← Chapters

စွန့်စားမူ နှင့် ဆုလာဒ်

Vol. 24 Ch. 357

စွန့်စားမူ နှင့် ဆုလာဒ်

Vol. 24 Ch. 357

#ဘာသာပြန် = စနိုးဝှိုက်

ဆန်နီဟာ..အစိုးရ အေဂျင့်ရုံးခန်းကနေ ထူးဆန်းတဲ့ ခံစားချက်နဲ့ အတူထွက်လာခဲ့တယ်..။

စကားပြောဆိုမူတွေကတော့ သူ စီစဥ်ထားခဲ့တဲ့အတိုင်း အတိအကျဖြစ်လာခဲ့ပါတယ်။ပိုပြီး အဆင့်မြင့် တဲ့ စပါယ်ရှယ်လစ်ရောက်လာတဲ့ အချိန်မှာတောင်

သူက စကားလုံးတွေကို လိူချင်တဲ့ လမ်းကြောင်းဆီကို ဦးတည်နိုင်နေပါသေးတယ်..။သူက မေးခွန်းတွေ အဖြေတွေကို ပြန်ပြီး ခြယ်လှယ်နိုင်ခဲ့တယ်..။အဆုံးမှာတော့ သူက ထူးခြားတဲ့လူတစ်ယောက်ဖြစ်ပြီး..အထူးခြားဆုံး သူတွေကို မှေးမှိန်သွားတဲ့ အထိတော့ မဟုတ်ဘူးဆိုတာကို လူတွေကို ပြသနိုင်ခဲ့ပါတယ်..။

သူက..ငယ်ရွယ်တဲ့ နိုးထသူတွေကြားထဲမှာ သူက ထိပ်တန်း အဆင့်တစ်ယောက်ဖြစ်ပြီး..ထိပ်တန်း

အဆင့်တွေ ကြားထဲမှာတော့..အောက်ဆုံး အဆင့်ကနေ ပါဝင်နေခဲ့တဲ့လူတစ်ယောက် အဖြစ်ပါ..။

သူက အကြမ်းတမ်းဆုံးသော အောင်မြင်မူတွေကို ဖုံးကွယ်ထားခဲ့ပေမယ့်လည်း..သူ့ရဲ့ ကျွမ်းကျင်မူ ၊ ခွန်အား နဲ့ အောင်မြင်မူတွေကို အမြဲတမ်း ဖုံးကွယ်ထားရတာက ထူးဆန်းတယ်လို့ ခံစားမိပါတယ်..။ဆန်နီ က သူ့ကိုယ်သူ လူပျက်တစ်ယောက် အဖြစ် အမြဲတမ်း ဖန်တီးထားခဲ့တာကြောင့် အခုချိန်မှာ ဒီ မျက်နှာဖုံးကို ဖယ်ရှားပြီး နောက်ထပ် မျက်နှာဖုံးတစွုကို တပ်ရတာက သူ့အတွက် မလွယ်ကူပါဘူး..။

ဒါတောင်မှ ဒါက သူ လုပ်ရမယ့်အရာဖြစ်နေခဲ့တယ်။

သူ နိုးထသူ ဖြစ်ပြီးတဲ့ နောက်မှာ အခြေအနေတွေကျု ကောင်းကောင်း တွေးတော ရတဲ့ အချိန်ဆိုတာ အခုထိ မရှိခဲ့သေးပေ..။သူက ဆေးဘက်ဆိုင် ၊ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမူတွေကို ဆက်တိုက်ကျော်ဖြတ်ရပြီး..မေးခွန်းမေးမြန်း မူ တွေကိုလည်း ဖြေဆိုပေးရပါသေးတယ်..။သို့ပေမယ့် သူက တစ်ခုကိုတော့ ရှင်းရှင်းလင်းလင်း သိထားခဲ့တယ်..။

သူ့ရဲ့ အခြေအနေက အခြေခံကျကျ ပြောင်းလဲသွားပါပြီ..။

အခုချိန်မှာ အရေးကြီးဆုံး လျိုဝှက်ချကိက..ထုတ်ဖော်ခံလိုက်ရပြီး..နစ်ဖီက သူ့ရဲ့ မာစတာဖြစ်သွားခဲ့တာကြောင့်..သူ့ရင်ဘတ်မှာရှိနေတဲ့ လေးလံမူ ကြီးကို ဖယ်ရှားလိုက်သလို ဖြစ်သွားခဲ့တယ်..။

...အဲဲဒီအစား..ပိုပြီး ဆိုးဝါးတဲ့ လေးလံမူကြီးက နေရာဝင်ယူလာခဲ့ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်..သူက နောက်ဆုံးမှာ နည်းနည်းလောက်ဖြစ်ဖြစ် သူ့ကိုယ်သူ သက်သောင့်သက်သာဖြစ်အောင် နေနိုင်ပါပြီ..။အနည်းဆုံးတော့ တစ်ခနလောက်ပါပဲ..။ဒါက သူ နစ်ဖီ အပေါ်မှာ ယုံကြည်လို့ မဟုတ်ပဲ..သူမက အိပ်မက်ကမ္ဘာထဲမှာ ပိတ်မိနေပြီး သူ့အပေါ်ကို ထိန်းချုပ်အမိန့်ပေးချင်ရင်တောင် ပေးလို့ မရလို့ပါ..။

သူ့ရဲ့ အဆိုးဝါးဆုံး အိပ်မက်ဆိုးက လက်တွေ့ဖြစ်လာတဲ့ အချိန်မှာတော့..အခုအခြေအနေက ကြုံတွေ့ရနိုင်တဲ့အထဲမှာ အ​ကောင်းဆုံးပါပဲ..။

သူက ဒီအရာကို တန်ပြန်ဖို့အတွက် စဥ်းစားချိန်အများကြီး ရှိပြီး..အနာဂတ်မှာ ဖြစ်နိင်သမျှ အရာတွေ အတွက် ပြင်ဆင်ချိန်လည်း ရှိပါတယ်..။

ဆေးရုံရဲ့ ရှုပ်ထွေးတဲ့ ကော်ရစ်ဒါတွေပေါ်မှာ လမ်းလျောက်နေရင်း..ဆန်နီ အတွေးနက်နေခဲ့တယ်..။

သူ သေချာတဲ့ တစ်ခုတည်းသောအရာက..သူ့လို နတ်ဘုရား အဆင့် အရိပ်က သခင်တစ်ယောက်တည်းပဲ ရှိနိုင်ပါလိမ့်မယ်..။ဒီတော့ တစ်စုံတစ်ယောက်က သူ့ရဲပ အစစ်အမှန်နာမည်ကို သိသွားပြီး..ကျွန်အဖြစ် ဖန်တီးမှာကို စိတ်မပူရတော့ပေ..။သူ့ရဲ့ လည်ပင်းကို တစ်ချိန်လုံး ချိန်ရွယ်ထားခဲ့တဲ့..ဓားကတော့ အခုဆိုရင်..မရှိတော့ပါဘူး..။

သို့ပေမယ့်..သူ့ရဲ့ အစစ်အမှန်နာမည်ကိုတော့ အကြောင်းပြချက် တစ်ခုကြောင့် လျိုဝှက်ချက် အဖြစ်သိမ်းထားတုန်းပါပဲ..။နစ်ဖီ သာ သေဆုံးသွားခဲ့မယ် ဆိုရင် ဘာဆက်ဖြစ်မလဲ ဆိုတာကို သူ မသိသေးပေ..။

သူက ထာဝရ လွတ်လပ်သွားမှာလား..။ဒါမှမဟုတ် သူမ နဲ့ အတူသေဆုံးသွားမှာလား..။

ဒီ သီအိုရီ တွေက တစ်ခုမှ မမှန်နိုင်လောက်ဘူးဆိုတာ သူ ခံစားမိပါတယ်..။ပထမအနေနဲ့ သူ့ရဲ့ ကဏ္ဍ ဖော်ပြချက်မှာ ရေးထားပုံ အရ..သူက သခင်ကို ဆုံးရှုံးထားတဲ့ နတ်ဘုရား အဆင့် အရိပ်ဖြစ်တာကြောင့်..နောက်တစ်ကြိမ် ထပ်ဆုံးရှုံးဦးမယ် ဆိုရင်တောင်..သူက အသက်ရှင်နိုင်ဦးမှာပါ..။ဒုတိယအနေနဲ့ အရိပ်ချည်နှောင်မူ ဆိုတဲ့ စာသားက..အညိုရောင်ဖြစ်ကာ အသက်မဲ့သွားပေမယ့် ပျောက်ကွယ်သွားခြင်း မရှိပါဘူး..။

ဒါက အနာဂတ်မှာ..နူးညံ့တဲ့ အလင်းရောင်တွေ ပြန်လည် ပေါ်ထွက်လာနိုင်တယ် လို့ ဆိုလိုတာပါ..။

ဒီတော့..ဖြစ်နိုင်ချေအရှိဆုံး ရှင်းပြချက်က..နစ်ဖီသာ အသက်ရှင်နေဦးမယ် ဆိုရင် သူက လုံခြုံနေဦးမှာ ဖြစ်ပြီး..သူမသာ အသတ်ခံလိုက်ရမယ်ဆိုရင်..အစစ်အမှန် နာမည်ကို တစ်ခြားတစ်စုံတစ်ယောက်က အသုံးပြုလာနိုငိ ဦးမှာပါ..။

သူ့မျက်နှာပေါ်မှာ နက်ရှိုင်းတဲ့ မျက်မှောင်ကျုတ်မူ တစ်ခု ပေါ်လာခဲ့တယ်..။

မေ့ပျောက်ကုန်းမြေရဲ့ သေကြေပျက်ဆီးတဲ့ အကြွင်းအကျန် တွေ ထဲမှာ တစ်စုံတစ်ယောက်က ဘယ်လောက်ကြာအောင်..ရှင်သန်နိုင်မှာလဲ..။အနက်ရောင်ပင်လယ်က..မရှိတော့သလို ..နေလုံးကြီးကလည်း မရှိတော့ပါဘူး..။အိပ်မက်ဆိုးသားရဲ အများစုက သေဆုံးသွားပြီ ဖြစ်ပေမယ့်..အသန်မာဆုံးတွေက ရှင်ကျန်ရစ်နေပါသေးတယ်..။အနည်းဆုံးတော့ ပြောင်းလဲနေတဲ့ကြယ်ပွင့်က ကြက်သွေးရောင် ထိပ်ဖျားကနေ လွတ်မြောက်သွားတဲ့ ပုံပါပဲ..။သူမ အခုဘာဆက်လုပ်မှာလဲ..။

လူသားခံတပ်ကို ရောက်ဖို့အတွက် ဟောလိုး တောင်တန်းကို ဖြတ်သန်းမှာလား..။ဒါမှမဟုတ် သူမက မြောက်ဘက် ၊ အနောက်ဘက်နဲ့ အရှေ့ဘက်ကိုရှာဖွေပြီး..သူမရဲ့ ကံတရားကို စမ်းသပ်မှာလား..။သူမ အစစ်အမှန်ကမ္ဘာကို ပြန်လာနိုင်ဖို့ ရာခိုင်နှုန်းက ဘယ်လောက်များနိင်မှာလဲ..။

တကယ်လို့ တစ်ခြားတစ်ယောက်ယောက် ဆိုရင် ဒီလိုဖြစ်နိုင်ချေက သုည လို့ ပြောလိုက်မှာပါ..။သို့ပေမယ့် ဒါက နစ်ဖီ ဖြစ်နေခဲ့တယ်..။အကြောင်းပြချက် တစ်ချို့ကြောင့် သူမက တစ်နည်းအားဖြင့် ရှင်သန်နိုင်မယ်ဆိုတာ သူ သေချာသိနေခဲ့ပါတယ်..။

ဒီတော့ ဟုတ်တယ်..။အရာရာတိုင်းက..မရှင်းမလင်း ရှိနေခဲ့သေးပေမယ့်..သူ့အခြေအနေက အခြေခံအားဖြင့် ပြောင်းလဲသွားခဲ့ပါပြီ..။

သူက အခုချိန်မှာ နိုးထသူ တစ်ယောက်ဖြစ်လာပြီဖြစ်တာကြောင့်..သူ့ရဲ့ အရှေ့မှာ မရေတွက်နိုင်တဲ့ ဖြစ်နိုင်ချေတွေ အများကြီးရှိနေခဲ့ပါတယ်..။အကောင်းဆုံး အခွင့်အရေးတွေနဲ့ ၊ အကျိုးကျေးဇူးအားလုံး ရရှိဖို့ဆိုရင် သူက အဆင့်အတန်း ဆိုတဲ့ အရာကို လိုအပ်နေခဲ့တယ်..။

ဒီအချက်မှာတော့..အားနည်းတဲ့ပုံစံ ဆက်ပြီး ဟန်ဆောင်နေတာက အတားတဆီး ဖြစ်သွားနိုင်ပါတယ်..။ဆန်နီကတော့ စွန့်စားမူတွေ အများကြီးမလုပ်ပဲ ဆုလာဒ်တွေ များနိုင်သလောက် များများ လိုချင်နေခဲ့တဲ့လူတစ်ယောက်ပါ..။ဒါကြောင့် သူက ပုံမှန်လုပ်နေကြ ပုံစံအတိုင်း..ကနေ ခွဲထွက်ပြီး အစိုးရကို သူက ထိပ်တန်းအရည်အသွေးရှိတဲ့ နိုးထသူ တစ်ယောက်ဖြစ်ကြောင်း အချက်အလက်တွေ လုံလောက်အောင် ပေးထားခဲ့ပါတယ်။

သူ့မှာ ရွေးချယ်စရာ အများကြီးရှိနေတာတော့ မဟုတ်ပါဘူး..။နှေးပြီးတော့ ဖြစ်ဖြစ် မြန်ပြီးတော့ဖြစ်ဖြစ်..ဒီလူတွေက သူ့ရဲ့ မေ့ပျောက်ကုန်းမြေပေါ်က အခြေအနေတွေကို သိသွားကြမှာဖြစ်ပြီး အားနည်းတဲ့လူတွေက အဲဲဒီနေရာမှာ မရှင်သန်နိူင်ကြဘူးဆိုတာကို သိသွားပါလိမ့်မယ်..။

ကံကောင်းချင်တော့ ဒီနေ့ခေတ်မှာ ထိပ်တန်း အရည်အသွေးရှိတဲ့ နိုးထသူ တွေက မရှားပါး လှပေ..။တစ်ခြားနေ့ တွေမှာဆိုရင် ဆန်နီရဲ့ အရည်အသွေးတွေက..ကြီးမားတဲ့ ပေါ်ထွက်မူကြီးဖြစ်နိုင်ပေမယ့်..အခုတော့ သူက တစ်ရာထဲက တစ်ယောက်ပါ..။

တစ်ရာ အကြောင်းပြောမှပဲ..

အကွေ့တစ်ခုကို ကွေ့ပြီးတဲ့နောက်မှာတော့ ဆန်နီဟာ ရုတ်တရက် သေးငယ်တဲ့လူအုပ်တစ်ခုရဲ့ အလယ်ကို ရောက်သွားတာကို တွေ့လိုက်ရတယ်..။ဒါဇင်နဲ့ချီတဲ့ ယောက်ျားလေး ၊ မိန်းကလေးတွေက..ခန်းမအသေးတစ်ခုရဲ့ အလယ်မှာ ရပ်နေခဲ့ကြတာပါ။သူတို့ရဲ့ မျက်နှာတွေပေါ်မှာတော့...မဖော်ပြနိုင်တဲ့ ခံစားချက်တွေဖြစ်တဲ့..ပျော်ရွှင်မူ ၊ ဝမ်းနည်းမူ ၊ စိုးရိမ်မူ နဲ့ မျှော်လင့််မူ တွေရှိနေခဲ့ပါတယ်..။

လူအများကြီးက နာမည်စာရင်းတွေ ပြသထားခဲ့တဲ့

စခရင်ကို ကြည့်နေခဲ့ကြတယ်..။

သူတို့ကတော့ အိပ်မက်စစ်တပ်ရဲ့ ရှင်ကျန်ရစ်သူတွေပါ..။

ဒါပေါ့..လူတိုင်းကတော့ ဒီမှာ ရှိမနေခဲ့ပါဘူး.။တစ်ချို့တွေက မေ့ပျောကိကုန်းမြေပေါ်မှာ နှစ်တွေ အများကြီး ရှိနေခဲ့တာကြောင့်.အစိုးရရဲ့ တစ်ခြား အဆောက်အအုံ တွေ ၊ မိသားစုတွေ ဆီကို လွှဲပေးလိုက်ကြပါပြီ..။ဆန်နီဟာ ဆိုင်ရှန် ၊ ကိုင် နဲ့

အယ်ဖီ တို့ကို မတွေ့ခဲ့ရပေ..။

...ပြီးတော့ ကတ်စီ ကိုရောပါပဲ..။

သူ့မျက်နှာက နက်မှောင်သွားခဲ့တယ်..။

ပထမနှစ်ယောက် မရှိတာကတော့ အဓိပ္ပါယ် ရှိပါတယ်..။ကိုင် က စျေးကြီးတဲ့ VIP စောင့်ရှောက်မူ အထောက်အပံ့ တွေကို ရယူထားခဲ့မှာဖြစ်ပြီး ဆိုင်ရှန်ကတော့ သူမ ကလန်ရဲ့ ခံတပ်မှာ ရှိနေလောက်မှာပါ..။သိူ့ပေမယ့် ကျန်တဲ့နှစ်ယောက်ဘယ်ရောက်နေတာလဲ ဆိုတာတော့ သူမသိပေ..။

ဆန်နီ ခနလောက် တွေဝေနေပြီးကာမှ စခရင်ပေါ်မှာရေးထားခဲ့တဲ့ နာမည်စာရင်းတွေကို လှမ်းကြည့်လိုက်တယ်..။

သို့ပေမယ့် သူ မဖတ်ရသေးခင်မှာပဲ တစ်စုံတစ်ယောက်က သူ့အနားကို ကပ်လာပြီး တင်းကြပ်စွာ ဖက်လိုက်ပါတယ်..။

' ဝှတ် သယ်....."

ဆန်နီ ကြည့်လိုက်တဲ့ အချိန်မှာတော့ ရင်းနှီးတဲ့လူငယ်လေးက သူ့ကို စိတ်အားထက်သန်စွာ ဖက်ထားတာကို တွေ့လိုက်ရပါတယ်..။ခနအကြာမှာတော့ လူငယ်လေး ဟာသူ့ကို လွှတ်ပေးလိုက်ပြီး..တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ကြည့်လ်ိုက်တယ်..။

"ဆန်နီ..မင်းရော ဒီမှာရောက်နေတာလား.."

သူ ပြန်မဖြေနိုင်ခင်မှာပဲ..လူငယ်လေးရဲ့ မျက်နှာပေါ်မှာ ဝမ်းနည်းတဲ့ အမူအရာတွေ ပေါ်လာခဲ့တယ်..။သူ့အသံကတော့..တုန်ရီပြီး ခံစားချက်တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်..။

"ကျေးဇူးပါ..ကျေးဇူးအရမ်းတင်ပါတယ် ဆန်နီ..။မင်းနဲ့ မင်းရဲ့ အရိပ်ကြောင့်သာ မဟုတ်ရင်..ငါတို့ ထွက်ပေါက်ဆီကို ဘယ်တော့မှ ရောက်နိုင်မှာ မဟုတ်ဘူး.."

ဒီစကားတွေ ထွက်ပေါ်လာတဲ့ အချိန်မှာတော့ တစ်ခြားလူတွေ လှည့်ကြည့်လိုက်ကြတယ်..။သူတို့ ဆန်နီကို မြင်လိုက်တာနဲ့ သူတို့ရဲ့ မျက်နှာပေါ်က အပြုံးတွေ တောက်ပလာခဲ့ပါတယ်..။အသံတွေက လူအုပ်ထဲမှာဆက်တိုက် ထွက်ပေါ်လာခဲ့တယ်..။

"ကောင်လေးတို့..ဒါက ဆန်နီပဲ.."

"ကျေးဇူးပါ ကွာ..."

"မင်း ငါတို့အတွက် လုပ်ပေးခဲ့တာကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး.."

ဆန်နီ သူတို့ကိုကြည့်ပြီး ကြောင်အနေခဲ့တယ်..။

' ထူးဆန်းတယ်..ဒါက အတော် ထူးဆန်းတယ်..'

သူက အိပ်စက်မူ ခေါင်းတလား မှာ အသက်ပြန်ဝင်လာကတည်းက သာမန်လူသားတွေက သူ့ကို တလေးတစား ဆက်ဆံကြပါတယ်..။သူတို့က ကြောက်စရာကောင်းတဲ့ အသုံးအနှုန်းတွေဖြစ်တဲ့ " ဆျာ " ဒါမှမဟုတ် " နိုးထသူ ဆန်းလပ်စ် ' လို့ ခေါ်နေခဲ့ကြတယ်..။

ပြီးတော့ အခုချိန်မှာ ...ဘာလို့ လူတိုင်းက သူ့ကို ရင်းနှီးပြီး..တွေ့ရတာ ဝမ်းသာနေကြတာလဲ..။သူက ဒီလိုအရာမျိုးကို တစ်ခါမှ အတွေ့အကြုံ မရှိပါဘူး..။

န်ိုးထသူ တစ်ယောက် ဆိုတာက ဒီလိုပဲလား...။

ဒါဇင်နဲ့ချီတဲ့ လူငယ်လေးတွေက သူ့အနားကို ရောက်လာပြီး လက်ဆွဲနှုတ်ဆက်မူတွေ ဒါမှမဟုတ် ပခုံးကို ပုတ်တာတွေ..လုပ်လာခဲ့တာကြောင့်..သူ ရှက်ရွံ့စွာ ပြုံးလိုက်တယ်..။

"အာ...တွေ့ရတာဝမ်းသာပါတယ် ကောင်လေးတို့ "

လတ်တလော သူ့ရဲ့ မျက်နှာရှေ့တည့်တည့်မှာ ရှိနေတဲ့ မိန်းကလေးဟာ ပြုံးပြပြီး တုန့်ပြန်ခဲ့တယ်..။ယင်းနောက်..သူမရဲ့ မျက်နှာက နက်မှောင်သွားခဲ့ပြီး..

"နင်​ ပြန်လာပြီးတဲ့နောက်မှ မိန်းကလေး နစ်ဖီ အကြောင်း ကြားမိသေးလား.."

သူ တုန်လှုပ်သွားပြီး ခေါင်းခါယမ်းလိုက်တယ်..။

"ဟင့်အင်...နင်ရော..."

သူမက စခရင်ကို ပြန်ကြည့်လိုက်ပြီး..သူမရဲ့ မျက်လုံးတွေကနေ မျက်ရည်တွေ ကျလာခဲ့ပါတယ်..။

"ဘာ သတင်းမှမကြားရဘူး..။ငါတို့ထဲက ဘယ်သူမှ မကြားရဘူး..။ထိပ်ဖျားကို ရောက်လာနိုင်ကြတဲ့ သူတွေထဲမှာ နှစ်ယောက်ပဲ ပြန်ထွက်မလာနိုင်သေးတာ..။သူမက...ငါတို့တော့ သူမက အထဲမှာ ရှိနေသေးတယ်လို့ ထင်တာပဲ..."

ဆန်နီ အတော်ကြာအောင် တွေဝေနေပြီးကာမှ မေးလိုက်တယ်..။

"နောက်တစ်ယောက်က ဘယ်သူလဲ.."

မိန်းမငယ်လေးဟာ သက်ပြင်းချလိုက်ပြီး..

"ဆျာ ကတ်စတာ ပဲ..။ထွက်ပေါက်နားမှာ သူ့ကို တွေ့တဲ့သူ ဘယ်သူမှ မရှိဘူး..။သူက တယ်ရာကို ထိန်းပေးထားတဲ့ သူမကို သွားကူညီတာပဲဖြစ်ရမယ်..။ပြီးတော့ ..ပြီးတော့..."

သူမရဲ့ အသံက တုန်ရီနေခဲ့ပြီး...

"...တစ်စုံတစ်ယောက်က သူ သေတယ်လို့တောင် ပြောခဲ့သေးတယ်..။အိုး ဘုရားရေ..မိန်းကလေး နစ်ဖီ ပါ သေသွားခဲ့ရင် ဘယ်လိုလုပ်မလဲ..."

ဆန်နီ စက္ကန့်အနည်းငယ်ကြာအောင် တွေဝေနေခဲ့ပြီးကာမှ စိတ်ပျက်တဲ့အမူအရာ ပေါ်လာခဲ့တယ်..။ယင်းနောက်..သူမရဲ့ ပုခုံးကို အသာအယာ ပုတ်ပေးခဲ့ပြီးနောက်မှာ..တိတ်တဆိတ် လျောက်ထွက်လာခဲ့လိုက်ပါတယ်..။

All Chapters