← Chapters

အရိပ်နှင့် အင်တာဗျူး

Vol. 24 Ch. 356

အရိပ်နှင့် အင်တာဗျူး

Vol. 24 Ch. 356

#ဘာသာပြန် = စနိုးဝှိုက်

ဆေးရုံရဲ့ နေရာမျိုးစုံနဲ့ အကယ်ဒမီရဲ့ အုပ်ချုပ်ရေးဌာန တွေဟာ ဒီနေ့မှာ လုံးဝကို ဗရမ်းဗတာဖြစ် နေခဲ့ကြတယ်။ဆောင်းယဥ်စွန်းတန်း အပြီး ရက်သတ္တပတ်တွေက နိုးထမူ လူ့အဖွဲ့အစည်းမှာ ရှိနေကြတဲ့ လူတိုင်းအတွက် အလုပ်များတဲ့ အချိန်တွေပါပဲ..။ဒါကတော့ အိပ်မက်ကမ္ဘာထဲကို ဝင်ရောက်သွားတဲ့ အိပ်စက်သူတွေက တစ်ပတ် နှစ်ပတ် အတွင်းမှာ ၊ ဒါမှမဟုတ် ရှားရှားပါးပါး တစ်လလောက် ကြာပြီးတဲ့ အချိန်မှာ ပြန်ရောက်လာတတ်ကြပါတယ်။

..ဒါပေါ့..ရှင်သန်ကြတဲ့ သူတွေကို ပြောတာပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဝင်ရောက်သွားတဲ့ အိပ်စက်သူတွေ ရုတ်တရက် နိုးထလာချင်းက အံ့ဩသင့်ဖွယ် ကိစ္စရပ်တစ်ခုဖြစ်ပြီး..လူ့ပတ်ဝန်းကျင် တစ်ခုလုံးကို ..ပျံ့နှံ့သွားခဲ့တယ်..။ဒီလို မုန်တိုင်းတစ်ခုရဲ့ အလယ်ဗဟိုမှာတော့..အကယ်ဒမီက ဝန်ထမ်းတွေ ရှိနေခဲ့ပါတယ်..။

သို့ပေမယ့် ဒီအရာတွေက ပျော်ရွှင်စရာ ရှုပ်ထွေးမူ သက်သက်ပါပဲ..။

ဆေးရုံရဲ့ မြေညီထပ်မှာ ရှိနေတဲ့ ရုံးခန်းအသေးတစ်ခုမှာတော့..အနက်ရောင်​ဘောင်းဘီ ၊ အဖြူရောင် အင်္ကျီ ကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးငယ် တစ်ယောက်ဟာ စားပွဲတစ်လုံးရဲ့ နောက်မှာ ထိုင်နေခဲ့တယ်..။သူမက အစီအရင်ခံစာတစ်ခုကို အလျင်အမြန် ပြုစု နေခဲ့ပါတယ်..။သူမက အညိုရောင် ဆံပင်ကို နောက်ဘက်မှာ စုစည်းကာ အမြင့်ချည်ထားခဲ့ပြီး..သူမရဲ့ နှာခေါင်းပေါ်ကို ခနခန ပြုတ်ကျနေတဲ့ ထူထဲတဲ့ မျက်မှန်ကို ပြန်ပြန်တင်နေခဲ့ရပါသေးတယ်..။

မိန်းမငယ် လေးဟာ..ပြန်ရောက်လာတဲ့ အိပ်စက်သူတွေကို..ကနဦး မေးမြန်းမူတွေ အတွက် တာဝန်ပေးခံထားရတဲ့ စီမံခန့်ခွဲရေး ဝန်ထမ်းတွေထဲက တစ်ဦးပါ..။သူမက မယုံနိုင်စရာ တွေ အများကြီးကို မြင်ဖူးသလို ..မယုံနိုင်စရာ ပုံပြင်တွေလည်း အများကြီး ကြားဖူးထားပါတယ်..။

ပြီးတော့ ဝမ်းနည်းစွာပဲ...ကြေကွဲစရာ ဇတ်လမ်းတွေကို ရောပါပဲ..။

သူမ ဒီနေ့မေးမြန်းတဲ့ လူတွေအားလုံးက ပုံမှန်မဟုတ်ပဲ ထူးခြားတဲ့ လူတွေ ချည်းပါ..။သူတို့ သူမကို ပြန်ပြောခဲ့တဲ့ အရာတွေက သူမကို အေးစက်ပြီး မြင်ယောင်ကြည့်လို့ မရနိုင်အောင်တောင်ဖြစ်ရပါတယ်..။သူတို့ရဲ့ ပြောပြမူတွေက အမှားတွေလို့တောင် သူ ပြောမိတော့မတတ်ဖြစ်ပေမယ့် ဒါက မဖြစ်နိုင်ဘူးဆိုတာကို လည်း သိထားပါတယ်။ရုံးခနိးရဲ့ နံရံတွေမှာ အလိမ်အညာကို ထောက်လှမ်းနိုင်တဲ့ နည်းပညာတွေကို တပ်ထားတာကြောင့် တကယ်ကို ခက်ခဲမယ့် အရာပါ..။

'မယုံနိုင်စရာပဲ..သူတို့က မယုံနိုင်စရာပဲ...သူတို့တစ်ယောက်ချင်းစီတိုင်းက...'

လူသားတွေရဲ့ နယ်နိမိတ်နဲ့ ဖြတ်တောက်ခံထားရတဲပ အိပ်မက်ကမ္ဘာကြီးထဲမှာ အချိန်အကြာကြီး ရှင်သန်နိင်တာ ၊ သူတို့ထက် အဆပေါင်းများစွာ ပိုသန်မာတဲ့အိပ်မက်ဆိုးသားရဲ တွေအများကြီး ရှင်သန်နိုင်တာတွေက တကယ်ကို အံ့ဩသင့်ဖွယ်ရာပါ။ဒီရဲရင့် ငယ်ရွယ်တဲ့ ယောက်ျားတွေ ၊ အမျိုးသမီးတွေ အတွက်တော့ အတော်လေးကို အသိအမှတ်ပြုသင့်ပါတယ်..။

ဒါက သူမကို..ဂရုဏာတရား ၊ ဂုဏ်ယူ မူ ၊ မျှော်လင့်ချက်တွေနဲ့ ပြည့်နေစေခဲ့ပါတယ်..။

ဒီနေ့မှာ လူသားတွေက မထင်မှတ်ထားတဲ့ ၊ အံ့ဩစရာ လက်ဆောင်တစ်ခုကို ရခဲ့ကြတာပါ။

အစီရင်ခံစာကို အဆုံးသတ်ပြီး ၊ အထက်က စီနီယာ ဆီကို တင်ပြပြီးတဲ့နောက်မှာတော့ မိန်းမငယ်လေးဟာ ခလုတ်ကို နိုပ်ပြီး..နောက်အိပ်စက်သူကို သူ့အလှည့်ရောက်ပြီဖြစ်ကြောင်း အသိပေးလိုက်တယ်။

ရုံးခန်းရဲ့ တံခါးက ပွင့်သွားခဲ့ပြီး..အနက်ရောင်ဆံပင်နဲ့ ဖြူဖျော့တဲ့လူငယ်လေးတစ်ယောက်က အထဲကို ဝင်လာခဲ့တယ်..။

အလုပ်ရဲ့ သဘောသဘာဝကြောင့် သူမက မယုံနိုင်လောက်အောင် ဆွဲဆောင်မူ ရှိတဲ့လူတွေနဲ့ ဆက်ခံရတာကို ကျင့်သားရနေခဲ့ပါပြီ..။ဘာပဲဖြစ်ဖြစ် နိုးထသူအများစုကတော့ ကြည့်ကောင်းကြပါတယ်..။သို့ပေမယ့် သူမရဲ့ရှေ့မှာ ရပ်နေတဲ့လူငယ်လေးက..သူမ တွေ့ဖူးသမျှထဲမှာ အချောဆုံး မဟုတ်ပေမယ့်လည်း အချိန်ခနလောက်ကြာတဲ့ အထိ..သူ့ဆီကနေ အကြည့်မလွှဲနိုင်ခဲ့ပါဘူး..။သူမရဲ့ မျက်နှာပေါ်မှာတော့

သဘာဝကျတဲ့ အပြုံးတစ်ခုက ရှိနေခဲ့တယ်..။

ဒီလူငယ်လေးမှာ အာရုံစိုက်မူကို ရနိုင်လောက်တဲ့ ဆန်းကျယ်တဲ့ အရာတစ်ခုခု ရှိနေလောက်ပါတယ်။

သူက အရပ်အနည်းငယ်ပုပြီး ၊ နူးညံ့သွယ်လျှတဲ့ ခန္တာကိုယ်နဲ့ ပြီးပြည့်စုံတဲ့ အဖြူရောင် အသားအရေ ရှိနေခဲ့တယ်..။သူ့ရဲ့ အနက်ရောင်မျက်လုံးတွေက ဖော်ရွေနေပြီး..နောက်ပြောင်တတ်တဲ့အရိပ်အယောင်တွေ ရှိနေခဲ့ပါတယ်..။

ပြီးတော့ သူ့မှာ အနည်းငယ် ထူးဆန်းတဲ့ အရာတစ်ခုလည်း ရှိနေပါသေးတယ်..။မိန်းမငယ်လေးဟာ..စကားလုံးတွေနဲ့ သေချာမပြောနိုင်ပေမယ့် သူ့ရဲ့လှုပ်ရှားမူတိုငိး..စကားလုံးတိုင်းက ဖြစ်သင့်တဲ့ ပုံစံနဲ့ အနည်းငယ် ကွဲပြားနေသလိုပါပဲ..။အမှန်တကယ် မှားယွင်းနေတာ မဟုတ်ပေမယ့်လည်း..လုံးဝ မှန်ကန်နေတာ မျိုးလည်း မဟုတ်ပေ..။

ဒီ အရည်အသွေးက သူမအတွက် စိတ်အနှောက်ယှက်ဖြစ်စေသလို ၊ စိတ်ဝင်စားမူလည်း ဖြစ်စေပါတယ်..။ဒါက သူမ ဒီနေ့ အင်တာဗျူးခဲ့တဲ့ အိပ်စက်သူတွေထက်စာရင် ..သူ့ကို အနည်းငယ် အာရုံပိုစိုက်မိနေတဲ့ အကြောင်းအရင်းပါပဲ..။

လူငယ်လေးဟာ ပြုံးလိုက်ပြီး သူမရဲ့ ရှေ့မှာ ထိုင်လိုက်တယ်..။ဒါကို တုန့်ပြန်လိုက်သလိုပဲ သူမရဲ့ အပြုံးက ပိုမို အသက်ဝင်လာခဲ့ပါတယ်။

"နေ့ကောင်းလေးပဲ..။ကျွန်မနာမည်က တယ်ဒီ ပါ..။ကျွန်မက ဒီနေ့ ရှင့်ကို အင်တာဗျူးပါ့မယ်..နိုးထသူ အာ..."

ဒါပေါ့ သူမက သူ့ရဲ့နာမည်ကို သိထားပြီးပါပြီ..။သူ့ရဲ့ဖိုင်က သူမရဲ့ ကွန်ပြူတာစခရင်ပေါ်မှာ ပေါ်နေခဲ့ပြီးလူငယ်လေးရဲ့ အကယ်ဒမီ တုန်းက အချက်အလကိတွေဟာ ရှိနေခဲ့တယ်..။သို့ပေမယ့် ဒါက အိပ်စက်သူ၇ို သက်သောင့်သက်သာ ရှိစေဖို့အတွက်..ရင်းနှီးတဲ့ ပတ်ဝန်းကျင်ကို လမ်းဖွင့်ပေးလိုက်တာပါ။အိပ်မက်ကမ္ဘာထဲမှာ ကြုံတွေ့ရတာတွေကြောင့် သူတို့က ခက်ခဲပြီး..စိတ်တွေ တင်းကြပ်နေတတ်ပါတယ်။

'နောက်ဆုံးကနေ စရေတွက်ရင် ဒုတိယမြောက် အဆင့်..သနားစရာ ကောင်လေး..။သူ ဘယ်လို ထိပ်လန့်စရာတွေကနေ ရှင်သန်လာခဲ့ရတာလဲ တွေးတောင် မတွေးနိုင်ဘူး...'

လူငယ်လေးဟာ ကျေနပ်ဖွယ် လေသံနဲ့ပြန်ဖြေလာခဲ့တယ်..။

"ဆန်းလပ်စ်..။ဒါပေမဲ့လူတွေက ဆန်နီ လို့ပဲ ခေါ်ကြတယ်..။ဒီတော့..အာ..ထိုးထသူ ဆန်နီ..အဲလို ထင်တာပဲ..။မဟုတ်ဘူး..ဒါကြီးက ထူးဆန်းနေတယ်..။ဒီတိုင်း ဆန်နီလိုပဲ ခေါ်လို့ ရပါတယ်.."

တယ်ဒီ ခေါင်းညိမ့်လိုက်ပြီး..စကားလုံးအနည်းငယ်ကို စက်ထဲရိုက်ထည့်လိုက်တယ်..။

"ကျွန်မတို့က..အိပ်မက်ကမ္ဘာထဲမှာ ရှင်ကြုံတွေ့ခဲ့ရတဲ့ အရာတွေကို မေးသွားချင်တာပါ..။ဒီလို မေးခွန်းတွေရဲ့ ရည်ရွယ်ချက်က အခြေခံအသိပညာ တွေကို တိုးမြှင့် နိုင်ဖို့ဖြစ်ပြီစ..အလားတူစွာပဲ အနာဂတ်မှာ ဘယ်လို အကူအညီတွေ ရနိုင်လဲဆိုတာကို သိနိုင်ဖို့အတွက်ပါ..။ရှင်ပေးနိုင်တဲ့ အချက်အလက် အနည်းငယ်တိုင်းက အနာဂတ် အိပ်စက်သူတွေရဲ့ စမ်းသပ်မူတွေကို ကူညီပေးနိုင်ပါလိမ့်မယ်..။ဒါပေမဲ့ ဒါပေါ့..မဖြေချင်တဲ့ အကြောင်းအရာတွေကို မဖြေလို့ ရပါတယ်.."

နိုးထသူ ဆန်းလပ်စ်....ဆန်နီဟာ လေးနက်စွာခေါင်းညိမ့်လိုက်တယ်..။

"ကျွန်တော် နားလည်ပါတယ်..။အရိုးသားဆုံး နဲ့ အမှတ်အတိုင်းပဲ ဖြေဆိုပါ့မယ်လို့ ကတိပေးပါတယ်..။သိတဲ့အတိုင်းပဲ ကျွန်တော်က အရမ်းရိုးသားတဲ့လူတစ်ယောက်လေ.."

တယ်ဒီ ပြုံးလိုက်ပြီး ပထမမေးခွန်းကို မေးလိုက်တယ်..။

" အိပ်မက်ကမ္ဘာထဲမှာ ရှင် အချိန်ဘယ်လောက် ကုန်ဆုံးခဲ့ရလဲ..!

ဆန်နီ သက်ပြင်းချလိုက်ပြီး..

"တစ်နှစ်နဲ့ ရက်သတ္တပတ် အနည်းငယ်..။တကယ်တော့..အများကြီး ပို ကြာခဲ့တယ်လို့ တောင် ...ခံစားခဲ့ရတယ်.."

ဒါက အချက်အလက်ထဲကို ထည့်သွင်းလိုက်ပါပြီ..။

' ဒါက တကယ်ကြောက်စရာပဲ..။အဲဒီမှာ တစ်နှစ်လုံးတောင်...'

သူမ တွန်းအားပေးကာ ပြုံးလိုက်ပြီး..

"သိပါပြီ..။ရှင်တကယ် ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ ဆန်နီ..။အိပ်စက်သူ အနည်းငယ်လောက်ပဲဒီလောက် ကြာအောင် ရှင်သန်နိုင်ကြတာ..။အထူးသဖြင့် အဲလို နေရာမျိုးမှာပေါ့....မေ့ပျောက်ကုန်းမြေ..ဟုတ်တယ်နော်..."

သူ မဖြေခင်မှာ အနည်းငယ် ကြက်သီးထသွားခဲ့ပြီး..

"အင်း...။ကျွန်တော်တို့ အဲလို ခေါ်ခဲ့ကြတာပဲ.."

တယ်ဒီဟာ အနည်းငယ် ထပ်ရိုက်လိုက်ပြီး..

"တစ်ခြား အိပ်စက်သူတွေရဲ့ ဖြေကြားချက်တွေအရ အိပ်မက်ကမ္ဘာရဲ့ အဲဒီအပိုင်းမှာ အိပ်မက်ဆိုးသားရဲတွေ အရမ်းများပြီး..နိုးထမူ အဆင့်နဲ့ အထက် တွေရှိတယ်လို့ ပြောပြတယ်..။ဒီဟာကို အတည်ပြုပေးနိုင်ပမလား.."

လူငယ်လေးဟာ အနည်းငယ် ဖြူဖျော့သွားပြီး နောက်တစ်ကြိမ် ခေါင်းညိမ့်လိုက်တယ်..။

"ဟုတ်တယ်..။နိုးထမူအဆင့် ၊ ကျရှုံးမူအဆင့်..နဲ့ ပျက်ပြားခြင်း အဆင့်တွေရောပဲ..။ဒါက ညဘက်မှ ပေါ်လာတယ် ဆိုပေမယ့် ပေါ့.."

တယ်ဒီဟာ စာကြောင်းအနည်းငယ် ထပ်ရိုက်ပြီး မေးလိုက်တယ်..။

"အိပ်မက်ဆိုးသားရဲတွေနဲ့ တိုကိပွဲမှာ ရှင်ပါဝင်ခဲ့သေးလား..။ပါတယ်ဆိုရင် ဘယ်နှစ်ကောင်လောက် သတ်ခဲ့သေးလဲ..."

ဆန်နီ ဟာစက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားခဲ့ပြီး သူ့ရဲ့ လက်ကိုမြှောက်ကာ..အတွေးနက်နေတဲ့ အမူအရာနဲ့ စတင်ရေတွက်လိုက်ပါတယ်။

"အာ...သုံး...လေး..."

သူမ စတင်ကာ ရိုက်လိုက်ပြီး တွေးလိုက်တယ်..။

' အိပ်မက်ဆိုးသတ္တဝါ လေးကောင်..။ဒီသနားစရာကောင်လေးက အားနည်း နေပုံပေါက်တာတောင်..သူ့ထက်သန်မာတဲ့ အိပ်မက်ဆိုးသတ္တဝါ လေးကောင်ကို သတ်နိုင်ခဲ့သေးတာလား...။နောက်ဆုံးကနေ စရေတွက်ရင် ဒုတိယအဆင့်မှာ ရှိနေတာ တောင်မှ လေ..။တကယ်ကောင်းတယ်...ဆန်နီ..။မင်းက တကယ်ကို လေးစားစရာပဲ...'

သို့ပေမယ့် ဆန်နီ ပြောတာ မပြီးသေးခဲ့ပေ...။

"...သုံး...လေး....ရာလောက်ပေါ့..."

တယ်ဒီ အေးခဲသွားခဲ့ပြီး..ဖန်သားပြင်ကို စိုက်ကြည့်နေလိုက်တယ်..။

" တစ်ချက်လောက် ..ပြန်ပြောပေးပါလား.."

လူငယ်လေးဟာ သူ့ မေးစေ့ကို အတွေးနက်စွာ ကိုင်နေခဲ့ပြီး...

"ဟုတ်တယ်..ကျွန်တော် ပြောတာ မှန်လောက်တယ်..။လေးရာ ဝန်းကျင်လောက်ပဲ.."

ရှက်ရွံ့ဖွယ်ရာ တိတ်ဆိတ်မူက အတော်ကြာသွားတဲ့ အချိန်မှာတော့ သူ မေးလိုက်တယ်..။

"တဆိတ်လောက်..တယ်ဒီ...အဆင်ပြေရဲ့လား.."

သူမ ဖြည်းညှင်းစွာ ခေါင်းညိမ့်ပြီး ကြိုးစားပြုံးပြလိုက်တယ်..။

"...အကုန်အဆင်ပြေပါတယ် ဆန်နီ..။ကျွန်..ကျွန်မ တောင်းပန်ပါတယ်..။ကျွန်မတို့..အင်တာဗျူးကို အခုခနရပ်ထားရမယ် ထင်တယ်.."

သူ သူမကို ရိုးသားတဲ့ အံ့ဩမူတွေနဲ့ ကြည့်လိုက်ပြီး အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်တယ်..။

"တကယ်လား...ဘာလို့လဲ..."

သူမ လည်ချောငိးကို ရှင်းပြီး မှ ပြန်ဖြေလိုက်တယ်..။

"ကျွန်မ..က..ဒီ အင်တာဗျူးကို ဆက်လုပ်ဖို့ အတွက် အရည်အချင်း မမှီမှာကို စိုးရိမ်နေတာပါ..။ကျွန်..မ ရဲ့ စီနီယာက မကြာခင်မှာ အင်တာဗျူး ထပ်လုပ်ပါလိမ့်မယ်...ဆန်....နိုးထသူ ဆန်းလပ်ပ်..။ကျေးဇူးပြုပြီး မိနစ် အနည်းငယ်လောက် စောင့်နေပေးပါဦး..."

ဆန်နီ သက်ပြင်းချလိုက်တယ်..။

"အိုး..ကောင်းပြီလေ..ဟုတ်ပါပြီ...။အခုလို တွေ့ခဲ့ရတာ ဝမ်းသာပါတယ်..."

ဒီလို ပြောပြီးတာနဲ့ သူက သူမကို တောက်ပစွာ ပြုံးပြလိုက်ပါတယ်။

All Chapters