#နတ်အဂ္ဂိရတ်ဆရာ#
Vol. 57 Ch. 804
ဝဲဂယက်အောက်တွင် သူတို့စိတ်ကူးထားသည့်အတိုင်း ပင်လယ်ရေနှင့်ပြည့်မနေသလို ပင်လယ်ထဲတွင် ရွေ့လျားရန်လည်း မလိုပေ။
ဝဲဂယက်ထဲ၀င်ပြီး မရေမတွက်နိုင်လောက်သော ပေများစွာငုပ်ပြီးနောက် သူတို့ရှေ့က မြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေသည်။
ဒီနေရာ၌ ပတ်ပတ်လည်နေရာအများစုကို ဝိဉာဉ်ချီကနေ ဖန်တီးထားသည့် ပါးလွှာသည့် အလွှားပါးတစ်ခုနှင့် ပိတ်ဆို့ထားသည်။
ပင်လယ်ရေက အလွှာပါးကို မထိုးဖောက်နိုင်ချေ။
ရလဒ်အဖြစ် ဒီနေရာက ပင်လယ်၏ အနက်ပိုင်းတွင်ဖြစ်သော်လည်း ပတ်ပတ်လည်၌ ပင်လယ်ရေမရှိပါ။
ယဲ့ချိုးပိုင်၊ ဇီရှန်းနှင့်ကျန်သောသူများရှေ့တွင် ယှဉ်၍မရနိုင်လောက်သည့် ဧရာမနန်းတော်တစ်ခုရှိသည်။
နန်းတော်က အဂ္ဂိရတ်ဖိုပုံသဏ္ဍာန်ရှိသည်။
ထိုအဂ္ဂိရတ်ဆေးလုံးဖိုတစ်ဝိုက်တွင် မတူညီသည့်လမ်းကြောင်းကိုးခုရှိသည်။
ဒီဆေးလုံးဖိုနန်းတော်ကို ၀န်းရံနေသည့် မီးတောက်နီနဂါးရုပ်တုတစ်ခုလည်းရှိသည်။
မီးနဂါးရုပ်တု၏ ပါးစပ်က ကျယ်ပြောစွာ ပွင့်နေသည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက သူတို့ရှိရာနေရာကပင် ဒါကိုခံစားနိုင်သည်။
မီးနဂါးရုပ်တုကိုးခု၏ ပွင့်နေသည့်ပါးစပ်များကနေ အပူလှိုင်းများစိမ့်ထွက်နေပြီး ဒီနေရာကို လောင်ကျွမ်းကာ ပုံပျက်စေသည်။
လေဟာနယ်ကပြိုကွဲလုနီးပါးပင်။
ဒီနေရာသို့၀င်လာသောအခါ မုဖူရှန်း အဆောင်တစ်ခုကို ကိုယ်တွင်ကပ်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူ့ဝိဉာဉ်အသိကို အားကောင်းစေရန်အတွက် မု၀မ်အာသန့်စင်ထားသည့် ဆေးလုံးတစ်လုံးကို သောက်သုံးလိုက်၏။
သူပတ်၀န်းကျင်ကို အကဲခတ်စိစစ်ကြည့်ရှုသော်လည်း တခြားမည်သူတစ်ဦးတစ်ယောက်၏ အော်ရာကိုမှ မတွေ့ပါ။
ဒါကိုမြင်သောအခါ မုဖူရှန်း ဝေခွဲမရဖြစ်နေသည့် အမူအရာဖြင့်ပြောသည်။
"ကျွန်တော်အလစ်ငုတ်တိုက်ခိုက်မယ့် ဘာအော်ရာကိုမှ မခံစားမိဘူး၊ ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်ကျွမ်းကျင်သူတစ်ယောက် ကိုယ်တိုင်ငိုယ်ကျ မလုပ်ဆောင်သရွေ့ ကျွန်တော်အခု ထုတ်လွှတ်တဲ့အော်ရာအသိကို ဘယ်သူမှ ရှောင်ရှားနိုင်မှာမဟုတ်ဘူး"
မုဖူရှန်း၏ဝိဉာဉ်က အတော်လေးအားကောင်းသည်။
သူစိတ်ဝိဉာဉ်ပျိုးထောင်နည်း၏ အဆင့်ခြောက်ကို ရောက်နေပြီသာမက လူတစ်ယောက်၏ အသိကို အားကောင်းစေသည့် အဆောင်များနှင့် ဆေးလုံးများလည်းရှိသည်။
ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်အောက်က မည်သူမဆို သူ့အသိအာရုံအောက်ကနေ လွတ်မြောက်ရန်ဟူသည် မဖြစ်နိုင်ဘဲ နောက်တွင် သေချာပေါက် သဲလွန်စများ ကျန်ခဲ့ရပေလိမ့်မည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ မပြောသေးခင်မှာပင် ဇီရှန်းရှေ့တစ်လှမ်းတိုးပြီး လှပသည့်မှန်သေးသေးလေးကို ထုတ်ယူလိုက်၏။
ဝိဉာဉ်စွမ်းအားက ဇီရှန်းမျက်ခုံးကြားကနေ ထွက်လာပြီး မှန်ထဲ၀င်သွားသောအခါ မှန်သေးသေးလေးက ဘက်ပေါင်းစုံကနေ မျက်စိကျိန်းလုနီးပါး ဝိဉာဉ်အလင်းကို ထုတ်လွှတ်ပေးသည်။
ဒီမြင်ကွင်းကိုမြင်သောအခါ မုဖူရှန်း၊ ယဲ့ချိုးပိုင်နှင့် ဟုန်ရင်တို့မှာ တစ်ဦးကိုတစ်ဦးကြည့်ရင်း သူတို့ဘာသာတွေးလိုက်ကြမိသည်။
တျန်ကျင်းကုန်သည်များအသင်း၌ တကယ်တမ်းတွင် နက်ရှိုင်းသည့်အခြေခံရှိသည်။
ဒီမှန်က ဝိဉာဉ်အသိကို အကြီးအမား တိုးစေသည်မှာ သိသာထင်ရှားနေသည်။
ယခုလိုရတနာမျိုးကို အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးတွင်ပင် ကံတရားကြောင့်သာ တွေ့နိုင်သည့် အရာတစ်ခုဟု ဆို၍ရသည်။
အမွေးတိုင်တစ်၀က်စာကုန်ဆုံးသွားခဲ့သည်။
ဇီရှန်းသိမ်းဆည်းပြီးပြောသည်။
"ရှင်တို့ဘာကိုရှာနေသလဲဆိုတာ ကျွန်မမသိပေမယ့် ဒီနေရာမှာ တကယ်ပဲ တခြားဘယ်သူမှမရှိဘူး၊ ကောင်းကင်အင်မော်တယ် အထွတ်အထိပ်တစ်ယောက်တောင် ဒီရှာဖွေမှုကနေ မလွတ်မြောက်နိုင်ဘူး"
"ဒါပေမယ့် ထပ်ပြောရရင်တော့" ဇီရှန်း ပတ်လည်ကြည့်ပြီး သိချင်စိတ်ဖြင့် ပြုံးသည်။
"ဒီနေရာကိုရှာဖို့ ရှင့်တို့ကို ဘယ်သူသဲလွန်စပေးခဲ့တာလဲ"
"ဒါက အဂ္ဂိရတ်ပညာမှာ အတော်လေးမြင့်မားတဲ့ အောင်မြင်မှုရှိတဲ့ အဂ္ဂိရတ်ပညာရှင်တစ်ယောက် ချန်ထားခဲ့တဲ့ အမွေအနှစ်ဆိုတာ သိသာထင်ရှားနေတယ်"
မု၀မ်အာခေါင်းခါယမ်းသည်။
"ကျွန်မတို့လည်းမသိဘူး၊ ဒါ့အပြင် ဒီနေရာမှာ ကျွန်မတို့သိတဲ့ အဂ္ဂိရတ်ဆရာတွေလည်းမရှိဘူး၊ ဒါကြောင့်လည်း ဒါက တခြားတစ်ယောက်ယောက် ထောင်ချောက်ဆင်ထားတာလို့ ကျွန်မတို့သံသယဖြစ်ရတာပေါ့"
ဇီရှန်းရယ်မောသည်။
"ရှင်တို့ငရဲဂိုဏ်းရဲ့ချိုခုံတိုက်ခိုက်မှုကို ခန့်မှန်းထားကြတယ်မလား"
ဒါကိုကြားသောအခါ ယဲ့ချိုးပိုင်ကလည်း ပြုံးသည်။
"ကြည့်ရတာ သခင်မလေးဇီရှန်းက ကျွန်တော်တို့ကို အတော်လေးဂရုတစိုက် စုံစမ်းစစ်ဆေးထားပုံပဲ"
"ကျွန်မကစီးပွားရေးသမားတစ်ယောက်ပဲလေ"
ဇီရှန်း နေရခက်သလိုမခံစားရဘဲ ပွင့်ပွင့်လင်းလင်းပင်ပြောသည်။
"ဒီလိုကြောက်စရာကောင်းတဲ့ လူတွေအတွက် ကျွန်မတို့က စုံစမ်းစစ်ဆေးဖို့လိုတယ်လေ၊ ဒီလိုဆိုမှ အနာဂတ်မှာ တျန်ကျင်းကုန်သည်များအသင်းမှာ မပါ၀င်တဲ့အခါ ပိုပူးပေါင်းလို့ရနိုင်မှာပဲလေ"
"ဒါကတကယ်ပဲ ပူးပေါင်းဆောင်ရွက်မှုတစ်ခုလား"
ပုဂ္ဂိုလ်ရေးအရတော့ ဒါက ပူးပေါင်းဆောင်ရွက်မှုတစ်ခုပါပဲ"
သူမဒါကိုပြောနေစဉ် ယဲ့ချိုးပိုင်၊ မုဖူရှန်း၊ နင်းချန်ရှင်း၊ ဟုန်ရင်နှင့်ကျန်သောသူများက ဇီရှန်း၏အမူအရာ၊ အသက်ရှူမှုနှင့် ကြွက်သားများ ပြေလျော့မှုကိုပင် စစ်ဆေးနေခဲ့ကြသည်။
သူမက လိမ်နေပုံမပေါ်ပေ။
ဇီရှန်းဒါကိုပြောလာသောအခါ သူမ၏လှုပ်ရှားမှုအနည်းငယ်ကပင် အရမ်းသဘာ၀ကျလွန်းသည်။
တျန်ကျင်းကုန်သည်များအသင်း၏ လေလံပွဲဦးစီးချုပ်တစ်ဖြစ်လဲ ဇီရှန်းက တတ်စွမ်းနိုင်သည်သာမက တျန်ကျင်းကုန်သည်များအသင်းတွင် သူမအလွန်အရေးပါသည့် အခန်းကဏ္ဍ၌ပါ၀င်သည်။
သူမတွင် သူတို့ကို ထိခိုက်စေရန် ရည်ရွယ်ချက်မရှိဘူးဟု ပြောလျှင်ပင် တျန်ကျင်းကုန်သည်များအသင်းကရော!
ယဲ့ချိုးပိုင်ပြုံးကာမေးသည်။
"ဒီလိုဆိုမှတော့ သခင်မလေးဇီရှန်း၊ တျန်ကျင်းကုန်သည်များအသင်း ဘာလုပ်ချင်နေသလဲဆိုတာ ခင်ဗျားမသိဘူးလား"
ဇီရှန်းယခုလိုပြောလာလေရာ သူတို့ကို သူမ၏သဘောထားကို ဖော်ပြလိုခြင်းသာဖြစ်သည်။
"မှန်တယ်၊ ကျွန်မဒီမှာရှိနေရတာက တျန်ကျင်းကုန်သည်များအသင်း ဘာလုပ်ချင်နေတာလဲဆိုတာ သိချင်လို့ပါပဲ"
ဇီရှန်းသူမ၏ စေ့ဆော်မှုကိုမဖုံးကွယ်ထားခဲ့ပေ။
"အကြောင်းရင်းတစ်ချို့ကြောင့် တျန်ကျင်းကုန်သည်များအသင်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေမှာ ကြားနေနေဖို့ လိုအပ်တယ်"
"တကယ်လို့ ကုန်သည်များအသင်းက တစ်ယောက်ယောက်က အခြေအနေကို ချိုးဖျက်ချင်တာဆိုရင်တော့ ကျွန်မသူတို့ကို သေချာပေါက်တားဆီးပစ်မယ်" ဒါကို ပြောနေစဉ် ဇီရှန်း၏မျက်လုံးများက အေးစက်နေသည်။
သို့သော် ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက ဇီရှန်း၏စကားလုံးများကနေ အချက်အလက်အနည်းငယ်ကိုသာ အာရုံခံမိသည်။
ပထမက တျန်ကျင်းကုန်သည်များအသင်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင်သာ အစွမ်းထက်ခြင်းမဟုတ်။
သို့စေကာမူ သူတို့အဆင့်နိမ့်ကြယ်နယ်မြေတွင် ရှိစဉ်က တျန်ကျင်းကုန်သည်များအသင်း၏ တည်ရှိမှုကို မသိခဲ့ပေ။
ထို့ကြောင့် တျန်ကျင်းကုန်သည်များအသင်းက အဆင့်မြင့်ကြယ်နယ်မြေတွင် ဖြစ်ရပေမည်။
ဒုတိယသတင်းက ဇီရှန်းက တျန်ကျင်းကုန်သည်များအသင်းကို ကျန်သောအင်အားစုများနှင့် ပူးပေါင်းခြင်းကို မလိုလားပေ။
သူမကဒီနေရာကို ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို ကိုင်တွယ်ရန်အတွက် ရောက်လာခြင်းမဟုတ်ဘဲ ယင်းအစား တျန်ကျင်းကုန်သည်များအသင်းက အတိအကျ ဘာလုပ်ရန် ကြိုးစားနေသလဲဆိုတာကို ရှာဖွေလိုခြင်းဖြစ်ပြီး သူတို့နှင့် ပန်းတိုင်တူသည်။
ထို့ကြောင့် ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက ဇီရှန်းကို အရမ်းသတိမထားကြတော့ပါ။
သူတို့စကားဝိုင်းကနေ ဇီရှန်း အရေးကြီးသည့် သတင်းအပိုင်းအစတစ်ခုကို အတည်ပြုခဲ့သည်။
ဒါက တျန်ကျင်းကုန်သည်များအသင်းက ငရဲဂိုဏ်းနှင့် ပူးပေါင်းဆောင်ရွက်နေနိုင်သည်။
တျန်ကျင်းကုန်သည်များအသင်းက ယဲ့ချိုးပိုင်နှင့်ကျန်သောသူများကို ချမှတ်ထားသော ဝိုင်းရံမှုများရှိသည့် နေရာများဆီသို့ ဆွဲဆောင်ရန်အတွက် ငရဲဂိုဏ်းကို ကူညီခဲ့သည်။
ငရဲဂိုဏ်းက တျန်ကျင်းကုန်သည်များအသင်းကို အကျိုးအမြတ် ဘယ်လောက်များများပေးသလဲဆိုတာ သူတို့မသိကြပါ။
သူတို့ကိုတောင် တုန်လှုပ်စေတာလား!
သူတို့က ကြားနေအခြေအနေကို ချိုးဖျက်ရန်ပင် တုံ့ဆိုင်းမနေစေခဲ့သလို တျန်ကျင်းကုန်သည်များအသင်းကို အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် ကြီးကြပ်ရေးဗိမာန်ဆီက အကျပ်အတည်းကို ရင်ဆိုင်စေရန်ပင် တုံ့ဆိုင်းမနေခဲ့။
ဇီရှန်းလက်ပိုက်ကာပြုံးသည်။
"အခုရှင်တို့ကျွန်မကို ယုံလို့ရပြီမလား"
ယဲ့ချိုးပိုင်ပြုံးရင်း ခေါင်းညိတ်သည်။
"သေချာတာပေါ့"
ထို့နောက် လူတိုင်း ဆေးလုံးဖိုနန်းတော်ကို ကြည့်လိုက်ကြသည်။
ယဲ့ချိုးပိုင် မု၀မ်အာကိုကြည့်သည်။
"သွားကြရအောင်၊ ဒီနေရာက အမွေအနှစ်က မင်းနဲ့သင့်တော်တယ်"
မု၀မ်အာခေါင်းညိတ်ရင်း လူတိုင်းနှင့်အတူ နန်းတော်ရှိရာသို့လျှောက်သွားသည်။
လူတိုင်း နန်းတော်၀င်ပေါက်ကို ရောက်လာသောအခါ တံခါးက အလိုအလျောက် ပွင့်သွားသည်။
အထဲတွင် ဆေးလုံးရနံ့က လေပြင်းတိုက်ခတ်သည့်ပမာ လူတိုင်းထံ ၀င်ရောက်လာနေသည်။
ဒီဆေးလုံးရနံ့ကို အနံ့ခံရုံမျှနှင့် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက သူတို့ကိုယ်ခန္ဓာ၏ လုပ်ဆောင်ချက်မျိုးစုံက တိုးတက်သည့် လက္ခဏာများပြသနေသည်ဟု ခံစားနေရသည်။
သူတို့မရီဒျန်များထဲက ဝိဉာဉ်ချီပင်လျှင် ဆယ်ဆကျော် ပိုမြန်မြန်လည်ပတ်နေသည်။
ဆေးလုံး၏မွှေးကြိုင်မှုသက်သက်သာ ဖြစ်သည့်တိုင် ဒီလိုသက်ရောက်မှုကို ရောက်နေသည်လား!
ဒီလိုဆိုပါက ဒီဆေးလုံးက ဘယ်အဆင့်ကို ရောက်နိုင်နေသနည်း!
ဒီအကြောင်းကိုတွေးနေစရာပင်မလို။ ဒါက သေချာပေါက် ကောင်းကင်အင်မော်တယ်နယ်ပယ်ကို ကျော်လွန်သွားပြီဖြစ်သည့် ဆေးလုံးတစ်လုံးဖြစ်ရပေမည်။
ဒါ့အပြင် ဒီနန်းတော်၏ပိုင်ရှင်က အနည်းဆုံးတော့ နတ်အဂ္ဂိရတ်ဆရာတစ်ဦးဖြစ်လောက်သည်။
အပိုင်း(805) coming။