← Chapters

ဈေးတက်ခြင်း

Vol. 009 Ch. 846

ဈေးတက်ခြင်း

Vol. 009 Ch. 846

“ရွှေကင်းမြီးကောက်အဆိပ်အတွက် အဆိပ်ဖြေဆေးဟုတ်လား အဲဒါဖြစ်နိုင်လား”

“ရွှေကင်းမြီးကောက်အဆိပ်က ပြိုင်ဘက်ကင်းလေ၊ အကိုက်ခံလိုက်ရ ရင် မိနစ်အနည်းငယ် အတွင်းသေသွားနိုင်တယ် ဘယ်လိုလုပ်အဆိပ်ဖြေ ဆေးရှိနိုင်မှာလဲ”

ဘယ်သူမှ သူတို့ကိုမယုံကြပေ။

“မင်းက ကျောင်းသားသစ်ဖြစ်ရမယ်၊ မင်းမှာရှိတာက အရင်တုန်းက ရွှေကင်းမီ်းကောက်ရဲ့ အဆိပ်ဖြေဆေးဖြစ်ရမယ် ဟုတ်တယ်မလား၊ မင်းတို့ မသိသေးဘူးထင်တယ် အဆိပ်ကအရင်ကနဲ့ မတူတော့ဘူး” ဟွာပေါင်မြောင် သည် သူတို့ကို နူးညံ့စွာဖြင့် သတိပေးလေသည်။

“ကျွန်တော်က ရှီမာယူယူလို့ခေါ်တယ် ကျောင်းသားသစ်မဟုတ်ဘူး” ရှီမာယူယူသည် ပေါ့ပါးစွာ ပြောလိုက်သည်။

ဒီကြာပန်းဖြူက အရမ်းကိုအတုအယောင်ဆန်တာပဲ။ သူမက ယူယူ့ကို တစ်လျှောက်လုံး ‘ကျောင်းသားသစ်’ လို့သုံးနှုန်းခဲ့တယ်။ ယူယူ့ကိုများ အော့နှလုံးနာဖွယ်လိုများ သတ်မှတ်ထားသလား။

“ဟွာပေါင်မြောင် ဒါတော့မင်းမှားသွားပြီ၊ မင်းကအခြေအနေကို မသိသေးဘူး၊ အဲတော့ ယူယူ ဘာပြောလဲဆိုတာ မင်းဘယ်လိုလုပ်သိမှာလဲ” ထန်ယန် ပြောလိုက်သည် “ယူယူက ဒုတိယနေ့ကတည်းက ရွှေကင်းမီး ကောက်ရဲ့အဆိပ်ကအရင်ကနဲ့ မတူတော့ဘူးဆိုတာ သိပြီးသား၊ အဲဒါပြီးတာနဲ့ သူက ဘေဂုံနဲ့ တခြားသူတွေနဲ့အတူ အဆိပ်ဖြေဆေး အသစ်လုပ်ပြီးသွားပြီ ဒီအဆိပ်ဖြေဆေးက အခု ရွှေကင်းမီးကောက် အဆိပ်ကို ကုနိုင်တယ်”

“မဖြစ်နိုင်တာ အစောပိုင်းက ဒီအဆိပ်အတွက် အဆိပ်ဖြေဆေးရှာဖို့ နည်းလမ်းက မရိုးရှင်းဘူးလို့ ငါတို့အဂ္ဂိရတ်ပညာရှင်ပြောတယ်၊ သူက အဆင့်၇ အဂ္ဂိရတ်ပညာရှင်ပဲ၊ သူတောင်မလုပ် နိုင်တာ အဆင့်၆ အဂ္ဂိရတ်ပညာရှင်လေးတွေက ဘယ်လိုလုပ် ကိုယ့်ဘာသာလုပ်နိုင်မှာလဲ”

ဘေဂုံထန်နှင့် ဝူရန်ဖေတို့သည် အဆင့်၆အဂ္ဂိရတ်ပညာရှင်များ ဖြစ်သည်ကို ပြိုင်ပွဲဝင်စဉ်က သူတို့သိပြီးသားဖြစ်သည်။

“မင်းတို့မလုပ်နိုင်တာနဲ့ ငါတို့မလုပ်နိုင်ဘူးလို့ မဆိုလိုဘူးလေ၊ မင်းတို့က ငတုံးတွေမလား” ရှောင်ချီသည် မျက်လုံးလှန်လိုက်သည်။

“ကုဖို့အတွက် တကယ်ပဲတွေ့ထားပြီးပြီလား ကြည့်လို့ရမလား” မိုးပြာရောင်ဝတ်ထားသော မိန်းကလေးသည် အနောက်မှလျှောက်လာသည်။ ရှီမာယူယူသည် သူမကို မှတ်မိသည်။ သူမသည် ပြိုင်ပွဲပြိုင်စဉ်က အဆင့်၇ အဂ္ဂိရတ်ပညာရှင်ဖြစ်သည်။

သူမကို ရွှမ်ရောင်ဟု ခေါ်ကြသလိုပင်။

ထောင်လွှားမှုမရှိပဲ နူးညံ့သည်။ ရှီမာယူယူနှင့် တခြားသူများသည် ကျောင်းသားသစ်များဖြစ်ခြင်း ကြောင့် အထင်သေးခြင်း၊ ဘဝင်မြင့်ခြင်းများ သူမတွင်မတွေ့ရပေ။

“ကြည့်ချင်ရင်တော့ ရပါတယ် ဒါပေမဲ့ ကြည့်ပြီးရင်တော့ဝယ်ရမယ်” ထန်ယန်ပြောလိုက်သည်။

“ဘယ်လောက်လဲ ငါဝယ်မယ်” ရွှမ်ရောင်သည် နူးညံ့စွာပြောလေသည်။

“ကာကွယ်ဆေးက အလယ်အလတ်အဆင့်ကျောက် ၂၀၀၊ ကုသဆေးက အလယ်အလတ် အဆင့် ကျောက် ၂ထောင်၊ အကိုက်ခံရပြီးမှ အဆိပ်ဖြေဆေးဝယ်ချင်ရင် ကျောက် ၄ထောင်ဖြစ်မယ်” ထန်ယန်ပြောလိုက် သည်။

ရှီမာယူယူသည် စကားလုံးမဲ့စွာ မျက်ခုံးပင့်လိုက်သည်။ ဒီလူက နှစ်ဆတင်လိုက်တာပဲ။

“ဈေးကြီးလိုက်တာ” အနောက်မှ လူတစ်ယောက်သည် အော်လေ သည်။

“ဘယ်လိုလုပ် ဈေးကြီးရမှာလဲ” ထန်ယန် ပြန်ချေပလေသည် “ဘာလို့ဈေးကြီးတယ်လို့ ထင်ရတာလဲ၊ ဆေးဖော်ဖို့ ဆေးပင်တွေ အတွက်ပိုက်ဆံသုံးရတယ်၊ လက်ခအတွက် အင်အားတွေစိုက်ထုတ်ရ တယ်၊ လေ့လာတုန်းကို ဦးနှောက်ဆဲလ်တွေ အများကြီးစတေးလိုက်ရတယ်၊ ပုံမှန်အဆင့်၆ဆေး အတွက် ဘယ်လောက်ပေးရမလဲ၊ ပြီးတော့ ကန္တာရ ပတ်ပတ်လည်မှာ ကင်းမြီၤးကောက်တွေရှိနေတာ၊ အခု ဘယ်လောက် အန္တရာယ်များလိုက်လဲ၊ ဒါက အထူအဆိပ်ဖြေဆေးပဲ၊ မင်းတို့က ဂိုဏ်းတူ ကျောင်းသားတွေအချင်းချင်းမို့လို့ လျော့ဈေးနဲ့ပေးတယ်လို့တောင် ပြောလို့ ရတယ်၊ ဒါကိုအပြင်လူတွေ ဆီရောင်းရင် တစ်လုံးကို အလယ်အလတ် ကျောက် ၁သောင်းရောင်းရမှာ”

“ကောင်းပြီ မဝယ်ချင်လည်းမဝယ်နဲ့” ရှောင်ချီထပ်ပြောလေသည်။

ရွှမ်ရောင်သည် ပြုံးပြီးပြောလိုက်သည် “စီနီယာထန် ပြောတာ အဓိပ္ပာယ်ရှိတယ်၊ ဈေးနဲ့ယှဉ်ရင် တန်ပါတယ် ငါ့ကို တစ်လုံးစီပေး”

သူမသည် ကျောက်ကတ်ထုတ်ကာ ထန်ယန်ဆီသို့ပေးလိုက်သည်။ ထန်ယန်သည် ယူပြီးနောက် ရှီမာယူယူဆီသို့ လက်ဆင့်ကမ်းပေးရင်း မျက်စိမှိတ်ပြလေသည်။ သူဆိုလိုသည်မှာ သူသည် နှစ်ဆတင်ရောင်း လိုက်သောကြောင့် အမြတ်ကို နောက်မှခွဲပေးရမည်ဟု….

ရှီမာယူယူသည် သူမ၏ ကျောက်ကတ်ကိုထုတ်ကာ ကျောက်၂ ထောင်ကို ယူလိုက်သည်။ ထို့နောက် သူမသည် ကျောက်စိမ်းပုလင်း ထုတ်ကာ ဆေးတစ်လုံးစီထုတ်လိုက်သည်။

“အနီရောင်က ကာကွယ်ဆေး ရွှေရောင်က အဆိပ်ဖြေဆေး”

ရွှမ်ရောင်သည် ဆေးထုတ်ကာ အနံ့ရှုကြည့်ပြီးမေးလေသည် “ကာကွယ်ဆေးက ဘယ်လိုမျိုး အသုံးဝင်လဲ”

“အများစုက အကိုက်ခံရပြီးရင် မိနစ်နည်းနည်းအတွင်းကို သေကြ တယ်လေ၊ ကာကွယ်ဆေး စားထားရင်တော့ ၃နာရီခံနိုင်တယ်” ရှီမာယူယူ ရှင်းပြလေသည်။

ရွှမ်ရောင်သည် ဆေးနှစ်လုံးကို စစ်ဆေးပြီးနောက် ပြောလိုက်သည် “ကုသဆေးကတော့ ပြဿနာမရှိဘူး၊ ဒါပေမဲ့ ဒီလိုကာကွယ်ဆေးကို အရင်က တစ်ခါမှမမြင်ဖူးဘူး ကျေးဇူးပါပဲ”

သူမသည် ရှီမာယူယူကို ကျေးဇူးတင်ပြီးနောက် သူမအဖွဲ့ဆီသို့ပြန်သွား လေသည်။

“မြင်လား မင်းရဲ့အဂ္ဂိရတ်ပညာရှင်က သက်ရောက်မှုရှိတယ်လို့ အတည်ပြုပြီးသွားပြီ၊ အသုံးမဝင်ဘူးလို့ ဘယ်သူပြောရဲသေးလဲ အမှုန့်ဖြစ် အောင်ရိုက်ပေးလိုက်မယ်” ရှောင်ချီ နှာမှုတ်လေသည်။

သို့သော် ရွှမ်ရောင်မှ ဆေးသည်အသုံးဝင်သည်ဟု ပြောသော်လည်း အားလုံးသည် မယုံကြ သေးပေ။

“ဒီအခွင့်အရေးကို အမိအရမဆုပ်ကိုင်ရင် နောက်ကျသွားလိမ့်မယ်၊ ဆေးတွေက ကျောက် ၃၀၀နဲ့ ၃ထောင်ဖြစ်သွားလိမ့်မယ်” ထန်ယန်ပြော လိုက်သည်။

“ဈေးက ဘာလို့ထပ်တက်သွားတာလဲ၊ မင်းတို့ စီးပွားရေး စိတ်ဓာတ်မရှိဘူးလား”

“ငါ မင်းတို့ကို စဉ်းစားဖို့ အချိန်တစ်ညပေးမယ်” ထန်ယန် ပြောလိုက်သည် “စီးပွားရေးစိတ်ဓာတ် ကတော့.. ဆိုင်တွေမှာထားခဲ့လိုက် ငါတို့ကစီးပွားရေးသမားတွေမဟုတ်ဘူး၊ ဆေးရောင်းပြီး အသက် မွေးနေတာလည်းမဟုတ်ဘူး၊ သူတို့ပဲ အဲလိုတွေထည့်တွေးဖို့လိုတာ၊ မကျေနပ်ရင် မင်းတို့ကို ရွေးစရာ နှစ်ခုပေးမယ်၊ တစ်ခုက အခုကို နှစ်ထောင်နဲ့ဝယ်လိုက်၊ နောက်တစ်ခုက အခုမဝယ်ရင် ဘယ်တော့မှ မဝယ်နဲ့တော့ ငါဈေးတင်ရင်တောင် မင်းတို့ဝယ်လို့မရတော့ဘူး”

“ဟုတ်တယ် ဝမ်စီမြောင် ဝယ်မှာလား မဝယ်ဘူးလား၊ ငါ့ယူယူရဲ့ ဈေးတွေက ရထိုက်တယ်” ရှောင်ချီသည် ဝမ်စီမြောင်ကိုပြောလိုက်သည်။

ဝမ်စီမြောင်သည် အစပိုင်းတွင် ဝယ်ရန်စိတ်မရှိသော်လည်း ရှောင်ချီက တစ်ဦးတည်းကို ညွှန်း ပြောလိုက်သဖြင့် ခေါင်းညိမ့်ကာ ပြောလေသည် “ဒါဆို ငါ့ကိုအဆိပ်ဖြေဆေးတစ်လုံးပေး”

“တစ်လုံးနဲ့ ဘယ်လိုလုပ်လောက်မှာလဲ၊ မင်းက သန်မာတယ်ဆိုပေမယ့် ဖြစ်နိုင်ချေဆိုတာ အမြဲရှိနေတာပဲ၊ အခု ၂ထောင်ဆိုမှတော့ ပိုဝယ်ထား လိုက်ပါလား၊ နောက်မှ ဈေးတက်သွားရင် မတန်ပဲနေ လိမ့်မယ်” ရှောင်ချီ သည် သူ့ကိုကြည့်ပြီး လေးနက်စွာပြောလေသည်။

ဝမ်စီမြောင်သည် နှုတ်ခမ်းတွန့်လိုက်သည်။ ဒီလူက သူ့ကို ထိုးရောင်းနေတာလား။

“ဒါဆို ငါ့ကိုနှစ်လုံးပေး”

ဝမ်စီမြောင်ဝယ်သောအခါ သူ့နောက်လိုက်များသည် လိုက်ဝယ်ကြ သည်။ သို့သော် သူ ဆေးဝယ်ရသည်မှာ ဝယ်ချင်သောကြောင့်မဟုတ်ပဲ ရှောင်ချီ့ကြောင့်ဝယ်ရခြင်းဖြစ်သည်မှာ အားလုံးမြင် ကြသည်။ သူတို့သည် ဆေးအသုံးဝင်မှုကိုမယုံသောကြောင့် ဒီလောက်ပိုက်ဆံပမာဏကို မသုံးချင် ကြခြင်းဖြစ်သည်။

“ဒါဆိုလည်း ကောင်းပြီ မဝယ်ချင်ရင်တော့ ဖိအားမပေးပါဘးူ၊ မနက်ဖြန် မနက် ၆နာရီကို ဈေးက ထပ်တက်သွားမှာနော်” ထန်ယန် သတိပေး လိုက်သည်။

သူထိုသို့ပြောလိုက်သောအခါ တွေဝေနေသောလူများသည် နောက်ဆုံး တော့ ဝယ်လိုက်ကြသည်။ သို့သော် သူတို့မှာ မချမ်းသာလှသဖြင့် အဆင့်၆ဆေးကို ကျောက်၂ထောင်ပေးရမည်ကို တွန့်ဆုတ်နေသည်။

နောက်ဆုံးတွင် သူတို့သည် ဆေးတစ်လုံးကို ၂ထောင်ပေး ဝယ်လိုက်ရသည်။

ဆေးများရောင်းပြီးသည်နှင့် မနက်၆နာရီထိုးသွားလေသည်။ အားလုံး သည် ပင်ပန်းလာကာ ကျောင်းသားသစ်၊ တစ်ဖွဲ့တည်း မခွဲနိုင်ကြတော့ပေ။ သူတို့သည် နေရာရှာကာ နားကြလေသည်။

နောက်နေ့မနက်တွင် ရှီမာယူယူသည် စောစီးစွာနိုးလာသည်။ သူမမျက်လုံးသည် ဖြတ်ခနဲလက် ကာ သံသယများဖြတ်ပြေးသွားသည်။

“ဘာဖြစ်တာလဲ” ဘေဂုံထန် မေးလိုက်သည်။

ရှောင်ချီ မျက်လုံးပွင့်လာကာ ပြောလိုက်သည် “ဒီနားမှာ ရွှေကင်းမြီးကောက် အသုတ်လိုက်ကြီး ရှိတယ်”

“ရွှေကင်းမြီးကောက်တွေလာနေပြီလား” ဖက်တီးကျူသည် သူတို့၏ လှုပ်ရှားမှုကိုကြားသော အခါ မျက်လုံးပွင့်လာသည်။

“အင်း အရေအတွက်များတယ်” ရှောင်ချီပြောလိုက်သ်ည။

“အားလုံးပဲ ကာကွယ်ဆေးစားထားကြ” ရှီမာယူယူသည် ဆေးထုတ်ပြီး တစ်ယောက်တစ်လုံးစီ ပေးလိုက်သည်။

ကာကွယ်ဆေးမှာ ဖော်ရန်ပိုလွယ်ကူသည်။ အကိုက်မခံရလျှင်လည်း အလဟသမဖြစ်ပေ။

ရှီမာယူယူနှင့် ရှောင်ချီတို့၏ အမူအရာကိုကြည့်ပြီး အားလုံးသည် ကာကွယ်ဆေးစားလိုက်ကြ သည်။

မိုဘင်း၊ ထန်ယန်နှင့် တခြားသူများလည်း ကာကွယ်ဆေးစားလိုက်ကြသည်။ သူတို့သည် အာရုံ စိုက်ထားကာ တိုက်ပွဲတိုက်ရန် ပြင်ဆင်ထားကြသည်။

***

All Chapters