ကံတရား
Vol. 24 Ch. 349
#ဘာသာပြန် = စနိုးဝှိုက်
ဆန်နီ ရဲ့ ရင်ဘတ် ကွဲကြေသွားတဲ့ အချိန်မှာတော့၊ သန်းခေါင်းယံ အမြုတေရဲ့ စွမ်းအားတ်ိုးမြှင့်မူ [ အကျိုးပျက်သော ] က အသက်ဝင်လာကာ..သူ့ရဲ့ နောက်ဆုံးထွက်သက်ကို ဖီဆန် ဖို့အတွက် စွမ်းအားတွေ စီးဝင်လာခဲ့ပါတယ်။
...ဒါပေါ့..ဝီဗာ သွေးကလည်း..သူ့ရဲ့ စွမ်းအားဖြည့်တင်းမူကြောင့်..ပြန်လည်ကုသနှုန်းတွေ တိုးလာခဲ့ပါတယ်။စွမ်းအင်တွေ ဖြည့်တင်းတဲ့ စက်ဝန်းက ပြည့်မြောက်သွားတဲ့ အချိန်မှာတော့ ၊ ဒါက သူ့ကို ပိုသန်မာလာစေခဲ့ပြီး..သေမင်းနဲ့ ဝေးရာဆီကို ခေါ်ဆောင်ပေးသွားခဲ့ပါတယ်။
ပြောင်းလဲနေတဲ့ကြယ်ပွင့် ရဲ့ ဓားဟာ လေထဲကနေ ဖြတ်သန်းရဲ့ သူ့ရဲ့ အသွေးအသားတွေကို ဦးတည်လာခဲ့တယ်။သို့ပေမယ့်..မာကျောတဲ့ ဓားရဲ့ ရိုက်ထုတ်မူကြောင့် ဘေးကို ရောက်သွားခဲ့ပါတယ်။တိုက်ခိုက်မူ စတင်လာပြီး ကတည်းက..ပထမဆုံးအကြိမ် အဖြစ်..ဒီလို ထိတွေ့မူကြောင့် ဆန်နီရဲ့ ခန္တာကိုယ် အရိုးတစ်လျောက် ပြင်းထန်တဲ့ တုန်ခါမူကို မခံစားရတော့ပေ..။
အခုဆိုရင် သူက သူ့ရရှိနိုင်တဲ့ စွမ်းအားရဲ့ ထိပ်ဆုံးအခြေအနေကို ရရှိထားခဲ့ပါပြီ။သူ့ရဲ့ ပြည့်နှက်နေတဲ့ အမြုတေ ၊ ခန္တာကိုယ်ကို အရိပ်ရဲ့ ရစ်ပတ်ထားမူ ၊ သွေးပန်းပွင့်ရဲ့ အားဖြည့်ထားမူ နဲ့ အားထားရတဲ့ ဓားရဲ့ မကျိုးပဲ့နိုင်တဲ့ အားဖြည့်မူ တွေက..န်ိုးထသူ မဖြစ်လာခင် အနေအထားမှာ ဆန်နီကို အသန်မာဆုံး ဖြစ်လာစေခဲ့ပါတယ်။
အခုတော့ ၊ သူ နောက်ဆုံးမှာ နစ်ဖီ ကို ယှဥ်တိုက်နိုင်ခဲ့ပါပြီ..။
လုနီးပါး ပဲ...။
အံ့ဩဖို့ကောင်းစွာ ၊ မယုံနိုင်ဖို့ကောင်းစွာ ၊ စဥ်းစားဖို့ ဥာဏ်မမှီလောင်အောင် ပဲ သူမက ပိုပြီး သန်မာ နေခဲ့ပါသေးတယ်။
' ဘယ်လိုဖြစ်ပြီး!..ဘယ်လိုမျိုး!....ချီး လိုပဲ..."
ဆန်နီ လှုပ်ရှား တိုက်ခိုက်နေခဲ့ပြီး..သူ့ရဲ့ ဆိုးဝါးတဲ့ ဒဏ်ရာတွေထဲကနေ သွေးတွေ စီးကျနေခဲ့တယ်။သူတို့နှစ်ယောက်ကြားတဲ့က စွမ်းအား ကွာခြားမူက အနည်းငယ် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပေမယ့်..ရှိနေဆဲပါပဲ။ဒါကြောင့် သူ့ တိုက်ခိုက်မူတွေ စက္ကန့်အပိုင်းအခြားစာလောက် လွဲချော်နေတာတွေ ၊ တားဆီးဖို့ နောက်ကျတာတွေ ၊ ဆံပင်ခြည်တစ်ချောင်း စာလောက် ကွဟ နေတာတွေ ရှိနေခဲ့တယ်။
သူက ရှုံးနိမ့်နေဆဲပါပဲ။
သူတို့နှစ်ယောက် အပြင်းအထန် တိုက်ခိုက်ပြီး သံမဏိ ဓားချင်း အဆက်မပြတ် ထိတွေ့ နေတာကြောင့်..အလင်းမီးပွားလေးတွေက လေထဲကို လွင့်ပျံနေခဲ့တယ်။နေလုံးအတု ရဲ့ အလေင်းရောင်က မှိန်ပြကာ မတည်ငြိမ်တော့ပါဘူး..။ကြက်သွေးရောင် မျှော်စင်ကြီးကလည်း ဆက်တိုက် ကွဲအက်နေခဲ့တယ်။
အဲ့အချိန်မှာပဲ ကြီးမားတဲ့ ကျောက်တုံးအပိုင်းအစကြီးတစ်ခုက လေသာ ဆောင်ပေါ်ကို ပြုတ်ကျကာ သူတို့ကို အပိုင်းအစတွေ ထိမှန်သွားစေခဲ့တယ်။သူတို့ခြေထောက်ရဲ့ အောက်ဘက်က ကျောက်တုံး မျက်နှာပြင်က အက်ကွဲလာခဲ့ပြီး..အပေါ်က ပြုတ်ကျလာတဲ့ အရာတွေနဲ့အတူ အသံတွေမြည်လာခဲ့တယ်။
အပေါ်က ပြုတ်ကျလာတဲ့ အရှိန်တွေကြောင့် သူတို့နှစ်ယောက်စလုံး လဲကျသွားခဲ့ပေမယ့်..ချက်ချင်းဆိုသလို ပြန်ထလာခဲ့ပြီး တစ်ယောက်ကို တစ်ယောက် သတ်ဖြတ်လိုတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ရှေ့ကို တက်လာခဲ့ တယ်။ဆန်နီဟာ..ငွေရောင်ဓားရှည်ရဲ့ ထိပ်ဖျားကို ရှောင်လိုက်ပြီး..သူ့ရဲ့ ဓားကို ရှေ့ကို လွှဲကာ နစ်ဖီရဲ့လက်မောင်းပေါ်ကို ပြတ်ရှရာတစ်ခု ဖန်တီးပေးလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲ သူမက ရှေ့ကိုတက်လာခဲ့ပြီး..ဓားအရိုးနဲ့ သူ့ရဲ့ ပုခုံးကို ရိုက်ချကာ..ဆန်နီကို ပေါက်ကွဲထွက်လုမတတ် နာကျင်မူကို ဖြစ်ပေါ်စေခဲ့တယ်။
သူက တစ်စုံတစ်ယောက် အော်ဟစ်သံကို ကြားလိုက်ရတယ်။သူ့ရဲ့ အသံက အက်ကွဲနေပြီး မဖော်ပြနိုင်လောက်တဲ့ ဝေဒနာ ခံစားရမူတွေ ပြည့်နှက်နေခဲ့ပါတယ်။ယင်းနောက်..ခနကြာတဲ့အချိန်မှာ ဒီ နာကျင်မူပြည့်နှက်နေတဲ့ အသံက ..သူ့ရဲ့ အသံဆ်ိုတာကို ဆန်နီသဘောပေါက်လိုက်တယ်။
မကြာခင်မှာပဲ..ဒီအော်ဟစ်သံက..ဟစ်ကြွေးသံအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။
သူက အခုထိ အဆုံးမသတ်သေးပါဘူး..။သူ ရှုံးနိမ့်ဖို့ကို ငြင်းဆန်တယ်....။သူ လက်လျော့ဖို့ကို ငြင်းဆန်တယ်...။
သူ့မှာ အနိုင်ရဖို့အတွက် အခွင့်အရေး ရှိနေပါသေးတယ်...။
....ဒီအရာတွေ ဖြစ်နေတာတောင်မှ ဆန်နီဟာ ကိုယ့်ကိုကို တွန်းအားပေးရင်း..အရိပ်ကခုန်မူရဲ့ ပထမခြေလှမ်းကို ကျွမ်းကျင်အောင် ဖန်တီးပေးနေခဲ့ပါတယ်။
သူ့ရဲ့ ရင်ဘတ် ကျိုးပဲ့သွားပြီး သန်းခေါင်ယံ အမြုတေရဲ့ စွမ်းအားကို နိုးထအောင် မပြုလုပ်ခင် အချိန်ကတည်းက သူက နားလည်မူ အသစ်တစ်ခုကို ရထားပြီး နေခဲ့ပါပြီ။
ဒါက သူ့ရဲ့ စိတ်ထဲမှာ ရောက်ရှိနေခဲ့ပြီးပါပြီ..။သို့ပေမယ့် သူ့ရဲ့ခန္တာကိုယ်က..အစစ်အမှန်အခြေအနေမှာ ပုံဖော်နိုင်ဖို့အတွက် လုံလောက်အောင် မသန်မာသေးပါဘူး..။
သို့မဟုတ် အနည်းဆုံးတော့ [ မကျိုးပျက်သော ] စွမ်းအားတွေကို လက်ခံမရရှိသေးခင် အချိန်အထိပါ။
အခုတော့ အရာရာတ်ိုင်းက ပြီးဆုံးသွားပါပြီ...။ဆန်နီဟာ စွမ်းအား တိုးမြှင့်မူရဲ့ အကူအညီနဲ့ ဒီအတားအဆီးကို ချိုးဖျက်နိုင်လိမ့်မယ်လို့ ယုံကြည်နေခဲ့တယ်။တိုက်ခိုက်မူတိုင်း ၊ ကာကွယ်မူတိုင်း ၊ ခြေလှမ်းတိုင်းက..သူ့ရဲ့ တိုက်ပွဲဟန်ပန်ရဲ့ အခြေခံကို ပြီးမြောက်ဖို့အတွက် နီးကပ်လာနေစေခဲ့ပါတယ်။
နာကျင်စွာ အသက်ရူလိုက်ပြီး တိုက်ထပ်တိုက်ခိုက်မး တစ်ခုကို ခုခံလိုက်ကာ..စက္ကန့်အပိုင်းအခြားလောက်တွေဝေလိုက်ပြီးမှ သူက နစ်ဖီ ဆီကနေ အကြည့်ကိုလွှဲလိုက်တယ်။
သူက သူမရဲ့ ခန္တာကိုယ်နဲ့လှုပ်ရှားမူ တွေကို ကြည့်မယ့် အစား..သူမရဲ့ အရိပ်ကိုသာ စိုက်ကြည့်လိုက်ပါတယ်။
အရိပ်ဟာ အနည်းငယ်လှုပ်ရှားပြီး ထွက်ပေါက်ရဲ့ အဝေးကို မျက်နှာမူထားခဲ့တယ်။သူမရဲ့ အရိပ်လက်တွေက လှုပ်ရှားပြီး အရိပ်ဓားကို မြှောက်လိုက်တယ်။အရိပ်ဓားက ကျဆင်းလာပြီး..ရန်သူ အရိပ်ကို ခုတ်ဖြတ်ဖို့ ချိန်ရွယ်လာခဲ့ပါတယ်။
ယင်းနောက်ရုတ်တရက်..ဒါက သူ့စိတ်ထဲက တံခါးကို ဖွင့်ပေးလိုက်သလို ခံစားလိုက်ရတယ်။
အရာရာတိုင်းက ရုတ်တရက် တစ်နေရာတည်းကို ကျဆင်းလာခဲ့တယ်။အရာရာတိုင်းက ချိတ်ဆက်သွားခဲ့ပါတယ်။အရင်က ရှုပ်ထွေးပြီး မပြည့်စုံတဲ့ အရာတွေက အခုဆိုရင်..ရှင်းလင်းပြီး ပြီးပြည့်စုံ သွားခဲ့ပါတယ်။ဒါက....
ပြီးပြည့်စုံ သွားခဲ့ပြီ..။
နစ်ဖီရဲ့ ဓားသူ့ဆီ မကျလာခင်မှာပဲ ဆန်နီ အနည်းငယ် ရွေ့ပြီး သန်းခေါင်ယံ အမြုတေကို မြှောက်လိုက်တယ်။
ခနအကြာမှာတော့..သူက တူညီတဲ့ ထိုးနှက်မူတစ်ခုကို ပြုလုပ်ရင်း သူမကို နောကိဆုတ်ဖို့ တွန်းအားပေးလိုက်ပါတယ်။
'....ဒီလို မျိုးလား...'
ပြောင်းလဲနေတဲ့ကြယ်ပွင့်ကတော့..လူသားတစ်ယောက်ရဲ့ အမြန်နှုန်း ၊ တိကျမူ နဲ့ မတူညီစွာပဲ နောက်ထပ် တိုက်ခိုက်မူတစ်ခူကို ပြုလုပ်ပြီးနေခဲ့ပါပြီ..။ဆန်နီ သူမရဲ့ လှုပ်ရှားမူကို မှန်ထဲကလို ပုံတူကူးလိုက်တဲ့ အချိန်မှာတော့ သူတို့ဓားတွေဟာ ထိတွေ့သွားပြီး မီးပွားတွေပေါ်လာခဲ့တယ်။
သူ့ရဲ့ ဟန်ပန်က အနည်းငယ် ပြောင်းလဲသွားကာ ပိုပြီးတင့်တယ် ၊ ပိုချောမွေ့ ပြီး ပိုပြီး သေစေနိုင်စွမ်း ရှိလာခဲ့တယ်..။
သူမ လိုမျိုးပဲ..။
'မဟုတ်ဘူး..ဒါက မှားနေတယ်...'
အရိပ်ကခုန်မူရဲ့ အဓိက အချက်က လှုပ်ရှားမူတိုင်းကို တူညီဖို့ မှန်လိုမျိုး..တစ်ထပ်တည်း ဖန်တီးနေတာ မဟုတ်ပါဘူး..။ဒီအရာက ရန်သူရဲ့ ဟန်ပန် အနှစ်သာရကို နားလည်သဘောပေါက်ပြီး..တန်ပြန်ဖို့အတွက် ဖန်တီးထားတာပါ။
ဆန်နီဟာ အော်ဟစ်လိုက်ပြီး သန်းခေါင်းယံ အမြုတေကို ကိုင်ထားတဲ့ ဟန်ပန်ကို ပြောင်းလဲကာ..တိုက်ခိုက်လိုက်တယ်။ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ နည်းစနစ်က သူ့ရဲ့ ခန္တာကိုယ်ထဲကို ရောက်နေခဲ့ပါပြီ..။ရုတ်တရက် သူက သူမရဲ့ ရည်ရွယ်ချက်တွေကို ပိုမိုရှင်းလင်းစွာ မြင်နိုင်လာခဲ့တယ်။သူမ အသုံးပြုတဲ့ ခြေလှမ်းတွေရဲ့ ပုံစံကို သေချာနားလည်လာခဲ့ပါတယ်။
သူက သူမပြုလုပ်တဲ့ အရာတိုင်းကို လိုက်လံပြုလုပ်နိုင်ပြီး သူမ မပြုလုပ်သေးတာကိုလည်း ပြုလုပ်နိင်နေခဲ့တယိ။သူက ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ လှုပ်ရှားမူတွေကို ပုံတူယူနေတာ မဟုတ်ပဲ သူမကိုယ်တိုင်ကို ပုံတူယူ ထားတာပါ။
သူမရဲ့ တိုက်ပွဲနည်းစနစ် ရဲ့ နှလုံးသားကို။
နစ်ဖီ ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။ဆန်နီရဲ့ တိုက်ခိုက်တဲ့ ပုံစံ ပြောင်းသွားတာကို သူမ ခံစားမိပါတယ်။သူတို့ နောက်တစ်ကြိမ်တိုက်ခိုက်လိုက်တဲ့ ပချိန်က သူမရဲ့ လှုပိရှားမူ မှန်သမျှကို တူညီအောင် လိုက်လုပ်နိုင်နေခဲ့တယ်။သူရဲ့ လှုပ်ရှားမူ တွေက ပိုထက်မြက် ၊ ပိုမြန်ဆန် ပြီး ..အဓိပ္ပါယ်ပြည့်ဝတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြည့်နေခဲ့ပါတယ်။
သူမရဲ့ တိုက်ခိုက်မူတွေက ခနလောက် နှေးကွေးသွားပြီးကာမှ..ပိုကြမ်းတမ်းကာ..ပိုပြင်းထန်လာခဲ့တယ်။
အခုဆိုရင် ဓားချက်တွေက ထိန်းချုပ်မူတွေ ကင်းမဲ့လာခဲ့ပါပြီ..။
ဆန်နီ သံသယရှိနေတာက..သူ့ရဲ့ ဒီသေးငယ်တဲ့ အားသာချက်က အချိန်အကြာကြီး ရနေမှာ မဟုတ်ဘူး ဆိုတာပါပဲ။နစ်ဖီက အရမ်းဥာဏ်ကောင်းပြီး ၊ ထူးချွန်လွန်းတာကြောင့်..ဒီလိုမျိုးကြာရှည် အဖြစ်ခံမှာ မဟုတ်ပေ..။မကြာခင်မှာပဲ သူမက သူ့ရဲ့ အသစ်ချပြထားတဲ့ တိုက်ပွဲ ဟန်ပန် ထဲက..စည်းမျဥ်းတွေကို နားလည်သဘောပေါက်သွားပြီး..ထိန်းညှိသွားနိုင်ပါတယ်။
ဒီလိုဆိုရင် ဘာတွေဖြစ်လာမှာလဲ သူတောင် ကြိုပြောနိုင်မှာ မဟုတ်တော့ပေ..။
ဒါကြောင့်ပဲ..အကောင်းဆုံး ဆုံးဖြတ်ချက်နဲ့အတူပဲ ၊ ဆန်နီ အံကိုကြိတ်ကာ သူ့ရဲ့ ကာကွယ်မူ အားလုံးကို
စွန့်လွှတ်ပြီး တိုက်ခိုက်မူကို အပြည့်အဝ အားထည့်လိုက်ပါတယ်။
ဒီအရာက မြန်မြန် အဆုံးသတ်ရပါလိမ့်မယ်။
..အစကတော့ သူက နစ်ဖီရဲ့ ရည်ရွယ်ချက်တွေကို ပြတ်သားစွာ မြင်နိုင်နေခဲ့ကာ..သူမမလှုပ်ရှားခင်မှာတင် ကြိုးတင်တိုက်ခိုက်ထားနိင်ခဲ့တယ်။ဖြစ်နိူင်တဲ့ အချိန်တွေမှာ သူက သူမရဲ့တိုက်ခိုက်မူ အတိုင်းပြုလုပ်ပြီး တိုက်ပွဲရဲ့ စီးဆင်းမူကို ဗရမ်းဗတာဖြစ်စေခဲ့ပါသေးတယ်။သူ့ရဲ့ ကိုယ်ပိုင် တိုက်ခိုက်မူတွေကတော့ ရန်သူတိုက်ခိုက်ပြီး စက္ကန့်ဝက်လောက် အကြာမှ ရောက်လာတတ်တာပါ။
ယင်းနောက် သူတို့က တစ်ချိန်တည်းမှာ ဖြစ်ပေါ်လာခဲ့တယ်။
သူတို့ကြားထဲက ကွာဟမူက အနည်းငယ်လေးဆိုရင်တောင် ဆန်နီ ရဲ့တိုက်ခိုက်မူတွေက ပြောင်းလဲနေတဲ့ကြယ်ပွင့်ကို အသာစီး ရလာခဲ့ပါတယ်။
ဒါက ဆန်နီလိုအပ်နေတဲ့ အရာ အကုန်ပါပဲ။
သူတို့ရဲ့ ဆ်ိုးဝါးပြီး ကြမ်းတမ်းပြင်းထန် တဲ့ ယှဥ်ပြိုင်တိုက်ခိုက်မူတွေကြောင့် သွေးတွေက ထွက်ပေါက်ရှိနေတဲ့ လေသာဆောင်ပေါ်ကို သန္တာရောင် မိုးတွေလို ကျဆင်းနေခဲ့တယ်။
သူ ရှေ့ကို တိုးပြီး ..ခန္တာကိုယ်ကို လှည့်ကာ သူ့ရင်ဘတ်ကို ဝင်လာတဲ့ နစ်ဖီရဲ့ ဓားကို ရှောင်ပြီး ၊ အဲဲဒီအစား သူ့ရဲ့ လက်မောင်းကိုသာ ထိုးဖောက်သွားစေခဲ့တယ်။နာကျင်မူ လှ်ိုင်းလုံးကြီးက သူ့စိတ်ထဲကို တိုးဝင်လာတဲ့ အချိန်မှာတော့ ဆန်နီဟာ နစ်ဖီရဲ့လက်မောင်းကို ဖမ်းဆွဲထားလိုက်ပါတယ်။
ယင်းနောက် လက်မောင်းကို လှည့်ပြီး သူ့ရဲ့ လက်သီးကို သူမရဲ့ တံတောင်ဆီ ရိုက်ခတ်ကာ ကျိုးကြေသွာစစေခဲ့တယ်။
သွေးတွေ ထွက်နေတဲ့ အရိုး အပိုင်းအစ ကြီးက သူမရဲ့ အရည်ပြားထဲကနေ ထွက်ပေါ်လာခဲ့တယ်။နစ်ဖီ ဆိုးဝါးစွာ တုန်ရီသွားခဲ့ပြီး..သူ့ရဲ့ ခေါင်းကို သူမရဲ့ ဓားနဲ့ ရိုက်ဖို့ကြိုးစားလိုက်ပါတယ်။ဓားကို သူမရဲ့လက်တစ်ဖက်နဲ့သာ ကိုင်ထားရတာကြောင့် အမြန်နှုန်း နဲ့ ပြင်းအား လျော့ကျသွားခဲ့ပါပြီ။
ငွေရောက်ဓားရဲ့ ရိုက်ခတ်မူကြောင့် ဆန်နီ ဒူးတစ်ဖက်ထောက် ပြုတ်ကျသွားခဲ့တယ်။
ယင်းနောက် သန်းခေါင်းယံ အမြုတေကို ရှေ့ကို တွန်းပြီး သူမရဲ့ ဝမ်းဗိုက်ထဲကို အလျားလိုက် ထိုးချလိုက်တယ်..။သွေးတွေက သူမရဲ့ နောက်ကျောကနေ ပန်းထွက်လာခဲ့ပါတယ်။
သူမရဲ့ တိုက်ခိုက်မူက ဆွဲအားကြောင့် ၊ နစ်ဖီဟာရှေ့ကို ခြေတစ်လှမ်း တိုးပြီး..ရပ်တန့်သွားခဲ့ပါတယ်။ဓားက သူမလက်ထဲကနေ အေးစက်တဲ့ ကျောက်တုံးတွေပေါ်ကို လွတ်ကျသွားတဲ့ အချိန်မှာတော့..သူမ အနည်းငယ် ယိုင်သွားခဲ့တယ်။
ယင်းနောက် ကြမ်းပြင်ပေါ်ကို ပြင်းထန်စွာ လဲကျသွားခဲ့ပါတယ်။
သူမရဲ့ အရည်ပြားပေါ်က အလင်းရောင်တွေက မှိန်သွားခဲ့တယ်။
ဆန်နီဟာ သူမကိုကျောပေးထားရင်း အမှောင်ထုထဲကို စိုက်ကြည့်နေခဲ့တယ်။အတော်ကြာပြီးကာမှ သူ မျက်လုံးတွေကို မှိတ်ပြီး သက်ပြင်းချလိုက်ပါတယ်။
' ...ပြီးသွားပြီ....'
တစ်စက္ကန့်လောက် ကြာပြီးနောက်မှာတော့ သူ မတ်တတ်ထရပ်လိုက်ပြီး အခြေအနေ သိပ်မကောင်းတော့တဲ့ မိန်းမငယ်လေး ဆီကို လျောက်သွားလိုက်တယ်။သူမက သူမရဲ့ ဓားဆီကို ရောက်ဖို့ကြိုးစားနေတုန်းဖြစ်ပြီး..သူမရဲ့ ပါးစပ်ကနေ သွေးတွေ စီးကျနေခဲ့ပါတယ်။
ဆန်နီရဲ့ အရိပ်က နစ်ဖီ အပေါ်ကို ကျရောက်လာတဲ့ အချိန်မှာတော့ သူမ အံကိုကြိတ်ပြီး ပြောလိုက်တယ်။
"ဒါက...ဒါက မပြီးသေးဘူး..။ငါ..ငါ လုပ် နိုင်သေးတယ်..."
သူမရဲ့ ငွေရောင်ဓားကို ရက်စက်စွာပဲ ခြေထောက်နဲ့အဝေးကို ကန်ထုတ်လိုက်ရင်း..ဆန်နီ သူမကို အပေါ်ကနေကြည့်ကာ..ပင်ပန်းပြီး..အသက်မဲ့နေတဲ့ အသံနဲ့ပြောလိုက်တယ်။
" နင် မလုပ်နိုင်တော့ဘူး..။ဒါက ပြီးသွားပြီ..နစ်..."
ယင်းနောက် သူက အဝေးမှာတောက်ပ နေတဲ့ ထွက်ပေါက် ကို လှမ်းကြည့်လိုက်တယ်။သူ့ မျက်နှာကတော့ အရိပ်တွေထဲမှာ ..ပုန်းကွယ်နေခဲ့ပါတယ်။
"နင် ပြီးဆုံးသွားပြီ..."
***
သူ အနိုင်ရရှိခဲ့တယ်။
သူက သေမင်းနဲ့ ခြေတစ်လှမ်း အလိုမှာ ရောက်ရှိခဲ့တာပါ..။
တောက်ပနေတဲ့ ထွက်ပေါက်ကိုကြည့်ရင်း ဆန်နီဟာ ကမ္ဘာကြီးကို ခံစားကြည့်လိုက်တယ်။
ဒါက ဘာလို့ ခါးသက်နေရတာလဲ..။ဘာလို့ ဒါက နာကျင် နေရတာလဲ..။
ဒါက ဘာလို့ ချိုမြိန်ပြီး...ပျော်ရွှင်စရာ ဖြစ်မနေရတာလဲ...။
နက်မှောင်တဲ့ အမူအရာနဲ့ သူ နစ်ဖီကို လှမ်းကြည့်လိုက်ပြီး အကြည့်ကို လွှဲလိုက်တယ်။
သူက သူမကို ဘာအဓိပ္ပါယ်ရှိတဲ့ အရာကို ပြောနိုင်မှာလဲ...။သူတို့ထဲက တစ်ယောက်က ဒီငရဲထဲကနေ လွတ်မြောက်တော့မှာ ဖြစ်ပြီး..နောက်တစ်ယောက်က နေခဲ့ရတော့မှာပါ။တစ်ယောက်က အနိုင်ရရှိခဲ့ပြီး တစ်ယောက်က ရှုံးနိမ့်ခဲ့ရတယ်။
သူတို့ထဲက တစ်ယောက်က ရှင်သန်ရမှာဖြစ်ပြီး ၊ ကျန်တဲ့ တစ်ယောက်က သေဆုံးရလိမ့်မယ်..။
သူက ဘာစကားလုံးမှ ..ရှာမတွေ့ခဲ့ပါဘူး..။
...ဒါကလည်း သူ့ရင်ထဲက ခံစားချက်တွေကို ဖော်ပြဖို့အတွက် မလုံလောက်ခဲ့ပေ..။
သူ့ခြေထောက်တွေက တုန်ရီနေခဲ့ပြီး ထွက်ပေါက်ဆီကို ပထမဆုံးခြေလှမ်း လှမ်းလိုက်တယ်။
'....ငရဲ လို ပဲ...'
ဘာလို့ သူ့ရဲ့ နှလုံးသားက အရမ်းလေးလံ နေရတာလဲ..။ဘာလို့ သူက အောင်ပွဲခံ မနေနိုင်ရတာလဲ..။
သူက ကယ်တင်ခံရဖို့အတွက် ထိုက်တန်တယ်..။သူက ဒီအခြေအနေအထိ ရုန်းကန်းပြီး ခံစားခဲ့ရတယ်..။ကျ်ိုးပဲပျက်စီးစေနိုင်တဲ့ မရေမတွက်နိုင်တဲ့ ထိပ်လန့်စရာတွေ ကို တောင့်ခံပြီး အကုန်လုံးကို ဖျက်ဆီးခဲ့တယ်။သူက သွေးတွေ အများကြီးထွက်အောင် တိုက်ခိုက်ခဲ့ပြီး..ဒီနေရာအထိ ရောက်အောင် လာခဲ့ကာ..ဘယ်တော့မှ ကိုယ့်ကိုကို အနားမပေးခဲ့ပါဘူး..။သူ...သူက..အသန်မာဆုံး လူတစ်ယောက်ပါ။
သူက နောက်ဆုံး အထိ ကျန်ရစ်နိုင်တဲ့လူတစ်ယောက်ပါ..။
မေ့ပျောက်ကုန်းမြေပေါ်က မရေမတွက်နိုင်တဲ့ အိပ်မက်ဆ်ိုးသားရဲတွေလည်း သူ့ကို မသတ်နိုင်ဘူး။ဟာရု အဲဒီ ခါးကုန်း လည်း မသတ်နိုင်ခဲ့ဘူး..။ရဲတိုက်အရှင် ဂန်လောင် လည်း မသတ်နိင်ခဲ့ဘူး..။တစ်ခြား ဆက်ခံသူ တွေကြားထဲမှာ အသန်မာဆုံးဖြတ်တဲ့ ကတ်စတာလည်း မသတ်နိုင်ခဲ့ဘူး..။
အင်မော်တယ် မီးတောက် ကလန်ရဲ့ နောက်ဆုံးသမီးတော် ဖြစ်တဲ့ ပြောင်းလဲနေတဲ့ကြယ်ပွင့်တောင် သူ့ကို မသတ်နိုင်ခဲ့ပေ..။
မရဘူး...အဲတာက သူပဲ..။နေစရာ အိမ်လို့ ပြောရလောက်မယ့် နေရာမရှိတဲ့ မြို့ပြင်က အိမ်ရာမဲ့ ကောင်လေး တစ်ယောက်..။ဘယ်သူ မှ ရှင်သန်မယ်လို့ မထင်မှတ်ထားခဲ့တဲ့ သူတစ်ယောက်..။လူတိုင်းက သူတို့ထက် နိမ့်ကျတယ်လို့ ထင်ထားခဲ့တဲ့ သူ တစ်ယောက်..။ဘယ်သူ့အတွက်မှ အရေးမပါခဲ့ပဲ..တစ်စုံတစ်ခုဖြစ်လာဖို့အတွက် ဘယ်တုန်းကမှ အခွင့်အရေး မရှိခဲ့တဲ့ သူတစ်ယောက်..။
ကောင်းပြီ..သူက ဒီလိုမဟုတ်ဘူးဆိူတာ အကုန်လုံးကို သက်သေပြခဲ့ပြီ မဟုတ်ဘူးလား..။
ဒေါသတကြီး အံကိုကြိတ်ပြီး ဆန်နီ နောက်ထပ် ခြေတစ်လှမ်းကို လှမ်းလိုက်တယ်။
' မင်းနဲ့အတူ ငရဲကို...'
....သူ့နောက်မှာတော့ နစ်ဖီက..သူမရဲ့ ဓားဆီကို ရောက်အောင် ခေါင်းမာစွာကြိုးစားနေမူကို လက်လျော့လိုက်ပါပြီ...။ဆန်နီလမ်းလျောက် နေတုန်းမှာတော့ နစီဟာ ဖြည်းညှင်းစွာ တွားသွားလိုက်ပြီး သူမကိုယ်သူမ တွန်းပြီ ထကာ..ကျောက်တုံးတစ်ဆီမှာ မှီနေခဲ့တယ်...။ထွက်ပေါက်ရဲ့ အလင်းတန်းတွေက သူမရဲ့ မျက်လုံးထဲမှာ အရောင်လက်နေပြီး သူ ထွက်သွားတာကို စောင့်ကြည့်နေခဲ့ပါတယ်။သူမကြည့်ရတာ မလှုပ်နိုင်တော့ သလိုပါပဲ။
တောက်ပနေတဲ့ စက်ဝိုင်းပုံစံ သင်္ကေတတွေ ရှိနေတဲ့ ကျောက်တုံးနားကို ရောက်လာတဲ့ အချိန်မှာတော့..ဆန်နီ သံကွင်းထဲကို ဝင်လိုက်တယ်..။
အခုတော့ လွတ်မြောက်ဖို့အတွက် ခြေတစ်လှမ်းသာ လိုအပ်ပါတော့တယ်..။
...သို့ပေမယ့် ရှေ့ကို လှမ်းရမယ့် အစား..သူ ရုတ်တရက် အေးခဲနေခဲ့ပြီး ၊ တင်းမာတဲ့ မျက်နှာအမူအရာနဲ့ အဝေးကို ကြည့်နေခဲ့ပါတယ်။
တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်လွန်သွားခဲ့တယ်။ကြက်သွေးရောင် မျှော်စင်ကြီးက နောက်တစ်ကြိမ် တုန်လှုပ်လာခဲ့ပြီး..ကျောက်တုံးတွေ မြောက်များစွာ ပြုတ်ကျလာခဲ့ပါတယ်။
နေလုံးအတုရဲ့ အလင်းရောင်က အရမ်းကို မှိန်လာခဲ့တာကြောင့်..မမြင်ရလောက်အောင်ပါပဲ..။ဆန်နီ အနည်းငယ် ယိုင်သွားခဲ့ပြီး နောက်ဘက်ကို ပြန်လှည့်ကာ နစ်ဖီ ဆီကို လျောက်လာခဲ့တယ်။
သူမ ဆီကို ရောက်တဲ့ အချိန်မှာတော့ သူ တစ်ခနလောက် တွေဝေပြီးကာမှ ဒူးထောက်ချလိုက်ပါတယ်။အခုချိန်မှာတော့ သူတို့ရဲ့ မျက်နှာတွေက တစ်တန်းတည်း ဖြစ်သွားခဲ့ပါပြီ...။
နစ်ဖီ ရဲ့ မျက်လုံးတည့်တည့်ကို ကြည့်နေရင်းနဲ့ .ဆန်နီဟာ လက်ကို မြှောက်ပြီး အကြိမ်အနည်းငယ် လက်ခုပ်တီးလိုက်တယ်..။
နောက်ဆုံးမှာတော့..သူက နာကျင်ပြီး ၊ ဒေါသထွက်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။
"ဂုဏ်ယူပါတယ်...နင် ငါ့ကို လှည့်စားနိုင် လုနီးပါးပဲ "