← Chapters

#ပထမစမ်းသပ်မှု၊ မီးထိန်းချုပ်ခြင်း#

Vol. 57 Ch. 806

#ပထမစမ်းသပ်မှု၊ မီးထိန်းချုပ်ခြင်း#

Vol. 57 Ch. 806

လက်နက်များနှင့်ချပ်၀တ်များက အဆင့်တစ်ခုကို ရောက်သွားသောအခါ အသိဉာဏ်ဖွံ့ဖြိုးလာနိုင်သည်။ ထို့နောက် ဝိဉာဉ်ပစ္စည်းဖြစ်လာမည်ဖြစ်သည်။

ဝိဉာဉ်တစ်ခုပေါ်လာပြီး ကိုယ်ပိုင်အသိစိတ်ရှိလာသည်နှင့် ၎င်းက လက်နက်များနှင့် ချပ်၀တ်ကိုပင် ထိန်းချုပ်နိုင်သည်။ ဒီအဆင့်ကို ရောက်ရန် အနည်းဆုံးတော့ အင်မော်တယ်ပစ္စည်းအဆင့်အထက်က နတ်ပစ္စည်းတစ်ခု ဖြစ်ရပေမည်။

နဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖိုက နတ်ပစ္စည်းတစ်ခုအဆင့်ကို ရောက်နေသည်မှာ သိသာထင်ရှားနေသည်။

နဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖိုထဲက ဖိုဝိဉာဉ်၏ အသိအမှတ်ပြုမှုကို ရမှသာလျှင် မု၀မ်အာ ဒီနတ်ပစ္စည်းကို ထိန်းချုပ်ကာ ဆေးလုံးများသန့်စင်ရန်အတတွက် အသုံးပြုနိုင်မည်။

မု၀မ်အာ နဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖိုကိုလက်နှင့် ညင်သာစွာ ထိသောအခါ ဝိဉာဉ်စွမ်းအားအမျှင်စတစ်ခုက သူမလက်မောင်းကနေ ဖြတ်သန်းစီးဆင်းကာ နဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖိုထဲသို့ စီး၀င်သွား၏။

ရုတ်ချည်းဆိုသလို မု၀မ်အာ၏ ဝိဉာဉ်စွမ်းအားအမျှင်တန်းက ခုခံ၍မရနိုင်သည့် အားတစ်ခုကြောင့် မီးပင်လယ်တစ်ခုထဲသို့ ဆွဲယူခံလိုက်ရပုံရသည်။

မု၀မ်အာ၏ဝိဉာဉ်က လှည့်ပတ်ကြည့်နေသည်။

ကောင်းကင်၊ မြေကြီး၊ သို့မဟုတ် ဘေးပတ်ပတ်လည်ဖြစ်စေ အားလုံးက တောက်ပသောမီးတောက်များ၏ ဖုံးလွှမ်းထားခြင်းကို ခံနေရသည်။

ဒါက နဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖို၏ အတွင်းပိုင်းဖြစ်ပြီး ဖိုဝိဉာဉ်နေထိုင်သည့် နေရာဆိုတာ သိသာထင်ရှားနေသည်။

မု၀မ်အာရှေ့တွင် စုတ်ပြတ်သတ်နေသည့် အ၀တ်များနှင့် အဖိုးအိုတစ်ဦး မု၀မ်အာကို ကျောပေးရင်း မိန်းမောတွေဝေနေသည့်အလားရှိနေပြီး မီးပင်လယ်ကို ကြည့်နေသည်။

ဒါကိုမြင်သောအခါ မု၀မ်အာသူ့ကို မနှောင့်ယှက်တော့ပါ။

သူမကလည်း မြေပေါ်တွင် တင်ပလ္လင်ခွေထိုင်ရင်း စိတ်ကို တည်ငြိမ်အောင်လုပ်သည်။

အဖိုးအိုက အမည်မသိအချိန်တစ်ခုအထိ ကြာသွားသည့်တိုင် တောက်ပသည့် မီးပင်လယ်အောက်၌ တုတ်တုတ်လေးမျှပင် မလှုပ်။

သူက သေဆုံးနေပြီဖြစ်သည့်အလား အသက်ပင်မရှူပါ။

မု၀မ်အာကလည်း လုံး၀မလှုပ်ရှားပေ။ သူမဝိဉာဉ်ကနေ ဖန်တီးထားသည့် ခန္ဓာကသာလျှင် စတင်မြှင့်လိုက်နိမ့်လိုက်ဖြစ်လာသည်။

မီးပင်လယ်၏အပူချိန်က အလွန်အမင်း ပြင်းထန်သည်။

မု၀မ်အာအဖို့ သူမ၏ဝိဉာဉ်ခွန်အားနှင့် ဒီနေရာ၌ လွတ်လွတ်လပ်လပ်ကူးခတ်ပြီး အလိုရှိသလို နေထိုင်ရန်ဟူသည် မဖြစ်နိုင်တာ ရှင်းပါသည်။

သို့စေကာမူ ပူပြင်းလှသည့် မီးပင်လယ်အောက်၌ မု၀မ်အာ၏ စိတ်အခြေအနေက တည်ငြိမ်နေသေးသည်။ သူမတွင် နောက်ဆုတ်ရန်အတွက် ရည်ရွယ်ချက် လုံး၀မရှိပါ။

ထိုအချိန်တွင် အချိန်အကြာကြီးမလှုပ်ရှားခဲ့သည့် အဖိုးအိုက အမှန်တကယ်ထရပ်လာခဲ့သည်။

သူထရပ်လိုက်သောအခါ သူ့တစ်ကိုယ်လုံးမှ အက်ကွဲသံများကိုပင် ကြားနေရပြီး အဖိုးအိုလှည့်ကာ မု၀မ်အာအား မျက်နှာချင်းဆိုင်ရင်း အေးစက်စွာကြည့်သည်။

"ကောင်းပြီ၊ ထတော့၊ ကိုယ့်ကိုကိုယ် တွန်းအားပေးမနေနဲ့တော့"

ဒါကိုကြားသောအခါ မု၀မ်အာထရပ်သည်။

"မင်းအမွေအနှစ်ကို လိုချင်တာလား" မု၀မ်အာတုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်သည်။

"မင်းငါ့ကို ထိန်းချုပ်ချင်တာလား" မု၀မ်အာခေါင်းညိတ်ပြန်သည်။

ဒါကိုမြင်သော် ဖိုဝိဉာဉ်ပြောသည်။

"မင်းပါရမီက တကယ်တော့မဆိုးပါဘူး၊ ဒီလိုငယ်ရွယ်တဲ့ အသက်အရွယ်မှာတောင် မင်းမှာ ကောင်းကင်အင်မော်တယ်အဆင့် ဆေးလုံးတွေကို ဖန်တီးနိုင်တဲ့ စွမ်းအားရှိနေပြီ"

"ဒါပေမယ့် ကောင်းကင်အင်မော်တယ် အဂ္ဂိရတ်ဆရာတစ်ယောက်အနေနဲ့ မင်းငါ့ကို ထိန်းချုပ်နိုင်မယ်လို့ တွေးနေတာဆိုရင်တော့ ဒါကအရမ်းတုံးအလွန်းနေပြီ"

မု၀မ်အာဒါကိုကြားသောအခါ ပြောလာသည်။

"စီနီယာ၊ စီနီယာ့မှာ ဘယ်လိုစမ်းသပ်မှုတွေ ရှိသလဲဆိုတာကိုပဲ ကျွန်မကိုပြောပါ၊ တကယ်လို့ ကျွန်မသာ မကျော်ဖြတ်နိုင်ဘူးဆိုရင် စီနီယာကျင့်ကြံတာကို မနှောင့်ယှက်ဘဲ ဒီနေရာကနေ ကိုယ်တိုင်ထွက်သွားမယ်"

ဖိုဝိဉာဉ်ကခေါင်းညိတ်သည်။

"မင်းမှာ အသိတရားရှိသားပဲ၊ ဒီလိုဆိုမှတော့ ငါမင်းကိုအခွင့်အရေးတစ်ခုပေးမယ်"

"မင်းငါ့ကိုထိန်းချုပ်ချင်တယ်ဆိုရင် ဆေးလုံးဖိုကိုမသုံးဘဲ ဒီမီးပင်လယ်ကိုသုံးပြီး သင့်တော်တဲ့ဆေးလုံးတစ်လုံး သန့်စင်ရမယ်"

မု၀မ်အာကြက်သေသေသွားသည်။

"သင့်တော်တဲ့ဆေးလုံး၊ စီနီယာ၊ ဆေးလုံးအဆင့်ကို ကန့်သတ်တာမျိုးရော"

မု၀မ်အာ၏ မေးခွန်းကိုကြားသောအခါ ဖိုဝိဉာဉ်မှာ လှောင်ပြောင်စွာရယ်မောသည်။

"အဆင့်ကိုကန့်သတ်ထားရမယ်၊ မင်းအတွက် ဒီမီးပင်လယ်ကိုသုံးပြီး ဆေးလုံးတစ်လုံးကို အောင်အောင်မြင်မြင်နဲ့ သန့်စင်ဖို့ဆိုတာကတောင် အတော်လေးခက်ခဲနေပြီ၊ မင်းဒါကိုကျော်ဖြတ်ပြီးတဲ့အခါကျမှ နောက်ထပ်စမ်းသပ်မှုအကြောင်း ပြောကြတာပေါ့"

ထို့နောက် ဖိုဝိဉာဉ်က မု၀မ်အာကို လျစ်လျူရှုကာ ပြန်လည်ထိုင်လိုက်လေသည်။

မု၀မ်အာ ပတ်ပတ်လည်က မီးပင်လယ်ကို ကြည့်လိုက်၏။

ဖိုဝိဉာဉ်က သူမဆေးလုံးသန့်စင်ရန်အတွက် ဆေးလုံးဖိုကို အသုံးမပြုနိုင်ဘဲ ဒီနေရာက မီးပင်လယ်ကိုသာ သုံးရမည်ဟု ဆိုထားသည်။

အဆင့်နှင့်အရည်အသွေး လိုအပ်ချက်ဟူ၍ မရှိလေရာ ဆေးလုံးတစ်လုံးဖြစ်နေသရွေ့ အဆင်ပြေပါသည်။

မု၀မ်အာစိတ်ရှုပ်ထွေးနေသည်။ ဒါက အရမ်းမရိုးရှင်းလွန်းဘူးလား!

သို့သော် မု၀မ်အာ စတင်ကြိုးစားသောအခါမှသာ ဘာကြောင့် ဖိုဝိဉာဉ်က ဒီလိုအရာမျိုးကို ပြောခဲ့ရသလဲဆိုတာ သူမနားလည်လာရသည်။

မု၀မ်အာ ပါ၀င်ပစ္စည်းများ၏ အဆီအနှစ်ကို သန့်စင်ရန်အတွက် မီးပင်လယ်ကို ထိန်းချုပ်တော့မည့်အခိုက် မီးပင်လယ်၏ ရက်စက်ကြမ်းကြုတ်မှုက မု၀မ်အာ၏ စိတ်ကူးထက်ပင် သာလွန်နေသည်။

သူမမီးကို ထိန်းပင်မထိန်းချုပ်နိုင်။

မီးပင်လယ်က ပစ္စည်းများနှင့် ထိတွေ့သည့် အခိုက်အတန့်၌ အဆီအနှစ်ကို မဆိုထားနဲ့၊ မည်သည့်အမှုန်အမွှား၊ အညစ်အကြေးဟူ၍ပင် မကျန်ရှိခဲ့ပေ။

ဖိုဝိဉာဉ် ဒီမြင်ကွင်းကိုမြင်သောအခါ နှာခေါင်းရှုံ့ရင်း ခေါင်းခါယမ်းသည်။

"ထင်ထားတဲ့အတိုင်းပဲ ဒီနေ့ခေတ်အချိန်အခါရဲ့ ကျင့်ကြံသူတွေက အရမ်းအားနည်းနေတုန်းပဲ....."

.....

အချိန်များက တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားသည်။

မု၀မ်အာ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ အကာအကွယ်အောက်တွင် နဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖိုရှေ့၌ မျက်လုံးမှိတ်ကာ ထိုင်နေသေးပြီး သူမဝိဉာဉ်က ဖိုထဲတွင် လှည့်ပတ်နေသည်။

နဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖိုအတွင်း၌ ခုနှစ်ရက်ကုန်ဆုံးသွားပြီးနောက် မု၀မ်အာ မီးပင်လယ်၏ ဦးတည်ရာကို ထိန်းချုပ်နိုင်နေလေပြီ။ သို့စေကာမူ သူမမီးကို တိကျစွာမသုံးနိုင်သေးသဖြင့် ပစ္စည်းများ၏ အဆီအနှစ်ကို ပြီးပြည့်စုံအောင် မပေါင်းစပ်နိုင်သေးပါ။

မု၀မ်အာ မကျေမနပ်ဖြစ်နေသေးပြီး ဆက်လက်ကြိုးစားနေသည်။

သို့စေကာမူ ဘေးကနေကြည့်နေသည့် ဖိုဝိဉာဉ်မှာ သူမကို အထင်အမြင်သေးနေတာကို ရပ်လိုက်ရတော့သည်။

ခုနှစ်ရက်အတွင်းမှာပင် သူမမီးကို ထိန်းချုပ်နိုင်နေလေပြီ။ ဒီမီးထိန်းချုပ်ခြင်းပါရမီက အတော်လေးကြောက်စရာကောင်းသည်ဟု ဆို၍ရသည်။

အဂ္ဂိရတ်ဆရာတစ်ယောက်ဖြစ်လိုပါက တည်ငြိမ်သည့် စိတ်အခြေအနေတစ်ခုကို လိုအပ်သည်သာမက ဆေးဘက်ဝင်ပစ္စည်းများနှင့် သန့်စင်ခြင်းအလေ့အကျင့်၌ ထိန်းချုပ်နိုင်စွမ်းကိုလည်း လိုအပ်သည်။ တစ်ချိန်တည်းမှာပင် မီးကိုထိန်းချုပ်သည့် စွမ်းရည်ကလည်း အတော်လေးအရေးပါသည်။

ဆေးလုံးအဆင့်ကပိုမြင့်လေလေ၊ ဆေးလုံးကန့်သတ်ချက်အတွက် လိုအပ်ချက်များက ပိုများလေလေဖြစ်သည်။

အကယ်၍ မီးထိန်းချုပ်မှုကသာ မတိကျနေပါက ပြဿာနာများရှိလာမည်ဖြစ်ကာ အဆင့်မြင့်ဆေးလုံးများကို သန့်စင်ရင်း ထပ်ခါတလဲလဲ ကျရှုံးနေရပေလိမ့်မည်။

ဖိုဝိဉာဉ်စိတ်ကူးယဉ်ထားသည့် အဆင့်မြင့်ဆေးလုံးများဟူသည် အနည်းဆုံးနတ်ဆေးလုံးများပေတည်း။

......

နောက်ထပ်ကိုးရက်ကုန်ဆုံးသွားပြီးနောက်နဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖိုထဲတွင် မု၀မ်အာ ရုတ်တရက် အော်ဟစ်လိုက်လေသည်။

"ဆေးလုံးပြီးသွားပြီ"

သူမရှေ့၌ မီးတောက်များကနေတစ်ဆင့် သိပ်သည်းထားသည့် ဆေးပြင်းဖို၌ အစိမ်းရောင်အလင်းအမျှင်စတစ်ခုက တဖျပ်ဖျပ် လင်း၀င်းနေသည်။

မု၀မ်အာ လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သောအခါ မီးကပျောက်ကွယ်သွားပြီး ဆေးပြင်းဖိုကလည်း ပျောက်သွားသည်။

အထဲကဆေးလုံးက မု၀မ်အာလက်ထဲတွင် ညင်သာစွာ ကျဆင်းလာကာ မု၀မ်အာ သဘာ၀မကျသည့် အမူအရာဖြင့် ဖိုဝိဉာဉ်လက်ထဲသို့ ပေးလိုက်၏။

"ဒါက ကျွန်မ ပထမစမ်းသပ်မှုကို ဖြတ်ကျော်သွားပြီလို့ ဆိုလိုတာပဲမလား" သူမမေးလိုက်သည်။

ဖိုဝိဉာဉ်က လက်ထဲက ဆေးလုံးကို ကြည့်သည်။ ဆေးလုံးထဲတွင် အညစ်အကြေးဟူ၍ အရမ်းနည်းပါးလွန်းပြီး ဒါကိုလျစ်လျူရှုထား၍ပင်ရသည်။

မီးထိန်းချုပ်ခြင်းကို တတ်ကျွမ်းပြီးနောက် သူမအဖို့ ဒီအဆင့်ကို ရောက်နိုင်ခြင်းကပင် အတော်လေးကြောက်စရာ ကောင်းနေလေပြီ။

"မင်းမှာပါရမီရှိရင်တောင် မီးထိန်းချုပ်မှုကို ဒီလောက်မြန်မြန် တတ်ကျွမ်းဖို့ဆိုတာက မဖြစ်နိုင်ဘူး" ဖိုဝိဉာဉ် မှတ်ချက်ပေးသည်။

"မင်းအရင်က ဒါကိုလေ့ကျင့်ခဲ့ဖူးလား၊ ဒါမှမဟုတ် မီးထိန်းချုပ်မှုကို အမွေဆက်ခံခဲ့ဖူးလား"

မု၀မ်အာ တစ်ခဏမျှတွေးပြီးနောက် ခေါင်းခါယမ်းသည်။

"ဟင့်အင်း၊ ကျွန်မအကြိမ်ရေများစွာ ကြည့်ဖူးထားရုံပါပဲ"

မင်းအကြိမ်ရေများစွာ မြင်တွေ့ဖူးထားတာလား!

ဖိုဝိဉာဉ် မျက်ခုံးပင့်လိုက်မိသည်။

ထို့နောက်မု၀မ်အာဆက်ပြောသည်။

"ကျွန်မဆရာဆေးလုံးသန့်စင်တိုင်း ကျွန်မဘေးကနေ အမြဲကြည့်နေခဲ့တာပါ"

လုချန်ရှန်း၏ ဆေးလုံးသန့်စင်နည်းက အတော်လေးရိုးရှင်းပြီး ကြမ်းတမ်းသည်။

သို့စေကာမူ ဒါကလည်း တိကျသည့်ထိန်းချုပ်မှုအပေါ် မှီခိုထားနေရဆဲမဟုတ်ပေလော။

"ကျွန်မရဲ့လက်ရှိ မီးထိန်းချုပ်မှုစွမ်းရည်က ဆရာ့အဆင့်ကို မရောက်နိုင်တာတစ်ခုပါပဲ..."

အပိုင်း(807) coming။

All Chapters