ပိတ်မိခြင်း
Vol. 009 Ch. 844
ထိုသည်မှာ မှားယွင်းသောယုတ္တမရှိသော အငြင်းအခုံသာဖြစ် သော်လည်း သူတို့သည် ဆေးကို ကျောက်များပေးပြီး ဝယ်ရလေသည်။
ကျောက်ထောင်ချီသုံးလိုက်ရသည်ကို မိုဘင်းနှင့် ဟော်ဖန်တို့သည် ဘာမှမတွေးပေ။ သူတို့သည် ပိုက်ဆံကိုထည့်မတွက်သော်လည်း တစ် ယောက်သောသူသည် ဝန်လေးနေသည်။ ထန်ယန် တစ်ယောက်သာ တွန့်ဆုတ်နေသည်။
ရှီမာယူယူ တခြားသူများကို ဆေးထုတ်ပေးသည်ကို သူမြင်သောအခါ မေးလိုက်သည် “သူတို့က ကျဘာလို့ ပိုက်ဆံမပေးရတာလဲ”
“ကျွန်တော်တို့က တစ်ဖွဲ့တည်းလေ ပေးစရာမလိုဘူး”
“ဒါဆို ငါတို့ကိုလည်းမင်းနဲ့တစ်ဖွဲ့တည်းသတ်မှတ်လိုက်လေ” ထန်ယန် ပြန်ချေပလေသည်။
“ခင်ဗျားတို့နဲ့ ရင်းမှမရင်းနှီးတာ” ရှီမာယူယူသည် သူ့ကိုပြန်မဖြေချင်ပေ။
“ပထမဆုံးတွေ့ဆုံခြင်းက သိကျွမ်းခြင်း၊ ဒုတိယအကြိမ်တွေ့ရင် မိတ်ဆွေ၊ ငါတို့က အကြိမ် အများကြီးတွေ့ပြီးပြီဆိုတော့ ငါတို့ရင်းနှီးပြီး သားလေ” ထန်ယန် ငြင်းခုံလေသည်။
“သူတို့ကကျွန်တော့်အစ်ကိုတွေ၊ ဖက်တီးနဲ့ တခြားသူတွေက ကျွန်တော်နဲ့ အတူကြီးလာတဲ့ သူငယ်ချင်းတွေလေ၊ ကျွန်တော်တို့ အတူရှိ လာတာ ၁၀နှစ်ကနေ အနှစ်၂၀ရှိနေပြီ” ရှီမာယူယူ ပြောလိုက်သည် “အဲလိုမျိုး ဆိုရင်တော့ ခင်ဗျားတို့ကို ပိုက်ဆံမယူဘူး”
ထန်ယန်သည် ၁၀နှစ်တာကာလမှာ ရှည်လျားခြင်းမရှိသည်ကို သူမကို ပြောချင်သည်။ သို့သော် သူမသည် ငယ်ရွယ်သေးသည်ကို စဉ်းစားမိရာ ၁၀နှစ်သည် သူမအတွက်တော့ ရှည်လျားသည့် အချိန် ကာလဖြစ်သည်။
ရှီမာယူယူသည် သူ့အဖြေကိုမစောင့်တော့ပဲ လှည့်ထွက်ပြီး ကိုယ်ပေါ်မှ သဲများကို ခါလိုက်သည်။ “ကောင်းပြီ ငါဆေးသွားဖော်လိုက်ဦးမယ် ဘေဂုံ ဝူရန် မင်းတို့ခဏနားပြီးမှလာခဲ့လိုက်”
“ကောင်းပြီ မင်းအရင်သွားနှင့်လိုက်” ဘေဂုံထန် ခေါင်းညိမ့်လေသည်။
အပြင်လူများရှိသဖြင့် သူတို့သည် ဝိဉာဉ်စေတီအတွင်းသွားပြီး ကျင့်ကြံ ခြင်းမပြုပဲ ဆေးကိုသာ ဖော်ကြလေသည်။ တစ်သုတ်တွင် ဆေး၁၀လုံး ထုတ်နိုင်သဖြင့် သူတို့သုံးယောက်သည် ထိုညတွင် ဆေးအလုံးပေါင်း ၁၀၀ထုတ်နိုင်လေသည်။
သူတို့ဆေးဖော်နေစဉ်တွင် ရွှေကင်းမြီးကောက်များ အိုအေစစ်သို့ နှစ်သုတ်ရောက်လာသည်။ သူတို့သည် ဆေးဖော်နေသော ၃ယောက်ကို အနှောင့်အယှက်မဖြစ်စေရန် အဝေးတွင်ပင် ရှင်းလိုက်ကြ သည်။
“တစ်ညတည်းနဲ့ ရွှေကင်းမြီးကောက် ၁၀၀ကျော်ရော်ကလာတယ်၊ ရိုက်ချက်ကတော့ ကြီးတယ်” မိုဘင်း ပြောလေသည် “အရင်တစ်ခေါက်လာ တုန်းက တစ်နေ့လုံးသွားတာတောင် တစ်ကောင်မှ မတွေ့ရဘူး ပြီးတော့ တစ်ခါတွေ့ရင်လည်း အကောင် ၂၀ ၃၀ တောင်မရှိဘူး”
“အဲဒါကြောင့် ရွှေကင်းမြီးကောက်တွေ အများကြီးတိုးလာတယ်လို့ ပြောကြတာကိုး” ထန်ယန် ပြောလေသည် “သူတို့က မသန်မာပေမယ့် အရမ်း များတယ်၊ အသုတ်ကြီးတစ်သုတ်သာ ပေါ်လာလို့က တော့ တိုက်ဖို့ခက်မယ်”
“ဒါဘယ်လိုအဆုံးသတ်မလဲမသိနိုင်သေးဘူး” ရှီမာယူလင်း ပြောလိုက် သည်။
“တစ်ညတည်းနဲ့ ဒီလောက်အများကြီးတွေ့တာ၊ တခြားကျောင်းသား တွေလည်း တွေ့တာနည်း မှာမဟုတ်ဘူး သူတို့ရောဘယ်လိုနေလဲမသိဘူး” မိုဘင်းသည် အနည်းငယ်စိုးရိမ်မိသည်။
“သူတို့ကိုစိတ်ပူရင် သွားရှာလိုက်လေ” ဖက်တီးကျူ ပြောလေသည်။
သွားလေ.. သူသွားရင် သူတို့နဲ့ကပ်မနေတော့ဘူး..
“ငါတို့က မင်းတို့နဲ့ကပ်နေဦးမှာ” ဟော်ဖန်သည် စိတ်ပိုင်းဖြတ်ထား သည်။ သူသည် တခြားသူ များ ဘာလုပ်နေသည်ကို စိတ်မဝင်စားပေ။ သူသာ စိတ်ဝင်စားပါက ရှီမာယူယူနှင့် တိုက်ပြီးမှပင် တခြားသူများကို စိတ်ဝင်စား မည်။
“အစ်ကို၄နိုးလာတာနဲ့ ကျွန်တော်တို့တခြားလူတွေကို သွားရှာကြမယ်” ရှီမာယူယူသည် တဲကို ဆွဲဖယ်ရင်း ထွက်လာသည်။
“ယူယူ ငါတို့တကယ်သွားမှာလား” ရှောင်ချီ ပြောလိုက်သည်။
“သွားရမှာပေါ့ ကျောင်းအုပ်ယွမ်နဲ့ ဆရာဟော်တို့က ကျောင်းသားတွေ ကို အရမ်းဂရုစိုက်ကြတဲ့ လူတွေ၊ ကျောင်းသားတွေ တစ်ခုခုဖြစ်တယ်ဆို တာသိရင် သူတို့သေချာပေါက် စိတ်ပူမှာပဲ” ရှီမာယူယူ ပြောလိုက်သည်။
ဆရာဟော်နှင့် တခြားသူများသည် သူမခန္ဓာကိုယ်ကို ကုသရန် နည်းလမ်းအတွက် အန္တရာယ်များသော နေရာကိုသွားခဲ့ကြသည်။ ရှောင်ချီ သည်လည်း ဂိုဏ်းအတွင်းတခြားဆရာများနှင့် အလွန်ရင်းနှီးသည်။ သူတို့ သည် သူမအားကောင်းစွာဆက်ဆံကြသည်ကို သူမလည်းသိသည်။ ထို့ကြောင့် သူမသည် ဘာမှမလုပ်ပဲ ရပ်မနေနိုင်ပေ။
သူတို့မသိသေးခင်က အဆင်ပြေဦးမည်၊ အခုသိမှတော့ တိုက်ခိုက်ရ မည်၊ သူမ ဘာမှမလုပ်ပါက သူတို့ကို စိတ်ပျက်စေမည်။
“အမှန်ပဲ” ရှောင်ချီ ပြောလိုက်သည် “ဒါဆို ငါတို့အစ်ကို၄နိုးတာနဲ့ သွားကြမယ်”
ရှီမာယူယူသည် နီရဲပျားထောင်ချီကိုခေါ်ထုတ်ပြီး သတင်းစုံစမ်းရန် လွှတ်လိုက်လေသည်။
နှစ်ပေါင်းများစွာ သားပွားပြီးနောက်တွင် ဝိဉာဉ်စေတီအတွင်းတွင် နီရဲ ဘုရင်မသည် နီရဲပျားများစွာကို မွေးထုတ်နိုင်ခဲ့သည်။ အရေအတွက်မှာ တိုးများလာခဲ့သည်။
မိုဘင်းနှင့် တခြားသူများသည် နီရဲပျားများပျံသွားသည်ကို မြင်သော အခါ အံ့သြလွန်းသဖြင့် ပါးစပ်ပင် မပိတ်နိုင်ကြပေ။
ညရောက်သောအခါ ရှီမာယူလီ နိုးလာသည်။ သူ့အခြေအနေမှာ အန္တရာယ်ရှိကြောင်း ကြားရ သောအခါ အလွန်ကြောက်လန့်သွားသည်။
“နောက်ကျနေပြီ မနက်ဖြန်မနက်ကိုသွားကြမယ်” ရှီမာယူယူ ပြော လိုက်သည်။
လွှတ်လိုက်သောပျားများမှာ အန္တရာယ်ရှိသည်ဟု သတင်းပို့မလာသဖြင့် အလောကြီးရန်မလို ပေ။ သူတို့သည် ဆေးများထပ်ဖော်နေသည်။
နောက်နေ့မနက်တွင် သူတို့သည် တဲများသိမ်းကာ ရှီမာယူယူသည် ဟာစွန်ကိုခေါ်ထုတ်ပြီး ကျပန်း ဦးတည်ဘက်သို့ထွက်ခဲ့လိုက်ကြသည်။
လမ်းတွင် ဖြတ်သွားရင်း သူတို့သည် ရွှေကင်းမြီးကောက်များကို စုဆောင်းသွားကြသည်။ သူတို့ သည် တစ်ရက်အတွင်းတွင် ရာချီသတ်ခဲ့ သည်။
“ရှေ့မှာ အိုအေစစ်ရှိတယ် ဒီညငါတို့အဲမှာတဲထိုးကြမယ်” ရှီမာယူယူ ပြောလိုက်သည်။
ဟာစွန်သည် သူတို့ကိုအိုအေစစ်ဆီသို့ ခေါ်သွားလိုက်သည်။ အားလုံး သည် တဲထိုးရမည်ကို ပျင်းရိနေကြသည်။ သူတို့သည် မီးဖိုကာ ဝိုင်းထိုင်ပြီး တရားထိုင်ကြလေသည်။
“လူလာနေတယ်” ရှီမာယူယူသည် မျက်လုံးဖွင့်ရင်း ပြောလေသည်။
“ဂိုဏ်းကကျောင်းသားလား” ဖက်တီးကျူမေးလိုက်သည်။
“အင်း လူများတယ်” ရှီမာယူယူ ပြောလိုက်သည်။
လျင်မြန်စွာပင် လူတစ်စုသည် ဝိဉာဉ်မိစ္ဆာများစီးရင်း ရောက်လာသည်။ ၁၀ဂဏန်းအရေအတွက် ရှိကာ ခေါင်းဆောင်မှာ ဝမ်စီမြောင်တို့ဖြစ်ကြသည်။
သူတို့သည် ရှီမာယူယူနှင့် တခြားသူများကိုမြင်သောအခါ မိုဘင်းနှင့် ထန်ယန်ကိုတွေ့ပါ တစ်ခါတည်းတွေ့ရလေသည်။
“မိုဘင်းနဲ့ ထန်ယန်ပဲ၊ ကောင်းတယ်၊ ထိပ်တန်းအဆင့်တွေအကုန် ဒီမှာလာစုနေတယ် ငါတို့အခု အားကြီးနေပြီ”
“တိုက်ပွဲရူးဟော်လည်းရှိနေတာပဲ”
“ဟုတ်တယ် ငါတို့အခု အကုန်စုမိနေပြီ”
ဟွာစီမြောင်သည် အိုအေစစ်တွင်ရှိနေသည်မှာ ရှီမာယူယူတို့အဖွဲ့ ဖြစ်လိမ့်မည်ဟု မထင်ထားပေ။ သူတို့ထဲမှတချို့သည် ရယ်မောကာ နောက်ပြောင်နေသည်ကို တွေ့သောအခါ သူမ အမူအရာ ပျက်သွားသည်။
“မိုဘင်း မင်းတို့်အဆင်ပြေရဲ့လား” ပန်ကျားနန်သည် အနည်းငယ်စိုးရိမ် သဖြင့် မေးလိုက်သည်။ သူ့မျက်လုံးကိုကြည့်ရသည်မှာ ဟန်ဆောင်နေသည် နှင့်တူသည်။
“အင်း” မိုဘင်းသည် သာမန်သာဖြေလိုက်သည်။
“ကံကြမ္မာကန္တာရက ပုံမှန်မဟုတ်ဘူး၊ ရွှေကင်းမြီးကောက်တွေက ငါတို့တွေ့ခဲ့တဲ့နှစ်ကထက် ပို ပြီးအားကောင်းလာတယ်၊ ဒီလူသစ်တွေနဲ့လာ တော့ မင်းတို့ကို ဆွဲချသလိုမဖြစ်ဘူးလား” ဟွာပန်မြောင်သည် လျှောက်လာ ရင်း မေးလေသည်။
“ဟုတ်တယ်၊ ငါတို့်က မင်းတို့ကို ငါတို့အဖွဲ့နဲ့လာစေချင်တာ ဒါပေမဲ့ မင်းတို့က လူသစ်တွေနဲ့ လာချင်တာကိုး၊ အခု ရွှေကင်းမြီးကောက်တွေက ခဏလေးအတွင်းကို အများကြီးသတ်သွားပြီ၊ အဲဒီ လူသစ်တွေကို မင်းတို့နဲ့ ခေါ်သွားတာက…” ပန်ကျားနန်သည် ထောက်ခံစားပြောသော်လည်း စကား ပင ်မဆုံးလိုက်ပေ။
“ပန်ကျားနန် မင်းမှားသွားပြီ ငါတို့လုံးဝအဆင်ပြေတယ်၊ ဒါနဲ့ ယူယူနဲ့ တခြားသူတွေက ငါတို့ကို ဆွဲချနေတယ်လို့ ဘာလို့ပြောတာလဲ” ထန်ယန်သည် သူတို့ကိုမနှစ်သက်သဖြင့် ဘုကလန့်ပြောလေ သည်။
ရှီမာယူယူနှင့် တခြားသူများသည် ဟွာပေါင်မြောင်နှင့် ပန်ကျားနန်တို့ကို ဒေါသထွက် သော်လည်း ထန်ယန်ပြောလိုက်သောစကားကြောင့် ဒေါသပြေသွားသည်။
“ဟုတ်တယ် ပန်ကျားနန် မင်း ကျောင်းသားသစ်တွေအကြောင်းကို ဟိုဟိုဒီဒီလျှောက်မပြောနဲ့ သူတို့က အားကောင်းကြတယ်” ဟော်ဖန် ပြောလေသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” မိန်းကလေးတစ်ယောက်က အော်လေ သည် “သူတို့မှာ အဂ္ဂိရတ်ပညာရှင်နဲ့ ဝိဉာဉ်လက်နက်ဆရာတွေရှိတယ်ဆို ပေမယ့် အဲလိုမျိုးက လက်မှုကျွမ်းကျင်မှုတွေပဲ သူတို့က မင်းတို့ကို ဆွဲချ သွားမှာပဲ ဟုတ်တယ်မလား စီနီယာဝမ်”
ဝမ်စီမြောင်သည် ခေါင်းလည်းမငြိမ့် ငြင်းလည်းမငြင်းဆန်ပေ။
သူတို့အမြင်တွင် သူသစ်များသည် သူတို့ကိုဆွဲချနိုငသည်။ ဒီလို အန္တရာယ်များသော အရည်အချင်းစစ် ပြိုင်ပွဲတွင် သူတို့သည် ဂိုဏ်းနယ်မြေ တွင် ကျိုးနွံစွာနေသင့်သည်။ ဒီကိုလာပြီး တခြား သူများကို ပြဿနာ မရှာသင့်ပေ။
“ဟုတ်တယ် အစောက လူသစ်နှစ်ယောက်ကို ရွှေကင်းမီ်းကောက်တွေ အဝိုင်းခံရတယ်၊ တခြားသူတွေက လွတ်နိုင်ရဲ့သားနဲ့ သူတို့ကြောင့် လူသစ်တွေတချို့သေသွားရတယ်” နောက်တစ်ယောက်က ထပ်ပြောလေ သည်။ ထိုစကားများသည် လူသစ်များနှင့်ပတ်သတ်ပြီး မကျေနပ်သည်မှာ ထင်ရှားနေ သည်။
အဖွဲ့ထဲတွင် လူသစ်များရှိပါက သေချာပေါက် ဆွဲချသွားမည်ဟု ထင်နေကြသည်။
***