← Chapters

နောက်တစ်ကြိမ်

Vol. 24 Ch. 351

နောက်တစ်ကြိမ်

Vol. 24 Ch. 351

#ဘာသာပြန် = စနိုးဝှိုက်

နောက်တစ်ကြိမ် ဆိုသလိုပဲ..ဆန်နီဟာ..သူ့ကိုယ်သူ အိပ်မက်ကမ္ဘာကြီး နဲ့ အစစ်အမှန်ကမ္ဘာကြားထဲက အဆုံးမရှိ လေဟာနယ်ကြားထဲမှာ ရောက်နေတာကို တွေ့လိုက်ရတယ်..။သူ့ရဲ့ ပတ်ဝန်းကျင်မှာတော့ အဆုံးမရှိတဲ့ အနက်ရောင် လေဟာနယ်ကြီးနဲ့ တောက်ပနေတဲ့ ကြယ်တွေသာ ရှိနေခဲ့တယ်..။ဒီကြယ်လေးတွေ ရဲ့ ကြားထဲမှာတော့..မရေမတွက်နိုင်တဲ့ ငွေရောင် အလင်းကြိုးလေးတွေက..လှပစွာ ရက်လုပ်ပြီး ပုံစံ ဖော်ထားခဲ့ကြပါတယ်။

သူက အခိုက်အတန့်ရဲ့ အတွင်းပိုင်း အလုပ်လုပ်ပုံကို မြင်တွေ့ရလိုက်သလို ခံစားလိုက်ရပါတယိ..။ဒါက ပုံရိပ်ယောင် တစ်ခုပဲလား..။ဒါမှမဟုတ် ..သူကပဲ ပိုပြီး မြင်နိုင်စွမ်းရှိလာတာလား..။သူ့ရဲ့ မျက်လုံးတွေက အရင်က မမြင်နိုင်ခဲ့တဲ့ နူးညံ့သိမ်မွေ့တဲ့ ငွေရောင် ပုံသဏ္ဍာန် အလင်းတန်းတွေကို မြင်နိုင်စွမ်းရှိလာခဲ့တယ်..။ပြီးတော့..ဒီဟာတွေရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ အဓိပ္ပါယ်တွေကို နားလည်လုနီးပါး ဖြစ်လာခဲ့ပါတယ်။

....ဘာပဲဖြစိဖြစ်..အခုဆိုရင် သူ့မှာ ဝီဗာရဲ့ မျက်လုံးတွေ ရှိနေခဲ့တာပါ။

ဆန်နီ နာကျင်စွာ ညဥ်းညူလိုက်ပြီး..ငွေရောင်အလင်းတန်း ကြိုးတွေဆီကနေ အကြည့်ကို လွှဲလိုက်တယ်..။ဒီ အာကာသနဲ့ဆိုင်တဲ့ ပုံစံ ဒီဇိုင်း တွေရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ လျိုဝှက်ချက် ပမာဏဟာသာမန်လူတစ်ယောက်က စဥ်းစားလိုက်ရုံနဲ့တင် ရူးသွပ် သွားစေနိုင်ပါတယ်..။မေ့ပျောက်ကုန်းမြေက သူ့ကို အရေးကြီးတဲ့ သင်ခန်းစာ တစ်ခုကို သင်ကြာစပေးခဲ့တယ်..။ဒါကတော့ တစ်စုံတစ်ယောက်က မိမိမျက်လုံးတွေနဲ့ မြင်နိုင်တဲ့ အရာတွေကိုလည်း သတိထားသင့်တယ် ဆိုတဲ့အချက်ပါ။

တစ်ချို့အရာတွေက..လူသားတွေ ကြည့်သင့်တဲ့ အရာတွေ မဟုတ်ပါဘူး။

...သူ့မှာ တစ်ခြား အကြောင်းအရာတွေကို တွေးတောစရာ ရှိနေတဲ့ အချိန်မှာတော့ ပြောစရာ တောင်မလိုတော့ပေ..။

" ချီးပဲ...အကုန် ချီးပဲ...အကုန်လုံးကို ချီးပဲ.."

သူ့အသံက အမှောင်ထုထဲကို တိုးဝင် ပျောက်ကွယ်သွားခဲ့တယ်..။မဖော်ပြနိုင်လောက်တဲ့ ဒေါသ ၊ ခါးသက်မူ နဲ့ ဝမ်းနည်းမူ တွေကတော့ အပြည့်ပါပဲ။ဒါကို တိတ်တဆိတ်သာ နေဖို့ ရွေးချယ်ထားခဲ့တဲ့

အခိုက်အတန့်က လွဲလို့ ဘယ်သူမှ ကြားနိင်စွမ်း မရှိခဲ့ပေ..။သူက ..ဆန်နီကို အချိန်ခနပေးထားတာတောင် ဖြစ်နိင်ပါတယ်။

ဆန်နီ အသက်ကို ပြင်းပြင်းရူလိုက်ပြီး..လက်သီးကို ဆုပ်ကာ..မျက်လုံးတွေကိုပိတ်ထားခဲ့တယ်။

ဘယ်အရာက သူ့ကို ဒေါသထွက်ပြီး နာကျင်စေ နေတာလဲ ဆိုတာကိုတောင် မသိတော့ပါဘူး..။နစ်ဖီ ကို ဆုံးရှုံးလိုက်ရလို့လား..။ဒါမှမဟုတ်..သူ့ရဲ့ လျိုဝှက်ချက်ကို ထုတ်ဖော်ခံလိုက်ရလို့လား..။နှစ်ခုစလုံးက လက်ခံနိုင်ဖို့အတွက် အရမ်းကို ခါးသက်လွန်းပါတယ်..။

ကုန်ဆုံးခဲ့တဲ့ အချိန်တွေအားလုံး ၊ ခံစားခဲ့ရတဲ့ အရာတွေ အားလုံးက ဘာအတွက်လဲ..။သူက အရမ်းကို သန်မာလွန်းတဲ့ ရန်သူတွေ အများကြီးကို တိုက်ခိုက်အနိုင်ယူခဲ့ပေမယ့်လည်း...၊ သူ့ရဲ့ အစစ်အမှန်နာမည်

ကို..ကျေးဇူးမသိတတ်တဲ့..အားနည်းတဲ့ ..မျက်မမြင်မိန်းကလေး တစ်ယောက်ရဲ့ ဖော်ထုတ်ခြင်း ခံလိုက်ရပါတယ်..။

သူမ အတွက် အရာအားလုံး လုပ်ပေးခဲ့ပြီးကာမှ..

ကတ်စီရဲ့..သစ္စာဖောက်မူက..၊ ဖြစ်နိုင်တာက..၊ သူ့အတွက် အနာကျင်ရဆုံး ပါပဲ...။

" သူမက...ချီးပဲ..."

နောက်တစ်ကြိမ်..သူက အစေခံတစ်ယောက် ဖြစ်သွားခဲ့ရပြီ..။သူက စက်ဝိုင်းပုံစံ အပြည့်အဝ ပုံဖော်နိုင်ခဲ့ပြီး နောက်ဆုံးမှာ စတင်ခဲ့တဲ့နေရာကို ပြန်ရောက်သွားနိုင်ခဲ့ပါပြီ..။သံခြေကျင်း တွေနဲ့...။အမည်အသိတဲ့ အစေခံတွေ အစား..အခုတော့ နစ်ဖီက သူ့ရဲ့ မာစတာ ဖြစ်လာခဲ့ပြီ..။

နစ်ဖီ...

ဆန်နီ အံကိုကြိတ်ထားပြီး..ဟစ်ကြွေးလိုက်တယ်..။မျပြင်းထန် ရှုပ်ထွေးတဲ့ ခံစားချက်တွေက သူ့နှလုံးသားကို တစ်စစီ စုတ်ဖြဲနေခဲ့ပါတယ်။

' သူမက ဘာလို့ ဒီလိုလုပ်ခဲ့တာလဲ...ဘာလို့လဲ..'

သူမကို ဆုံးရှုံးလိုက်ရတဲ့ နာကျင်မူ ၊ သူမကို ထပ်ပြီး တွေ့ခွင့်ရနိုင််မယ့် မျှော်လင့်ချက် တွေ...။ဒီအရာတွေက..သူမက အိပ်မက်ကမ္ဘာထဲက ငရဲထဲမှာ..သေဆုံးပြီး ထာဝရပျောက်ကွယ်သွားကာ သူနဲ့ ဘယ်တော့မှ ထပ်တွေ့ခွင့်မရနိင်တော့ဘူး ဆိုတဲ့ ခံစားချက်တွေလို အပြိုင်ဖြစ်ပေါ်နေခဲ့ပါတယ်။

ဒီလိုဆိုရင်..သူ လွတ်လပ်သွားနိင်ပြီ..။

သူက သူ့ရဲ့ မျက်နှာကို ပြန်ကုတ်ဖဲ့ နေခဲ့ပြီး..ဒီစိတ်ခံစားမူ မီးတောက်ကြီးကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာကို မသိတော့ပေ..။တစ်ဘဝလုံးနီးပါး ဘယ်အရာကိုမှ ဂရုမစိုက်ပဲ နေလာခဲ့တဲ့ လူတစ်ယောက်အတွက်တော့ ဒီအရာက အရမ်းကို များပြားလွန်းပါတယ်..။

ကံကောင်းစွာပဲ..ဒီီလိူ ကျယ်ပြန့်တဲ့ အာကာသ ဟင်းလင်းပြန်ကြီးထဲမှာ အချိန်ဆိုတဲ့အရာက ထူးဆန်းတဲ့ အယူအဆ တစ်ခုပါ..။ဒါကြောင့် သူ့ရဲ့ လက်တွေ့ဘဝ အသစ်နဲ့..သဟဇာတ ဖြစ်​အောင် ကြိုးစားဖို့အတွက် ..အချိန်တွေ အများကြီးရှိနေခဲ့တယ်..။အခိုက်အတန့်က ဆက်တိုက် တိတ်ဆိတ်နေခဲ့ပြီး..သူ့ကို ဒီလို ပြုလုပ်ဖို့ အတွက် အချိန်တွေ ပေးထားခဲ့ပါတယ်..။

အတော်ကြာပြီးကာမှ - ဖြစ်နိုင်တာက နာရီပေါင်းများစွာ ၊ ရက်ပေါင်းများစွာ..ဒါမှမဟုတ်..တစ်စက္ကန့်လောက်လည်းဖြစ် နိုင်တယ်..- ဆန်နီ သက်ပြင်းချလိုက်တယ်..။

အချိန်တစ်ချို့ကြာပြီးတဲ့ နောက်မှာ သူ ပါးစပ်ကို ဖွင့်ပြီး တီးတိုးပြောလိုက်ပါတယ်။

"...ငါ နိုင်ခဲ့တယ် "

သူ ရှင်သန်နိုင်ခဲ့တယ်..။ဘယ်သူက တွေးမိမှာလဲ..။

လွန်ခဲ့တဲ့ တစ်နှစ်ကျော်တုန်းက..သူက ဘယ်လူသားမှ မလွတ်မြောက်နိုင်ခဲ့တဲ့ အိပ်မက်ကမ္ဘာထဲက နေရာတစ်ခုကို ပို့ဆောင်ခြင်းခံခဲ့ရတယ်..။အခုတော့ သူက အစစ်အမှန်ကမ္ဘာဆီကို ပြန်နိုင်ရုံတင်မကပဲ..လူသားမျိုးနွယ်ရဲ့ သမိုင်းကြောင်းတစ်လျောက်မှာ အင်အားကြီးတဲ့ အိပ်စက်သူတွေထဲက တစ်ယောက်အဖြစ် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အသန်မာဆုံးတစ်ယောက် တောင်ဖြစ်နေနိုင်တယ်။

...ဒါမှမဟုတ် ဒုတိယ အသန်မာဆုံး..။

သူမက မရေမတွက်နိုင်တဲ့ ထိပ်လန့်စရာတွေကနေ ရှင်သန်နိုင်ခဲ့တယ်..။ကျိန်စာသင့် ပင်လယ်ကို နတ်ဆိုးရဲ့ အရိုးနဲ့ ပြုလုပ်ထားတဲ့ လှေနဲ့ ဖြတ်ကူးနိုင်ခဲ့တယ်..။အိပ်မက်ဆိုးသားရဲတွေ ရာနဲ့ချီပြီး သတ်ဖြတ်နိုင်ခဲ့တယ်..။ဘဝတစ်သက်လုံး အတွက် ထိုက်တန်တဲ့ အတွေ့အကြုံတွေ ၊ အမာရွတ်တွေ ရလာခဲ့တယ်။နတ်ဘုရားတွေရဲ့ လျိုဝှက်အသိပညာတွေနဲ့ ထိတွေ့နိုင်ခဲ့တယ်..။အာဏာရှင်တစ်ယောက် သေဆုံးပြီး အသစ်တစ်ယောက် တက်လာတာကို မြင်တွေ့ခဲ့တယ်..။အမှောင်ထုရဲ့ ရှေးဟောင်းကျိန်စာကို ပယ်ဖျက်ပြီး..

နေလုံးကြီး သေဆုံးတာကို ကြည့်နေခဲ့တယ်..။

ပြီးတော့ အခုချိန်မှာ သူက နိုးထသူ တစ်ယောက်ဖြစ်လာတော့မှာပါ..။ထူးချွန်သူတွေထဲက တစ်ယောက်..။လူ့အဖွဲ့အစည်းရဲ့ ထိပ်မှာ ရှိနေနိုငိတဲ့လူတစ်ယောက်..။အကောင်းဆုံး အစားအသောက် ၊ ကြွယ်ဝချမ်းသာ မူတွေနဲ့ အမြင့်ဆုံး ဂုဏ်သိက္ခာကို ရရှိနိင်မယ့် လူတစ်ယောက်..။အမြင့်ဆုံး..အရာရာတိုင်းမှာ .။

သူ့ အိပ်မက်တွေ အားလုံးက ပြည့်ဝလာပါတော့မယ်။

သူ့ရဲ့ ခံစားခဲ့ရမူတွေအားလုံး က ဆုလာဒ်တွေအဖြစ် ပြန်ရလာတော့မယ်..။

"ငါ ဝမ်းနည်းနေမှာမဟုတ်ဘူး..။ငါ ခါးသက် နေမှာ မဟုတ်ဘူး..။ငါ ဒေါသထွက်နေမှာ မဟုတ်ဘူး..။ဘယ်သူ့ကို လဲ....."

ဒီအိပ်မက်ဆိုးကြီးကို ဖြတ်သန်းကျော်ဖြတ်ခဲ့ရတာက တစ်ခြားတစ်ဖက်မှာ အသဲကွဲပြီး ကျန်ရစ်နေခဲ့ဖို့ အတွက်လား..။မဟုတ်ဘူး..။သူက ပျော်ရွှင်မူ ၊ ဝမ်းသာမူ တွေနဲ့ ဒီအောင်မြင်မူကို ရရှိဖို့ ထိုက်တန်တဲ့လူတစ်ယောက်..။

ပြီးတော့ သူဒါကို ခံစားရလိမ့်မယ်..။

ဖြည်းညှင်းစွာပဲ တုန်ရီနေတဲ့ အပြုံးတစ်ခုက ဆန်နီ ရဲ့ မျက်နှာပေါ်မှာ ပေါ်လာခဲ့တယ်..။အစကတော့ ဒီအတွက် ကိုယ့်ကိုကို တွန်းအားပေးထားခဲ့ရပေမယ့်..အတော်ကြာပြီးနောက်မှာ သူ့အပြုံးက ရိုးသား လာခဲ့ပါတယ်..။

"အမှန်ပဲ..။အောင်မြင်မူ ဆိုတာက ချိန်မြိန်နေရမယ့် အရာတစ်ခု..။ဒီတော့..ကြည့်ကြရအောင်..ငါက ဘယ်အရာနဲ့ စတင်သင့်သလဲ ဆိုတာကို..."

သူ့ကို ပြန်ဖြေလိုက်တဲ့အလား ၊ အခိုက်အတန့်က နောက်ဆုံးမှာ စကားပြောလာခဲ့တယ်..။သူ့ရဲ့အသံက အနည်းဆုံးထူးဆန်းနေခဲ့တယ်။ဒါက ကြားဖြတ်ခံလိုက် ရတဲ့ အရာတွေကို ပြန်ပြောနေရသလိုပါပဲ..။

[ ...သင့်ရဲ့ အရိပ်က စွမ်းအားများဖြင့် ပြည့်နှက်နေသည် ]

[ သင့်ရဲ့ အရိပ်က ပုံဖော်နေပါပြီ.. ]

ရုတ်တရက် ဆန်နီ ဟာ သူ့ရဲ့ ဝိဥာဥ်ထဲမှာ ထူးဆန်းတဲ့အပူချိန်က နောက်တစ်ကြိမ်မြင့်တက်လာတာကို ခံစားလိုက်ရတယ်..။

' ခရက်...'

[ သင့်ရဲ့ အရိပ်က ပြည့်စုံသွားပါပြီ ]

သူ့ရဲ့ အတွင်းထဲက တစ်ခုခု ပေါက်ကွဲထွက်သွားပြီး ခန္တာကိုယ်တစ်ခုလုံးကို..မဖော်ပြနိုင်လောက်တဲ့ နာကျင်မူက လွှမ်းခြုံသွားခဲ့တယ်..။အံ့ဩသင့်တဲ့ အော်ဟစ်မူနဲ့ ဆန်နီ လဲကျသွားခဲ့ပါတယ်။

***

' ဘယ်လိုလုပ်...ဘယ်လိုလုပ် ငါ ဒီနေရာကို ရောက်လာတိုင်း လဲကျနေရတာလဲ..."

ဒီလေဟာနယ်ထဲမှာ ဆန်နီ ပထမအကြိမ် ပေါ်လာတုန်းက..သူ့ရဲ့စွမ်းရည်က နတ်ဘုရားအဆင့် ဖြစ်နေတာကြောင့် အံ့ဩသင့်ပြီး..လဲကျခဲ့ပါတယ်။ပြီးတော့ အခုချိန်မှာ သူ့ဝိဥာဥ်မှာ ဖြစ်ပေါ်နေတဲ့ ပြောင်းလဲမူရဲ့ ဆိုးဝါးတဲ့ နာကျင်မူကြောင့် လဲကျနေခဲ့ရတယ်။

သူက ကြက်သွေးရောင် ထိပ်ဖျားကနေ..ထွက်ခွာလာခဲ့ပြီ ဖြစ်တာကြောင့်..[ ဝိဥာဥ် လမ်းကြောင်း ] စွမ်းရည်က မရှိတော့ပါဘူး..။သူ မရှိတော့တာကြောင့် အရိပ်အမြုတေ ပြည့်ဝသွားလို့ ဖြစ်ပေါ်လာတဲ့ ထူးဆန်းတဲ့ ဖြစ်စဥ်က ဆက်လက်ဖြစ်ပေါ်လာခဲ့တယ်။

ဆန်နီ မှတ်မိသလောက်တော့ ဒီနာကျင်မူက အတော်ကို ပြင်းထန်ပါတယ်။

အော်ဟစ်လိုစိတ် ကို အံကြိတ်ကာ တားဆီးရင်း..

ဆန်နီဟာ ဆိုးဝါးတဲ့ နာကျင်မူကို တောင့်ခံဖို့ ကြိုးစားနေခဲ့ပါတယ်။သူက ရုပ်ပိုင်းဆိုင်ရာ နာကျင်မူတွေနဲ့

မစိမ်းပေမယ့်လည်း..ဒီတစ်ခုက ကွာခြားနေခဲ့တယ်။ဒီအရာက သူ့ရဲ့ ဝိဥာဥ် ထဲကနေ လာခဲ့တာဖြစ်ပြီး အကြောင်းပြချက် တစ်ချို့ကြောင့် အတော်လေးကို ဆိုးဝါးပါတယ်..။

'အာ...ချီးတဲ့မှပဲ...'

သို့ပေမယ့်..ဒါက သူ ဝီဗာသွေးစက်ကို သောက်ပြီး ဖြတ်ကျော်ခဲ့ရတဲ့ နိုပ်စက်မူ ဒဏ်လောက် မဆိုးဝါးခဲ့ပေ..။သို့မဟုတ်..အနက်ရောင်စစ်သည်ကို ပထမဆုံး အကြိမ် တွေ့ဆုံပြီး ခံစားခဲ့ရတဲ့ အိပ်မက်ဆ်ိုးလောက် လည်း မဆိုးဝါးပါဘူး။

ပြီးတော့ ဒါက သိပ်ပြီး မကြာခဲ့ပေ..။

အတော်ကြာပြီးနောက်မှာတော့..နာကျင်မူက လျော့နည်းလာခဲ့ပြီး..နောက်ဆုံးမှာ ပျောက်ကွယ်သွားခဲ့ပါတယ်..။သူကတော့ ပြန်လည် လန်းဆန်းလာခဲ့တယ်။

ဆန်နီဟာ ဂရုတစိုက် မတ်တတ်ထရပ်လိုက်ပြီး..သူ့ခန္တာကိုယ် အစိတ်အပိုင်းအားလုံး ရှိနေသေးလား ဆိုတာကို စစ်ဆေးကြည့်လိုက်တယ်..။

သူ ပိုပြီး သန်မာလာတာကို ခံစားရတယ်..။အရမ်း..အရမ်းကို သန်မာလာခဲ့တာပါ..။

ပိုသန်မာ ၊ ပိုမြန်ဆန် ပြီး..ခုခံနိုင်စွမ်း ပိုရှိလာခဲ့တယ်..။အရမ်းကိုပဲ...။

ဆန်နီက အရမ်းအားကောင်း နေသလို ခံစားနေခဲ့ရပြီး..အဲဲဒီအချိန်မှာပဲ..သူ့ရဲ့အရိပ်ကို ခန္တာကိုယ်ကို ရစ်ပတ်ဖို့ အလိုလျောက် စေခိုင်းကာ... ဒီအားသာချက်ရဲ့ သက်ရောက်မူကို ခံစားနေခဲ့တယ်..။

အရိပ်က ရစ်ပတ်နေပြီဆိုတာ သေချာစေဖို့အတွက် လုပ်နေကြ ပုံစံအတိုင်း သူ့ရဲ့ အရိပ်ကို ပြန်ငုံ့ကြည့်ကာ စစ်ဆေးလိုက်တယ်။

..ယင်းနောက် အေးခဲသွားခဲ့ပါတယ်။

' သောက်ကျိုး နဲ...'

အရိပ်က သူ့ ခန္ဓာကိုယ်မှာ ရစ်ပတ်နေခဲ့တာ မဟုတ်ပေ..။ဒါက ဆန်နီ ရပ်နေတဲ့ မမြင်နိုင်တဲ့ မျက်နှာပြင်ပေါ်မှာ ရှိနေခဲ့ပြီး..အမှောင်ထုတွေပြည့်နှက်နေတဲ့ လေဟာနယ် ထဲမှာ သူ့ကို ဘယ်လို မြင်နေရတာလဲ ဆိုတာကို နားမလည်နိုင်ခဲ့ပေ..။

သို့ပေမယ့် သူက တစ်ခုတည်း ရှိနေတာ မဟုတ်ပါဘူး။

လတ်တလောမှာ ချွတ်စွပ် တူညီတဲ့ အရိပ်နှစ်ခုက ဆန်နီ ကို စိုက်ကြည့်နေခဲ့တာပါ..။

တစ်ခုက စိတ်ညစ်ပြီး..ဝမ်းနည်းနေပုံ ရတဲ့ အချိန်မှာတော့...တစ်ခြားတစ်ခုက..ပျော်ရွှင်ပြီး ရင်းနှီး ဖော်ရွေတဲ့ ပုံစံ ရှိနေခဲ့ပါတယ်။

All Chapters