← Chapters

အကို၄ အဆိပ်မိခြင်း

Vol. 009 Ch. 841

အကို၄ အဆိပ်မိခြင်း

Vol. 009 Ch. 841

ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။ ထိုရွံရှာဖွယ်ကောင်းသော ဘဝင်မြင့်မှုသည် နှစ်မြို့ ဖွယ်မကောင်းပေ။

မိုဘင်းသည် အတွင်းဂိုဏ်းရှိ ထိပ်တန်းအလှပဂေးများနှင့် မတူပေ “သူတို့က ကျောင်းသားသစ် တွေပေမယ့် သူတို့အားကမသေးဘူး၊ အားလုံး တစ်ယောက်နဲ့တစ်ယောက်သိသွားကြမှတော့ အတူတူ သွားရအောင်”

“တကယ်လား မင်းအဲလိုပြောမှတော့ ငါသိချင်သွားပြီ ဒီလူသစ်တွေက ဘယ်လောက် အားကောင်းလဲလို့၊ ဒီအရည်အချင်းစစ်ပြိုင်ပွဲမှာ ရပ်တည်နိုင် ပါ့မလား သိချင်မိ…” ဟွာပေါင်မြောင်သည် ရယ်စရာပြောသည့်အတိုင်းပင် ပြုံးဖြီးဖြီးလုပ်နေသည်။

“ငါကတော့ သူတို့နဲ့ပတ်သတ်ပြီး ယုံကြည်ချက်ရှိတယ်” မိုဘင်း ပြန်ဖြေလေသည်။

“ဒါဆို စောင့်ကြည့်ကြတာပေါ့”

ဂိုဏ်းဆရာသည် ထိုလက်တန်းပြောနေကြသော မှတ်ချက်များကို လျစ်လျူရှုထားသည်။ သူသည် လက်ဝေ့ရမ်းလိုက်ပြီး ဝိဉာဉ်စွမ်းအင်ကို အသုံးပြုကာ တည်ဆောက်မှုကို အသက်သွင်းလိုက်သည်။

“သွားတော့”

ရှီမာယူယူအဖွဲ့သည် ကွဲသွားမည်စိုးသဖြင့် လက်များတွဲထားကြသည်။ ဟော်ဖန်သည် ထိုအရာကို သတိထားမိပြီး ပျောက်ကွယ်တော့မည့်အချိန် တွင် လက်တစ်ဖက်မှာ ရှီမာယူယူ၏ အဝတ်ကို ဆုပ်ကိုင်ထားပြီး နောက်တစ်ဖက်မှာ မိုဘင်းကိုဆုပ်ကိုင်ထားသည်။

ထန်ယန်၏ မျက်လုံးများမှာ လျင်သည်။ သူသည် မိုဘင်း၏ လက်မောင်း ကို ဆုပ်ကိုင်လိုက်သည်။

တစ်ချိန်တည်းမှာပင် အားလုံးသည် တည်ဆောက်မှုအတွင်းတွင် ပျောက်ကွယ်သွားသည်။

ကံကြမ္မာကန္တာရသည် အနောက်အလယ်ပိုင်းနယ်မြေတွင်တည်ရှိကာ ဂိုဏ်းမှ ကီလိုမီတာပေါင်း သိန်း၁၀၀၀ ကွာဝေးသည်။ အကျယ်အဝန်းမှာ စတုန်ရန်းကီလိုမီတာ သန်းဂဏန်းရှိသည်။

ကန္တာရတွင် ဝိဉာဉ်မိစ္ဆာများစွာရှိသည်။ ကင်းမြီးကောက်တစ်မျိုးတည်း ပင် မျိုးစိတ်ရာချီရှိသည်။ ထိုအထဲမှ ရွှေကင်းမြီးကောင်သည် အခက် ထန်ဆုံးနှင့် အရက်စက်ဆုံးဖြစ်သည်။

အရင်က ရွှေကင်းမြီးကောက်များ၏ အရေအတွက်မှာမများပေ။ သို့သော် လတ်တလောနှစ်များတွင် တခြားကင်းမြီးကောက်များ လျော့နည်း သွားကာ ရွှေကင်းမြီးကောက် အရေအတွက်မှာ အလွန်များလာသဖြင့် ကံကြမ္မာကန္တာရတွင် အရေအတွက် မျှတခြင်းမရှိတော့ပေ။

ရှီမာယူယူ၏ အဖွဲ့မှာ ကံမကောင်းပေ။ အများစုမှာ အိုအေစစ် အတွင်းသို့ကျသွားကာ အနည်းစု မှာ သဲအတွင်းကျသွားသဖြင့် သဲနုန်းများထဲ နစ်ဝင်လုနီးပါးဖြစ်သွားသည်။

သူတို့ပျံထွက်လာသောအခါ အားလုံး၏အဝတ်များတွင် သဲများဖြင့် ပြည့်နှက်နေသည်။ သဲများ မှာ အလွန်ပူသည်။

“အာ…”

ရှီမာယူလီသည် တီးတိုးပြောလိုက်သော်လည်း သူ့အသံမှာ နာကျင်နေ ပုံပေါက်သည်။

“ညီ၄ ဘယ်လိုနေလဲ” ရှီမာယူရန်သည် သူ့ဘေးတွင်ရှိနေသည်။ သူ့ေ အာ်သံကိုကြားသည်နှင့် ချက်ချင်းပင်မေးလေသည်။

“ကျွန်တော်….” ရှီမာယူလီသည် စကားတစ်လုံးပင်ပြောရသေးကာ မိုးပေါ်မှကျသွားလေသည်။

“ညီ၄”

ရှီမာယူယူသည် ရှီမာယူလီအောက်ကိုပျံသန်းသွားလိုက်သည်။ သူမ သည် သူ့အား တည်ငြိမ်စွာ ကိုင်ထားသည်။

“ညီ၅ ညီ၄ ဘယ်လိုနေလဲ” ရှီမာယူရန်သည် ပထမဆုံးရောက်လာ သည်။ သူသည် ရှီမာယူလီ၏ ပြာနှမ်းနေသာ မျက်နှာကိုသတိထားမိပြီး စိုးရိမ်လျက်ရှိသည်။

“သူ အဆိပ်မိနေတာဖြစ်လောက်တယ်” ရှီမာယူယူသည် သူ့ကိုကျွေးရန် ဆေးတစ်လုံးထုတ် လိုက်သည်။ သူ့ခန္ဓာကိုယ်သည် အနက်ရောင် အဖြစ်ဆက်မပြောင်းသွားတော့ပေ။

ရှီမာယူရန်သည် ရှီမာယူလီ၏ လက်ကိုယူပြီး စမ်းကြည့်လေသည် “ဒီမှာကိုက်ရာရှိနေတယ်”

ရှီမာယူယူ ကြည့်လိုက်သည် “ဒါကင်းမြီးကောက်ကိုက်ရာပဲ၊ သဲနုန်း တွေထဲမှာ အဆိပ်ရှိတဲ့ ကင်းမြီးကောက်ရှိနေတယ် အားလုံးပဲဂရုစိုက်ကြ”

“ညီ၄က သဲနုန်းထဲက ကင်းမြီးကောက်ကိုက်တာခံလိုက်ရတာဖြစ်မယ်” ရှီမာယူရွှီ ပြောလေသည်။

“ကျွန်တော်သူ့ကို ကျွေးလိုက်တာက အဆိပ်ပေါင်း ၁၀၀ကို ဖြေနိုင်တဲ့ အဆိပ်ဖြေဆေးပဲ ဒါပေမဲ့ ဒါကို မဖယ်နိုင်ဘူး၊ ဒီကထွက်ရအောင် သူ့ကို ကျွန်တော်ကြည့်ကြည့်မယ်”

“ရှီး ရှီး….”

ရုတ်တရက်ဆိုသလိုပင် ကင်းမြီးကောက်များသည် သဲနုန်းထဲမှ ထွက်လာလေသည်။ ထိုအကောင်များသည် ရွှေရောင်ရှိကြပြီး တောင်ပံ တစ်စုံစီပါကြကာ လေထဲတွင် ပျံနိုင်ကြသည်။

“ရွှေကင်းမြီးကောက်တွေ အားလုံးပဲ ဂရုစိုက်ကြ”

“သေစမ်း အတောင်ပံနဲ့ ရွှေကင်းမြီးကောက်၊ ထူးဆန်းလိုက်တာ”

“ရှီး ရှီး…”

“ရှီး ရှီး…”

ရွှေကင်းမြီးကောက်များသည် သဲထဲမှ တစ်ကောင်ချင်းစီပျံထွက်လာ သည်။ အကောင်ရေ ၁၀ ဂဏန်းရှိသော ကင်းမြီးကောက်များသည် ရှီမာယူယူ တို့အဖွဲ့ကို ဝိုင်းလိုက်ကြသည်။

“ညီ၅ ညီ၄ကို ခေါ်သွားလိုက်၊ ဒီကကိစ္စကို ငါတို့ရှင်းလိုက်မယ်” ရှီမာယူမင် ပြောလေသည်။

“ကောင်းပြီ”

ရှီမာယူလီ၏ အခြေအနေမှာ နှောင့်နှေးနေ၍မဖြစ်ပေ။ သူမသည် အတွေးကိုထိန်းချုပ်လိုက်ရာ ပျောက်သွားလေသည်။ သူမ ပြန်ပေါ်လာချိန် တွင် မီတာ၁၀၀ အဝေးသို့ရောက်နေလေပြီ။

သူမသည် ရှီမာယူလီကို ချီပြီး အရှေ့သို့ပျံသွားလိုက်သည်။ သဲနုန်းမှ ထွက်ပြီးနောက်တွင် သူမသည် သူ့ကိုမြေပေါ်ချလိုက်ပြီး သွေးကြော စမ်းပြီးနောက် အဆိပ်ဖြေဆေးကျွေးလိုက်သည်။

ရွှေကင်းမြီးကောက်များသည် ရှီမာယူယူထွက်သွားသည်ကိုမြင်သော အခါ ချက်ချင်းပင် အရှိန်မြင့်ကာ ကျန်အဖွဲ့များကို တိုက်ခိုက်လေသည်။

“ငါ့သူငယ်ချင်းကို ကိုက်ရဲတယ်ဟုတ်လား မင်းတို့က မီးနဲ့ကစား လိုက်တာပဲ” ဖက်တီးကျူသည် အော်လေသည်။ သူသည် ရှောင်ချီနှင့်အတူ တိုက်ခိုက်လေသည်။

သူတို့နှစ်ယောက်လုံးသည် စကားပြောရာတွင် လက်သီးသုံးသူများ ဖြစ်ကြသည်။ လူကြမ်းဆန် လှသည်။

“ခဏနဲ့ကို ဆုရလိမ့်မယ်လို့ ထင်မထားဘူး” ဟော်ဖန်သည် ဓားထုတ်ပြီး ဝေ့ရမ်းကာ ခုတ်လေ သည်။

မိုဘင်းနှင့် ထန်ယန်တို့သည် အတူတကွတိုက်ခိုက်ကြလေသည်။

ရှီမာယူယူသည် ရှီမာယူလီ၏အဆိပ်ကိုဖြေပြီးချိန်တွင် ရှီမာယူမင်နှင့် အဖွဲ့သည် ရွှေ ကင်းမြီးကောက်ကို ရှင်းပြီးဖြစ်ရာ ပျံလာကြလေသည်။

“ညီ၅ ညီ၄ရဲ့ အခြေအနေ ဘယ်လိုနေလဲ”

“အဆိပ်ကတော့ ပြေသွားပြီ ဒါပေမဲ့ ချက်ချင်းပြေသွားတာမဟုတ်ဘူး၊ သူ့အကြောတွေကို စားသွားမှာသူနှစ်ရက်လောက်နားဖို့လိုတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ရွှေကင်းမြီးကောက်က အဲလောက်အဆိပ်ပြင်းတာလား” ဖက်တီးကျူ အံ့အားသင့်လေသည်။

“အင်း အဲဒါကြောင့် အကိုက်မခံရအောင် သတိထားကြ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“အင်း”

“ဒီနားမှာ အိုအေစစ်ရှိသေးလားလို့ကြည့်ရအောင်” ရှီမာယူယူသည် နီရဲပျားများကိုဆင့်ခေါ်ကာ ဘက်ပေါင်းစုံသို့ လွှတ်လိုက်လေသည်။

“အဲဒါ ဒဏ္ဍာရီလာနီရဲပျားတွေပဲ” ထန်ယန်သည် နီရဲပျားများကို တွေ့သောအခါ အံ့အားသင့်စွာ အော်လေသည်။

ရှီမာယူယူ ခေါင်းညိမ့်လိုက်သည်။ ထို့နောက်တွင် သူမသည် ရှီမာယူလီအတွက် တဲထိုးပေးပြီး စောင့်လေသည်။

၂နာရီကျော်ကြသောအခါ နီရဲပျားတချို့ပြန်လာကာ အိုအေစစ် တွေ့ကြောင်းပြောလေသည်။

ရှီမာယူယူသည် ဟာစွန်ကိုဆင့်ခေါ်ပြီး အားလုံးကိုခေါ်သွားလေသည်။ သူတို့သည် အိုအေစစ် ဆီသို့ လျင်မြန်စွာ ပျံသွားလိုက်ကြသည်။

ဟာစွန်၏အရှိန်သည် နီရဲပျားများထက် မြန်သည်။ တစ်နာရီအကြာတွင် သူတို့သည် အသင့်အတင့်အရွယ်အစားရှိသော အိုအေစစ်ကိုတွေ့ရလေ သည်။

ထိုနေရာတွင် သေးငယ်သောရေကန်ရှိကာ ဘေးတွင် လတ်ဆတ်သော အပင်များရှိလေသည်။ အိုအေစစ်သည် ၁ကီလိုမီတာ အကျယ်အဝန်းရှိသည်။

“အစ်ကို၄ကို သစ်ပင်အောက်ထားလိုက်” ရှီမာယူယူ ပြောလိုက်သည်။

ရှီမာယူမင်သည် အိပ်ယာထုတ်ပြီး သစ်ပင်အောက်ထားကာ ရှီမာယူလီ ကို အိပ်ယာပေါ်တင် လိုက်သည်။

“သူ့ကိုတဲထိုးပေးလိုက်ရအောင်” ဝေကျိရွှီ အကြံပေးလေသည်။

သူတို့သည်တဲထုတ်ပြီး မိနစ်ပိုင်းအတွင်း တဲထိုးပြီးလေသည်။ ထို့နောက် အားလုံးသည် ကိုယ်ပိုင်တဲများ စတင်ဆောက်ကြလေသည်။

ဟော်ဖန်သည် ရှီမာယူယူနှင့် တိုက်ခိုက်ချင်သော်လည်း သူမ အလုပ်ရှုပ်နေသည်ကို ကြည့်ပြီး နောက်မှ စကားပြောရန် ဆုံးဖြတ်လိုက် သည်။

သူတို့သုံးယောက်သည် သူတို့ဘေးတွင်တဲထိုးလိုက်ကြသည်။ သူတို့ကို စောင့်ပေးနေပုံပေါက် သွားသည်။

“ကျွန်တော် အဆိပ်ဖြေဆေးဖော်နိုင်မလားလို့ ရွှေကင်းမြီးကောက်ရဲ့ အဆိပ်ကိုသွားလေ့လာ လိုက်ဦးမယ်” ရှီမာယူယူ ပြောလိုက်သည် “အစ်ကို၃ ကျွန်တော့်ကို အမြှီးပေး”

ရှီမာယူရန်သည် သူမအား အမြီးပေးရင်း သတိပေးလိုက်သည် “သတိထား”

ရှီမာယူယူသည် ခေါင်းညိမ့်ပြီးနောက် အမြှီးကို သူမတဲသို့ယူသွား လိုက်သည်။

“နောက်၂ရက်ကို ညီ၄နိုးလာတာကိုစောင့်ရမယ်၊ ခင်ဗျားတို့ သွားရင်သွားနှင့်လေ၊ မဟုတ်ရင် ခင်ဗျားတို့ အချိန်နဲ့ အစီအစဉ် တွေနှောင့်နှေးသွားလိမ့်မယ်” ရှီမာယူမင်သည် ဟော်ဖန်ကို ပြောလိုက် သည်။

“မလိုပါဘူး ကျွန်တော်တို့်ခင်ဗျားတို့နဲ့နေပါမယ်” ထန်ယန်သည် ငြင်းဆန်လေသည် “တိုက်ပွဲရူး မင်းက ယူယူနဲ့ မတိုက်ရသေးတာ သွားချင် လား”

“မသွားဘူးလေ” ဟော်ဖန် ငြင်းလေသည် “ငါ သူနဲ့ မတိုက်ရ မချင်းမသွားဘူး”

“ငါတို့ကအတူတူပဲ တိုက်ပွဲရူးကမသွားဘူးဆိုတော့ ငါတို့လည်းမသွားဘူး” ထန်ယန် ပြုံးလေ သည်။

သူ၏ လိမ္မာပါးနပ်မှုနှင့်ဆိုလျှင် ရှီမာယူမင်သည် သူတို့ကို မနေစေချင် သည်ကို ခန့်မှန်းနိုင်သည်။ သူတို့ မနေစေချင်လေ သူတို့ထွက်မသွား လေဖြစ်သည်။ သူသည် သူတို့ကိုမကြိုဆိုသော်လည်း နှင်မထုတ်သည်ကို ကြည့်ရသည်ကို ပျော်မွေ့သည်။

***

All Chapters