အိပ်မက်ဆိုး ၏ အဆုံးသတ်
Vol. 24 Ch. 350
#ဘာသာပြန် = စနိုးဝှိုက်
နစ်ဖီ သူ့ကို ပင်ပန်းစွာ စိုက်ကြည့်နေရင်း သူ့ပြောတဲ့ စကားလုံးတွေကို နားလည်ဖို့ကြိုးစားနေခဲ့တယ်။
သူမရဲ့ အရည်ပြားအောက် မှာရှိနေတဲ့ ရောင်ခြည်တွေက ပျောက်ကွယ်သွားခဲ့ပါပြီ..။အဲဲဒီအစား အဖြူရောင် မီးတောက်တွေက တဖန်ပြန်ပေါ်လာခဲ့ပြီး..သူမ ရဲ့ ဒဏ်ရာတွေကို ရစ်ဝဲနေခဲ့တယ်။သို့ပေမယ့် သူတို့ရဲ့စွမ်းအင်တွေက ကုန်ခါနီးနေပြီဖြစ်တာကြောင့် သူတို့က ပြန်လည်ကုစားပေးရမယ့်အစား..ပြောင်းလဲနေတဲ့ကြယ်ပွင့်ကို မသေဆုံးသွားအောင်သာ ထိန်းထားပေးခဲ့ပါတယ်။
စက္ကန့် အနည်းငယ်ကြာပြီးတဲ့ နောက်မှာတော့ သူတို့ ပါးစပ်ဖွင့်လာခဲ့တယ်။သွေးတွေက သူမရဲ့ ပါးစပ်ကနေ စီးကျလာရင်း..တိုးညှင်းတဲ့ အသံနဲ့ ပြောလိုက်တယ်။
" နင်...နင်ဘာတွေ ပြောနေတာလဲ.."
ဆန်နီ မကျေမနပ်ဖြစ်သွားခဲ့တယ်။
"ဟန်ဆောင် မနေနဲ့တော့..။နင့်ရဲ့ သရုပ်ဆောင်တွေက တကယ်ကို ကျွမ်းကျင်လွန်းပါတယ်။ဒါပေမဲ့..နင့်ကို အရင်ဆုံး ဘယ်သူသင်ပေးထားခဲ့တာလဲ ဆ်ိုတာကို မမေ့လိုက်နဲ့..။နင်က ငါ့ကို လှည့်စားလို့ ရမယ်လို့ တကယ် ထင်နေတာလား..."
သူမ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ..တီးတိုးပြောလာခဲ့တယ်။
"ငါ..နား မလည်ဘူး.."
သူ သူမကိုကြည့်လိုက်ပြီး မေးလိုက်တယ်။သူ့ရဲ့ အသံကတော့ ဒေါသတွေ ပြည့်နှက်နေခဲ့ပါတယ်။
"နင်ဘာလို့ ဒီီလိုလုပ်ခဲ့တာလဲ..။ဘာလို့လဲ..."
နစ်ဖီ မျက်တောင်ခတ်လိုက်ပြီး ၊ တုန်ရီစွာ အသက်ရူလိုက်တယ်။သို့ပေမယ့် ဘာမှ ပြန်မပြောခဲ့ပဲ..သူ့ကိုသာ နာကျင်မူ တွေ ၊ စိတ်ရှုပ်ထွေးမူတွေနဲ့ကြည့်နေခဲ့ပါတယ်။
သူမ ပြန်မဖြေဘူးဆိုတာကို နားလည်သွားတဲ့ ဆန်နီဟာ ထပ်ပြောလိုက်တယ်။
" နင် ဘာလို့ ဟန်ဆောင် တိုက်ခိုက်ခဲ့တာလဲ..."
သူမ ခနလောက် တွေဝေနေပြီးမှ တိတ်ဆိတ်စွာ ပြောလိုက်တယ်..။
"...ငါ မလုပ်ခဲ့ဘူး..."
ခါးသက်တဲ့ အပြုံးတစ်ခုက ဆန်နီရဲ့ နှုတ်ခမ်းမှာ ပေါ်လာခဲ့တယ်။သူ့ ခေါင်းကို ခါယမ်းပြီး ပြောလိုက်ပါတယ်..။
"နင် တကယ် လုပ်နိုင်ခဲ့တော့မလို့...သိရဲ့လား။ငါ တကယ် အလိမ်ခံရလုနီးပါး ဖြစ်သွားခဲ့တာ။ဒါပေမဲ့ အရာအားလုံးပြီးဆုံးသွားတဲ့ အချိန်မှာ ငါ သေချာတွေးကြည့်လိုက်တော့..တစ်ခုခုက တကယ် မူမမှန်ဘူး..။အကုန်လုံးက အဓိပ္ပါယ် မရှိဘူးလေ..။ငါ ဘယ်လိုပဲ ကြည့်ပါစေ..တစ်ခုခုက မှားနေသလို ခံစားနေရတယ်.."
ကြက်သွေးရောင် ထိပ်ဖျားကြီးက လှုပ်ခါသွားပြီး..သူတို့ရဲ့ အသံတွေက ကျောက်တုံးအက်ကွဲသံတွေ ကြားထဲမှာ နစ်မြုပ်သွားခဲ့တယ်..။ဒါကို လုံးဝ အာရုံမစိုက်ထားပဲ..ဆန်နီ ဆက်ပြောလိုက်ပါတယ်။
"ပထမတစ်ခုက..နင်က စွမ်းရည်တိုးမြှင့်မူ နှစ်ခုကို တစ်ချိန်တည်း အသုံးပြုနိုင်တာကို ငါသိထားတယ်..။နင်က ဂန်လောင်ကို တိုက်ခိုက်တုန်းက ဒီီလိုလုပ်ခဲ့တာလေ..။တစ်ခုက နင့်ရဲ့ ဓားကို အားဖြည့်ထားပြီး တစ်ခုက နင့်ရဲ့ ခန္တာကိုယ်ကို အားဖြည့်ထားတယ်..။ငါက တော်ရုံတန်ရုံကို မမေ့တတ်ဘူးလေ..ဒီတော့ ဒီအရာကို ဘယ်လိုလုပ် မေ့ပစ်နိုင်မှာလဲ..။နင် ပြင်းပြင်းထန်ထန် ဒဏ်ရာရတဲ့ အချိန်မှာ ဓားမှာ ရှိနေတဲ့ မီးတောက်တွေကို ခေါ်ပြီး ဒဏ်ရာတွေကို ပြန်ကုသ နိုင်ခဲ့တယ်..။ဒါတောင်မှ..နင်က ငါနဲ့တိုက်ခိုက်တဲ့အချိန်မှာ..တစ်ခုတည်းပဲ သုံးခဲ့တယ်..။ရယ်ရတယ်နော်...ဟုတ်တယ်မလား..."
နစ်ဖီ သူ့ကို စိုက်ကြည့်နေခဲ့ပြီး..ဘာမှ မပြောခဲ့ပေ..။ယင်းနောက်..
"ငါ့ရဲ့ စွမ်းအားတွေက..အရမ်းပင်ပန်း နေလို့ပဲ.."
ဆန်နီ ပြန်ငြင်းခုန်လိုက်တယ်..။
"နင့်ရဲ့ နောက်ထပ် အမှားတွေ မရှိဘူးဆိုရင်တော့ ငါ ဒါကို ယုံကြည်လိုက်မိမှာပေါ့..။မျှော်စင်ရဲ့ ထိပ်ဖျားမှာ တုန်းက..နင်က ငါ့ရဲ့ လက်ကို ခုတ်ဖြတ်ပြီး တိုက်ပွဲကို အဲဒီမှာတင် အဆုံးသတ်နိုင်ဖို့ အခွင့်အရေး ရခဲ့တယ်လေ..။ဒါက အကောင်းဆုံး ၊ အမြန်ဆန်ဆုံးနဲ့ သက်ရောက်မူအရှိဆုံး ရွေးချယ်မူတစ်ခုပဲ။အဲဒီအစား နင်က..အားသာမူ အနည်းဆုံးဖြစ်တဲ့ ငါ့ရဲ့ ခေါင်းကိုပဲ ရွေးချယ်ခဲ့ပြီး..ဓားပြားနဲ့ ရိုက်ခဲ့တယ်လေ.."
သူ့ရဲ့ မျက်နှာပေါ်မှာ တင်းမာတဲ့ အမူအရာတွေ ပေါ်လာခဲ့တယ်။
"တစ်ခြားတစ်စုံတစ်ယောက်က ဒီရွေးချယ်မူကို
လုပ်ရင် လုပ်လိမ့်မယ်..ဒါပေမယ့်..နင်တော့ မဟုတ်ဘူး..။ပြောင်းလဲနေတဲ့ကြယ်ပွင့်. ...၊ ဓားသူတော်စင်။ဒီလို အရေးပါတဲ့ အခွင့်အရေးကို လက်လွှတ်ခဲ့တဲ့ တစ်ခုတည်းသော အကြောင်းပြချက်က နင်က ဘယ်တုန်းကမှ အနိုင်မယူချင်ခဲ့တာပဲ..။ဟုတ်တယ်မလား..."
သူက..မျက်နှာရှုံ့မဲ့စွာကြည့်လိုက်တယ်..။သူ့ရဲ့ စိတ်ထဲမှာတော့ ဒေါသထွက်နေတဲ့ ပင်လယ်ကြီးတစ်ခုလို နာကျင်ခံစားနေခဲ့ရပါတယ်။
"...ပြီးတော့..နောက်ဆုံးမှာ..နင်က ဘာလို့ တာဝါရဲ့ ထိပ်မှာ ထိုင်ပြီး ငါ့ကို စောင့်နေရတာလဲ..။တကယ့်လို့ နင်သာ လွတ်မြောက်ချင်တယ်ဆိုရင်..ဝိဥာဥ်လမ်းကြောင်းက ဘာလဲဆိုတာကို နားလည်သွားကတည်းက ..ထွက်ပေါ်ဆီကို တန်းသွားလိူ့ ရနေတာပဲ မဟုတ်ဘူးလား..။ဒါပေမဲ့ နင် မလုပ်ခဲ့ဘူးလေ...။နင်က အဲဲဲဒီမှာပဲ..ငြိမ်ငြိမ်ထိုင်နေပြီး..ထွက်ပေါက်ဆီကို အရင်ရောက်နိုင်မယ့် အခွင့်အရေးကို လျစ်လျူရူထားတာ မဟုတ်ဘူးလား..။ဒါဆို...ဘာလို့များ..."
ဆန်နီ ..သူမကိုကြည့်ပြီး အော်ဟစ်လိုက်တယ်။သူ ခံစားနေရတဲ့ ဝေဒနာ တွေက နောက်ဆုံးမှာတော့ သူ့အသံကနေ တဆင့် ပွင့်ထွက် နိုင်သွားခဲ့သလိုပါပဲ..။
"အစကတည်းက အရှုံးပေးဖို့ ရည်ရွယ်ထားရဲ့သားနဲ့ ဘာလို့များ..ဒီအခြေအနေအထိ ငါ့ အပေါ်မှာ ဟန်ဆောင်ပြီး တိုက်ခိုက်နေခဲ့သေးတာလဲ..."
နစ်ဖီ သူ့ကို အတော်ကြာအောင် စိုက်ကြည့်နေခဲ့တယ်..။သူမရဲ့ မျက်နှာက ဖြူဖျော့ပြီး..ရှောင်လွှဲလို့ မရနိုင်တဲ့ အမူအရာဖြစ်နေခဲ့ပါတယ်။
ယင်းနောက် သူမသက်ပြင်းချပြီး အဝေးကိုကြည့်လိုက်တယ်...။
အတော်ကြာပြီးမှ သူမ တီးတိုးပြောလာခဲ့ပါတယ်။
"ဖြစ်နိုင်တာက..ငါ လည်း အိမ်နဲ့အဝေးမှာ ရောက်နေလို့ နေမှာပေါ့...."
***
ဆန်နီ သူမကို ခနလောက် စိုက်ကြည့်နေပြီးမှ ပြောလိုက်တယ်..။
"ဘာလဲ...။ဒါကရော..ဘယ်လို သောက်ကျိုးနဲ ကို ဆိုလိုပြန်တာလဲ..."
ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ..သူမရဲ့ ခေါင်းကို လှည့်လာပြီး..သူ့ကို တည်ငြိမ်စွာကြည့်ကာ ပြုံးလိုက်တယ်..။
"ကောင်းပြီ..ဆန်နီ..။နင် ငါ့ကို မိသွားပြီ..။အခု သွားတော့..။ဒီ တာဝါက အကြာကြီး တောင့်ခံထားနိုင်မှာ မဟုတ်ဘူး.."
အဲလို ပြောလိုက်တဲ့ အချိန်မှာပဲ သူမရဲ့ ဒဏ်ရာတွေမှာ ရစ်ဝဲနေတဲ့ အဖြူရောင် မီးတောက်တွေက..ပိုမိုသန်မာလာပြီး..ပြန်လည် တောက်ပလာခဲ့တယ်။သူမရဲ့ ဒဏ်ရာတွေကလည်း ..နောက်တစ်ကြိမ် ပြန်ကုစားခံနေရပါပြီ...။ဒါက အရင်ကလောက် မမြန်တော့ပေမယ့် အတော်လေး မြန်နေဆဲပါပဲ..။သူမရဲ့ မျက်လုံးတွေက..အကြောက်အလန့်ကင်းတဲ့ အလင်းရောင်တွေ ပြန်တောက်ပလာခဲ့တယ်။
သူ အံကိုကြိတ်ထားပြီး..
"ငရဲကိုလား..ငါ မသွားဘူး..။နင် အဖြေမပေးမချင်း ငါ မသွားဘူး.."
နစ်ဖီ ပင်ပန်းစွာ ပုခုံးတွန့်လိုက်ပြီး..သူ့ မျက်လုံးတွေကိုကြည့်လိုက်တယ်..။
" နင်က ဘာကို သိချင်ရတာလဲ.."
ဆန်နီ လက်သီးတွေကို ဆုပ်ထားခဲ့ပြီး...
"နင် ငါ့ကို တစ်ချိန်လုံး အနိုင်ရစေချင် နေခဲ့ရင် ..ဘာလို့များ တိုက်ခိုက်နေရသေးတာလဲ..."
သူမ သက်ပြင်းချလိုက်တယ်..။သူ သူမကို လောင်ကျွမ်းနေတဲ့ ပြင်းပြစိတ်တွေနဲ့ကြည့်နေတုန်းမှာပဲ သူမ ပြောလိုက်တယ်..။
"ဒါက သိသာနေတာပဲ မဟုတ်ဘူးလား..။ဘာလို့လဲ ဆိုတော့ ငါ သာ ဒီလိုမလုပ်ရင် နင် ထွက်သွားမှာ မဟုတ်ဘူးလေ..."
အဝေးကို လှည့်လိုက်ပြီး သူမ ခနလောက် တွေဝေနေပြီးကာမှ ပြောလိုက်တယ်..။
"လူတွေ..လူတွေက ပုံမှန်အားဖြင့် ရက်စက်တာ ဒါမှမဟုတ်..ကြင်နာကြတယ်..။ဒါပေမဲ့ နင်ကတော့ မဟုတ်ဘူး..။နင်က အခြေအနေပေါ်မူတည်ပြီး နှစ်ခုစလုံးကို လုပ်နိုင်တယ်..။ရက်စက်တာပဲဖြစ်ဖြစ် ကြင်နာတာပဲဖြစ်ဖြစ် ။ကြမ်းတမ်းတာပဲဖြစ်ဖြစ် ၊ သနားတတ်တာပဲဖြစ်ဖြစ်။ဒီတော့ ဒါက ငါလုပ်ခဲ့တာပဲ..။ငါက နင့်ကို ကြမ်းတမ်းပြီး ရက်စက်လာစေမယ့် အခြေအနေ တစ်ခုကို ဖန်တီးခဲ့တာ..။ငါ့ကို သနားငဲ့ညှာခြင်း မရှိပဲ..ထားခဲ့နိုင်အောင်ပေါ့..."
ဆန်နီ သူမကို စိုက်ကြည့်နေရင်း သူ့လက်သီးတွေက တုန်ရိီနေခဲ့တယ်။
"ဒါပေမဲ့ ဘာလို့လဲ..။ငါ့ကို ကယ်တင်ဖို့အတွက် ဘာလို့ နင့်ကိုနင် အဆုံးသတ်ခံရတာလဲ..။နင့်ရဲ့ သောက်ကျိုးနဲ ပန်းတိုင်ကရော ဘာဖြစ်သွားတာလဲ..။နင် ဒီအရာကို အောင်မြင်ဖို့အတွက်ဆိုရင်..ဘယ်သူ့ကိုပဲဖြစ်ဖြစ် ဘယ်အရာကိုပဲ ဖြစ်ဖြစ်..စတေးနိုင်တယ်လို့ ငါ့ကို ပြောခဲ့တာ မဟုတ်ဘူးလား..."
နစ်ဖီ သူ့ကိုကြည့်ပြီး ခါးသက်စွာပြုံးလိုက်တယ်။
"ဘာလို့လဲ...။နင်တစ်ယောက်ပဲ ပြောင်းလဲတတ်တယ် လို့ ထင်နေတာလား..။ငါက ရော ပြောင်းလဲလို့ မရဘူးလား..ဟင် ဆန်နီ..."
သူမ တစ်ဖက်ကို လှည့်ပြီး ပင်ပန်းစွာပြောလိုက်တယ်။သူမရဲ့ အသံကတော့ မမြင်နိုင်ရပေမယ့် လေးလံနေခဲ့ပါတယ်။
"...ဟုတ်တယ်..။ငါ ဒီလို စကားမျိုးကို ပြောခဲ့တယ်။ဒါပေမဲ့ ပြောတာနဲ့ လုပ်တာက မတူညီတဲ့ အရာနှစ်ခုပဲ ဆန်နီ..။ဒီအရာတွေ စတင်တဲ့ အချိန်တုန်းက..ငါ့လုပ်ရပ်ကြောင့် သေမလိုဖြစ်နေကြတဲ့ သူတွေ ၊ ငါ ရှုံးနိမ့်မူတွေကို ထပ်ကာ ထပ်ကာ ခံစားခဲ့ရတဲပ အချိန်တွေ ...ဒါတွေက ငါထက်တာထင်တောင် ပိုပြီး ခက်ခဲနေခဲ့သေးတယ်..။ငါက ..တကယ်ကို ခါးသက်ခဲ့တယ်"
သူ အံ့ဩစွာ ခေါင်းခါယမ်းလိုက်ပြီး..
"ဒီတော့ ဒါပဲလား...။နင်က လက်လျော့လိုက်တာပေါ့..။ဒီအရာတွေ အားလုံး လုပ်ပြီးသွားတဲ့ နောက်မှာ..ဒါကြီးက နင့်အတွက် အရမ်းကို ကြီးမားလွန်းတယ်လို့ ဆုံးဖြတ်လိုက်တာလား.."
ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ ခနလောက် တိတ်ဆိတ်နေပြီးကာမှ..ဖြည်းညှင်းစွာ ခေါင်းခါယမ်းလိုက်တယ်။
"...နင်ငါ့ကို တကယ်ပဲ လုံးဝ နားမလည်ဘူးကို..ဟုတ်တယ်မလား ဆန်နီ..."
သူ့ကို ကြည့်ရင်း..သူမ ပြုံးလိုက်တယ်။
"လက်လျော့ရမှာလား...။မဟုတ်ဘူး..ငါက လက်မလျော့ဘူး..။ငါက ငါ့ရဲ့ ပန်းတိုင်ကို လက်မလျော့ခဲ့ဘူး..။ဒါက ..လုံလောက်အောင် မကြီးမားသေးဘူးဆ်ိုတာကိုပဲ နားလည်သွားခဲ့တာ..."
သူမရဲ့ မျက်လုံးတွေထဲက အဖြူရောင် မီးတောက်က ပိုမိုတောက်ပလာရင်း..နစ်ဖီ ပြောလိုက်တယ်..။
"ငါ အခိုက်အတန့်ကို ဖျက်ဆီးမှာ..။ပြီးတော့..ငါ့ရဲ့ လမ်းမှာ တားဆီးနေတဲ့ အရာရာတိုင်းကိုရောပဲ..။ငါလိုချင်တဲ့ အရာတိုင်းကို ပြည့်မြောက်အောင် လုပ်မယ်..။ဒါပေမဲ့ ဒီအရာကို ငါလုပ်ချင်တဲ့ နည်းလမ်းနဲ့ပဲ လုပ်မှာ..။ငါ့ရဲ့ စိတ်ဆန္ဒတွေနဲ့ ထပ်တူညီမူ ရှိတဲ့ နည်းလမ်းတစ်ခု..။ငါ့ ရဲ့ အမှား၊ အမှန် ခွဲခြားနိုင်စိတ်ကို မစတေး ပဲနဲ့.."
အဖြူရောင် အလင်းတန်းတွေရဲ့ အလင်းပြန်မူကြောင့် သူမရဲ့ သွေးစွန်းပြီး ဖြူဖျော့နေတဲ့ မျက်နှာက နတ်ဆိုး တစ်ကောင်နဲ့တူနေခဲ့ပါတယ်..။
"ဒီလူတွေကို ကြိုးကိုင်ခြယ်လှယ်ပြီး သေစေမယ့် အကြောင်းတရား ဖြစ်စေခဲ့တာကိုလား။ ငါ ထပ်ပြီးလုပ်ဦးမှာပဲ...။တကယ်လို့ လိုအပ်မယ်ဆိုရင် ငါက ထပ်ပြီးသတ်ရလိမ့်မယ်..။ဘာလို့လဲဆိုတော့ ဒါက မျှတတဲ့ အမှန်တရား မို့လို့ပဲ..။ငါက သူတို့ကိုယ်သူတို့ကယ်တင်ကြမလား..၊ ဒါမှမဟုတ် အခိုက်အတန့်နဲ့တိုက်ခိုက်ရင်း သေကြမလား ဆိုတဲ့ အခွင့်အရေးကို ပေးထားခဲ့တာ..။တစ်ခြားပိုကောင်းတဲ့ နည်းလမ်းဆိုတာ မရှိဘူး.."
သူမရဲ့ မျက်လုံးထဲမှာ တစ်ခနလောက် စိတ်အားထက်သန်တဲ့ မီးတောက်တွေရှိနေခဲ့တယ်။သို့ပေမယ့်..သူမရဲ့ အမူအရာက ရုတ်တရက် ပြန်ပြောင်းလဲသွားခဲ့ပါတယ်။နစ်ဖီဟာ အောက်ကို ငုံ့လ်ိုက်ပြီး တိုးညှင်းတဲ့ အသံနဲ့ထပ်ပြောလိုက်တယ်။
"...ဒါပေမဲ့ နင့်ကို စွန့်ပစ်ဖို့ဆ်ိုတာက..စက်ဆုပ်ဖွယ်ကောင်းပြီး မှားယွင်းတဲ့ အရာပဲ..။ဒါက ငါ့အတွက် တကယ်ကို ခါးသီးတဲ့ ခံစားချက်ကို ဖြစ်ပေါ်လာစေလိမ့်မယ်..။ဒါက အကူအညီမဲ့နေတဲ့ မျက်မမြင်မိန်းကလေးကို တစ်ယောက်တည်း ထားခဲ့ရမယ့် အဖြစ်မျိုး အတိုင်းပဲ..။ငါဒါကို လုပ်မှာ မဟုတ်ဘူး..။တကယ်လို့ ငါသာ ဒီလိူလုပ်မယ် ဆ်ိုရင် ငါ ဖျက်ဆီးချင်နေတဲ့ လူတွေနဲ့ ဘာမှထူးမှာမဟုတ်တော့ဘူး..။ဖြစ်စဥ်တစ်ခုလုံးမှာ ငါ မုန်းတီးရတဲ့လူတွေရဲ့ လုပ်ရပ်အတိုင်း လိုက်လုပ်ပြီး ရလာတဲ့ ပန်းတိုင်းကရော ဘာများ ထူးခြားမှာ မို့လို့လဲ..."
သူမက သူ့ကို ထိုးဖောက်မတတ်အကြည့် တွေနဲ့ကြည့်ပြီး ပြောလိုက်တယ်..။
"မဟုတ်ဘူး ဆန်နီ..။ငါ့ရဲ့ ပန်းတိုင်က မပြောင်းလဲဘူး..။ဒါက မှားယွင်းနေတဲ့ လမ်းကြောင်းကို သုံးပြီး ပန်းတိုင်ရောက်တာက ..မရောက်တာထက် ပိုပြီး ဆိုးဝါးတာကို သိသွားရုံလေးပဲ..။ဒါပေမဲ့ နင်ကဘာလ်ူ့ ဒါတွေကို ဂရုစိုက်နေရတာလဲ..။ဒါက ရူးသွပ်တယ်လို့ မထင်ဘူးလား..။ငါက ဆိုးဝါးပြီး..ကိုယ်ကျင့်သိက္ခာမဲ့တယ်လို့ နင်က ထင်နေခဲ့တာ မဟုတ်ဘူးလား..။ဒီတော့ သွားတော့..။နင်က ဘာကိစ္စတွေဝေနေရတာလဲ"
ဆန်နီ သူမကိုကြည့်ပြီး မျက်မှောင်ကျုတ်ထားခဲ့တယ်...။နောက်ဆုံးတော့ သူ ပြောလိုက်ပါတယ်...။
"ငါက နင့်ကြောင့် တွေဝေနေတာလေ..အရူး..။နင်ကရော ဘယ်လိုလုပ်မှာလဲ..."
နစ်ဖီ ပြုံးလိုက်ပြီး
" ငါ့ အတွက်လား..။ငါက ဒီတာဝါ ထဲမှာ သေမယ်လို့ နင်က ထင်နေတာလား..။ဟင့်အင်..ငါ..ငါ အဆင်ပြေလိမ့်မယ်..။ငါက တစ်နည်းအားဖြင့် လွတ်မြောက်ပြီး ရှင်သန်လိမ့်မယ်..။ငါ အပြင်ကို ထွက်နိင်မယ့် တစ်ခြားနည်းလမ်းကို ရှာတွေ့လိမ့်မယ်..။ဒါက ဘယ်လောက်ပဲ အချိန်ကြာပါစေ..ငါရအောင် လုပ်မယ်..။ဘယ်အရာမှ ငါ့ကို တားဆီးနိုင်မှာ မဟုတ်ဘူး..။ငါ ဘာမှမဖြစ်ဘူးဆိုတာ ငါသိတယ်.."
သူ သူမကို အတော်ကြာအောင် စိုက်ကြည့်ပြီး..တောက်ပနေတဲ့ ထွက်ပေါက်ကိုကြည့်လ်ိုက်တယ်..။
လေသာဆောင်ရဲ့ ကျောက်တုံး မျက်နှာပြင်ပေါ်မှာ အက်ကွဲကြောင်း တွေပေါ်လာနေခဲ့ပြီး..အဝိုင်းပုံစံ သင်္ကေတ တွေအနားကို ရောက်လုနီးပါးဖြစ်ကာ ဖျက်ဆီးဖို့အတွက် ခြိမ်းခြောက်နေခဲ့ပါပြီ..။
....
...လွတ်မြောက်ခြင်းက အရမ်းကို နီးစပ်နေပါပြီ..။
သူက ဒီအရသာကို ခံစားရလု နီးပါးပါပဲ..။
သင်္ကေတတွေနဲ့ အဝေးကို အကြည့်လွှဲလိုက်ပြီး ဆန်နီ ခေါင်းခါယမ်းလိုက်တယ်..။
"ဒါက ဆိုးဝါးတဲ့ အစီစဥ်ပဲ..။နင်က အိပ်မက်ကမ္ဘာထဲမှာ လျောက်သွားပြီး အိပ်မက်ဆိုး သတ္တဝါကြီးတွေနဲ့ တိုက်ခိုက်ချင်နေတာလား..။ကောင်းပြီလေ..အတူတူလုပ်ကြတာပေါ့..။ငါတို့က ဟောလိုးတောင်တန်းကြီးကို ဖြတ်သန်းပြီး တစ်ဖက်က လူသားခံတပ်ကို ရောက်အောင်သွားလို့ရတယ်လေ..။ပြီးတော့ အဲတာက တောင်ဘက်ပဲ ရှိနေသေးတယ်..။ငါတို့က အရှေ့ဘက် ၊ မြောက်ဘက် နဲ့ အနောက်ဘက်ကို သွားလာပြီး မရယူနိုင်သေးတဲ့ ထွက်ပေါက်ကို ရှာဖွေလို့ ရသေးတာပဲ..။ငါတို့နှစ်ယောက်ဆိုရင် ရှင်သန်န်ိုင်ဖို့အတွက် အခွင့်အရေး ပိုများလိမ့်မယ်..။ငါတို့ နှစ်ယောက်သာ အတူတူဆိုရင်..တစ်ယောက်တည်း ဖြစ်နေတာထက် ပိုပြီးကောင်းမွန်တယ်လေ..။ဟုတ်တယ်မလား..."
နစ်ဖီ အတော်ကြာအောင် တွေဝေပြီးကာမှ သူမရဲ့ မျက်လုံးတွေကို မှိတ်ပြီး၊ ဖြည်းညှင်းစွာ ခေါင်းခါယမ်းလိုက်တယ်..။သူမ စကားပြောတဲ့ အချိန်မှာတော့..သူမရဲ့ အသံက..ကြေကွဲပြီး ပင်ပန်းနေခဲ့ပါတယ်..။
"...ဟင့်အင်..ငါ မလုပ်နိုင်ဘူး..။ငါ နင့်ကို မနေခိုင်းနိုင်ဘူး ဆန်နီ..။သွား..သွားပြီး နင့်ရဲ့ ညီမနဲ့ သွားတွေ့တော့..။အနည်းဆုံးတော့ အစစ်အမှန်ကမ္ဘာမှာ နင့်ကို စောင့်နေတဲ့ တစ်စုံတစ်ယောက် ရှိနေသေးတယ်..။ငါ့က်ို စောင့်ဆိုင်းနေတာက..ဘာမှမရှိမူ ၊ သွေးဆာမူ တွေနဲ့ အုတ်ဂူ တွေချည်းပဲ..။ငါသာ ပြန်သွားရင် ရဲတိုက်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ ပုံစံ အတ်ိုင်း ထပ်ကာ ထပ်ကာ ဖြစ်ရလိမ့်မယ်..။ဒါက ဘာမှ မကျန်တော့တဲ့အထိပဲ..။ဒီတော့..သွားတော့...သွားလို့ရနေတုန်းမှာ.."
ဂိတ်ပေါက်ရဲ့ သင်္ကေတတွေဟာ မှိတ်တုတ် မှိတ်တုတ်ဖြစ်နေခဲ့ပြီး ပျောက်ကွယ်သွားလုနီးပါး ဖြစ်နေခဲ့တယ်။
သူ အံကိုကြိတ်လိုက်ပြီး.
" မသွားဘူး..."
နစ်ဖီ မျက်လုံးတွေကို ပြန်ဖွင့်လိုက်ပြီး သူ့ကို ကြည့်လိုက်တယ်..။ဝမ်းနည်းမူ အရိပ်အယောင်တွေက သူ့မရဲ့ မျက်နှာပေါ်မှာ ပေါ်လာခဲ့ပါတယ်။
"ငါ့ကို ထားခဲ့ပါ ဆန်နီ..။ကျေးဇူးပြုပြီး သွားပါတော့"
သူ ခေါင်းမာစွာပဲ ခေါင်းခါယမ်းလိုက်ပါတယ်။
" ငါ မသွားချင်ဘူး..."
ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ ခနလောက် တိတ်ဆိတ်သွားခဲ့ပြီး..သူ့ကို နာကျင်တဲ့ အမူအရာနဲ့ ကြည့်နေခဲ့တယ်..။ယင်းနောက် သူမက..ဆန်နီရဲ့ ကမ္ဘာကြီးကို
ကြေမွသွားစေလောက်မယ့် စကားကို ပြောလာခဲ့ပါတယ်။
"သွားတော့...အလင်းမှပျောက်ဆုံးသူ..."
သူ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်..။
သူ့ရဲ့ စိတ်ဝိဥာဥ်ထဲမှာတော့ တစ်ခုခုဟာ လှုပ်ရှားသွားခဲ့တယ်..။ဒါက..အိပ်စက်နေရာကနေ နိုးထလာခဲ့သလို၊ အောင်ပွဲခံနေခဲ့သလိုပါပဲ..။
ချိုးဖျက်လို့ မရနိုင်မူ ၊ အဆုံးမရှိမူ ၊ တောင့်ခံဖို့ မဖြစ်နိုင်မူ ။
ပြီးပြည့်စုံမူ ၊ အပြစ်ကင်းမူ နဲ့ ချိုမြိန်မူ ..။
...ဆန်နီ ကိုယ်တိုင်တောင် သူ့ကိုယ်သူ ဘာလုပ်နေမှန်း မသိသေးခင်မှာပဲ..သူ့ရဲ့ လက်တွေက ရှေ့ကို တိုးသွားခဲ့တယ်..။သူ့လက်ထဲမှာတော့..လအမြုတေ ရဲ့ တစ္ဆေဓားက ပေါ်ထွက်လာခဲ့ပါတယ်။
" ရပ်လိုက်..."
သူ့ရဲ့ လက်တွေ ရပ်တန့်သွားခဲ့တယ်..။ဓားရဲ့ ထိပ်ဖျားက..နစ်ဖီ ရဲ့ မျက်လုံးနဲ့ စင်တီမီတာ အနည်းငယ် အကွာမှာ ရောက်နေခဲ့ပါပြီ..။
တုန်ရီစွာနဲ့ပဲ..ဆန်နီဟာ သူ့ရဲ လက်ကို ကြည့်လိုက်ပြီး ရှေ့ကို တိုးဖို့အတွက်..စိတ်ဆန္ဒပြု လိုက်ပါတယ်။
သို့ပေမယ့် ဒါက မရွေ့လျားခဲ့ပေ..။ဒါက လုံးဝကို
မလှုပ်တော့ ပါဘူး..။သူ့ရဲ့ လက်က ..သူ မပိုင်ဆိုင်တဲ့ အရာတစ်ခုလို ဖြစ်လာခဲ့တယ်..။
နှလုံးသားထဲမှာ ထိပ်လန့်မူတွေ အပြည့်နဲ့ ၊ ဆန်နီဟာ နစ်ဖီ ကို လှမ်းကြည့်လိုက်တယ်..။သူ့ရဲ့ မျက်လုံးတွေကတော့..အံ့ဩမူတွေကြောင့် ပြူးကျယ်နေခဲ့ပါပြီ..။
"ဘ...ဘယ်လို.."
သူမရဲ့ နှုတ်ခမ်းမှာ ဝမ်းနည်းတဲ့ အပြုံးတစ်ခု ရှိနေခဲ့တယ်..။
"ငါ ဘယ်လို သိခဲ့တာလား..။...ကတ်စီက ငါ့ကို ပြောပြ ခဲ့တာ..."
နစ်ဖီ သက်ပြင်းချလိုက်ပြီး..အဝေးကိုကြည့်လိုက်တယ်..။
"သူမရဲ့ အမြင်အာရုံ တွေထဲက အဓိပ္ပါယ်ကို ပထမဆုံး နားလည်သဘောပေါက်ခဲ့တာက သူမ ကိုယ်တိုင်ပဲ..။သူမက နောက်ဆုံးမှာ ငါတို့နှစ်ယောက် အဆုံးအထိ တိုက်ခိုက်ကြပြီး ငါ ရှုံးနိမ့်မယ်ဆိုတာကို သိထားခဲ့တယ်..။သေတောင် သေသွားနိုင်တယ်လေ..။သူမက ဘယ်လိုမျိုးလဲ ၊ ဘယ်အချိန်လဲ ၊ ဘာကြောင့်လဲ ဆိုတာကိုပဲ မသိထားတာ..။ဒါကြောင့် ကတ်စီက ငါ့ကို နင့်ရဲ့ လျိုဝှက်ချက်ကို ပြောပြခဲ့ပြီး..တစ်နေ့မှာ ငါ့ အသက်ကို ကယ်တင်နိုင်မယ်လို့ ထင်ထားခဲ့တာ..။ဒါပေမဲ့...ဒီအရာကို ငါ ဘယ်တော့မှ မသုံးရဖို့အတွက်ပဲ မျှော်လင့်ထားခဲ့တာ.."
ဆန်နီ သူမကို အံ့ဩသင့်စွာကြည့်နေခဲ့တယ်..။တစ်ခုခု ပြန်ပြောဖို့အတွက် အရမ်းကို အံ့ဩသင့်နေခဲ့ပါတယ်..။သူမ ဝမ်းနည်းစွာ ပြုံးလိုက်ပြီး..
"ဒီတော့...ဒါဆိုလည်း..။ဒါက..ဒါက နှုတ်ဆက်ရတော့မယ်လို့ ငါထင်တယ်..။နင် ကိုယ့်ကိုကို ဂရုစိုက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ဆန်နီ..။အခု သွားတော့..။အရမ်း နောက်မကျခင်မှာ ..လွတ်မြောက်အောင် လုပ်တော့.."
ဆန်နီ ဘာမှ မလုပ်ဆောင်ခဲ့ပေမယ့်လည်း သူ့ရဲ့ ခန္တာကိုယ်က..သူ့ဟာသူ လှုပ်ရှားနေခဲ့တယ်..။မတ်တတ်ရပ်နေရင်း သူက တစ်ဖက်ကို လှည့်ပြီး ထွက်ပေါက်ရဲ့ တောက်ပနေတဲ့ သင်္ကေတတွေ ဆီကို လျောက်သွားခဲ့ပါတယ်..။
တစ်လှမ်း..နှစ်လှမ်း..။နောက်ထပ် ခြေလှမ်း..။
' ရပ်လိုက်..ရပ်လိုက်..'
သို့ပေမယ့် သူ့ရဲ့ ခန္တာကိုယ်က..နားမထောင်ခဲ့ပေ..။ဒါက ရှေ့ကိုသာ ဆက်တိုက်ရွေ့လျားနေပြီး ..သူ့ရဲ့ အမိန့်ပေးမူကို မနာခံတော့ပါဘူး..။သူ့ နှလုံးသားရဲ့ အလယ်နေရာ တည့်တည့်မှာတော့ စူးအောင့်ပြီး
တဆစ်ဆစ် နာကျင်နေခဲ့တယ်..။
' ရပ်လိုက် '
သူ လုပ်နိုင်တဲ့ အရာက ဘာမှ မရှိခဲ့ပေ..။သူက သခင်တစ်ယောက်နဲ့ ဆက်နွယ်နေတဲ့ ဆန်းကျယ်တဲ့ အရိပ်တစ်ခုပါ..။သခင် က အမိန့်ပေးပြီ ဆိုတာနဲ့..သူက ရွေးချယ်မူ မရှိပဲ..နာခံရပါလိမ့်မယ်..။
ဆန်နီဟာ..ခြေလှမ်းတွေကို ဖြည်းညှင်းစွာ လျောက်သွားပြီး သင်္ကေတ တွေဆီကို နီးကပ်လာခဲ့တယ်။ယင်းနောက် နှေးကွေးသွားခြင်းတောင် မရှိပဲ သံမဏိ စည်းဝိုင်း ထဲကို ဖြတ်သန်းသွားခဲ့ပါတယ်။သူ ဒီလိုဝင်ရောက်သွားတာနဲ့ သင်္ကေတ တွေက အလင်းရောင်တွေနဲ့ တောက်ပလာခဲ့တယ်..။
သူ့ရဲ့ ခန္တာကိုယ်ကလည်း အရောင်တွေ ထွက်လာခဲ့ပါတယ်..။
' မဟုတ်ဘူး ! ငါ ဆန့်ကျင်တယ်...'
အရမ်းကို နူးညံ့သိမ်မွေ့တဲ့ အလင်းရောင်တွေက ပိုမိုတောက်ပလာခဲ့ပြီး..သူ့ရဲ့ အလယ်မှာရှိနေတဲ့ လူသားပုံရိပ်ကိုတောင် မြင်ရဖို့အတွက် ခက်ခဲလာခဲ့တယ်..။
' မဟုတ်ဘူး '
...ယင်းနောက် ရုတ်တရက်ဆိုသလိုပဲ ဒါက ပျောက်ကွယ်သွားခဲ့ပြီး..ဘာမှမရှိတဲ့ လေဟာနယ် သာ ကျန်နေခဲ့ပါတော့တယ်..။
ဆန်နီ က ထွက်သွားခဲ့ပါပြီ..။နောက်ဆုံးတော့ ဒီရှည်ကြာပြီး..ခက်ခဲကြမ်းတမ်းတဲ့ အိပ်မက်ဆ်ိုး ကြီးကနေ လွတ်မြောက်သွားခဲ့ပြီ..။သူ့ရဲ့ တစ်နှစ်ကျော်လောက် ကြာမြင့် ခဲ့တဲ့ အစစ်အမှန်ကမ္ဘာကို ပြန်တဲ့ ခရီးလမ်းက အဆုံးသတ်သွားခဲ့တာပါ။
သူ ဒါကို အသက်ရှင်လျက် လုပ်ဆောင်နိုင်ခဲ့တယ်။
သူ ထွက်သွားပြီးလို့ စက္ကန့်အနည်းငယ် ကြာတဲ့ အချိန်မှာတော့..ကျောက်တုံးတွေမှာဖြစ်ပေါ်နေတဲ့ အက်ကွဲကြောင်းတွေက..အဝိုင်းပုံစံ သင်္ကေတ တွေအထိ ရောက်ရှိသွားပြီး..ပျက်ဆီးသွားခဲ့တယ်။
ထွက်ပေါက်ရဲ့ တောက်ပမူက မငြိမ်သက်တော့ပဲ..ဖြည်းဖြည်းချင်းစီ အရောင်မှိန်သွားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ မေ့ပျောက်ကုန်းမြေရဲ့ နေလုံးအတု က နောက်ဆုံးတစ်ကြိမ်အဖြစ် အလင်းတန်းတွေ ပေါက်ကွဲထွက်လာခဲ့ပြီး..အဆုံးသတ် သွားခဲ့ပါတယ်။
[ ဒုတိယ တွဲ ပြီးပါပြီ : ပြောင်းလဲမူ၏ နတ်မိစ္ဆာ ]