#ရဂ်နာရော့ခ်#
Vol. 57 Ch. 807
အများကြီးမြင်ဖူးထားတာလား!
ထို့နောက်မှသာ ဖိုဝိဉာဉ်က ညင်သာစွာ ခေါင်းညိတ်သည်။
"ဒါကပုံမှန်ပါပဲ၊ မင်းကြည့်ရှုလေ့လာနေခဲ့တဲ့ အဂ္ဂိရတ်ပညာရှင်မှာ ပစ္စည်းတွေကို ထိန်းချုပ်ဖို့အတွက် အတော်လေးထူးချွန်တဲ့ စွမ်းရည်ရှိရမယ်၊ ဒါကြောင့်လည်း မင်းရဲ့မသိစိတ်က မီးထိန်းချုပ်မှုရဲ့ အဆင့်တစ်ခုကို ရောက်သွားခဲ့ရတာပဲ"
"ဒါပေမယ့် မင်းစမ်းသပ်မှုကို အောင်မြင်ပါတယ်"
မု၀မ်အာမေးလိုက်သည်။
"စီနီယာ၊ နောက်ထပ်စမ်းသပ်မှုကရော"
"နောက်ထပ်စမ်းသပ်မှု" မု၀မ်အာ ယခုလေးတင် ပေးလာသည့် ဆေးလုံးကို ဖိုဝိဉာဉ် လက်ဝှေ့ယမ်းလိုက်၏။
"မင်းနောက်ထပ်စမ်းသပ်မှုကို ကြိုတင် အောင်မြင်သွားခဲ့ပြီ၊ နောက်ထပ်စမ်းသပ်မှုက ၁၀ရာခိုင်နှုန်း အညစ်အကြေးပဲရှိတဲ့ ကောင်းကင်အင်မော်တယ်ဆေးလုံးတစ်လုံးကို သန့်စင်ဖို့အတွက် မီးပင်လယ်ကို ထိန်းချုပ်ဖို့ မင်းစွမ်းရည်ကို အသုံးပြုခြင်းပဲ"
"ဒီတော့ မင်းရဲ့ဒီပြန်လည်အားဖြည့်ဆေးလုံးက တာ၀န်ရဲ့ပန်းတိုင်ကို ရောက်ရှိသွားတာ ရှင်းနေပြီပဲလေ"
မု၀မ်အာအနည်းငယ်အံ့ဩသင့်သွား၏။
"ဒီလိုဆိုရင် ကျွန်မစမ်းသပ်မှုအားလုံးကို အောင်မြင်သွားပြီပေါ့"
ဖိုဝိဉာဉ်ခေါင်းညိတ်သည်။
"မင်းပါရမီက မဆိုးဘူး၊ ဒါပေမယ့် ငါ့ရဲ့စွမ်းရည်ကို မင်းအခု အပြည့်အ၀ မထုတ်လွှတ်နိုင်သေးဘူး၊ ဒီလိုဆိုရင်တောင် ဒီအဆင့်မှာ မင်းအတွက် ငါ့ကိုအသုံးပြုဖို့ လုံလောက်ပါတယ်၊ မင်းထွက်သွားတဲ့အခါကျရင် ကောင်းကင်အင်မော်တယ်ဆေးလုံးတစ်လုံး သန့်စင်ဖို့အတွက် နဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖိုကို အရင်သုံး၊ ဒါကိုကြိုးစားနေရင်း နဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖိုနဲ့ ကိုယ်တိုင် ရင်းနှီးမှုရအောင် ကြိုးစား"
မု၀မ်အာ အသာအယာလက်နှစ်ဖက်ဆုပ်ကာ ကျေးဇူးတင်ပြီးနောက် သူမ၏ဝိဉာဉ်က ဆေးပြင်းဖိုအထဲကနေ ထွက်လာသည်။
အပြင်ပကမ္ဘာတွင် ယဲ့ချိုးပိုင်၊ ရှီရှန်း၊ ဇီရှန်းနှင့် မြင့်မြတ်အဆောင်ဂိုဏ်း မဟာအကြီးအကဲတို့၏ အံ့ဩသင့်နေသည့် အကြည့်များအောက်တွင် မု၀မ်အာ မျက်လုံးဖွင့်ကာ ချက်ချင်းဆိုသလို လက်နှစ်ဖက်ကို အသာလေးမြှောက်လိုက်၏။
တစ်ချိန်တည်းမှာပင် နဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖိုကလည်း လေပေါ်သို့ ဖြည်းဖြည်းချင်းမြှောက်တက်လာသည်။
မု၀မ်အာ ညာလက်ကို အနည်းငယ် ဝှေ့ယမ်းရင်း ပါ၀င်ပစ္စည်းများကို ဆေးပြင်းဖိုထဲသို့ ထည့်လိုက်သည်။
ရုတ်ချည်းဆိုသလို နဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖိုကို ရစ်ပတ်ထားသည့် မီးနဂါးကိုးကောင်က မီးတောက်များကို တစ်ချိန်တည်းတွင် ထုတ်လွှတ်လာသဖြင့် ဒါက နဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖိုကို လွှမ်းခြုံသွား၏။
ဒီမြင်ကွင်းကို မြင်သောအခါ ဇီရှန်း၏ မျက်လုံးများက အံ့ဩသင့်မှုများနှင့် ပြည့်နှက်နေခဲ့သည်။
"အထင်ကြီးစရာကောင်းလိုက်တာ၊ သူကဒီအဆင့်ဆေးပြင်းဖိုရဲ့ အသိအမှတ်ပြုမှုကို တကယ်ရခဲ့တယ်၊ ကြည့်ရတာ ရှင့်တို့ရဲ့ဂျုနီယာညီမလေးရဲ့ အဂ္ဂိရတ်ပညာအနာဂတ်က အကန့်အသတ်မဲ့နေပြီပဲ"
"သူ့ကို တျန်ကျင်းကုန်သည်များအသင်းမှာ ဧည့်သည့်အဂ္ဂိရတ်ဆရာအဖြစ် ခေါ်သွားခွင့်ပေးနိုင်မလား"
ဇီရှန်းချိုမြစွာပြုံးသည်။
"မူလဂိုဏ်းက ထွက်သွားစရာမလိုပါဘူး၊ တျန်ကျင်းကုန်သည်များအသင်းအတွက် တစ်ခါတစ်ရံ ဆေးလုံးလေးတွေ သန့်စင်ပေးရုံပါပဲ၊ ဒါ့အပြင် တျန်ကျင်းကုန်သည်များအသင်းရဲ့ အခြေခံနဲ့ဆိုရင် ဆုလာဘ်က သေချာပေါက် များပြားမှာပါ"
ဇီရှန်း၏စကားလုံးများ၌ စနောက်ကျီစယ်နေသည့် အသံဟူ၍ မပါရှိပါ။
သူမကလေးနက်နေပြီး မု၀မ်အာ၏ အဂ္ဂိရတ်ပညာစွမ်းရည်ကို အမှန်တကယ် သဘောကျ နှစ်ခြိုက်နေခြင်းပင်။
ယဲ့ချိုးပိုင် ဒါကိုကြားသောအခါ ရယ်မောရင်း ခေါင်းခါယမ်းသည်။
"သခင်မလေးဇီရှန်း၊ ဒါနဲ့ပတ်သက်ပြီး ညီမလေး၀မ်အာကို ကိုယ်တိုင်မေးသင့်တယ်၊ ဒီလိုကိစ္စတွေကို သူ့အတွက် ကျွန်တော်တို့ အဆုံးအဖြတ် မပေးနိုင်ပါဘူး"
ဇီရှန်းပြုံးရင်း ခေါင်းညိတ်သည်။
ဆေးလုံးသန့်စင်နေရင်း မု၀မ်အာ၏ ကိုယ်ဟန်အနေအထားကို ကြည့်ပြီး သူမ၏ ပါရမီကို ဇီရှန်း နှစ်သက်နေသည်။
အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် ဒီအဆင့်အဂ္ဂိရတ်ပညာရှင်ရှိခြင်းက အတော်လေး ဖြုန်းတီးလွန်းရာကျသည်။
ထိုအချိန်တွင် ကောင်းကင်အင်မော်တယ် အထွတ်အထိပ်အဆင့်ဆေးလုံးကို ဖန်တီးရန်အတွက် နဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖိုကို အသုံးပြုရန် မု၀မ်အာ ဆုံးဖြတ်လိုက်၏။
သူမဆေးလုံးများကို ပို၍သန့်စင်အောင် လုပ်နိုင်ပြီဖြစ်ကာ သူမ၏မီးထိန်းချုပ်မှုက ခုန်ပျံကျော်လွှားသွားသည်နှင့်အမျှ အောင်မြင်မှုနှုန်းကလည်း မြင့်မားလာပြီဖြစ်သည်။
စက္ကန့်များက ကုန်ဆုံးသွားသည်။
ရက်တစ်၀က်အတွင်းမှာပင် မု၀မ်အာ ကောင်းကင်အင်မော်တယ် အထွတ်အထိပ်အဆင့်ဆေးလုံးကို အောင်အောင်မြင်မြင်နှင့် သန့်စင်နိုင်ခဲ့သည်။
ဆေးလုံး၌ အညစ်အကြေးဟူ၍ လုံးဝမရှိပါ။
ဆေးလုံးရနံ့က နန်းတော်အတွင်း လွင့်မြောလာသောအခါ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ တစ်ဦးကိုတစ်ဦး ကြည့်ရင်း ပြုံးလိုက်မိကြသည်။
မြင့်မြတ်အဆောင်ဂိုဏ်း မဟာအကြီးအကဲ သက်ပြင်းချသည်။
"မယုံနိုင်စရာပဲ၊ ဒီလိုအသက်အရွယ်မှာ ကောင်းကင်အင်မော်တယ် အထွတ်အထိပ်အဆင့်ဆေးလုံးကို သန့်စင်နိုင်တာဆိုတာက အလယ်အလတ်အဆင့်ကြယ်နယ်မြေရဲ့ သမိုင်းတစ်လျှောက်မှာတောင် တစ်ခါမှ မပေါ်ပေါက်လာခဲ့ဖူးမှာကို ငါကြောက်မိတယ်"
တစ်ချိန်တည်းမှာပင် သူထိတ်လန့်သွား၏။
မုဖူရှန်း၏ ညီအစ်ကို၊ မောင်နှမများအားလုံးက ပုံမှန်မဟုတ်သလို တစ်ဦးချင်းစီတွင်လည်း နယ်ပယ်အသီးသီး၌ အလွန်အမင်း ကြောက်စရာကောင်းသည့် လုပ်ဆောင်ချက်များရှိသည်။
သူတို့ကို အတိအကျဘယ်သူက သင်ကြားပေးခဲ့တာလဲ!
ထိုအချိန်တွင် ဇီရှန်း၌လည်း အလားတူအတွေးရှိသည်။
သူတို့နောက်ကွယ်က လူကို သူမပိုပို၍ပင် သိချင်လာမိသည်။
သူမပြန်သွားသောအခါ စုံစမ်းစစ်ဆေးရန်အတွက် တျန်ကျင်းကုန်သည်များအသင်း၏ ထောက်လှမ်းရေးကွန်ရက်ကို အသုံးပြုရပေတော့မည်။
ထိုအခိုက်အတန့်၌ ဆေးလုံးကို သန့်စင်ပြီးနောက် ဆေးလုံးဖိုနန်းတော်အပြင်တွင် ဘေးကို ၀န်းရံထားသည့် မီးနဂါးရုပ်တုကိုးခု၏မျက်လုံးများ၌ အနီရောင်အလင်းတန်းများက အမှန်တကယ် ပွင့်လန်းလာခဲ့သည်။
နဂါးကိုးကောင်၏ ပါးစပ်များမှ တစ်ချိန်တည်းမှာပင် မီးတောက်များကို ထုတ်လွှတ်သည်။
ထို့နောက် ၎င်းတို့က နန်းတော်၏ အမိုးခုံး၌ စုစည်းလာကြ၏။
ထိုအချိန်တွင် မု၀မ်အာရှေ့တွင် ပုံရိပ်ယောင်ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်းပေါ်လာခဲ့သည်။
သူက အတော်လေးငယ်ရွယ်ပုံရသည့် လူတစ်ယောက်ဖြစ်သော်လည်း ကံကြမ္မာအပြောင်းအလဲများစွာကို တွေ့ကြုံခဲ့ရပုံပေါ်သည့် သူ့မျက်လုံးများက အသက်အရွယ်ကို ဖော်ပြနေသည်။
ထိုလူကပြုံးသည်။
"နှစ်ပေါင်းဘယ်လောက်ကုန်ဆုံးသွားပြီလဲဆိုတာ ငါတကယ်မသိတော့ဘူး၊ နောက်ဆုံးတော့ တစ်ယောက်ယောက်က နဂါးကိုးကောင်ရဲ့ အသိအမှတ်ပြုမှုကို ရခဲ့ပြီး ဒီနဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖိုကို ထိန်းချုပ်နိုင်ခဲ့ပြီ"
"မင်းမဆိုးဘူး"
မု၀မ်အာပြုံးကာ ဦးညွတ်သည်။
"စီနီယာ ကျွန်မကို မြှောက်ပင့်နေတာပဲ"
ထိုလူကပြုံးသည်။
"မင်းစမ်းသပ်မှုအားလုံးကို ဖြတ်ကျော်ခဲ့ပြီဆိုမှတော့ ငါ့ရဲ့အမွေကို လက်ခံလိုက်ပါ"
"ဒါပေမယ့် ငါ့အမွေကို လက်မခံသေးခင် ငါမင်းကို တစ်ချို့အရာတွေကို အသိပေးဖို့ လိုတယ်"
မု၀မ်အာအနည်းငယ်ကြက်သေသေသွား၏။
သို့စေကာမူ သူမမတုံ့ပြန်နိုင်ခင်မှာပင် ထိုလူ၏လက်ချောင်းက မု၀မ်အာ၏ မျက်ခုံးကြား၌ တို့ထိသွားပြီဖြစ်သည်။
ရုတ်ချည်းဆိုသလို မြင်းတစ်ကောင်း ဒုန်းစိုင်းသွားသည့်ပမာ မြင်ကွင်းများက တစ်ခုပြီးတစ်ခု သူမစိတ်ထဲ ရေးထွင်းလာသည်။
ပုံရိပ်များထဲတွင် ပင်လယ်တစ်ခုပေါ်ပေါက်လာသည်။
ဒီပင်လယ်က အဆုံးမဲ့ပင်လယ်ဒေသဖြစ်ပုံရသည်။
သို့စေကာမူ မု၀မ်အာ အဆုံးမဲ့ပင်လယ်ဒေသ၏ အထက်ကောင်းကင်၌ ဘယ်သောအခါမှ မမေ့နိုင်တော့မည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
ကောင်းကင်က အဝါရင့်ရောင်ရှိပြီး ကိုးလွှာခွဲခြားထားသည်။ ရွှေရောင်ချပ်ဝတ်ရှင်က တိမ်အလွှာတိုင်းတွင်ရပ်နေပြီး သူ့နောက်တွင် ရောင်ခြည်တစ်ခုရှိသည်။
အဆင့်တိုင်းတွင် နောက်ကွယ်၌ အပိုရောင်ခြည်တစ်ခုစီရှိလာသည်။
တိမ်ကိုးလွှာမြောက်တွင် ထိပ်ဆုံးက လူများ၏နောက်၌ ရောင်ခြည်ကိုးခုရှိသည်။
သူတို့၏အော်ရာများက ရုပ်အသွင်ဖြစ်တည်လာသည်။
ထို့နောက် အဆုံးမဲ့ရွှေရောင်အလင်းအဖြစ် ပြောင်းလဲကာ ကမ္ဘာကြီးတစ်ခုလုံးကို အပေါ်ကနေ အောက်ထိ အလင်းပေးနေသည်။
တိမ်များအောက်၌ အလွန်အမင်း အစွမ်းထက်သည့် အော်ရာများနှင့်အတူ မရေမတွက်နိုင်လောက်သော ကျင့်ကြံသူများရှိသည်။
အလယ်အလတ်အဆင့်ကြယ်နယ်မြေက ထိုကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများပင်လျှင် ဒီကျင့်ကြံသူများရှေ့၌ ပြောဆိုရန်ပင် မထိုက်တန်ပေ။
သူတို့က လုံး၀ယှဉ်၍မရပေ။
စစ်ဗုံသံက ကမ္ဘာကြီးထဲ ပဲ့တင်ထပ်လာသည်။
တလိမ့်လိမ့်တက်နေသော လှိုင်းထန်နေသည့်လှိုင်းများအောက်၌ နှစ်ဘက်စလုံးက သေသည်အထိ စတင်တိုက်ခိုက်ကြလေတော့သည်။
မြင်ကွင်းက ထိုနေရာ၌ရပ်သွားသည်။
ထိုလူကပြုံးသည်။
"ငါ့အမွေအနှစ်ကို လက်ခံပြီးရင် မင်းတာ၀န်တစ်ချို့ကို ကြံ့ကြံ့ခံရတော့မယ်၊ အခု တာ၀န်က ဘာလဲဆိုတာ မင်းမသိပေမယ့် ဒီမြင်ကွင်းကို မြင်ပြီးနောက်မှာ အဲဒါက ဘယ်လောက်ထိ လေးလံသလဲဆိုတာ မင်းနားလည်မှာပါ"
မု၀မ်အာ ခေါင်းညိတ်သည်။
ဒါကိုမြင်သောအခါ ထိုလူမေးသည်။
"ဒီတော့ ငါ့အမွေကို မင်းလက်ခံဖို့ ဆန္ဒရှိသေးရဲ့လား"
မု၀မ်အာ တစ်ခဏမျှတွေးလိုက်ပြီးနောက် ခေါင်းညိတ်သည်။
"ကျွန်မလက်ခံတယ်"
ဟမ်၊ ဒီလိုဆိုမှတော့ ဒါကဘာလဲဆိုတာ ငါ မသိပေမယ့် အရင်လက်ခံထားရမယ်!
ဘာမှမဖြစ်ပျက်လာရင်ရော၊ ဖြစ်ပျက်လာခဲ့မယ်ဆိုရင်တောင် ဆရာဒါကိုကိုင်တွယ်သင့်တယ်!
မု၀မ်အာ၏ စကားလုံးများကို ကြားပြီးနောက် ထိုလူပြုံးကာ ခေါင်းညိတ်ရင်း အလင်းတန်းအဖြစ် ပြောင်းပြီး မု၀မ်အာ မျက်ခုံးကြားထဲ ၀င်ရောက်သွားလေတော့သည်။
အပိုင်း(808) coming။