← Chapters

သူက သူမနဲ့ရှိလို့မဖြစ်ဘူး

Vol. 009 Ch. 847

သူက သူမနဲ့ရှိလို့မဖြစ်ဘူး

Vol. 009 Ch. 847

“အားလုံးပဲ အာရုံစုထားကြ ရွှေကင်းမြီးကောက်တွေလာနေပြီ” ပန်ကျားနန်သည် မတ်တပ်ရပ်ပြီး လူအုပ်ကိုပြောလိုက်သည်။

ရွှေကင်းမြီးကောက်များလာနေပြီဟု ကြားသောအခါ ကျောင်းသား အားလုံး မတ်တပ်ရပ်လိုက်ကြသည်။ တချို့မှာ သတိကပ်ထားကာ ကြုံတွေ့ခဲ့ရသည့်ခါးသီးမှုများကို မမေ့နိုင်သဖြင့် သူတို့၏ မျက်နှာများသည် ဖြူဖျော့နေသည်။

“လူသစ်တွေ လာပြီးပူးပေါင်းကြ” ဟွာပေါင်မြောင်သည် သူတို့ကို လူသစ်ဟုခေါ်ဆဲပင်။

“ရတယ်” ရှီမာယူယူသည် အေးစက်စွာ ငြင်းဆိုလိုက်သ်ည။

လေးစားမှုမထားတတ်သော လူများအတွက် တလေးတစားဆက်ဆံရန် မလိုပေ။

“ပေါင်မြောင် သူတို့က အမှားအမှန်မသိမှတော့ သူတို့ကိုဘာလို့ ဂရုစိုက်နေသေးလဲ” ပန်ကျားနန် ပြောလိုက်သည်။

“အင်း” ဟွာပေါင်မြောင်ခေါင်းညိမ့်လိုက်သည်။ သူမသည် သူတို့ကို မခေါ်ချင်သော်လည်း တာဝန်ကျေပြခြင်းဖြစ်သည်။

“လာနေပြီ”

“လာကြပြီ”

ဝမ်စီမြောင်နှင့် ရှီမာယူယူတို့သည်တစ်ချိန်တည်းပြောကြလေသည်။ သူစကားဆုံးသည်နှင့် သူမကို တအံ့တသြကြည့်လိုက်သည်။

ရွှေကင်းမြီးကောက်သည် မြေထဲမှတစ်ကောင်ချင်းစီထွက်လာကာ အားလုံးဆီသို့ပျံလာကြလေ သည်။

“သတ်”

ဘယ်သူအော်လိုက်မှန်းမသိသော်လည်း အားလုံးသည် နေရာများ ခွဲကာ ပျံလာသော ရွှေ ကင်းမြီးကောက်များကို တိုက်ခိုက်လေသည်။

ကျောင်းသားများသည် ပြီးခဲ့သည့်နှစ်ရက်အတွင်း အတူတိုက်လာကြ သဖြင့် တစ်ယောက်နှင့် တစ်ယောက် အချိတ်အဆက်မိပြီးသားဖြစ်သည်။ အဖွဲ့ထဲမှ အားနည်းသူများသည် ရွှေကင်းမြီ်းကောက် တစ်ကောင်ချင်းသာ တိုက်ခိုက်သည်။

ဟွာပေါင်မြောင်သည် သူမအနားမှ ရွှေကင်းမြီးကောက်များကို သတ်လိုက်သည်။ ဝိဉာဉ်စွမ်းအင် ပျောက်ကွယ်သွားသည်နှင့် ထိုနေရာတွင် အမြီးသာကျန်ခဲ့လေသည်။

သူမသည် အမြီးကိုသိမ်းလိုက်ပြီး မိုဘင်းဘက်ကိုကြည့်ပြီးနောက် ဘေးကို အာရုံပြန်စိုက်လိုက် သည်။

“သူတို့ဘယ်လိုလုပ်…”

သူမသည် ဘေဂုံထန်တို့သည် လူသစ်များဖြစ်သဖြင့် အားနည်းမည်ဟု ထင်ထားသော်လည်း သူတို့သည် ရွှေကင်းမြီ်းကောက်များကို ကျွမ်းကျင် လွယ်ကူစွာ ကိုင်တွယ်သွားသည်ကို တွေ့လိုက်ရ သည်။

သူတို့ရဲ့ တိုက်ခိုက်မှုစွမ်းရည်က ဘာလို့အဲလောက်သန်မာရတာလဲ။

သူမအပြင် တခြားသူများလည်း သတိထားမိကြသည်။ ဒီကျောင်းသား သစ်တွေက တကယ်ပဲ အားကောင်းကြတာပဲ။ တခြားလူသစ်များသည် အနည်းဆုံး၂ယောက်ကာကွယ်ရင်းနှင့်ကပင် ရွှေကင်းမြီးကောက်သတ်သည်ကို ခံလိုက်ရသည်။ သူတို့သည် တစ်ယောက်ချင်းစီတိုက်ခိုက်နိုင်ရံ သာမက အမြီးသိမ်းချိန်ပင်ရသည်။ သူတို့၏ လှုပ်ရှားမှုများသည် ထိုလူသစ်များထက် ကောင်းကြသည်။

ဒီကျောင်းသားသစ်တွေ တကယ်အံ့သြဖို့ကောင်းတာပဲ၊ အဲဒါကြောင့် သူတို့က ငြင်းကြတာကိုး

“အာ”

ကျောင်းသားတစ်ယောက်သည် သတိမထားမိလိုက်ပဲ ရွှေကင်းမီး ကောက် အကိုက်ခံလိုက်ရ ကာ ချက်ချင်းပင် လဲကျသွားလေသည်။

“အာ.”

သူ့အဖွဲ့မှနောက်တစ်ယောက်လည်း အကိုက်ခံရကာ လဲကျသွား လေသည်။

တခြားသူများ သိသွားသောအခါ အကိုက်ခံရသောနှစ်ယောက်ကို သွားကူညီချင်သော်လည်း ရွှေကင်းမီးကောက်များပိုဝိုင်းလာလေသည်။

“သေစမ်း”

သူတို့သည် ဝိုင်းထားသော ရွှေကင်းမြီးကောက်များကို သတ်နိုင် သလောက်သတ်ကြသည်။ သို့သော် သူတို့သတ်လေလေ တစ်သုတ်ပြီး တစ်သုတ်ရောက်လာလေဖြစ်သည်။ နားရန်အချိန်ပင် မရှိတော့ပေ။ ပြောဖို့ပင်အချိန်မရှိကာ တခြားသူများကို မကယ်နိုင်ကြပေ။

ဝမ်စီမြောင်သည် သူ့ဘေးမှ ရွှေကင်းမြီးကောက်များကို သတ်ပြီးနောက် လဲနေသော ကျောင်းသားနှစ်ယောက်ဆီ ပြေးသွားကာ အဆိပ်ဖြေ ဆေးကျွေးချင်သည်။ သို့သော် သူ့ကို ရွှေကင်းမီးကောက်များဝိုင်းလာရာ တခြားအရာများလုပ်ရန် အားပင်မရှိတော့ပေ။

တစ်နာရီကြာသောအခါ အားလုံးသည် ရွှေကင်းမြီးကောက်အားလုံးကို သတ်လိုက်နိုင်ကြ သည်။

“အဲကျောင်းသားနှစ်ယောက်တော့ သနားစရာပဲ” ဟွာပေါင်မြောင်သည် အလောင်းများကို ကြည့်ရင်း သက်ပြင်းချကာ ခေါင်းရမ်းလေသည် “ငါတို့သာမြန်ရင် သူတို့…”

“မဟုတ်ဘူး တစ်ယောက်အသက်ရှင်သေးတယ်”

ဝမ်စီမြောင်သည် ဆောင့်ကြောင့်ထိုင်ပြီး ကျောင်းသားနှစ်ယောက်ကို ကြည့်ရာ တစ်ယောက်မှာ အဆိပ်များသည် ခန္ဓာကိုယ်အတွင်းပြန့်ကာ သေဆုံးသွားလေပြီ။ နောက်တစ်ယောက်မှာ အနက်ရောင် ပြောင်းနေ သော်လည်း အသက်ကို မျှင်းမျှင်းရှုနေဆဲဖြစ်သည်။

“သူဘယ်လိုလုပ် အသက်ရှင်နိုင်တာလဲ” ပန်ကျားနန်သည် တုန်လှုပ်စွာ မေးလိုက်သည်။

ထန်ယန်သည် လျှောက်လာကာ ပြောလိုက်သည် “ဘာလို့အသက်မရှင် ရမှာလဲ သူက ခုနက ငါတို့ရဲ့ ကာကွယ်ဆေးကိုစားထားတာ ကာကွယ်ဆေး စားထားတဲ့လူက ၃နာရီတောင့်ခံနိုငတယ်၊ အခုမှ တစ်နာရီပဲကုန်သေးတာ သူအသက်ရှင်တာပေါ့”

“ဟုတ်တယ် သူကာကွယ်ဆေးစားထားပုံပဲ”

“ဒီကာကွယ်ဆေးက တကယ်အလုပ်ဖြစ်တာပဲ”

“စောစောကသာသိရင် ငါလည်းဝယ်ထားပါတယ်”

“အခုတော့ ဝယ်ဖို့နောက်ကျနေပြီ”

“သူ့ကို အဆိပ်ဖြေဆေးမြန်မြန်တိုက်လိုက်”

“သြော်ဟုတ်သားပဲ အဲဒါတွေပြောဖို့အချိန်မရှိဘူး၊ သူ့ကို အဆိပ် ဖြေဆေးမြန်မြန်တိုက်ရမယ်”

“ငါ့ကိုမကြည့်နဲ့ ငါ့မှာအဆိပ်ဖြေဆေးမရှိဘူး”

ဝမ်စီမြောင်သည် သူ့ဆေးကိုထုတ်ပြီး တိုက်လိုက်ရာ အနက်ရောင် ပြောင်းနေသော သူ့မျက်နှာသည် ချက်ချင်းပင် အရောင်ပြောင်း သွားလေသည်။

“ဒါပဲ ဒါပဲ သူတကယ်ပဲပြန်ကောင်းလာပြီ” သူတို့ဘေးမှ လူများသည် အော်လိုက်ကြသည်။

“အဆိပ်ဖြေဆေးက တကယ့်အစစ်ပဲ”

“ငါစောစောဝယ်ထားလိုက်လို့တော်သေးတယ် မဟုတ်ရင် ဈေးတက် သွားတော့မှာ”

“ဘုရားရေ ငါဘာလို့ စောစောကမဝယ်လိုက်မိတာလဲ”

“သွားသွား ငါတို့အခုဝယ်သင့်တယ်၊ အရေအတွက်အကန့်အသတ်ရှိ တယ်လို့ ထန်ယန် ပြော တယ်မလား၊ နောက်ကျရင် ရတော့မှာမဟုတ်ဘူး”

သူတို့သည် ပြောရင်းနှင့် ရှီမာယူယူဆီသို့ လာကြလေသည်။

“ဒါအစစ်လို့ ရွှမ်ရောင်ပြောတယ်လေ ထူးဆန်းစရာမလိုပါဘူး” ဝမ်စီမြောင်သည် နောက် အလောင်းကိုကြည့်ကာ “နှမြောစရာပဲ သူကတော့ မပါးနပ်တာနဲ့ပဲ အလကားအသက်ဆုံးရှုံးသွားတယ်”

“ရွှေကင်းမြီးကောက်အရေအတွက်က များလာပြီ၊ ငါတို့အခြေအနေက ပိုပိုပြီး အန္တရာယ်များ လာပြီ၊ တခြားသူတွေရော တောင့်ခံနိုင်လားမသိဘူး” ဟွာပေါင်မြောင်သည် စိုးရိမ်စွာပြောလိုက်သည်။

ဝမ်စီမြောင်သည် သူမအားကြည့်ပြီး တခြားအဝေးတစ်ဖက်ကိုကြည့် ကာ ဖျော့တော့စွာပြောလေသည် “ငါတို့ ဒီအကြောင်းကိုဂိုဏ်းကို သတင်းပို့ရတယ်၊ သူတို့ ဖြေရှင်းပါစေ ငါတော့ပြန်သွားမယ်”

“ပြန်သွားမယ်ဟုတ်လား ငါဖြစ်ဖြစ် မင်းဖြစ်ဖြစ် အခုပြန်သွားလိုက်ရင် ပြုတ်သွားမှာနော်” ဟွာပေါင်မြောင်သည် ရည်မှန်းချက်မြင့်ရာ တွေဝေ နေသည်။

ရှုပ်ပွနေသည်များကို ရှင်းနေသူများသည် သူမပြောလိုက်သည်ကို ကြားသောအခါ ကြည့်ကြ လေသည်။

သူပြန်သွားမလို့လား။ သူပြန်သွားရင် သူတို့ကရော ဘယ်လိုလုပ်မလဲ။

“ဒီကိစ္စက တစ်ယောက်ယောက်ကတော့ ပြန်သွားရမယ်”  ဝမ်စီမြောင် ပြောလိုက်သည် “ပြီးတော့ တစ်ယောက်တည်းထွက်သွားနိုင်လောက်အောင် သန်မာတဲ့လူဖြစ်မှရမယ်”

“ဒါဆို မင်းပြိုင်ပွဲကရောဘယ်လိုလုပ်မလဲ”

“လက်လျော့လိုက်ပြီ” ဝမ်စီမြောင်သည် တွေဝေမှုမရှိပဲ ပြောလေသည် “ပြိုင်ပွဲကအရေးကြီး တယ်ဆိုပေမယ့် အဲလူတွေက ပိုအရေးကြီးတယ်”

“သူတို့ ငါတို့နဲ့ရှိတယ်ဆိုရင်တော့ နှစ်လလောက်တော့ သူတို့ကို ကာကွယ်ပေးနိုင်တယ်၊ ပြန်သွားပြီးတော့ ပြိုင်ပွဲကိုလက်လျော့ဖို့မလိုပါဘူး” ဟွာပေါင်မြောင်သည် သဘောမတူစွာပြောလေ သည်။

“အဲလူတွေက ငါတို့နဲ့ရှိနိုင်တယ်ဆိုပေမယ့် တခြားသူတွေကျ ဘယ်လိုလုပ်မလဲ၊ ဒီမှာ ၁၀ယောက်ကျော်ပဲရှိတာ ဒီကိုလာကြတဲ့ ကျောင်းသားတွေက တစ်သောင်းရှိတယ်၊ သူတို့ကျဘယ်လို လုပ်မလဲ သူတို့မှာ ကာကွယ်ဖို့ရှိလို့လား မရှိဘူး၊ အဲဒါကြောင့် ငါပြန်သွားရမယ်၊ မဟုတ်ရင် ငါတို့ထဲက တစ်ယောက်ကတော့ပြန်သွားရမယ်၊ ဘယ်သူကပြန် သွားဖို့ အသင့်တော်ဆုံးလို့ထင်လဲ”

သူသည် ဟွာပေါင်မြောင်ကိုကြည့်လိုက်သည်။ သူမ တိတ်ဆိတ်သွား သည်ကို ကြည့်ပြီး သူ ဖျော့တော့စွာပြုံးလိုက်သည်။

မိနစ်အနည်းငယ် တိတ်ပြီးနောက်တွင် ဟွာပေါင်မြောင် မေးလိုက်သည် “မင်းဘယ်တော့သွား မှာလဲ”

“အခုပဲ”

“တကယ်ပဲမစဉ်းစားတော့ဘူးလား” ဟွာပေါင်မြောင်သည် သူ့ကို ဖြောင်းဖြရန် ကြိုးစားနေသေးသည်။

“အဲကျောင်းသားတွေကို ဂရုစိုက်ပါ” သူသည် ပြောပြီးသည်နှင့် တခြားသူများကို ရှင်းပြကာ ထွက်သွားလေသည်။

ရှီမာယူယူသည် ထိုနေရာမှ အခြေအနေကို သတိထားမိပြီးဖြစ်သည်။ ဝမ်စီမြောင်သည် ဟွာပေါင်မြောင်ကို အေးစက်စွာဆက်ဆံသည်ကို မြင် သောအခါ သူမသည် ဘေးတွင်ရပ်နေသော မိုဘင်းအား သိချင်စိတ်ဖြင့် မေးလိုက်သည် “သူတို့ကတွဲနေတာမဟုတ်ဘူးလား ဘာလို့ အေးစက်စက် ဖြစ်နေတာလဲ”

“သူတို့ကတွဲနေတယ်လို့ ဘယ်သူပြောလဲ” မိုဘင်းသည် ခေါင်းရမ်းကာ ပြောလေသည် “ဟွာပေါင်မြောင်နဲ့ တွဲလို့မရတဲ့သူရှိတယ်ဆိုရင် အဲဒါ ဝမ်စီမြောင်ပဲ”

“ဘာလို့လဲ”  ရှီမာယူယူသည် သူယုံကြည်ချက်အပြည့်ရှိနေသည်ကို အံ့အားသင့်စွာမေး လေသည်။

***

All Chapters