← Chapters

အခြေအနေတွေပြောင်းနေပြီ မြန်မြန်

Vol. 009 Ch. 842

အခြေအနေတွေပြောင်းနေပြီ မြန်မြန်

Vol. 009 Ch. 842

“ကျွန်တော်တို့က ခင်ဗျားတို့ရွှေကင်းမြီးကောက်တွေကို ခိုးသွားမှာ စိုးရိမ်လို့လား” ထန်ယန်သည် သူတို့စကားပြောသည်ကိုမစောင့်ပဲ ပြောလိုက် သည် “စိတ်ချပါ ကျွန်တော်တို့ ဘာမှလုမယူပါဘူး အဲဒါအတွက် ခင်ဗျားတို့နဲ့ မတိုက်ခိုက်ချင်ဘူးလို့ အစောကတည်းကပြောပြီးသားမလား”

“ကျွန်တော်ပြောချင်တာအဲလိုမဟုတ်ဘူးလေ ခင်ဗျားတို့ ခရီးနှောင့်နှေး သွားပြီး ရွှေကင်းမြီး ကောက်တွေ မသတ်ရမှာစိုးလို့ပါ”

“စိတ်ချပါ မနှောင့်နှေးပါဘူး” ဟော်ဖန် ပြောလိုက်သည် “ကျွန်တော်တို့ က ရွှေကင်းမြီးကောက် တွေမလိုဘူး၊ အဲတော့ တစ်ကောင်မှမရလည်း ဘာမှမဖြစ်ဘူး”

“ရွှေကင်းမြီးကောက်တွေ မလိုဘူးဟုတ်လား”

“ဟုတ်တယ် မသိဘူးလား” ဟောဖန်သည် ဖက်တီးကျူနှင့် တခြားသူ များအံ့သြသွားသည်ကို ကြည့်ပြီး နားမလည်နိုင်ဖြစ်သွားသည်။

“ဘာကိုသိရမှာလဲ”

“အဆင့်၁ကနေ ၅၀အထိက နောက်နှစ်အရည်အချင်းစစ်ပွဲမှာ ဝင်ပြိုင်စရာမလိုဘူး အလိုလို အောင်ပြီးသားပဲ” ထန်ယန် ရှင်းပြလေသည်။

“အဆင့် ၁၀၀၀ အတွင်းကလူတွေလို့ ပြောတယ်လေ”

“ဟုတ်တယ် ထိပ်တန်းအဆင့်၁၀၀၀ အတွင်းကပဲ ဒါပေမဲ့ အဆင့်၅၀ အတွင်းကလူတွေမပါဘူး” ထန်ယန်ပြောလိုက်သည် “အဲဒါကြောင့် နောက်ကျရင် ဝင်ပြိုင်တဲ့လူ ၁၅၀၀ရှိသွားမှာ”

အားလုံးသည် ဆွံ့အသွားကြသည်။ ဒီလိုစည်းမျဉ်းမျိုးရှိသေးတာလား။

“ဒါဆိုရင် ခင်ဗျားတို့ကဒီမှာဘာလုပ်နေကြတာလဲ” ဖက်တီးကျူမေး လိုက်သည်။

“ငါတို့လာစရာမလိုပေမယ့် မျှတမှုရှိအောင်လို့ တခြားသူတွေနဲ့ ပြိုင်ရတာလေ” ထန်ယန် ပြော လိုက်သည် “အဲဒါကြောင့် မင်းတို့စိုးရိမ်စရာ မလိုဘူး မင်းတို့ဟာကို ငါတို့မလုဘူး”

“….”

ထိုလူများသည် သူတို့စိတ်ကိုအနှောင့်အယှက်ဖြစ်စေရန် လိုက်လာ သည်နှင့်တူသည်။

ရှီမာယူယူသည် သူမတဲအတွင်းရှိနေကာ အပြင်ကပြောသမျှကို နားထောင်ပြီး ဘာမှမပြောပေ။

သူမသည် အထူးပြုလုပ်ထားသော လက်အိတ်ထုတ်ပြီး သူမဘေးမှ ဓားကိုကိုင်လိုက်သည်။ သူမသည် ရွှေကင်းမြီးကောက်၏ အမြီးကိုဖြတ်လိုက် ပြီး အဆိပ်ကိုကြည့်လိုက်သည်။ သူမသည် အထဲ ကအသားများ ကိုလှီးထုတ်ပြီး အဆိပ်ကို ကျောက်စိမ်းပန်းကန်လုံးထဲသို့ ထည့်လိုက်သည်။

ရွှေကင်းမြီးကောက်တစ်ကောင်သည် စင်တီမီတာ ၂၀မှ ၃၀အထိ ရှီကာ အမြှီးမှာ စင်တီမီတာ ၂၀လောက်ရှိသည်။ သို့သော် အဆိပ်မှာ အနည်းငယ်သာရှိသည်။

သို့သော် ထိုအဆိပ်အနည်းငယ်သည် အံ့ဖွယ်ဘုရင်အဆင့် ၁၀၀ လောက်ကိုသတ်နိုင်သည်။

သူမသည် ဇလုံထုတ်ကာ ဆေးအမှုန့်ထည့်ပြီးနောက် ကျောက်စိမ်း ချောင်းယူကာ ရွှေကင်းမြီး ကောက်အဆိပ်ကို ချကြည့်လိုက်သည်။ သူမသည် ကျောက်စိမ်းချောင်းဖြင့် ရေကိုမွှေလိုက်ရာ ချက်ချင်းပင် ဆူပွက်လာ လေသည်။

“ပြင်းလိုက်တဲ့အဆိပ်” သူမသည် ပေါ့ပါးစွာပြောလိုက်သော်လည်း အလွန်အံ့သြနေလေသည်။

ဒီလောက်ပြင်းတဲ့အဆိပ် အကိုက်ခံလိုက်ရရင် ကျောင်းသားတွေ အတွက် မကောင်းနိုင်ဘူးလေ။ ဂိုဏ်းက ဘာလို့ဒီလောက်အန္တရာယ်များတဲ့ မစ်ရှင်ကို ကျောင်းသားတွေကို ပေးရတာလဲ။

“ဆရာတွေများမသိလို့လား” သူမ မျက်မှောင်ကြုတ်လိုက်သည်။

အခြေအနေပြင်းထန်သည်ကို စဉ်းစားပြီးနောက် သူမသည် အဆိပ်ကို ပြန်ချပြီး အပြင်သို့ထွက် ခဲ့သည်။

“ပြီးပြီလား” ရှီမာယူလင်းသည် သူမထွက်လာသည်ကို မြင်သည်နှင့် မေးလိုက်သည်။

ရှီမာယူယူသည် ခေါင်းရမ်းပြီး ပြောလိုက်သည် “ကျွန်တော် တွေ့ထားတာရှိလို့ အကုန်လုံးနဲ့ ဆွေးနွေးချင်လို့”

“ဘာလဲ” ရှီမာယူမင် မေးလေသည်။

ရှီမာယူယူသည် မိုဘင်းနှင့် အဖွဲ့ကိုကြည့်ပြီး မေးလိုက်သည် “ခင်ဗျား တို့ ရွှေကင်းမြီးကောက်နဲ့ အကျွမ်းတဝင်ရှိလား”

“အရင်ကတော့တွေ့ဖူးတယ် ဒါပေမဲ့ တရင်းတနှီးမရှိဘူး ဘာလို့လဲ” မိုဘင်းသည် သူမ၏ တည်ငြိမ်သော မျက်နှာထားကိုတွေ့သောအခါ မေး လိုက်သည်။

“အရင်ကတွေ့ဖူးတယ်ဟုတ်လား၊ သူတို့ရဲ့အဆိပ်ရဲ့ သက်ရောက်မှုကို မြင်ဖူးလား” ရှီမာယူယူ မေးလိုက်သည်။

“ဒါပေါ့၊ အရင်ကမစ်ရှင်လုပ်ဖို့ဒီကိုလာဖူးတယ်၊ အဲဒါကလည်း ရွှေကင်း မြီးကောက်စုဖို့ပဲ၊ ဒါပေမဲ့ အဲဒါက လွန်ခဲ့တဲ့နှစ်၁၀၀က” မိုဘင်း ပြောလိုက် သည်။

“ဒါဆို ခင်ဗျားတို့နဲ့ ကျွန်တော်နဲ့လိုက်ခဲ့” ရှီမာယူယူသည် လှည့်ထွက် ကာ ဦးဆောင်သွားလေသည်။

မိုဘင်းနှင့် တခြားသူများသည် အကြည့်ချင်းဖလှယ်ပြီးနောက် သူမ နောက်လိုက်ဝင်လေသည်။ သူမ တဲသည်ကြီး၍တော်သေးသည်၊ အထဲတွင် လူ၁၀ယောက်ဝင်သွားတောင် အသက်ရှုမကြပ်ပေ။

“ပြင်းလိုက်တဲ့အဆိပ်” ဘေဂုံထန်နှင့် တခြားသူများသည် ဆေးနှင့် အကျွမ်းတဝင်ရှိ သောကြောင့် ထိုတုန့်ပြန်မှုကိုမြင်သောအခါ အော်မိကြ လေသည်။

“အဆိပ်ကအဲလောက်ပြင်းတာလား” ဖက်တီးကျူသည် နားမလည် သဖြင့်မေးလိုက်သည်။

“တုန့်ပြန်တာက ပြင်းတယ် ဆိုလိုတာက အဲဒီအဆိပ်က ဧကရာဇ် အဆင့်ကို မိနစ်အနည်းငယ် အတွင်းကို သတ်ပစ်နိုင်တယ်ဆိုတာ ပြနေတာပဲ” ဘေဂုံထန် ပြောလိုက်သည်။

“အဲလောက် အားကောင်းတာလား” ဖက်တီးကျူသည် အော်ရင်းနှင့် နောက်ဆုတ်သွားလေ သည်။ သူသည် ကျောက်စိမ်းပန်းကန်လုံးနှင့် အထဲရှိ ရေကို ကြောက်ရွံ့သွားလေသည်။

ရှီမာယူယူသည် မိုဘင်းကိုကြည့်ပြီး ပြောလေသည် “ရွှေကင်းမီး ကောက်အဆိပ်က အဲလောက် အားကောင်းတာသိလား”

“မသိဘူး” မိုဘင်းသည် အသေအချာသိသည် “အဲတုန်းက ငါတို့်လည်း အားမကောင်းကြသေး ဘူး၊ ပြီးတော့ ရွှေကင်းမြီ်းကောက်အကိုက်ခံရတဲ့ လူတွေလည်းရှိတယ်၊ ဒါပေမဲ့ အဆိပ်ကအဲလောက် မပြင်းဘူး”

“အဲတော့ အခုမှရွှေကင်းမြီးကောက်ရဲ့အဆိပ်က ပိုပြီးပြင်းလာတာပေါ့” ရှီမာယူလင်း ပြော လိုက်သည်။

“ညီ၅က ညီ၄အကိုက်ခံရတော့ အဆိပ်ပြန့်တာကို တားလိုက်နိုင်လို့ ကုဖို့အချိန်ရာပဲ၊ မဟုတ်ရင တစ်ခဏအတွင်းအသက်ဆုံးရမှာ” ရှီမာယူရန် ပြောလိုက်သည်။

“ဂိုဏ်းက အရည်အချင်းစစ်ပွဲကို ဘာလို့ဒီလောက်အန္တရာယ်များ တာလုပ်ခိုင်းရတာလဲ” ဟော်ဖန်သည် ရှုပ်ထွေးသဖြင့် မေးလိုက်သည်။

“ဂိုဏ်းကခက်ခဲတဲ့မစ်ရှင်ကို ရွေးပေးတာမဟုတ်ဘူး၊ ရွှေကင်းမီး ကောက်အဆိပ်တွေက ပြောင်းသွားတာ၊ အဲဒါကိုဂိုဏ်းက သတင်းမရတာ ဖြစ်မယ်” မိုဘင်း၏ အမူအရာသည် တည်နေသည် “တခြား ကျောင်းသား တွေသာ ရွှေကင်းမီ်းကောက်ကိုက်တာခံရမယ်ဆိုရင်…”

“ဘာတွေဖြစ်နေလဲဆိုတာ ငါတို့ဂိုဏ်းကို အမြန်သတိပေးရမယ်” ထန်ယန်ပြောလေသည်။

မိုဘင်းသည် ခေါင်းညိမ့်ရာ ထန်ယန်သည်လည်း လှည့်ထွက်ရန် ဟန်ပြင်လေသည်။

သူတို့သည် လျင်မြန်စွာလှည့်ပြီးပြောလေသည် “ဒီနားမှာ လှိုင်းတွေက ပြဿနာဖြစ်နေတယ် ငါတို့ ဘာသတင်းမှပို့လို့မရဘူး”

“အဲတော့ ငါတို့ဂိုဏ်းကိုမရောက်နိုင်ဘူးလား”

“သီအိုရီအရတော့အဲလိုပဲ” ထန်ယန် ပြောလိုက်သည်။

“သီအိုရီအရဟုတ်လား ဘာအဓိပ္ပာယ်လဲ”

“တခြားနည်းလမ်းတော့ရှိတယ် ဒါပေမဲ့ အလုပ်မဖြစ်လောက်ဘူး” ထန်ယန် ရှင်းပြလေသည် “အဲလိုမဟုတ်ရင် ငါတို့ဂိုဏ်းကိုမရောက်နိုင်ဘူး”

“ဒါဆိုရင် ကျွန်တော်အရင်ပြိုင်ပြီး ဂိုဏ်းကိုသတင်းပေးလိုက်မယ်၊ အဲလိုဆိုရင် ပြဿနာကို ရှင်းပြီးပြီမဟုတ်ဘူးလား” ဖက်တီးကျူ ပြောလေ သည်။

“ဂိုဏ်းရဲ့ခွင့်ပြုချက်မရှိပဲ ကံကြမ္မာသဲကန္တာရကနေထွက်တာက ပြိုင်ပွဲဝင်ခွင့်ကို ရုတ်သိမ်းနိုင်တယ်” ဟော်ဖန် ပြောလေသည်။

“ခင်ဗျားတို့ကမပြိုင်ဘူးမလား ဒါဆိုရင် ခင်ဗျားတို့ပြန်လို့ရတာပဲ”

“ငါတို့ဝင်လာတာနဲ့ ပြန်သွားလို့မရဘူး” မိုဘင်း ပြောလေသည် “မင်းတို့နဲ့အတူမပြန်ဘူးဆိုရင် ငါတို့လည်း အထုတ်ခံရမှာပဲ”

“အဲဒါဘယ်လိုစည်းမျဉ်းကြီးလဲ” ဖက်တီးကျူ အော်လေသည် “ဒါဆို အခုဘာလုပ်ကြမလဲ”

“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့်အပြင်သွားပြီး နည်းလမ်းတစ်ခုရှာရမယ်” ရှီမာယူယူ ပြောလေသည် “ခင်ဗျားတို့ နည်းလမ်းရှာကြည့်ပါဦး ဝူရန်နဲ့ဘေဂုံ က နေခဲ့ပြီး ကျွန်တော်နဲ့အတူ အဆိပ်ဖြေဆေးကို လေ့လာလိုက်ဦးမယ်”

“ရှောင်ချီလည်း မထွက်သွားတော့ဘူး” ရှောင်ချီ ပြောလေသည်။

နောက်ဆုံးတွင် ကျန်သောသူများသည် ထွက်သွားကြကာ သူတို့ လေးယောက်သည် တဲတွင်နေခဲ့ကာ ဆေးကိုလေ့လာကြလေသည်။

ရှီမာယူရန်ှနင့် တခြားသူများထွက်လာကြသည်။ သူတို့ညီငယ် အသက် အန္တရာယ်ရှိနေသည်ကို စဉ်းစားလိုက်ရာ သူတို့သည် ချက်ချင်းပင် ကြောက်လာကြသည်။ ရှီမာယူယူရှိနေ၍ တော်သေးသည်။ မဟုတ်လျှင် ရလဒ်မှာ မစဉ်းစားရဲလောက်စရာပင်။

“မိုဘင်း ဒီနှစ်တွေမှာ ရွှေကင်းမြီးကောက်တွေဘာလို့ရှိနေတာလဲဆိုတာ မင်းသိချင်နေတာ မလား” ထန်ယန်သည် မိုဘင်းဘေးလျှောက်လာကာ မေးလေသည် “သူတို့အရေအတွက်များလာတာ တင်မကဘူး သူတို့အဆိပ် လည်းပြင်းလာတယ် ဒါကပုံမှန်မဟုတ်ဘူး”

“တကယ်ပဲ ပုံမှန်မဟုတ်ဘူး” မိုဘင်း ပြောလေသည် “ပြီးတော့ ငါတို့သတင်းထွက်အောင်လုပ် လို့မရဘူး ဒါကတကယ်ပဲနားလည်ရခက်တယ်”

“အကြောင်းအရင်းတော့ရှိရမယ်” ဖက်တီးကျူသည် ပြောလိုက်သည်။

“အကြောင်းအရင်းဟုတ်လား”

“ဟုတ်တယ်၊ ဒီနေရာရဲ့ လှိုင်းနဲ့လေဟာပြင်ကပြောင်းလဲသွားလို့ သတင်းမထွက်တာဖြစ်နိုင် တယ်၊ အဲဒါက ရွှေကင်းမြီးကောက်တွေလည်း သူတို့ရဲ့လက်ရှိအခြေအနေကို ပြောင်းလဲသွားတာဖြစ် မယ်၊ ယူလင်း ငါပြောတာမှန်လား”

***

All Chapters