နိုးထခြင်း
Vol. 24 Ch. 354
#ဘာသာပြန် = စနိုးဝှိုက်
ပထမ အိပ်မက်ဆိုးတုန်းကလိုပဲ..ဆန်နီဟာ ရုတ်တရက် သူ့ကိုယ်ထဲက တစ်ခုခု ထိုးထလာသလို ခံစားလိုက်ရတယ်..။အရင်တုန်းကဆိုရင် ဒီ ခွန်အားအသစ်တွေက..မပြင်ဘက်ပိုင်းနဲ့ ဆန့်ကျင်ပြီး အတွင်းဘက်ကနေ လာခဲ့တာလို့ပဲ..ခံစားခဲ့ရတာပါ။ဒီတစ်ကြိမ်မှာလည်း ဒီခံစားချက်က..အရမ်းကို တူညီနေခဲ့ပြီး ပိုသိပ်သည်းနေခဲ့တယ်..။
ဒါက သူ့ရဲ့ အရိပ်အမြုတေ တွေထဲကနေ လာနေခဲ့ပါတယ်..။
သူတို့က သိမ်မွှေ့နူးညံ့စွာ တောက်ပနေကြပေမယ့်..အပူဓာတ်ကို ထုတ်လွှတ်လုနီးပါး ဖြစ်နေခဲ့ကြတယ်..။စွမ်းအင်တွေက သူ့ရဲ့ ခန္တာကိုယ်တစ်ခုလုံးမှာရစ်ပစ်နေပြီး..ဒါက ပြောင်းလဲပေးကာ ၊ ပိုသန်မာအောင် လုပ်ပေးနေခဲ့ကြပါတယ်..။ဒါက သူ အရိပ်အပိုင်းအစ တစ်ခု ရရှိလိုက်တိုင်း ခံစားရတဲ့ ထူးဆန်းတဲ့ ခံစားချက်နဲ့ ဆင်တူပေမယ့် အတော်လေးကို ပို သန်မာနေခဲ့တယ်..။
...အဆ တစ်ထောင်လောက် ပိုပြီး သန်မာပါတယ်..။
ပြီးတော့ အရမ်းလည်း နက်ရှိုင်းတယ်..။
အနည်းငယ်သာ ထွက်နဲ့ အသက်ရူသံနဲ့အတူပဲ ဆန်နီဟာ ဖြညိးညှင်းစွာ တပလ္လင်ခွေ ထိုင်ချလိုက်ပြီး မျက်လုံးတွေကို မှိတ်ကာ ပြောင်းလဲမူကို အာရုံစိုက်ထားခဲ့တယ်..။
သူ့ ခန္တာကိုယ်က အစိတ်အပိုင်းတိုင်းက မကြာခင်မှာ ဆန်းကျယ်တဲ့ စွမ်းအင်တွေနဲ့ပြည့်နှက်လာခဲ့ပါတယ်..။ရင်းနှီးတဲ့ ခံစားချက်တစ်ခုက သူ့ကို လွှမ်းမိုးသွားခဲ့ပြီး..သူ့ရဲ့ စိတ်တွေကို နွေးထွေးတဲ့ လှိုင်းလုံးတစ်ခု လို ဆေးကြောသွားခဲ့တယ်..။သို့ပေမယ့် ဆန်နီဟာ ဒါကို ပိုခံစားချင် ပိုနားလည်ချင်နေခဲ့ပါတယ်..။သူက ဒီအခြေအနေရဲ့ အသေးစိတ်အခြေအနေအားလုံးကို မှတ်ထားချင်နေခဲ့တယ်..။
ဘာပဲဖြစ်ဖြစ် ဒါက သူ့ရဲ့ အောင်မြင်မူပါ။
သူ့ရဲ့ ခန္တာကိုယ် ပြောင်းလဲမူတွေဖြစ်တဲ့..ပိုကောင်းမွန်မူ ၊ ပိုသန်မာလာမူ ၊ ပို ပြီးပြည့်စုံလာမူ ဖြစ်စဥ်တွေ အောက်မှာတော့..နောက်ထပ်.. နူးညံ့ပေမယ့် တူညီတဲ့ မယုံနိုင်စရာ ပြောင်းလဲမူတွေ ရှိနေခဲ့ပါသေးတယ်။
ဆန်နီ အနေနဲ့ စကားလုံးတွေနဲ့ မဖော်ပြတတ်ပေမယ့်..ဒီလောက် အံ့ဩစရာ မျိုးကို မခံစားဖူးဘူး ဆိုတာကို တော့ သေချာသိပါတယ်..။သူ့ရဲ့ ဝိဥာဥ် ပြောင်းလဲမူ တွေက ဒုတိယ အရိပ်ကို ဖန်တီးသလိုမျိုး နာကျင်မူကို မခံစားရပါဘူး..။နတ်ဘုရား သွေးစက်ကို သောက်တုန်းက ခံစားရတဲ့ ဝေဒနာ ရဲ့ အနီးအနားကိုတောင် မမှီခဲ့ပေ..။
ဒါက...သဘာဝ ကျ ၊ မှန်ကန်ပြီး..နက်ရှိင်းတယ် လို ခံစားရပါတာ်..။သူ အမြဲတမ်းလိုအပ်တဲ့ အရာကို ပြီးမြောက် ဖို့ ခြေလှမ်းတစ်လှမ်းလောက်သာ လိုတော့တယ်လို့ ခံစားနေခဲ့ရတယ်..။
ပိုကောင်းမွန်တဲ့ သက်ရှိတစ်ယောက်..။
မကြာထင်မှာပဲ..လှုပ်ခတ်နေတဲ့ အပူလှိုင်းတွေက ဆုတ်ခွာသွားခဲ့ပြီး..အေးစက်မူ လှိုင်းတွေက အစားထိုး ဝင်ရောက်လာခဲ့တယ်..။မေ့ပျောက်ကုန်းမြေကနေ ထွက်ခွာလာပြီးကတည်းက သူ့နှလုံးသားထဲမှာ မထင်မရှား ကျန်နေခဲ့တဲ့ နာကျင်မူက လျော့ပါးသွားခဲ့ပါတယ်..။သူ့ရဲ့ စိတ်တွေက တည်ငြိမ်ပြီး အေးချမ်းနေခဲ့တယ်..။
ဆန်နီဟာ..သူ့ကိုယ်သူ မီးပြင်းဖိုမှာ ထုလုပ်ထားခဲ့တဲပ ဓားတစ်ချောင်း လိုမျိုး ခံစားနေခဲ့ရတယ်..။ဒါက အေးစက် ၊ သန့်စင် ပြီး ခံနိုင်ရည်ရှိတဲ့ သံမဏိနဲ့ ပြုလုပ်ထားတဲ့ သက်ရှိ ဓားတစ်ချောင်း..။
သူ ဖြည်းညှင်းစွာ အသက်ရူထုတ်လိုက်ပြီး မျက်လုံးတွေကို မှိတ်လိုက်တယ်..။
သူ့ ခန္တာကိုယ်က ပိုသန်မာ ၊ ပိုမြန်ဆန် ၊ ပို ခံနိုင်ရည်ရှိလာသလို ခံစားရတယိ..။ဒါက အရိပ်ကို ရစ်ပတ်ခိုင်စထားတဲ့ ခံစားချက်နဲ့ ဆင်တူပါတယ်..။ပြောင်းလဲမူက သိသိသာသာ ကို ဖြစ်နေခဲ့ပြီး..အရင်တုန်းကဆိုရင် ဒီလောက်အထိ သန်မာဖို့ကို အရိပ်တစ်ခု ဒါမှမဟုတ် နှစ်ခုစလုံးနဲ့ ရစ်ပတ်မှကို ရရှိမှာပါ..။
သို့ပေမယ့် ဒါက အဓိကပြောင်းလဲမူ မဟုတ်ပေ..။
အိပ်စက်သူ တွေနဲ့ နိုးထသူ တွေကြားထဲက စစ်မှန်တဲ့ ခြားနားမူက..ရုပ်ပိုင်းဆိုင်ရာ ခွန်အားတွေ မဟုတ်ပဲ အတွင်းပိုင်း စွမ်းရည်ဆိုတာကို သူသိထားပါတယ်..။အိပ်စက်သူ တွေက ဝိဥာဥ် အမြုတေကို ထိတွေ့ပြီး ဆက်သွယ်နိုင်သလိုမျိုး နိုးထသူတွေလည်း ဝိဥာဥ် အဆီအနှစ်တွေနဲ့ တူညီစွာလုပ်နိုင်ကြပါတယ်..။
သို့ပေမယ့် သိတာနဲ့ ၊ အမှန်တကယ် ခံစားရတာက မတူညီတဲ့ အရာနှစ်ခုပါပဲ..။
အရင်တုန်းက သူက သူ့ရဲ့ အရိပ််အမြုတေကို ဝေဝေဝါးဝါး ခံစားရပါတယ်..။ဒီခံစားချက်က မရေရာပေမယ့်လည်း မမှားယွင်းနိုင်ပါဘူး..။သူ့ရဲ့ ခရီးစတင်တုန်းက သူ့ရဲ့ ဘာမှမရှိမူကို ခံစားရပြီး..အခုအဆုံးသတ်ရောက်ခါနီးမှာတော့ စွမ်းအားတွေနဲ့တောက်ပနေတာကို ခံစားရပါတယ်..။
အခုတော့ ဒီစွမ်းအင်က..အရိပ်အမြုတေထဲမှာ ရှိမနေတော့ပဲ..လွတ်လပ်သွားပြီး..သူ့ရဲ့ခန္တာကိုယ်တစ်ခုလုံးထဲမှာ သဘာဝအလျောက် စီးဆင်းနေခဲ့တယ်..။ဒါက ဖြည်းညှင်းစွာ လှည့်လည်ပြီး..၊ အမြုတေ တွေကြားထဲမှာ သွားလာ လှုပိရှားနေရင်း..သူ့ ရဲ့ အရိုးတွေနဲ့ ကြွက်သားတွေကို စွမ်းအားတွေနဲ့ ဖြည့်ဆည်းပေးထားခဲ့ပါတယ်..။
လေ့ကျင့်မူ အချို့နဲ့အတူပဲ..သူက ဒီ အရိပ်အဆီအနှစ် တွေရဲ့ စီးဆင်းမူကို ထိန်းချုပ်ပြီး လိုအပ်တဲ့နေရာကိုပို့လို့ရကြောင်း ဆန်နီ နားလည်သွားခဲ့တယ်..။သူက ဒီ အဆီအနှစ်တွေရဲ့ ပမာဏ အချို့ကို လက်ဆီကို ပို့ပြီး မယုံနိုင်စရာ ၊ ပေါက်ကွဲအားပြင်းတဲ့ ခွန်အားမျိုး ဖနါတီးနိင်သလို ၊ သူ့ရဲ့ ခြေထောက်တွေဆီီကိုပို့ပြီး လေထဲကို မီတာ အချို့အထိ ခုန်နိုင်ပါတယ်..။
အတိုချုပ်ရရင်တော့ သူက တစ်ချိန်လုံး နံရံတွေကို ဖျက်ဆီး ဖောက်ထွင်းနိုင်လောက်အောင် တော့ ကြောက်မက်ဖွယ် သန်မာလာခဲ့တာ မဟုတ်ပါဘူး..။အဲဒီအစား သူက ဒီ အဆီအနှစ်တွေကို ထိန်းချုပ်ပြီး လူသားတစ်ယောက်ရဲ့ ခွန်အားကို ပေါက်ကွဲထွက်လာအောင်တော့ လုပ်လို့ရပါတယ်..။ကျန်တဲ့ အချိန်တွေမှာတော့ အရိပ်အဆီအနှစ်ရဲ့ သေးငယ်ပေမယ့်...သိသာတဲ့ အကျိုးကျေးဇူးတွေကို ခံစားရမှာပါ။
' ပို လေ့ကျင့်ရမယ်...'
ဆန်နီက အခုဆိုရင် အရိပ်အဆီအနှစ်တွေကို ထိန်းချုပ်နိုင်သွားပြီဖြစ်ပေမယ့် တကယ်လို့ သူသာ အမှန်တကယ် ကျွမ်းကျင်ချင်တယ် ဆိုရင်..အတွေ့အကြုံရှိတဲ့ နိုးထသူ တွေဆီကနေ သင်ယူရပါလိမ့်မယ်..။ဘာပဲဖြစ်ဖြစ် အကယ်ဒမီမှာ ရှိနေကြတဲ့ တစ်ချို့နည်းပြတွေက အသစ်ဖြစ်လာတဲ့ နိုးထသူတွေကိုလည်း သင်ပြပေးနိုင်ကြပါတယ်။
ယင်းနောက် သူ နားလည်ပြီး ကျွမ်းကျင်အောင် လုပ်ရမယ့် နောက်ထပ် တိုက်ခိုက်ရေး ဗျူဟာ တစ်ခုလည်း ရှိနေခဲ့ပါသေးတယ်..။
အိပ်စက်သူ တွေက လူသားတွေနဲ့ ဆင်တူပြီး ခွန်အားနဲ့ လက်နက်တွေသာ ပိုရှိနေခဲ့ကြတယ်..။သို့ပေမယ့် နိုးထသူ တွေရဲ့ တိုက်ပွဲက ပိုမိုများပြားတဲ့ နည်းဗျူဟာ တွေနဲ့ တိုက်ခိုက်ကြတာပါ။အဆီအနှစ်တွေက..အမြုတေရဲ့ အပြည့် ပြန်ဖြည့်တင်းနိုင်ပေမယ့် အချိန်ယူရပါတယ်..။ဒီတော့ လက်တွေ့တိုက်ပွဲမှာဆိုရင် ဒီအရာက အကန့်အသတ်နဲ့ပါ..။ဒါကြောင့် နိုးထသူ တစ်ယောက်က ဒီ အဆီအနှစ် တွေကို ဘယ်အချိန်မှာ ဘယ်လို အသုံးပြုမှာလဲ ဆိုတာကို ဂရုစိုက်သင့်ပါတယ်။
သူ့ အမြုတေရဲ့ လက်ခံနိုင်တဲ့ ပမာဏကို တိုးမြှင့်စေဖို့အတွက် ဆိုရင် သူက အရိပ်အပိူင်းအစတွေ အများကြီး စူပ်ယူထားဖို့ လိုအပ်မှာပါ။ကံကောင်းချင်တော့ သူ့မှာ အမြုတေ နှစ်ခု ရှိနေတဲ့ အတွက် တစ်ခြားအိက်စက်သူတွေ ထက် အားသာချက်ဖြစ်စေပါတယ်။
သို့ပေမယ့်..သူရရှိတဲ့ အံ့ဩစရာ စွမ်းရည်အသစ်က နိုးထခြင်း နဲ့ အဆုံးသတ်မှာ မဟုတ်ပါဘူး။အဓိက အရာက ထပ်လာဦးမှာပါ..။
အခိုက်အတန့် ထပ်ပြောလာတဲ့ အချိန်မှာတော့ သူက မျှော်လင့်ချက်နဲ့ပြည့်နေခဲ့တယိ..။
[ ကဏ္ဍ စွမ်းရည် နိုးထခြင်း ...]
[...ကဏ္ဍ စွမ်းရည် ရရှိခဲ့ပါပြီ ]
[ ကဏ္ဍ စွမ်းရည် အမည် : အရိပ်ခြေလှမ်း ]
ဆန်နီ မျက်တောင်ခတ်ပြီး အချက်အလက် ဇယားကို ထုတ်ကြည့်လိုက်တယ်။
အမည် : ဆန်းလပ်စ်
အစစ်အမှန်နာမည် : အလင်းမှပျောက်ဆုံးသူ
အဆင့် : နိုးထမူ
အမျိုးအစား : မွန်းစတား
အရိပ်အမြုတေ : [ 2 / 7 ]
အရိပ်အပိုင်းအစ : [ 0 / 2000 ]
ထင်ထားသလိုပဲ သူ့ရဲ့ အမြုတေ နှစ်ခုစလုံးက အသွင်ပြောင်း အဆင့်မဟုတ်တော့ပဲ နိုးထမူ အဆင့်ဖြစ်လာခဲ့ပါပြီ..။အရိပ်အပိုင်းအစတွေကို နိုးထမူအတွက် အသုံးပြုခဲ့တာကြောင့်..သူ့မှာ သုည သာ ကျန်ခဲ့တော့တယ်။
' အပိုင်းအစ တစ်ထောင်က ဒီလိူနဲ့ မရှိတော့ဘူးပေါ့'
သူက သိပ်တော့ စိတ်မပျက်ခဲ့ပေ..။နိုးထခြင်းမှာ အသုံးပြုလိုက်နဲ့ အဆီအနှစ် ပမာဏက..အမြုတေမှာစွမ်းအင် သိုလှောင်နိုင်တဲ့ ပမာဏ စတင်မူ နဲ့ တိုက်ရိုက် အချိုးကျ နေပါတယ်..။ဒါကြောင့် အိပ်စက်သူ တစ်ယောက်က ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမူကို ဖြတ်သန်းရတာပါ။
အရိပ်အပိုင်းအစ တစ်ထောင် စုစည်းပြီး သူ့ရဲ့ ပထမအမြုတေကို ပြည့်အောင် လုပ်နိုင်ခဲ့တာကြောင့် ဆန်နီဟာ ဒုတိယ အမြုတေကို ရနိုင်ခဲ့ရုံတင်မကပဲ..အိပ်စက်သူ တွေ အိပ်မက်မက်ခဲ့ရတဲ့ ဆုလာဒ်ကိုပါ ရခဲ့ပါတယ်။အိပ်မက်ကမ္ဘာ ရဲ့ ပထမခရီကနေ ပြန်လာတဲ့ အိပ်စက်သူတွေထဲမှာ အနည်းအကျဥ်းလောက်ကပဲ သူတို့ရဲ့ အမြုတေကို ပြည့်အောင် ပြုလုပ်နိုင်ခဲ့ကြတာပါ။ဆန်နီက သူတို့ထဲက တစ်ယောက်ပါပဲ..။
ကွားခြားချက်က ကြီးကြီးမားမား သက်ရောက်သွားတာ မရှိဘူးဆိုရင်တောင်..သေးငယ်တဲ့ ခွန်အားတိုင်းက သေခြင်း ရှင်ခြင်း ကို ဖြစ်ပေါ်စေမှာပါ..။
'အချိန်ဆွဲနေတာ တော်လောက်ပြီ '
စိတ်မရှည်စွာပဲ သူ အမြုတေ နဲ့ အရိပ်အပိုင်းအစ အကြောင်းအတွေးတွေကို ရုတ်သိမ်းပြီး..ကဏ္ဍ စွမ်းရည် အသစ်ဆီီကို ကြည့်လိုက်တယ်။
ကဏ္ဍ စွမ်းရည် : [ အရိပ်ခြေလှမ်း ]
စွမ်းရည် ဖော်ပြချက် : [ သင်က အရိပ်များကြားထဲတွင် လွတ်လပ်စွာ သွားလာနိုင်သည်။တစ်နေရာကနေ တစ်နေရာကို ချက်ချင်း သွားလာနိုင်စွမ်း ရှိသည် ]
တောက်ပနေတဲ့ စာသားတွေကိုကြည့်ပြီး မကြာခင်မှာပဲ ဆန်နီရဲ့ မျက်နှာပေါ်မှာ တုံးအတဲ့ အပြုံးတစ်ခုပေါ်လာခဲ့တယ်..။
' တယ်လီပို့ ပဲ....ဒါက တယ်လီပို့ လိုမျိုးပဲ မဟုတ်လား...'
[ တယ်လီပို့ = တစ်နေရာကနေ တစ်နေရာလျှပ်တပျက်ခုန်ကူးခြင်း ]
သံသယဖြစ်စရာ မရှိလောက်အောင်ပဲ ဒါက
တယ်လီပို့ ပုံစံ ပါ..။
ဒီလို စွမ်းရည်မျိုးက ကစားပွဲကို ပြောင်းလဲနိုင်တဲ့ အရာမျိုးပါ။သူ့ရဲ့ လှုပ်ရှားနိုင်စွမ်းက တကယ်ကို မယုံနိုင်စရာ ဖြစ်လာပါလိမ့်မယ်..။ဒါက တစ်နေရာကနေ တစ်နေရာကို သွားလာနိုင်ရုံတင်မကပဲ..အနာဂတ်မှာ သူ့ရဲ့ အိပ်မက်ကမ္ဘာခရီး စဥ်ကိုလည်း လွယ်ကူပြီး လုံခြုံသွားစေမှာပါ..။သို့ပေမယ့် ဒါက တိကျပြတ်သားတဲ့ အခန်းကဏ္ဍ ကိုလည်း ပေးနိုင်ပါသေးတယ်..။
ဘယ်ကနေ မသိပဲ ရုတ်တရက် ပေါ်လာနိုင်ပြီး ..မျက်စိတ်တမှိတ် အတွင်းမှာ ပျောက်ကွယ်သွားနိုင်တဲ့ လုပ်ကြံရေးသမားလောက်..ဘယ်အရာက ပိုကြောက်ဖို့ ကောင်းနိုင်ဦးမှာလဲ...
တကယ်တော့ သိပ်တော့ မများဘူး..။
ဒါပေါ့ သူက ဒီအံ့ဩစရာ စွမ်းရည် ရဲ့ လက်တွေ့ခံစားပြီး သေခ၏ လေ့လာရဦးမှာပါ..။ဥပမာ အားဖြင့် သူ့ရဲ့ အကန့်အသတ် အကွာအဝေးက ဘယ်လောက်လဲ ဆိုတာပါ..။သူက မြင်ကွင်းထဲမှာ ရှ်ိတဲ့ ဘယ်အရိပ်ဆီကို မဆို ခုန်ကူးနိုင်မှာလား..ဒါမှမဟုတ် အရိပ်ခံစားမူ အကန့်အသတ် အတွင်းပဲလား ဆိုတာ မသိရသေးပါဘူး..။
ပြီးတော့ သူ့ရဲ့ အရိပ်တွေကရော..။သူက တစ်ကောင်ကို နေရာတစ်ခု ဆီကို ရုတ်တရက် လွတ်လိုက်ပြီး အဲ့နေရာကနေ ပေါ်လာနိုင်မှာလား..။ဒါက သူတော်စင် သူ့အရိပ်ထဲကနေ ထွက်ပေါ်လာခဲ့သလိုမျိုးပါ..။
ဒါကို လေ့လာဖို့ မစောင့်နိုင်တော့ပေ..။
သို့ပေမယ့် ဒီဟာ အတိုင်ခင်မှာ သူ ကြည့်ရမယ့် အရာနှစ်ခု ရှိပါသေးတယ်..။
တစ်ခုကတော့ သူရရှိ တဲ့ မှတ်သားမူ ပါ..။နောက်တစ်ခုကတော့..သူ့ကို ကြောက်ရွံ့စေလောက်အောင် အရေးကြီးတဲ့ အရာဖြစ်နေခဲ့တယ်..။
ဒါကတော့ အရိပ်ကခုန်မူရဲ့ ပထမတစ်ခုကို သူ ကျွမ်းကျင်သွားတဲ့ အချိန်မှာ ရရှိလာမယ့် အမွေအနှစ်ပါပဲ..။
သူ့လက်ထဲမှာရှိနေတဲ့ ဆက်ခံသူ အမွေအနှစ် နဲ့ သူ့ရဲ့သွေးထဲမှာ စီးဆင်းနေတဲ့ မျိုးနွယ် အမှတ်အသား တွေကြောင့်..သီအိုရီ သဘောတရားအရ ဆိုရင်ဘဆန်နီဟာ ကိုယ်ပိုင် ဆက်ခံသူ ကလန်တစ်ခုကို တည်ထောင်လို့ ရနေပါပြီ..။ကြီးမားတဲ့ ကလန် တစ်ခုကို တောင်မှ..။
...သို့ပေမယ့် ဒါက သူ့ အစီအစဥ် မဟုတ်ပေ..။
ဆန်နီ အချက်အလက် တွေကိုထပ်မကြည့် နိုင်သေစခင်မှာပဲ..အခိုက်အတန့်က ရုတ်တရက် တီးတိုးပြောလာခဲ့တယ်..။
[ နိုးထတော့ , ဆန်းလပ်စ် ]
ယင်းနောက် ချက်ချင်းဆိုသလိုပဲ..တောက်ပတဲ့ ကြယ်တွေ ၊ ငွေရောင်အလင်းတန်း တွေနဲ့ ပြည့်နေတဲ့ အနက်ရောင် လေဟာနယ်ကြီးက ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပါပြီ..။