ပျက်စီးသွားသော.....
Vol. 24 Ch. 360
#ဘာသာပြန် = စနိုးဝှိုက်
လုံခြုံရေး တင်းကြပ်စွာ ချမှတ်ထားသည့် မြေအောက်ခန်း တစ်ခုထဲမှာတောါ..ငွေရောင်ဆံပင်နဲ့ အမျိုးသမီး ငယ်လေး တစ်ယောက်ဟာ..သူမရဲ့ ခန္တာကိုယ်ကို ထန်းသိမ်းပေးထားတဲ့ စက်ထဲမှာ အိပ်မောကျနေခဲ့တယိ..။သူ့မရဲ့ မျက်မှာက ဖြူဖျော့နေပြီး..စက်များရဲ့ အလင်းရောင်နဲ့ နက်ရှိုင်းတဲ့ အရှိုင်များက..အလင်းပြန်နေခဲ့ပါတယ်။
အခန်းက အေးချမ်း ၊ တိတ်ဆိတ်နေခဲ့ပြီး..စက်တွေရဲ့ အသံကသာ နောက်ခံအသံအဖြစ် တီးတိုးထွက်ပေါ်နေခဲ့ပါတယ်..။မကြာခနဆိုသလို..ဆေးဘက်ဆိုင်ရာ ကိရိယာတွေက အသံတွေထွက်ပေါ်နေပြီး ပြန်တိတ်ဆိတ်သွားခဲ့တယ်..။
အပြာရောင် မျက်လုံးတွေနဲ့ မျက်မမြင်မိန်းကလေးတစ်ယောက်ဟာ..အိပ်စက်မူ ဖန်သားပြင်စက် ရဲ့ဘေးနားမှာ တိတ်တဆိတ်ရပ်နေခဲ့ပြီး..၊ သူမရဲ့ လှပတဲ့ မျက်နှာပြင်ပေါ်မှာတော့..အမူအရာကင်းမဲ့နေခဲ့တယ်..။သူမရဲ့လက်တွေကသာ..ထည်ဝါတဲ့ ဓားပျံတစ်ချောင်းရဲ့ လက်ကိုင်ကို ကိုင်ထားတာ မဟုတ်ဘူးဆိုရင်..သူမကို ဆေးရုံရဲ့ တစ်ခြားအလွှာမှာ စောင့်ရှောက်ထားတဲ့ ဟောလိုး( hollow ) တွေနဲ့ အလွယ်တကူ မှားယွင်းကြမှာပါ..။
အခန်းရဲ့ တံခါးက မပွင့်သွားခဲ့ပေမယ့်လည်း ရုတ်တရက် နောက်ထပ် တည်ရှ်ိမူတစ်ခုက အခန်းထဲကို ရောက်လာခဲ့တယ်..။ဖြူဖျော့တဲ့ အသားအရေ ၊။၊ရက်စက်တဲ့ မျက်လုံးတွေနဲ့ လူငယ်လေးတစ်ယောက်က..အရိပ်တွေထဲကနေ ထွက်ပေါ်လာခဲ့တယ်..။ယင်းနောက် အိပ်စက်မူ ဖန်သားပြင် စက်ရဲ့ တစ်ခြားတစ်ဖက်မှာ ရပ်လိုက်ပါတယ်..။သူ့ခြေလှမ်းတွေကတော့ ..ညှင်သာပြီး တိတ်ဆိတ်နေခဲ့တယ်..။
သူ အတော်ကြာအောင် တွေဝေနေပြီးကာမှ ဆေးဘက်ဆိုင်ရာ စက်ထဲမှာ အိပ်ပျော်နေတဲ့ မိန်းမငယ်လေးကိုကြည့်လိုက်တယ်..။
စက္ကန့်အနည်းငယ်အတွင်းမှာ သူ့မျက်နှာက ကြောက်မက်ဖွယ် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်..။ဝမ်းနည်းမူ ၊ ဒေါသ ၊ ကြောက်ရွံ့မူ နဲ့ တမ်းတမူ တွေက သူ့မျက်လုံးထဲမှာ ရောထွေးနေခဲ့ပြီးနောက် အေးစက်တဲ့ မျက်နှာဖုံးအောက်မှာ ပြန်လည်ပျောက်ကွယ်သွားခဲ့တယ်..။
ဆန်နီဟာ နစ်ဖီကို အတော်ကြာအောင် စိုက်ကြည့်ပြီး သူ့ရဲ့ ခံစားချက်တွေကို ထိန်းချုပ်ဖို့ကြိုးစားနေခဲ့ရတယ်..။သူမကို ဒီလို အားနည်းပြီး ၊ အကူအညီမဲ့နေတဲ့ ပုံစံနဲ့ကြည့်ရတာက သူ့ကို သက်ရောက်စေမယ် ဆိုတာကို သူ သိထားပါတယ်။သို့ပေမယ့် ဒါက ဘယ်လောက်နာကျင်စေမလဲ ဆိုတာကို သူ မသိပေ..။
...သူ့စိတ်ထဲကို မကောင်းတဲ့စိတ်တွေ ဘယ်လောက်အထိ ဝင်လာမလဲ ဆ်ိုတာကိုလည်း သူ မသိခဲ့ပါဘူး..။
' ငါ သူမကို အခုပဲ သတ်လိုက်နိုင်တယ်..။လမြုတေ နဲ့ တစ်ချက်ကတင်..ငါ ပြန်လွတ်မြောက်သွားလိမ့်မယ် '
ဒါပေမယ့်..မဟုတ်ဘူး..သူ မလုပ်နိုင််ပေ..။
ပထမဆုံးအနေနဲ့..သူမရဲ့ ခန္တာကိူယ်ကို ဖျက်ဆီးလိုက်တာနဲ့ နစ်ဖီက သေသွားလိမ့်မယ်လို့ အာမမခံ နိုင်ပါဘူး..။ဝိဥာဥ်တွေကို ဖျက်ဆီးခံရပေမယ့် ခန္တာကိုယ်ကြီးပဲ ရှိနေတဲ့ ဟောလိူးတွေ ၊ အစစ်အမှန်ကမ္ဘာပေါ်မှာ ခန္တာကိုယ်ကို ဆုံးရှုံးလိုက်ရတာကြောင့် အိပ်မက်ကမ္ဘာမှာ ပဲ သွားလာနေကြတဲ့ ဝိဥာဥ်တွေလိုမျိုးတွေက ရှိကြပါတယ်။
ဒီအကြောင်းပြချက်ကြောင့် ပြောင်းလဲနေတဲ့ကြယ်ပွင့်ကို သတ်ချင်တဲ့သူတွေက အကယ်ဒမီ က ရုပ်ခန္တာကို သတ်မယ့်အစား ကတ်စတာကို အိပ်မက်ကမ္ဘာထဲအထိ ပို့လိုက်တာ ဖြစ်နိင်ပါတယ်။
ပြီးတော့ ဒုတိယ အကြောင်းချက်က ပိုပြီး အရေးကြီးနေခဲ့တယ်..။အဲတာက သူ ကိုယ်တိုင်ကိုက နစ်ဖီကို ထိခိုက်အောင် မလုပ်နိုင်ခဲ့တာပါ။နောက်တစ်ကြိမ် ၊ ထပ်ပြီးတော့...ပြီးတော့ ဒီလို ပုံစံမျိုးတော့ မဟုတ်ပါဘူး..။
'ကတ်စီ...တစ်ခြားတစ်ဖက်မှာ..'
နက်မှောင်တဲ့ အမူအရာနဲ့ ဆန်နီဟာ မျက်မမြင် မိန်းကလေးကို ကြည့်လိုက်တယ်..။
ဒါကို သတိထားမိတဲ့အလား သူမက အနည်းငယ်
လှည့်လာခဲ့ပါတယ်။
" ဟဲလို ဆန်နီ..."
သူက သူမကို ဒေါသထွက်နေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့တယ်..။
"ဘာလဲ နင်က အခုတော့ မြင်နိုင်ပြီလား.."
ကတ်စီ ခနလောက် တွေဝေပြီးကာမှ ခေါင်းခါယမ်းလိုက်တယ်..။
"ဟင်အင်း..ဒါပေမဲ့ ....ဒီလိုပါပဲ..."
သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။
"ဂုဏ်ယူပါတယ်..။တကယ်ပြောတာ..နင့်အတွက် ကောင်းတယ်..။အနည်းဆုံးတော့..နင်က နောက်ထပ် အသုံးမဝင် မဖြစ်တော့ဘူးပေါ့.."
သူ့ရဲ့ စကားလုံးတွေက သူမကို နာကျင်စေမယ် ဆိုတာကို သူ သိပေမယ့်လညိး အကြောင်းပြချက်တစ်ချို့ကြောင့်..ဒီလိုပြောရတာကို ကျေနပ်နေခဲ့တယ်..။
မျက်မြင်မိန်းကလေးကတော့ မတုန့်ပြန်ခဲ့ပေ..သူမက ဒီတိုင်း အမှောင်ထဲကို အေးစက်ပြီး လွင့်ပြယ် တဲ့ မျက်လုံးတွေနဲ့ကြည့်နေခဲ့ပါတယ်။သို့ပေမယ့် သူက အရူး မဟုတ်ပါဘူး..။ဒီအေးစက်မူရဲ့ နောက်ကွယ်မှာ နာကျင်မူတွေ ပုန်းကွယ်နေတာ မှိတ်မိလောက်အောင်
သူ သူမကို ကောင်းကောင်း သိထားပါတယ်။
' ကောင်းတယ်..ခံစားလိုက် ။ နင်က ဒါနဲ့ ထိုက်တန်တယ်..'
ဆန်နီ ပါးစပ်ကို ဖွင့်ပြီး သူမကို ကျိန်ဆဲလိုက်ချင်ပေမယ့် ကိုယ့်ကိုကို ထိန်းထားလိုက်တယ်..။သူက ထိန်းချုပ်မူ အောက်မှာပဲ ရှိနေပါသေးတယ်..။
ဒေါသထွက်တဲ့ စကားလုံးတွေကို မြိုသိပ်ထားခဲ့ပြီး..ဆန်နီ အံကိုကြိတ်ကာ ပြောလိုက်တယ်..။
"ဘယ်လိုလဲ..နင်ဘယ်လိုတောင် သိခဲ့တာလဲ.."
ကတ်စီ အနည်းငယ် တွေဝေနေပြီးကာမှ တီးတိုးပြန်ဖြေလိုက်တယ်..။
" နင် ရဲတိုက်ရဲ့ စပိုင် ကို သတ်ခဲ့တုန်းက..။နင် ထုတ်ပြောခဲ့တယ် လေ..။ငါ့ ရဲ့ အမြင်မှာ အဲတာကို မြင်ခဲ့ရတယ်..။အဲတာပြီးတဲ့နောက်မှာ ကျန်တာက ဖော်ထုတ်ဖို့ မဖြစ်နိုင်တာ မဟုတ်တော့ဘူး.."
သူ့ မျက်လုံးတွေပြူးကျယ်သွားခဲ့တယ်..။
ဆန်နီ အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ပြီး သူမပြောလိုက်တဲ့ စကားလုံးတွေရဲ့ အံ့ဩသင့််မူကို ရင်ဆိုင်နေခဲ့ရတယ်..။
'ဟတ်ပါ...သူ ဟတ်ပါ ကို သတ်ခဲ့တုန်းကလား..'
အဲဲဒီနေက ဆိုးဝါးတဲ့ မှတ်ဥာဏ်တွေက သူ့ ဝိဥာဥ်ထဲမှာ ရှိနေတုနိးပါပဲ..။သူ ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့တယ်..။သူ့ရဲ့လက်တွေမှာ သွေးတွေ စွန်းပေနေပြီး..အားနည်းချက်ရဲ့ နာကျင်မူကို ခံစားကာ..သနားစရာ လူငယ်လေးကို သတ်လိုက်တာပါ..။
ယင်းနောက် သူက အက်ကွဲပြီး..ကြားနိုင်လောက်ရုံ အသံနဲ့...
"အလင်းမှပျောက်ဆုံးသူ ! ငါက..အလင်း..မှ ပျောက်ဆုံး သူ..."
ဆေးရုံအဆောက်အဦးရဲ့ မြေအောက်ခန်းမှာ ရပ်နေရင်း..ဆန်နီဟာ ရယ်ရမလို ငိုရမလိုဖြစ်နေခဲ့တယ်..။
'ဒီတော့..ဒါက..ဒါက ငါလုပ်ခဲ့တဲ့..အမှားတစ်ခု, ငါ့ရဲ့ တစ်ခုတည်းသော အမှားက..ငါ့ကို ဒီီလိုကြုံတွေ့စေခဲ့တာပေါ့..'
ဒါက ဟတ်ပါက သူ့ကို အုတ်ဂူ ထဲကနေ ပြန်ပြီးဟလက်စားချေလိုက်သလိုပါပဲ..။ကောင်းပြီ..အမှန်တော့ သူ့မှာ အုတ်ဂူတောင် မရှိခဲ့ပေ..။ဆန်နီက အိပ်မက်ဆိုးသတ္တဝါတွေအတွက် သူ့ရဲ့ ခန္တာကိုယ်ကိုအပျက်အစီးထဲမှာ ဒီတိုင်း စွန့်ပစ်ခဲ့တာပါ..။
နောက်ဆုံးမှာတော့ သူ့အတွက် ကောင်းမွန်တဲ့ အရာပါပဲ..။
မျက်မမြင်မိန်းကလေး လောင်ကျွမ်းနေတဲ့ အကြည့်တွေနဲ့ကြည့်လိုက်ပြီး..သူ အံကိုကြိတ်ထားခဲ့တယ်။
"ဒီတော့ အဲတာကြောင့် နင်က ငါ့ကို စောင့်နေခဲ့ပြီး၊ အဆုံးမရှိတဲ့ စမ်းချောင်းကို ပေးခဲ့တာပေါ့..။နင်က..နှုတ်ဆက်ဖို့ အတွက်တောင် အဆင်သင့်ဖြစ်နေခဲ့တာပဲ..။သိရဲ့လား.."
ကတ်စီ သူ့ကို ဖြည်းညှင်းစွာကြည့်ပြီး လေးနက်တဲ့ အသံနဲ့ ပြောလိုက်တယ်..။
"ဟုတ်တယ်..ငါ အဆင်သင့်ဖြစ်ခဲ့တယ်.."
ဆန်နီ အောက်ကို ငုံ့ပြီး လက်သီးကို ဆူပ်ထားခဲ့တယ်..။
"နင်သိခဲ့တယ်..နင်သိခဲ့ရင်..ဘာလို့ ပြောင်းလဲဖို့ မကြိုးစားခဲ့တာလဲ..။ဘာလို့ နင်က..."
ကတ်စီ သူ့ကို စိုက်ကြည့်နေခဲ့တယ်..။သူမရဲ့ တည်ငြိမ်တဲ့ အမူအရာက နောက်ဆုံးမှာ ပြိုလဲကျသွားခဲ့ပါပြီ..။နာကျင်မူ ၊ ဝမ်းနည်းမူ နဲ့ ဒေါသတရားတွေက သူမရဲ့ မျက်နှာပေါ်မှာ ပေါ်လာခဲ့တယ်..။သူမက သွေးထွက်လောက်အောင် နာကျင်နေခဲ့တဲ့ အသံနဲ့ပြန်ဖြေလိုက်ပါတယ်..။
"မကြိုးစားခဲ့ဘူးတဲ့လား..။သေချာတာပေါ့ ငါကြိုးစူစခဲ့တယ်..။ငါမြင်ခဲ့တဲ့ အနာဂတ်ကို ပြောင်းလဲဖို့ ငါလုပ်နိုင်သမျှ အရာအားလုံးကို ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်..။ဒါပေမဲ့ ငါဘယ်လောက်ပဲ ကြိုးစားပါစေ မအောင်မြင်ခဲ့ဘူး..။အရာရာတိုင်းက အမြဲတမ်း အတူတူပဲ ဖြစ်နေခဲ့တာ..။ပိုဆိုတာက..ငါ့ရဲ့ကြိုးစားမူတွေက..အဖြစ်မနေဖြစ်လာအောင် ပိုဖန်တီးနေစေခဲ့တာပဲ..."
သူမက သွားတွေကိုကြိတ်ထားပြီး တစ်ဖက်ကို လှည့်ကာ..အတော်ကြာအောင် တွေဝေနေခဲ့တယ်..။သူမရဲ့လက်တွေကတော့ တုန်ရီနေခဲ့ပါတယ်။
" ငါ..ငါ...ငါက ကြက်သွေးရောင် ထိပ်ဖျားရဲ့ အမြင်အာရုံ ဆိုလိုရင်းကို နားလည်နိင်ခဲ့တဲ့ ပထမဆုံးတစ်ယောက်ပဲ..။အရိပ်တွေက နတ်သမီးကို ဝါးမြိုနေတာ..ငါ အဲဒါကို မကြာခင်မှာပဲ နားလည်ခဲ့တယ်.."
ကတ်စီ သူမရဲ့ မျက်လုံးတွေကို မှိတ်ထားပြီး တိုးညှင်းတဲ့ အသံနဲ့မေးလိူက်တယ်..။
"နင် မမှတ်မိဘူးလား..။သူမကို ကာကွယ်ပေးဖို့အတွက်တောင် ငါနင့်ကို ကတိတောင်းခဲ့သေးတယ်လေ..။ပြီးတော့ နင်ဘာပြောခဲ့လဲ.."
ဆန်နီ သူမကိုကြည့်နေရင်း ပြန်မှတ်မိလိုက်တယ်..။ဟုတ်တယ်..အစတုန်းက သူ့တို့ တကယ်ပဲ အဲလိုပြောခဲ့ကြပါတယ်..။
"...နိုး...။ငါက နိုး လိူ့ ပြောခဲ့တယ်..."
ကတ်စီရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။
"ဟုတ်တယ်..။နင်က နိုး လိူ့ပြောခဲ့တယ်..။ပြီးတော့ အဲဒီနေ့မှာပဲ..ငါ ရွေးချယ်မူ လုပ်ရတော့မယ် ဆိုတာကို သိခဲ့တယ်..။ပြီးတော့ ငါလုပ်ခဲ့တယ်..။ငါ က နစ်ဖီကို ရွေးချယ်ခဲ့တာ..."
သူမက သေလောက်အောက် အေးစက်နေသလိုပဲ ကိုယ့်ကိုကို ပြန်ဖက်ထားလိုက်ပြီး..
"ငါက အခင်မင်ဆုံး သူငယ်ချင်းတွေထဲက တစ်ယောက်ကို ကယ်တင်ဖို့ တစ်ခြားတစ်ယောက်ကို သစ္စာဖောက်ရမယ်..။ပြီးတော့ ငါ သစ္စာဖောက်ခဲ့တယ်..။ငါက နင့်ကို စတေးပြီး နစ်ဖီီကို ရွေးချယ်ဖို့အတွက် ရွေးချယ်ခဲ့တာပဲ..။ဒါပေါ့..ဆိုးဝါးတာ ဘာမှဖြစ်လာတော့မှာ မဟုတ်ဘူးဆိုပြီး ငါ့ကိုငါ အရူးလုပ်ခဲ့သေးတယ်..။အဲတာက တကယ်လို့ ငါသာ နစ်ဖီကို ကူညီလိုက်မယ် ဆိုရင်..နင်တို့နှစ်ယောက်စလုံး ရှင်သန်နိုင်ကြလိမ့်မယ် ဆိုပြီးတော့..။ဒါပေမဲ့ နက်ရှိုင်းတဲ့ နေရာမှာတော့ ဒါက ဖြစ်နိုင်ချေတွေထဲက တစ်ခုတည်း ရှိတယ် ဆိုတာကို သိထားပြီးသားပဲ..။ဒီတော့ ဘာတွေများခြားနားသွားလဲ..။ငါ နင့်ကို သစ္စာဖောက်ခဲ့တယ်..။ပြီးတော့ နင်သိလား..."
ခါးသက်ပြီး တိုးညှင်းတဲ့ ရယ်သံတစ်ခုက သူမရဲ့ နှတ်ခမ်းကနေ ထွက်လာခဲ့ပါတယ်။
"ဒါက ဘာအတွက်မှ မဟုတ်ခဲ့ဘူး..။ငါက ငါ့ရဲ့ အခင်ဆုံး သူငယ်ချင်းကိုတောင် သစ္စာဖောက်ခဲ့ပေမယ့် ဘာမှ မပြောင်းလဲခဲ့ဘူး..။ငါ နင့်ကို စတေးခဲ့ပေမယ့် ဘယ်သူ့ကိုမှ မကယ်တင်နိုင်ခဲ့ဘူး..။ဘယ်လိုပဲဖြစ်ဖြစ်..ငါ...ငါက ကံတရားကို မပြောင်းလဲ နိုင်ဘူး.."
ဆန်နီ သူမကို အတော်ကြာအောင်ကြည့်ပြီး နှာခေါင်းရှုတ်လိုက်တယ်..။
" ..ဒါပဲလား..။ဒါက နင်ပြောချင်တာလား..။ဒါက နင့်ကိုယ်နင် ပြောစေချင်တဲ့ အရာလား..။နင် ငါ့ကို ဘာလုပ်စေချင်ခဲ့တာလဲ..နင်က သနားစရာပဲ.."
သူ့ မျက်လုံးထဲမှာ ဒေါသအရိပ်အယောင် တွေထွက်ပေါ်နေခဲ့တယ်..။
"ငါ နင့်အတွက် အများကြီး လုပ်ပေးပြီးတဲ့နောကိမှာ..၊ ငါ နင့်ကို မရေတွက်နိုင်အောင် ကယ်တင်ပေးခဲ့ပြီး နောက်မှာ ၊ ငါနင့်ကို ကိုယ့်ရဲ့ ညီမလေးလို့ စောင့်ရှောက်ပေးပြီးတဲ့နောက်မှာ..နင်က ငါ့ကို ဒီလိူ ပြန်ဆက်ဆံ ခဲ့တာလား..။အရေးကြီးတဲ့ အချိန်မှာ ငါ့ရဲ့ အားနည်းချက်ကို နစ်ဖီ ဆီကို သွားပြောပြပြီးတော့ "
ကတ်စီဟာ တိတ်ဆိတ်နေခဲ့ပြီး ဘာမှ မပြောခဲ့ပေ..။
"နင်ဘာလုပ်ခဲ့တယ် ဆိုတာကိုရော သိရဲ့လား..။နင်ငါ့ဆီက ဘယ်လိုအရာကို ယူဆောင်သွားခဲ့လဲ ဆိုတာကိုရော သိရဲ့လား.."
သူမ အတော်ကြာအောင် တိတ်ဆ်ိတ်ပြီးကာမှ တီးတိုး ပြန်ဖြေလိုက်တယ်..။
" ငါ့ရဲ့ အမြင်အာရုံက ဘာကြောင့် ၊ ဘယ်လို ဖြစ်မလဲဆိုတာကို သာ မသိပေမယ့်..ဒါက ကြက်သွေးရောင် ထိပ်ဖျားမှာ ဖြစ်မယ် ဆ်ိုတာကိုတေူ့ ငါ သိထားခဲ့တယ်..။ဒီတော့ ငါ နစ်ဖီကို နင့်ရဲ့ လျိုဝှက်ချက်ကို ပေးခဲ့ပြီး..သူမကို ဒီဟာကြောင့် အသက်ရှင်ခွင့်ရမယ်လို့ မျှော်လင့်ထားခဲ့တာပဲ..."
ဆန်နီ ရယ်မောလိုက်ပြီး တိတ်ဆိတ်သွားခဲ့တယ်။
ဖိနိုပ်နိုင်စွမ်းရှိတဲ့ တိတ်ဆိတ်မူ တစ်ခုက သူတို့နှစ်ယောက်ကြားထဲမှာ ရှိနေခဲ့ပြီး မိနစ်အနည်းငယ် ကြာအောင်..မကျိုးပျက်ပဲ တိတ်ဆိတ်နေခဲ့တယ်။
အတော်ကြာပြီးမှာ သူ နောက်ဆုံးမှာ ပြောလာခဲ့တယ်..။
"..ငါ နားလည်ပါတယ်..။ဆင်ခြင်စဥ်းစားနိုင်စွမ်းအရ ငါ နားလည်တယ်..။နင်က နှစ်ဖက်စလုံးကို သစ္စာဖောက်ရနိုင်တဲ့ ဆ်ိုးဝါးတဲ့ ရွေးချယ်မူအတွက် ဖိအားပေးခံခဲ့ရတာပဲ..။ပြီးတော့ နင်က ပထမဆုံး တွေ့ခဲ့တဲ့ နစ်ဖီကို ရွေးခဲ့တယ်..။ငါက နင့်ကို သေအောင်ထားခဲ့မယ့် အချိန်မှာ နင့်ကို ကယ်တင်ပေးခဲ့တဲ့သူ..."
ယင်းနောက် သူ့ မျက်လုံးထဲမှာ အေးစက်တဲ့ အငွေ့အသက်တွေ ပေါ်လာခဲ့ပြီး..
"ဒါပေမဲ့..ဒါက ငါနင့်ကို ခွင့်လွှတ်နိင််တယ်လို့ ဆိုလိုတာ မဟုတ်ဘူး..။ငါ့ရဲ့ ဂရုစိုက်မူတွေ အားလုံးအတွက်ကတော့ နင် ငရဲကို သွားလိုက်တော့ ကတ်စီ၊ ငရဲမှာ သွားသေလိုက်တော့.."
ဒီလိုပြောပြီးတာနဲ့ ဆန်နီ လှည့်ထွက်သွားဖိူ့ လုပ်ခဲ့ပေမယ့်..ပြန်ရပ်တန့်လိုက်တယ်..။
သူက အကူညီမဲ့စွာပဲ သူမကို နောက်ဆုံးတစ်ကြိမ် ရက်စက်ချင်နေခဲ့ပါတယ်။
"အိုး..အဲဒီ လျို့ဝှက်ချက်လား..။အဲတာက သူမ အဲဒီမှာ တစ်ယောက်တည်း ပိတ်မိနေခဲ့တဲ့ အကြောင်းပြချက်ပဲ..။ဒီတော့ ..ပုံမှန်အရဆိုရင် ..နင်က သူငယ်ချင်း နှစ်ယောက်စလုံးကို ဒုက္ခရောက်အောင် လုပ်ခဲ့တဲ့ သူပဲ..."
ကျေနပ်ပြီး လက်စားချေတဲ့ အပြုံးက ဆန်နီရဲ့ မျက်နှာပေါ်မှာ ပေါ်လာခဲ့တယ်..။
....ဒါပေမဲ့ ဒီစကားလုံးတွေ အများကြီးကို ပြောဖို့အတွက် ဘာလို့ သူကပါ နာကျင်နေရတာလဲ...
"ဒီတော့ ဂုဏ်ယူပါတယ်..။နင် ပြန်လာနိုင်ခဲ့ပြီ
ကတ်စီ..။အိမ်ကိုပြန်ပြီး နင့်မိသားစုနဲ့ အချိန်ကုန်ဆုံးတော့..။နင့်အမေက အကောင်းဆုံး ကြက်ဥ တွေကို လုပ်နိုင်တယ်လို့ မပြောခဲ့ဘူးလား..။ဗိုက်ပြည့်အောင် စားရမှာပေါ့..။နင်ဘာလုပ်ခဲ့လဲ ဆိုတာကို ပြန်တွေးရင်း ကောင်းကောင်း အရသာခံပြီး စားသောက်ရမယ်မဟုတ်လား.."
မျက်မမြင်မိန်းကလေးရဲ့ မျက်နှာက ဖြူဖျော့သွားခဲ့ပြီး..ကြေကွဲနေတဲ့ အမူအရာနဲ့ တစ်ဖက်ကိုလှည့်သွားအချိန်မှာတော့ ၊ သူ ခါးသက်စွာ ပြုံးပြီး..အရိပ်ထဲကို တိုးဝင်ပျောက်ကွယ်သွားခဲ့ပါတယ်..။
သူငယ်ချင်း သံယောဇဥ်ဆိုတာက ဒီလိုမျိုး ကျိုးပဲ့လွယ်တဲ့ အရာမျိုးပါ..။
ဒါက တည်ဆောက်ဖို့ ခဲယဥ်းတဲ့ အရာဆိုပေမယ့် ပျက်ဆီးဖို့ အတွက် လွယ်ကူပါတယ်..။
..ဒီအတွက်လိုအပ်တာဆိုလို့ အခိုက်အတန့်လေး တစ်ခုပါပဲ..။