ဒေါင်းမ,ဟွာနှင့် အတူမနေရန်ဆုံးဖြတ်ခြင်း
Vol. 009 Ch. 848
“ဟွာပေါင်မြောင်က ဝမ်စီမြောင့်အစ်မနဲ့ သူ့ချစ်သူကို သေအောင် လုပ်ခဲ့တာ” မိုဘင်းဆက်ပြော လေသည် “သူက သူမကိုလက်တုန့် မပြန်ပေမယ့် သူ့စိတ်ထဲမှာတော့ နာကျည်းနေမှာပဲ”
“သူတို့ဆက်ဆံရေးက မဆိုးတဲ့ပုံပါပဲ” ဖက်တီးကျူ စဉ်းစားလေသည်။
“ဘယ်လိုလုပ်မဆိုးရမှာလဲ” တိုက်ပွဲရူးဟော်လသည် ဝိုင်ကိုမော့ကာ ဝင်ပြီးပြောလေသည် “ဟွာပေါင်မြောင်က မိုလင်းကိုကြိုက်တာ ဒါပေမဲ့ မိုဘင်းက သူမကိုမကြိုက်ပဲ လျစ်လျူရှုထားတာလေ သူမက ငါတို့ပြောတာကို ဂရုတစိုက်ရှိတာကို သတိမထားမိဘူးလား၊ အဲဒါက မိုဘင်းက သူမနဲ့မရှိပဲ ငါတို့နဲ့ရှိနေလို့လေ”
“ဘာ အဲဒါကြောင့် သူမက ကျွန်တော်တို့ကိုအေးတိအေးစက် ကြည့်တာကိုး၊ ဒီမှာလှည့်ကွက် တွေရှိနေတာကိုး” ဖက်တီးကျူ ပြော လိုက်သည်။
“အထူးသဖြင့် ဘေဂုံ၊ သူမ ဘေဂုံကိုကြည့်တဲ့အကြည့်ကာ လူတစ်ယောက်ကိုဝါးစားတော့မယ့် အတိုင်းပဲ” ဝေကျိရွှီ ပြောလိုက်သည်။
“မဟုတ်ဘူးလား မိန်းကလေးတွေ သဝန်တိုရင် ကြောက်ဖို့ ကောင်းတယ်” ဟော်ဖန် ပြောလေသည်။
“ဒါပေမဲ့ သူမက မိုဘင်းကိုအနှောင့်အယှက်မပေးပါဘူး”
“သူမရဲ့ တစ်ကိုယ်ကောင်းစိတ်လည်းဖြစ်နိုင်တယ်လေ” ရှီမာယူယူ ပြောလိုက်သည်။
သူမသည် ထွက်သွားရန်ဟန်ပြင်နေသော ဝမ်စီမြောင်အားကြည့် လိုက်သည်။ သူ့ချစ်သူနှင့် အစ်မသည် လူတစ်ယောက်တည်းကြောင့် သေဆုံးသွားသည်မှာ ဝမ်းနည်းစရာပင်။ သို့သော် သူသည် ဆင်ခြင်တုံတရားရှိကာ သူမကို လက်တုန့်မပြန်ခဲ့ပေ။ သူသည် သူမနှင့် ဂိုဏ်း တွင် သွားသွားလာလာ လုပ်နေသေးသည်။
ထို့ကြောင့် သူ့မျက်နှာအမူအရာသည် ဝမ်းနည်းများမြှုပ်နှံထားကာ အေးစက်နေခြင်းဖြစ်သည်။
“စီနီယာမို သူမက ဂိုဏ်းရဲ့ အင်အားကြီးထဲကတစ်ယောက်ပဲ၊ သူမရဲ့ သရုပ်မှန်နဲ့ နောက်ခံက လည်းမဆိုးဘူးလို့ကြားတယ်၊ သူမကိုဘာလို့ မကြိုက်တာလဲ၊ သူမကို အသိအမှတ်တောင်မပြုဘူးလေ တခြားသူဆိုမလုပ် နိုင်ဘူး၊ ပန်ကျားနန်လိုပေါ့ သူက သူမဆီက မျက်လုံးကိုမခွာနိုင်ဘူး” ဖက်တီးကျူ သည် မိုဘင်းကိုစနောက်ရင်း ရယ်မောလေသည်။
မိုဘင်းပြုံးသော်လည်း သူ့ကိုပြန်မဖြေပေ။
သူသည် သူမကိုဒီအတိုင်းမနှစ်သက်ခြင်းဖြစ်သည်။ သူဘာလို့မေးခွန်း တွေဒီလောက်များတာ လဲ။
သို့သော် ရှီမာယူယူသည် ထိုစကားကိုကြားသောအခါ တစ်ခုခုလွဲနေပြီ ဆိုသည်ကို သိလိုက်သည်။ သူမသည် မိုဘင်းကိုကြည့်လိုက်ပြီးနောက် ပန်ကျာနန်နှင့် ဝမ်စီမြောင်ကိုကြည့်လိုက်သည်။
တစ်ခုခုတော့မှားနေပြီ။
“ဘာလဲ” ဘေဂုံထန်သည် သူမမျက်မှောင်ကြုတ်နေသည်ကိုကြည့် ပြီးနောက် တစ်ခုခုလွဲနေသည်ကို သူမတွေ့လိုက်သည်ကို သတိထားမိ လိုက်သည်။
“တစ်ခုခုလွဲနေတာကို သတိထားမိလား” ရှီမာယူယူ မေးလိုက်သည်။
“ဘာလွဲတာလဲ” ဘေဂုံထန်သည် သူတို့ပြောသည့်စကားများကိုမကြား သဖြင့် ဘာအတွေးမှမရှိပေ။
“အခုတိုက်ပွဲရူးပြောလိုက်တာ ဟွာပေါင်မြောင်က မိုဘင်းကို ကြိုက်တယ်တဲ့” ရှီမာယူယူ ဆက် ပြောလေသည် “ဒါပေမဲ့ ခုနကပြောတော့ ပန်းကျားနန်က ဝမ်စီမြောင်နဲ့ ဟွာပေါင်မြောင်တို့တွဲနေလို့ ဝမ်စီမြောင်ကို သတ်ချင်နေတာလို့ ဖက်တီးပြောတယ်၊ လွဲနေတယ်လို့မထင်ဘူးလား”
“အဲလိုပုံပဲ” ဘေဂုံထန် ဆက်ပြောလေသည် “ဒီအကြောင်းပြချက်နဲ့ ဆိုရင် ပန်ကျားနန်က ဟွာပေါင်မြောင်ကိုကြိုက်တယ်ဆိုရင် မိုဘင်းကို သတ်ချင်ရမှာလေ သူကဘာလို့ ဝမ်စီမြောင်ကိုသတ်ချင် ရတာလဲ”
“ဟုတ်တယ် ဒါပေမဲ့ဖက်တီးပြောတာအမှန်ဖြစ်လောက်တယ်” ရှီမာ ယူယူ ဆက်ပြောလေသည် “အဲဒါကြောင့် တစ်ခုခုထူးဆန်း နေတယ်လို့ ထင်တယ်”
“ဘာကြောင့်လဲ” ဘေဂုံထန်သည် နားမလည်သေးပေ။
ရှီမာယူယူသည် ခေါင်းရမ်းလိုက်သည်။ သူမလည်း နားမလည်နိုင်ပေ။ “ငါလည်းမသိဘူး၊ စောင့်ကြည့်ကြတာပေါ့၊ ဖြစ်နိုင်သလောက် ဖက်တီးကို တစ်ယောက်တည်းမလှုပ်ရှားခိုင်းနဲ့”
“ငါတို့လုပ်နိုင်တာ ဒါတစ်ခုတည်းရှိတာ”
ထန်ယန်သည် ရှီမာယူယူပေးသော ဆေးအားလုံးကိုရောင်းပြီ်းနောက် ပြန်လာကာ သူမအား ဖန်ကတ်ကိုပစ်ပေးလိုက်သည် “ဒီမှာ ဆေးအလုံး၈၀ တစ်လုံးကို ၃၀၀၀.. အားလုံးပေါင်း ၂သိန်း၄သောင်း ကာကွယ်ဆေးအလုံး ၅၀စာ ၁သောင်းခွဲနဲ့ထပ်ပေါင်းရင် ၂၅၅၀၀၀”
ရှီမာယူယူသည် ဖန်ကတ်ကိုသိမ်းပြီး ပြုံးကာ ပြောလိုက်သည် “ကျေးဇူးတင်ပါတယ်”
“ကျေးဇူးတင်တာပဲလား လွန်လိုက်တာ ငါမင်းကို ဆေးတွေအများကြီး ကူရောင်းပေးတာကို” ထန်ယန် ပြောလေသည်။
ရှီမာယူယူသည် ဝိဉာဉ်အသီးနှစ်လုံးထုတ်ကာ သူ့ကိုပစ်ပေးလိုက်သည် “ဒီမှာ ကျေးဇူးတင်တဲ့ အနေနဲ့ လက်ဆောင်”
ထန်ယန်သည် ဝိဉာဉ်အသီးနှစ်လုံးနှင့် မလုံလောက်ဟု ပြောချင်သည်။ သို့သော် ထိုဝိဉာဉ်အသီး နှစ်လုံးမှာ ထူးခြားသည်ကို သိလိုက်သည်နှင့် မပြောလိုက်ရပေ။ တခြားအသီးများနှင့်ယှဉ်လျှင် ထိုအသီး များသည် ရှားပါးသည်။
“ဟီးဟီး ဒါလည်းမဆိုးပါဘူး ငါယူထားလိုက်မယ်”
“နေထွက်လာပြီ နောက်အစီအစဉ်ကဘာလဲ” တိုက်ပွဲရူးဟော်က မေးလေသည်။
“ငါတို့ ရွှေကင်းမီးကောက်များတွေ့ရဦးမလားလို့ ကန္တာရကိုပတ်ကြည့် ကြမယ်၊ ရွှေကင်းမီးကောက် အမြီးတွေကို ထပ်ပြီးမစုတော့ဘူးလား” ထန်ယန်သည် ဝိဉာဉ်အသီးကိုကိုက်လိုက်ပြီး ဝါးကာ မျက်စိမှိတ်ပြီး အသီးအရည်ရွှမ်းမှုကို ခံစားနေသည်။ “စားကောင်းလိုက်တာ”
“အဲလောက်စားကောင်းတာလား” တိုက်ပွဲရူးဟော် သံသယဝင်မိသည်။
ဝိဉာဉ်အသီးကို အရင်ကလည်း စားနေကျပဲမလား။ ဘာလို့အပိုတွေ လုပ်နေတာလဲ။
“မင်းစားကြည့်ရင်သိမှာပေါ့” ထန်ယန် ဆက်ပြောလေသည် “ဒါပေမဲ့ ငါမင်းကို မကျွေးနိုင်ဘူး ဒီအတိုင်းသာကြည့်နေ”
ထိုအချိန်တွင် ဝမ်စီမြောင်လျှောက်လာကာ ရှောင်ချီနှင့် မိုဘင်းတို့ကို ပြောလိုက်သည် “ငါပြန်သွားတော့မယ်၊ မင်းက အားကောင်းပါတယ် ကျောင်းသားတွေကို ဂရုစိုက်”
“မဟုတ်ဘူး” ရှောင်ချီသည် တိုက်ရိုက်ပင် ငြင်းဆန်လိုက်သည် “ငါတို့လည်း မကြာခင်သွားမှာ သူတို့ကို ဒီမှာပဲစောင့်ခိုင်းလိုက်”
“ရှောင်ချီ…” ဝမ်စီမြောင်သည် သူမအား အသနားခံသလိုလှည့် ကြည့်လေသည်။
“မဟုတ်ဘူး ငါ ဒေါင်းမ,ဟွာနဲ့ အတူမနေချင်ဘူး” ရှောင်ချီသည် ဆက်ပြောလေသည် “ငါ အဲလောက် သဘောမကောင်းဘူး”
“မင်းဒီမှာရှိရင် သူတို့ပိုလုံခြုံမှာပါ” ဝမ်စီမြောင် ပြောလေသည်။
“ငါက သူတို့ရဲ့ကိုယ်ရံတော်မှမဟုတ်တာ” ရှောင်ချီ ညည်းညူလေသည် “ငါတို့က သူတို့ကို ကာကွယ်မယ်ဆိုရင်တောင် သူတို့ကတန်ဖိုးထားတတ်မှာ မဟုတ်ဘူး၊ မျက်လုံးဖြူနဲ့ ဝံပုလွေတွေ ပြီးတော့ ယူယူနဲ့ တခြားသူတွေက ကန္တာရကထွက်သွားမယ်ဆိုတာ ဆုံးဖြတ်ပြီးသွားပြီ ငါသူတို့နဲ့ လိုက် သွားမှာပဲ”
ဝမ်စီမြောင်သည် ရှီမာယူယူကို ကြည့်ပြီး ပြောလေသည် “အတန်းဖော်ရှီမာ…”
“စီနီယာဝမ် စီနီယာဟွာ ဒီမှာရှိရင်တော့ အားလုံးအဆင်ပြေ မယ်လို့ထင်ပါတယ်” ရှီမာယူယူသည် သူစကားမဆုံးခင်ပင် ဆက်ပြော လေသည် “ကျွန်တော်တို့လို လူသစ်တွေ ဒီမှာနေတာက အားလုံးအတွက် ဆွဲချသလိုဖြစ်မှာပဲ၊ အားလုံးလုံခြုံရေးအတွက်ဆိုရင် ထွက်သွားတာ ကောင်းမယ်”
သူမသည် တခြားကျောင်းသားများကို ကူညီရန်တွေးထားသော်လည်း လီယန်အာသည် သူမ ကို မခံချင်ဖြစ်အောင် ပြောခဲ့သည်။ ဟွာပေါင်မြောင် သူမကို အထင်သေးစဉ်က ဘယ်သူမှ သူမအတွက် ကူမပြောခဲ့ပေ။ သူမသည် ထိုကဲ့သို့လူများကို မကူညီချင်ပေ။
အားလုံးသည် ဂိုဏ်းမှကျောင်းသားများဖြစ်သောကြောင့် သူမသည် ဆေးများရောင်းရခြင်းဖြစ်သည်။ သူမကို သူတို့ရဲ့ကိုယ်ရံတော်အဖြစ် လုပ်ခိုင်းနေတာလား။ မဖြစ်နိုင်ဘူး…
“ဒါပေမဲ့…”
“စီနီယာဝမ် ခင်ဗျားစောစောသွားသင့်တယ်လို့ထင်တယ်၊ သူတို့ကို စောစောအသိပေးလိုက်ရင် ဂိုဏ်း လူတွေလွှတ်ပေးမှာပဲ ဒီလိုမှပဲ အားလုံး အန္တာရယ်ကနေ မြန်မြန်လွတ်နိုင်မှာ” ရှီမာယူယူ စကား ဖြတ်ပြောလေသည်။
ရှီမာယူယူ ခေါင်းမာသည်ကို ဝမ်စီ်မြောင်တွေ့သောအခါ သူမသည် အားလုံးကို ဒေါသဖြစ်နေ သည်ကို သိသောကြောင့် ထပ်မပြောရဲတော့ပေ။ သူသည် မိုဘင်းနှင့် တခြားသူများဘက် လှည့်ကြည့် လိုက်သည်။
“ငါတို့ကို သူတို့နဲ့ မနေခိုင်းနဲ့ မင်းလည်းသိပါတယ် ဒေါင်းမ,ဟွာကို ကြည့်ရတာနဲ့ကို အော့အန် ချင်တယ်” ထန်ယန်သည် သူ့ကိုချက်ချင်းပင် ငြင်းဆန်လိုက်သည်။
“ငါက ယူယူနဲ့နေချင်တယ်လို့ ပြောပြီးသားလေ” ဟော်ဖန် ပြောလိုက်သည်။
“ငါလည်း သူတို့နဲ့ရှိချင်တာ” မိုဘင်း ပြောလိုက်သည် “ဂိုဏ်း ကဆိုမှတော့ အဲလူတွေလည်း မဆိုးလောက်ပါဘူး မင်းပြန်ဖို့ဆုံးဖြတ်ထား မှတော့ စောစောသွားလိုက်တော့”
“ကောင်းပြီ” ဝမ်စီမြောင်သည် သူတို့ကို ဖိအားမပေးပေ။ ထို့အပြင် သူတို့ကသာ ရှီမာယူယူတို့ကို ပြစ်မှားခဲ့တာမလား။
“ယူယူ တခြားအချိန်တွေမှာဖော်ထားတဲ့ဆေးတွေရော” ရှောင်ချီ မေးလိုက်သည်။
ရှီမာယူယူသည် ခေတ္တမျှစဉ်းစားပြီးနောက် အနက်ရောင်နှင့် အနီရောင် ပုလင်းတစ်လုံးစီထုတ်ကာ ဖွင့်လိုက်သည်။ “အနက်ရောင်က အဆိပ်၊ အနီရောင်က ဖြေဆေး၊ ဒီအဆိပ်က ဧကရာဇ်အဆင့် လူတစ်ယောက်ကို ၁၀မိနစ်အတွင်း အဆိပ်မိအောင်လုပ်နိုင်တယ်”
ဝမ်စီမြောင်သည် ရှီမာယူယူနှင့် ရှောင်ချီကို ကြည့်လိုက်သည်။
“ဒါယူသွားရင် သက်သေဖြစ်မှာပဲ ကောင်းပြီ သွားတော့” ရှောင်ချီသည် သူ့ရင်ခွင်ထဲသို့ ပုလင်း နှစ်ပုလင်းကို ပစ်ပေးရင်း ပြောလိုက်သည်။
***