ဝိဥာဥ် မြွေ
Vol. 24 Ch. 359
#ဘာသာပြန် = စနိုးဝှိုက်
ဆန်နီဟာ စာသားကို အတော်ကြာအောင် စိုက်ကြည့်ပြီးနောက်မှာတော့ အနည်းငယ် စိတ်ဝင်စားသွားခဲ့တယ်..။
' အရိပ် တစ်ခု ..'
ဘယ်လို မထင်မှတ်ထားတဲ့ ဆုလာဒ်မျိုးလဲ..။
ပုံမှန်အားဖြင့် ဆက်ခံသူအမွေအနှစ်ဆိုတာက မှတ်သားမူ ဒါမှမဟုတ် ရှားရှားပါးပါး ထပ်တူညီမူ အဖြစ် ရရှိလာရမှာပါ..။ဖြစ်နိုင်တာက တစ်ခြား အမွေအနှစ်တွေ ရှိနိုင်သေးပေမယ့်..သူ တော့ တစ်ခါမှ မကြားခဲ့ဖူးပါဘူး..။
ဒါက အရမ်းကြီးတော့..မထူးဆန်းပါဘူး..။အခုဆိုရင် ဆန်နီဟာ သူကိုယ်တိုင် နဲ့ ကျန်တဲ့ သာမန်လူသားတွေ တစ်ခါမှ မကြားဖူးတဲ့ အရာတွေ ရှိနေတယ် ဆိုတာကို လက်ခံထားခဲ့ပြီးပါပြီ..။
ဘာပဲဖြစ်ဖြစ် အရိပ်တစ်ခုကို လက်ခံရရှိတယ် ဆိုတာက သူ့ကို အံ့ဩသင့်စေပါတယ်။
အပေါ်ကို မော့ကြည့်လိုက်တဲ့ အချက်မှာတော့ စာသားက လေထဲမှာ ထွက်ပေါ်နေတာကို သူ မြင်နေခဲ့ရတယ်..။
အရိပ်များ : [ မာဗယ်သူတော်စင် ] , [ ဝိဥာဥ် မြွေနဂါး ]
ဆန်နီ အတော်ကြာအောင် တွေဝေနေပြီးကာမှ ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်..။သေးငယ်တဲ့ အခန်းလေးက အေးစက်ပြီး တိတ်ဆိတ်နေခဲ့ပါတယ်။
အနည်းငယ် တုံးအတဲ့ ခံစားချက်နဲ့ ဆန်နီဟာ ခေါင်းခါယမ်းလိုက်ပြီး သူ့ရဲ့ အရိပ်အသစ်ကို သေချာကြည့်ရူဖို့ အပြင်ကို ထုတ်ယူလိုက်တယ်..။
သူ့ရဲ့ ဆံပင်ကို လေအနည်းငယ်ဖြတ်သန်းသွားပြီး..နောက်စက္ကန့် အကြာမှာတော့....
ဘာမှ ဖြစ်မလာခဲ့ပေ..။
' ဟင်..'
ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး..အခန်းပတ်လည်ကို ကြည့်ပြီး သူ့ ခေါင်းကို ကုတ်လိုက်တယ်..။
' ဘယ်လို ငရဲမျိုးလဲ..။အဲဒီ သောက်ကျိုးနဲ မြွေက ဘယ်မှာလဲ...'
သူက အရိပ်ထဲကနေထွက်ပေါ်လာတဲ့ ကြီးမားတဲ့ မြွေကြီးတစ်ကောင် သူ့ရှေ့မှာပေါ်လာမှာ ကို မျှော်လင့်ထားခဲ့တာပါ..။အနက်ရောင် ထူထဲတဲ့ ကြေးခွံအကာအကွယ် တွေ နဲ့အတူ ကြီးမားတဲ့ ပါးစပ်ကြီးက ရန်သူတွေကို အကောင်လိုက် ဝါးမြိုဖို့ အဆင်သင့်ဖြစ်နေတဲ့ ပုံစံမျိုး..။ဒါမှမဟုတ်..အနည်းဆုံးတော့ ပုံမှန်ဆိုဒ် မြွေတစ်ကောင်တော့ ရှိနေသင့်ပါတယ်။
သို့ပေမယ့် ဒီမှာ ဘာမှ မရှိခဲ့ပေ..။
သူ့ရဲ့ အကူအညီ အရိပ်နှစ်ခု နားမှာ နောက်ထပ် တစ်ခုများ ပေါ်နေလားဆိုတာတောငိ သူ စစ်ဆေးကြည့်လိုက်ပါသေးတယ်..။သို့ပေမယ့် ရှိမနေခဲ့ပေ..။နှစ်ယောက်စလုံးက ကြမ်းပြင်ပေါ်မှာ အနားယူနေခဲ့တယ်..။တစ်ခုက ကျေနပ်နေပုံရပြီး နောက်တစ်ခုကတော့..ပျင်းရိပြီး..အမြဲတမ်း စိတ််အလိုမကျဖြစ်နေတဲ့ ပုံပါပဲ..။
' ထူးဆန်းတယ်..'
သူ လက်ကို မြှောက်ပြီး မျက်လုံးကို ပိတ်ဖို့လုပ်လိူင်တဲ့ အချိန်မှာတော့ အေးခဲသွားခဲ့တယ်..။
' ဒါကဘာလဲ...'
သူ့ရဲ့ လက်ကောက်ဝတ်အရည်ပြားပေါ်မှာ တစ်ခုခု ရှိနေခဲ့ပြီး..အင်္ကျီလက်စကြားထဲကနေ ထွက်ပေါ်နေခဲ့တယ်..။
အလိုလိုသိစိတ်အရပဲ ၊ ဆန်နီ အလျင်အမြန် မတ်တတ်ထရပ်လိုက်ပြီး ဆေးရုံက ဝန်ထမ်းတွေ ပေးထားတဲ့ လေ့ကျင့်ရေး ဝတ်စုံ အပေါ်ပိုင်းကို ချွတ်လိုက်ပါတယ်..။ခါးရဲ့ အထက်မှာ ဗလာကျင်း ဖြစ်သွားတဲ့ အချိန်မှာတော့..သူက အရိပ်ရဲ့ မျက်လုံးတွေကနေ တဆင့် သူ့ကိုယ်သူ ပြန်ကြည့်လိုက်တယ်..။
'ဟင်...'
သူ့ရဲ့ ဖြူဖျော့တဲ့ အရေပြားပေါ်မှာတော့ အနက်ရောင် မြွေနဂါးတစ်ကောင်ရဲ့ ပုံစံက တက်တူး အဖြစ် ရှိနေခဲ့တယ်..။ဒီ မြွေက သူ့ရဲ့ လက်မောင်းတွေနဲ့ ခန္တာကိုယ်၇ို ရစ်ပတ်ထားခဲ့ပြီး သူ့ရဲ့ အမြီးကကတော့ သူ့ရဲ့ ညာဘက်လက် အထက်မှာ ရှိကာ..ဦးခေါင်းကတော့ ဘယ်ဘက်လက်မှာ ရှိနေခဲ့တယ်..။
"ဘာလဲဟ..။ငါ့မှာ..တက်တူး တစ်ခု ရှိသွားတာလား.."
သေးခန်းတဲ့ အခန်းလေးရဲ့ အမှောင်ထဲမှာတော့..မြွေနဂါးက သူ့ရဲ့ ခန္တာကိုယ်ပေါ်မှာ ရွေ့လျားနေသလိူတောင် ဖြစ်နေခဲ့ပါတယ်..။သူ့ရဲ့ အစွယ်နှစ်ချောင်းက အရည်ပြားရဲ့ အပေါ်ယံကို ထိုးဖောက်ဖို့ ခြိမ်းခြောက်နေခဲ့တယ်..။ဒါက အံ့ဩစရာ ကောင်းစွာ လှပပြီး ၊ စိတ်အနှောက်ယှပ်ဖြစ်စေပါတယ်..။
ဒါပေါ့ ဆန်နီ ဒီမြွေကို ချက်ချင်းမှတ်မိလိုက်တယ်..။အမည်မသိ ဘုရားကျောင်းအစေခံ နဲ့ သူ့ရဲ့ မိခင်တို့ရဲ့ အရည်ပြားမှာလည်း ဒီလိုမျိုး အမှတ်အသားတွေ ရှိခဲ့ကြပါတယ်။
ဒါက အရိပ်နတ်ဘုရားရဲ့ အမှတ်အသားပါ။
ဒါပေမဲ့ သူ့ရဲ့ အရိပ်အသစ်က တက်တူး ဖြစ်သွားရတာလဲ..။
ရှုပ်ထွေးစွာပဲ..ဆန်နီဟာ ခန္တကိုယ်နဲ့ ဝိဥာဥ်ကို နားထောင်ပြီး..တစ်ခုခု ပြောင်းလဲမူ ရှိနေလား ဆိုတာကို ခံစားကြည့်လိုက်တယ်..။
မကြာခင်မှာပဲ သူက သေးငယ်တဲ့ ကွာခြားမူလေးတစ်ခုကို ခံစားမိလိုက်ပါတယ်..။
သူ့ခန္တာကိုယ်မှာ ရှိနေတဲ့ အရိပ်အဆီအနှစ် စီးဆင်းမူတွေက ပြောင်းလဲသွားခဲတယ်..။အရင်တုန်းက ဒီအရာက ပုံမှန်စီးဆင်းနေတယ်ဆိုရင်..အခုတော့ မြေံရဲ့ ရစ်ပတ်မူ အတိုင်း ပိုမိုလျှင်မြန်စွာ ရွေ့လျားနေခဲ့ကြပါပြီ..။
" ဝိဥာဥ် မြွေနဂါး..ဒီအရာက ငါ့ရဲ့ အရိပ် အဆီအနှစ် ထိမ်းချုပ်မူကို တိုးမြှင့်ပေးတာလား.."
အတွေ့အကြုံ ရရှိဖို့အတွက် ဆန်နီဟာ အဆီအနှစ် အချို့ကို သူ့လက်တွေထဲ ထည့်သွင်းလိူက်ပြီး အရိပ်ကခုန်မူ အကွက်တစ်ချို့ကို ဖော်ထုတ်လိုက်တယ်..။ပြီးတဲ့ နောက်မှာတော့ သူက အရိပ်တစ်ခုကနေ တစ်ခု ဆီကို အကြိမ်အနည်းငယ် ခုန်ကူးလိုက်ပြီး အဆီအနှစ် အချို့ကို ကုန်အောင်လုပ်လိုက်ပါတယ်။
သူက ပြောင်းလဲမူကို ချက်ချင်းခံစားလိုက်ရတယ်..။သူက အဆီအနှစ်တွေကို ပိုမိုထိန်းချုပ်နိုင်ရုံတင်မကပဲ..ကုန်ဆုံးမူကို လျော့ချပေးကာ ၊ ပြန်လည်ဖြည့်တင်းမူကို မြန်ဆန်လာစေခဲ့ပါတယ်..။
ဝိဥာဥ် မြွေနဂါးက..ဒီအတွက် လမ်းကြောင်းတစ်ခုအဖြစ် ဆောင်ရွက်တာဖြစ်ပြီး..ရုပ်ပိုင်းဆိုရင်ရော စိတ်ပိုင်းဆိုင်ရာရော နှစ်ခုစလုံးမှာ ရှိနေခဲ့ပါတယ်..။ဒါက သူ့ရဲ့အမြုတေနဲ့ ခန္တာကိုယ်ကို တံတားတစ်စင်းအဖြစ် ဖန်တီးပေးထားပြီး..ဆန်နီကို အဆီအနှစ်တွေကို ကောင်းကောင်း အသုံးပြုနိုင်အောင် ကူညီပေးထားခဲ့တယ်..။
'ဒါက တကယ်ကို အသုံးဝင်တဲ့ အရိပ်ပဲ..'
ဒီစကားလုံးတွေက လျော့ပေါ့ပြောထားတာ ထက်ကို ပိုပါတယ်..။နိုးထသူ တစ်ယောက်က အဆီအနှစ်တွေကို..စီမံခန့်ခွဲတိုင်ဖို့ ဆိုတာ..ဘယ်လောက်တောင် အရေးကြီးတဲ့ ကိစ္စလဲဆိုတာကို ဆန်နီး နားလည်ထာစပြီးသားပါ..။သူတို့ စွမ်းအား ရဲ့ အခန်း ကဏ္ဍ ကို မြှင့်တင်ပေးနိုင်တဲ့ ကိရိယာ မှန်သမျှက တန်ဖိုးကြီးတဲ့ အရာတွေချည်းပါပဲ...။
ပြီးတော့ သူက ဒီလောက်တန်ဖိုးကြီးတဲ့ အရာကို အခမဲ့ ရရှိခဲ့ပါတယ်။
ဒီမြွေက အနာဂတ်မှာ ပိုသန်မာလာမယ် ဆိုတာကို သူ သေချာသိနေခဲ့တယ်..။ဒါပေါ့..သူ ဒီအကောင်ကိုတော့ ကောင်းကောင်းကျွေးမွေးထားဖို့ လိုအပ်ပါတယ်။
...သို့ပေမယ့် သူက တက်တူးကို မှတ်သားမူတွေ ဘယ်လို ကျွေး ရမှာလဲ..။
ရှုပ်ထွေးစွာနဲ့ပဲ ဆန်နီ ခနလောက် အတွေးနက်ပြီး နောက်မှာ စာသားတွေကို ပြန်အာရုံစိုက်လိုက်တယ်..။
အရိပ် : [ ဝိဥာဥ် မြွေနဂါး. ]
အရိပ်အဆင့် : အသွင်ပြောင်း
အရိပ်အမျိုးအစား : မွန်းစတား..
အရိပ် စွမ်းရည် : [ အရိပ်လမ်းညွှန်မူ ] , [ ဝိဥာဥ် လက်နက် ]
အရိပ် ဖော်ပြချက် : [ အဆုံးသတ်ကို ရောက်လာတဲ့ အချိန်မှာ..အရိပ်က နတ်ဘုရားတွေထဲမှာ နောက်ဆုံးမှ ဖျက်ဆီးခံရတဲ့ အရာပဲ..။သေဆုံးခြင်းကို ဖန်တီးခဲ့တဲ့အတွက် များစွာသော သူ တွေက သူ့ကို နာကျည်းခဲ့ကြပေမယ့်..အဆုံးမှာတော့ သေခြင်းတရားက အားလုံးကို ထွေးပွေ့သွားခဲ့တယ် ]
အရိပ်နတ်ဘုရား နဲ့ သေဆုံးခြင်းကြားထဲက ဆက်နွယ်မူကို သတိထားမိတာကြောင့် ဆန်နီ အေုက်ကို ငုံ့ကြည့်လိုက်တယ်..။
သို့ပေမယ့် အရိပ်ကို မြှင့်တင်ဖို့ အပိုင်းအစ ဘယ်လောက်လိုအပ်မလဲ ဆ်ိုတဲ့ အချက်ကတော့ ရှိမနေခဲ့ပါဘူး..။
ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်။
ဒီဟာကို တွေးကြည့်လိုက်တော့...
ဒီထူးဆန်းတဲ့ အရိပ်က သိသာစွာပဲသူ့ရဲ့ ဝိဥာဥ်နဲ့ဆက်နွယ်နေခဲ့တာပါ..။ဖြစ်နိုင်တာက သူ မွန်းစတား တစ်ကောင်ဖြစ်နေတာ တိုက်ဆိုင်မူတစ်ခု မဖြစ်နိုင်ပါဘူး..။ဒီတော့ မြွေနဂါးက သူတော်စင်လိုမျိုး သင့်တော်တဲ့ အိပ်မက်ဆိုးသတ္တဝါရဲ့ အမြုတေကို စုပ်ယူပြီး ဆင့်ကဲပြောင်းလဲနိုင်မယ့်ပုံမပေါ်ပေ..။ဒါက ဆန်နီ နဲ့ ထပ်တူရှိနေတဲ့အရာပါ။
ဒါပေမဲ့ ဆန်နီက နိုးထသူတစ်ယောက်ဖြစ်နေတာကို သူက ဘာလို့ အသွင်ပြောင်း အဆင့်ဖြစ်နေတာလဲ..။
' ဟင်..'
ဖြစ်နိုင်တာက သူ့ရဲ့ အဆင့်က ဆန်နီရဲ့ ဝိဥာဥ်နဲ့ဆက်နွယ် နေတာ မဟုတ်ပဲ..အရိပ်ကခုန်မူ အပေါ်နားလည်မူ နဲ့ဆက်နွယ်နေတာလား..။လတ်တလောမှာ သူက တိုက်ပွဲဟန်ပန် ခုနှစ်ဆင့်ထဲက ပထမအဆင့်ကိုပဲ နားလည်ထားပါသေးတယ်။သူ နောက်ထပ် အဆင့်ကို နားလည်မှ သူက နောက်တစ်ဆင့်ကို တက်နိုင်မှာ ဖြစ်နိုင်မလား..။
အတွေးနက်စွာပဲ ဆန်နီ သက်ပြင်းချလိုက်ပြီး အရိပ်ရဲ့ စွမ်းရည်ကို အပြည့်အဝ အာရုံစိုက်လိုက်တယ်..။
[ အရိပ် လမ်းပြမူ ] စွမ်းရည် ဖော်ပြချက် : " ဝိဥာဥ် မြွေနဂါးဟာ..သင့်ခန္တာကိုယ်ထဲမှ အရိပ်အဆီအနှစ်များ စီးဆင်းမူကို လမ်းပြပေးမည်ဖြစ်သည် "
[ ဝိဥာဥ် လက်နက် ] စွမ်းရည်ဖော်ပြချက် : " ဝိဥာဥ် မြွေနဂါးကို လက်နက်တစ်ခု ပုံစံ အဖြစ် ယူဆနိုင်သည်"
" လက်နက်တစ်ခုရဲ့ ပုံ...ဘယ်လိုလဲ ..ခနလေး "
ဆန်နီ အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်ပြီးနောက်မှာတော့..သူ့ရဲ့ ဘယ်ဘက်လက်အောက်ဝက် ဝိဥာဥ် မြွေနဂါးရဲ့ ဦးခေါင်းရှိတဲ့နေရာကိုကြည့်လိုက်တယ်..။သူ့ရဲ့ ကြေးခွံတွေက ဒီသတ္တဝါကို ရွေးလျားနေသယောင် ပြသနေခဲ့တာပါ။
အခုတော့ ..ဒါက တကယ်ကို လှုပ်ရှားနေခဲ့တယ်။
ဆန်နီ ရဲ့ စိတ်နဲ့ညွှန်ကြားချက်ကြောင့်..ဝိဥာဥ်မြွေဟာ သူ့ရဲ့လက်ထဲကို တိုးဝင်သွားပြီး..အနက်ရောက် ဓားတစ်ချောင်း အဖြစ် ပြောင်းလဲနေခဲ့တယ်..။ရစ်ပတ်နေတဲ့ အစိတ်အပိုင်းက သူ့ရဲ့ ခန္တာကိုယ်မှာ ဆက်လကိရွေ့လျားနေပြီး ..အနက်ရောင်ဓားက ပိုမိုရှည်လာခဲ့ကာ..အနက်ရောင်လည်သာ ပတ်ထားတဲ့ ဓားလက်ကိုင်က သူ့လက်ထဲကို ရောက်လာခဲ့တယ်..။
တက်တူးကတော့ မရှိတော့ပါဘူး..။
ဆန်နီဟာ သူ့လက်ထဲမှာ အရောင်ကင်းမဲ့တဲ့ ဓားတစ်ချောင်ကို ကိုင်ထားတာတွေ့လိုက်ရတယ်..။ဒါက ထိပ်လန့်စရာ ၊ ကြောက်ရွံ့စရာကောင်းတဲ့ စိတ်လေးလံဖွယ် အိုဒါချီ ( ဂျပန်ဓားရှည် ) တစ်လက်နဲ့တူပါတယ်။
လက်ကိုင်အပါအဝင်ဆိုရင် အိုဒါချီက သူ့အရပ်နီးပါးလောာက်တောင်ရှည်နေခဲ့တယ်..။သူ့ရဲ့ အရှည်နဲ့ယှဥ်ရင်တော့ ကိုင်တွယ်ရတာ ပေါ့ပါးပြီး..ဖျက်ဆီးမူတွေကို ပြုလုပ်ဖို့ အတွက်ဝာ့ လုံလောက်အောင် လေးလံပါတယိ..။
သူက ဓားကြီးရဲ့ အလေးချိန်ကို လက်ထဲမှာ ချိန်ဆ နေရင်း နက်မှောင်စွာ ပြုံးလိုက်တယ်။
'...တကယ်ပဲ...ဒါက အရိပ်တစ်ခုနဲ့ ထိုက်တန်တဲ့ ..လက်နက်ပဲ..'
ဒီဓားကတော့ အားနည်းနေတုန်းပါပဲ..။တကယ်လို့ ဒါက မှတ်သားမူ တစ်ခုဆိုရင် သူ့ရဲ့ အဆင့်က ပြောင်းလဲမူ ဒုတိယ အဆင့်မှာပဲ ရှိနေပါသေးတယ်..။ဆန်နီက ဒီ အနက်ရောင် အိုဒါချီ ဓားကို အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းအောင် လုပ်ပေးတော့မှာပါ..။
သူ သက်ပြင်းတစ်ချက်ချလိုက်ပြီး ..မြွေနဂါးကို သူ့ရဲ့
ခန္တာကိုယ်ထဲကို ဝင်ရောက်ဖို့ အမိန့်ပေးလိုက်ကာ..ပြီးမှ ပျောက်ကွယ်သွားစေလိုက်တယ်..။စက္ကန့် အနည်းငယ် ကြာပြီးနောက်မှာတော့..သူ့ရဲ့ အရည်ပြားက..သန့်ရှင်းပြီး..နောက်တစ်ကြိမ် ရှင်းလင်းနေခဲ့ပါပြီ..။
ဆန်နီဟာ..အမှောင်ထုကို မိနစ်အနည်းငယ် ကြာအောင် စိုက်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်တယ်..။
အခုကတော့ သူအပြင်လောကကို ပြန်ရောက်တဲ့အချိန်မှာ လုပ်ရမှာကို ကြောက်ရွံ့နေခဲ့တဲ့ အရာကို လုပ်ဖို့ အချိန်ရောက်ပါပြီ..။
သူ ဒီထက်ပိုပြီး အချိန်ဆွဲမနေချင်တော့ပေ..။