနေသည်။

သူတို့အားလုံးက တျန်ကျင်းကုန်သည်များအသင်း ဘာလုပ်ချင်နေသလဲဆိုတာ သိချင်ကြသည်။

ဇီရှန်းအဖို့ တျန်ကျင်းကုန်သည်များအသင်းကို လာရသည့်သူမ၏ရည်ရွယ်ချက်က တျန်ကျင်းကုန်သည်များအသင်းကို စောင့်ကြည့်ရန်သာဖြစ်ပြီး အလွန်အကျွံဘာတစ်ခုမှမလုပ်ရန်ပင်။

ဒါက အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် တျန်ကျင်းကုန်သည်များအသင်း၏ ကြားနေရပ်တည်မှုကို ချိုးဖျက်စေလိမ့်မည်။

တျန်ကျင်းကုန်သည်များအသင်းက သူတို့၏ ကြားနေရပ်တည်မှုကိုချိုးဖျက်ပြီး ဂိုဏ်းတစ်ဂိုဏ်းနှင့် ရပ်တည်လိုက်ပါက အလွန်အမင်းပြင်းထန်သည့် သက်ရောက်မှုတစ်ခုရှိလာပေလိမ့်မည်။

လမ်းတွင် မရေမတွက်နိုင်လောက်သည့်ဂိုဏ်းများနှင့် လျှို့ဝှက်ကျင့်ကြံသူများ အဆုံးမဲ့ပင်လယ်ဒေသကို စူးစမ်းရှာဖွေနေကြတာကို သူတို့မြင်ရသည်။

သို့စေကာမူ သူတို့ပို၍နက်နက်သွားလေလေ၊ လူများကပိုနည်းလာလေလေပင်။

အဆုံးတွင် ပတ်၀န်းကျင်၌ တစ်ခြားကျင့်ကြံသူများ၏ ခြေရာများမရှိတော့တာကို သူတို့တွေ့လိုက်ကြရသည်။

ဇီရှန်းသိချင်စိတ်ဖြင့်မေးလိုက်သည်။

"ရှင်တို့ဘယ်သွားနေကြသလဲဆိုတာ ကျွန်မမေးလို့ရမလား၊ ဒီနေရာက အဆုံးမဲ့ပင်လယ်ဒေသ အလယ်က မရှာဖွေရသေးတဲ့ နေရာတစ်ခုပဲ"

ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့ မည်သည့်စကားမှမဆိုဘဲ ယင်းအစား ရှီရှန်းထံ အသံပို့လိုက်ကြ၏။

ရှီရှန်းကြက်သေသေသွားပြီးနောက် တွေးလိုက်မိသည်။ ဘာလို့ငါရှင်းပြရမှာလဲ!

သို့စေကာမူ သူစိတ်ရှုပ်ထွေးစွာ ရှင်းပြနေဆဲပင်။

"ကျွန်တော်တို့ သက်ရှိဝိဉာဉ်မြအမြစ်အတွက် တခြားသူတွေနဲ့ တိုက်ခိုက်နေစဉ်က ကျွန်တော်တို့အာရုံမစိုက်မိတဲ့အချိန် တစ်ယောက်ယောက်က သက်ရှိဝိဉာဉ်မြအမြစ်ကို ခိုးယူသွားပြီး မြေပုံတစ်ခုထားခဲ့တယ်"

ဒီသတင်းကို မဖော်ထုတ်၍မရ‌တာတော့မဟုတ်ပါ။

အကယ်၍ ဒါကို ငရဲဂိုဏ်းနှင့် တျန်ကျင်းကုန်သည်များအသင်း လုပ်ခဲ့ခြင်းဆိုပါက တစ်ဘက်လူက သေချာပေါက်သိမည်ဖြစ်လေရာ ပြောပြခြင်းက ဘာအန္တရာယ်မှမရှိ။

သူမသိလျှင်ပင် အလားတူပင် သူတို့ကလည်း မြေပုံ၌ အမှတ်အသားပြုထားသည့် နေရာတွင် ဘာရှိမလဲဆိုတာ မသိကြပေ။

တျန်ကျင်းကုန်သည်များအသင်းတွင် သဲလွန်စတစ်ချို့ရှိကောင်းရှိနိုင်သည်။

ဇီရှန်း ရှီရှန်းကိုကြည့်ရင်းပြုံးသည်။

"ဒါဆိုဒါက ထောင်ချောက်တစ်ခုဖြစ်နေမှာကို ရှင်မကြောက်ဘူးလား"

ရှီရှန်းခေါင်းခါယမ်းသည်။

"ဒါကထောင်ချောက်ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာကို ကြည့်ပြီးရင်သိရမှာပဲလေ"

"အိုး" ဇီရှန်းအနည်းငယ်အံ့ဩသင့်သွားရသည်။

"ဒီတော့ ကြည့်ရတာ ရှင်တို့က ထောင်ချောက်ထဲ ကျသွားမယ်ဆိုရင်တောင် ဘေးကင်းကင်းနဲ့ ထွက်သွားန်ုင်မယ်ဆိုတဲ့ ယုံကြည်မှုအပြည့်ရှိနေပုံပဲ"

ထိုနေရာ၌ ရှီရှန်းပြန်မဖြေခဲ့ပေ။

ဒါကိုမြင်သောအခါ ဇီရှန်းပါးစပ်လေးကို ဖုံးကာရယ်မောရင်း ထပ်မမေးတော့ပါ။

တစ်ဘက်လူအတွက် သူမကို ဒီလိုဝှက်ဖဲမျိုးအကြောင်း မပြောပြတာက ပုံမှန်သာ။

ထိုအချိန်တွင် လမ်းကြောင်းကို ဦးဆောင်နေသည့် မဟာအကြီးအကဲမှာ ရုတ်တရက် ရပ်သွားပြီး ရှေ့ကိုလက်ညိုးထိုးပြသည်။

"ဒီနေရာမှာဖြစ်ရမယ်"

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ လှမ်းကြည့်လိုက်သည်။

မဟာအကြီးအကဲညွှန်ပြသည့်ပင်လယ်ပြင်၌ ဝဲဂယက်လေးတစ်ခုရှိနေပြီး မဟာအကြီးအကဲ သိချင်စိတ်ဖြင့်မေးသည်။

"ဒီနေရာမှာ အထူးအော်ရာ ဒါမှမဟုတ် ဝိဉာဉ်ချီအတက်အကျမရှိဘူး"

"ဒါကြောင့် ဘယ်သူမှဒီနေရာကို စူးစမ်းဖို့အတွက် အချိန်မဖြုန်းချင်ကြတာပဲ"

ဒီနေရာ၌ကျွန်းများဟူ၍မရှိဘဲ ပုံမှန်မဟုတ်သည့် တည်ငြိမ်နေသောပင်လယ်ပြင်သာရှိသည်။

သို့စေကာမူ တည်ငြိမ်နေသည့် ပင်လယ်ပြင်၌ ဝဲဂယက်တစ်ခုရှိနေသည်။

ဇီရှန်းဒါကိုမြင်သောအခါ ပြောသည်။

"တည်ငြိမ်တဲ့ပင်လယ်ပြင်မှာ ဝဲဂယက်တစ်ခုပေါ်လာနိုင်ချေက အရမ်းနည်းတယ်၊ ဒါ့အပြင် ဒီတည်ငြိမ်နေတဲ့ အခြေအနေမှာ ဝဲဂယက်ရဲ့လည်ပတ်နှုန်းကလည်း ဖြည်းဖြည်းချင်းနှေးကွေးသွားပြီး ပျောက်ကွယ်သွားရလိမ့်မယ်"

"ဒါပေမယ့် အကွာအဝေးက လုံး၀မပြောင်းဘူး၊ ဒါက ဝဲဂယက်က အမြဲတမ်းအတွက် တည်ရှိနေသလိုမျိုးပဲ"

ဒါကတစ်ခုတည်းသော ထူးဆန်းသည့်အရာဖြစ်သည်။

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

"ကြည့်ရတာ ဒီဝဲဂယက်အောက်မှာ ငါးညှီနံ့ရတဲ့အရာတစ်ခု ရှိနေတယ်ထင်တယ်"

ရှောင်ဟိုင်မေးသည်။

"ကျွန်တော်အောက်ဆင်းပြီး အရင်စူးစမ်းကြည့်ရမလား"

ဟုန်ရင် ရှောင်ဟိုင်ခေါင်းကို အားကိုးရာမဲ့စွာ ပွတ်သပ်လိုက်ရသည်။

"ဒီလိုမဆင်မခြင်မလုပ်နဲ့၊ အဲမှာ ဘယ်လိုအန္တရာယ်မျိုးတွေရှိသလဲဆိုတာ ဘယ်သူမှမသိဘူး"

"အစ်မကြီးပြောတာမှန်တယ်" မုဖူရှန်း အဆောင်တစ်ခုကို ထုတ်ယူပြီး အပြုံးဖြင့်ပြောသည်။

"စီနီယာအစ်ကိုရှောင်ဟိုင်၊ အစ်ကိုရဲ့ မဆင်မခြင်စရိုက်ကို တကယ်ထိန်းချုပ်ဖို့ လိုနေပြီ"

ထို့နောက် လူတိုင်း၏ သိချင်နေသည့် အကြည့်အောက်တွင် မုဖူရှန်းလက်ထဲက အဆောင်ကို အသက်သွင်းလိုက်၏။

တစ်ခဏအကြာတွင် ရွှေမိုးကြိုးက အဆောင်ပေါ်၌ လင်း၀င်းသွားသည်။

ထို့နောက် မိုးကြိုးနဂါးလေးတစ်ကောင်အဖြစ် သိပ်သည်းကာ ဝဲဂယက်ထဲသို့ အလျင်အမြန် ထိုးဖောက်သွားခဲ့သည်။

သို့စေကာမူ မိုးကြိုးနဂါးလေးက ဝဲဂယက်ထဲသို့ ၀င်သွားပြီးနောက် ကြိုးတစ်ချောင်းကဲ့သို့ပင် အရင်းအမြစ်က မုဖူရှန်းလက်ထဲက အဆောင်ဖြစ်နေသေးပြီး ဝဲဂယက်ထဲ တိုးချဲ့ပေးနေသည်။

ဇီရှန်းသိချင်စိတ်ဖြင့်မေးသည်။

"ဒါဘာအဆောင်လဲ"

မုဖူရှန်းရယ်မောသည်။

"ဒါကရှားပါးအဆောင်တစ်ခုတော့ မဟုတ်ပါဘူး၊ အန္တရာယ်ကို ရှာဖွေနိုင်တဲ့ အဆောင်တစ်ခုပါပဲ"

"ကျွန်တော်စွန့်စားသွားလာတုန်းက အတော်လေးခန့်မှန်းရနက်ရှိုင်းတဲ့ အဆောင်သခင်တစ်ယောက်ကို တွေ့ခဲ့ပြီး သူငါ့ကို လက်ဆင့်ကမ်းပေးခဲ့တာ"

ယဲ့ချိုးပိုင် "....."

ဟုန်ရင် "....."

နင်းချန်ရှင်း "....."

ရှောင်ဟိုင် "....."

ရှီရှန်း "......"

မု၀မ်အာ "......"

သူတို့လောင်းကြေးပေးရန် ဆန္ဒရှိကြသည်။

ဒါက သေချာပေါက် မုဖူရှန်း တီထွင်ထားတာဖြစ်ရပေမည်။

ဇီရှန်းခေါင်းညိတ်သည်။

"သိပါပြီ၊ ဒီလိုအဆောင်မျိုးကို ကျွန်မအရင်က တစ်ခါမှမမြင်ဖူးဘူး၊ ရှာဖွေရေးအဆောင်တွေရှိပေမယ့် ဒီလိုပုံစံမျိုးတွေကတော့ မရှိဘူး"

ထို့နောက်ချက်ချင်းဆိုသလို မုဖူရှန်းလက်ထဲက အဆောင်ကနေ ဆန့်ထွက်သွားသည့် ရွှေမိုးကြိုးနဂါးက အနည်းငယ် တုန်ယင်သွား၏။

ဒီမြင်ကွင်းကိုမြင်သောအခါ မုဖူရှန်းဒါကို သိမ်းဆည်းပြီးပြောသည်။

"ဝဲဂယက်အောက်မှာ ဧရာမနေရာလွတ်တစ်ခုရှိပုံပဲ၊ ဒါပေမယ့် ကျွန်တော်ဘာအန္တရာယ်ကိုမှ မခံစားမိဘူး"

သူမအဆောင်၏ သက်ရောက်မှုကိုမြင်ခဲ့သဖြင့် ဇီရှန်းအနည်းငယ် အံ့ဩသင့်သွားရသည်။

"ရှင့်မှာ ဒီအဆောင်ရှိသေးလား၊ ရှိသေးတယ်ဆိုရင်တော့ ကျွန်မတို့ရဲ့ တျန်ကျင်းကုန်သည်များအသင်းက ဈေးကြီးပေးပြီး ၀ယ်နိုင်ပါတယ်"

မုဖူရှန်းခေါင်းခါယမ်းရင်း ရယ်မောသည်။

"ကျွန်တော့်မှာလည်း အများကြီးမရှိဘူး၊ ကျွန်တော် နက်ရှိုင်းတဲ့အဆောင်ဆရာသခင်နဲ့ ထပ်တွေ့တဲ့အခါကျရင် သူ့ကိုကူပြီး မေးပေးပါမယ်"

ဇီရှန်းအနည်းငယ်ခေါင်းညိတ်သည်။

သို့သော် သူမ၏မျက်လုံးများ၌ သံသယအရိပ်အယောင်တစ်ခုရှိသည်။

ဒါက ယုတ္တိတန်တယ်လို့ ထင်ရပေမယ့် မုဖူရှန်းပြောနေတဲ့ နက်ရှိုင်းတဲ့ အဆောင်ဆရာသခင်နှင့်ပတ်သက်ပြီး ဘာလို့တစ်ခုခုမှားနေတယ်လို့ ငါခံစားနေရတာလဲ!

ယဲ့ချိုးပိုင်မျက်လုံးလိမ့်လိုက်သည်။

"အန္တရာယ်မရှိဘူးဆိုတော့ အရင်ဆင်းကြည့်ကြရအောင်"

မုဖူရှန်းမညည်းတွားခင်မှာပင် မဟာအကြီးအကဲပြောသည်။

"ငါကပိုအားကောင်းတော့ ငါအရင်ဆင်းကြည့်မယ်၊ အချိန်ကျလာလို့ ပုန်းလျှိုးနေတဲ့ အန္တရာယ်တစ်ခုခုရှိရင်တောင် လွတ်မြောက်ဖို့ အခွင့်အလမ်းပိုများတယ်"

ဒီကလေးမုဖူရှန်းကိုစွန့်စားခွင့်ပေးသည်ကို ဂိုဏ်းချုပ်နှင့် အဆင့်မြင့်မဟာအကြီးအကဲတို့ကသာ ရှာတွေ့သွားပါက သူ့ကို အရှင်လတ်လတ် အရေခွံခွာပေလိမ့်မည်။

မဟာအကြီးအကဲ၏နယ်ပယ်က အမြင့်ဆုံးဖြစ်သဖြင့် သူသွားခြင်းကအသင့်တော်ဆုံးဖြစ်သည်။

မုဖူရှန်းပြောလိုက်သည်။

"စီနီယာ၊ အန္တရာယ်တစ်ခုခုရှိလာရင် ကျွန်တော်ပေးထားတဲ့အဆောင်ကို အသက်သွင်းလိုက်ဖို့ကို မမေ့ပါနဲ့"

မဟာအကြီးအကဲခေါင်းညိတ်သည်။

မဟာအကြီးအကဲ၀င်သွားပြီးနောက် အန္တရာယ်မရှိတာကို အတည်ပြုခဲ့သည်။

ထို့နောက်တွင်သာ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက ဝဲဂယက်ထဲသို့ တစ်ဦးပြီးတစ်ဦး၀င်သွားကြ၏။

ထိုအခိုက်အတန့်မှာပင် ဝဲဂယက်ထဲက မြင်ကွင်းက လူတိုင်း၏ ထိတ်လန့်နေသည့် အကြည့်အောက်တွင် ပေါ်လာခဲ့သည်။

အပိုင်း(804) coming။

All Chapters