#အမြင့်ဆုံးနယ်ပယ်အတွက် အလုံးစုံပြုပြင်မွမ်းမံမှု#
Vol. 57 Ch. 812
ဓားတာအိုအရ စံအိမ်တော်ကလူတိုင်းက ယဲ့ချိုးပိုင်ကို အကြွင်းမဲ့ယုံကြည်ရန်အတွက် ရွေးချယ်ခဲ့ကြသည်။
မည်သို့ပင်ဆိုစေကာမူ အစ်ကိုကြီး၏ ဓားတာအို၌ ထူးခြားသည့်ပါရမီက သိသာနေသည် မဟုတ်ပေလော။
ဒါ့အပြင် အမွေအနှစ်၏ ပထမစမ်းသပ်မှုကနေ ကြည့်မည်ဆိုပါက ဒါက ဓားတာအို၊ အရည်အချင်းနှင့် နားလည်သဘောပေါက်မှု၌ ဓားသမားတစ်ယောက်၏ ပါရမီကို စမ်းသပ်နေသည်မှာ ရှင်းလင်းနေသည်။
ဒါကခွန်အားနှင့် အရမ်းကြီးမသက်ဆိုင်ပါ။
ဓားတာအိုမူဝါဒမှာ ပါရမီနဲ့ နားလည်မှုကို ယှဉ်တာလား!
ဒါက အစ်ကိုကြီးအတွက် အသင့်ကျွေးထားတဲ့ အောင်ပွဲတစ်ခုပဲမလား၊ သူအလိုရှိနေသရွေ့ ပါးစပ်ဖွင့်ပြီး စားသောက်နိုင်တာပဲလေ!
ဇီရှန်း ဟုန်ရင်၊ ရှီရှန်းနှင့် ကျန်သောသူများ၏ တုံ့ပြန်မှုကိုမြင်သောအခါ ယဲ့ချိုးပိုင်အား စိတ်၀င်တစားကြည့်လိုက်၏။
ထိုအချိန်တွင် မှန်တစ်ချပ်ကဲ့သို့ ချောမွတ်နေသည့် ကျွန်းပေါ်၌ ဓားအမှတ်အသားများနှင့် ဖုံးနေသည့် ကျောက်တိုင်ဘေးတွင် ယဲ့ချိုးပိုင်၊ ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့က မတူညီသည့်ကျောက်တိုင်ကိုယ်စီ၏ အောက်တွင် ရပ်နေကြပြီး အပေါ်က ဓားအမှတ်အသားကို ကြည့်နေကြသည်။
ဓားအမှတ်အသားများက ကန့်လန့်ဖြတ်ထားပြီး နက်ရှိုင်းကာ တိမ်ပြီး ရှည်လျားတိုတောင်းသည်။ ဒါက အတော်လေးကို ပုံမှန်မဟုတ်ပုံရသည်။
သူတို့လက်နှင့်ပွတ်သပ်ကြည့်သော်လည်း မည်သည့်အကြွင်းအကျန်ဓားချီကိုမှ မခံစားရပေ။
ဒီထဲတွင် လျှို့ဝှက်ဆန်းကြယ်တာဟူ၍ ဘာတစ်ခုမှ မရှိသည့်ပမာ။
ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့ မျက်မှောင်ကြုတ်လိုက်ကြ၏။
သူတို့ ဒီဓားအမှတ်အသားများထဲက အကြွင်းအကျန်ဓားဆန္ဒကို ရှာနိုင်မလားဆိုတာကို သိရရန်အတွက် ကိုယ်ပိုင်နည်းလမ်းများကို စတင်အသုံးပြုကြသည်။
ဥပမာအားဖြင့် ကျန်းကျိယွမ်က ဒီဓားအမှတ်အသားများကို ဓားဆန္ဒနှင့် ဖုံးလွှမ်းပစ်သည်။
နောက်ချန်ထားနိုင်သည့် ဓားချီ သို့မဟုတ် ဓားဆန္ဒကို နှိုးဆွရန်အတွက် သူ အင်မော်တယ်ဓားနယ်ပယ် ဓားဆန္ဒကို အသုံးပြုချင်သည်။
လိန်ရှင်းယွန်က ကျောက်တိုင်ကို ဓားနှင့် ဆက်လက်ဖြတ်တောက်နေသည်။
ကံဆိုးချင်တော့ ကျောက်တိုင်က လုံး၀မလှုပ်ရှားသလို ဓားအမှတ်အသားများကလည်း အနည်းငယ်မျှပင် ပျက်စီးသွားခြင်းမရှိ။
သူတို့နှစ်ယောက်ကဖြစ်စေသည့် ဆူညံမှုက အတော်လေးကြီးမားသော်လည်း တိုးတက်မှုမရှိချေ။
တခြားတစ်ဘက်တွင် ယဲ့ချိုးပိုင်မလှုပ်ရှားဘဲ ကျောက်တိုင်ပေါ်က ကျောက်အမှတ်အသားကိုသာ ထိထားသည်။
ဒီနေရာက စီနီယာဓားနတ်ဘုရား တစ်ကြိမ်တစ်ခါက ဓားရေးလေ့ကျင့်ရန်အတွက် သုံးခဲ့တဲ့နေရာလား! ယဲ့ချိုးပိုင် ဒီမညီမျှသည့် ဓားအမှတ်အသားများကိုကြည့်ရင်း နှလုံးသားထဲကနေ စဉ်းစားနေသည်။
ထူထဲသည့်ဓားအမှတ်အသားများက နက်ရှိုင်းကာ တိမ်လှသည်။
ဓားလေ့ကျင့်သူက အားနည်းချိန်တွင် ဒီတိမ်သည့်ဓားအမှတ်အသားများ ဖြစ်လာတာ သိသာထင်ရှားသည်။
နက်ရှိုင်းသည့်ဓားအမှတ်အသားများကမူ တစ်စုံတစ်ရာကိုနားလည်ခဲ့ပြီး ခွန်အားကို တိုးမြှင့်ခဲ့ကြသည့် ဓားလေ့ကျင့်သူများ ချန်ထားခဲ့ခြင်းပင်။
သို့မဟုတ် ဒါက ဓားတာအိုကို နားလည်ခြင်းဖြစ်စဉ်လည်း ဖြစ်နိုင်သည်။
ထောင်ချီသည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ပြီးနောက်တွင် ဘယ်အရာမဆို မရှုံးနိမ့်နိုင်တော့ပါ။
ဓားလမ်းစဉ်ကလည်း ခြွင်းချက်မဟုတ်ပေ။
ကျောက်တိုင်များက ထူထဲကာမြင့်မားပြီး နက်ရှိုင်းကာ တိမ်သည့်ဓားအမှတ်အသားများ သန်းချီကျန်နေခဲ့သည်။
ဒီနေရာ၌ ကျောက်တိုင်လေးခုသာရှိသည်။
ကျောက်တိုင်တစ်ခုစီရှိ နက်ရှိုင်းသည့် ဓားအမှတ်အသားများ၌ သိမ်မွေ့သည့်ကွဲပြားချက်များရှိသည်။
ယဲ့ချိုးပိုင်သက်ပြင်းချသည်။
သာမန်လူတစ်ယောက်က ဘယ်လိုလုပ် ဓားနတ်ဘုရားတစ်ပါးဖြစ်လာနိုင်မှာလဲ!
သူကအတော်လေးပါရမီရှိရုံတင်မကဘဲ မယုံနိုင်စရာကောင်းလောက်အောင် ကြိုးစားတဲ့သူလည်းဖြစ်ရမယ်!
ဒါကိုတွေးမိသောအခါ ယဲ့ချိုးပိုင် လက်ထဲက ခေးအောစ့်အနှစ်သာရဓားကို မြှောက်လိုက်၏။
ထိုဓားအမှတ်အသားများကို ကြည့်ရင်း ပုံရိပ်တစ်ခုက သူ့စိတ်ထဲတွင် မသိစိတ်ကနေတဆင့် ပေါ်ပေါက်လာခဲ့သည်။
ကျောက်တိုင်ရှေ့တွင် လူငယ်တစ်ယောက်က လက်ထဲက သုံးပေရှည်ဓားကို ဆက်လက်ဝှေ့ယမ်းနေသည်။
ယဲ့ချိုးပိုင်ကလည်း သူ့စိတ်ထဲက လူငယ်အတိုင်း လက်ထဲက ဓားကိုဝှေ့ယမ်းချင်သည်။
သူဒါကိုတွေးတောပြီးနောက် ထိုအတိုင်းပင် လုပ်ခဲ့သည်။
မြင့်မြတ်အဆောင်ဂိုဏ်း မဟာအကြီးအကဲ ယဲ့ချိုးပိုင် ဓားနှင့်အတူ ကနေတာကိုမြင်သောအခါ အံ့သြသင့်တကြီးမေးလိုက်၏။
"သူဘာလုပ်နေတာလဲ"
ဇီရှန်းကလည်း အနည်းငယ်ဝေခွဲမရဖြစ်နေသည်။
သူက ဓားဆန္ဒ သို့မဟုတ် မည်သည့်ကျင့်ကြံခြင်းကိုမှ မထုတ်လွှတ်ဘဲ လက်ထဲကဓားကို သာမန်ပုံစံအတိုင်းသာ ဝှေ့ယမ်းနေသည်။
သူက ဓားကိုလေ့ကျင့်နေသည့် ဓားတာအို၏ ကနဦးသမားတစ်ယောက်နှင့်တူပြီး ဓားတာအို၏ အစဦးအဆင့်ကို တက်လှမ်းရန်အတွက် အတတ်နိုင်ဆုံး ကြိုးစားနေသည့်ပမာ။
ဟုန်ရင်၊ နင်းချန်ရှင်း၊ ရှီရှန်း၊ ရှောင်ဟိုင်၊ မုဖူရှန်းနှင့် မု၀မ်အာတို့ မှိန်ဖျော့စွာ ပြုံးလိုက်ကြ၏။
သူတို့ပင်လျှင် ဒါကိုနားမလည်နိုင်ကြပေ။
သို့စေကာမူ အစ်ကိုကြီးက သေချာသည့် အခြေအနေတစ်ခုကို ၀င်ရောက်နေပြီဆိုတာ သူတို့ခပ်ရေးရေးနားလည်ကြသည်။
သူက ကျောက်တိုင်၏အဓိပ္ပာယ်ကို စတင်နားလည်လာနေလေပြီ။
တစ်ရက်ကုန်ဆုံးသွားပြီးနောက် လိန်ရှင်းယွန်နှင့် ကျန်းကျိယွမ်တို့က တခြားနည်းလမ်းများကို စတင်ကြိုးစားကြသည်။
ယဲ့ချိုးပိုင် သူ့ဓားနှင့် လေ့ကျင့်နေဆဲပင်။
နှစ်ရက်အကြာတွင် လိန်ရှင်းယွန်နှင့် ကျန်းကျိယွမ်တို့က ကြိုးစားနေတာကို ရပ်လိုက်ကြ၏။ ယင်းအစား သူတို့ကျောက်တိုင်ရှေ့တွင် တင်ပလ္လင်ခွေထိုင်ရင်း ကျောက်တိုင်ပေါ်က ဓားအမှတ်အသားများ၏ နက်ရှိုင်းမှုကို နားလည်ချင်ကြသည်။
ယဲ့ချိုးပိုင် လက်ထဲက ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားကို ဝှေ့ယမ်းနေဆဲပင်။
သုံးရက်ကုန်ဆုံးသွားခဲ့သည်။
ဒီနေ့တွင် နေမင်းကြီးက တိမ်တိုက်များကို ဖောက်ခွင်းကာ နေရောင်ခြည်က မြေကြီးပေါ် ထွန်းလင်းတောက်ပနေသည်။ မှန်ကဲ့သို့မြေကြီးကို ရွှေရောင်အလင်းအလွှာတစ်ခု ဖုံးအုပ်ထားသည့်ပမာ ထင်ရသည်။
ယဲ့ချိုးပိုင်၏ကိုယ်ကနေ အခိုးအငွေ့အနည်းငယ် စိမ့်ထွက်သွား၏။
ဒီအပူချိန်က အတော်လေးပူပြင်းသဖြင့် ပတ်၀န်းကျင်က နေရာများပင် တဖြည်းဖြည်းပုံပျက်နေသည်။
ယဲ့ချိုးပိုင်၏ အစိမ်းရောင်၀တ်စုံကပင် ထိုအခိုက်အတန့်၌ စိုရွှဲ့နေသည်။
သူချွေးများနှင့် ရွှဲ့စိုနေသည်မှာ သိသာထင်ရှားနေသည်။
မြင့်မြတ်အဆောင်ဂိုဏ်း မဟာအကြီးအကဲနှင့် ဇီရှန်းတို့ အတော်လေး စိတ်ရှုပ်ထွေးနေကြ၏။
ယဲ့ချိုးပိုင်၏နယ်ပယ်တွင် ဒါက သူ့လက်ထဲက ဓား၏ သာမန်လှုပ်ရှားမှုတစ်ခုသာဖြစ်သည်။
သူကဘာလို့ချွေးထွက်နေရတာလဲ!
အပူချိန်က တဖြည်းဖြည်းပျံ့သွားသည်နှင့် ဒါက ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့၏ အကြည့်ကိုပါ ဆွဲဆောင်သွားခဲ့သည်။
ထိုအခိုက်အတန့်၌ ယဲ့ချိုးပိုင်မှာ အလွန်အမင်းဆန်းကြယ်သည့် အခြေအနေတစ်ခုသို့ ဖြည်းဖြည်းချင်း၀င်သွားခဲ့သည်။
ရှီရှန်းရုတ်တရက်ပြောသည်။
"ကောင်းကင်ဘုံနယ်မြေ"
ကောင်းကင်ဘုံနယ်မြေ"
ဇီရှန်းအံ့ဩသင့်တကြီး လှမ်းကြည့်လိုက်၏။
လူတစ်ယောက်တွင် ထူးခြားသည့်ပါရမီရှိနေသရွေ့ သူ့ဆန္ဒနယ်ပယ်ကျွမ်းကျင်မှုက လုံလောက်အောင် မမြင့်မားလျှင်ပင် ကောင်းပင်ဘုံနယ်မြေကို ၀င်နိုင်သည်။
ဇီရှန်းပင်လျှင် သူမနယ်ပယ်မမြင့်စဉ်က တစ်ခါ၀င်ခဲ့ဖူးသည်။
သို့စေကာမူ ယဲ့ချိုးပိုင်၏ ဓားတာအိုက အင်မော်တယ်ဓားနယ်ပယ်ကို တက်လှမ်းနေလေပြီ။ ဒါတောင် သူက ကောင်းကင်ဘုံနယ်မြေကို ၀င်နိုင်သွားသေးတာလား!
ဒါဘယ်လိုဖြစ်ခဲ့တာလဲ!
မြင့်မြတ်အဆောင်ဂိုဏ်း၏ မဟာအကြီးအကဲကလည်း ထိတ်လန့်နေသည်။
တစ်ချိန်တည်းမှာပင် ဂိုဏ်းချုပ်လုပ်ခဲ့တာ လုံး၀မှန်ကန်သည်ဟု ကိုယ်တိုင်တွေးနေမိသည်။
သူက ဒီအဆင့်ရှိသည့်ပါရမီရှင်ကို ချည်နှောင်ကာ ကာကွယ်ရန်အတွက် အကောင်းဆုံးလုပ်ခဲ့ခြင်းပင်။
တစ်ဘက်ကြီးထွားလာနေသရွေ့ အနာဂတ်တွင် မြင့်မြတ်အဆောင်ဂိုဏ်း၏ ပုံရိပ်ကလည်း အလားတူ မြှင့်တက်လာပေလိမ့်မည်။
ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့ကလည်း တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြ၏။ သူတို့မျက်လုံးများ၌ အံ့ဩသင့်မှုများကို မြင်တွေ့နိုင်ပေသည်။
သူတို့ကျောက်တိုင်နှင့်ပတ်သက်ပြီး ထူးခြားတာဘာတစ်ခုမှပင် မတွေ့ခဲ့ပါ။
ဓားအမှတ်အသားများ၏ နက်ရှိုင်းမှုတွင်လည်း တိုးတက်မှုမရှိပေ။
သို့စေကာမူ ယဲ့ချိုးပိုင်က ကျောက်တိုင်ရှေ့တွင် သူ့ဓားနှင့်လေ့ကျင့်ရင်း ကောင်းကင်ဘုံနယ်မြေကို ၀င်သွားခဲ့သည်လား။
ဒါဘယ်လိုစစ်ဆင်ရေးမျိုးလဲ!
သို့သော် ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့က ယဲ့ချိုးပိုင်၏ ကောင်းကင်ဘုံနယ်မြေက်ု နှောင့်ယှက်ရန်အတွက် မရွေးချယ်ဘဲ ယင်းအစား တိတ်တဆိတ်လှည့်ကာ ကျောက်တိုင်ပေါ်က ဓားအမှတ်အသားများကိုသာ ဆက်လက်ကြည့်နေကြ၏။
ဓားအင်မော်တယ်တဖြစ်လဲ သူတို့တွင် အားကောင်းခိုင်မာသည့် စရိုက်ကိုယ်စီရှိကြသည်။
အစက သူတို့က ဓားနတ်ဘုရားအမွေအနှစ်၏ သယ်ဆောင်လာခြင်းကို ခံခဲ့ရသဖြင့် ယဲ့ချိုးပိုင်တို့နောက်က လိုက်ခဲ့ခြင်းပင်။
သူတို့ လူငယ်ဂျူနီယာလေးတစ်ယောက်၏ နားလည်မှုကို နှောင့်ယှက်ရန်အတွက်မူ အမှန်တကယ်မလုပ်နိုင်ပေ။
သူတို့ဒီလိုအရာကို လုပ်လိုက်မည်ဆိုပါက ဒါက သူတို့ဓားနှလုံးသားအတွက် ပြန်ပြောင်း၍မရနိုင်သည့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။
ကျောက်တိုင်လေးတိုင်၏အလယ်တွင် ပုံရိပ်ယောင်ဓားက ပုံရိပ်ယောင်တစ်ခုက ဒီမြင်ကွင်းကိုမြင်သောအခါ အနည်းငယ် ခေါင်းညိတ်သည်။
နောက်ဆုံးတော့ တစ်ယောက်ယောက်က ဒီစစ်ဆေးရေးအမှတ်ကို ချမှတ်ခဲ့သည့် ဆရာ့၏ ရည်ရွယ်ချက်ကို နားလည်နိုင်ခဲ့လေပြီ။
ဒီကလေးက ဆရာရဲ့အမွေအနှစ်ကို အမွေဆက်ခံနိုင်လောက်လား!
အပိုင်း(813) coming။