← Chapters

သွေးကတိ

Vol. 24 Ch. 346

သွေးကတိ

Vol. 24 Ch. 346

#ဘာသာပြန် = စနိုးဝှိုက်

သွေးပန်းပွင့် ရဲ့ အားဖြည့်ပေးမူကြောင့် သူ့ရဲ့ လက်ထဲမှာ ရှိနေတဲ့ ဓားက ရုတ်တရက် ပိုမို ပေါ့ပါးလာခဲ့တယ်။ဒါက အေးစက်မူ ၊ ကြောက်မက်ဖွယ် ဆုံးဖြတ်ချက် ပြတ်သားမူ တွေ အပြည့်ပါပဲ။ဒီဓားမှာ ကိုယ်ပိုင် စိတ်တစ်ခုဖြစ်တည်လာပုံရပြီး..ရည်ရွယ်ချက် တစ်ခု တည်းကိုပဲ အာရုံစိုက်ထားခဲ့တယ်။

ရန်သူကို ရှာဖွေပြီး ..သူတို့ရဲ့ သွေးကို မြည်းစမ်းမယ့်ရည်ရွယ်ချက်..။

' နောက်ဆုံးတော့..'

ခနအကြာမှာတော့ နစ်ဖီက ထပ်ပြီး တိုက်ခိုက်လာခဲ့တယ်..။သူမရဲ့ လှပပြီး အေးစက်တဲ့ မျက်နှာက..စကျင်​ကျောက် မျက်နှာဖုံးလို မပြောင်းလဲပဲ ရှိနေခဲ့ပါတယ်။သူမရဲ့မျက်လုံးတွေကပဲ မီးတောက်တွေကပဲ..

လှုပ်ရှားမူ ၊ ဒေါသတကြီး တောက်လောင်မူ တွေကို ဖော်ပြပြီး..သူတို့ရဲ့ ခေါင်းပေါ်က လေဟာနယ်လို ဘာမှ မရှိတဲ့ အဖြူရောင် အဖြစ်မြင်နေခဲ့ရတယ်။

ဆန်နီ အံကိုကြိတ်ထားပြီး..သူမ နဲ့ ထိတွေ့ဖို့ လှုပ်ရှားလိုက်တယ်။သူတို့ရဲ့ ဓားသွားတွေက နောက်တစ်ကြိမ် ထပ်ပြီး ထိတွေ့သွားခဲ့ပါပြီ..။အရင်တစ်ကြိမ်လိုပဲ..သူက သက်ရောက်လာတဲ့ အားကြောင့် တုန်လှုပ်သွားခဲ့တယ်။အခုတစ်ကြိမ်မှာတော့ သူမရဲ့ ဓားကို

စက္ကန့် အပိုင်းအခြား အနည်းငယ် စောပြီး ကာကွယ်နိုင်ခဲ့ပါတယ်။

သန်းခေါင်းယံ အမြုတေက သူ့ရဲ့ လက်တစ်ချောင်းါလိုဖြစ်နေခဲ့ပြီး..အနည်းငယ် မြန်ဆန်တဲ့ အရှိန် ၊ ပိုကောင်းမွန်တဲ့ ချိန်ရွယ်မူ နဲ့ တိုက်ခိုက်ခံရတဲ့ ဖိအားတွေကိုလည်း အနည်းငယ် ကာကွယ်လာနိုင်ခဲ့ပါတယ်။

နောက်ထပ် စက္ကန့်အနည်းငယ်မှာတော့..ဒီပြောင်းလဲမူက ပိုပြီး သိသာလာခဲ့တယ်။

အစတုန်းကဆိုရင် သူ့မှာ ပြန်ပြီး တိုက်ခိုက်ဖို့အတွက် အခွင့်အရေး မရှိခဲ့ပါဘူး..။ပြောင်းလဲနေတဲ့ကြယ်ပွင့်က သူမရဲ့ လိုက်လျောညီထွေမူရှိပြီး မခန့်မှန်းနိုင်တဲ့ တိုက်ပွဲ ဟန်ပန်ကို ပုံဖော်ထားခဲ့တယ်။ဒါကြောင့် သူမရဲ့ လှုပိရှားမူတိုင်းက သူ့ကို ဖိနိုပ်ထားခဲ့ပြီး..မခန့်မှန်း နိုင်လောက်အောင် ဖြစ်နေခဲ့တာပါ။ဒီ မခန့်မှန်းနိုင်တဲ့ အရာတစ်ခုတည်းကပဲ သူ့အတွက် တန်ပြန်တိုက်ခိုက်ဖို့..စိုးရိမ်စိတ်ဖြစ်စေပါတယ်။

ဒါပေါ့ ..ဆန်နီလည်း တူညီတဲ့ ဟန်ပန်ကို အသုံးပြုနေခဲ့တာပါပဲ။သို့ပေမယ့်..သူက လေးစားစရာ အနေအထားတစ်ခု အထိကျွမ်းကျင်ထားတယ် ဆိုရင်တောင်..သူ့ရဲ့ နည်းစနစ်တွေက..ပြောင်းလဲနေတဲ့ကြယ်ပွင့် နဲ့ တန်းတူ အနေအထားမှာ ရှိမနေခဲ့ပေ..။

ပိုပြီး ဆိုးဝါးတာက..သူမက သူ့ထက်ကို ပိုပြီး သိနေခဲ့တာပါ..။ဒါကြောင့် သူ့ရဲ့ လှုပိရှားမူတွေက ကြိုတင်

ခန့်မှန်း လို့ ရနိုင်နေခဲ့ပြီး..ကြောက်မက်ဖို့ကောင်းစွာ ဖျက်ဆီးခံနေခဲ့ရတယ်။

ဆန်နီ အခုထိ မတ်တတ်ရပ်နေနိုင်တာက သူတော်စင်ရဲ့ တိုကိပွဲဟန်ပန် တွေကို သူ့ရဲ့ ကိုယ်ပိုင် ဟန်ပန် ထဲကို ပေါင်းထည့်ထားခဲ့တာကြောင့်ပါ။ဖြည်းဖြည်းနဲ့ မှန်မှန် လှုပိရှားရပြီး.တိကျတဲ့ ဟန်ပန် တစ်ခုဖြစ်ပေမယ့်..ပေါက်ကွဲအားပြင်းတဲ့ တန်ပြန် တိုက်ခိုက်မူတွေကိုဖန်တီး နိုင်ပါတယ်။ဒါက သူ့အတွက် နစ်ဖီရဲ့ ကြမ်းတမ်းပြင်းထန်တဲ့ တိုက်ခိုက်မူတွေကို ခုခံကာကွယ် နိုင်တဲ့ အပြင်..၊ အချိန်မရွေး တန်ပြန်တိုက်ခိုက်နိုင်တဲ့ အချက်နဲ့ သူမကို အခြေအနေ တစ်ခုအထိ ထိန်းထားနိုင်ခဲ့ပါတယ်။

ပိုပြီး အရေးကြီးတာက သူမက ဒီဟန်ပန်ကို သိပ်ပြီး မရင်းနှီးတာကြောင့်..သူ့ရဲ့ လှုပ်ရှားမူတွေကို ခန့်မှန်းတဲ့ နေရာမှာ အခက်တွေ့စေပါတယ်။

ပြီးတော့ အခုချိန်ရင် သွေးပန်းပွင့် ရဲ့ အားဖြည့်မူပါ ရရှိလာပြီ ဖြစ်တာကြောင့်..အနည်းငယ်ဆိုရင်တောင် သူက နစ်ဖီကို ပိုပြီး တောင့်ခံလာနိုင်ခဲ့ပါပြီ။

သို့ပေမယ့် ဒီ ကွာဟမူက သိပ်ပြီး ပြသနာ မရှိပေ..။ဘာလို့လဲဆိုတော့ တိုက်ခိုက်မူက ဆက်လက်ဖြစ်ပွားနေတဲ့ အချိန်မှာ သူမက သွေးပိုထွက်လာပြီး သူက ပိုသန်မာလာတော့မှာ မို့လို့ပါ။

....မကြာခင်မှာပဲ သူက နောက်ဆုံးမှာ သူ့ရဲ့ ဓားနဲ့ သူမရဲ့ လက်အိတ်ကို ခြစ်မိအောင် စွမ်းဆောင်နိုင်ခဲ့တယ်။

' ဒါက အစပဲ ရှိနေသေးတယ်...'

သို့ပေမယ့် သူ့ရဲ့ အတွေးတွေက ချက်ချင်းပဲ ကြားဖြတ်ခံလိုက်ရပါတယ်။

' ဘာလဲ...'

နစ်ဖီက ရုတ်တရက် သူမရဲ့ ဟန်ပန်ကို ပြောင်းလိုက်တယ်..။ဖြစ်နိုင်တာက..သူမက သူတို့နှစ်ဦးကြားထဲက ပြောင်းလဲသွားမူကို သတိထားမိတာ ဖြစ်ဖြစ် ဒါမှမဟုတ်..သူမရဲ့ စွမ်းအားတွေ မကုန်ခမ်းခင်မှာ ဒီတိုက်ပွဲကို အဆုံးသတ်ချင်တာ ဖြစ်နိုင်ပါတယ်။ပြီးတော့ သူမရဲ့ ဆိုးဝါးတဲ့ ဒဏ်ရာကလည်း သူမကို ဒုက္ခပေးနေခဲ့ပါပြီ။

ဒါမှမဟုတ် ဆန်နီ မတွက်ချက်နိုင်တဲ့ တစ်ခြား အကြောင်းပြချက် ရှိနေသေးတာလား..။

သို့ပေမယ့် ဘာပဲဖြစ်ဖြစ်..နစ်ဖီက သူမရဲ့ ယခင်က တိုက်ခိုက်နေတဲ့ ပုံစံကို စွန့်ပစ်လိုက်ပြီး..အဲဒီအစား သူမရဲ့ ခုခံမူကို ဖယ်ရှားကာ..သူ့အပေါ်ကို သံမဏိမိုးရွာသလို တရစပ် တိုက်ခိုက်လာခဲ့ပါတယ်။

အံ့ဩသင့်သွားတဲ့..ဆန်နီဟာ အချိန်မှီလေးပဲ..သူ့ရဲ့ ကိုယ်ဟန်ကို ပြောင်းလဲပြီး ကာကွယ်လိုက်ရတယ်။

သန်းခေါင်းယံ အမြုတေက ပြင်းထန်တဲ့ တိုက်ခိုက်မူတွေကို ခံနေရတာကြောင့် သူ့ရဲ့ ပုခုံးနားအထိတောင် ရောက်နေခဲ့ပါပြီ။ငွေရောင် ဓားရှည်က..သူ့ရဲ့ အလျားအတိုင်း ဖြတ်သန်းလာခဲ့ပြီး သူ့ဓားရဲ့ အကာအကွယ်ကို ထိမှန်ကာ..ဆန်နီရဲ့ လည်ပင်း စင်တီမီတာလောက် အကွာကို ရောက်နေခဲ့တယ်။

နှလုံးခုန်သံ အနည်းငယ်ခန့်ကြာအောင် သူတို့နှစ်ဦးက ရုန်းကန်ရင်း..ရန်သူကို လွှမ်းမိုးနိုင်ဖို့ ကြိုးစားနေခဲ့ကြတယ်..။သူတို့ရဲ့ ခန္တာကိုယ်တွေက အရမ်းကို နီးကပ်နေခဲ့တာကြောင့် နစ်ဖီရဲ့ အသက်ရူသံ နဲ့ သူမရဲ့ အရည်ပြားက ထုတ်လွှတ်ထားတဲ့ အပူရှိန်ကိုတောင် ဆန်နီ ခံစားနေမိပါပြီ။

' ချီးပဲ...'

သူမက အရမ်းသန်မာတယ်..အရမ်းသန်မာလွန်းတယ်

နည်းနည်းချင်စီ ဆိုသလိုပဲ သူမရဲ့ ဓားက ရှေ့ကို ရောက်ရောက်လာခဲ့ပြီး သူ့ရဲ့ အရည်ပြားကို ကိုက်ဖြတ်နိုင်ခဲ့ကာ..ငွေရောင် ဓားရှည်ကို သွေးတွေ စွန်းပေစေခဲ့ပါတယ်။ဒေါသတကြီး အော်ဟစ်မူနဲ့ အတူပဲ ဆန်နီဟာ သန်းခေါင်ယံ အမြုတေကို ကိုင်ထားတဲ့လက်တစ်ဖက်ကို လွှတ်လိုက်တယ်။သူ့ရဲ့ လက်သီးက ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ ခန္တာကိုယ်ဆီကို ဝင်ရောက်သွားပြီး နောက်ဆုံးအချိန်ကျမှ တစ္ဆေဓားက ပေါ်ထွက်လာခဲ့ပါတယ်။

သို့ပေမယ့် ဒါပေါ့...နစ်ဖီက ဒီအရာကို မျှော်လင့်ထားပြီးသားပါ..။သူမ ခန္တာကိုယ်ကို ရှောင်လိုက်တဲ့ အချိန်မှာတော့ လအမြုတေက သူမရဲ့ ချပ်ဝတ်ပြားကိုသာ ခြစ်မိပြီး ဒဏ်ရာမဖြစ်စေတဲ့ ထိခိုက်မူ ဖြစ်ပေါ်စေခဲ့တယ်။ဒီလို လုပ်လိုက်တဲ့ အချိန်မှာ သူမက ဓားပေါ်မှာ ကိုင်ထားတဲ့ ဖိအားကို လျော့ချလိုက်ရတာကြောင့်..ဆန်နီဟာ သူမရဲ့ဓားကို သူ့လည်ပင်းနဲ့ အဝေးဆီ တွန်းထုတ်နိုင်ခဲ့ပါတယ်။

သူ နောက်ကို ခုန်မဆုတ်နိုင်ခင်မှာပဲ..နစ်ဖီက..သူမရဲ့ ဓားလက်ကိုင် နဲ့ သူ့ရဲ့ ဦးခေါင်းဆီကို ပြင်းထန်တဲ့ တိုက်ခိုက်မူတစ်ခု ပြုလုပ်ပြီးနေခဲ့ပါပြီ..။

စိတ်ထွေပြားစွာပဲ ဆန်နီ နောက်ကို ယိုင်ထွက်သွားခဲ့တယိ။သွေးတွေက သူ့မျက်လုံးထဲကို စီးကျလာပြီး သူ့ရဲ့ အမြင်အာရုံကို တစ်ခနလောက် ယူဆောင်သွားသလို ခံစားလိုက်ရပါတယ်။သူ့က အပေါ်လား အောက်လား ဆိုတာတောင် မခွဲခြားနိုင်တော့တာကြောင့် သူ့ရဲ့ အရိပ်အာရုံခံမူတောင် အသုံးမဝင်တော့ပါဘူး..။

ရုတ်တရက် သူ့ နှလုံးသားထဲမှာ ထိန့်လန့်မူတွေနဲ့ ပြည့်နှက်သွားခဲ့တယ်။

' စဥ်းစား..စဥ်းစားစမ်း..."

လုံးဝကို ရှုံးနိမ့်မသွားခင် မှာ သူ့အတွက် စက္ကန့်အပိုင်းအခြားလေးတစ်ခု အချိန်ရနေပါသေးတယ်။

' သူမ ဘာလုပ်ရတော့မလဲ...'

ဓားလက်ကိုင် နဲ့ တိုက်ခိုက်မူ အပြီးမှာ..လတ်တလော..လတ်တလောမှာ ငွေရောင် ဓားရှည်က သူ့ရဲ့ အထက်နားမှာ မြောက်နေခဲ့တယ်။ဒီအချိန်မှာ တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ဖို့ နည်းလမ်းကတော့..ဓားရဲ့ အပြားနဲ့ သူ့ရဲ့ ခေါင်းကို ရိုက်မှာလား ၊ ဒါမှမဟုတ်..ဓားသွားနဲ့ အောက်ကို ခုတ်ချပြီး သူ့ရဲ့ လက်မောင်းကို ဖြတ်လိုက်မှာလား ဆိုတာပါ။

ဟုတ်တယ်..ဒုတိယ နည်းလမ်းကတော့..အလွယ်ကူဆုံး အဆုံးသတ်နည်းနဲ့..အားသာမူ အရှိဆုံး နည်းလမ်းပါ..။

သို့ပေမယ့်..သူ စဥ်းစားနေတာက နစ်ဖီ ကိုပါပဲ..။သူမက ဘယ်တစ်ခုကို ရွေးချယ်မှာလဲ..။

သူ့ရဲ့ ဦးခေါင်းကို ကာကွယ်မှာလား..လက်မောင်းကိုကာကွယ်မှာလား ရွေးချယ်ရတဲ့ အချိန်မှာတော့ ဆန်နီ အလျင််အမြန်ပဲ သန်းခေါင်းယံ အမြုတေကို မြှောက်ကာ..သူ့ရဲ့ ဦးခေါင်းကို ဒေါင်လိုက် ကာကွယ်ထားလိုက်ပါတယ်။

မရေမတွက် နိုင်တဲ့ လေ့ကျင့်မူတွေကြောင့် သူ့ ခန္တာကိုယ်က အလိုလို ရွေ့လျားသွားခဲ့တယ်။ကျေးဇူးတင်စွာပဲ..သူက ဒီလို အံ့ဩစရာ အခြေအနေကို တကယ်ကာကွယ်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ ခန့်မှန်းမူက မှန်ကန်သွားခဲ့တယ်။သူ့ရဲပ ဓားက ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ ဓားကို တားဆီးနိုင်ခဲ့ပြီးဘေးကို ဘယ်ရှားသွားခဲ့ပါတယ်။ဒီကျေးဇူးကြောင့် ဓားက သူ့ရဲ့ ခေါင်းနဲ့ လုံးဝ လွဲချော်သွားခဲ့တယ်။

အဲဲဒီအစား ဓားက သူ့ရဲ့ ညှပ်ရိုးပေါ် ကျဆင်းသွားပြီး အသားထဲကို ထိုးဖောက်ကာ..အရိုးကို ထိမှန်သွားခဲ့ပါတယ်။

ဆန်နီ ရဲ့ ကမ္ဘာကြီးတစ်ခုလုံး နာကျင်မူကြောင့် ပေါက်ကွဲထွက်သွားတယ်..။

...သို့ပေမယ့် ဒီနာကျင်မူကို ခံစားထားစေခဲ့ပြီး..သူက ရှေ့ကို တိုးကာ နစ်ဖီရဲ့ လက်ကို ၊ သူ့ရဲ့ လက်နဲ့ ဖမ်းထားလိုက်ပါတယ်။

ယင်းနောပ် သူက သန်းခေါင်းယံ အမြုတေကို ရှေ့ကိုထိုးလိုက်တဲ့ အချိန်မှာ ဒါက အသားထဲကို ဖောက်ဝင်သွားတာ ခံစားလိုက်ရတယ်။

နစ်ဖီဟာ အံ့ဩသင့်မူ ၊ နာကျင်မူတွေ အပြည့်နဲ့ အော်ဟစ်လိုက်တယ်။ယင်းနောက် သူမက သူ့ကို အဝေးကို တွန်းလိုက်ပါတယ်။

ဆန်နီ မြေကြီးပေါ်ကို လဲကျသွားခဲ့တယ်။

' ချီးပဲ...ချီးပဲ...ဒါက အရမ်းနာတယ်...'

သူ့ရဲ့ စိတ်ကို အနည်းငယ် ထိန်းချုပ်လိုက်ပြီး..လက်ကို မြောက်ကာ မျက်လုံးက သွေးတွေကို သုတ်လိုက်တယ်။ယင်းနောက် သူက ဒူးထောက်ထိုင်လိုက်ပြီးဘနစ်ဖီ ရှိနေတဲ့နေရာကိုကြည့်လိုက်ပါတယ်။

သူမက မီတာ အနည်းငယ် အကွာမှာ ရပ်နေပြီး..သူမရဲ့ ဓားကို အမှီပြုထားခဲ့ရတယ်။သူမရဲ့ ဝမ်းဗိုက်မှာ နက်ရှ်ိုင်းတဲ့ ဓားဒဏ်ရာ တစ်ခု ရှိနေပြီး..နာကျင်မူကြောင့် မျက်နှာ ရှုံ့မဲ့ နေခဲ့ပါပြီ..။

သူ့ကြောင့် ဖြစ်ပေါ်လာတဲ့ ဒဏ်ရာကနေ သွေးတွေက ကြက်သွေးရောင် စမ်းချောင်းလို စီးကျနေခဲ့တယ်။

သူတို့ တစ်ခနလောက် အကြည့်ချင်းဆုံသွားခဲ့တယ်။ယင်းနောက် ဆန်နီဟာ အောက်ကို ငုံ့ပြီး သူတို့နှစ်ယောက်ကြားထဲမှာ ရှိနေတဲ့ ဓားကို ကြည့်လိုက်ပါတယ်။

ဒီ အရှုပ်အထွေးတွေ ကြားထဲမှာ သူက ဓားကို ဆုံးရှုံူသွားခဲ့တာပါ။

သူတို့နှစ်ယောက်လုံး တစ်စက္ကန့်လောက် အေးခဲနေခဲ့ကြတယ်။

ယင်းနောက် သူ့ရဲ့ ပုခုံးဒဏ်ရာက ဆိုးဝါးတဲ့ နာကျင်မူကို လျစ်လျူရူပြီး..ဆန်နီ ရှေ့ကို တိုးကာ သန်းခေါင်းယံ အမြုတေရဲ့ လက်ကိုင်ကို ဆုပ်ကိုင်လိုက်တယ်။

တစ်ချိန်တည်းမှာပဲ ပြောင်းလဲနေတဲ့ကြယ်ပွင့်က ရှေ့ကို တိုးကာ ဓားကို မြောက်လိုက်ပါတယ်။

...သို့ပေမယ့် သူတို့နှစ်ယောက်စလုံး တိုက်ခိုက်ဖို့ အခွင့်အရေး မရလိုက်ပေ..။

ဘာလို့လဲ ဆိုတော့ အချိန်ကိုက်ဆိုသလိုပဲ...ကြက်သွေးရောင် ထိပ်ဖျားကြီးက နောက်တစ်ကြိမ် တုန်လှုပ်လာခဲ့တာကြောင့်ပါ..။ဒီတစ်ကြိမ်မှာ အရင်ကထက် ပိုဆိုးနေခဲ့တယ်။

ယင်းနောက် နားကျိန်းလောက်တဲ့ ကျောက်တုံး အက်ကွဲသံကြီးနဲ့ အတူပဲ၊ သူတို့ရဲ့ ခြေထောက်အောက်မှာ ရှိနေတဲ့ ကြမ်းပြင်က..ကွဲကြေသွားကာ အမှောင်ထုထဲကို ပြုတ်ကျသွားပြီး..သူတို့ကိုပါ ဆွဲခေါ်သွားခဲ့ပါတယ်။

All Chapters