မကျိုးပျက်သော
Vol. 24 Ch. 348
#ဘာသာပြန် = စနိုးဝှိုက်
ဆန်နီဟာ မြေကြီးပေါ်မှာ လဲကျနေရင်းနဲ့ သေအံ့ဆဲဆဲ ငါးတစ်ကောင်လို လေ ကို အမောတကော ရူနေခဲ့တယ်။သူက ရေ နစ်နေတဲ့လူတစ်ယောက်လို ခံစားနေခဲ့ရပါတယ်။
သူ့ရဲ့ ခန္တာကိုယ်က နာကျင်မူတွေနဲ့ ပြည့်နှက်နေခဲ့တယ်။သူ ဒဏ်ရာတွေ ဘယ်လောက် အများကြီး ရရှိထားခဲ့တာလည်း ဆိုတာကိုတောင် မမှတ်မိတော့ပါဘူး..။သူ့ရဲ့ ဘေးဘက်မှာ ကတ်စတာကြောင့် ရရှိခဲ့တဲ့ ကြီးမားတဲ့ ပြတ်ရှရာကြီး တစ်ခု ၊ ညှပ်ရိုးကို လှီးဖြတ်ထားသလို ဖြစ်နေတဲ့ ဆ်ိုးဝါးတဲ့ ဒဏ်ရာ ၊ နံရိုးတစ်လျောက် ရှည်လျားတဲ့ ဒဏ်ရာ နဲ့ တစ်ခြား အသေးလေးတွေ အများကြီးပါပဲ။
သို့ပေမယ့် သူက ရှင်သန် နေပါသေးတယ်။
သူက တိုက်ခိုက်နိုင်နေတုန်းပဲ..။
သူက လက်လျော့ဖို့အတွက် ဆန္ဒမရှိသေးပါဘူး..။
..သူ့ ပတ်ဝန်းကျင်မှာ တော့..ကြက်သွေးရောင် မျှော်စင်ကြီးက..တုန်ရီပြီး ညဥ်းညူနေခဲ့တယ်။ဒါက ဖြည်းဖြည်းချင်း ပြိုကျလာနေခဲ့ပါပြီ..။
ဆန်နီ အံကိုကြိတ်ထားရင်း..ပင်ပန်းစွာနဲ့..သူ့ကိုယ်သူ မြေကြီးပေါ်ကနေ တွန်းလိုက်တယ်။သူ့ရဲ့ ခန္တာကိုယ်က ဆန့်ကျင်နေခဲ့ပေမယ့်လည်း..သူက အားတင်းပြီး ဖြည်းညှင်းစွာ ထလိုက်ပါတယ်။သန်းခေါင်းယံ အမြုတေက ကျောက်တုံးတစ်ခုကို ထောက်ပြီး သူ့ကို မတင်ပေး လာခဲ့တယ်။
နစ်ဖီလည်း အတူတူပဲ လုပ်နေခဲ့ပါတယ်။
ငယ်ရွယ်တဲ့ အမျိုးသမီးဟာ မတ်တတ်ရပ်လာခဲ့ပြီး တုန်ရီ နေခဲ့တယိ။ယင်းနောက် သူမရဲ့ ဟန်ချက်ကို ထိန်းနိုင်သွားခဲ့ပါတယ်။သူမရဲ့ အနေအထားက သိပ်ပြီးကောင်းမနေပဲ.. ..ဝမ်းဗိုက်မှာရှိနေတဲ့ နက်ရှိုင်းတဲ့ ဒဏ်ရာကြီးကို လက်နဲ့ ဖိထားခဲ့ရပါတယ်။
ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ..အားနည်းပြီး..ရိုက်နှက်ခံထားရပုံပေါက်နေခဲ့တယ်။သူမရဲ့ အကြောက်အလန့် ကင်းတဲ့ အမူအရာက မရှိတော့ပါဘူး။သူမရဲ့ မျက်နှာက..ဖြူဖျော့ ၊ သွေးစွန်း ပြီး တင်းမာနေခဲ့တယ်။ ခံစားနေရတဲ့ ဝေဒနာတွေကြောင့် ရှုံ့မဲ့နေခဲ့ပါသေးတယ်။
သူမရဲ့ မျက်လုံးတွေကပဲ..အဖြူရောင် မီးတောက်တွေနဲ့ တောက်လောက်နေခဲ့ပြီး တူညီစွာ စူးရှ ၊
အေးစက် ကာ အတုန်မလှုပ် ရှိနေတုနိးပါပဲ..။
.
သူတို့နှစိယောက်စလုံးက ထွက်ပေါက်ရဲ့ ဆန်းကျယ်တဲ့ အလင်းရောင်တွေအောက်မှာ ရှိနေခဲ့တယ်။
ဒီအလင်းတွေရဲ့ အောက်မှာရှိနေတဲ့ နစ်ဖီကို ကြည့်ရင်း..ဆန်နီ အသက်ကို ဖြည်းညှင်းစွာ ရူသွင်းကာ အက်ကွဲတဲ့လေသံနဲ့ ပြောလိုက်တယ်။
"....ဒါကို အဆုံးသတ်လိုက်ကြရအောင်.."
သူမက သူ့ကို ခနလောက် စိုက်ကြည့်နေပြီးကာမှ ပြုံးလိုက်ပါတယ်။
သူမရဲ့ သွားတွေက သွေး တွေကြောင့် အနီရောင်ဖြစ်နေခဲ့တယ်။
ခနအကြာမှာတော့ နစ်ဖီ ဓားကိုမြှောက်ကာ ရှေ့ကို တက်လာခဲ့တယိ။သူမရဲ့ခြေထောက်ကနေ တဆင့် လေထဲကို ဖုန်မှုန့်တွေ တက်လာခဲ့ပါတယ်။
သူတို့က ထွက်ပေါက် ရဲ့ အလင်းရောင်အောက်မှာပဲ တိုက်ခိုက်လာခဲ့ကြပြီး သူတို့ရဲ့ ဓားတွေက ဆာလောင်နေတဲ့ သတ္တဝါတွေလို လေထဲမှာ ပျံသန်းနေခဲ့ကြပါတယ်။သံမဏိချင်း ထိတဲ့ အသံများက..ကျောက်တုံးတွေ ပြုတ်ကျလာတဲ့ အသံတွေကို ဖုံးလွှမ်းပြီး..ကြက်သွေးရောင် မျှော်စင်ထဲမှာ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပါပြီ။
ဆန်နီ ရော နစ်ဖီ ရော နှစ်ယောက်စလုံး ဒဏ်ရာ အပြင်းအထန် ရထားခဲ့ကြပေမယ့် သူ့တို့နှစ်ယောက်စလုံးက နာကျင်မူကြောင့် အားနည်းသွားစေမယ့် အဖြစ်မျိုးကို လက်မခံကြပါဘူး..။အဲဒီအစား သူတို့က ရက်စက်စွာ တိုက်ခိုက်နေကြပြီး..သူတို့မှာ ရှိတဲ့ အရာတိုင်းကို ဘာမှမထိန်ချန်ထားပဲ ရန်သူဆီကို ပေးပို့နေခဲ့ကြတယ်။
အခုဆိုရင် ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ ဒဏ်ရာက သွေးအများအပြားထွက်နေတာကြောင့် ဆန်နီ ရဲ့လည်ပင်းမှာရှိနေတဲ့ သွေးပန်းပွင့် အဆောင်က..ထိန်းမနိုင်သိမ်းမရ အခြေအနေမှာ ရောက်နေခဲ့ပါပြီ။အခုုချိန်မှာတော့ သူ့ရဲ့ ဓားက အလိုလို ရွေ့လျားနေပြီး..သူ့ကို ပိုမြန်ဆန် ၊ ပိုမာကျောပြီး ၊သေလောက်အောင် တိကျမူတွေနဲ့ ကူညီပေးနေခဲ့ပါတယ်။
သူက အရင်တုန်းက အခုလောက် အင်အားကြီးတဲ့ အခြေအနေမျိုးကိူ မရောက်ခဲ့ဘူးပေ..။
....ဒါတောင်မှ..ဒါက မလုံလောက်သေးပါဘူး။
နစ်ဖီက သူ့အတွက် ကိုင်တွယ်ရတာ အရမ်းကို ခက်ခဲနေတုနိးပါ..။သူမက အရမ်းကို သန်မာဆဲ ၊ မြန်ဆန်ဆဲ ၊ လွှမ်းမိုးနိုင်ဆဲ ပါ..။
သူမက လူတစ်ယောက်ထက် မွန်းစတား တစ်ကောင််နဲ့တောင် တူနေခဲ့တယိ။
အဖြူရောင် မီးတောက်တွေနဲ့ ရစ်ပတ်ထားတဲ့
ငွေရောင် သံမဏိ နတ်ဆိုးတစ်ကောင်..။
ဆန်နီဟာ..သူမရဲ့ ဒဏ်ရာတွေထဲကို နက်ရှိုင်းတဲ့ ဖြတ်တောက်မူ တစ်ချို့ ပေါငိးထည့်ပေးနိုင်ခဲ့ပေမယ့် သူ ပြန်ရလိုက်တဲ့ အရာက နှစ်ဆ ပိုပြီး ဆိုးဝါးပါတယ်။
သူ့ရဲ့ ဘယ်ဘက်လက်က ဖြည်းညှင်းစွာ အကြောသေလာခဲ့ပြီး..သန်းခေါင်းယံ အမြုတေကို ဆုပ်ကိုင်ထားတဲ့ လက်က အားနည်းလာခဲ့တယ်။
သူ့ရဲ့ အဆုပ်တွေက လောင်ကျွမ်းလာခဲ့ပြီး အသက်ရူဖို့ အတွက် ပိုမို ခက်ခဲလာခဲ့ပါပြီ။အသက်ရူ တိုင်းမ သူ့နှုတ်ခမ်းကနေ အသံတွေ ထွက်ပေါ်လာနေခဲ့တယ်။သူ့မျက်လုံးတွေက လောင်ကျွမ်းနေခဲ့ပြီး စီးကျလာတဲ့ သွေးတွေကြောင့် အမြင်အာရုံ ဝေဝါးနေခဲ့ပါတယ်။ဒီ ပျက်ဆီးနေတဲ့ အခြေအနေတွေကို ပြန်ဖြည့်ဆည်းဖို့အတွက် သူက အရိပ်ခံစားမူကို အများကြီး အားကိုး နေခဲ့ရတယ်။
'ငါ..ငါ ဒီတိုင်း ဆက်သွားနေလို့ မရဘူး..'
သူ တစ်ခုခုကို တွေးတော့ မှ ရတော့မှာပါ။လှည့်ကွက် တစ်ခုခု ၊ ဥာဏ်ကောင်းတဲ့အရာ တစ်ခုခု ၊ အလုပ်ဖြစ်မယ့် အရာတစ်ခုခု။
သို့ပေမယ့် ပထမဆုံးအကြိမ်အဖြစ် ဆန်နီ လှည့်စားမူတွေ ပြည့်နေတဲ့ အိတ်ကြီးက ဗလာ ဖြစ်နေခဲ့တယ်။
သူ ဘယ်လောက်ပဲ စဥ်းစားနေပါစေ..နစ်ဖီကို အနိင်ယူနိုင်မယ့် နည်းလမ်းကို သူ မတွေးနိုင်ခဲ့ပါဘူး..။
သူမက သူ့အကြောင်းကို ကောင်းကောင်း သိပါတယ်။ဒီကမ္ဘာကြီးထဲက ဘယ်သူ့ထက် မဆို ပိုပြီး သိထားတယ်..။
ကမ္ဘာနှစ်လုံးမှာတောင်မှ...။
ဒါတောင်မှ...လက်ရှိအခြေအနေအတိုင်းသာ ဆက်သွားမယ် ဆိုရင် သူ့မှာ အနိုင်ရဖို့ အခွင့်အရေး မရှိတော့ဘူးဆိုတာကို ခံစားနေခဲ့ရပါတယ်။သူက သေဆုံးရဖို့အတွက် ခြေတစ်လှမ်းပဲ လိုပါတော့တယ်။
ဒီလို ဆိုရင်တောင်မှ သူက တစ်ခုသော အရာကိုတော့ စဥ်းစားမိနေခဲ့တယ်။
အနိုင်ရဖို့ အခွင့်အရေး နည်းနည်းပဲ ရှိတဲ့ ရက်စက်တဲ့လောင်းကစား တစ်ခု။
သူ့ရဲ့ ကျန်ရှိနေသေးတဲ့ ခွန်အားတွေကို အကုန်ဖော်ထုတုတ်လိုက်ပြီး..သူက ခန္တာကိုယ်ကို တွန်းအားပေးရွေ့လျားကာ..အရိပ်ကခုန်မူ ရဲ့ ထူးဆန်းပြီး မပြည့်စုံတဲ့ လှုပ်ရှားမူတွေကို သူ့ရဲ့ နည်းစနစ်ထဲကို ပေါင်းထည့်လိုက်ပါတယ်။
သူ့ ရဲ့ စိတ်အနေအထားကို ပုံသဏ္ဍာန်မဲ့ ၊ အသွင်အပြင်မဲ့ အဖြစ် ခွင့်ပြုလိုက်ပြီး..ပြောင်းလဲနေတဲ့ ကြယ်ပွင့်ကို ချိန်ရွယ်ကာ..သူမရဲ့ မယုံနိုင်စရာ တိုက်ပွဲဟန်ပန်ကို အသေးစိတ်လေးကအစ ..ပုံတူကူးဖို့ လုပ်လိုက်တယ်။
ယင်းနောက် သူမကို ဖျက်ဆီးဖို့ လက်နက်အဖြစ် အသုံးပြလိုက်ပါတယ်။
ဘာပဲဖြစ်ဖြစ်..နစ် မဟုတ်ရင်..သူ ဘယ်သူ့ကို ပုံတူကူးနိုင်ဦးမှာလဲ..။
သူကလည်း ကမ္ဘာကြီးထဲမှာ သူမအကြောင်းကို ကောင်းကောင်းသိထားတဲ့ သူတစ်ယောက်ပါပဲ။သူက သူမရဲ့ အပေါင်းအဖော် ၊ သူငယ်ချင်း နဲ့ တပည့် ဆိူရင်လည်း မှန်ပါတယ်။
သူက သူမရဲ့ အရိပ် ၊ သူမရဲ့ သေးငယ်တဲ့ အကူအညီဖြစ်နေခဲ့ပါပြီ။သူမရဲ့ တွက်ချက်မူတွေ ၊ သူမရဲ့ ရူးသွပ်မူတွေ ၊ ရည်မှန်းချက်တွေက ဆန်နီ မလွတ်မြောက်နိုင်ဖြစ်နေတာက..ရွေးချယ်စရာ မရှိတာကြောင့် တင်မဟုတ်ပဲ..သူကိုယ်တိုင်လည်း မလွတ်မြောက်ချင်ခဲ့လို့ပါ။သူက သူမနဲ့ တကယ်ကို မခွဲခွာချင်ခဲ့ပေ..။
သူမရဲ့ စီးဆင်းပြီး သေစေနိုင်တဲ့ တိုက်ပွဲစတိုင်ကို နစ်ဖီ ကိုယ်တိုင်ကလွဲရင် သူက အသိဆုံးပါ။ဘာပဲဖြစ်ဖြစ် သူက ဒီအရာကို နာရီပေါင်းများစွာ လေ့ကျင့်ခဲ့ပြီး သူ့ရဲ့ အခြေခံအဖြစ်ဟတည်ဆောက်ထားခဲ့ပါတယ်။အောက်ဘက်ကို အကြိမ်တစ်ထောင်လောက် လွှဲခုတ်ရင်း စတင်ခဲ့ရာကနေ ၊ အခုလို ဆိုးဝါးတဲ့ တိုက်ပွဲအထိ..သူက သူမဆီကနေ သ၈်ယူတာကို ဘယ်တုန်းကမှ မရပ်တန့်ခဲ့ပါဘူး..။
တကယ်လို့ သူ့မှာ အရိပ်ကခုန်မူရဲ့ ပထမအဆင့်ကို ကျွမ်းကျင်ဖို့ အခွင့်အရေး ရှိနေတယ် ဆိုရင် ဒါက သူမနဲ့ တိုက်ပွဲမှာပါပဲ။
ဆန်နီ တိုက်ခိုက်နေတုန်းမှာပဲ..သူက အရိပ်ခုနှစ်ခုနဲပ ကခုန်နေတဲ့ လှပတဲ့ အစေခံ မိန်းကလေးရဲ့ ပုံရိပ်ကို ပြန်တွေးလိုက်တယ်။သူ့ရဲ့ ခန္တာကိုယ်က အကန့်အသတ်ထိ ရောက်နေရင်း ၊ အကန့်အသတ်ထက် ကျော်လွန်ရင်း..ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ ထည်ဝါပြီး အကြောက်အလန့်ကင်းတဲ့ ဟန်ပန်ကို ပြီးပြည့်စုံအောင် ထပ်တူကျဖို့လည်း ကြိုးစားနေခဲ့တယ်။
ဒီနှစ်ခုရဲ့ ဖိအားအောက်မှာတော့ သူ့ခန္တာကိုယ်က ပြိုလဲကျကာ နီးနေခဲ့ပါပြီ။
ဆန်နီဟာ သူ့ရင်ဘတ် အလယ်က တစ်ခုခု ၊ ကြေကွဲလွယ်သလိုဖြစ်နေတယ်လို့ ခံစားနေခဲ့ရတယ်။ဖိအားရဲ့အောက်မှာ သူ့ခန္တာကိုယ်ရဲ့ သေးငယ်တဲ့ အစိတ်အပိုင်း တစ်ခုက ကွဲအက်လာခဲ့ပါပြီ။သူ တစ်ချက်လှုပ်ရှားတိုင်းမှာ အက်ကွဲကြောင်း အသစ်တစ်ခုက သူ့ရဲ့ မျက်နှာပြင်မှာ ပေါ်လာနေခဲ့တယိ။
ဒီ သေးငယ်တဲ့ အစိတ်အပိုင်းလေး မပေါက်ကွဲခင်မှာ သူ လုပ်နိုင်မယ်လို့ မျှော်လင့်ထားခဲ့ပါတယ်။တကယ်လို့ သူသာ နည်းနည်း ပိုသည်းခံနိုင်ရင် ၊ နည်းနည်းလောက် ဆက်လုပ်နိုင်ရင်..၊ နည်းနည်းလောက် ပိုနားလည် နိုင်ခဲ့ရင်....
သို့ပေမယ့် အဆုံးမှာတော့ သူ မလုပ်နိုင်ခဲ့ပေ..။
ကျန်တာတွေနဲ့ ကွဲပြားနေတဲ့ နောက်ထပ် ထူးဆန်းပြီး ၊ ငြီးငွေ့ဖွယ်ကောင်းတဲ့ လှုပ်ရှားမူ အပြီးမှာတော့..သူ့ရင်ဘတ်မှာ ရှိနေတဲ့ နူးညံ့တဲ့ အရာက ကွဲကြေပြီး ပျက်ဆီးသွားခဲ့တယ်။
အဲ့အချိန်မှာပဲ..ဆန်နီဟာ...ကြိုးတွေကို ဖြတ်တောက်ခံလိုက်ရတဲ့ ရုပ်သေးရုပ်တစ်ရုပ်လို ခံစားလိုက်ရပါတယ်။သူ့မျက်လုံးတွေက ထိပ်လန့်မူကြောင့် ပြူးကျယ်သွားခဲ့တယ်။
ယင်းနောက် သန်းခေါင်းယံ အမြုတေက တုန်လှုပ်လာခဲ့တယ်။
နောက်ထပ်တစ်စက္ကန့်အကြာမှာတော သူ့ရဲ့ ဝိဥာဥ်ထဲမှာ ပုန်းကွယ်နေတဲ့ မမြင်ရတဲ့စွမ်းအားတွေ ပွင့်ထွက်လာခဲ့ပြီး..ပြန်လည် နုပျိုစေတဲ့ စွမ်းအားများ စီးဆင်းလာခဲ့ကာ..သူ့ရဲ့ ပင်ပန်းနွယ်နယ်မူတွေကို အဝေးဆီယူဆောင်သွားခဲ့ပါတယ်။