မကျေနပ်ဘူးလား လာကိုက်လေ
Vol. 009 Ch. 845
“ခင်ဗျားတို့က ကျောင်းသားသစ်တွေလည်းမဟုတ်ပဲနဲ့ တခြားသူတွေ အပေါ်မှီခိုနေတုန်းလား” ရှီမာယူယူသည် စကားပြောလိုက်သော ကျောင်းသားကို အေးစက်သောအကြည့်ဖြင့် ကြည့်လိုက် သည်။
“မင်း” ထိုမိန်းကလေးသည် ရှီမာယူယူပြန်ချေပမည်ဟု မထင်ထားပဲ ဒေါသဖြင့် “ငါတို့က အတူရှိနေရင် အဲဒီရွှေကင်းမီးကောက်တွေကို ရှင်းရလွယ်လို့၊ ငါတို့ကဘယ်လိုလုပ် သူတို့ကိုဆွဲချတာဖြစ်ရမှာလဲ၊ ငါတို့က မင်းတို့လိုမဟုတ်ဘူး၊ မင်းတို့သာ စီနီယာမိုနဲ့ တခြားသူတွေကို မှီခိုနေလား မသိ”
“ခင်ဗျားတို့ကျ တစ်ယောက်နဲ့တစ်ယောက် ကူညီနေကြတာ၊ ကျွန်တော် တို့ကိုကျ သူတို့ကို ဆွဲချတာတဲ့လား” ရှီမာယူယူ နှာမှုတ်လိုက်သည် “ခင်ဗျားကိုယ်ခင်ဗျား သာမန်လူတွေမလုပ်နိုင်တဲ့ဟာကို လုပ်နိုင်တဲ့ နတ်ဘုရားလို့ထင်နေတာလား”
“မင်းဘာပြောတာလဲ မဟုတ်တာတွေမပြောနဲ့”
“နားမလည်ဘူးလား ဒါဆို မင်းဉာဏ်ရည်မမှီတာလား” ရှောင်ချီသည် သဲကြီးမဲကြီးပြောလေ သည်။
“မင်းကဘယ်သူလဲ ငါ့ကိုကျိန်ဆဲရဲတယ်ဟုတ်လား ငါဘယ်သူလဲဆို တာသိလား” ထို မိန်းကလေးသည် အော်လေသည်။
“မင်းဘယ်သူလဲဆိုတာကို ငါကဘာလို့ဂရုစိုက်နေရမှာလဲ” ရှောင်ချီ သည် သူမကိုဂရုမစိုက်စွာ မျက်လုံးလှန်လိုက်သ်ည။
“ဟင် ဂိုဏ်းမှာဘယ်တုန်းက ကလေးတစ်ယောက်ပေါ်လာတာလဲ၊ လာခဲ့ မင်းက ကျောင်းသား သစ်တွေထက် ပိုပြီးဝန်ထုတ်ဝန်ပိုး ဖြစ်မယ်ထင်တယ်” နောက်မိန်းကလေးတစ်ယောက်က ထပ်ပြော လေသည်။
“လူကိုဆွဲချတယ်၊ ဝန်ထုတ်ဝန်ပိုးဖြစ်စေတယ်ပဲပြောနေကြတယ်၊ ငါတို့ က ဒီမှာတခြားသူတွေထက် ၂လကျော်နေနိုင်တယ်လို့ပြောရဲတယ် မင်းတို့ပြောရဲလား” ရှောင်ချီသည် မတ်တပ်ရပ်ကာ လက်ပိုက်ပြီး သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။
“ယန်အာ စကားလျော့ပြော” ဟွာပေါင်မြော်ငသည် ရှောင်ချီအား သတိထားမိသွားပြီး မျက်ခုံး ပင့်ကာ ပြောလေသည်။
တခြားသူများသည် သူမကို မသိသော်လည်း တချို့မှာ သတိထား မိကြသည်။ သူမသည် အသက်ကြီးလာသည့်ပုံပေါက်နေသော်လည်း ပုံစံမှာမပြောင်းသေးသဖြင့် သူမကို မှတ်မိကြသည်။
ထိုအချိန်က သူမသည် လူသားမဟုတ်ကြောင်းကို ဆရာများ ပြောပြခဲ့သည်။ သူမသည် ဝိဉာဉ် မိစ္ဆာတစ်ကောင်ဖြစ်သည်ကို အားလုံးက ခန့်မှန်းမိကြသည်။ သူမသည် သာမာန်ထက်သာလွန်သည်။
ဟွာပေါင်မြောင်သည် သူမကို ကြိမ်းမောင်းနေသည်ကို ယန်အာ မြင်သောအခါ ဝမ်းနည်းသွားသည်။ သို့သော် သူမသည် မနာခံပဲမနေရဲကာ ဒေါသကိုမြိုသိပ်လိုက်ရသည်။
“အကုန်လုံးက အတူရှိနေမှတော့ အတူတူနေကြတာပေါ့” ပန်ကျားနန် ပြောလိုက်သည် “ကန္တာရ ထဲကအခြေအနေကပြောင်းလဲသွားပြီ ငါတို့နဲ့ကပ် နေတာမင်းတို့အတွက် ပိုကောင်းလိမ့်မယ်”
“မလိုပါဘူး” ရှီမာယူယူ ငြင်းလိုက်သည် “ခင်ဗျားတို့ကို ဆွဲချတာ မျိုးမဖြစ်အောင် ကျွန်တော်တို့နဲ့ မနေတာကောင်းလိမ့်မယ်”
ပန်ကျားနန်သည် လူသစ်များဆီမှအငြင်းခံလိုက်ရသောအခါ မျက်နှာ ပျက်သွားသည်။ သူသည် မျက်နှာတည်သွားကာ အေးစက်စွာပြောလေသည် “မင်းနောင်တမရဖို့မျှော်လင့်တယ်”
“နောင်တရစရာဘာရှိလဲ” ရှောင်ချီသည် သူတို့ကိုအထင်သေးစွာ ကြည့်လိုက်သည် “ခင်ဗျားတို့ နဲ့သွားရင်သာ ဆွဲချခံရလောက်တယ်”
ရှောင်ချီထိုသို့ပြောပြီးနောက်တွင် အားလုံးသည်မကျေနပ်ကြပေ။ သူမက ကလေးသာသာပဲရှိ တာကို ဘာလို့အဲလောက်တောင် ကြွားဝါနေ တာလဲ။
ဝမ်စီမြောင်နှင့် တခြားသူများသည် ရှောင်ချီ ပြောခွင့်ရှိသည်ကို သိကြသည်။
“စီနီယာဝမ် ဒီလူသစ်တွေကအားကောင်းနေမှတော့ သူတို့ကိုဖိအား မပေးတော့ဘူး၊ သတို့ တခြားလူတွေထက် ဒီမှာ ၂ရက်ထက်ပိုနေနိုင်တာ လည်းဖြစ်နိုင်တယ်” တစ်ယောက်သည် နားမလည် နိုင်စွာပြောလေသည်။
“ဟုတ်တယ် စီနီယာဝမ်၊ အဲလူတွေက သူတို့အတွက်ကောင်း ဖို့ပြောတာကိုမသိဘူး၊ သူတို့ကို မြှောက်ပင့်နေစရာဘာမှမရှိဘူး၊ မဟုတ်ဘူးလား”
ဝမ်စီမြောင် မျက်မှောင်ကြုတ်လိုက်သည်။ ရှောင်ချီ့မျက်လုံးထဲမှ မကျေနပ်ချက်ကိုကြည့်ပြီး သူ အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည် “ရှောင်ချီ ဒီကအခြေအနေက နည်းနည်းရှုပ်တယ် မင်း ငါတို့နဲ့ နေသင့်တယ်”
“မနေချင်ဘူး၊ အဲလူတွေက ငါ့ကိုဆွဲချသွားမှာကြောက်တယ်” ရှောင်ချီသည် အနည်းငယ် စောင်းချိတ်ကာ ပြောလေသည်။
ရှီမာယူယူ မျက်ခုံးများပင့်လိုက်သည်။ ရှောင်ချီသည် သူနှင့် ဆက်ဆံရေးကြဲသည့်ပုံပင်။
“ငါတို့်က ဂိုဏ်းတစ်ခုတည်းက ကျောင်းသားတွေပဲ၊ ကျောင်းအုပ်ယွမ် ကလည်း သူတို့ကို ဘာမှ ဖြစ်စေချင်မှာမဟုတ်ဘူးဆိုတာ မင်းလည်းသိတာပဲ” ဝမ်စီမြောင်ပြောလိုက်သည်။
“ဟုတ်တယ် ရှောင်ချီ ငါတို့က ဂိုဏ်းရဲ့ ကျောင်းသားတွေပဲ ဘာမှ မလုပ်ပဲ သူတို့ကို လျစ်လျူမရှု သင့်ဘူး”
“ဟွာပေါင်မြောင် ငါ့ကိုမပြောနဲ့တော့” ရှောင်ချီသည် ဟွာပေါင်မြောင် အား အမှန်တကယ်ပင် မနှစ်သက်ကာ လေသံမှာမာနေသည် “သူတို့ကို လျစ်လျူရှုတာ မရှုတာက ခင်ဗျားသင်ပေးစရာမလိုဘူး”
ဟွာပေါင်မြောင်သည် အားလုံးရှေ့တွင် ရှောင်ချီမှ သူမကို ထိုကဲ့သို့ပြောလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူမသည် မျက်ရည်များ ကျလာကာ နစ်နာစွာပြောလေသည် “ငါက အားလုံးရဲ့ကိုယ်စားပြောပေး တာပါ၊ ရှောင်ချီ ငါ့ကိုဘာလို့အနိုင်ကျင့်ရတာလဲ”
သူမ စိတ်မကောင်းဖြစ်သွားသည့်ပုံမှာ ယောကျ်ားလေးများကို အရည်ပျော်သွားစေကာ သူတို့ နှလုံးသားများ နာကျင်မိသည်။
“ရှောင်ချီ လွန်မလာနဲ့” ပန်ကျားနန်သည် ရှောင်ချီအား အော်လိုက်သည်။
“ငါ ဘယ်တုန်းက လွန်လို့လဲ” ရှောင်ချီသည် ဒေါသဖြင့် ပြန်ချေပ လေသည် “သူမကအမြဲတမ်း ဒေါင်းဟွာလေ ငါပြောတာမှားလို့လား ငါမမှားဘူးဆိုရင် မင်းတို့ကငါ့ကိုဘာလို့အော်ရတာလဲ၊ ပြီးတော့ ငါလုပ်ချင် တာကို မိန်းကလေးတစ်ယောက်က ဘယ်လိုလုပ်ဝင်ပြီး လာနှောင့်ယှက်ဖို့ အခွင့်ရှိသွားတာလဲ”
“ပေါင်မြောင်က ကောင်းအောင်ပြောပေးတာကို သူမကိုဘာလို့အော် တာလဲ…”
“မင်းကို ငါ့အလုပ်ထဲဝင်ပါဖို့ဘယ်သူပြောလဲ အော်မှာပဲ ငါ့ကိုဘာလို့လာ ကိုက်နေတာလဲ” ရှောင်ချီ လှောင်ပြောင်လေသည်။
“ဖူး”
ရှီမာယူယူနှင့် တခြားသူများ ရယ်မောကြလေသည်။
သူမဒီလိုဖြစ်နေတဲ့အချိန်ကို ဘယ်သူကကိုက်ရဲတာလဲ။
ထန်ယန်သည် ရှောင်ချီသောင်းကျန်းနေပုံကိုကြည့်ပြီး ဗိုက်နာသည် အထိ ရယ်မောလေသည်။ ပန်ကျားနန်သည် သူ့ကိုယ်သူ အားကောင်း သည်ဟု ထင်ကာ သူ့ကိုအမြဲတမ်း အထင်သေးခဲ့သည်။ သူ သည် အမြဲတမ်း ကြွစောင်းစောင်းနိုင်ခဲ့သည်။ သို့သော် အခုသူ့နေရာဝင်လိုက်သလိုပင်။
မိုဘင်းသည် ထန်ယန်လောက် ချဲ့ကားခြင်းမရှိသော်လည်း ခံစားချက် ကောင်းသလိုနှင့် နှုတ်ခမ်းထောင့်တွန့်တုက်သွားပြီး မဲ့ပြုံးပြုံးလိုက်သည်။
ပန်ကျားနန်သည် သူမစကားများကြောင့် အရိုက်ခံလိုက်ရသလိုပင်။
သူက သူမကို ကိုက်ရဲတာလား၊ မဟုတ်ဘူးလေ၊ သူသာ တကယ်ပဲ ကိုက်ဖို့ကြိုးစားခဲ့မယ်ဆိုရင် သူ အနားတောင်ကပ်ခဲ့မှာမဟုတ်ဘူး။
သူမ ငယ်စဉ်အချိန်က သူမသည် ဝမ်စီမြောင်အား လက်သီး တစ်ချက်တည်းနှင့် လွင့်အောင်လုပ် နိုင်ခဲ့သည်။ သူမပုံစံကို ကြည့်ရသည်မှာ ပိုပြီး ဖွံ့ဖြိုးလာခဲ့သည်။ သူသည် သူမ၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။
“ကျားနန် ထပ်မပြောနဲ့တော့ ငါအဆင်ပြေတယ်၊ ရှောင်ချီက အမြဲတမ်းဒီလိုပဲဟာ သူမက မကောင်းတဲ့စိတ်မရှိပါဘူး” ဟွာပေါင်မြောင် သည် ပန်ကျားနန်အား အမှန်တရားကိုပြောလိုက်သည်။ သူသည် ရှောင်ချီအား တိုက်ခိုက်နိုင်သည့် စွမ်းအားမရှိပေ။
သူမ ထိုအတိုင်းပြောလိုက်ခြင်းသည် ရှောင်ချီအမှားလုပ်ထားသည့် ပုံပေါက်ကာ သူမသည် နစ်နာသူပုံမျိုးဖြစ်နေသည်။
ထိုကျောင်းသားများသည် နားလည်သည့်ပုံပင်။ ထိပ်တန်းအဆင့်၂၊ ၃၊ ၄များသည် ကလေး သာသာရှောင်ချီကို တရင်းတနှီးခေါ်ဝေါ်နေကြသည်။ သူတို့ပင် အကူအညီမဲ့နေသည်။
“ရှောင်ချီ…” ယန်အာသည် ထိုနာမည်အားရင်းနှီးသလိုခံစားရသဖြင့် ခေတ္တမျှစဉ်းစားပြီးနောက် အော်လိုက်လေသည် “ရှောင်ချီ… သူက ထိပ်တန်းအဆင့်၁ ရှောင်ချီမလား”
ပြီးခဲ့သည့်တစ်ခေါက် အဆင့်ပြိုင်ပွဲတွင် ဝမ်စီမြောင်သည် ပထမရခဲ့ရာမှ ကျောင်းအုပ်ယွမ်ရုံးခန်း သွားသောအခါ ဒုတိယဖြစ်သွားရသည်။ သူ့ထက် အားကောင်းသည့် လူရှိနေသည်။
သို့သော် ထိုလူသည် လူသိနည်းသည်။ ဂိုဏ်းမှ လျှို့ဝှက်ထားသဖြင့် ရှောင်ချီ၏နာမည်ကို သိသည့်သူရှားသည်။ သို့သော် သူမ နာမည်ကို ကြားဖူးသူများသည် သတင်းကိုနားဆွံ့နေကြသည်။
လီယန်အာလိုလူမျိုးများဖြစ်ကြသည်။
သူမ အော်လိုက်ချိန်တွင် ဒေါသထွက်နေသောရှောင်ချီသည် ချက်ချင်း ပင် ငြိမ်သွားလေသည်။
ပထမအဆင့်ကျွမ်းကျင်သူ…ဝမ်စီမြောင်ကို လက်သီးတစ်ချက်တည်းနဲ့ ပျံသွားအောင်လုပ်လိုက် တဲ့တစ်ယောက်… ဘယ်သူက ပိုဆိုးဝါးအောင်လုပ်ရဲ မှာလဲ…
ထန်ယန်သည် သူတို့ မျက်နှာထားများ ဆက်တိုက်ပြောင်းသွားသည်ကို မြင်သောအခါ ဇာတ်ရှိန် မြင့်ချင်လာသည်။ သူ ပြုံးကာ “ယူယူ ရွှေကင်းမြီ်းကောက်အဆိပ်အတွက် အဆိပ်ဖြေဆေး မင်းမှာ ရှိတယ်လို့ပြောတယ်မလား”
***