← Chapters

အခန်း (၇၂၁)

Vol. 49 Ch. 721

အခန်း (၇၂၁)

Vol. 49 Ch. 721

#ဘာသာပြန် = စနိုးဝှိုက်

ဟော်တယ်တွင်.။

ယွန်ယွဲ့ယောင်က လင်းဖန် အတွက်..ဟော်တယ်ခန်းတစ်ခုကို စီစဥ်ပေးခဲ့ပါတယ်..။ဒါက..ဟောင်ဂျင် မှာ အကောင်းဆုံး..ဟော်တယ်တစ်ခုပါ..။

အပြင်က..ညဘက် ကောင်းကင်မြင်ကွင်းကို..ကြည့်ပြီး လင်းဖန် အိပ်ယာပေါ်မှာ ဇိမ်ကျကျလဲလှောင်းနေခဲ့ပါတယ်..။

အဲ့အချိန်..ယွန် အိမ်တော်တွင်..။

ယွန်တိုင်နီယန်..ယွန်ယွဲ့ယောင် ရီကျန်းမင်..အို့ရှင်းယန် နဲ့ ကျန်တဲ့လူတွေဟာ ဗီဒီယိုကို ကြည့်နေခဲ့ကြတယ်..။သူတို့ရဲ့ မျက်ခုံးတွေကတော့..တွန့်နေခဲ့ပါတယ်..။

"ရပ်လိုက်..။ပုံကြီးချဲ့လိုက်.."

ယွန်တိုင်နီယန် ပြောလိုက်တယ်..။

သူတို့ ကြည့်နေကြတာက..ဒီနေ့ ယွန်ယွဲ့ယောင် နဲ့ ကျန်းယွမ် တို့ရဲ့ ကစားပွဲပါ..။

"အဖိုး..သမီးသာ အမြင်မမှားဘူးဆိုရင် ..သမီးရဲ့ ကတ်က..ဟတ် ၉ ပဲ..။သမီး ရှင်းရှင်းလင်းလင်း မှတ်မိတယ်.."

ယွန်ယွဲ့ယောင် ပြောလိုက်တာပါ..။အခုချိန်အထိ..လင်းဖန် သူမရဲ့ ဟတ် ၉ ကို A အဖြစ် ဘယ်လို ပြောင်းလိုက်တာလဲ ဆိုတာ နားမလည်နိုင်သေးပါဘူး..။

ရီကျန်းမင် မျက်တောင် မခတ်ပဲ ကြည့်နေခဲ့ပြီး..

"ဒါက အရမ်း ဆန်းကျယ်လွန်းတယ်..။တကယ်လို့..သူ ကတ်ကိုပဲ..ပြောင်းလဲလိုက်တာ ဆိုရင်..နားလည်ပေးလို့ရသေးတယ်..။ဒါပေမဲ့..သူ ကတ်ကို ဖဲထုတ်ထဲ ဘယ်လို ပြန်ထားလိုက်တာလဲ..။ဒါက.လက်မခံနိုင်စရာပဲ.."

"ဆက်ကြည့်မယ်..အနှေးဆုံး..အမြန်နှုန်း နဲ့ပြထား.."

ယွန်တိုင်နီယန်..ဗီဒီယိုကို..ဆက်ကြည့်ချင်ခဲ့ပြီး..အမြန်နှုန်းကို တော့ အနိမ့်ဆုံးမှာသာ ထားထားခဲ့ပါတယ်..။

သူတို့ရဲ့.ယွန် မိသားစုက..လောင်းကစားနဲ့ပဲ ဒီအခြေအနေ အထိမြင့်တက်လာခဲ့တာပါ.။သို့ပေမယ့် သူတို့ရဲ့ လောင်းကစားက ဒီလို အရာတွေကို မှီခိုနေတာ မဟုတ်ပေ..။သူတို့က ဦးနှောက်ကိုပဲ..သုံးပြီး လုပ်ကိုင်ခဲ့ကြတာပါ..။

ဗီဒီယိုဟာ..အနှေးဆုံး အရှိန်နဲ့ ရွေ့လျားနေခဲ့တယ်..။အဲ့အချိန်မှာတော့..လက်တစ်ဖက်က..ရောက်လာပြီး..ယွန်ယွဲ့ယောင်ရဲ့ လက်ကို ဆုပ်ကိုင်ထားခဲ့ပါတယ်..။

ယွန်ယွဲ့ယောင် ဒါကို မြင်တဲ့ အချိန်မှာ သူမရဲ့ မျက်နှာဟာ နီရဲသွားခဲ့တယ်..။သို့ပေမယ့် သူမ စခရင်ကို စိုက်ကြည့်နေဆဲပါ..။

ယင်းနောက် အို့ရှင်းယန် အံ့ဩသွားခဲ့ပြီး..

"ပြောင်းသွားပြီ..ကတ်က ပြောင်းသွားပြီ..။ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ.."

အဲ့အချိန်မှာတော့ ကတ်က ထွက်ပေါ်လာခဲ့ပါပြီ..။အစက..ဟတ် ၉ ဖြစ်နေတဲ့ ကတ်က ရုတ်တရက် ပဲ..စပိတ် ၁ ဖြစ်သွားခဲ့တာပါ..။သို့ပေမယ့် ဘယ်လိုဖြစ်သွားတာလဲ ဆိုတာကို သူတို့ အခုထိ မမြင်နိုင်ကြသေးပေ..။

သူတိူ့ ဗီဒီယိူကို အနှေးဆုံး အရှိန်နဲ့..ဖွင်ကြည့်နေကြတာပါ..။လင်းဖန် ရဲ့..လင်းဖန် ဘယ်လောက်ပဲ..မြန်တယ်လို့ ပြောပြော ကင်မရာရဲ့ အောက်ကနေ တော့ လွတ်မြောက်နိုင်မှာ မဟုတ်ပေ..။

ပြီးနောက် မှာ. ဗီဒီယိုက ကျန်းယွမ် ဘာမှ မရှိတဲ့ စပိတ် A ကို ရှာဖွေနေတာ ပြသနေခဲ့တယ်..။သို့ပေမယ့်..အဲဒီအစားအထဲမှာ ..ဟတ် ၉ ရှိနေတာကို မြင်တဲ့ အချိန်မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပါတယ်..။ဒီမှာ လုံးဝ အားနည်းချက် မရှ်ိနေသလို. ဘာသဲလွန်စမှလဲ ရှိမနေခဲ့ပေ..။

တကယ်လို့..တစ်စုံတစ်ယောက်က..ကတ်ကို အရင်က မမြင်ထားဘူးဆိုရင် နဂိုကတည်းက..စပိတ် A ကိုင်ထားတယ်လို့ပဲ တွေးမိမှာပါ..။

ရီကျန်းဟန် သက်ပြင်းချလိုက်ပြီး..

"ဒါက လုံးဝကို အပြစ်ကင်းတယ်..။ဒီလိူ နည်းပညာ မျိုးနဲ့ဆို .သူ ကမ္ဘာ့လောင်းကစား ပြိုင်ပွဲကိုသာ ဝင်ပြိုင်ရင် လောင်းကစား နတ်ဘုရား နာမည်က တစ်ခြား ဘယ်သူမှ မရနိုင်တော့ဘူး.."

လောင်းကစားသမားတိုင်း ရဲ့..အရင့်ဆုံး မျှော်မှန်းချက်က..တရားဝင် အမည်ဘွဲ့ တစ်ခုကို.. ရဖို့ပါ..။ဒါကို ရဖို့ဆိုတာကလည်း ပြောစရာ မလိုအောင်တောင် ခက်ခဲလှပါတယ်..။ဒါက အတော်ကို ခက်ခဲတာပါ..။

"သူက တကယ် အံ့ဩဖို့ကောင်းတာပဲ.."

ယွန်ယွဲ့ယောင်..အံ့ဩနေတဲ့ အမူအရာနဲ့ ..ညင်သာစွာ ပြောလိုက်တာပါ..။

တစ်ဖက်မှာတော့ ယွန်တိုင်နီယန်ဟာ အတော်ကို တည်ငြိမ်နေခဲ့တယ်..။

"ကောင်းပြီ..ယွဲ့ယောင်..မနက်ဖြန်ကျရင် မာစတာလင်းကို သေချာလိုက်ပြပေးလိုက်ဦး.."

"သိပါပြီ အဖိုး.."

ယွန်ယွဲ့ယောင် ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။သူတို့ ရဲ့ ယွန်မိသားစုက လွမ်းမိုးနိုင်စွမ်း ရှိတယ် ဆိုပေမယ့်လည်း..ဒီလို အချိန်မျိုးတွေ ရောက်ရင် တန်းတူပဲ ဆက်ဆံရမှာပါ..။အထူးသဖြင့် ဟောင်ဂျင် လို ပြိုင်ဆိုင်မူ ပြင်းထန်တဲ့ နေရာမျိုးမှာ..မောက်မာတာက ကောင်းတဲ့အရာ မဟုတ်ပါဘူး..။

…

နောက်တစ်ရက်..။

လင်းဖန် အိပ်ပျော်နေတုန်းမှာပဲ..တံခါးခေါက်သံတွေကို ကြားလိုက်ရတယ်..။

"ဘယ်သူလဲ.."

လင်းဖန် အိပ်ချင်မူးတူး ပြောလိုက်တာပါ..။

"ကျွန်မပါ..မာစတာလင်း..။ယွန်ယွဲ့ယောင် ပါ.."

ချိုသာတဲ့ အသံတစ်ခုဟာ အပြင်ကနေ ထွက်လာခဲ့ပါတယ်..။

"အိုး..မိန်းကလေး ယွန်လား..။ကျေးဇူးပြုပြီး ခနစောင့်ပါဦး..ကျွန်တော် နည်းနည်း ပြင်ဆင်လိုက်ဦးမယ်.."

လင်းဖန် မိန်းမလှလေး..နဲ့.အနည်းငယ်လောက် .အပြန်အလှန် အကျိုးပြုနိုင်ဖို့ကို စိတ်မရှိပေ..။ဒါပေါ့..ဒါက ဒီတိုင်း..လူမူပေါင်းသင်းဆက်ဆံရေး ပါပဲ..။

သိပ်မကြာခင်မှာပဲ..လင်းဖန် တံခါးကို ဖွင့်လိုက်တယ်..။သူ့ရှေ့မှာ မိန်းမလှလေး တစ်ယောက် ကိုတွေ့လိုက်ရတဲ့ အချိန်မှာ..လင်းဖန် မျက်လုံးတွေ တောက်ပသွားခဲ့တယ်..။သူမ ရဲ့ စတိုင်က မနေ့ကနဲ့ စာရင် အတော်ကို ပြောင်းလဲသွားခဲ့တာပါ..။သူမက အတော် လှပအောင် ဝတ်ဆင်ထားခဲ့ပါတယ်..။သူမရဲ့ ပျော့​ပျောင်းပြီး ရှည်လျားတဲ့ ဆံပင်ကိုတော့ နောက်ဘက်မှာ စည်းထားခဲ့တယ်..။သူမက ရင်းနှီးတဲ့ မိန်းကလေး တစ်ယောက် ခံစားချက်ကို ပေးစွမ်းပါတယ်..။

"မာစတာလင်း..အခုထိ မနက်စာ မစားရသေးဘူးမလား..။ကျွန်မ ဟောင်ဂျင်မှာ နာမည်ကြီးတဲ့ နေရာတစ်ခုကို မနက်စာစားဖို့ ခေါ်သွားပေးမယ်..။ပြီးရင် ကျွန်မတို့ မြင်ကွင်းလှတဲ့ နေရာတစ်ချို့ကို..သွားကြည့်ကြမယ်လေ..။ဟောင်ဂျင်ကို..ရူခင်းရှစ်မျိုး မြို့လို့လည်း ခေါ်ကြတယ်လေ..။လူတွေက ဟောင်ဂျင်ကို လာပြီး နေရာတစ်ချိုကိုတောင် သွားမလည်ဖြစ်ရင် ဒါက..ဖြုန်းတီးရာ ကျတဲ့ ခရီးတစ်ခုပဲ..."

ယွန်ယွဲ့ယောင် အပြုံးတွေ ပြည့်နေတဲ့ မျက်နှာနဲ့ ပြောလိုက်တာပါ..။

လင်းဖန် ပြုံးပြီး ပြန်ပြောလိုက်တယ်..။

"ကောင်းပြီလေ..ဒါဆိုလည်း မိန်းကလေး ယွန်ကိုပဲ..ပြသနာ ဖြစ်စေတော့မယိ.."

…

ဒါက ဆိုင်သေးသေးလေး တစ်ဆိုင်ပါပဲ..။ကြည့်ရတာ တော့ ဆိုင်ဖွင့်လာတဲ့ သက်တမ်းက အတော်ကို ကြာနေလောက်ပါပြီ..။

ယွန်ယွဲ့ယောင်..လင်းဖန်ကို ဆိုင်ရှေ့ခေါ်သွားပြီးတဲ့ နောက်မှာ လင်းဖန်က စိုက်ကြည့်နေတာကြောင့်..ဒီဆိုင်က..အိုဟောင်းပြီး သေးသိမ်တယ် လို့ တွေးနေတယ်အထင်နဲ့ အမြန်ရှင်းပြလိုက်တယ်..။

"ဆိုင်တစ်ဆိုင်ကို အမြင်နဲ့ မဆုံးဖြတ်လိုက်နဲ့..။ဒါက ဖွင့်လာတာ နှစ် ၆၀ လောက်ရှိနေပြီ..။ဒီဆိုင်က ဟောင်ဂျင်မှာ ဆိုရင် အရမ်းလူသိများတယ်.."

လင်းဖန် ပြုံးလိုက်ပြီး..

"ကျွန်တော် မဆုံးဖြတ်ပါဘူး..။ဒီတိုင်း သိချင်လို့ ကြည့်နေတာပါ.."

အထူး သရေစာ တွေကို စောင့်နေတဲ့ အချိန်မှာ

ယွန်ယွဲ့ယောင် လင်းဖန်ကို သိချင်စွာ ကြည့်လိုက်ပြီး..

"မာစတာလင်း..ကျွန်မ အတော် သိချင်လို့ပါ..။မနေ့က ကျွန်မ ပြန်သွားတော့ အင်တာနက်ပေါ်မှာ ရှာဖွေခဲ့တယိ..။အင်တာနက်ပေါ်မှာ ပြောတာတော့ ရှင်က အတော် အံ့ဩဖို့ကောင်းတယ်တဲ့ ..အဲတာ အမှန်လား..."

.

"ကျွန်တော်က ဒီတိုင်းပါပဲ..။ကျွန်တော်က အရာရာ တိုင်းကို နည်းနည်းစီ သိတယ်လို့ပဲ..ပြောလို့ရပါတယ်..။ဒါပေမဲ့ မိန်းကလေး ယွန်ကတော့ ကျွန်တော်ကို အံ့ဩသင့်စေတယ်..။ဒီလောက် အသက်ငယ်ငယ်လေးနဲ့ ကာစီနို စီးပွားရေး တစ်ခုလုံးကို ချုပ်ကိုင်ထားနိုင်တယ်လေ.."

လင်းဖန် အပြုံးလေးနဲ့ ပြောလိုက်တာပါ..။

"မိန်းကလေး ယွန် ရဲ့ အသံက အရမ်း ပုံမှန်ကျလွန်းတယ်..။ညီမကို..ယွဲ့ယောင်လို့ ခေါ်လို့ရပါတယ်..။မနေက အကူညီကြောင့်သာ မဟုတ်ဘူးဆိုရင်..ညီမ..တစ်ဖက်လူကို ရှုံးနိမ့်ရတော့မှာ.."

ယွဲ့ယောင် ပြောလိုက်တာပါ..။

လင်းဖန် ဘာမှ မပြောခဲ့ပေ..။ဒီ ယွန်ယွဲ့ယောင်က အသက်ငယ်ငယ်နဲ့ ဒီလိုနေရာရောက်နေတာကြောင့် လုံးဝသာမန်လူ မဖြစ်နိုင်ပါဘူး..။တစ်ခုသိထားရမှာက..ပိုပြီးနိမ်ချတတ်တဲ့လူက..ပိုပြီးကြောက်ဖို့ကောင်းပါတယ်..။

တကယ်လို့ လင်းဖန် သာ ဒီ ယွန်ယွဲ့ယောင်ကို ဘာမှ မဟုတ်တဲ့ မိန်းမငယ်..လို ဆက်ဆံမိရင်..ငတုံးတစ်ယောက် ဖြစ်သွားမှာပါ..။

မကြာခင်မှာပဲ အထူးမှာထားတဲ့ အဆာပြေ မုန့်ပဲ သရေစာ တွေ ရောက်လာခဲ့တယ်..။

အမှန်တကယ် တော့ ဒီဆိုင်က မဖွင့်သေးပါဘူး..။သို့ပေမယ့်..ယွန်ယွဲ့ယောင်က..ယွန်မိသာစု ရဲ့ သခင်မလေး ဖြစ်နေတော့..သူတို့ မဖွင့်ချင်ဘူးဆိုရင်တောင်..ဖွင်ကြရမှာပါပဲ..။

"အင်း..အရသာက အတော်ကောင်းတယိ.."

လင်းဖန် တစ်ဇွန်း စားလိုက်တဲ့ အချိန်မှာ အရသာက အတော်ကောင်းတာကို တွေ့လိုက်ရတယ်..။

ယွန်ယောင်ယွဲ့ ကျေနပ်စွာ ပြုံးလိုက်ပြီး..။သူမရဲ့ အကြိုက်ဆုံး အစားအစာကို လင်းဖန်က ချီးကျူးလိုက်တာပါ..။

"ညီမ ငယ်ငယ်လေးကတည်းက ဒီမှာပဲ..လာစားနေကြလေ..။ဒီမှာက နည်းနည်းစျေးကြီးတယ် ဆိုပေမယ့် အရသာက အတော်ကောင်းတယ်.."

လင်းဖန် တွေးလိုက်တယ်..။

"ယွန် မိသားစု ရဲ့ ချမ်းသာကြွယ်မူနဲ့ဆို ဒီထက်စျေးကြီးနေမယ် ဆိုရင်တောင်..မင်းအတွက်ကတော့..စျေးပေါ နေတုန်းပဲလေ.."

"မာစတာလင်းလို့..ခေါ်ရတာက..ရှက်စရာကြီး..။ညီမ အစ်ကိုလင်းလို့ ခေါ်လိူ့ရလား.."

ယွန်ယွဲ့ယောင် မေးလိုက်တာပါ..။

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။

"သေချာတာပေါ့..ဒါက ပြသနာ မရှိဘူး..။တစ်ခါတစ်လေမှာ လူတွေက မာစတာလင်းလို့ ခေါ်ရင် ကိုယ့်ကိုကို အသက်ကြီးနေသလို ခံစားရတယ်.."

"မဖြစ်နိုင်တာ..အစ်ကိုလင်းက ဒီဘောက် ငယ်ရွယ်နေတာပဲကို..။ထပ်ပြောရရင်..ညီမ မြင်ဖူးတဲ့လူတွေ ထက်လည်း ပိုပြီး အံ့ဩဖို့ကောင်းသေးတယ်.."

ယွန်ယွဲ့ယောင်..ပြည့်စုံအောင် ပြောလိုက်တာပါ..။

မကြာခင်မှာပဲ..သူတို့နှစ်ယောက် ဆိုင်ထဲကနေ ထွက်သွားလိုက်ကြတယ်..။​ြ

သူက ဟောင်ဂျင် နဲ့ မရင်းနှီးပေမယ့်..ကံကောင်စွာပဲ..ယွန်ယွဲ့ယောင်က .သေချာ လမ်းပြပေးနေခဲ့ပါတယ်..။ပထမ ဆုံးအနေနဲ့..သူတို့.. အာမာ ဘုရားကျောင်း မှာ..ရပ်လိုက်ကြတယ်..။

ဒါက ဟောင်ဂျင်မှာ အတော် နာမည်ကြီးတဲ့ နေရာတစ်ခုဖြစ်ပြီး နှစ် ၅၀၀ သက်တမ်း ရှိပါတယ်..။

ထပ်ပြောရရင်..လမ်းမှာ သူတို့အတွက် စိတ်အနှောက်အယှက်ဖြစ်စရာ အခြေအနေကို တွေ့လိုက်ရတယ်..။

လမ်းဆုံတစ်ခုမှာ..ကားနှစ်စီးက. တိုက်မိမလိုဖြစ်ကြပြီး ချက်ချင်းပဲ..တစ်ယောက်နဲ့ တစ်ယောက် ကျိန်ဆဲ လိုက်ကြတာပါ..။

လင်းဖန် ယွန်ယွဲ့ယောင် ဒေါသထွက်သွားပြီး အလျင်အမြန်ပဲ ပုံမှန်ဖြစ်သွားတာကို တွေ့လိုက်ရတယ်..။သို့ပေမယ့်..ယွန်ယွဲ့ယောင် ဖုန်းကို ထုတ်ပြီး စာရိုက်လိုက်တာကို .သတိထားမိလိုက်ပါတယ်..။

လင်းဖန် ဒီ မိန်းကလေး ယွန်က..ဟောင်ဂျင်မှာ မာဖီးယား ဘော့ လို..လွမ်းမိုးနေမှန်း နားလည်လိုက်ပါတယ်..။

"ကားနံပါတ် xxxx က ငနဲကို သင်ခန်းစာပေးလိုက်.."

ယင်းနောက် သူမ ဖုန်းကို ပြန်သိမ်းကာ လင်းဖန်ကို ပြုံးပြလိုက်ပြီး..

"အစ်ကိုလငိး..ဒီလို အခြေအနေက ဟောင်ဂျင်မှာ ဖြစ်နေကြပဲ..။ဒါပေမဲ့ ဘာပြသနာမှ မရှိကြဘူး..။ဒီက ဥပဒေ နဲ့ စည်းမျဥ်းတွေက တကယ်ကောင်းတယ်လေ..."

လင်းဖန် သူမကို မထုတ်ဖော်သလို ဘာမှလည်း မပြောခဲ့ပေ..။သူ ပြုံးပြီးသာ ခေါင်းညိမ့်ပြလိုက်ပါတယ်..။ဒါက သူမ အလုပ်ဖြစ်တာကြောင့် သူ ဂရုစိုကိနေဖို့ မလိုပါဘူး..။

သို့ပေမယ့်..တစ်ဖက်ကားကို မောင်းလာတဲ့လူက..ယောက်ျားကြီး ဖြစ်တာတောင်..ရိုင်းစိုင်းတဲ့ ပါးစပ် ရှိတာကြောင့် သင်ခန်းစာပေးဖို့ ထိုက်တန်ပါတယ်..။

All Chapters