အလင်း သယ်ဆောင်သူ
Vol. 24 Ch. 353
#ဘာသာပြန် = စနိုးဝှိုက်
အချက်အလက်ဇယားက..တိတ်ဆိတ်နေတဲ့ ပင်လယ်ရေပြင်ရဲ့ အမှောင်ထုထဲမှာ တောက်ပနေခဲ့တယ်။
အမည် : နစ်ဖီ..
အစစ်အမှန်နာမည် : ပြောင်းလဲနေတဲ့ကြယ်ပွင့်
ဆန်နီ သံသယရှိနေတဲ့ အတိုင်း..ဒီအစစ်အမှန်နာမည်မှာ ..လျိုဝှက်ထားတဲ့ အဓိပ္ပါယ်တွေ အများကြီး ပါဝင်ပါတယ်..။ဒါက အမြဲတမ်းပြောင်းလဲနေတဲ့ ကြယ်ပွင့်ကို ဖော်ပြထားတဲ့ အရာမဟုတ်ပေ..။အဲဲဒီအစား..ပြောင်းလဲမူတွေကို ဖြစ်ပေါ်စေတဲ့ ကြယ်ပွင့်ကို ရည်ညွှန်းထားခဲ့တာပါ..။သို့ပေမယ့်..ပြောင်းလဲမူ ဆိုတဲ့ စကားလုံးက..ရူးနစ် ဘာသာစကား မှာဆိုရင် စကားလုံးတွေ အများကြီး ရှိနေပြီး..တစ်ခုချင်းစီမှာလည်း မြုပ်နှံထားတဲ့ အဓိပ္ပါယ်တွေ ပါဝင်ပါတယ်။
ဒီနေရာမှာ အသုံးပြုထားတဲ့ အဓိပ္ပါယ်ကတော့ ပျက်ဆီးမူ နဲ့ ကပ်ဘေးတွေကို ဖြစ်ပေါ်လာစေတဲ့ ပြောင်းလဲမူ မျိုးကို ရည်ညွှန်းတာပါ။တစ်ခါတစ်လေမှာ ဆိုဝါးပြီး ၊ တစ်ခါတစ်လေမှာ ကောင်းမွန်နိုင်ပေမယ့်..အမြဲတမ်းလိုလို ရက်စက်ကာ ဘေးဒုက္ခသင့်ပြီး ကံဆိုးမူတွေနဲ့ ရစ်ပတ်ထားခဲ့ပါတယ်။
ဒီတော့...နစ်ဖီက..ပြောင်းလဲမူ ကြယ်ပွင့် တစ်ခုမဟုတ်သလို..ပျက်စီးမူ ကြယ်ပွင့်လည်း မဟုတ်ပါဘူး..။သူမက နှစ်ခုစလုံးကို ပိုင်ဆိုင်ထားကာ..လက်ချင်းတွဲပြီး..သူမရဲ့ အလင်းတန်းနဲ့ ကယ်တင်ခြင်း နဲ့ ဖျက်ဆီးခြင်းနှစ်ခုစလုံးကို သယ်ဆောင်လာဖို့ ကံပါလာခဲ့ပါတယ်။
...အမှောင်မြို့တော်မှာရှိနေကြတဲ့ အိပ်စက်သူတွေ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လိုမျိုးပဲ..။
ကြည့်ရတာတော့ အခိုက်အတန့်က နာမည်တွေကိုပေးတဲ့ နေရာမှာ တကယ်ကိုတော်တဲ့ ပုံပါပဲ..။
သူတို့ရဲ့ ကိုယ်ပိုင် အစစ်အမှန်နာမည်တွေကို တွေးတော့ရင်း..ဆန်နီ ဆက်ဖတ်လိုက်တယ်..။
အဆင့် : အိပ်စက်သူ
အမျိုးအစား : နတ်မိစ္ဆာ
ဝိဥာဥ် အမြုတေ : [ 3 / 7 ]
ဝိဥာဥ် အပိုင်းအစ : [ 2749 / 3000 ]
သူက နောက်ဆုံး အချက်အလက်နှစ်ခုကို နက်မှောင်တဲ့ အမူအရာနဲ့ကြည့်နေခဲ့တယ်..။
' ဒီတော့ ဒီလိုပေါ့...ဒီလိုနဲ့ နင်က ငါ့ရဲ့ အရှေ့မှာ ရောက်နေခဲ့တာပေါ့...'
ယင်းနောက် လေးလံမူနဲ့ အတူပဲ သူ သက်ပြင်းချပြီး အဝေးကိုကြည့်လိုက်တယ်..။
အရင်က အဖြစ်အပျက်တွေက အခုတော့ အဓိပ္ပါယ် ရှိသွားပါပြီ။ဂန်လောင်နဲ့ တိုက်ခိုက်တဲ့ အချိန်ကတု်းက နစ်ဖီက အသွင်းပြောင်း မွန်းစတား အဆင့်ကို ရောက်နေခဲ့တာပါ..။အခု သူ ရောက်ရှိနေသလို..အမြုတေ နှစ်ခုကို ပိုင်ဆိုင်ထားတဲ့ အိပ်စက်သူ တစ်ယောက်..။ရဲတိုက်အရှင်ကို သတ်တာက..သူမအတွက် တတိယ တစ်ခုကို ရရှိဖို့အတွက် တွန်းအားဖြစ်စေမယ် ဆိုတာကို..သိနေခဲ့တာကြောင့်..သူမ အားနည်းနေတဲ့ အချိန်မှာ ကတ်စတာ ရဲ့ ရန်ကို ကာကွယ်ခိုင်းထားခဲ့ပါတယ်။
...ပြီးတော့ အဲဒီအချိန်ကတည်းက..ပြောင်းလဲနေတဲ့ကြယ်ပွင့်..က..စတုတ္ထမြောက် တစ်ခုကို ရလုနီးပါး ဖြစ်နေခဲ့တယ်..။
'သူမက ဘာလို့ ဒီလောက်တောင် မြန်နေတာလဲ '
ရဲတိုက်အတွင်းထဲမှာ..တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အချိန်မှာတော့..ဆန်နီဟာ အသိစိတ်ရှိစွာပဲ..သူ့ရဲ့ အမြုတေ ပြည့်ဝမယ့် အခွင့်အရေးကို ရှောင်ရှားဖို့ ရွေးချယ်ထားခဲ့ပါတယ်။အခုပြန်တွေးကြည့်ရင်တော့ ဒီဆုံးဖြတ်ချက်က မှားယွင်းတဲ့ အရာ ဒါမှမဟုတ် မဟုတ်တာလည်း ဖြစ်နိုင်ပါတယ်။တကယ်လို့ သူသာ..အဲ့အချိန်မှာတစ်ထောင်ပြည့်အောင် စုဆောင်းခဲ့ရင် ဒုတိယ အမြုတေကို ဖန်တီးနေတဲ့ အချိန်မှာပဲ. ရဲတိုက် အစောင့်တွေရဲ့ သတ်ဖြတ်တာကို ခံခဲ့ရမှာပါ။
ဒီဖြစ်စဥ်ကို..[ ဝိဥာဥ် လမ်းကြောင်း ] က မရပ်တန့်ပေးထားခဲ့ရင်လည်း..သူက အပေါ်က ပြုတ်ကျလာနေတဲ့ ကျောက်တုံးကြီးနဲ့တင် သေဆုံးသွားနိုင်ပါသေးတယ်။
...အရင်တုန်းကလိုပဲ..ဆိုးဝါးတဲ့ ကံဆိုးမူ ဆိုတာက..မယုံနိုင်စရာ ကံကောင်းမူ နဲ့ တွဲဖက်ပြီး အတူတူလာခဲ့တယ်..။
သို့ပေမယ့် အဲ့အချိန်မှာ သူ မွန်းစတား အမြုတေကို ပိုင်ဆိုင်ခဲ့မယ် ဆိုရင်တောင်..သူက တတိယတစ်ခုကို ဖန်တီးနိုင်တော့မှာမဟုတ်ပါဘူး။
ဘာလို့လဲဆိုတော့..အဆီအနှစ်တွေကို စုပ်ယူတဲ့နေရာမှာ နစ်ဖီက သူ့ထက်ပိုပြီး အားသာချက် ရှိနေခဲ့တာပါ။
ဆန်နီက လွဲပြီး တစ်ခြား နိုးထသူ တိုင်းလိုပဲ..သူမက ရန်သူကို သတ်လိုက်တဲ့အချိန်တိုင်း ရန်သူပိုင်ဆိုင်ထားတဲ့ ဝိဥာဥ် အဆီအနှစ်ရဲ့ တစ်စိတ်တစ်ပိုင်းကို ရရှိပါတယ်..။အဲဒီအချိန်မှာတော့ ဆန်နီ ရရှိတာက ဘာမဟုတ်တဲ့..အရိပ်အပိုင်းအစ တစ်ခုတည်းပါ..။ရန်သူက သူ့ထက် အဆင့်မြင့်နေရင်တော့ နည်းနည်းပိုများပါတယ်.. ။အခုထိ ဖြစ်မလာသေးပေမယ့် ဒါက သူ့ရဲ့ ကံတရားပါပဲ။
တီဆိုင် နဲ့ ဂျန်မာ တို့ရဲ့ တိုက်ပွဲက ပြောင်းလဲနေတဲ့ကြယ်ပွင့်အတွက် ကြီးမားတဲ့ စားသောက်ပွဲတော်ကြီးဖြစ်ခဲ့မှာပါ..။အထူးသဖြင့် အတွေ့အကြုံရှိတဲ့ အဖွဲ့ဝင်တွေကို သတ်ဖြတ်ရတဲ့ အချိန်ဖြစ်ပြီး..သူတို့ရဲ့ အမြုတေ တွေကို ဘယ်လောက်ကြာအောင် ဖြည့်ထားကြလဲ ဆိုတာကို မသိတော့ပေ..။
ဘာပဲဖြစိဖြစ် သူမက အမြဲတမ်း ရှေးတန်းမှာ နေပြီး..တိုက်ခိုက်မူ ၊ သတ်ဖြတ်မူ တွေကို လုပ်ကာ နောက်လိုက်တွေကို ဦးဆောင်နေတဲ့သူပါ။
ဆန်နီ အမှောင်ထုကို ကြည့်နေရင်းနဲ့ပဲ အချက်အလက် တွေ ဆီကို ပြန်လှည့်လိုက်တယ်။သူ့ရဲ့ မျက်လုံးတွေက ကျဥ်းမြောင်းသွားခဲ့ပြီး...
မှတ်သားမူ များ : [ အိပ်မက်ဓား ] [ ကြယ်အလင်း အကာအကွယ် ] [ အရုဏ်ဦးအမြုတေ ] [ အနက်ရောင်တောင်ပံ ] [ အမည်မသိ နေလုံး ]....
အဲဒီမှာတော့ အသုံးဝင်တဲ့ မှတ်သားမူ အနည်းငယ်လုည်းရှိနေခဲ့တယ်။ [ အမြဲတမ်း ကျစ်ကြိုး ] - ဒါက ဆန်နီ ကောင်းကောင်း သိထားတဲ့ ရွှေရောင်ကြိုးပါ။သို့ပေမယ့် ဆန်နီ သူတို့ကို သိပ်ပြီး အာရုံစိုက်မထားခဲ့ပေ..။သူ့ရဲ့ အမြင်အာရုံက အမည်မသိ နေလုံးဆီကိုသာ ရောက်နေခဲ့တယ်..။ဒါက ဘာမှတ်သားမူလည်း ..ဘာလို့ သူ တစ်ခါမှ မမြင် မကြားခဲ့ဖူးတာလဲ..။
မှတ်သားမူ : [ အမည်မသိ နေလုံး ]
အဆင့် : [ တက်ရောက်မူ ]
မှတ်သားမူ သတ်မှတ်ချက် : VI
မှတ်သားမူ အမျိုးအစား : လက်နက်
မှတ်သားမူ အမျိုးအစား : [ အချိန်အတော်ကြာသည်အထိ..အမည်မသိနေလုံးဟာ တစ်ကိုယ်တည်း ဆင်းရဲဒုက္ခခံခဲ့ရပြီး..ဆုံးရှုံးခဲ့ရသည့် အရာများအတွက် လွမ်းဆွတ်တမ်းတ နေခဲ့ရသည်..။သူမက ထိုလွမ်းဆွတ်တမ်းတမူ ကျရှုံးသွားသည့် အချိန်မှသာ..နောက်ဆုံးမှာ မေ့ပျောက်ကုန်းမြေ၏ ကြက်သွေးရောင် တယ်ရာကို မွေးဖွားလာခဲ့ခြင်းဖြစ်သည် ]
သူ့ မျက်လုံးများ ကျဥ်းမြောင်းသွာခဲ့၏။
' ဒီတော့ သူက တယ်ရာ ကို သတ်ပြီးတဲ့ အချိန်မှာ မှတ်သားမူကို ရထားခဲ့တာပေါ့..'
အဆင့်ခြောက် ရှိတဲ့ တက်ရောက်မူအဆင့် လက်နက်..ဆန်နီဟာ ဒီလက်နက်မှာ ဘယ်လိုစွမ်းရည်မျိုးတွေ ရှိနေနိုင်မလဲ ဆ်ိုတာကို သိချင်နေခဲ့တယ်..။အဲတာက ဘာပဲဖြစိဖြစ်..ဒီ အမည်မသိ နေလုံးက အတော်လေးကို အားကောင်း လောက်မှာပါ။
သို့ပေမယ့် ဒါက နစ်ဖီကို အိပ်မက်ကမ္ဘာရဲ့ ရက်စက်တဲ့ ငရဲထဲမှာ ရှင်သန်စေဖို့ လုံလောက်ပါ့မလား..။သူ မသိပါဘူး..။
ဆန်နီ မျက်မှောင်ကျုတ်ထားလိုက်ပြီး ဆက်ဖတ်လိုက်တယ်..။
ထပ်တူညီမူ : -
စွမ်းရည်များ : [ အိပ်မက်မွေးဖွားမူ ] [ နက်ဖလင် ] [ နတ်ဘုရား မီးတောက် ] [ မီး ]
[ အိပ်မက် မွေးဖွားသူ ] စွမ်းရည်ဖော်ပြချက် : " သင်ဟာ ကမ္ဘာနှစ်ခုတွင် မွေးဖွားခဲ့ပြီး ကမ္ဘာနှစ်ခုလုံးနှင့် သက်ဆိုင်မူ ရှိသော်လည်း မည်သည့် ကမ္ဘာကမှ မကြိုဆို ခဲ့ကြပေ..။သင့်ရဲ့ ဝိဥာဥ်က အိပ်မက်ဆိုးနှင့် အစစ်အမှန် နှစ်ခုကြားတွင် တည်ရှိနေခဲ့၏ "
[ နက်ဖလင် ] စွမ်းရည်ဖော်ပြချက် : " တစ်ခါတုန်းက နတ်ဘုရား နှင့် ဆိုးယုတ်သူ တို့ကြားထဲမှ မစင်ကြယ်သော ပေါင်းစပ်မူကြောင့် ဆိုးဝါးသည့် သတ္တဝါများ မွေးဖွားလာခဲ့ကြသည်။သူတို့ကြားထဲတွင် နက်ဖလင်သည် အလှပဆုံး ..အခံစားရဆုံး တစ်ယောက်ဖြစ်၏"
[ နတ်ဘုရား မီးတောက် ] စွမ်းရည်ဖော်ပြချက်: " သင့်ရဲ့ ဝိဥာဥ်က နတ်ဘုရား အလင်းရောင် နှင့် လောင်မြိုက်နေခဲ့သည် "
[ မီးတောက် ] စွမ်းရည် ဖော်ပြချက် : " သင်က နေ
နတ်ဘုရား ၏ မျိုးနွယ်ကို ဆက်ခံထားခဲ့သည် "
သူ ခနလောက်တွေဝေနေပြီးကာမှ နစ်ဖီရဲ့ စွမ်းရည်ကို လေ့လာနေခဲ့တယ်..။
'ဒီတော့ ဒါက ဒီီလိုပေါ့..'
ဆန်နီက သူမရဲ့ အတွင်းပိုင်း စွမ်းရည်က ဘာလဲဆိုတာကို အမြဲတမ်းသိချင်နေခဲ့တာပါ။သူ့ရဲ့ [ ကံစီမံရာ ] ဖြစ်တည်မူလိုပဲ သူမရဲ့ ဖြစ်တည် မူက ဘယ်လို ရှိတာလဲ..။ဒီအရာက စိတ်အားထက်သန်မူ ၊ တိုက်ခိုက်နိုင်စွမ်း ဒါမှမဟုတ် စိတ်ဆန္ဒ တွေနဲ့ ဆက်နွယ်နေတယ်လို့ မကြာခန တွေးမိတာပါ။
သို့ပေမယ့် ဒီလိုမဟုတ်ပေ..။
အဲဒီအစား နစ်ဖီ ရဲ့ အတွင်းပိုင်း စွမ်းရည်က [ အိပ်မက်မွေးဖွားမူ ] လို့ ခေါ်ပြီး..သူမရဲ့ ဖြစ်တည်မူက..ဟောလိုး မိခင် ရဲ့ ကလေးတစ်ယောက်အဖြစ် ချည်နှောင်ခံထားရပါတယ်။ပြီးတော့ သူမက မမွေးဖွားလာခင် ကတည်းက အိပ်မက်ကမ္ဘာ ၊ အိပ်မက်ဆိုး အခိုက်အတန့် တို့နဲ့ ဆက်နွယ်မူ ရှိနေခဲ့တာပါ။
သူမရဲ့ လက္ခဏာက နှစ်ခုဖြစ်နေခဲ့တယ်..။
တကယ်လို့ သူ ခန့်မှန်းတာသာ မှန်မယ်ဆိုရင်..ဒီလိုနှစ်ခုက နစ်ဖီ ပထမအိပ်မက်ဆိုးကို ကျော်ဖြတ်ပြီးချိန်မှာသူမရဲ့ ကဏ္ဍ ကို ရရှိခဲ့ပြီး အလားတူစွာပဲ ရ[ နက်ဖလင် ] ကို ရရှိခဲ့ပါတယ်။နောက်တစ်ကြိမ်ပဲ ဒါက သွေးနှောအဖြစ် ဖော်ပြထားခဲ့တယ်..။နတ်ဘုရား တစ်ဝက်..မသန့်စင်မူ တစ်ဝက်..။
တစ်ဝက်က နတ်ဘုရား..တစ်ဝက်က မသိနိုင်တဲ့အရာလား..။
ရုတ်တရက် ဆိုသလိူပဲ ပြောင်းလဲနေတဲ့ကြယ်ပွင့်က ဟောလိုး တောင်တန်းရဲ့ မိုင်းတွင်း နံရံတွေထဲက အလင်းသက်ရှိ ရဲ့ ပုံကို သူ ပြန်မြင်ယောင်မိသွားခဲ့တယ်။
ဒီ သတ္တဝါကရော နက်ဖလင် တွေထဲက တစ်ယောက်လား..။ဒါမှမဟုတ် နက်ဖလင်တွေကို မွေးဖွားခဲ့တဲ့
ကျရှုံးမူ နတ်သမီး လား..။ဘာပဲဖြစ်ဖြစ် ဒီ သတ္တဝါနဲ့ သူမရဲ့ စွမ်းအား ဆင်တူနေတယ် ဆိုတာကိုတော့ ငြင်းဆန်လို့ မရပါဘူး။
ယင်းနောက် နောက်ဆုံးစွမ်း ရည်ဖြစ်တဲ့ : [ မီး ]
ဆန်နီ မျက်နှာကို ပွတ်လိုက်တယ်..။
သူ့ရဲ့ ဝီဗာသွေးနဲ့ဆင်တူတဲ့ အတွင်းပိုင်းစွမ်းရည်တစ်ခု..။နောက်ဆုံးတော့..ဒီစကားလုံးရဲ့ နောက်ကွယ်က အဓိပ္ပါယ်က ရှင်းလင်းသွားခဲ့ပါပြီ..။[ ဆားငံရည်စက် ] နဲ့ဆင်တူတဲ့ အတွင်းပိုင်းမှတ်သားမူက..နိုးထသူတွေကို ပြိုင်ဘက်ကင်းစွမ်းရည်တွေကို ပေးနိုင်ပါတယ်..။သူတို့က မျိုးစက်တွေကိုပါ လက်ဆင့်ကမ်းပေးနိုင်ကြတယ်..။အနည်းဆုံးတော့..ကြီးမြတ်တဲ့ အမွေအနှစ်ကလန် တွေထဲက တစ်ခုဖြစ်တဲ့ အင်မော်တယ် မီးတောက်ကလန် မှာ တစ်ခု ပိုင်ဆိုင်ထားခဲ့တာပါ။
ဆောင် တို့ ၊ ဗာလာ တို့လိုမျိုး ကြီးမြတ်တဲ့ အမွေအနှစ် ကလန် တွေကရော ဒီလိုမျိုးတွေကို ပိုင်ဆိုင်ထားကြတာလား..။ဒီအရာက သူတို့ကို လူသားမျိုးနွယ်ရဲ့ ထိပ်တန်းမှာ ရပ်တည်စေပြီး..ကြီးမြတ်တဲ့ ကလန်တွေ အဖြစ် နေရာယူစေခဲ့တာလား..။
' ဒီခွေးသားတွေမှာ လျိုဝှက်ချက် တော်တော်များတာပဲ..'
ဆန်နီဟာ အကူညီမဲ့စွာပဲ [ ဝီဗာသွေး ] နဲ့ [ မီးတောက် ] ရဲ့ကြားက ခြားနားချက်ကို သိသွားခဲ့တယ်..။တစ်ခုက " အမွေအနှစ် " လိူ့ ရိုးရှင်းစွာ ရေးထားပြီး တစ်ခုကတော့.. " တားမြစ်မူ အမွေအနှစ် " လို့ ရေးထားခဲ့ပါတယ်။
ဝီဗာ သွေးက ဘာလို့များ တားမြစ်ခံထားရတာလဲ..။ဒါက နေ နတ်ဘုရားလိုမျိုး..သင့်တော်တဲ့ နတ်ဘုရား မဟုတ်ပဲ...ဆန်းကျယ်တဲ့ ဝီဗာ , ဒဲလ်မွန် တစ်ကောင်စီ ကနေ လာတာဖြစ်နေလို့လား..။သူက အမွေအနှစ် တစ်ခု ချိန်ထားခဲ့မယ် ဆိုတာကို နတ်ဘုရားတွေက မထင်မှတ်ထားခဲ့ဘူးလား..။
ဝီဗာ သွေးမှာ " တစ်စိတ်တစ်ပိုင်း " အမွေအနှစ်လို့ ဖော်ပြထားပေမယ့် မီး မှာတော့ ဒီလို မပြထားပါဘူး..။
"မေးခွန်းတွေ...မေးခွန်းတွေ..."
သက်ပြင်းတစ်ချက်ချပြီး ဆန်နီ အချက်အလက်တွေကို ပြန်ကြည့်လိုက်တယ်။
ကဏ္ဍ : [ အလင်း သယ်ဆောင်သူ ]
ကဏ္ဍ အဆင့် : [ နတ်ဘုရား ]
ဖော်ပြချက် : [ သင်ဟာ အမှောင်ထုထဲကို နှင်ထုတ်ပြီး ၊ အမှောင်ထုထဲတွင် တည်ရှိဖို့ ကံပါလာသည့် အလင်းသတ္တဝါ တစ်ကောင်ဖြစ်သည်။သင်က သွားသည့်နေရာတိုင်းကို အလင်းရောင် နှင့် နွေးထွေးမူ သယ်ဆောင်သွားခဲ့သော်လည်း..မဖောပြနိုင်သည့် ပူဆွေးမူ များပါ ပါဝင်နေခဲ့သည် ]
ကဏ္ဍ စွမ်းရည် : [ ဝိဥာဥ် မီးတောက် ]
စွမ်းရည် ဖော်ပြချက် : [သင့်ရဲ့ ဝိဥာဥ်က အသန့်စင်ဆုံး မီးတောက်များဖြင့် လောင်ကျွမ်းနေခဲ့သည်။ဒီမီးတောက်က ကုသနိင်သလို ဖျက်ဆီး ပစ်နိုင်သည်။ဒါက ကောင်းချီးပေးမူ နှင့် ကျိန်စာ နှစ်မျိုးစလုံး ဖြစ်၏...]
အတွင်း စွမ်းရည် : [ တစ်ဝက်မွေးဖွားမူ ]
စွမ်းရည် ဖော်ပြချက် : [ သင်၏ မီးတောက်ဖြင့် သတ်ဖြတ်လိုက်သည် အိပ်မက်ဆိုးသတ္တဝါ ၊ လူသားများ၏ ဝိဥာဥ် အဆီအနှစ် တစ်စိတ်တစ်ပိုင်းကို တိုက်ရိုက် စုပ်ယူနိုင်သည် ]
အားနည်းချက် : [ မူလ ဝိဥာဥ် ]
ဖော်ပြချက် : [ သင့်ရဲ့ စွမ်းအားကို အသုံးပြုတိုင်း နာကျင် ခံစားရမည် ]
ဆန်နီဟာ အချက်အလက်ကို ရုတ်သိမ်းပြီး အတော်ကြာအောင် ခံစားချက်မဲ့စွာ တွေးနေခဲ့တယ်..။
အလင်းသယ်ဆောင်သူ ဆိုတဲ့ စကားလုံးက နည်းလမ်း အများကြီး နဲ့ ဘာသာပြန်လို့ ရပါတယ်။ပထမတစ်ခုက အလင်း နဲ့ မီးတောက် ကို ဆိုလိုပြီး ဒုတိယတစ်ခုက သယ်ဆောင်မူ ၊ စောင့်ရှောက်မူကို ဆိုလိုပါတယ်..။ဒါက မီးစောင့်ရှောက်သူ ဖြစ်နိင်သလို တစ်ခြား အရာတွေလည်း ဖြစ်နိင်ပါသေးတယ်..။
သူမရဲ့ အားနည်းချက်က မူလ ဝိဥာဥ် ဖြစ်ပြီး သူ့ရဲ့ဟာက ရှင်းလင်းတဲ့ သိစိတ် ဖြစ်နေတာကလည်း ရယ်စရာ ပါပဲ..။သူတို့က ဘယ်လို စုံတွဲမျိုးလဲ...တစ်ခုက အလင်းမှ ပျောက်ဆုံးသူ ဖြစ်ပြီး တစ်ခုက အလင်းရဲ့ အရင်းအမြစ်ပါ..။
...တစ်ယောက်က သခင် ...တစ်ခြားတစ်ယောက်က အစေခံ...။
သူ အံကိုကြိတ်ထားပြီး တစ်စက္ကန့်လောက် မျက်လုံးတွေကို မှိတ်ထားခဲ့တယ်..။
တစ်ခြား ဘာသိဖို့ ရှိသေးလား..။
[ ဝိဥာဥ် လမ်းကြောင်း ] ကတော့ မရှိတော့ပါဘူး..။ကြည့်ရတာတော့ နေလုံးအတုပဲဖြစ်ဖြစ်..ကြက်သွေးရောင် ထိပ်ဖျားပဲ ဖြစ်ဖြစ်..ထိခိုက်မူတွေ များပြားတာကြောင့် ပျက်ဆီးသွားခဲ့ပါပြီ..။
' အခုတော့ ငါတို့ကြားထဲမှာ ဘာလျိုဝှကိချက်မှ မရှိတော့ဘူးလို့ ထင်တာပဲ '
နစ်ဖီ မှာလည်း အစေခံ ဆိုတဲ့ အချက်အလက်တစ်ထု ပေါ်လာမှာကို ဆနိနီ သေချာသိနေခဲ့တယ်..။သူမကလည်း သူ့လိုပဲ သူ့အကြောင်း အားလုံးကို သိသွားတော့မှာပါ..။
သူ့အမြုတေ ရဲ့ ပြိုင်ဘက်ကင်းသဘာဝ ၊ အရိပ်အပိုင်းအစတွေ ၊ မာဗယ်သူတော်စင်ရဲ့ စစ်မှန်တဲ့ သရုပ်မှန် ၊ ဝီဗာရဲ့ မျက်နှာဖုံး ...သူမ ဒါတွေ အကုန်လုံးကို သိသွားပါလိမ့်မယ်...။
ဒါက အတော်လေး ရှုပ်ထွေးတော့မှာပါ...
သူ ဒီအတွေးကို အဆုံးမသတ်နိင်ခင်မှာပဲ..အခိုက်အတန့်က နောက်တစ်ကြိမ် ပြောလာခဲ့တယ်..။သူ့ရဲ့အသံက အနက်ရောင် လေဟာနယ် ထဲမှာ စည်းချက်ညီစွာ ပြောနေသလိုပါပဲ..။
[ ဒုတိယ အတားအဆီး ကျိုးပျက်သွားပါပြီ ]
[ အသွင်းပြောင်း စွမ်းအားများ နိုးထခြင်း....]
' အိုး..ငါ မေ့ လုနီးပါးပဲ...]
ဆန်နီဟာ လေဟာနယ်ကို မျက်လုံးပြူးကျယ်စွာကြည့်နေခဲ့တယ်..။