မွန်းစတား အမြုတေ
Vol. 24 Ch. 352
#ဘာသာပြန် = စနိုးဝှိုက်
ဆန်နီ အရိပ်နှစ်ခုကို ကြည့်ပြီး အံ့ဩသင့်နေခဲ့တယ်..။အတော်ကြာပြီးကာမှ..သူက မသေချာတဲ့ လေသံနဲ့ပြောလိုက်ပါတယ်..။
"ငါ..ငါ မြင်နေတာ အမှန်လား..။မင်းတို့က နှစ်ဖြစ်ယောက်ဖြစ်နေတာလား.."
ဒါပေါ့ အရိပ်တွေက သူ့ကို ပြန်မဖြေခဲ့ပါဘူး..။ဘာပဲဖြစ်ဖြစ် သူတို့မှာ အသံအိမ် တွေ မရှိကြပေ..။သို့ပေမယ့် .စိတ်ဆိုးနေတဲ့ တစ်ရိပ်က သူ့ကို မထီမဲ့မြင် ကြည့်နေလျက် လှောင်ပြောင်စွာ ခေါင်းကို ခါယမ်းလိုက်ပါတယ်။အဲ့အချိန်မှာတော့ ရင်းနှီးဖော်ရွေတဲ့ အရိပ်ဟာ..ရှက်ရွံ့စွာ ခေါင်းကို ငုံ့ထားခဲ့ပြီး..ပုခုံးအနည်းငယ် တွန့်လိုက်တယ်..။
' ဘာတွေဖြစ်နေတာလဲ...'
ဆန်နီ မျက်မှောင်ကျုတ်ကာ အချိန်အနည်းငယ်လောက် တွေဝေနေရင်း..ဝိဥာဥ် ပင်လယ်ထဲကို ဝင်သွားလိုက်တယ်..။[ ဝိဥာဥ် လမ်းကြောင်း ] စွမ်းရည် မရှိတော့တာကြောင့်..သူက ပုံမှန် အသွင်သဏ္ဍာန်အတိုင်း ပြန်ဖြစ်သွားခဲ့ပါပြီ..။ရေမျက်နှာပြင်က ငြိမ်သက်နေခဲ့ပြီး..ရာနဲ့ချီတဲ့ အရိပ်တွေက အမှောင်ထဲမှာ ခံစားချက်မဲ့စွာ ရပ်နေခဲ့ကြတယ်..။သူ့အပေါ်မှာတော့..မှတ်သားမူတွေ ပါဝင်တဲ့..ဂြိုလ်လုံး တွေက...
ဆန်နီ ခေါင်းကို မော့ကြည့်လိုက်တဲ့ အချိန်မှာ တုန်လှုပ်သွားခဲ့တယ်..။
တိတ်ဆိတ်တဲ့ ပင်လယ်ပြင်အထက်မှာ ရှိနေတဲ့ အရိပ်အမြုတေ ရဲ့ အနက်ရောင် နေလုံး ရှိနေသင့်တဲ့ နေရာမှာတော့..အခုဆိုရင် နှစ်ခု ဖြစ်နေခဲ့တယ်။
တစ်ပုံစံတည်း တူညီတဲ့ အရိပ်အမြုတေ နှစ်ခုက အနက်ရောင် ကောင်းကင်ပေါ်မှာ ရှိနေခဲ့ပြီး..အလင်းမရှိတဲ့ အနက်ရောင် အလင်းတွေနဲ့ တောက်ပနေခဲ့ပါတယ်။
သူ မျက်တောင်ခတ်လိုက်တယ်..။
' နှစ်ခု....နှစ်ခုတောင် ရှိတယ်..'
မိနစ်အနည်းငယ် ကြာပြီးတဲ့နောက်..ဒါမှမဟုတ် အနည်းဆုံး မိနစ် အနည်းငယ်လို့ ခံစားလိုက်ရတဲ့ အချိန် ပြီးဆုံးသွားတဲ့ နောကိမှာတော့..။
' နှစ်ခု...ငါ့မှာ အမြုတေ နှစိခု ရှိတယ်...ဘာလို့ ငါ့မှာ အမြုတေ နှစ်ခုရှိနေတာလဲ...'
လူသားတွေမှာက ဝိဥာဥ် အမြုတေ တစ်ခုပဲ ရှိကြတာပါ..။ဒါက တိကျတဲ့ အချက်အလက်ပါပဲ..။အိပ်မက်ဆိုး သတ္တဝါ တွေမှာသာ ပိုပြီး ရှိကြပါတယ်..။
ဆန်နီ သူ့လက်တွေကို ငုံ့ကြည့်ရင်း ..လက်သီးဆုပ်ကာ အသစ်ရရှိလာခဲ့တဲ့ ခွန်အားတွေကို ကြွက်သားတွေထဲကနေတဆငိ့ ခံစားကြည့်လိုက်တယ်..။ယင်းနောက် မျက်နှာ ရှုံ့မဲ့ပြီး ပြန်ကြည့်လိုက်ပါတယ်..။
"သင့်ရဲ့ အရိပ်က ပုံဖော်နေပါပြီ , သင့်ရဲ့ အရိပ်က ပြည့်စုံသွားပါပြီ "
ဒီတော့ အခိုက်အတန့်က သူနဲ့အတူ အမြဲတမ်းရှိနေခဲပတဲ့..ဒေါသကြီးတဲ့ အရိပ်ကို ပြောတာ မဟုတ်ဘူးပေါ့..။အစကတော့ ဆန်နီက အရိပ်အပိုင်းအစ တစ်ထောင်ပြည့်သွားတာကြောင့် သူနဲ့ သူ့ရဲ့ အရိပ်က ဆင့်ကဲဖြစိစဥ် ဒါမှမဟုတ် နိုးထမူ ဖြစ်နေတယ်လို့ ထင်ထားခဲ့တာပါ..။သို့ပေမယ့် အမှန်တကယ်တော့ အခိုက်အတန့်က ဒုတိယ အရိပ်ကို ဆိုလိုခဲ့တာဖြစ်ပြီး ဒုတိယ အရိပ်အမြုတေ ပြီးပြည့်စုံသွားပြီလို ပြောခဲ့တာပါ..။
သူတို့က..သူ စုဆောင်းထားခဲ့ရတဲ့ အရိပ်အပိုင်းအစ တစ်ထောင်ကနေ ဖြစ်တည်လာခဲ့ကြတဲ့ အရာတွေ။
ဒါက သူ့ကို..ဘာဖြစ်စေနိုင် မလဲ...။
ဆန်နီ ခနလောက် တွေဝေနေပြီးကာမှ အရိပ်တွေကိုသူ့ ခန္တာကိုယ်မှာ ရစ်ပတ်ဖို့ အမိန့်ပေးလိုက်တယ်..။စိတ်ဆိုးနေတဲ့ အရိပ်က မျက်မှောကိကျုတ်လိုက်ပြီးကာမှ..အမိန့်ကို နာခံလိုက်ပါတယ်..။ဖော်ရွေတဲ့ အရိပ်ကတော့ သူဒီလို တောင်းဆိုတာကို အရမ်းကို ကျေနပ်သွားခဲ့တဲ့ ပုံပါပဲ..။
သူတို့နှစိယောက်လုံးက သူ့ခန္တာကိုယ်ပေါ်ကို ရောက်လာတဲ့ အချိန်မှာတော့..ဆန်နီ ဟာ..သူ့ခွန်အား တွေက နောက်ထပ် နှစ်ဆ မြင့်တက်လာတာကို ခံစားလိုက်ရတယိ..။
အခုဆိုရင် ခွန်အားက သုံးဆဖြစ်နေခဲ့ပါပြီ..။
သူ ပါးစပ်အဟောင်းသာ ဖြစ်နေခဲ့တယ်..။
' အရမ်းသန်မာတယ်...ဒါက အရမ်းသန်မာလွန်းတယ်'
ဒါက မယုံနိုင်စရာပဲ..။
နောက်ထပ် အတွေ့အကြုံအတွကိ သူက အရိပ်တစ်ခုကို ရေမျက်နှာပြင်ပေါ်ကို ပြန်သွားခိုင်းလိုက်တယ်..။ခနအကြာမှာတော့..သူ့မှာ အရိပ်တစ်ခုပဲ ကျန်နေခဲ့ပါတော့တယ်..။သို့ပေမယ့် ဒါက အားနည်းသွားတယ်ဆိုရင်တောင် အသုံးပြုနေကြ ခွန်အားနဲ့ ပြန်လည် ထိတွေ့လိုက်ရသလိုပါပဲ..။
ယင်းနောက် သူက သန်းခေါင်းယံ အမြုတေကို ထုတ်လိုက်ပြီး..ဒုတိယအရိပ်ကို ရစ်ပတ်ခိုင်းလိုက်တယ်..။အခုဆိုရင် အရိပ်တွေက သူ နဲ့ သူ့ရဲ့ ဓား နှစ်ခုစလုံးကို အားဖြည့်ပေးထားခဲ့ပါပြီ..။ယင်းနောက် သူက စိတ်ဆိုးတဲ့ အရိပ်ကို ..ဓားဆီကို ပူးပေါင်းဖို့ အမိန့်ပေးလိုက်တယ်..။သူ့ခန္တာကိုယ်ကို အားဖြည့်မူ မရတော့ပဲ..ဓားကတော့ ပိုမိုထက်ရှ ၊ ကြမ်းတမ်း ပြီး..ပိုပြီး သေစေနိုင်စွမ်း ရှိလာခဲ့တယ်..။
နောက်ဆုံးတော့ သူက အရိပ်တစ်ခုကို..သန်းခေါင်းယံ အမြုတေ ဆီကနေ ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်ဆီကို သွားခိုင်းလိုက်တယ်..။
မှတ်သားမူ နှစ်ခုက တစ်ချိန်တည်းမှာပဲ စွမ်းအင်းဖြည့်တင်းပေးခြင်းခံနေခဲ့ရပါပြီ..။
' တကယ့် ငရဲပဲ...'
ဒါက အရမ်းကောင်းလွန်းပါတယ်..။ဆန်နီ အတော်ကြာအောင် ခံစားချက်မဲ့စွာ ရပ်နေခဲ့ပြီး အဝေးကို စိုက်ကြည့်နေခဲ့တယ်။
ဒီတော့..ဒါက..ဒါက သူ့ရဲ့ ကဏ္ဍစွမ်းရည်ရဲ့ ပြိုင်ဘက်အကင်းဆုံး ၊ အသန်မာဆုံး စွမ်းရည်ပေါ့။ဘာပဲဖြစ်ဖြစ် နတ်ဘုရားအဆင့် စွမ်းရည်က သာမန်အရာတွေထက် အများကြီး ပိုသန်မာနေတာ မဟုတ်ပါဘူး..။
သို့ပေမယ့်..သူ့ရဲ့ အလားအလာက ပိုကောင်းနေခဲ့တယ်..။
ဒုတိယ အမြုတေ နဲ့ ဒုတိယ အရိပ် ကြောင့်..ဆန်နီ နဲ့တစ်ခြား နိုးထသူတွေရဲ့ ကွာဟမူက မြင့်တက်သွားတော့မှာပါ..။ပြီးတော့..သူသာ မှန်ကန်မယ်ဆိုရင်..ဒါက ဒါက အစပထမပဲ ရှိနေပါသေးတယ်..။ဒုတိယ အမြုတေ ရှိလာပြီဖြစ်တာကြောင့် တတိယ၊ စတုတ္ထတွေလည်း ရှိလာနိုင်ပါတယ်..။
ရုတ်တရက် ဒါက အဓိပ္ပါယ် ရှိသွားခဲ့တယ်..။
ဘာလို့ နစ်ဖီက ဘယ်တော့မှ သူမ အမြုတေကို ပြည့်အောင် မလုပ်နိုင်ရတာလဲ..။သူ ဘယ်လောက်ပဲ အမြုတေ တွေ စုပ်ယူပါစေ ၊ အိပ်မက်ဆိုးသားရဲ တွေနဲ့ လူသားတွေ ဘယ်လောက်များများကို သတ်ပါစေ..ဒါက ပြည့်မသွားခဲ့ပါဘူး..။သူမက ဂန်လောင်ကို သတ်ပြီးတဲ့ အချိန်မှာတောင့် မလုပ်နိုင်ခဲ့ပေ..။သူမက သူ့ရဲ့ အဆုံးစွန်သော ခွန်အားထက် ..ဘာလို့ ပိုသန်မာ၊ ပိုမြန်ဆန် ပြီး ပိုအားကောင်း နေရတာလဲ..။
ဒါတွေ အားလုံးက..သူမရဲ့ ကဏ္ဍစွမ်းရည်က သူ့လိုပဲ နတ်ဘုရား အဆင့်ဖြစ်နေလို့ပါ..။သို့ပေမယ့် သူမက ဒီလျိုဝှကိချကိကို သူ့ထက်အရင် ရှာတွေ့ခဲ့ပါတယ်။
သူ့နှလုံးသားထဲမှာ နာကျင်တဲ့ ခံစားချက်တစ်ခု ပေါ်လာတာကြောင့် ဆန်နီဟာ သူ့စိတ်ထဲက ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ ပုံရိပ်ကို ထုတ်လိုက်ပြီး အချက်အလက် ဇယားကို ထုတ်လိုက်တယ်..။
သူ ခန့်မှန်းတာ မှန်ကန်ဆိုတာကို သူ သေချာအောင် လုပ်ရမှာပါ..။
အမည် : ဆန်းလပ်စ်
အစစ်အမှန် နာမည် : အလင်းမှပျောက်ဆုံးသူ
အဆင့် : အိပ်စက်သူ
အောက်ဘက်မှာတော့..နောက်ထပ် အချက်အလက် အသစ်တွေက တောက်ပနေခဲ့ပါသေးတယ်..။ဆန်နီရဲ့ မျက်လုံးက ပြူးကျယ်သွားခဲ့တယ်..။
အမျိုးအစား : မွန်းစတား
အရိပ်အမြုတေ : [ 2 / 7 ]
သူက တောက်ပနေတဲ့ အချက်အလက်တွေကို စိုက်ကြည့်နေရင်း..မျက်နှာက တည်ငြိမ်နေပေမယ့် နှလုံးသားထဲမှာတော့..အနက်ရောင် မီးတောက်တစ်ခုက လောင်ကျွမ်းနေခဲ့တယ်..။
...မွန်းစတား..။ခုနှစ်ခု မှာ နှစ်ခု...။
ဘာပဲဖြစ်ဖြစ် သူ မှန်ကန်ပါတယ်။သူ့ရဲ့ တိုးတက်မူ လမ်းကြောင်းက တစ်ခြားလူသားတွေနဲ့ မတူပါဘူး..။ဒါက ပိုကြမ်းတမ်းတယ် ၊ ပိုကြီးမားတယ်.. သို့ပေမယ့် အလားအလာ လည်း ပိုများပါတယ်..။
အလားအလာက ကြီးမားလွန်းတာကြောင့် တကယ်ကို ထိပ်လန့်စရာပါပဲ..။သူ ရရှိထားတဲ့ အလားအလာ ရဲ့ ထိပ်ဆုံးကို ရောက်နိုင်ခဲ့ရင် ဘယ်လိုဖြစ်လာနိုင်မလဲ ဆိုတာကိုတောင် သူ မစဥ်းစားနိုင်ခဲ့ပါဘူး..။
ဖြစ်နိုင်ခဲ့တွေက ရိုးရှင်းစွာပဲ အကန့်အသတ်မဲ့ ပါတယ်။
အမြုတေ ခုနှစ်ခု ပိုဆိုင်ထားပြီး ၊ တိုက်တန် တစ်ကောင်ရဲ့ အင်အားမျိုး ရှိနေတဲ့ လူသားတစ်ယောက်က ဘာတွေ စွမ်းဆောင်နိုင်မှာလဲ..။ဘယ်အရာတွေကိုများ သူတို့က မသိမ်းပိုက် နိုင်ဦးမှာလဲ..။ဘယ်သူတွေကများ သူတို့ရဲ့ လမ်းကြောင်းကို တားဆီးရဲမှာလား..။
....ဘယ်သူက သူတို့က..အစေခံလို ခေါ်ရဲမှာလဲ..။
ဒါပေါ့..နောက်ထပ် အမြုတေ ငါးခု ဖန်တီးရမယ့် လမ်းကြောင်းက ရှည်လျားပြီး ကြမ်းတမ်းပါတယ်။ဒါက သူ့ကို ဆယ်စုနှစ်တွေ မဟုတ်ရင်တောင် နှစ်ပေါင်းများစွာ ကြာမြင့်စေမှာပါ..။တကယ်တော့ ဒီလိုရည်မှန်းချက်ကြီးမားတာက..ရူးသွပ်ဖွယ်ရာပါပဲ..။ဘာပဲဖြစိဖြစ် သူပိုပြီး သန်မာလာလေလေ..၊ အရိပ် အပိုင်းအစ စုဆောင်းဖို့ အတွက် သူ ရင်ဆိုင်ရမယ့် ရန်သူတွေက ပိုပိုပြီး များလာလေ ဖြစ်တော့မှာပါ။
...လု နီးပါး ပဲ..။
သူ ဒါကိုကြိုးစားကြည့် မှာလား..။
အချိန်တစ်ချို့ကြာပြီးနောက်မှာတော့ ဆန်နီ အချက်အလက်တွေကို ထပ်ပြီး ဖတ်လိုက်တယ်။သူ့ရဲ့ ပုံစံကတော့ အရူးတစ်ယောက်နဲ့ တူနေခဲ့ပါတယ်..။သူ့ မျက်နှာပေါ်မှာ မျက်မှောင်ကျုတ်မူ တစ်ခုနဲ့ အပြုံးတစ်ခုက တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေခဲ့တယ်..။
ယင်းနောက် ကြီးမားတဲ့ အပြုံးက ပျောက်ကွယ်သွားခဲ့ပြီး မျက်မှောင်ကျုတ်မူသာ ကျန်နေခဲ့တယ်။
နူးညံ့တဲ့ တောက်ပမူတွေထဲမှာ သူ့အတွက် အရေးကြီးတဲ့ အရာတွေက စောင့်ကြိုနေခဲ့ပါသေးတယ်။ပိုပြီး ကြောက်လန့်စရာကောင်းတဲ့ အရာ။
အချက်အလက် ဇယားရဲ့ အောက်ဘက်ကို ရောက်လာတဲ့ အချိန်မှာတော့..
ကဏ္ဍ : [ အရိပ်အစေခံ ]
စွမ်းရည် : [ နတ်ဘုရား ]
ကဏ္ဍ ဖော်ပြချက် : [ သင်က သေဆုံးသွာသည့် နတ်ဘုရား တစ်ပါး ချန်ထားရစ်ခဲ့သည့် သနားစရာ အရိပ်တစ်ခု ဖြစ်သည်။နတ်ဘုရား အရိပ်ဖြစ်သည့်အတွက် များပြားလှသည့် ထူးဆန်း ၊ အံ့ဩသင့်ဖွယ် စွမ်းရည်များကို ..ပိုင်ဆိုင်ထားသည်။သို့သော်လည်း သင်၏ တည်ရှိမူက အထီးကျန်နေခဲ့ဿည်။အတိတ်က သေဆုံး သွားသည့် သခင်ကို သတိရခြင်းအားဖြင့် သခင် အသစ်ကို ရဖွေရမည် ]
ကဏ္ဍ ရဲ့ အောက်ဘက်မှာတော့..သူ့ဘဝကို ကျိန်စာသင့်နေရာကနေ..အိပ်မက်ဆိုး အဖြစ် ပြောင်းလဲပေမယ့်..ဖော်ပြချက် ရှိနေခဲ့ပါတယ်။
အတွင်းပိုင်း စွမ်းရည် : [ အရိပ် ချည်နှောင်မူ ]
စွမ်းရည် ဖော်ပြချက် : [ ထိုက်တန်သည့် သခင်ကို ရှာဖွေ၍ သင့်ရဲ့ အစစ်အမှန်နာမည်ကို အသိပေးပါ။သူတို့က အသံထွက်ပြီး ခေါ်လိုက်သည်နှင့် သင်က သူတို့၏ စိတ်ဆန္ဒနှင့် ချည်နှောင်သွားမည်ဖြစ်ပြီး မည်သည့် အမိန့်ကိုမှ ငြင်းဆန်း၍ မရနိင်..။နတ်ဘုရားအဆင့် ဖြစ်သော်ငြား..သခင်မရှိပဲ လျောက်သွားနေသည့် အရိပ် တစ်ခုက မသင့်တော်လှပေ ]
..သို့ပေမယ့် အရိပ် ချည်နှောင်မူ ရဲ့ ဖော်ပြချက်တွေက အညိုရောင်ဖြစ်ပြီး အသက်မဲ့နေခဲ့တယ်။ဒီစွမ်းရည်က ..အသက်မဝင် သလိုပါပဲ..။
' အဓိပ္ပါယ်ရှိတယ်..'
ဘာပဲဖြစ်ဖြစ် သူ့မှာ အခု မာစတာ ရှိနေပါပြီ..။သူက သခင်မရှိပဲ လျောက်သွားနေတဲ့ လူတစ်ယောက် မဟုတ်တော့ပေ..။
ပြီးတော့ ဒီအကြောင်းပြောရရင်..
အောက်ဘက် အမှောင်ထု ထဲမှာ အချက်အလက် အသစ်တွေက တောက်ပနေခဲ့သေးပါတယ်။
သခင် : ပြောင်းလဲနေတဲ့ကြယ်ပွင့်
ဆန်နီ ဒီစကားလုံး သုံးလုံးကို အချိန်အကြာကြီး စိုက်ကြည့်နေခဲ့တယ်..။
ဒီ စကားလုံးလေးတွေက သူ့ကိုကြီးမားတဲ့ ဖိအားဖြစ်စေနိုင်တယ်ဆိုတာကို ဘယ်သူ သိမှာလဲ.။
ဒီလို ကြီးမားပြီး ရှုပ်ထွေးတဲ့ အဓိပ္ပါယ်မျိူး...
နောက်ဆုံးတော့ သူ ခေါင်းခါယမ်းလိုက်ပြီး ဘယ်ကမှန်း မသိပေါ်လာတဲ့ အချက်အလက် အသစ်ကို အာရုံစိုက်ကာ..ပိုပြီးတောက်ပလာအောင် လုပ်လိုက်ပါတယ်။
အမည် : နစ်ဖီ
အစစ်အမှန်နာမည် : ပြောင်းလဲနေတဲ့ကြယ်ပွင့်
အဆင့် : အိပ်စက်သူ
အမျိုးအစား : နတ်မိစ္ဆာ..