အစစ်အမှန် ကမ္ဘာသို့
Vol. 24 Ch. 355
#ဘာသာပြန် = စနိုးဝှိုက်
အကယ်ဒမီ ဆေးရုံ ရဲ့ မြေအောက်ထပ် များထဲမှ တစ်ခု ရှိ အခန်းငယ် တစ်ခုထဲတွင်..။
ကြီးမားတဲ့ လေးထောင့်ပုံစံ အိပ်စက်မူ ဖန်ပေါင်းချောင်..၊ များပြားလှတဲ့ ဆေးဝါးဆိုင်ရာ ပစ္စည်းများ..နဲ့အတူပဲ ရွှေရောင်ဆံပင်နဲ့ နူးညံ့တဲ့မိန်းကလေးတစ်ယောက်ဟာ..ကြည့်လင်တဲ့ ဖန်သားအဖုံးရဲ့ အောက်ဘက်မှာ အိပ်ပျော်နေခဲ့ပါတယ်..။သူမရဲ့ မျက်နှာပေါ်မှာတော့..အေးစက်တဲ့ ရေငွေ့တွေနဲ့ ပြည့်နှက်နေခဲ့တယ်..။
ရုတ်တရက်ဆိုသလို အလင်းတန်းတွေ အများကြီးက..ဖန်ပေါင်းချောင် ရဲ့ မျက်နှာပြင်ကနေ ထွက်ပေါ်လာခဲ့ပြီး..အခန်းထဲမှာ ရှိနေတဲ့ ဆေးဘက်ဆိုင်ရာ စက်များ အသက်ဝင်လာကာ လည်ပတ်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်..။
ခနအကြာမှာတော့ မိန်းကလေး ရဲ့ အပြာရောင်မျက်လုံးတွေ ပွင့်လာခဲ့ပြီး အော်ဟစ်လိုက်တယ်..။
...မြို့လယ်ရှိ သီးသန့် စောင့်ရှောက်ရေး အဆောက်အဦး ရဲ့ ပထမထပ်တွင်..။
ဇိမ်ခံအတွင်းပိုင်း အပြင်အဆင်..၊ ရှည်လျားသည့် ပြတင်းပေါက်များနှင့်..အခန့်ကျယ်ကြီး တစ်ခုတည်းမှာတော့..အိပ်စက်မူ ဖန်ပေါင်းချောင် တစ်ခုဟာ နေရောင်အောက်မှာ ရှိနေခဲ့တယ်။သူနာပြုတစ်ယောက်ဟာ ဘေးနားက သက်သောင့်သက်သာ ရှိတဲ့ ထိုင်ခုံတစ်လုံးမှာ ထိုင်နေခဲ့ပြီး..အိပ်စက်နေတဲ့ ချောမောတဲ့ လူငယ်လေးရဲ့ အရေးကြီး လက္ခဏာတွေကို စောင့်ကြည့်နေခဲ့ပါတယ်။
အချိန်သုံးနှစ်ကြာသွားသည့် တိုင်အောင် ဒီလူငယ်လေးကို..တစ်မိနစ်တောင် တစ်ယောက်တည်း မထားရှိခဲ့ပေ...။သူ့ရဲ့ ဖန်ပေါင်းချောင် ဝန်းကျင် မှာတော့..လတ်ဆတ်တဲ့ ပန်းပွင့်များရှိနေပြီး..တစ်စုံတစ်ယောက်ကလည်း ဘေးနားမှာ အမြဲတမ်း စောင့်ကြည့်နေခဲ့တယ်..။
သုံးနှစ်လောက်ကြာအောင် သူနာပြုတွေ တစ်ယောက်ပြီး တစ်ယောက် ပြောင်းလဲသွားခဲ့ပေမယ့်..လူငယ်လေးကတော့ မပြောင်းလဲပဲ ရှိနေခဲ့ပါတယ်..။သူ နဲ့ပတ်သက်သမျှ အရာရာတိုင်းက မပြောင်းလဲပေ..။
ရုတ်တရက် သူနာပြုရဲ့ မျက်လုံးတွေက ပြူးကျယ်သွားခဲ့တယ်..။
တစ်စက္ကန့် ကြာပြီးတဲ့ နောက်မှာတော့..အိပ်စက်မူ ဖန်ပေါင်းချောင် က..တောက်ပတဲ့ အလင်းရောင်တွေ ထွက်ပေါ်လာခဲ့ပါတယ်..။အဖုံးဟာ ဘေးဘက်ဆီကို ရွေ့လျားသွားခဲ့ပြီး..အထူးနေရာတစ်ခု စီကို တိုးဝင်သွားခဲ့တယ်..။
အထဲမှာရှိနေတဲ့ ခန္တာကိုယ်ကတော့ မမြင်ရတဲ့ အားတစ်ခုက ဆွဲတင်လိုက်သလို လေထဲကို မြောက်တက်လာခဲ့ပါတယ်..။ငယ်ရွယ်ပြီး လှပတဲ့ လူငယ်လေးဟာလေပေါ်မှာ လွင့်မြောနေခဲ့တယ်..။
သူနာပြုကတော့ စက္ကန့်အနည်းငယ်လောက်ကြာအောင် ကြောင်အပြီး မတ်တတ်ရပ်နေခဲ့ပါတယ်..။ယင်းနောက် သူမ နံရံဆီကို အမြန်ပြေးသွားလိုက်ပြီး..အရေးပေါ် ခလုတ်ကို နိုပ်လိုက်တယ်။
.
......
မြို့ထဲရှိ သိပ်မထင်ရှားသည့် နေရာမှ..အခန်းကျဥ်းလေးတစ်ခု တွင်..။အရပ်ရှည်ပြီး ချောမောတဲ့ အမျိုးသမီးတစ်ယောက်ဟာ..ဟောင်းနွမ်းပြီး အလုပ်လုပ် ရုံသာ ရှိတဲ့ ဖန်ပေါင်းချောင် တစ်ခုထဲမှာ လဲလျောင်းနေခဲ့တယ်..။ဒီတစ်ခုက သူ့ရဲ့ မော်ဒယ်တွေထဲမှာ နောက်ဆုံး ထုတ်လုပ်ထားခဲ့တာဖြစ်ပြီး..အတော်ကြာကတည်းက ထုတ်လုပ်မူကို ရပ်ဆိုင်းထားခဲ့ပါပြီ..။ဒါတောင်မှ ဒီအခန်းထဲမှာတော့ စျေးအကြီးဆုံး အရာတစ်ခု အဖြစ် ရှိနေတုန်းပါပဲ..။
အခန်းတံခါးက ပွင့်နေခဲ့ပြီး..ဒီကတဆင့် သတင်းတင်ဆက်မူ အသံတွေက အထဲကို ဝင်လာခဲ့တယ်..။ချိုသာပြီး ယုံကြည်မူ ရှိတဲ့ အသံက ဆက်လက်ပြောဆိုနေခဲ့ပါတယ်..။
"....ပုံမှန် မဟုတ်တဲ့ နိုးထခြင်းတွေ ဖြစ်ပေါ်နေတယ်! ချစ်လှစွာသော ကြည့်ရူသူတို့..ကျွန်တော်တို့ ..ကျွန်တော်တို့က သတင်းထောက်တွေ ဆီကနေ အချက်အလက်တွေကို လက်ခံရရှိနေပါတယ်..။မကြာခင်မှာ ဒီသတင်းကို ..အပြည့်အဝ တင်ဆက်ပေးပါ့မယ်..။အဲ့အချိန်မှာ..ဆက်ခံသူ ကလန်တွေကို ကိုယ်စားပြု သူတွေ......"
ရုတ်တရက် တိုက်ရိုက်ထုတ်လွင့်မူက ပြတ်တောက်သွားပြီး..လေးလံပြီး ၊ အကူအညီမဲ့တဲ့ တိတ်ဆိတ်မူတွေသာ ကြီးစိုးသွားခဲ့တယ်..။
မကြာခင်မှာပဲ..မဝံမရဲ လှမ်းလာနေတဲ့ ခြေသံတွေက ဖန်ပေါင်းချောင် ရှိရာ အခန်းဆီကို ရောက်လာခဲ့ပါတယ်..။
သို့ပေမယ့် နောက်ထပ်တစ်စက္ကန့်အကြာမှာတော့..လက်သီးတစ်ခုက..ဖန်သားအဖုံးကို အတွင်းထဲကနေ ထိုးနှက်ပြီး အက်ကွဲကြောင်းတွေကို ဖြစ်ပေါ်လာစေခဲ့ပါတယ်..။
...အကယ်ဒမီ ဘက်ခြမ်းမှာတော့..ပထမတစ်ခန်းနဲ့ ဆင်တူတဲ့ အခန်းတစ်ခုမှာ..ရုတ်တရက် အလင်းရောင်တွေက မှိတ်တုတ် မှိတ်တုတ်ဖြစ်ပြီး ပျက်သွားခဲ့တယ်..။အခုတော့ လုံးဝကို အမှောင်ထုဖြစ်နေခဲ့ပါတယ်..။
တစ်ခုခုက ကျယ်လောင်တဲ့ အသံတစ်ခုနဲ့ အထိ ထိုးခွဲနေခဲ့ပြီးနောက် နာကျင်တဲ့ လူသားအသံတစ်ခု ပေါ်ထွက်လာခဲ့တယ်။
"ချီးတဲ့မှပဲ..."
ခနအကြာမှာတော့ အလင်းရောင်တွေက ပြန်ထွက်ပေါ်လာခဲ့ပြီး...ဖြူဖျော့တဲ့ အသားအရည် ၊ နက်မှောင်တဲ့ ဆံပင်နဲ့ လူငယ်လေးတစ်ယောက်က ဆေးဝါး စက်ဘေးနားမှာ ရပ်နေတာကို တွေ့လိုက်ရတယ်..။
သူ့ မျက်နှာမှာတော့ ဝေဝါးမူတွေ စိတ်ရှုပ်ထွေးမူတွေ ရှိနေခဲ့ပါတယ်..။
အိပ်စက်မူ ဖန်ပေါင်းချောင်ကတော့ ပိတ်ထားတုန်းပါပဲ..။
သို့ပေမယ့် ဒါက ဘာမှ မရှိတော့ပေ..။
...ပြီးတော့ မီတာ တစ်ရာခန့် အကွာ..နက်ရှိုင်းသည့် မြေအောက်ခန်းထဲမှာတော့..နောက်ထပ် အခန်းတစ်ခန်း ရှိနေခဲ့တယ်..။
ဒီတစ်ခုက တစ်ခန်း တွေထက်..ပိုကြီးပြီး..ပိုခမ်းနားပါတယ်..။
ရိုးရှင်းသည့် အိပ်စက်မူ ဖန်ပေါင်းချောင် ထဲတွင်။
သူ့ရဲ့ အဖုံးအောက်မှာတော့ ဆင်စွယ်ရောင် အသားအရေ ၊ ငွေရောင် ဆံပင်နဲ့ ငယ်ရွယ်တဲ့ အမျိုးသမီး တစ်ယောက်ဟာ..မလှုပ်မယှက် ရှိနေခဲ့တယ်..။
အပြင်ဘက်မှာ ဆူညံသံတွေ များစွာ ထွက်ပေါ်နေခဲ့ပေမယ့် အခန်းထဲမှာတော့ ငြိမ်သက်ပြီး အေးချမ်းနေခဲ့ပါတယ်။
ဘာမှ မပြောင်းလဲပေ..။
ဖန်ပေါင်းချောင် က အလင်းရောင်တွေ တောက်ပမူ
မရှိသလို..ဆေးဝါး ပစ္စည်းတွေကလည်း တိတ်ဆိတ်နေခဲ့ပါတယ်..။
ဖန်သား ခေါင်းတလား ထဲမှာ ပိတ်မိနေတဲ့ အမျိုးသမီးငယ် လေးကတော့...သူမရဲ့ အိပ်မက်ဆိုးထဲမှာ ထာဝရ ရှိနေဖို့ ကျိန်စာသင့်ထားသလိုပဲ ဆက်လက် အိပ်မက်မက်နေခဲ့ပါတယ်။
***
ဆန်နီဟာ အခန်းကျဥ်းလေးကို ကြည့်ရင်း သူ ဘယ်ရောက်နေတာလဲ ဆိုတာကို ဖြညိးဖြည်းချင်းနားလည်သွားခဲ့တယ်..။
...အကယ်ဒမီ..။သူက အကယ်ဒမီ ကို ပြန်ရောက်နေခဲ့တာပါ..။
သူ အစစ်အမှန် ကမ္ဘာဆီကို ပြန်ရောက်ခဲ့ပြီ..။
ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့ အချိန်မှာတော့..သူက အိပ်စက်မူ ခေါင်းတလား ၊ ဆေးဘက်ဆိုင်ရာ ကိရိယာတွေကို သတိထားမိလိုက်တယ်..။အခုဆိုရင် ဒီကိရိယာ တွေက..အချက်ပေး အလင်းရောင် တွေနဲ့ တောက်ပနေခဲ့ပါတယ်..။ခေါင်းတလား က ပိတ်ထားတုန်းပါပဲ..။
' ငါ ဒီငရဲကနေ ဘယ်လို ထွက်ရမှာလဲ...'
ပြောနေရင်းနဲ့ပဲ..
ဆန်နီ အောက်ကို ငုံ့ကြည့်လိုက်တဲ့ အချိန်မှာတော့ သူက ကိုယ်လုံးတီး ဖြစ်နေတာကို တွေ့လိုက်ရတယ်..။ရှက်ရွံ့ဖွယ် အခြေအနေတွေကို ရှောင်ရှားနိင်ဖို့အတွက် သူ ရုတ်သေးဆရာ ရဲ့ ဝတ်ရုံတော်ကို ထုတ်လိုက်ပါတယ်..။
အနက်ရောင်ကြိုးတွေနဲ့ ရက်လုပ်ထားတဲ့ အကာအကွယ်က သူ့ အရည်ပြားပေါ်ကို ရောက်လာတဲ့ အချိန်မှ သူက ခံစားရတာ ကောင်းမွန်သွားခဲ့တယ်..။
..သို့ပေမယ့် သူက သန်းခေါင်းယံ အမြုတေကို မထုတ်မိအောင်လည်း ထိန်းထားရပါသေးတယ်..။
မရင်းနှီးတဲ့ ပတ်ဝန်းကျင် အခြေအနေ တွေမှာ ကိုယ့်ကိုယ်ကို ကာကွယ်ထားဖို့ သူ့ရဲ့ မသိစိတ်က သတိပေးနေခဲ့တာပါ..။
သို့ပေမယ့် အခုက အစစ်အမှန်ကမ္ဘာမှာ ဖြစ်နေခဲ့ပါပြီ..။သူက ကိုယ့်ရဲ့ အပြုအမူ တွေကို ထိန်းညှိဖို့ လိုအပ်ပါတယ်..။
အဝတ်ကို ဝတ်ဖို့ ဆုံးဖြတ်လိုက်တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်က မှန်ကန်သွားခဲ့တယ်..။သူ ဒီလိုလုပ်ပြီး ခနအကြာမှာပဲ..အခန်းတံခါးက ပွင့်သွားခဲ့ပြီး အဖြူရောင် ကုတ်အင်္ကျီနဲ့ အမျိုးသမီး တစ်ယောက်က အလျင်အမြန် ဝင်လာခဲ့ပါတယ်..။
ဆန်နီ ကို သတိထားမိပြီး သူမ အေးခဲသွားခဲ့တယ်..။သူမရဲ့ မျက်လုံးတွေက ပြူးကျယ်နေခဲ့ပြီး ပါးစပ်ကို လက်နဲ့ အုပ်ကာ မအော်မိအောင် ထိန်းထားခဲ့ရတယ်..။
'သူမက ဘာဖြစ်နေတာလဲ...'
.
ဆန်နီ မျက်မှောင်ကျုတ်ပြီး အကြိမ်များစွာ မျက်တောင် ခတ်လိုက်တယ်..။ယင်းနောက်..ဆေးဘက်ဆိုင်ရာ ကိရိယာ တွေထဲကနေ တဆင့် သူ့ရဲ့ ပုံစံကို ပြန်ကြည့်လိုက်ပါတယ်..။
'...အိုး ..'
အိပ်စက်သူ တွေ နဲ့ နိုးထသူ တွေက အိပ်မက်ကမ္ဘာထဲကို စိတ်ဝိဥာဥ် အနေနဲ့ပဲ ခရီးသွားကြတာကြောင့်..သူ့ရဲ့ ခန္တာကိုယ်က ကြည်လင်သန့်ရှင်းနေပြီး..အမာရွတ်တစ်ခုတောင် ရှိမနေခဲ့ပေ..။
သို့ပေမယ့် ရုပ်သေးဆရာ ရဲ့ ဝတ်ရုံတော်ကတော့ ဒီလို မဟုတ်ပါဘူး..။
သူ့ရဲ့ ပိုးခြည်အကာအကွယ်က တွန့်ကြေ ၊ ညစ်ပတ်ပြီး အဝတ်စုတ် တစ်ခုနဲ့ တူနေခဲ့တယ်..။ထပ်ပြောရရင် သူ့ရဲ့ မျက်နှာပြင်မှာ သွေးတွေ အများကြီး စွန်းထင်း နေခဲ့တာကြောင့်...ဒါက တစ်ချိန်က မီးခိုးရောင်ဖြစ်တယ် ဆိုတာကိုတောင် ပြောဖို့ခဲယဥ်းနေခဲ့ပါပြီ..။
ဒေါက်တာ ဖြစ်သူကို ရှက်ရွံ့စွာကြည့်လိုက်ပြီး ဆန်နီ ကြိုးစား ပြုံးပြလိုက်တယ်..။ယင်းနောက် တစ်နှစ်ကျော်လောက် စကားမပြောတဲ့လူတစ်ယောက်လိုမျိုး..ကြမ်းတမ်းတဲ့ လေသံနဲ့...
"အာ..ဟိုင်း..။ကျွန်တော့်အတွက် သန့်ရှင်းတဲ့ အဝတ်အစား တစ်ချို့ ရနိုင်မလား..."
အမျိုးသမီးဟာ သူ့ကို အတော်ကြာအောင် ကြည့်နေပြီးကာမှ..တုန်ရီတဲ့ လေသံနဲ့ပြောလိုက်တယ်..။
"ဆ....နိုးထသူ ဆန်းလပ်စ် လား ။ဆျာ..နိုးလာတာလား..."
' ဆျာ...သူမက ငါ့ကို ဆျာ လို့ ခေါ်လိုက်တာလား..။
ဆန်နီ ပြုံးလိုက်ပြီး..
"အဲလို ထင်တာပဲ..။ဘာပဲဖြစ်ဖြစ် ကျွန်တော် ဒီမှာ အိပ်နေတာက..တစ်နှစ် နဲ့ နှစ်လ ရှိနေပြီလေ..."
ဒေါက်တာဟာ နောက်ဆုံးမှာ စိတ်သက်သာရာရသွားခဲ့ပြီး..သူ့ ကို စိတ်ချစွာ ကြည့်လိုက်တယ်..။သူမရဲ့ မျက်လုံးတွေထဲမှာတော့ ပျော်ရွှင်တဲ့ အမူအရာတွေ ရှိနေခဲ့ပါတယ်..။
ခနအကြာမှာတော့..သူမက အနည်းငယ် ပြုံးလိုက်ပြီးစကားပြောလာခဲ့တယ်..။သူမရဲ့ လေသံမှာတော့ ရိုးသားတဲ့ လေးစားမူ တွေ အပြည့်ပါပဲ။
"အစစ်အမှန် ကမ္ဘာကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ် ဆရာ..."