← Chapters

အရိပ်ခြေလှမ်း

Vol. 24 Ch. 358

အရိပ်ခြေလှမ်း

Vol. 24 Ch. 358

#ဘာသာပြန် = စနိုးဝှိုက်

ဆေးရုံဝန်ထမ်းတွေက..နိုးထသူ အသစ်တစ်ယောက်ချင်းစီတိုင်းကို..အဆောက်အဦးရဲ့ မြေအောက်ထပ်မှာ အခန်းတစ်ခန်းစီ ပေးထားခဲ့ကြတယ်..။ဒါက အနားယူဖို့အတွက်နဲ့ နေထိုင်စရာ အတည်တကျ မရရှိခင်မှာ..သူတို့ရဲ့ စွမ်းရည်အသစ်တွေကို လေ့လာဖို့အတွက်ပါ..။ဒါပေါ့..သူတိူ့က အကယ်ဒမီမှာ နေထိုင်ချင်ကြတယ် ဆိုမှာပါ..။

ဒီနေရာမှာတော့..သူတို့ရဲ့ မိသားစူတွေကိုပါ ခေါ်လို့ရပြီး..အတူတကွ သီးသန့်အချိန် ကုန်ဆုံးလို့ ရပါသေးတယ်..။လတ်တလောမှာတော့ ဆန်နီရဲ့ အခန်းပတိဝန်းကျင်မှာ ခံစားချက်ပြင်းထန်တဲ့ တွေ့ဆုံမူတွေ ရှိနေခဲ့ကြတယ်..။အိပ်စက်သူ စစ်တပ်ရဲ့ ရှင်ကျန်သူတွေက မေ့ပျောက်ကုန်းမြေပေါ်မှာ နှစ်တွေအကြာကြီး ကုန်ဆုံးခဲ့ကြရတာကြောင့်..ဒီအခြေအနေက ပျော်ရွှင်မူ နဲ့ နှလုံးခုန် မြန်ဆန်မူကို ဖြစ်ပေါ်စေပါတယ်..။

သူတို့က အမှန်တကယ်ပဲ ငရဲကို ကျော်ဖြတ်ခဲ့ကြရတယ် ဆိုပေမယ့်..အစစ်အမှန် ကမ္ဘာပေါ်က သူတို့ချစ်တဲ့ သူတွေကလည်း ခံစားခဲ့ကြရတာပါပဲ..။

...ဆန်နီကတော့ ဒီအကြောင်းကို သိပ်ပြီး မသိပေ..။ဘာပဲဖြစ်ဖြစ်..ဘယ်သူကမှ သူ ပြန်လာတာကို စောင့်ဆိုင်းနေတာ မဟုတ်ပါဘူး..။

ဘာပဲဖြစ်ဖြစ်..သူ့ကို ပေးထားတဲ့ အခန်းကတော့ လုံလောက်အောင်ကို သက်သောင့်သက်သာ ရှိပါတယ်..။ဒီနေရာမှာတော လေ့ကျင့်ရေးအတွက် နေရာ ၊ ရေ နဲ့ မုန့်ပဲသရေစာ တွေပါဝင်တဲ့ စားပွဲတစ်ခု ၊ ဆိုဖာ တစ်လုံး နဲ့ အိပ်ယာတစ်ခုတောင် ပါဝင်ပါတယ်..။

ဒါပေါ့ ပြန်လာတဲ့ လူတွေထဲက ဘယ်သူကမှတော့ အိပ်ကြမှာ မဟုတ်ပါဘူး..။အနည်းဆုံးတော့ ရက်အနည်းငယ် ကြာအောင်ပါ..။

တောက်ပနေတဲ့ သင်္ကေတ များရဲ့ အဆုံးမှာတော့..ဆန်နီဟာ နောက်ထပ် သင်္ကေတ အသစ်ကို တွေ့လိုက်ရတယ်..။

ထွပ်ပေါက် : -

တကယ်တော့ နိုးထသူ တစ်ယောက် အသုံးပြုခဲ့တဲ့ထွက်ပေါက် ရဲ့ နာမည်ကို ဒီနေရာမှာ ရေးထားလေ့ရှိပါတယ်..။ဒါကတော့ အိပ်မက်ကမ္ဘာထဲက သူတို့ရဲ့ မှီခိုရာ ပါပဲ..။

နိုးထသူ တစ်ယောက်အိပ်ပျော်သွားပြီ ဆိုရင်..သူတို့က သူတို့ အခြေပြုရာ ဖြစ်ခဲ့တဲ့ ထွက်ပေါက်ကို ပို့ဆောင်ခြင်းခံကြရပါတယ်..။ဒီကတဆင့် သူတို့က အိပ်မက်ကမ္ဘာထဲမှာ ကြိုက်သလောက် အချိန်ကုန်ဆုံးတာ ၊ အချိနည်းနည်းပဲ ကုန်ဆုံးတာ ၊ သူတို့ရဲ့ ဝိဥာဥ် တွေကိုကမ္ဘာတွေကြားထဲမှာ သွားလာနိုင်တဲ့အထိ နေထိုင်တာတွေ လုပ်ပြီးတဲ့ နောက်မှာ ထွက်ပေါက်ကနေ တဆငိ့ အစစ်အမှန်ကမ္ဘာဆီကို ပြန်လာလို့ရကြပါတယ်။

သို့ပေမယ့်..မေ့ပျောက်ကုန်းမြေရဲ့ ထွက်ပေါက်က ဖျက်ဆီးခံခဲ့ရပါပြီ..။ဒီအကြောင်းပြချက် ကြောင့်..အိပ်မက်စစ်တပ်ရဲ့ ရှင်ကျန်သူ တွေဟာ..အိပ်မက်ကမ္ဘာထဲမှာ အခြေပြုရာ နေရာ မရှိကြတော့ပေ..။ဒီလိုနဲ့ပဲ..သူတိူ့က အစစ်အမှန်ကမ္ဘာကြီးထဲမှာ ထာဝရနေကြရတော့မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး..။

ဒါကတော့ သူတို့ အိပ်ပျော်သွားတာနဲ့ ကျပမ်းနေရာတစ်ခုကို ပို့ဆောင်ခံကြရမယ်လို့ ဆိုလိုတာပါ..။ဒါက အိပ်မက်ဆိုး နယ်မြေထဲကို သူတို့ ပထမဆုံး သွားလာကြတဲ့ အချိန်တုန်းကလိုပါပဲ..။အခိုက်အတန့်ရဲ့ ရက်စက်တဲ့ ဂရုဏာတရားအောက်မှာ ပြန်လည်ရောက်ရှိတာက အတော်လေးကို ကြောက်မက်ဖွယ် ကောင်းပါတယ်..။

အထူးသဖြင့်..ကံဆိုးမူတွေက..ဘယ်လိုအခြေအနေမျိုးတွေမှာပဲဖြစ်ဖြစ်..တွေ့အောင်ရှာပြီး ရောက်လာတတ်တဲ့ ဆန်နီ အတွက်ပါ..။

သို့ပေမယ့် အခြေအနေကတော့ သိပ်ပြီး မဆိုးလှပေ..။

နိုးထသူ အသစ်တွေဟာ..အခွင့်အရေးပေါ် မှီခိုမနေပဲ သူတို့ရဲ့ အခြေပြုရာကို ပြောင်းလဲနိုင်စွမ်းရှိကြပါတယ်။ဒါကတော့ ..အိပ်မက်ကမ္ဘာထဲကို အခိုက်အတန့်ရဲ့ စွတ်ဖက်မူတွေ မပါဝင်ပဲ သွားလာနိုင်နေကြတဲ့ သူတော်စင် တစ်ယောက်ရဲ့ ဝန်ဆောင်မူကို ရယူဖို့ပါ..။ဒီလိုဆိုရင် သူတို့က သူတော်စင်ရဲ့ ကိုယ်ပိုင် အခြေပြုရာ နေရာကို ရောက်သွားကြပါလိမ့်မယ်..။

ဒါပေါ့ ..အဲဲဒီအခြေပြု နေရာက လူသားခံတပ် ထဲမှာပဲ ရှိနေဖို့ များပါတယိ..။

လူသားမျိုးနွယ်ထဲမှာ အသက်ရှင်ချက်ရှိနေတဲ့ သူတော်စင်က ဒါဇင် အနည်းငယ်ပဲ ရှိနေခဲ့တာပါ။ဒီတော့ သာမန် နိုးထသူတစ်ယောက်က သူတို့ရဲ့ အကူအညီကို ရယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..။

သို့ပေမယ့် ဆန်နီ က သာမန် နိုးထသူတစ်ယောက် မဟုတ်ပေ..။တကယ်တော့..အိပ်မက်စစ်တပ်ရဲ့ ဘယ်ရှင်ကျန်သူမှ သာမန် မဟုတ်ကြပါဘူး။

နှစ်စဥ်နှစ်တိုင်းမှာ အင်အားကြီးတဲ့ ခံတပ်တွေက နိုးထသူ အသစ်တွေကို စုဆောင်းလေ့ရှိကြပြီး..သူတို့ရဲ့ ထွက်ပေါ်မှာ အခြေပြု နိုင်ဖို့ နည်းလမ်းတွေကို ပေးလေ့ရှိကြပါတယ်။ဒီ အစီအစဥ်ကနေ လူတိုင်းက အကျိုးအမြတ် ရရှိကြမှာပါ..။အရည်အချင်းရှိတဲ့ နိုးထသူ က သူတို့သာ ဆန္ဒရှိရင် အခြေပြု နေရာကို ပြောင်းလဲနိုင်ကြမှာဖြစ်ပြီး..ခံတပ်တွေကတော့ သန်မာတဲ့ ကာကွယ်သူ အသစ်ကို ရကြပါလိမ့်မယ်..။ဒါမှမဟုတ်လည်း သူတို့ရဲ့ ရေရှည်အခြေအနေ နဲ့ နေထိုင်မူတွေကို တိုးမြှင့်ပေးနိင်တဲ့..လက်မူပညာရှင်တွေပါ..။

မေ့ပျောက်ကုန်းမြေပေါ်က ရှင်ကျန်သူတွေရဲ့ ထူးခြားမူတွေ ၊ သူတို့ရဲ့ မယုံနိုင်ဖွယ် ကြုံတွေ့ခဲ့ရမူတွေကြောင့် နောက်ရက်အနည်းငယ် ဆိုရင်..လူသစ်ခေါ်တဲ့ စစ်ပွဲအသေးစားတွေ ဖြစ်ကြပါတော့မယ်..။ကြွယ်ဝတဲ့ ခံတပ်တွေက ဒီ ထူးချွန်တဲ့ လူငယ်တွေကို သူတို့ရဲ့ အဖွဲ့ထဲကို ပေါင်းစည်းနိုင်မယ့် အခွင့်အရေး အတွက် တိုကိခိုက်ကြမှာဖြစ်ပြီး..ပိုမိုကောင်းမွန် ၊ ကြီးမားတဲ့ ဆုလာဒ် တွေ နဲ့ ကမ်းလှမ်းကြပါလိမ့်မယ်..။

အစိုးရကလည်း ဒီနေရာမှာ ဝင်စွတ်ဖက်လာကြပြီး..ခံတပ်တွေကို အိမ်အဖြစ် မဝင်ရောက် နိုင်ခဲ့ကြတဲ့ နိုးထသူတွေကို ကူညီပေး ပါတယိ။

အိပ်စစ်သူ စစ်တပ်ရဲ့ ရှင်ကျန်သူတွေဟာ..သူတို့ရဲ့ အနာဂတ် အခြေပြုနေရာ ရဲ့ အသေးစိတ်အချက်အလက်တွေကိုကြည့်ပြီး ဆုံးဖြတ်ချက် မချနိင်ခင်သေးမှာ..လုံလောက်အောင် နိုးထနေဖို့လိုအပ်ပါတယ်..။သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ တွေက သာမန်လူတွေထက် အများကြီး ပိုသန်မာနေတာကြောင့်..သူတို့က နေ့တိုင်း အိပ်စက်နေဖို့ မလိုအပ်တော့ပေ..။ဒီတော့ နှစ်ရက် ၊ သုံးရက်လောက် မအိပ်ပဲ နေရတာက ပြသနာ မရှိပါဘူး..။

...ဆန်နီလည်း ဒီရက်ပိုင်းအတွင်းမှာ လုပ်စရာတွေ ရှိနေခဲ့တယ်..။

ပထမဆုံးအရာကတော့..သူရဲ့ အာရုံစိုက်မူကို ကိုယ်ပိုင် အခန်း ဆီကနေ ဖယ်ရှားပြီး..အရိပ်ခြေလှမ်း ရဲ့ အကန့်အသတ်ကို စမ်းသပ်တာပါ။

ဒီစမ်းသပ်မူရဲ့ ရလာဒ်က သူ့ကို အံ့ဩစရာကောင်းစေခဲ့တယ်..။

သူသံသယ ရှိခဲ့တဲပ အတိုင်းပဲ..အရိပ်တွေကြားထဲမှာသွားလာနိုင်တဲ့ စွမ်းဆောင်ရည်က..ထူးဆန်တဲ့

တယ်လီပို့ ပုံစံ နဲ့ဆင်တူပါတယ်..။သူက သူ့ခန္တာကိုယ် ကို ဖုံးကွယ်ထားနိုင်တဲ့ အရိပ်ထဲကို ဝင်သွားပြီးတာနဲ့ ချက်ချင်းနောကိတစ်နေရာမှာပေါ်လာခဲ့တယ်..။

သို့ပေမယ့် ခုန်လို့ရတဲ့ အကွာအဝေးကတော့ သိပ်ပြီး မကြီးမားပါဘူး..။လတ်တလောမှာတော့ ဒါက သူ့ရဲ့ အရိပ်အာရုံခံမူ ထက်တောင်ပိုပြီး သေးငယ်ပါသေးတယ်..။သို့ပေမယ့် သူ အရိပ်အပိုင်းအစ တွေကိုသာ များများစုပ်ယူနိုင်ရင် ..မေ့ပျောက်ကုန်းမြေပေါ်က အရိပ်ထိန်းချုပ်မူလိုမျိုး မြင့်တက်လာနိုင်တယ် ဆိုတာ သိထားပြီးသားပါ။

ဒီ စည်းမျဥ်းမှာ ခြွင်းချက် တစ်ခုလည်း ရှိနေပါသေစတယ်..။

သူ့ရဲ့ အရိပ်တွေကနဲ့ သူ့ ကြားက အကွာအဝေး ဘယ်လောက်ပဲ ဝေးနေပါစေ..သူက အဲဒီနေရာကို သွားလို့ရပါတယ်။

အခုဆိုရင် သူရဲ့ အရိပ်တွေက ကီလိုမီတာ အချို့အထိ သွားလာနိုင်နေကြပါပြီ..။ဆိုလိုတာကတကယ်လို့ သူ့အရိပ်တွေကို ဆန့်ကျင်ဘက်နှစ်နေရာ အဆုံးအထိ လွှတ်လိုက်မယ်ဆိုရင်..သူက တစ်စက္ကန့်အတွင်းမှာတင် လေးကီလိုမီတာလောက်ကို ဖြတ်သန်း သွားနိုင်ပါလိမ့်မယ်..။

ဒါက အရိပ်ခြေလှမ်းရဲ့ တစ်ဖက်တည်းပဲ ရှိနေသေစတာပါ..။နောက်တစ်ခုကတော့ ပို ဆန်းကျယ်ပြီး ၊ မထင်မှတ်စရာကောင်းနေခဲ့တယ်..။

အရင်က ဆိုရင် ဆန်နီက အရိပ်တွေထဲမှာ သွားလာလှုပ်ရှားနိုင်ပြီး သူ့ကို ရှာမတွေ့နိုင်အောင်ဖြစ်စေပါတယ်..။

သို့ပေမယ့် အခုဆိုရင် သူက အရိပ်တွေရဲ့ အစိတ်အပိုင်း အဖြစ်ပါ ပြောင်းလဲသွားပြီး..ခန္တာကိုယ် အကောင်အထည် မရှိသလို ဖြစ်သွားပါလိမ့်မယ်..။ဒါက သူ့ကို မြင်ကွင်းထဲမှာ လုံးဝ ထောက်လှမ်းလို့ မရနိုင်ယုံတင်မကပဲ..အရိပ်တွေကြားထဲမှာ မယုံနိုင်စရာ အမြန်နှုန်းနဲ့လည်း သွားလာနိုင်စေမှာပါ..။ဒါက ဘယ်လောက် ဝေးပြီး ကျယ်ပြန်လည်း ဆိုတာ ပြသနာ မရှိပေ..။

ဒီအခြေအနေမှာဆိုရင်..သူက ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မူ တွေကို အပြည့်အဝ ခံနိုင်ရည် ရှိနေပေမယ့် သူကိုယ်တိုင်လညိး တိုကိခိုက်လို့ မရပြန်ပါဘူး..။

ဒါက အရမ်းထူးဆန်းသလို ခံစားရတယ်..။အတော်လေး ..ငြိမ်းချမ်းနေသလိုပဲ..။ဆန်နီ ချက်ချင်းအာရုံပြန်စိုက်ထားလိုက်တယ်..။

ဒီစွမ်းရည်က သူ့ကို ညဘက်မှာ တကယ်မယုံနိင်စရာကောင်းစေပါတယ်။ဒါမှမဟုတ် ဟောလိုးတောင်တန်းလို နေရာမျိုးတွေကို စူးဆန်းရှာဖွေတဲ့ အချိန်မှာပါ..။

အတိုးချုပ်ပြောရရင် အရိပ်ခြေလှမ်းက မယုံနိင်စရာပါပဲ..။

သို့ပေမယ့် ဒါက တန်ကြေးတစ်ခုနဲ့လာခဲ့တာပါ။

အရိပ်ထိန်းချုပ်နဲ့ မတူညီတာက..အရိပ်ခြေလှမ်းကိုအသုံးပြုဖို့အတွက် ဝိဥာဥ် အဆီအနှစ်ကို လိုအပ်ပါတယ်..။သူ ခုန်လိုက်တဲ့ အကွာအဝေးက များပြားလေလေ..၊ အရိပ်ထဲမှာ ပုံသဏ္ဍာန်မဲ့နေနေတာက အချိန်များလေလေ..သူ့ရဲ့ အဆီအနှစ်တွေ ပိုကုန်လေပါပဲ...

သီအိုရီအရဆိုရင် သူသာ လေးမီတာလောက် ခုန်လိုက်မယ် ဆိုရင် သူ့ရဲ့ အမြုတေ နှစ်ခုလုံးက ခြောက်ကပ်သွားပြီး ကျန်ခဲ့ပါလိမ့်မယ်..။

ဒါပေါ့ အဆီအနှစ်တွေကို အသုံးပြုတာက အရိပ်အပိူင်းအစ တွေကို အသုံးပြုတာနဲ့ မတူပါဘူး..။သူ့ရဲ့ ဝိဥာဥ်က အမြဲတမ်း အဆီအနှစ်တွေကို ထုတ်ပေးပြီး အမြုတေတွေ ပြည့်ဝတဲ့အထိ ဖြည့်ပေးနိုင်ပါတယ်..။အရိပ်အပိုင်းအစတွေကတော့ အပြည့်အဝဖြစ်လာတဲ့ အချိန်မှာ အမြုတေ အသစ် တွေကို ဖန်တီးနိုင်ပြီး အလားတူစွာပဲ ထပ်တူညီမူတွေကို အရိပ်အဖြစ်ပြောင်းလဲနိုင်ပါတယ်..။

ဒါတောင်မှ သူက သက်ရောက်စွာ တိုက်ခိုက်နိုင်ဖို့ အဆီအနှစ်တွေကို လိူအပ်ပြီး..ပိုမိုအားကောင်းတဲ့ အဆင့်မြင့် မှတ်သားမူ တွေကို အသုံးပြုဖို့ လိူအပ်ပါတယ်..။ဒါမှ အသုံးပြုတဲ့ နှုန်းထားတွေကို ချိန်ညှိလို့ရမှာပါ..။

အမှန်တကယ်ပဲ နိုးထသူတစ်ယောက်ဖြစ်လာရတာက..အလွှာအသစ်ကို ရောက်လာခဲ့တာဖြစ်ပြီး..အယုံနိုင်စရာ အခွင့်အရေးတွေနဲ့ အတွင်းပိုင်း ပြသနာ တွေကိုကြုံနေခဲ့ရပါတယ်။လက်ခံရရှိတာတွေက အများကြီးဖြစ်နေခဲ့တာပါ။

..သို့ပေမယ့် နောက်ဆုံးမှာသူက ရသွားပါလိမ့်မယ်။

သူ့ရဲ့ ယာယီ အခန်းထဲမှာ ထိုင်နေရင်း ဆန်နီ သက်ပြင်းချကာ..အချက်အလက်ဇယားကို ထုတ်ကြည့်လိုက်တယ်။

နောက်ဆုံးတော့ သူ့ရဲ့ ဆုလာဒ်ကို ရိတ်သိမ်းဖို့ အချိန်ကျပါပြီ..။

သူက ဒီနေရာကို ရောက်ဖို့အတွက် အရမ်းကြိုးစားပြီး..အများကြီး လုပ်ဆောင်ခဲ့ရတယ်..။ပထမဆုံးအနေနဲ့ ထူညီတဲ့ ဓားခုတ်ချက်ကို အကြိမ်ထောင်ပေါင်းများစွာ လုပ်ခဲ့ရပြီး ဒါက သူ့ရဲ့လက်တွေသွေးထွက်တဲ့ အထိ ၊ ကြွက်သားတွေ နာကျင်ကိုက်ခဲတဲ့ အထိပါပဲ..။နစ်ဖီ ရဲ့ စီးဆင်းနေတဲ့ တိုက်ပွဲဟန်ပန်က အခြေခံတိုက်ခိုက်ရေး နဲ့ လှုပ်ရှားမူ တွေကို သင်ယူပြီးတဲ့ နေူက်မှာ သူ့ရဲ့ ကိုယ်ပိုင်တစ်ခုကို ဖန်တီးဖို့ အမြင်အသစ်တွေကို ရလာခဲ့တယ်။ပြတ်သားတဲ့ လက်ဆောင်ကို ရဖို့ အသက်ဆုံးရှုံးရကာနီးပါး ဖြစ်ခဲ့ပြီး ၊ အရိပ်သူတော်စင်နဲ့ တိုက်ခိုက်ခဲ့ကာ သူမရဲ့ နည်းစနစ်ကို ဖြည်းဖြည်းချင်း ပေါင်းစည်းခဲ့တယ်။

သူ့ရဲ့ အရိပ်ရဲ့ လှုပ်ရှားမူတွေကို စောင့်ကြည့်နေရင်း သူ့ရဲ့ ထူးခြားမူတွေ ကို သတိထားမိခဲ့တယ်..။ယင်းနောက် ဒီအရာကို ဖော်ထုတ်ဖို့ နာရီပေါင်းများစွာ ကြာအောင်ကြိုးစားခဲ့ပါတယိ။ဆန်းကျယ်မူကို ​ေဖြရှင်းရင်း..အတိတ်ကိုပြန်သွားကာ..အမည်မသိ အစေခံရဲ့ မွေးဖွားမူ နဲ့ သူ့အမေရဲ့ လှပတဲ့ အကကို ကြည့်ခွင့်ရခဲ့တယ်..။

ယင်းနောက် ရက်စက်တဲ့ လေ့ကျင့်မူ ၊ အမြင်သစ်ရဖို့ ကြမ်းတမ်းတဲ့ဖြစ်စဥ်တွေနဲ့ သူက တိုက်ပွဲအနုပညာကို အစစ်အမှန်အဖြစ် ပုံဖော်နိုငိဖို့ကြိုးစားခဲ့တယ်။

ဒါက နစ်ဖီ နဲ့ ဒေါသတကြီးတိုက်ခိုက်နေတဲ့ သွေးစွန်းတိုက်ပွဲ အပြီးမှာ အောင်မြင် ရရှိသွားခဲ့ပါတယ်..။

သူ့ရဲ့ အောင်မြင်မူတွေအားလုံးက သူ့အတွက် ဂုဏ်အယူရဆုံးပါပဲ..။

အရိပ်ကခုန်မူက လုံးဝ သူ့ရဲ့ ပိူင်ဆိုင်မူပါ..။ဒါက ဘာမှ မရှိတဲ့ အခြေအနေကနေ သူ ကိုယ်တိုင် ဖန်တီးထားခဲ့တာဖြစ်ပြီး..သူ့ရဲ့ တစ်ဦးတည်း လက္ခဏာတွေကို သယ်ဆောင်ထားခဲ့ပါတယ်။

ဆန်နီဟာ ဘယ်လို အမွေအနှစ်မျိုးကိုမှ မရရှိခဲ့ဖူးတာကြောင့်..အခုလို သူကိုယ်တိုင် သူ့အတွက် ဖန်တီးထားပြီး ရလာတဲ့ အမွေအနှစ် သူ့ရဲ့နှလုံးသားထဲမှာ အရမ်းကို တန်ဖိုးရှိပါတယိ။

....သူ တောက်ပနေတဲ့ ဇယားကိုကြည့်ပြီး ဖတ်လိုက်တယ်။

ကဏ္ဍ အမွေအနှစ် ; [ အရိပ်ကခုန်မူ ]

အရိပ်ကခုန်မူ ကျွမ်းကျင်မူအဆင့် : [ 1 / 7 ]

ပထမ အမွေ : [ ယူရန် ]

ဒုတိယ အမွေ : [ မရရှိသေး ]

တတိယ အမွေ : [ မရရှိသေး ]

အသက်ကို အောင့်ထားရင်း သူ ပထမအမွေအနှစ်ကို အာရုံစိုက်ထားကာ တီးတိုးပြောလိုက်တယ်..။

" ရယူမယ်.."

ဆန်နီ ကြည့်နေတုန်းမှာပဲ..စာသားက တောက်ပလာခဲ့ပြီး ..စက္ကန့်အနည်းငယ် အကြာမှာ ပြောင်းလဲသွားခဲ့တယ်..။

ပထမ အမွေ : ရယူပြီး

ခနအကြာမှာတော့..အခိုက်အတန့်က ညှင်သာစွာ ပြောလာခဲ့ပါတယိ..။

[ သင်က ကဏ္ဍ ဆက်ခံသူ အမွေအနှစ်ကို ရရှိခဲ့သည် ]

[ သင်က အရိပ်တစ်ခုကို ရရှိခဲ့သည် : ဝိဥာဥ် မြွေနဂါး ]

All Chapters