← Chapters

#ဓားနတ်ဘုရားအမွေအနှစ်၊ သံသယဖြစ်စရာအချက်များ#

Vol. 57 Ch. 810

#ဓားနတ်ဘုရားအမွေအနှစ်၊ သံသယဖြစ်စရာအချက်များ#

Vol. 57 Ch. 810

ယခုလိုအရာများက တစ်ခုပြီးတစ်ခုဖြစ်ပျက်နေခဲ့ပြီး ရွှမ်ယွမ်အင်ပါယာဂိုဏ်း၊ မြင့်မြတ်အဆောင်ဂိုဏ်းနှင့် စုမိသားစုတို့ကလည်း အမည်မသိကျင့်ကြံသူတစ်ချို့၏ တိုက်ခိုက်ခြင်းကို ခံရသည်။

ဒါ့အပြင် ထိုလူများကို အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ ထိပ်တန်းဂိုဏ်းများတွင်သာ တွေ့ရသည်။

ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်ကို ပေး‌ခဲ့သည့် မှော်နည်းစနစ်အပျက်အစီးတစ်ခု၌ ရွှမ်ယွမ်အင်ပါယာဂိုဏ်း၏ ပါရမီရှင်က ဝူရှုပိုင်၏ ဝိဉာဉ်တိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။

ဂိုဏ်းအကြီးအကဲများ၏ ကာကွယ်မှုအောက်တွင် သူကလွတ်မြောက်ရုံမျှသာ လွတ်မြောက်ခဲ့ပြီး ဝိဉာဉ်၌ ပြင်းထန်သည့် ဒဏ်ရာများကို ခံစားခဲ့ရသည်။ သူ့ဝိဉာဉ်ကို မပြုပြင်သရွေ့ ဒါက သူ့ကျင့်ကြံခြင်းလမ်းစဉ်ကို အဆုံးသတ်သို့ ယူဆောင်သွားပေတော့မည်။ သာမန်ဝိဉာဉ်ကုသနည်းစနစ်များက ဒီအဆင့်ဝိဉာဉ်ထိခိုက်မှုကို မည်သို့မည်ပုံ ကုသနိုင်မည်နည်း။

ထိုအချိန်တွင် မြင့်မြတ်အဆောင်ဂိုဏ်း၏ ကောင်းကင်အင်မော်တယ်အစောပိုင်းအဆင့် အကြီးအကဲတစ်ဦးက အဆုံးမဲ့ပင်လယ်ဒေသတွင် စွန့်စားသွားလာနေသည်။

သူ့ကို ရွှံ့ဗွက်ပိုင်နက်ကို အသုံးပြုသည့် ကျင့်ကြံသူတစ်ယောက် ကြားဖြတ်ပစ်သည်။

တစ်ဘက်လူက ကောင်းကင်အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့် အကြီးအကဲကို မြေအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ခွန်အားဖြင့် ဗွက်အိုင်ထဲတွင် အရှင်လတ်လတ် ပိတ်မိစေခဲ့သည်။

စုမိသားစုက စုမုယောင်ကလည်း ဓားသမားတစ်ယောက်၏ ကြားဖြတ်ခြင်းကိုခံရပြီး သူမရခဲ့သည့် ဝိဉာဉ်ရတနာက တစ်ဘက်လူ၏ လုယုခြင်းကို ခံလိုက်ရသည်။

ကံကောင်းစွာပင် စုမုယောင်က အရမ်းကြီး ဒဏ်ရာမရခဲ့ပါ။

သို့စေကာမူ ကောင်းကင်အင်မော်တယ်နယ်ပယ် အကြီးအကဲများစွာ၏ ဝိုင်းရံမှုအောက်တွင်ပင် တစ်ဘက်လူက ဒဏ်ရာစိုးစိမျှမရဘဲ ထွက်ပြေးလွတ်မြောက်နေဆဲ။

ဒါမည်မျှပင် ကြောက်မက်ဖွယ်ကောင်းလေသနည်း။

ဒီကိစ္စရပ်များက ဂိုဏ်းအသီးသီး၏ ထောက်လှမ်းရေးကွန်ရက်မှတဆင့် မုန်တိုင်းပမာ အလျင်အမြန်ပျံ့သွားခဲ့သည်။

အက္ခရာလေးလုံးဂိုဏ်း၊ ရွှမ်ယွမ်အင်ပါယာဂိုဏ်း၊ မြင့်မြတ်အဆောင်ဂိုဏ်းနှင့် စုကလန်တို့အားလုံးက ဒေါသထွက်ကြသည်။

ဒါက အရှက်တကွဲဖြစ်စေသည်သာမက ထိုလူများက သူတို့ရှေ့တွင်ရပ်ကာ သူတို့နှာခေါင်းများတည့်တည့်သို့ လက်ညိုးထိုးရင်း တိုက်ပွဲစတင်မည်ကို စောင့်ဆိုင်းနေသည်ပမာ။

သို့သော် ဒေါသဖြစ်သည့်အပြင် သူတို့အားလုံး ဝေခွဲမရဖြစ်နေကြသည်။

မည်သည့်အတွက်ကြောင့် အမည်မသိပါရမီရှင်များစွာက တစ်ကြိမ်တည်းတွင် ပေါ်လာရလေသနည်း။

ဒါ့အပြင် သူတို့က မိမိတို့လို ထိပ်တန်းဂိုဏ်းများကိုသာ ဆန့်ကျင်တိုက်ခိုက်နေခြင်းဖြစ်သည်။

ဒါသာ ကြိုတင်ကြံစည်မှုတစ်ခုမဟုတ်ဟု ဆိုပါက ထူးဆန်းရာ ကျသွားပေလိမ့်မည်။

ဒီကိစ္စကြောင့်ပင် ဂိုဏ်းကြီးအသီးသီးက ဒီလူများ၏ သတင်းအချက်အလက်နှင့် နေရာများကို စတင်ရှာဖွေကြပြီး ဆုကြေးများသုံးရန်အတွက်ပင် တုံ့ဆိုင်းမနေခဲ့ကြပေ။ တစ်ဘက်လူ၏ တည်နေရာများကို ရှာနိုင်သရွေ့ အတော်လေးရက်ရောသည့် ဆုလာဘ်တစ်ခုကို ရနိုင်မည်ဖြစ်သည်။

......

တခြားတစ်ဘက်တွင် ငရဲဂိုဏ်းကလည်း ဒီသတင်းအချက်အလက်များကို သိလိုက်ရသည်။

ထိုအချိန်မှာပင် ကွေ့ကောရင်က ကောင်းကင်ပြာမြစ်ဝါနန်းတော်က လူများနှင့်အတူ ရောက်လာပြီး ဒီသတင်းကိုပါ ယူဆောင်လာသည်။

ချီရှာဒေါင် ဒါကိုကြားသောအခါ ရယ်မောလိုက်လေတော့သည်။

"ကောင်းကင်ဘုံက တကယ်ပဲငါ့ကို ကူညီနေတာပဲ"

ယခုအချိန်တွင် တစ်ဘက်အင်အားစုများက ၀င်စွက်ဖက်ကာ မူလကငရဲဂိုဏ်းအပေါ် ပိတ်ဆို့ကျရောက်နေသည့် အကြည့်များကိုပင် ဖမ်းစားသွားစေသော ကြီးမားသည့် ဆူပူအုံကြွမှုကြီးတစ်ခုကို ဖြစ်စေခဲ့သည်။

ဒီဘက်ပိုပြီးပြည့်စုံသည့် အရာရှိဦးမည်လား။

ကွေ့ကောရင်ခေါင်းညိတ်သည်။

"ဘိုးဘေးဘာလုပ်ဖို့ စီစဉ်ထားလဲ"

ကွေ့ကောရင်က သူတို့လှုပ်ရှားသောအခါ ဂိုဏ်းကြီးအသီးသီးကို ဘယ်လိုကိုင်တွယ်ရမလဲ ဆိုသည့်အကြောင်း မေးနေခြင်းမဟုတ်။

သူက မူလကဂိုဏ်းချုပ်ပိုင်ဆိုင်သည့် ခန်းမ၌နေထိုင်ကြသည့် အထက်ကမ္ဘာက ကျွမ်းကျင်သူများကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို မေးနေခြင်းပင်။

ချီရှာဒေါင်နှာခေါင်းရှုံ့သည်။

"ဒီဂိုဏ်းတွေက အလျင်မလိုကြဘူး၊ အဲဒီစီနီယာတွေပြီးသွားတဲ့အခါကြရင် ဒီအရာတွေက ပိုပြီးလွယ်ကူသွားလိမ့်မယ်၊ ဒီဘိုးဘေးအခုလုပ်ရမှာက ငါးစာမှာမိလာမယ့် ငါးကို စောင့်ဖို့ပဲ"

ကွေ့ကောရင် ချီရှာဒေါင်၏အစီအစဉ်ကို သိသဖြင့် ပြောလာသည်။

"ကျုပ်ရဲ့တုံးအမှုအတွက် ခွင့်လွှတ်ပါ၊ ဒါပေမယ့် အဲဒီကောင်လေးတွေရဲ့အတွေးတွေက အရမ်းပြောင်းလွယ်တယ်၊ သူတို့သဲလွန်စတစ်ချို့ကို မြင်တွေ့ထားကြလိမ့်မှာကို ကျုပ်စိုးရိမ်မိတယ်၊ ဒီအစီအစဉ်က သူတို့အပေါ် အသုံးမ၀င်တာလည်း ဖြစ်နိုင်တာပဲ"

သို့စေကာမူ ချီရှာဒေါင် ထူးမခြားနားစွာကြည့်သည်။

"ငါဒါကိုသိတယ်၊ သေချာတာပေါ့၊ သူတို့တခုခုရှာတွေ့သွားတော့ရော ဘာဖြစ်လဲ၊ သူတို့သံသယတွေကို မဖြေရှင်းနိုင်သေးသရွေ့ ၀င်လာကြမှာပဲလေ"

ကွေ့ကောရင်ပြုံးသည်။

"ဒီလိုဆိုရင် ဘိုးဘေးရဲ့သတင်းကောင်းကို ကျုပ်တို့စောင့်နေပါမယ်"

"သေချာတာပေါ့" ချီရှာဒေါင်ခေါင်းညိတ်ရင်း ကွေ့ကောရင်အား လှည့်ကြည့်သည်။

"မင်းရဲ့ကောင်းကင်ပြာမြစ်ဝါနန်းတော်ကရော အဆင်သင့်ဖြစ်နေပြီမလား"

ကွေ့ကောရင် ပခုံးတွန့်ကာ ထူးမခြားနားစွာပြောသည်။

"ကျုပ်တို့ ဘိုးဘေးနဲ့ သဘောတူညီမှုတစ်ခု လုပ်ထားတယ်ဆိုမှတော့ ကျုပ်တို့ရဲ့ ရိုးသားမှုကို ပြသရမှာပေါ့"

"ကောင်းတယ်"

.......

ဓားနတ်ဘုရား၏အမွေအနှစ်!

တျန်ကျင်းကုန်သည်များအသင်း၏ သတင်းအချက်အလက်မှတဆင့် ဒါက အင်မော်တယ်ဓားနယ်ပယ်ကို သာလွန်နေပြီး နတ်ဓားနယ်ပယ်ကိုပင် ရောက်နေပြီဟု ဆိုထားသည်။

အလယ်အလတ်အဆင့်ကြယ်နယ်မြေ တစ်ခုလုံးတွင် ဒီနယ်ပယ်ကို အစစ်အမှန် တက်လှမ်းခဲ့သော ဓားသမားဟူ၍ မည်သောအခါမှ ပေါ်ပေါက်လာခဲ့ခြင်းမရှိ။

ကောင်းကင်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများက ဓားနတ်ဘုရားနယ်ပယ်အတွက် မလုံလောက်ပါ။

ဒါက အချုပ်အနှောင်များကို ချိုးဖျက်ရန်အတွက် ကြိုးစားအားထုတ်နေကြသည့် ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်က ကျင့်ကြံသူများနှင့် တူသည်။

ဒီအဆင့်က လူတစ်ယောက်ပုံဖော်နိုင်စွမ်းမရှိသည့် နယ်ပယ်တစ်ခုလည်းဖြစ်သည်။

ယခုဓားနတ်ဘုရားအမွေအနှစ်အကြောင်း သတင်းအချက်အလက်ရှိလာပြီ ဖြစ်လေရာ ထိုဓားသမားများကို ရူးသွပ်သွားစေသည်။

ထိုအချိန်တွင် ဇီရှန်းရုတ်တရက် သတိပေးလာသည်။

"ဓားသမားနှစ်ယောက် ကျွန်မတို့နောက်က လိုက်နေကြတယ်"

မြင့်မြတ်အဆောင်ဂိုဏ်းမဟာအကြီးအကဲ တစ်ခဏမျှ ကြက်သေသေသွားပြီးနောက် စူးစမ်းစစ်ဆေးရန်အတွက် သူ့အသိအာရုံကို ချက်ချင်းထုတ်လွှတ်လိုက်၏။

သို့စေကာမူ သူဘာခြေရာမှ မတွေ့ခဲ့ပေ။

ဒါကိုမြင်သောအခါ ဇီရှန်းပြုံးသည်။

"စီနီယာ၊ တစ်ဘက်ကခွန်အားက စီနီယာထက် အများကြီးပိုမြင့်ပါတယ်၊ သူတို့ချဉ်းကပ်လာတဲ့အခါ အာရုံခံဖို့အတွက် ကျွန်မ ပြင်ပစ္စည်းတစ်ခုကိုသုံးခဲ့တာပါ"

ဒါကိုကြားသော် မြင့်မြတ်အဆောင်ဂိုဏ်း မဟာအကြီးအကဲ ဇီရှန်းကို နက်ရှိုင်းစွာ တစ်ချက်ကြည့်မိသည်။

တျန်ကျင်းကုန်သည်များအသင်း၏အခြေခံအုတ်မြစ်က အမှန်တကယ်ပင် အတော်လေးထူးခြားသည်။

"အဲဒီနှစ်ယောက်က ငါ့ထက်ပိုအားကောင်းတယ် ဆိုရင်တော့ ဒါက ပြဿာနာဖြစ်လာတော့မှာကို ငါစိုးရိမ်မိတယ်"

မဟာအကြီးအကဲမျက်မှောင်ကြုတ်သည်။

"ငါတို့ဂိုဏ်းချုပ်ကို အသံပို့လွှတ်ပြီး စစ်ကူပို့ပေးဖို့အတွက် တောင်းဆိုသင့်လား"

မုဖူရှန်းချက်ချင်းပင် ခေါင်းညိတ်သည်။

"ဒီအခြေအနေမှာတော့ အသံပို့လွှတ်ရတော့မှာပေါ့"

ဇီရှန်းမေးလာသည်။

"ဒါဆို ကျွန်မတို့ ဓားနတ်ဘုရားအမွေအနှစ် တည်နေရာကို ဆက်သွားသင့်လား"

"တစ်ဘက်လူရဲ့ပန်းတိုင်က ဓားနတ်ဘုရားအမွေအနှစ်တည်နေရာရှိရာကို ကျွန်မတို့နောက်ကနေလိုက်ပြီး အတင်းလုယူဖို့ပဲ"

ယဲ့ချိုးပိုင်ပြုံးရင်းခေါင်းခါယမ်းသည်။

"မလိုပါဘူး၊ သူတို့ကိုလိုက်လာခွင့်ပေးလိုက်ပါ၊ ဒါကပြီးပြည့်စုံပါတယ်၊ အဲမှာ ချုံခိုတိုက်ခိုက်တာ တစ်ခုခုရှိလာရင် ကျွန်တော်တို့မှာ နောက်ထပ်ဒိုင်းနှစ်ခု အပိုရှိသလို ဖြစ်သွားတာပေါ့"

......

သုံးရက်ကုန်ဆုံးသွားသည်။

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက နောက်ဆုံးတော့ သတင်းအချက်အလက်ထဲတွင် မှတ်ထားသည့်ကျွန်းကို ရောက်လာကြလေပြီ။

အဆုံးမဲ့ပင်လယ်ဒေသက အတော်လေးကျယ်ပြောပြီး အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ ၇၀ရာခိုင်နှုန်းကို သိမ်းပိုက်ထားသည်ဟု ဆို၍ရသည်။

သူတို့အတွက် သုံးရက်ဆိုသော အချိန်ကာလက အရမ်းကြီးမကြာမြင့်ခဲ့ပေ။

သို့စေကာမူ သူတို့ ကျွန်းစုပေါ်တက်ရန်အတွက် အလျင်လိုခြင်းမရှိပါ။ သူတို့ ဇီရှန်းကို ပတ်၀န်းကျင်ကို ဆက်လက်အာရုံခံစေပြီး ရလဒ်က မျှော်လင့်မထားသည့်အရာ ဖြစ်လာခဲ့သည်။

ဒီနေရာ၌ ချုံခိုတိုက်ခိုက်မှုဟူ၍မရှိပါ။

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ မှန်းဆချက်များအရ ငရဲဂိုဏ်းက သူတို့ကို ချုံခိုတိုက်ခိုက်ရန်အတွက် အတော်လေးမြင့်မားသည့် ဖြစ်နိုင်ချေရှိသည်။

ထို့ကြောင့်ပင် ဇီရှန်း သူမ၏ရတနာပစ္စည်းကို ထပ်မံအသက်သွင်းရင်း အနီး၀န်းကျင်ကို အာရုံခံပြီးနောက် အနီးတွင် ချုံခိုက်တိုက်ခိုက်ခြင်းများမရှိကြောင်း အတည်ပြုပေးသည်။

ဒါက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို ဝေခွဲမရဖြစ်စေသည်။

ငါတို့မှန်းဆချက်တွေက မှားနေတာလား၊ ဒါကတကယ်ပဲ တိုက်ဆိုင်မှုတစ်ခု ဖြစ်နိုင်မလား!

ဇီရှန်းကလည်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

အကယ်၍ဒါသာ တိုက်ဆိုင်မှုတစ်ခုဆိုပါက တန်ဖိုးဖြတ်စဉ်က သူတို့ဘယ်လိုလုပ် မြင့်မြတ်အဆောင်ဂိုဏ်းကို ဒီသတင်းအချက်အလက်ကို တမင်တကာရယူပိုင်ဆိုင်ခွင့် ပေးရလေသနည်း။

သို့စေကာမူ ထိုအချိန်က သူမနှလုံးသားထဲက ပူပန်မှုနှင့် သံသယက စစ်မှန်ပေသည်။

ငရဲဂိုဏ်း၏ပန်းတိုင်က ဒီနေရာမဟုတ်တာ ဖြစ်ရပေမည်။

အပိုင်း(811) coming။

All Chapters