← Chapters

#ပုံရိပ်ယောင်ဓား#

Vol. 57 Ch. 811

#ပုံရိပ်ယောင်ဓား#

Vol. 57 Ch. 811

ဓားနတ်ဘုရားအမွေအနှစ်ရှိသည့်ကျွန်း၌ တောင်တန်းအလွှာများစွာမရှိသလို ထူထပ်သည့် သစ်တောများလည်းမရှိပေ။

ကျွန်းတစ်ခုလုံး၏မြေက နတ်ဘုရားတစ်ပါး၏ လက်ရာကဲ့သို့ အတော်လေးချောမွေ့နေပြီး တွင်းပေါက်များ၊ မြစ်အမြစ်များဟူ၍လည်းမရှိပါ။

ဒါက ကြေးမှန်တစ်ချပ်ဟုပင် ထင်ရပြီး တစ်ခုတည်းသော အလှဆင်ထားသည့်အရာက ကျွန်း၏ အလယ်ဗဟိုပင်။

ကျောက်တိုင်တစ်တိုင်စီက ကောင်းကင်ပေါ်သို့ ဘက်လေးခုကနေ ပစ်လွှတ်နေသည်။

အနီးကပ်ကြည့်မည်ဆိုပါက ကျောက်တိုင်တစ်တိုင်စီ၌ ကန့်လန့်ဖြတ်ဓားအမှတ်အသားများရှိသည်။

ဒါက တစ်ယောက်ယောက်က ဓားရေးလေ့ကျင့်ရန်အတွက် ဒီကျောက်တိုင်လေးတိုင်ကို အသုံးပြုထားသည့်အလား။

ယဲ့ချိုးပိုင် မဟာအကြီးအကဲကို ကြည့်ရင်း မေးသည်။

"စီနီယာ၊ မြင့်မြတ်အဆောင်ဂိုဏ်းက စစ်ကူတွေရော"

မဟာအကြီးအကဲပြန်ဖြေသည်။

"ငါတို့နဲ့သိပ်မဝေးတော့ဘူး၊ ရက်တစ်၀က်အတွင်း ရောက်လာနိုင်တယ်"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

"ဒီလိုဆိုမှတော့ ကျွန်းကိုသွားကြရအောင်၊ ငရဲဂိုဏ်းက ဘယ်လိုလှည့်ကွက်မျိုးတွေ လုပ်ထားသလဲဆိုတာ ကျွန်တော်ကြည့်ချင်တယ်"

လူတိုင်းခေါင်းညိတ်ပြီး ကျွန်းပေါ်သို့ ခြေချလိုက်ကြ၏။

သို့စေကာမူ မုဖူရှန်း၏ လက်ဖဝါးပေါ်က လက်ချောင်းများကြား၌ တိတ်ဆိတ်ညှစ်ထားသည့် အဆောင်တစ်ချို့ရှိသည်။

အစွမ်းထက်ဖိနှိပ်ခြင်းအားတစ်ခုက သူတို့လေပေါ် ပျံဝဲနေစဉ် လေထဲတွင် ဆက်လက်မပျံသန်းနိုင်အောင် လုပ်ခဲ့ပြီး ကျွန်းပေါ်သို့ အတင်းအကျပ် ဆင်းသက်စေသည်။

ကြည့်ရသည်မှာ ဒီကျွန်းက တားမြစ်ဇုန်တစ်ခုဖြစ်ပုံရသည်။

သို့စေကာမူ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ကျွန်းပေါ် ဆင်းသက်လာသောအခါ ပုံရိပ်နှစ်ခုက သူတို့ရှေ့၌ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

သူတို့က အဖိုးအိုတစ်ဦးနှင့် အတော်လေးငယ်ရွယ်ပုံရသည့် လူတစ်ယောက်ဖြစ်သည်။

အဖိုးအိုက ထူးမခြားနားစွာပြောသည်။

"ငါတို့ကိုလမ်းပြပေးတဲ့အတွက် ကျေးဇူးပါ၊ ဓားနတ်ဘုရားအမွေအနှစ်က မင်းတို့အခုထိလို့ရနိုင်မယ့် အရာတစ်ခုမဟုတ်ဘူး၊ မြန်မြန် နောက်ဆုတ်သွားကြတော့"

လူငယ်ကလည်း အပြုံးဖြင့်ပြောသည်။

"မင်းတို့နယ်ပယ်က လုံလောက်အောင် မမြင့်ဘူးဆိုရင် ဓားနတ်ဘုရားအမွေအနှစ်ကို ရချင်တယ်ဆိုရင် ဒီနေရာမှာ သေသွားနိုင်တယ်၊ ပြန်သွားပြီး အရင်ကျင့်ကြံလိုက်မယ်ဆိုရင်ရော"

သူတို့နှစ်ယောက်ကို မြင်သောအခါ ဇီရှန်းရှင်းပြသည်။

"အဲဒီအဖိုးကြီးက ကောင်းကင်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့် ဓားသမားတစ်ယောက်ဖြစ်တဲ့ ကျန်းကျိယွမ်ပဲ၊ သူ့ဓားတာအိုနယ်ပယ်က အင်မော်တယ်ဓားနယ်ပယ်ကို ရောက်နေပြီ"

"အဲဒီအတော်လေးငယ်ရွယ်ပုံရတဲ့ လူက လိန်ရှင်းယွန်ပဲ၊ သူကလည်း ကောင်းကင်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်၊ အင်မော်တယ်ဓားနယ်ပယ်ပဲ"

မူလက မြင့်မြတ်အဆောင်ဂိုဏ်း မဟာအကြီးအကဲက ဒီလူနှစ်ယောက်ကို မမှတ်မိပေ။

သို့စေကာမူ ဇီရှန်း၏စကားလုံးများကို ကြားပြီးနောက် ဒီနှစ်ယောက်က ပုန်းကွယ်နေသည့် ကျွမ်းကျင်သူများဆိုတာ သူသဘောပေါက်လိုက်သည်။

များသောအားဖြင့် သူတို့က အလွယ်တကူ ထွက်မလာတတ်ကြသည့် ကျွမ်းကျင်သူများဖြစ်သည်။

သို့သော် လက်ရှိဓားနတ်ဘုရားအမွေအနှစ်က အချိန်အကြာကြီး တံခါးပိတ်သီးသန့်နေခဲ့သည့် ဒီဓားတာအိုကျွမ်းကျင်သူနှစ်ဦးကို ထိုင်ဖို့ မစွမ်းနိုင်အောင် လုပ်ပစ်ခဲ့သည်။

ဒီနေရာ၌ သူတို့ထဲတွင် မဟာအကြီးအကဲ၏ ကျင့်ကြံခြင်းအဆင့်က အမြင့်ဆုံးဖြစ်သဖြင့် သူရှေ့တိုးကာ ပြောရုံသာ တတ်နိုင်တော့သည်။

"လူကြီးမင်းတို့၊ မြင့်မြတ်အဆောင်ဂိုဏ်းက ဓားနတ်ဘုရားအမွေအနှစ်အကြောင်း သတင်းအချက်အလက်ကို ရရှိခဲ့တာပါ၊ မင်းတို့နှစ်ယောက် ငါတို့နောက်က လိုက်လာတာက အဆင်ပြေပါသေးတယ်"

"အခုတော့ မင်းကငါတို့ကို ကျွန်းကနေ နှင်ထုတ်ချင်နေတာလား"

လီရှင်းယွန်ပြုံးသည်။

"တခြားသူတွေက မင်းတို့မြင့်မြတ်အဆောင်ဂိုဏ်းကို ကြောက်ချင်ကြောက်မယ်၊ ဒါပေမယ့် ငါတို့ကတော့မဟုတ်ဘူး၊ ငါတို့က အစကနေ တစ်ကိုယ်တော်ကျင့်ကြံသူတွေပဲ၊ ငါတို့သာ ပုန်းနေချင်တယ်ဆိုရင် မင်းတို့မြင့်မြတ်အဆောင်ဂိုဏ်းက ဘာမှတောင် မလုပ်နိုင်ဘူး"

ကျန်းကျိယွမ်ကလည်း အေးစက်သောအမူအရာဖြင့် ပြောသည်။

"အမွေအနှစ်ဆိုတာ တတ်စွမ်းနိုင်သူတွေပဲ ပိုင်ဆိုင်ရတာ၊ ဒီနေရာက ဓားသမားလေးက ဒီကလေးလေးပဲမလား၊ သူက လုံလောက်အောင် အားမကောင်းသေးဘူး၊ သူဓားနတ်ဘုရားအမွေအနှစ်ကို ရခဲ့တော့ရော ဘာအကျိုးရှိလို့လဲ"

လုံလောက်အောင် အားမကောင်းသေးတာလား!

ယဲ့ချိုးပိုင်ပြုံးရင်း ရှေ့တစ်လှမ်းတိုးသည်။

"ကျင့်ကြံခြင်းနယ်ပယ်အကြောင်းကို ပြောမယ်ဆိုရင်တော့ ကျုပ်က တကယ်ပဲ အခုစီနီယာနှစ်ယောက်ကို မယှဉ်နိုင်ပါဘူး၊ ဒါပေမယ့် ဓားတာအိုနယ်ပယ်အကြောင်းကို ပြောမယ်ဆိုရင်တော့....."

ထိုနေရာ၌ ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားက ယဲ့ချိုးပိုင်၏ လက်ဖဝါးပေါ်သို့ ကျလာပြီး ဓားဟစ်သံနှင့်အတူ ဖမ်းကိုင်လိုက်၏။

အင်မော်တယ်ဓားဆန္ဒက ထိုအခိုက်အတန့်၌ ကောင်းကင်ပေါ် ထိုးတက်သွားပြီး ဓားက အဆက်မပြတ်ဟိန်းနေသည်။

ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့ ဒီမြင်ကွင်းကိုမြင်သောအခါ သူတို့၏မျက်နှာများက တောင့်တင်းသွားကြသည်။

သူတို့မျက်လုံးများ၌ မယုံနိုင်မှုကို မြင်နိုင်ပေသည်။

မြေအင်မော်တယ်မယ်ပယ်ကို မရောက်သေးတာတောင် သူ့ဓားတာအိုနယ်ပယ်က အင်မော်တယ်ဓားနယ်ပယ်ကို ရောက်နေပြီလား!

ပြီးတော့ ဒီလူကအတော်လေးငယ်သေးပုံပဲ!

ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!

ဒီဓားသမားနှစ်ယောက်က ဒီနှစ်များအတွင်း တံခါးပိတ်သီးသန့်နေခဲ့ကြသဖြင့် သူတို့အဖို့ ယဲ့ချိုးပိုင်၏နာမည်ကိုမသိတာ ပုံမှန်သာဖြစ်သည်။

ယဲ့ချိုးပိုင် လိန်ရှင်းယွန်နှင့် ကျန်းကျိယွမ်တို့ကိုကြည့်ကာ ရယ်မောသည်။

"ကျုပ်မှာ အခု ဒီဓားနတ်ဘုရားအမွေအနှစ်ကို ဆက်ခံဖို့အတွက် အရည်အချင်းမှီသေးသလားဆိုတာ သိချင်မိတယ်"

လိန်ရှင်းယွန်နှင့် ကျန်းကျိယွမ်တို့၏ အမူအရာများက လေးနက်သွားကြ၏။

ဒီအသက်အရွယ်၊ ဒီနယ်ပယ်က အင်မော်တယ်ဓားနယ်ပယ်ကို ရောက်နိုင်သည့်အပေါ် ယဲ့ချိုးပိုင်က သူတို့နှစ်ယောက်ထက် ဓားနတ်ဘုရားအမွေအနှစ်ကို ဆက်ခံရန် ပို၍ အရည်အချင်းပြည့်၀သည်ဟုဆို၍ရသည်။

သူတို့အတွက်ပင် အင်မော်တယ်ဓားနယ်ပယ်ကို ချိုးဖျက်ရန် သို့မဟုတ် အင်မော်တယ်ဓားနယ်ပယ်၌ ရပ်တန့်နေခဲ့တာ ဘယ်လောက်ကြာနေပြီလဲဆိုတာ သူတို့ပင်မသိကြပါ။ ဒါပေမယ့် ယဲ့ချိုးပိုင်ကရော!

ကျန်းကျိယွမ်လေးနက်စွာမေးသည်။

"မင်းက ဘယ်စွမ်းအားရှင်ရဲ့တပည့်များလဲ"

ယဲ့ချိုးပိုင်ပြုံးရင်း ခေါင်းခါယမ်းသည်။

"တောင်းပန်ပါတယ်၊ ကျုပ်ဆရာ့ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို ကျုပ်မထုတ်ဖော်နိုင်ဘူးဆိုပေမယ့် ခင်ဗျားတို့ အချင်းချင်းသိကြမယ်လို့ ကျုပ်မထင်ဘူး"

ဒါကအမှန်တရားပင်။

သူ့ဆရာ၏စရိုက်အရ ဘယ်သူ့ကိုမှ သူ့ကို သိစေချင်မည်မဟုတ်။

လိန်ရှင်းယွန် အပြုံးမျက်နှာကို ဖယ်ရှားပြီး လေးနက်သောအသံဖြင့်ပြောသည်။

"မင်းကအရည်အချင်းပြည့်မီပါတယ်၊ ကံဆိုးချင်တော့ မင်းရဲ့ကျင့်ကြံခြင်းနယ်ပယ်က လုံလောက်အောင် မမြင့်မားသေးဘူး၊ ဒီတော့ စိတ်မကောင်းစွာနဲ့ပဲ ထွက်သွားလို့ပဲရတော့မှာပေါ့"

ယဲ့ချိုးပိုင်ပြုံးသည်။

"ခင်ဗျားတို့နှစ်ယောက်က ဓားသမားတွေဖြစ်ပြီး အင်မော်တယ်ဓားနယ်ပယ်ကိုလည်း ရောက်နေကြပြီဆိုတော့ ဒါက ခင်ဗျားတို့မှာ ဓားသမားတွေရဲ့ စိတ်နေစရိုက်ကို ပိုင်ဆိုင်ထားတယ်လို့ ဆိုလိုနေတာပဲ"

"ဒီလိုဆိုမှတော့ လာလို့ ကျုပ်ကို အမွေအနှစ်အတွက် ပြိုင်ပွဲမှာ ပါ၀င်ခွင့်မပေးရတာလဲ"

"ခင်ဗျားတို့နှစ်ယောက်မှာ ကျုပ်ထက်မြင့်မားတဲ့ ကျင့်ကြံခြင်းနယ်ပယ်ရှိနေတော့ ကျုပ်ထက် အခွင့်အရေးတွေပိုရှိမှာပဲလေ"

"ကျုပ်သာ ကျရှုံးသွားရင် ဘာကန့်ကွက်စရာမှ မရှိပါဘူး"

လိန်ရှင်းယွန်နှင့် ကျန်းကျိယွမ်တို့က တစ်ဦးကိုတစ်ဦးကြည့်ရင်း ခေါင်းညိတ်ကြသည်။

ယဲ့ချိုးပိုင်ပြောတာ မှန်ပေသည်။

တစ်ဘက်လူက အင်မော်တယ်ဓားနယ်ပယ်ကို ရောက်နေပြီဖြစ်သော်လည်း အတွေ့အကြုံအရတော့ သူတို့နှစ်ယောက်၏ ပြိုင်ဘက်မဟုတ်ပေ။

ကျင့်ကြံခြင်းနယ်ပယ်၌ ကွာခြားချက်က ပို၍ပင် ကြီးမားသည်။

ဒါ့အပြင် ငြိမ်းချမ်းသည့်ယှဉ်ပြိုင်မှု အခြေအနေအောက်တွင် မြင့်မြတ်အဆောင်ဂိုဏ်းကလည်း ဘာမှပြောနိုင်မည်မဟုတ်။

ဒီလိုဆိုပါက သူတို့သဘောတူတာ ပိုကောင်းသည်။

မည်သို့ပက်ဆိုစေကာမူ ဂျူနီယာတစ်ယောက်က သူတို့ဆီက အမွေကို လုယုသွားနိုင်လိမ့်မည်ဟု သူတို့မတွေးတောထားကြပါ။

"ဒီလိုဆိုမှတော့ လက်ရှိလူငယ်မျိုးဆက်မှာ အတိအကျ ဘယ်လိုအရည်အချင်းမျိုးတွေရှိသလဲဆိုတာ ကြည့်ကြတာပေါ့"

ထို့နောက် သူတို့သုံးယောက်က ကျောက်တိုင်လေးတိုင်၏ အလယ်ဗဟိုသို့ တက်လှမ်းလိုက်ကြသည်။

သုံးယောက်စလုံးတစ်ချိန်တည်းတွင် တက်လှမ်းလိုက်သည့် အခိုက်အတန့်၌ ကျောက်တိုင်လေးတိုင်၏ အလယ်ဗဟိုတွင် ပုံရိပ်ယောင်ဓားတစ်လက် လေထဲတွင် ပေါ်လာခဲ့သည်။

သုံးယောက်စလုံး၏ အကြည့်များအောက်တွင် ပုံရိပ်ယောင်ဓားကနေ အသံတစ်သံ ထွက်လာသည်။

"မင်းတို့ဆရာရဲ့ အမွေအနှစ်ကို ရယူချင်ရင် ပထမအဆင့်က ကျောက်တိုင်ပေါ်က ဓားအမှတ်အသားတွေကို နားလည်အောင် လုပ်ရမယ်၊ မင်းတို့ပိုနားလည်လေလေ၊ ဓားက ပိုခိုင်ခံ့လေလေပဲ"

"ခုနှစ်ရက်အတွင်းမှာ အနည်းဆုံးနားလည်သူတိုင်းက ဖယ်ရှားခံရမယ်"

ပုံရိပ်ယောင်ဓားမှ သရုပ်ဖော်ချက်က တိုတောင်းသည်။

သို့စေကာမူ ယဲ့ချိုးပိုင်၊ ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့က ယေဘုယျအဓိပ္ပာယ်ကို နားလည်ကြပါသည်။

အလုံးစုံဆိုရမည်ဆိုပါက သူတို့ ကျောက်တိုင်ပေါ်က ဓားအမှတ်အသားများကို နားလည်ရန် အကောင်းဆုံး ကြိုးစားနေသရွေ့ အဆင်ပြေပါသည်။

ယဲ့ချိုးပိုင်ပြုံးသည်။

"ဒီတော့ ကျုပ်အရင်စလိုက်မယ်"

ထို့နောက် ယဲ့ချိုးပိုင် ကျောက်တိုင်တစ်ခုဆီသို့လျှောက်သွားပြီး ကျောက်တိုင်ပေါ်က ကန့်လန့်ဖြတ်ဓားအမှတ်အသားများကို စတင်နားလည်အောင် လုပ်သည်။

ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့ကလည်း ကျောက်တိုင်တစ်စုဆီသို့ လျှောက်သွားပြီး စတင်နားလည်အောင် လုပ်ကြသည်။

နောက်က ဇီရှန်းမေးသည်။

"ရှင်တို့ရဲ့စီနီယာအစ်ကိုကြီးက အတော်လေးယုံကြည်မှုရှိတာပဲ၊ သူ အမွေအနှစ်ကို ကောင်းကင်အင်မော်တယ်နယ်ပယ် ဓားသမားနှစ်ယောက်လက်ထဲကနေ လုယူနိုင်မှာလား"

မျှော်လင့်မထားစွာပင် ဟုန်ရင်၊ နင်းချန်ရှင်း၊ ရှောင်ဟိုင်၊ ရှီရှန်း၊ မုဖူရှန်းနှင့် မု၀မ်အာတို့က တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်လိုက်ကြသည်။

အပိုင်း(812) coming။

All Chapters