← Chapters

အလွတ် ပြုတ်ကျခြင်း

Vol. 24 Ch. 347

အလွတ် ပြုတ်ကျခြင်း

Vol. 24 Ch. 347

#ဘာသာပြန် = စနိုးဝှိုက်

ဆန်နီဟာ ကျောက်တုံး မိုးတွေနဲ့ အတူ ပြုတ်ကျသွားခဲ့တယ်။သူ ရဲ့ ခြေထောက်အောက်က ကြမ်းပြင်ကတော့ ရုတ်တရက် ဆိုသလိုပဲ..ဖန်သားတစ်ခုလို ကွဲကြေသွားခဲ့ပါတယ်။

ဧရာမ သတ္တဝါပြီး တစ်ကောင် သေဆုံးတော့မယ့် အတိုင်းပဲ..ကြက်သွေးရောင် မျှော်စင်ကြီးက အသံတွေ မြည်ပြီး..တုန်လှုပ်နေခဲ့ပါပြီ။နေလုံးအတု ရဲ့ အလင်းရောင်က မှိန်ပြီး အားနည်းလာနေခဲ့တယ်။တာဝါကြီး နောက်တစ်ကြိမ်လှုပ်ခတ်လာတဲ့ အချိန်မှာတော့..ကြီးမားတဲ့ နံရံကြီးတွေမှာ အက်ကွဲကြောင်းကြီးတွေ ပေါ်ထွက်လာခဲ့ပါတယ်။

.

ဆန်နီ က အမှောင်ထုကို မေ့ပျောက်ကုန်းမြေရဲ့ အောက်ဘက်မှာ ပိတ်လှောင်ထားခဲ့တဲ့ သူ ဖြစ်ပြီး ၊ နစ်ဖီကတော့..နေ့ရက်တိုင်း ကောင်းကင်ပေါ်မှာ ပေါ်ထွက်လာတဲ့ နေလုံးကြီးရဲ့ ..အသက်သွေးကြောကို သတ်ဖြတ်ခဲ့တဲ့ သူ တစ်ယောက်ပါ။သူတို့နှစ်ခုစလုံးက..ဒီကျိန်စာသင့်ဖြေပေါ်ကို ဖျက်ဆီးမူတွေကို ဆောင်ကျဥ်းခဲ့ကြပါတယ်။ဒီနေ့က မေ့ပျောက်ကုန်းမြေကြီးရဲ့ နောက်ဆုံးနေ့ဖြစ်ပြီး ဒီအရာကို သူတို့ နှစ်ဦးက ဖန်တီးခဲ့ကြတာပါ။

ပြီးတော့ သူတို့နှစ်ယောက်ထဲက တစ်ယောက်ကတော့ဒီကြီးမားတဲ့ ပြောင်းလဲမူကြီးရဲ့ အကျိုဆက်ကို ခံစားရပါလိမ့်မယ်..။

ပြုတ်ကျနေတဲ့ ကျောက်တုံးအပိုင်းအစ မိုးတွေနဲ့ ဝန်းရံ ထားရင်း ပြောင်းလဲနေတဲ့ကြယ်ပွင့်က သူမရဲ့ဓားကို ဝေ့ယမ်းကာ..တစ်နည်းအားဖြင့် ဆန်နီဟဘက်ကို ချိန်ရွယ်နိုင်နေခဲ့ပါတယ်။ပိုပြီး အံ့ဩစရာကောင်းတာက ဆန်နီက ဒီတိုက်ခိုက်မူတွေကို ခုခံ ကာကွယ်နိုင်နေခဲ့တယ်။သူတို့နှစ်ယောက် ဝေးကွာသွားတဲ့ အချိန်မှာတော့..သူတို့ရဲ့ နောက်ကျောမှာ တောင်ပံတွေ ပေါ်ထွက်လာခဲ့ကြတယ်။

စက္ကန့်အနည်းငယ်လောက် ၊ ဆန်နီက သူ့ရဲ့ ခန္တာကိုယ်ကြီး အမှောင်ထုထဲကို ကျဆင်းသွားတာကို ခံစားနေခဲ့ရတာပါ။ယင်းနောက် ၊ နောက်ဆုံး အနက်ရောင်တောင်ပံ ပေါ်လာတဲ့ အချိန်မှ သူ့ရဲ့ အလေးချိန်ကို ကူညီပြီး ထိန်းပေးထားခဲ့ပါတယ်။

သူ့ကို ခြေမွဖို့ ခြိမ်းခြောက်နေတဲ့ ကျောက်တုံးကြီးကို ရှောင်ရှားလိုက်ရင်း..အဲဒီအပေါ်ကို လှေကားအဖြစ် နင်းတက်လိုက်ကာ..လေထဲကို ခုန်တက်သွားခဲ့တယ်။သန်းခေါင်းယံ အမြုတေက လေထဲမှာ အရောင်လက်သွားပြီး ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ အနက်ရောင် တောင်ပံကို ချိန်ရွယ်လိုက်ပေမယ့် ငွေရောင် ဓားရှည်ရဲ့ တားဆီးခြင်းကို ခံလိုက်ရပါတယ်။

အောက်ကို ကျဆင်းနေတုန်းမှာပဲ ပုံရိပ် နှစ်ခုက တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်ကျရငိး လေထဲမှာ လွင့်ပျံနေခဲ့တယ်။ထောက်ပံ့ပေးထားတဲ့အရာ ဘာမှ ရှိမနေခဲ့တာကြောင့်..သူတို့ အရှိန်ယူချင်တယ် ဆိုရင်ရန်သူရဲ့ ခန္တာကိုယ်ကို အသုံးပြုမှပဲ ရပါလိမ့်မယ်..။သူတို့ရဲ့ ခန္တာကိုယ်တွေ ချစ်သူ စုံတွဲတွေ ထိတွေ့တဲ့ အနေအထား တစ်ခု အထိကို နီးကပ်သွားခဲ့ကြတယ်။

သို့ပေမယ့် တကယ်အခြေအနေမှာတော့..၊ ဒါပေါ့ ဒီလို နီးကပ်ခြင်းရဲ့ ရည်ရွယ်ချက်က အချစ်အတွက် မဟုတ်ပဲ..ကြမ်းတမ်းမူတွေ အတွက်ပါ။

နစ်ဖီကို လက်တစ်ဖက် နဲ့ ကိုင်ပြီး..သူ့ရဲ့ ခြေထောက်တွေနဲ့ သူမကို ချုပ်နှောက်ဖို့ကြိုးစားလိုက်တယ်။ဆန်နီ သူ့ခန္တာကိုယ်ကို လှည့်ပြီး..သူ့ရဲ့ နှာဖူးနဲ့ သူမရဲ့ နှာခေါင်းကို ကျိုးကြေတဲ့ အထိ တိုက် လိုက်တယ်။

..သို့ပေမယ့် တစ်ချိန်တည်းမှာပဲ သူမရဲ့ သံမဏိ လက်သီးက..ကတ်စတာ ဖန်တီးထားတဲ့ သူ့ရဲ့ ဘေးဘက်က ဒဏ်ရာဆီကို ရက်ရက်စက်စက် ကျရောက်လာခဲ့ပါတယ်။

ဆန်နီ အော်ဟစ်လိုက်တယ်။

နောက်ထပ် တစ်စက္ကန့်မှာတော့..သူမရဲ့ နောက်ထပ်လက်သီး က သူ့ရဲ့ မျက်နှာကို ရောက်လာခဲ့တယ်။ငွေရောင် ဓားရှည်ရဲ့ အလေးချိန်ပါ ပါဝင်နေခဲ့တာကြောင့် ဒီတိုက်ခိုက်မူက ဆန်နီကို တစ်ခနလောက် သတိလစ် မလိုတောင်ဖြစ်စေခဲ့ပါတယ်။

သူ အသိစိတ်ပြန်ဝင်လာတဲ့ အချိန်မှာ ၊ ပထမဆုံးမြင်လိုက်ရတာက သူတို့အပေါ်ကို ကျရောက်နေတဲ့ ကြီးမားတဲ့ ကျောက်တုံးကြီးပါပဲ။သူရဲ့ မျက်နှာနဲ့ နံရိုးဘေးဘက်က ဒဏ်ရာတွေကြောင့် သွေးတွေ စီးကျနေတာကို ခံစားနေခဲ့ရတယ်။ဆန်နီ ဒူးကို ကွေးလိုက်ပြီး နစ်ဖီ ရဲ့ ခန္တာကိုယ်ကို တွန်းကာ အဝေးကို ထွက်သွားလိုက်ပါတယ်။

သူတို့နှစ်ယောက်က မတူညီတဲ့ ဦးတည်ချက်နှစ်ခု ဆျိကို ရောက်သွားခဲ့ပြီး..ဧရာမ ကျောက်တုံးကြီးရဲ့ ထိခိုက်မူကို ရှောင်နိုင်ခဲ့တယ်။

သူတို့ရဲ့ တောင်ပံ အင်္ကျီတွေရဲ့ အကာအကွယ်နဲ့ နစ်ဖီနဲ့ ဆန်နီ တို့ဟာ ခရုပတ်ပုံစံ ဝိုင်းပတ်ပြီး ဆင်းလာခဲ့ကြတယ်။သူတို့နှစ်ယောက်စလုံးက နောက်ထပ်ကျဆင်းလာနေတဲ့ ကျောက်တုံးအပိုင်းအစတွေကို ရှောင်ရှားနေရတာကြောင့်..တိုက်ခိုက်မူတွေ ထပ်ပြီး လုပ်ချင်တယ် ဆိုရင်တောင်..မလုပ်နိုင်ကြတော့ပါဘူး။

သူတို့ရဲ့ ပတ်ဝန်းကျင်မှာတော့ ကြက်သွေးရောင် မျှော်စင်ကြီးက တုန်လှုပ်နေခဲ့ပြီး..အက်ကွဲကြောင်းတွေ ပိုပိုပြီး ထွက်ပေါ်လာနေခဲ့တယ်။ဒါက ရှေးဟောင်း အဆောက်အဦးကြီး အနေနဲ့ အကြာကြီး မထိန်းထားနိုင်တော့ဘူးလို့တောင် ခံစားနေခဲ့ရပါတယ်။

သူတို့ရဲ့ အပေါ်မှာတော့..သေအံ့ဆဲဆဲ ဖြစ်နေတဲ့ နေလုံးက တစ်မိနစ်တိုင်းမှာ အားနည်းလာနေခဲ့တယ်။

...ပြီးတော့..အောက်ဘက်မှာ ရှိနေတဲ့ ..သင်္ကေတတွေ ဝန်းရံထားတဲ့ ထွက်ပေါက်က အမှောင်ထဲမှာ တောက်ပနေပြီး..သူတို့ရဲ့ အလင်းရောင်က မတည်မငြိမ်ဖြစ်နေခဲ့ပါပြီ။

အဝေးမှာ ရှိနေတဲ့ လေသာဆောင်ကို အာရုံစိုက်ထားရင်း..ဆန်နီ ခနလောက်တွေဝေပြီးကာမှ နစ်ဖီကို လှမ်းကြည့်လိုက်တယ်။

ဟင်းနောက် သူက အနက်ရောင် တောင်ပံကို ရုတ်သိမ်းပြီး..အောက်ကို ဆင်းသက်ကာ..လုံခြုံစွာ ပျံသန်းမူကို စွန့်ပယ်လိုက်ပါတယ်။

သူက အောက်ကို ပြုတ်ကျဖို့ကို ရွေးချယ်ခဲ့တယ်။

နားထဲမှာ လေတိုးသံတွေနဲ့ အတူပဲ..ဆန်နီဟာ အမှောင်ထဲမှာ ကျဆင်းကာ..ကျယ်ပြန့်တဲ့ လေသာဆောင်ဆီကို ဆိုးဝါးတဲ့ အရှိန်နဲ့ ကျဆင်းသွားခဲ့ပါပြီ..။

...သေစေနိုင်လောက်တဲ့ အမြန်နှုန်း..။

သူက အရာရာတိုင်းကို ပြီးပြည့်စုံအောင် တွက်ချက်ဖို့ လိုအပ်ခဲ့တယ်။

ထွက်ပေါ်မှာ ရှိတဲ့ သင်္ကေတ တွေကို ရှင်းလင်းအောင်မြင်ရတဲ့ အထိ နီးကပ်လာတဲ့ အချိန်မှာတော့..သူက ဝတ်ရုံကို နောက်တစ်ကြိမ် ပြန်ထုတ်ဖော်လိုက်တယ်။

အနက်ရောင် တောင်ပံ ဖြစ်ပေါ်ဖို့အတွက် အချိန်ယူနေတဲ့ အချိန်မှာတော့ ဆန်နီဟာ အောက်ကို ဆက်လက်ကျဆင်းနေပြီး..ကျောက်တုံး လေသာဆောင်နဲ့ ပိုပို နီးကပ်လာနေခဲ့ပါပြီ..။နောက်ထပ် စက္ကန့်အနည်းငယ်မှာတော့ သေဆုံးနေတဲ့ ဂိုလမ်တွေကိုပါ မြင်လာနေခဲ့ရတယ်။နောက်ထပ် တစ်စက္ကန့်မှာတော့ သူက ကြောက်ရွံ့မူတွေ ဖြစ်ပေါ်လာခဲ့ပါပြီ..။သူက သေဆုံးရတော့မယ်..မြေကြီးပေါ်မှာ ပြုတ်ကျတဲ့..ပိုးကောင် တစ်ကောင်လို သေဆုံးရတော့မှာပါ။

နောက်ဆုံး အခိုက်အတန့်လေးမှာပဲ အနက်ရောင် တောင်ပံဟာ အပြည့်အဝ ပေါ်ထွက်လာခဲ့တယ်။ချက်ချင်း ဆိုသလိုပဲ..ဆန်နီဟာ သူ့ကို ထိန်းချုပ်လိုက်ပြီး..ဒေါင်လိုက်ကျဆင်းနေရာကနေ..အလျားလိုက် ဆင်းသက်မူအဖြစ် ပြောင်းလဲလိုက်ပါတယ်။

ကြောက်မက်ဖွယ်အရှိန်က သူ့ကို ဆွဲချနေတာကြောင့် သူက လေထဲမှာ လှုပ်ယမ်းပြီး..လေသာဆောင်ရဲ့ ကြမ်းခင်းမျက်နှာပြင်တဲ့ ရိုက်မိသွားကာ..ပြင်းပြင်းထန်ထန် လိမ့်သွားခဲ့တယ်..။ယင်းနောက်..ခနတောင် အချိန်ဆွဲမနေတော့ပဲ..သူ ခြေထောက်ကို ထရပ်လိုက်ကာ..ထွက်ပေါက်ဆီကို ပြေးပါတော့တယ်။

နာကျင်မူကို တောင့်ခံရင်း..ဆန်နီဟာ ထော့နင့် ထောင့်နင့် နဲ့ တောက်ပနေတဲ့ သင်္ကေတတွေကြားထဲကနေ အဝိုင်းထဲကို ဝင်သွားခဲ့တယ်။ချက်ချင်းဆိုသလိုပဲ ထူးဆန်းတဲ့ ခံစားချက်က သူ့ကိုယ်ပေါ်ကို ဝင်ရောက်လာခဲ့ပါတယ်။

ဒါက ..ဒါက ထူးဆန်းပြီး..စက္ကန့် အနည်းငယ်အတွင်းမှာ ဖော်ပြလို့ မရနိုင်တဲ့ ခံစားချက်မျိုးပါ။မင်းရဲ့ ဘေးပတ်ဝန်းကျင်မှာ ရှိနေတဲ့ အစစ်အမှန် အရာအားလုံးက အိပ်မက်တွေ ဆ်ိုတာကို နားလည်သွားပြီး..မင်း က နိုးထရတော့မယ် ဆိုတာကို သိလိုက်ရတဲ့ ခံစားချက်မျိုး..။

သင်္ကေတတွေရဲ့ အရောင်တွေက ပိုမိုတောက်ပလာခဲ့ပြီး..ဆန်နီ ရဲ့ ခန္တာကိုယ်ကနေ တူညီတဲ့ သိမ်မွေ့သော အလင်းရောင်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီ အလင်းရောင်တွေ မတောက်ပ လာနိုင်ခင်မှာပဲ သူ့ရဲအပေါ်ကနေ သေစေနိုင်တဲ့ လက်နက်နဲ့ ပုံရိပ်တစ်ခုက ကျဆင်းလာခဲ့တယ်။

' မဟုတ်ဘူး...'

ဆန်နီ သူ့ရဲ့ လက်ကို မြှောက်ပြီး ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ တိုက်ခိုက်မူကို ခုခံလိုက်တယ်။နစ်ဖီက သူ့အပေါ်ကို နတ်သမီး တစ်ပါးလို ဆင်းသက်လာခဲ့ပာ..သူမရဲ့ မျက်လုံတွေထဲမှာလည်း ဒေါသမီးတွေ တောက်လောင်နေခဲ့ပါသေးတယ်။

သူ့ရဲ့ ခြေထောက်က သံကြိုးထဲက ကျောက်တုံးကို ထိလိုက်တာနဲ့ တောက်ပနေတဲ့ သင်္ကေတ တွေက မှိတ်တုတ် မှိတ်တုတ် ဖြစ်ပြီး ပျောက်ကွယ်သွားခဲ့တယ်။ဝိဥာဥ် လမ်းကြောင်း နှစ်ခုစလုံးက ကြက်သွေးရောင် ရဲတိုက် နဲ့ ပြတ်တောက်သွားတာကြောင့်..ဝိဥာဥ် စွမ်းအင် စီးဆင်းနေမူက ရပ်တန့်သွားခဲ့တာပါ။သူတို့ မရှိပဲနဲ့ ..ထွက်ပေါက်က အလုပ်လုပ်မှာ မဟုတ်ပါဘူး..။

တကယ်လို့ သူတို့ထဲက တစ်ယောက်သာ အပြင်ကို ထွက်လိုက်မယ် ဆိုရင် ထွက်ပေါက်က ချက်ချင်း အလုပ်ပြန်လုပ် ပါလိမ့်မယ်..။

ဆန်နီ အံကိုကြိတ်ပြီး ...နစ်ဖီ ဟန်ချက် မထိန်းနိုင်ခင်မှာပဲ ဓားနဲ့ ထိုးလိုက်တယ်။သိူ့ပေမယ့် သူမက အရမ်းကို လျှင်မြန်ပြီး တွက်ချက် တတ်လွန်းပါတယ်။သူ့ရဲ့ ဓား မရောက်လာခင်မှာတင် သူမက ရှောင်တိမ်းပြီးကာ..သူမရဲ့ ဓားနဲ့ ဘေးဘက်ကို ဖယ်ထုတ်လိုက်တယ်။

ဆန်နီ သူမဆီကို ပြေးဝင်သွားပြီး သူ့ရဲ့ ခန္တာကိုယ်တစ်ခုလုံးနဲ့ ဝင်တိုကိလိုက်တယ်။တစ်ချိန်တည်းမှာပဲ..သူ့ရဲ့ နံရိုးတွေက အေးစက်တဲ့ သံမဏိဓားကို ခံစားမိလိုက်ပြီး နောက်ထပ် သွေးတွေ ထွက်လာစေခဲ့တယ်။

သူတို့ နှစ်ယောက်က ပြင်းထန်တဲ့ အရှိန်နဲ့ ဝင်တိုက်မိကာ..ထွက်ပေါက် သံကွင်းရဲ့ အပြင်ဘက်ကို ခြေလှမ်းအနည်းငယ် အကွာလောက် လှိမ့်ကျသွားခဲ့ကြပါတယ်။သူတို့ထဲက တစ်ယောက်က အဝိုင်း ပုံစံသင်္ကေတ တွေကို ကျော်ဖြတ်သွားတာနဲ့..သူတို့က နောက်တစ်ကြိမ်ပြန်ပြီး တောက်ပလာခဲ့တယ်။

ဆန်နီဟာ အေးစက်တဲ့ ကျောက်တုံးတွေပေါ်ကို ပြုတ်ကျသွားခဲ့ပြီ..နာကျင်မူ ပင်ပန်းမူတွေနဲ့ လဲလျောင်းနေခဲ့ရပါတယ်။ညှင်းဆဲ ခံနေရတဲ့ ညဥ်းတွားသံ တိုးတိုးလေးက..သူ့ရဲ့ နှုတ်ခမ်းထက်ကနေ ထွက်ပေါ်လာခဲ့တယ်။

သူ့ ရဲ့ ခန္တာကိုယ်ထဲက တစ်ခုခုကတော့ ကျိုးပဲ့ သွားခဲ့ပါပြီ..။သူက အားနည်းမူကို ခံစားနေခဲ့ရတယ်။

ပြီးတော့ အေးစက်မူ။

သူ ပြန်ပြီး မထချင်တော့ပါဘူး။

'ငါ အခုထိ အဆုံးမသတ်သေးဘူး..ငါ...."

All Chapters