← Chapters

#ဆေးလုံးကျမ်း၊ ထူးခြားဆန်းကြယ်သည့်ကျင့်ကြံသူ#

Vol. 57 Ch. 808

#ဆေးလုံးကျမ်း၊ ထူးခြားဆန်းကြယ်သည့်ကျင့်ကြံသူ#

Vol. 57 Ch. 808

သူမ၏ခွန်အားက စီနီယာအစ်ကိုအစ်မများ၏ ၀န်ထုပ်၀န်ပိုးများကို မျှယူနိုင်သည်အထိ အမှန်တကယ် မကူအညီမဖြစ်နိုင်သေးဟု မု၀မ်အာ ခံစားနေရသည်။

သူမ၏အဂ္ဂိရတ်အဆင့်က အလွန်အမင်း နက်ရှိုင်းသည့် အဆင့်တစ်ခုကို ရောက်နေပြီဖြစ်ပြီး ကောင်းကင်အင်မော်တယ်အဆင့် ဆေးလုံးများကို သန့်စင်နိုင်သော်လည်း သူမက ဆရာအဆင့်ကို မရောက်သေးပါ။

ထို့ကြောင့် တကယ့်အရေးပါသည့် အချိန်တွင် ဒါက အရမ်းလက်တွေ့မကျသဖြင့် မု၀မ်အာ ခွန်အားကို အရေးတကြီး မြှင်တင်လိုခြင်းဖြစ်သည်။

ထိုလူပြောသည့် တာ၀န်က ဘာ၀န်ထုပ်၀န်ပိုးမှ မရှိသည့် မု၀မ်အား ဖိအားအသိတစ်ခုကို ရုတ်တရက် ပေးဆောင်လာသည်။ ဒါက သူမကို အမြင့်ကို တက်ရန်အတွက် ပို၍ ကြိုးစားရန် တွန်းအားဖြစ်စေလိမ့်မည်။

ဒီနည်းလမ်းဖြင့် သူမ၏အစ်ကိုအစ်မများကို ကူညီနိုင်မည်ဖြစ်သလို တိုက်ပွဲတွင်လည်း ဘေးချင်းယှဉ်ကာ ရပ်နိုင်ပေလိမ့်မည်။

ထိုဝိဉာဥ်အမျှင်စက မု၀မ်အာမျက်လုံးကြားသို့ ၀င်သွားသောအခါ သတင်းအချက်အလက် ပမာဏအများအပြားက မု၀မ်အာ၏ အသိစိတ်ပင်လယ်ကို သိမ်းပိုက်သွားခဲ့သည်။

အကြောင်းအရာများက မု၀မ်အာကို သိသာစွာပင် အံ့ဩသင့်သွားစေသည်။

ဒါကလူတစ်ယောက်ကို အဂ္ဂိရတ်တာအိုနှင့် သူတော်စင်နယ်ပယ်ကို ၀င်ရောက်စေနိုင်သည့် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုပေတည်း။

၎င်းက ဆေးလုံးကျမ်းဟုခေါ်သည်။

အကယ်၍ သူမသာ ဒီဆေးလုံးကျမ်းကို ကျင့်ကြံလိုပါက လိုအပ်ချက်က သူမကိုယ်ထဲက မရီဒျန်များ၏ ဦးတည်ရာကို ပြောင်းပစ်ရန်ပင်။

မရီဒျန်ထဲက အဂ္ဂိရတ်တာအိုချီကို ဝိဉာဉ်ချီပုံစံတစ်ခုအဖြစ် လှည့်ပတ်စေပြီး သူမ၏ ဒန်တျန်အတွင်း ပြောင်းလဲပစ်ရမည်။

ရိုးရှင်းစွာပြောရမည်ဆိုပါက ဒါက အဂ္ဂိရတ်တာအိုနှင့် သူတော်စင်နယ်ပယ်ကို ၀င်ရန်ဖြစ်သည်။

အဂ္ဂိရတ်တာအိုမြှင့်တက်လာသည်နှင့် နယ်ပယ်ကလည်း တိုးတက်လာပေလိမ့်မည်။

ဒီကျင့်ကြံခြင်းနည်းစနစ်ကို လက်ခံရရှိပြီးနောက် ဒါက အဂ္ဂိရတ်ပညာ၌ စိတ်ရောကိုယ်ပါ နစ်မြှုပ်ထားသည့် မု၀မ်အာအတွက် အသင့်တော်ဆုံးဟု ဆို၍ရသည်။

သို့စေသည့်တိုင် မရီဒျန်များ၏ တည်နေရာကို ပြောင်းပစ်ရမည့် ပထမအဆင့်က အလွန်အမင်းခက်ခဲပြီး နာကျင်ရသည့် အဆင့်တစ်ဆင့်ပင်။

ဒီနေရာ၌ သူမလွယ်လင့်တကူလေ့ကျင့်၍ မရနိုင်ပေ။

တစ်ယောက်ယောက် ဒီနေရာကိုတွေ့သွားပြီး လာရောက်နှောင့်ယှက်ပါက ဘယ်လိုလုပ်မည်နည်း။

မရီဒျန်များကို ပြောင်းလဲခြင်းဖြစ်စဉ်အတွင်း ဒါက မရီဒျန်များကို ရှုပ်ထွေးစေပြီး အော်ရာကို ပရမ်းပတာဖြစ်စေလိမ့်မည်။ ဒါ့အပြင် သူမ၏မရီဒျန်များက ကျိုးပျက်ကာ ကျင့်ကြံခြင်းကိုလည်း ဆုံးရှုံးရပေလိမ့်မည်။

မု၀မ်အာ ယဲ့ချိုးပိုင်၊ ဟုန်ရင်နှင့် ကျန်သောသူများကို အသံပို့လွှတ်ကာ ဒီအကြောင်းအား ပြောပြလိုက်၏။

ဆေးလုံးကျမ်းကျင့်ကြံခြင်းနည်းစနစ်၏ သက်ရောက်မှုများကို ကြားပြီးနောက် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ အနည်းငယ် ထိတ်လန့်သွားကြသည်။

ဒီကမ္ဘာကြီးထဲမှာ တကယ်ပဲ ဒီလိုထူးခြားဆန်းကြယ်တဲ့ ကျင့်ကြံခြင်းနည်းစနစ်တစ်ခု ရှိသေးတာလား!

တုံ့ပြန်လာပြီးနောက် ယဲ့ချိုးပိုင်ချက်ချင်းပြောသည်။

"အခုမကျင့်ကြံနဲ့ဦး၊ အချိန်ကျလာတဲ့အခါကျရင် ဆရာကိုတစ်ချက်ကြည့်ခွင့်ပေးလိုက်၊ ဆရာ့ရဲ့အောင်မြင်မှုနဲ့ဆိုရင် ဒီပထမအဆင့်မှာ မင်းကို ဘေးကင်းကင်းနဲ့ ကျင့်ကြံလို့ရအောင် လုပ်ပေးနိုင်ရုံတင်မက ဒီနည်းစနစ်ကို ပိုပြီးပြည့်စုံအောင် လုပ်ပြီး ဟာကွက်တွေကိုလည်း ဖြည့်စွက်ပေးနိုင်တယ်"

မု၀မ်အာခေါင်းညိတ်သည်။

ဇီရှန်းသူတို့အားကြည့်လိုက်စဉ် သူတို့အသံပို့လွှတ်နေကြတာကို သိသဖြင့် သူမပြုံးကာ ဘာတစ်ခုမှ မပြောတော့ပါ။

မု၀မ်အာက သူမရထားသည့် အမွေအနှစ်ကို ကျန်သောသူများရှေ့၌ အလွယ်တကူ ထုတ်ဖော်ပြသမည်မဟုတ်။

ဒါကပုံမှန်သာ။

ထိုအချိန်တွင် ဇီရှန်းပြုံးသည်။

"တျန်ကျင်းကုန်သည်များအသင်းမှာ ရှင့်တို့ ‌လေလံဆွဲခဲ့တဲ့ အမွေအနှစ်မြေကို သွားတော့မလိုမလား"

ယဲ့ချိုးပိုင်ခေါင်းညိတ်ကာ ဇီရှန်းကိုကြည့်သည်။

"သခင်မလေးဇီရှန်းက တျန်ကျင်းကုန်သည်များအသင်းက ငရဲဂိုဏ်းနဲ့ ပူးပေါင်းမှုတစ်ခုခုများ လုပ်ထားသလားဆိုတာ သိဖို့ စိတ်အားထက်သန်နေတာဖြစ်မယ်"

ဇီရှန်းမှတ်ချက်မပေးပေ။

"တကယ်လို့ တျန်ကျင်းကုန်သည်များအသင်းက စည်းမျဉ်းတစ်ခုခုချိုးဖျက်ခဲ့တာကိုသာ ကျွန်မရှာတွေ့ခဲ့ရင် ကျွန်မကိုယ်တိုင် ဒါကို ကိုင်တွယ်မှာပါ"

သူမစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် လူတိုင်း ဇီရှန်းကို ကြည့်လိုက်မိကြ၏။

တျန်ကျင်းကုန်သည်များအသင်းက စည်းမျဉ်းတွေကို ချိုးဖျက်ခဲ့ရင်လား!

အဲဒါဘယ်လိုစည်းမျဉ်းတွေလဲ၊ ဒါ့အပြင် သူမကဒါကိုကိုင်တွယ်နိုင်တာလား!

လေလံဦးစီးချုပ်တစ်ဦးအဖို့ ဒီလိုအရာမျိုးကို ပြောနိုင်တာက ဖြစ်နိုင်ချေနှစ်ခုတည်းသာ ရှိသည်။

ပထမတစ်ခုက ဇီရှန်းက ဦးနှောက်မရှိသည့် လူတစ်ယောက်ဖြစ်ရမည်ဖြစ်ပြီး ဒုတိယတစ်ခုက သူမ၏ကိုယ်ပိုင်လက္ခဏာက သူတို့စိတ်ကူးထားတာထက် ပို၍အစွမ်းထက်ရပေမည်။

ဇီရှန်းက ပထမလူစားမျိုးမဟုတ်တာ သိသာထင်ရှားနေသည်။

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

"ဒီလိုဆိုမှတော့ ဓားနတ်ဘုရားအမွေအနှစ်မြေကို အရင်သွားကြရအောင်"

ဟုန်ရင်ရယ်မောသည်။

"ရှင့်ကအစ်ကိုကြီးပဲလေ၊ ဒါကရှင့်အပေါ် မူတည်ပါတယ်"

ဆုံးဖြတ်ချက်ချပြီးနောက် လူတိုင်း ဒီနေရာကနေ ထွက်ခွာပြီး ဓားနတ်ဘုရားအမွေအနှစ်ရှိရာဆီသို့ ဦးတည်လိုက်ကြ၏။

သူတို့ထွက်သွားပြီးနောက် အမှောင်ထုထဲတွင် အဖိုးအိုတစ်ဦး ဖြည်းညင်းစွာ ပေါ်လာသည်။

သူကကျော၌ ဆေးခြင်းကိုကိုင်ထားပြီး အသက်ဓာတ်နှင့် ပြည့်နှက်နေသည့် အစိမ်းရောင်မြက်အမြစ်တစ်ခုကို လက်ထဲတွင် ကိုင်ထားသည်။

အကယ်၍ မု၀မ်အာသာ ဒီနေရာတွင် ရှိမည်ဆိုပါက အဖိုးအိုလက်ထဲက သက်ရှိဝိဉာဉ်မြအမြစ်ကို သေချာပေါက်မှတ်မိပေလိမ့်မည်။

အဖိုးအို မု၀မ်အာနှင့်ကျန်သောသူများ ထွက်ခွာရာဘက်သို့ ကြည့်ရင်းပြုံးသည်။

"မုကလေး၊ ဒီသက်ရှိဝိဉာဉ်မြအမြစ်ရဲ့ အလဲအလှယ်အနေနဲ့ ငါမင်းကို ဆုံးရှုံးမှုတစ်ခု ခံစားရအောင် မလုပ်ခဲ့ပါဘူးနော်"

သူ့အသံက လေပြေလေအေးတစ်စင်းနှင့်အတူ ဖြတ်သန်းကာ ပျောက်ကွယ်သွားပြီး အဖိုးအို၏ပုံရိပ်ကလည်း အလားတူပင် ပျောက်ကွယ်သွားခဲ့သည်။

.....

အဆုံးမဲ့ပင်လယ်ဒေသ၏ အရှေ့ပိုင်းကို အခြေခံအားဖြင့် စူးစမ်းရှာဖွေခဲ့ကြလေပြီ။

မကျေနပ်၊ မရောင့်ရဲကြသေးသည့် ကျင့်ကြံသူများမှာမူ စတင်အုပ်စုများဖွဲ့ပြီး အလယ်ပိုင်းဒေသသို့ ဦးတည်လိုက်ကြသည်။

မည်သို့ပင်ဆိုစေကာမူ ယခုလိုအခွင့်အရေးများက ရှားပါးသည်မဟုတ်ပေလော။

အဆုံးမဲ့ပင်လယ်ဒေသ၏ ကြောက်မက်ဖွယ်ရာကောင်းသည့် မှော်သားရဲများက တုံ့ပြန်ပြီး သူတို့ပိုင်နက်ကို ပြန်လာပါက အဆုံးမဲ့ပင်လယ်ဒေသက ထပ်မံလုံး၀တားမြစ်နေရာတစ်ခု ဖြစ်လာရပေလိမ့်မည်။

သူတို့ခြေလှမ်းတစ်၀က်ပင် လှမ်း၍ရတော့မည်မဟုတ်။

တစ်ချိန်တည်းမှာပင် ကျင့်ကြံသူများ ပို၍ပို၍ထွက်လာလေလေ၊ အဆုံးမဲ့ပင်လယ်ဒေသ၏ အလယ်ပိုင်းဒေသတွင် အမွေအနှစ်မြေများစွာက ရှာဖွေဖော်ထုတ်ခံလိုက်ရသည်။

ဥပမာအားဖြင့် လဲ့ကျန်းချီမှာ တာအိုကို ဗျပ်စောင်းနှင့် ၀င်ခဲ့သည့် ကျွမ်းကျင်သူတစ်ဦး၏ အမွေအနှစ်ကို ရခဲ့သည်။

သူ့ခွန်အားက ထိုးတက်သွားခဲ့ပြီး မြေအင်မော်တယ်နယ်ပယ်သို့ အမှန်တကယ်ပင် ချိုးဖျက်သွားခဲ့သည်။

နောက်ထပ်ဥပမာတစ်ခုက စုမိသားစုမှ ကျွမ်းကျင်သူများစွာ၏ ကာကွယ်ခြင်းကို ခံရသည့် စုမုယောင်ကလည်း မြေတာအိုနိယာမကို ကျင့်ကြံသည့် ကျွမ်းကျင်သူတစ်ဦး၏ အမွေအနှစ်ကို ရခဲ့သည်။

သူမကတစ်ချက်တည်းနှင့် မြေတာအိုနိယာမ၏ ကနဦးအဆင့်ကို တက်လှမ်းသွားခဲ့ပြီး တစ်ချိန်တည်းမှာပင် မြေအင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်ကို တက်လှမ်းသွားခဲ့သည်။

လင်းကျိနန်ကလည်း သူနှင့်သက်ဆိုင်သည့် အမွေအနှစ်ကို ရခဲ့သည်။

ချန်ဟွီလည်း အလားတူပင်။

သူတို့ကျင့်ကြံခြင်းကလည်း အကြီးအမား တိုးတက်လာခဲ့သည်။

ပို၍ကြောက်မက်ဖွယ် ကောင်းသည့်အရာက အမည်မသိကျင့်ကြံသူတစ်ချို့ ရုတ်တရက် ပေါ်ပေါက်လာကြခြင်းပင်။

သူတို့က အဆုံးမဲ့ပင်လယ်ဒေသတွင် အတော်လေးကျော်ကြားကြသည်။

ဓားသမားတစ်ယောက်က အင်မော်တယ်ဓားနယ်ပယ် တစ်၀က်အဆင့်ကို ရောက်နေပြီဖြစ်ကာ မြေအင်မော်တယ်အထွတ်အထိပ်အဆင့်ကိုပင် ရောက်နေသည်။

နောက်ထပ်ဆန်းကြယ်သည့် ကျင့်ကြံသူတစ်ယောက်က ဝိဉာဉ်တိုက်ခိုက်မှုများကို ကျင့်ကြံသည်။ မြေအင်မော်တယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူများပင် ဂရုမစိုက်ပါက အသတ်ခံရနိုင်ပေသည်။

ရွံ့ဗွက်ပိုင်နက်တစ်ခုကို အလွယ်တကူ ဆင့်ခေါ်နိုင်သည့် အတော်လေးထူးခြားသည့် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူတစ်ယောက်လည်းရှိသည်။ ဒီထဲကျသွားမည်ဆိုပါက နယ်ပယ်က လုံလောက်အောင် မမြင့်သရွေ့ ဒီကနေ ချိုးဖျက်လွတ်မြောက်ရန်ဟူသည် မဖြစ်နိုင်ပေ။

ဒီလူများ၏နောက်ခံကို စုမိသားစုနှင့် မြင့်မြတ်အဆောင်ဂိုဏ်းကဲ့သို့ အဆင့်မြင့်ဂိုဏ်းများပင် မသိကြပေ။

ဂိုဏ်းအသီးသီးမှ ခေါင်းဆောင်များကို ဒီမြင်ကွင်းကိုမြင်သောအခါ သူတို့၏နှလုံးသားများက တဖြည်းဖြည်း တင်းကြပ်သွားကြ၏။

လူငယ်မျိုးဆက်သစ်များ၏ မွေးဖွားနှုန်းက လျင်မြန်စွာ ကြီးထွားလာနေသည်။

ထိုမွန်းစတားအိုများနှင့် သူတို့၏တပည့်များက တစ်ဦးပြီးတစ်ဦးပေါ်လာကြ၏။

တစ်ချို့ အမည်မသိကျင့်ကြံသူများကလည်း ပေါ်လာကြသည်။

အဆုံးမဲ့ပင်လယ်ဒေသ၏ အသက်၀င်မှု၊ အဆင့်မြင့်ကြယ်နယ်မြေအကြောင်း သဲလွန်စများ ပထမဆုံးပေါ်ပေါက်လာခြင်း!

ဒါတွေအားလုံးက ခေတ်ကြီးတစ်ခေတ် ဆင်းသက်လာတော့မည်ဟု ဆိုလိုနေခြင်းပင် မဟုတ်ပေလော။

တစ်ချို့ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ကျင့်ကြံသူများနှင့် ထိပ်တန်းဂိုဏ်းများ၏ ဂိုဏ်းချုပ်များက ဒါကိုအာရုံခံမိသည်။

ဧရာမမုန်တိုင်းတစ်စင်းက သိပ်သည်းနေသည်။ အနီးအနာဂတ်တွင် ဒါက အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးအတွင်း ဝှေ့ယမ်းတိုက်ခတ်လာပေတော့မည်။

ဒါက အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ အခြေအနေကို လုံး၀ရှုပ်ထွေးအောင် လုပ်ပစ်ပေလိမ့်မည်။

ဒါကအခွင့်အရေးဖြစ်သလို တစ်ချိန်တည်းတွင် ကပ်ဘေးတစ်ခုလည်းဖြစ်သည်။

မုန်တိုင်း၏ ကျူးကျော်မှုကို ရပ်တည်နိုင်ပြီး အမြင့်ကိုတက်နိုင်ပါက ဒီမုန်တိုင်းအပြီးတွင် ဘုရင်တစ်ပါးဖြစ်လာပေလိမ့်မည်။

သို့စေကာမူ ခြေလှမ်းတစ်ချက်မှားပါက ဒီမုန်တိုင်း၏ တိုက်ရိုက်ဖျက်ဆီးခြင်းကို ခံရမည်သာ။

ထိုထိပ်တန်းဂိုဏ်းများပင်လျှင် အတူတူဖြစ်သည်။

သူတို့ လေဟုန်စီးလျှင်စီး မဟုတ်ပါက အသူရာချောက်နက်သို့ ကျဆင်းရမည်။

ဒီအရာအားလုံးက ထိုဂိုဏ်းများ၏ ရွေးချယ်မှုများအပေါ် မူတည်သည်။

အပိုင်း(809) coming။

All Chapters