#နဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖို#
Vol. 57 Ch. 805
အင်မော်တယ်နယ်ပယ်ဆေးလုံးများကို သန့်စင်နိုင်သောသူများက အင်မော်တယ်အဂ္ဂိရတ်ဆရာများဖြစ်သည်။
ဥပမာအားဖြင့် မု၀မ်အာက အင်မော်တယ်အဂ္ဂိရတ်ဆရာဖြစ်သည်။
အင်မော်တယ်ဆေးလုံးများအထက်တွင် နတ်ဆေးလုံးများရှိပြီး နတ်အဂ္ဂိရတ်နယ်ပယ်ကို ရောက်လိုပါက အဂ္ဂိရတ်ပညာကို တိုးတက်အောင် လုပ်ရန်လိုအပ်သလို အခြေခံအဖြစ် လုံလောက်သည့်ဝိဉာဉ်ချီနှင့် အင်မော်တယ်ချီလိုအပ်သည်။ မဟုတ်ပါက ဒါကမဖြစ်နိုင်ပေ။
ဆိုလိုတာက မု၀မ်အာ နတ်အဂ္ဂိရတ်ဆရာနယ်ပယ်ကို အောင်မြင်စွာ မတက်လှမ်းသေးခင် ကောင်းကင်အင်မော်တယ်နယ်ပယ်အထက်က နတ်ဘုရားနယ်ပယ်ကို ရောက်ရန် လိုအပ်သည်။
သူမအထဲ၀င်သောအခါ နန်းတော်ထဲက မြင်ကွင်းကိုမြင်လိုက်ရသည်။
ဒါကအထူးတန်ဖိုးကြီးပုံမရသော်လည်း တည်ဆောက်ရန်အတွက် သုံးထားသည့် ပစ္စည်းကိရိယာများက အဂ္ဂိရတ်ဆဂာများအတွက် အတော်လေးအကျိုးရှိသည်။
ဆိုလိုတာပါက အခန်းများစွာမရှိပုံပေါ်သည့် ဒီဆေးလုံးဖိုနန်းတော်က ဧရာမဆေးလုံးဖိုကြီးတစ်လုံးဖြစ်သည်။
ဆေးလုံးဖို၏ပုံသဏ္ဍာန်က ဒီဧရာမနန်းတော်နှင့် ဆင်တူသည်။
တစ်ချိန်တည်းမှာပင် ဆေးလုံးဖိုအနားတွင် ရစ်ပတ်နေသည့် နတ်ဘုရားပမာမီးတောက်နီနဂါးကိုးကောင်လည်းရှိသည်။
မု၀မ်အာ ဆေးပြင်းဖိုကြောင့် ဆွဲဆောင်ခံလိုက်ရပုံရပြီး ရှေ့သို့လျှောက်သွားမိသည်။
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများကမူ ဖိုနေရာ၌ပင် ရပ်နေပြီး ရှေ့မသွားကြပေ။
မည်သို့ပင်ဆိုစေကာမူ ဒါက မု၀မ်အာ၏ အိမ်ကွင်းပေတည်း။
အင်မော်တယ်အဂ္ဂိရတ်ဆရာဖြစ်သည့် မု၀မ်အာသာလျှင် ဒီအမွေအနှစ်ကို ရရန်အတွက် အခွင့်အလမ်းရှိသည်။
မု၀မ်အာ ဆေးပြင်းဖိုရှေ့သို့ လျှောက်သွားနေစဉ် ရုတ်တရက် ဆေးလုံးဖိုအထက်၌ စာလုံးရေအနည်းငယ် ပေါ်လာသည်။
အကြောင်းအရာများက အောက်ပါအတိုင်းဖြစ်သည်။
ဒီဆေးပြင်းဖိုက နဂါးကိုးကောင်နတ်အသွင်ပြောင်း ဆေးပြင်းဖိုဖြစ်ပါတယ်!
ငါ့အမွေအနှစ်ကို ရယူလိုသူတိုင်းက နဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖိုကို သုံးပြီး ကောင်းကင်အင်မော်တယ်အဆင့် ဆေးလုံးတစ်လုံး သန့်စင်ရမယ်!
ဆေးလုံးက အညစ်အကြေးကင်းစင်ရမယ်၊ ဘာဘေးထွက်ဆိုးကျိုးမှလည်း မရှိရဘူး!
အဲဒီအချိန်ကျရင် ဒီနဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖိုနဲ့ ဒီအခြေအနေတွေကို ဖြည့်ဆည်းပြီး ဆေးလုံးကို အောင်မြင်စွာ သန့်စင်နိုင်သရွေ့ ငါ့အမွေအနှစ်ကို ရနိုင်မယ်!
မု၀မ်အာနောက်က ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကလည်း ဒီစကားလုံးများကိုမြင်သဖြင့် ဇီရှန်း သိချင်စိတ်ဖြင့်မေးသည်။
"ရှင့်တို့ရဲ့ဂျူနီယာညီမက ကောင်းကင်အင်မော်တယ်အဆင့်ဆေးလုံးကို သန့်စင်နိုင်လား"
မု၀မ်အာ၊ ဟုန်ရင်၊ ရှီရှန်းနှင့် နင်းချန်ရှင်းတို့က အလယ်အလတ်အဆင့်ကြယ်နယ်မြေကို ရောက်ခါစရှိသေးသဖြင့် အလယ်အလတ်အဆင့်ကြယ်နယ်မြေက အစွမ်းထက် တျန်ကျင်းကုန်သည်များအသင်းပင်လျှင် သူတို့အကြောင်း သတင်းအချက်အလက်များစွာ မရနိုင်ခဲ့ပေ။
ဒါ့အပြင် မု၀မ်အာက အရမ်းငယ်ရွယ်သေးသည်။
အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် ကောင်းကင်အင်မော်တယ်အဆင့် ဆေးလုံးကို အောင်မြင်စွာသန့်စင်နိုင်သည့် လူအရေအတွက်ကို ကောင်းကင်အဆောင်သခင်များကဲ့သို့ပင် လက်တစ်ဖက်နှင့်ပင် ရေတွက်နိုင်သည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများပြုံးသည်။
"ဒါကသူ့အတွက် မခက်ခဲပါဘူး"
ဇီရှန်းအံ့ဩသင့်တကြီးပြောသည်။
'အညစ်အကြေး ဒါမှမဟုတ် ဘေးထွက်ဆိုးကျိုးမရှိတဲ့ ကောင်းကင်အင်မော်တယ်အဆင့်ဆေးလုံးဆိုတာ ကောင်းကင်ဘုံကို တက်လှမ်းသလိုပဲ အရမ်းခက်ခဲတယ်"
မု၀မ်အာအတွက် ကောင်းကင်အင်မော်တယ်အဆင့်ဆေးလုံးက ခက်ခဲသည့်အလုပ်မဟုတ်ပါ။
သူမကိုယ်တိုင် တီထွင်ဖန်တီးခဲ့သည့် ဆေးလုံးများအကြား ကောင်းကင်အင်မော်တယ်အဆင့်များပင် ရှိသည်မဟုတ်ပေလော။
ဒါပေမယ့် ဒါကတကယ်ပဲ စမ်းသပ်မှုရဲ့ အတိုင်းအတာလား!
ဒီအမွေအနှစ်က နတ်အဂ္ဂိရတ်ဆရာတစ်ဦး ချန်ထားခဲ့ခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် မု၀မ်အာနှလုံးသားထဲက သံသယများကလည်း အလားတူပင်။
သူမက ဒီဆေးပြင်းဖိုကို အညစ်အကြေး ဘေးထွက်ဆိုးကျိုးမရှိသည့် ကောင်းကင်အင်မော်တယ်အဆင့်ဆေးလုံးတစ်လုံး သန့်စင်ရန်အတွက်သာ သုံးရမည်ဆိုပါက ဒါကအရမ်းလွယ်ကူရိုးရှင်းသည်။
မု၀မ်အာ၏ အဂ္ဂိရတ်ဆိုင်ရာအတွေးများက လုချန်ရှန်း၏ ဩဇာလွှမ်းမိုးမှုအောက်တွင် တဖြည်းဖြည်းစိတ်ထဲ စွဲမှတ်နေလေပြီ။
အကယ်၍ ဆေးလုံးတစ်လုံးတွင် အညစ်အကြေးနှင့် ဘေးထွက်ဆိုးကျိုးများ ရှိမည်ဆိုပါက ဒါကို ဆေးလုံးတစ်လုံးဟုပင် ခေါ်ထိုက်မည်လား။ မဟုတ်ပါ။ ဒါက အမှိုက်သာဖြစ်သည်။
အကယ်၍ တစ်ခြားအဂ္ဂိရတ်ဆရာများသာ ဒါကိုကြားမည်ဆိုပါက သူတို့သွေးအဆီအနှစ် သုံးလီတာခန့် အန်ထုတ်မိကြပေလိမ့်မည်။
သူတို့ ပြန်လည်ကုသနိုင်သည့် ဆေးလုံးများကို သန့်စင်နေသရွေ့ ဘေးထွက်ဆိုးကျိုးများ မရှိပါက အဆင်ပြေပါသည်။
သို့စေကာမူ ဒါက သူတို့ကျင့်ကြံခြင်းနယ်ပယ်ကို တိုးမြှင့်ပေးသည် သို့မဟုတ် ကျင့်ကြံခြင်းကို တိုးပေးသည့် ဆေးလုံးတစ်လုံးဆိုပါက ဘယ်လိုလုပ် ဘေးထွက်ဆိုးကျိုး မရှိဘဲနေမည်နည်း။
ဒါက အနာဂတ်တွင် ပိုမြင့်မားသည့် နယ်ပယ်တစ်ခုကို ချိုးဖျက်သောအခါ အချုပ်အနှောင်များကို ချိုးဖျက်ရန်နှင့် ဆေးလုံးများကို အားကိုးရန်အတွက် ပို၍ပင် ခက်ခဲစေလိမ့်မည်။
သို့စေကာမူ ဒါက ဆေးပြင်းဖိုတစ်လုံးရှိပြီး အနာဂတ်တွင် ချိုးဖျက်မှုများအပေါ် သက်ရောက်နိုင်သည့် မလုံလောက်သည့် အတွေ့အကြုံကလွဲ၍ ဘေးထွက်ဆိုးကျိုးမရှိဘဲ ရွေးချယ်နိုင်သည့် လုချန်ရှန်းနှင့်တော့ လုံး၀ကွဲပြားပါသည်။
မု၀မ်အာ နဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖိုကို ကြည့်ရင်း အနည်းငယ် တွေးနေသည်။
ဖြစ်နိုင်တာက ဒါက ဒီဆေးပြင်းဖိုရဲ့ လျှို့ဝှက်ဆန်းကြယ်မှုများလား!
ဒါကိုတွေးမိသောအခါ မု၀မ်အာ၏ ပထမအတွေးက ဘယ်လိုဆေးလုံးမျိုးကို သန့်စင်ရမလဲဆိုတာကိုပင်။
ဒါတွင် ဘေးထွက်ဆိုးကျိုးလည်း မရှိသင့်သလို တစ်ချိန်တည်းမှာပင် အညစ်အကြေးလည်းမရှိသဖြင့် မု၀မ်အာ၏ အကောင်းဆုံးဖြစ်သည့် ပြန်လည်အားဖြည့်ဆေးလုံးကို သန့်စင်ခြင်းက ပိုကောင်းသည်။
မည်သို့ပင်ဆိုစေကာမူ ဂိုဏ်းထဲတွင် အစကနေ၀င်ရန်အတွက် မု၀မ်အာ ပြန်လည်အားဖြည့်ဆေးလုံးများကို သုံးခဲ့သည်။
ပစ္စည်းများကို ထုတ်ပြီးနောက် သူမအဆင့်များအတိုင်း လုပ်ဆောင်ကာ ဆေးလုံးဖိုထဲတွင် ပါ၀င်ပစ္စည်းများကိုထည့်သည်။
သူမအနှစ်သာရကို သန့်စင်ရန်အတွက် မီးတောက်ကို ထုတ်လွှတ်တော့မည့်အချိန်တွင် မု၀မ်အာထုတ်လွှတ်သည့် မီးတောက်များကို ဆေးမီးဖိုတစ်ဝိုက်၌ ရစ်ပတ်နေသည့် မီးနဂါးကိုးကောင်က ချက်ချင်းဝါးမြိုသွားခဲ့သည်။
ဆေးလုံးဖို၏အပူချိန်က လုံး၀မြှင့်တက်မလာခဲ့ပေ။
ဒီလိုဆိုရင် ဒီပစ္စည်းတွေကို ငါဘယ်လိုလုပ်သန့်စင်ရတော့မလဲ!
မု၀မ်အာ အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။
တကယ်တမ်းတွင် ဒီဆေးလုံးဖိုက မရိုးရှင်းပေ။ ဆေးလုံးဖိုက ပိုကောင်းလေလေ နောက်ဆုံးထုတ်ကုန်နှင့် ဆေးလုံးကို သန့်စင်သည့် လုပ်ငန်းစဉ်က ပိုကောင်းလေလေဖြစ်သည်။
သို့စေကာမူ ဆေးလုံးဖိုက ပိုကောင်းလေလေ၊ ထိန်းချုပ်ရန် ပိုခက်ခဲလေလေပင်။
ဆေးလုံးဖိုကို မထိန်းချုပ်နိုင်ခြင်း၏ အကျိုးဆက်များက မု၀မ်အာရင်ဆိုင်နေရသည့် ဆေးလုံးဖိုထဲတွင် ပစ္စည်းများကို သန့်စင်ရန်အတွက် အသက်သွင်းနိုင်မည်မဟုတ်သလို ဆေးလုံးဖိုကို ကောင်းကောင်းမထိန်းချုပ်နိုင်သဖြင့် ပေါက်ကွဲသွားခြင်းပင်။
ထိန်းချုပ်မှု!
တစ်နည်းအားဖြင့် သူမ ဆေးလုံးဖို၏ အသိအမှတ်ပြုမှုကို ရရန်လိုအပ်သည်။
မု၀မ်အာပင်လျှင် ထိန်းချုပ်ရန်ခက်ခဲသည့် ဆေးလုံးဖို၏အဆင့်က အမြဲလိုလိုဉာဏ်ရည်အရိပ်အယောင်တစ်ခု ရှိရပေမည်။
သူမ ဆေးလုံးဖို၏အသိအမှတ်ပြုမှုကို မရပါက ဒါကိုသုံးနိုင်မည်မဟုတ်ပါ။
ဒီလိုဆိုရင် သူမဘာလုပ်သင့်သနည်း!
မု၀မ်အာ ဆေးလုံးဖိုရှေ့တွင် တင်ပလ္လင်ခွေထိုင်ပြီးနောက် လက်ကိုဆန့်ထုတ်ကာ ဆေးလုံးဖိုပေါ် တင်လိုက်သည်။
သူမမျက်လုံးမှိတ်ပြီးနောက် အော်ရာအမျှင်တန်းက မု၀မ်အာ၏လက်ကနေတဆင့် ဆေးလုံးဖိုထဲ ၀င်သွားသည်။
နောက်တွင် ရှီရှန်း ဒီမြင်ကွင်းကို မြင်သောအခါ သိချင်စိတ်ဖြင့်မေးလိုက်သည်။
"ညီမလေး၀မ်အာ၊ မင်းဘာလုပ်နေတာလဲ"
ဇီရှန်းရှင်းပြသည်။
"ဆေးလုံးဖိုရဲ့အဆင့်က ပိုမြင့်လေလေ၊ ထိန်းချုပ်ဖို့ ပိုခက်ခဲလေလေပဲ"
"ဒီဆေးပြင်းဖိုက ဉာဏ်ရည်ပိုင်ဆိုင်ထားမှာကို ကျွန်မကြောက်မိတယ်၊ ဒီလိုသာဆိုရင် ဒါကို ထိန်းချုပ်ဖို့အတွက် ပထမဆုံး ခွင့်ပြုချက်ကို ရယူဖို့လိုတယ်"
သို့စေကာမူ ဒီဆေးပြင်းဖိုကလည်း ဇီရှန်း၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။
ဒီအဆင့်ဆေးလုံးဖိုက အလယ်အလတ်အဆင့်ကြယ်နယ်မြေမှာ တကယ်ပေါ်လာတာလား!
ဒီအဆုံးမဲ့ပင်လယ်ဒေသက တကယ်စိတ်၀င်စားစရာပဲ!
ရုတ်တရက် ဇီရှန်း သတင်းကို တွေးမိသွားသည်။
အဆုံးမဲ့ပင်လယ်ဒေသ၊ ရဂ်နာရောခ့်!
အဆုံးမဲ့ပင်လယ်ဒေသက အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုတည်းရဲ့ စစ်မြေပြင်ပဲ မဟုတ်လောက်ဘူးလား!
"ဒါက...."
ဇီရှန်းအနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။
"ဆေးလုံးဖိုကို အပြည့်အ၀ထိန်းချုပ်လို့ မရတဲ့အခြေအနေမှာ အညစ်အကြေးနဲ့ ဘေးထွက်ဆိုးကျိုးမရှိတာကို သေချာအောင် လုပ်ရဖို့ဆိုတာကတော့ အလယ်အလတ်အဆင့် ကြယ်နယ်မြေတစ်ခုလုံးမှာ လယ်သူမှ ဒါကို မလုပ်နိုင်ဘူး"
ရှီရှန်းပြုံးသည်။
"ညီမလေး၀မ်အာကတော့ လုပ်နိုင်တယ်"
ဇီရှန်းလှမ်းကြည့်ကာ အပြုံးဖြင့်မေးသည်။
"ကြည့်ရတာ ရှင့်ညီမလေးကို ရှင့်အရမ်းယုံကြည်ပုံပဲ"
ရှီရှန်းတုံ့ဆိုင်းမနေဘဲ ဖြေသည်။
"ညီမလေး၀မ်အာရဲ့ အဂ္ဂိရတ်ပညာအပေါ် စိတ်အားထက်သန်မှု၊ ကြိုးစားမှုနဲ့ ပါရမီက အရမ်းသိသာနေတာပဲလေ"
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများကလည်း ခေါင်းညိတ်ကြသည်။
မု၀မ်အာက သူတို့ဆရာ၏ အဂ္ဂိရတ်ပညာကို ဆက်ခံသော တစ်ဦးတည်းသောသူဖြစ်သည်။
အပိုင်း(806) coming။