ပြသနာ...
Vol. 49 Ch. 722
#ဘာသာပြန် = စနိုးဝှိုက်
သူတို နေရာအနှံ့သွားပြီး..နေရာမျိုးစုံကို လည်ပတ်ခဲ့ကြတယ်..
သဲနက်ကမ်းခြေ..။
လှိုင်းလုံးတွေဟာ..ကမ်းခြေကို ရိုက်ခတ်နေခဲ့တယ်..။ဒီမှာ လမ်းလျောက်နေတာက လူအနည်းငယ်လောက်သာ ရှိပါတယ်..။ယွန်ယွဲ့ယောင် လေတိုက်ခတ်နေတဲ့..ဖက်ကို လှည့်ပြီး..လက်နှစ်ဖက်ကို ဆန့်တန်းကာ.လေညှင်းခံနေခဲ့ပါတယ်..။
"ညီမ ဒီလို လွတ်လွတ်လပ်လပ် မနေရတာ..အရမ်းအရမ်းကို ကြာနေပြီ.."
ယွန်ယွဲ့ယောင် ရယ်မောပြီး ပြောလိုက်တာပါ..။
"ယွဲ့ယောင်..မင်းက..ဒီလိူ အနားယူဖို့ အချိန်တောင်မရှိလောက် အောင် ဘာတွေ လုပ်နေတာ မို့လို့လဲ.."
"အစ်ကိုလင်းကတော့ ညီမအကြောင်း သိမှာ မဟုတ်ဘူး..။ကာစီနို မှာ ဖြေရှင်းရတဲ့ ကိစ္စတွေက နေ့တိုင်းလိုလို ခေါင်းကိုက်စရာတွေ ချည်းပဲ..။ကိစ္စတွေက ကြီးတာတွေရော..သေးတာ တွေရော..။ညီမ မဆုံးဖြတ်နိုင်တော့တဲ့..ကိစ္စတွေဆိုရင် အဖိုးဆီကို တင်ပြပြီး..သူညွှန်ကြားတဲ့ အတိုင်း လုပ်ရတယ်လေ.."
ယွန်ယွဲ့ယောင်..မျက်လုံးကို မှိတ်ထားကာ ဆက်လက် လေညှင်းခံနေရင်းကနေ ပြောလိုက်တာပါ..။
သူမ ခြေထောက်တွေကို ခြေဖျားထောက်လိုက်တယ်..။ယင်းနောက်..သူ လက်နှစ်ဖက်ကို ရှေ့တို့လိုက်ပြီး..ကမ္ဘာကြီးတစ်ခုလုံးကို ဖက်လိုက်တဲ့ ပုံစံ ပြုလုပ်နေခဲ့ပါတယ်..။
အချိန်တွေ တဖြည်းဖြည်းချင် ကုန်သွားရင်းကနေ..ညအချိန်ရောက်ပြီး တဖြည်းဖြည်း မှောင်လာခဲ့တယ်..။
"အစ်ကိုလင်း ပြန်ကြရအောင်..။အဖိုးက အိမ်မှာစောင့်နေလောက်ပြီ...သူ့ကို ညီမ အကြာကြီး စောင့်ခိုင်းရင် မကောင်းဘူး.."
ယွန်ယွဲ့ယောင် ပြောလိုက်တာပါ..။
လင်းဖန် အချိန်ကို ကြည့်လိုက်တဲ့ အချိန်မှာတော့ အမှန်တကယ်ပဲ နောက်ကျ နေခဲ့ပါပြီ..။
"ကောင်းပြီလေ.."
လင်းဖန် ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။
"အစ်ကိုလင်းက..မနက်ဖြန်ကျရင် ဟောင်ဂျင်ကနေ ပြန်တော့မှာ..."
"ဘာလို့ နည်းနည်းကြာအောင် ထပ်ပြီး မနေတာလဲ.."
ယွန်ယောင်ယွဲ့ ပြောလိုက်တာပါ..။
"အကြာကြီး နေလို့ မရဘူး..။ရှန်ဟိုင်းမှာလည်း လုပ်စရာ ကိစ္စလေးတွေ ရှိသေးတယ်.."
လင်းဖန် ပြောလိုက်တယ်..။
"အိုး.."
ယွန်ယောင်ယွဲ့ ဘာမှ ထပ်ပြီး မပြောတော့ပေ..။
…
လေအနည်းငယ် တိုက်ခိုက်နေတဲ့..လမ်းလေးဟာ တိတ်ဆိတ်နေခဲ့တယ်..။အဲ့အချိန်မှာပဲ..ကျယ်လောင်ပြီး..နားကျိန်းလောက်တဲ့..အသံကြီး လေထဲကနေတဆင့်..ထွက်ပေါ်လာခဲ့တယ်..။
အလုံပိတ်ကားလေး တစ်စီးဟာ..သူတို့နှစ်ယောက် ရှေ့မှာ ဒရစ်ဆွဲကာ..လမ်းကို ကန့်လတ်ဖြတ် ပိတ်ထားခဲ့ပါတယ်..။
"မကောင်းတော့ဘူး..။ကြည့်ရတာ ညီမတို့ နောက်ကို လိုက်တာကြတာထင်တယ်.."
ယွန်ယွဲ့ယောင် သူမရဲ့ မျက်နှာ အမူအရာ ပြောင်းလဲပြီး ပြောလိုက်တာပါ..။
လင်းဖန် ခေါင်းညိမ့်လိုက်ပြီး..
"ဟုတ်တယ်..ငါတို့ နောက်ကို လိုက်လာကြတာ.."
သူ ဟောင်ဂျင်ကို လာလည်တုန်းမှာ ဒီလို ကိစ္စမျိုးနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။သိူ့ပေမယ့်..တစ်ခုခုတော့ မူမမှန်ပေ..။ဒီလူတွေက..ယွန်မိသားစု က သခင်မလေးကို ရှုပ်ရဲလောက်အောင် သတ္တိရှိနေကြတာလား..။သူတို့က သေချင်နေတာလား..။
ဒီမှာ ရှိတဲ့ လုံခြုံရေးတွေက ကောင်းမွန်တယ် ဆိုပေမယ့် ယူလောင် ဧရိယာတစ်ဝိုက်မှာတော့ အားနည်းချက် ရှိနေခဲ့ပါတယ်..။ပုံမှန်အားဖြင့်..အုပ်စုဖွဲ့ လုယက်မူတွေက ဒီနားတစ်ဝိုက်မှာ ဖြစ်လေ့ရှိပြီး..ထိန်းချုပ်လို့ မလွယ်ကူကြပေ..။
ယွန်ယွဲ့ယောင်ဟာ..လင်းဖန် နဲ့ ကားဆီကို အမြန်သွားပြီး ထွက်ပြေးချင်ခဲ့တယ်..။သိူ့ပေမယ့် လမ်းရဲ့ ထွက်ပေါက်မှာ..နောက်ထပ် ကားတစ်စီးက ပိတ်ဆို့နေခဲ့ပါတယ်..။
အဲ့အချိန်မှာပဲ..ကားနှစ်စီးထဲက လူတွေဟာ ထွက်လာခဲ့ပြီး သူတို့ရဲ့ လမ်းတွေကို ပိတ်ထားလိုက်ကြပါတယ်..။ဒီလူတွေဟာ..ဓားတွေကို ကိုင်ထားကြပြီး အကြောက်အလန့် ကင်းနေခဲ့ကြတယ်..။
ဒီလူတွေ အတွက်ကတော့..ကားထဲမှာ ရှိတဲ့လူတွေက..ဖန်ပုလင်း ထဲက ရေလိုပဲ..လွတ်မြောက်လမ်း မရှိပါဘူး..။သူတို့က လွတ်မြောက်လမ်း မရှိပဲ..ကြိုက်တဲ့ အချိန်မှာ ခပ်သောက်လို့ရပါတယ်..။
ယွန်ယွဲ့ယောင်..ကြမ်းတမ်းမူကို ..တွေကို
မကြာခန မြင်ဖူးပါတယ်..။သိူ့ပေမယ့် အန္တရာယ် နဲ့ တွေ့တဲ့ အချိန်မှာတော့..သူမ..အကူညီမဲ့စွာပဲ ကြောက်ရွံ့နေခဲ့တယ်..။
ဂျောက်
ဂျောက်
ယွန်ယွဲ့ယောင် ရဲ့ ကားတံခါးတွေဟာ လော့ချထားခဲ့တယ်..။ယင်းနောက် သူမ အားတင်းလိုက်ပြီး..
"ညီမတို့..ကားအပြင်ကို ထွက်လို့ မဖြစ်ဘုး..။အခုပဲ..အကူအညီ လှမ်းတောင်းလိုက်မယ်...."
သူတို့ရဲ့ လက်ရှိအခြေအနေမှာ..သူတို့ကို ဝိုင်းထားတာက ၄၅ ယောက်လောက် ရှိပါတယ်..။တကယ်လို့ သူတို့အကုန်လုံး စုပြုံးပြီး လာရင်..နောက်ဆက်တွဲကတော့..မတွေးရဲစရာပါပဲ..။
ယွန်ယွဲ့ယောင်..အကောင်းဆုံးကြိုးစားပြီး သန်မာချင်ယောင် ဆောင်နေပေမယ့် သူမရဲ့ လက်တွေဟာ. နံပါတ်တွေကို..နိပ်တဲ့ အချိန်မှာ..တုန်ရီနေခဲ့တယ်..။
"မစ္စ ယွန်..ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလဲ..။ဒီလို မိန်းမလှလေးက ဒီကို ဘယ်လိုကြောင့် ရောက်လာတာလဲ.."
ကျန်းယွမ်..ကားဆီကို လျောက်လာခဲ့တယ်..။သူ့ပါးစပ်မှာတော့ စီးကရက် တစ်လိပ် ရှိနေပြီး..သူ့ရဲ့ မျက်လုံးတွေဟာ..တောက်ပနေခဲ့ပါတယ်..။
"အဲတာ သူပဲ.."
ယွန်ယွဲ့ယောင် အံ့ဩသင့်စွာ ကြည့်ပြီးပြောလိုက်တယ်..။သူမ မြင်နေရတာတောင် မယုံကြည်နိုင်တော့ပါဘူး..။ဒီလူက..သူမ ဟောင်ဂျင်ကနေ ကန်ထုတ်လိုက်တဲ့ လူပါ..။သူက ဘယ်လိုဖြစ်ပြီး ပြန်လာတာလဲ..။
သူက အရေးကြီးတဲ့..စစ်ဆေးရေး ဂိတ်တွေကို ဘယ်လို ပျော်ဖြတ်လာတာလဲ..။
ယွန်ယွဲ့ယောင် ဘာမှ မပြောပေမယ့် ကျန်းယွမ် သူမ ဘာကို တွေးနေလဲ ဆိုတာကို ကောင်းကောင်း သိထားပြီးသားပါ..။
"မစ္စ ယွန်က..ကျုပ် ဒီကို ဘယ်လို ပြန်ရောက်လာတာလဲ ဆိုတာကို အံ့ဩနေတဲ့ ပုံပဲ..။ပြောပြရရင်တော့ ရေကူးပြီး ပြန်လာတာလေ.."
ယင်းနောက် ကျန်းယွမ် လင်းဖန်ကို စိုက်ကြည့်လိုက်ပြီး..
"မင်း..မျက်နှာ ဖြူဖြူနဲ့ကောင်..။မင်းက..လောင်းကစားလုပ်တာ..အံ့ဩလောက်အောင် ကျွမ်းကျင်တဲ့ ကောင် မလား..။ငါ ဒီနေ့ မင်းရဲ့ လက်တွေကို ဖြတ်ပေးမယ်..."
ဒါကို ကြားပြီးတဲ့ နောက်မှာ လင်းဖန် အကူညီမဲ့သွားခဲ့ပြီး စိတ်ထဲက နေ ကျိတ်ရယ်လိုက်ပါတယ်..။
သူ ဒီလို အခြေအနေနဲ့..ရုတ်တရက် ကြုံရမယ်လို့ မထင်ထားခဲ့ပေ..။
သူတို့က လူအရေအတွက် ပိုများကြပြီး..သူတို့ရဲ့ ပုံစံက သူတော်စင် တစ်ယောက်..လာပြီး..တရားချရင်တောင် ကျွတ်မယ့် ပုံစံ မရှိပါဘူး..။သူတို့ပုံစံတွေက..နတ်ဆိုးဆန်ပြီး..သွေးတွေ စွန်းပေနေတဲ့ လူတွေလိုပါပဲ..။
ယွန်ယွဲ့ယောင် အသက်ကို ပြင်းပြင်းရူပြီး တည်ငြိမ်အောင် လုပ်လိုက်တယ်..။
"အစ်ကိုလင်း..စိတ်မပူနဲ့..။ဒါက ဟောင်ဂျင်ပဲ. ညီမရဲ့ ကာကွယ်မူအောက်မှာ သူတို့ အစ်ကိုလင်းကို ဘာမှ လုပ်လို့ မရဘူး..။
လင်းဖန် မျက်ခုံးပင့်လိုက်တယ်..။မိန်းမတစ်ယောက်က သူ့ကို ကာကွယ်ပေးမယ်လို့ ပြောတာဒါက ပထမဆုံး အကြိမ်ပါပဲ..။ဘယ်လိူ ထူးဆန်းတဲ့ ခံစားချက်မျိုးလဲ..။
ယွန်ယွဲ့ယောင် ရဲ့ နောက်ထပ် အပြုအမူကြောင့် လင်းဖန် ကြောင်အသွားခဲ့တယ်..။
"အစ်ကိုလင်း ကားထဲမှာပဲနေ..ညီမဖြေရှင်းလိုက်မယ်.."
ယွန်ယွဲ့ယောင် ဒါကိုပြောပြီး ကားပေါ်ကနေ ဆင်းသွားခဲ့ပါတယ်..။သူမ ရဲရင့်ချင်ယောင် ဆောင် နေခဲ့ပေမယ့် သူမရဲ့ တုန်ရီနေတဲ့ ခန္တာကိုယ်က သိသာနေခဲ့ပါတယ်..။
"ဒါက ဟောင်ဂျင်ပဲ..။နင်တို့ လုပ်ချင်တာ လုပ်လို့ရမယ် ထင်နေတာလား..။တကယ်လို့ ပိုက်ဆံလိုချင်တယ် ဆိုရင် ဒီတိုင်းပြောလိုက်.."
ယွန်ယွဲ့ယောင် ပြောလိုက်တာပါ..။
ခနလေးအတွင်းမှာပဲ..သူတို့ထဲက တစ်ယောက်ဟာ..ပြုံးပြီး အော်ပြောလိငက်တယ်..။
"အစ်ကို ကျန်း..ကျွန်တော် ဒီမိန်းမကို လိုချင်တယ်..."
နောက်တစ်ယောက်ဟာ ပြောလိုက်တယ်..။
"ငါရောပဲ..သူမက အရမ်းဟော့ပြီး ဆွဲဆောင်မူရှိတာပဲ..."
"ဟီးဟီး..မင်းတို့က အကုန်လိုချင် နေကြတော့..သူမက ဘယ်သူ့ ကလေးကို မွေးပေးရမှာလဲ.."
"ဟားဟား.."
ဒီစကားတွေကို ..ကြားပြီး ယွန်ယွဲ့ယောင် ဒေါသတကြီး အံကြိတ်နေခဲ့ပါတယ်..။သူမ ရဲ့ အသက်ရူသံတွေဟာလည်း မြန်လာခဲ့တယ်..။
"မစ္စယွန် ကြားတယ်မလား..ကျုပ်ညီအစ်ကို တွေက မင်းကို သဘောကျနေကြပြီ...။ဘာလို့ သူတိုကို ကျေနပ်မူ မပေးနိုင်တာလဲ.."
ကျန်းယွမ်း သူ့မေးစေ့ကို ပွတ်ရင်း ပြောလိုက်တယ်..။
"မရိုင်းစိုင်းနဲ့..."
ယွန်ယွဲ့ယောင် ဒေါသတကြီးပြောလိုက်တယ်..။တကယ်လို့ ဖြစ်နိုင်မယ် ဆိုရင် သူမ ဒီလူတွေ အကုန်လုံးကို အခုချက်ချင်းတောင် သတ်ပစ်ချင်နေခဲ့ပါတယ်..။
"စိတ်လျော့ပါ..မစ္စယွန်..။ကျွန်တော်တို့က နောက်နေတာပါ..။မင်းက ဒီလောက်လှပြီး ဆွဲဆောင်မူရှိနေတော့ ဘယ်လိုလူက မင်းကို မထိပဲ နေချင်မှာလဲ..။တကယ်လို့ ..အဲလို လုပ်ဖြစ်မယ် ဆိုရင်လည်း ပထမ ဆုံးလုပ်မယ့်လူက ကျုပ်ပဲ ဖြစ်လိမ့်မယ်..။ဒါပေမဲ့..ကျုပ်မှာ တောင်းဆိုစရာရှိတယ်..တစ်နည်းပြောရရင် မစ္စယွန်ရဲ့ အကူအညီ လိုနေတာပေါ့..။မစ္စယွန် ကျုပ် အကူအညီတောင်းတာကို လက်ခံပေးနိုင်မလား..."
ကျန်းယွမ်မေးလိုက်တာပါ..။
"ဘာလဲ.."
ယွန်ယွဲ့ယောင် စိတ်ရှုတ်စွာ ကြည့်ပြီး မေးလိုက်တယ်..။ သူမ ဒီအရှုပ်ထဲကနေ ဘယ်လို လွတ်မြောက်နိုင်မှာလဲ..။ဒီလူတွေက ဥပဒေမဲ့တွေ ဖြစ်တာကြောင့်..သူမ အကူအညီရောက်လာတဲ့ အထိသာ စောင့်ရင် နောက်ကျသွားတော့မှာပါ..။
"ဒါက ရိုးရှင်းပါတယ်..ကျုပ် ကာစီနိုမှာ..ဝင်ပြီး ရင်းနီးချင်လို့..။ကျုပ်စာချုပ်တွေ အကုန်ယူလာခဲ့တယ်..။ဒီတော့ မစ္စယွန် ကျုပ်ကို မျက်နှာသာ ပေးနိုင်မလား."
"အိပ်မက် ဆက်မက်နေလိုက်.."
ယွန်ယွဲ့ယောင် ပြောလိုက်တာပါ..။
ကျန်းယွမ် အေးစက်စွာ ရယ်လိုက်ပြီး..
"ဒါဆိုရင်တော့ နောက်ဖြစ်လာမယ့် အရာတွေ အတွက် ကျုပ်ကို..အပြစ်မတင်နဲ့တော့..။ကျုပ် ညီအစ်ကို တွေက..မိန်းမတစ်ယောက်ကို မထိတွေ့ရတာ အတော်ကြာနေကြပြီ..။တကယ်လို့ သူ မင်းကို တစ်ခုခု လုပ်ရင် ကျုက်ကို အပြစ်မတင်နဲ့နော်..။ပြီးတော့..ဟိုကားထဲက ငနဲရောပဲ..။သူ့ကို တစ်စစိီ ခုတ်ပြီး အမှိုက်ပုံမှာ သွားလွင့်ပစ်လိုက်မယ်..။ဒီလို ဖြစ်လာရင် ဘယ်လိုများနေမလဲ..."
အဲ့အချိန်မှာပဲ..လင်းဖန် လုံလောက်ပြီ ဆိုတာ သဘောပေါက်လိုက်ပြီး ကားထဲက ချက်ချင်းထွက်လာလိုက်ပါတယ်..။
"အစ်ကိုလင်း ကားထဲမှာပဲနေ..။ညီမ ကိုယ့်ဟာကို ဖြေရှင်းလိုက်မယ်.."
ယင်းနောက် သူမ ကျန်းယွမ်ကို စိုက်ကြည့်လိုက်ပြီး..
"ကောငိးပြီလေ...ရှင် တောင်းဆိုတာကို သဘောတူတယ်..။ဒါပေမယ့် ကျွန်မတို့ကို လုံလုံခြုံခြုံပြန်လွတ်ပေးရမယ်..."
သူမရဲ့ အစီစဥ်က.တစ်ဖက်လူကို ခနလောက် ကျေနပ်အောင် လုပ်လိုက်ဖို့ပါ..။သူမ အိမ်ကို ပြန်ရောက်တာနဲ့ ဒီလူတွေ ပေးဆပ်ရတော့မှာ အသေအချာပါပဲ..။ယွန်မိသားစု ရဲ့ ကာစီနိုကို လိူချင်တာလား..။အိပ်မက်မက်နေတာပဲ...။
"ကောင်းပြီလေ..ဥာဏ်ရှိတဲ့လူတွေက အခြေအနေကို နားလည်တယ်..။မင်းက တကယ်ပဲ ငါကြားဖူးထားတဲ့ မစ္စယွန်ပဲ..။ဒါပေါ့.မင်းစကားမင်း ပြန်မရုတ်သိမ်းရအောင် ငါ အာမခံနည်းနည်းတော့ လုပ်ထားရလိမ့်မယ်..။မင်း ငါနဲ့ အတူ ကားပေါ် လိုက်ခဲ့ပြီး နည်းနည်း ပျော်ပါးရအောင်..။ဒါပေါ့..မင်းတို့ ကတိတည်အောင် ငါမင်းရဲ့ ဆက်ဆီ ဓာတ်ပုံနည်းနည်းလောက်သိမ်းထားချင်တာပါ..။တကယ်လို့ မင်းတို့ ကတိကို မတည်ဘူးဆိုရင် ..ငါ ဒီပုံတွေကို ဖြန့်လိုက်မှာလေ.."
"ရှင်.."
ယွန်ယွဲ့ယောင် စကားမဆုံးသေးခင်မှာပဲ..လင်းဖန်က ဖြတ်ပြောလိုက်တယ်..။
"ခင်ဗျားက လူမိုက်နည်းနည်းခေါ်လာတာနဲ့..ကျုပ်တို့ဆီကနေ လိူချင်တာ အကုန်ရမယ်လို့ထင်နေတာပဲ..။ခင်ဗျားတော့ အမှားကြီး မှားသွားပြီ.."
လင်းဖန် ယွန်ယွဲ့ယောင် ရှေ့မှာ ရပ်ပြီးပြောလိုက်တာပါ..။
"အဲ့ ခွေးသားကို ပါးစပ်ပိတ်ပေးလိုက်စမ်း.."
ကျန်းယွမ် လင်းဖန်ရဲ့ စကားကို ကြားပြီး..အမိန့်ပေးလိုက်တယ်..။
"ရပ်လိုက်.."
ယွန်ယွဲ့ယောင် အလျင်အမြန် အော်ဟစ်လိုက်ပါတယ်..။သို့ပေမယ့်..ဒီလူမိုက်တွေက..သူမပြောတာကို ဂရုမစိုက်ပဲ..သူတို့ရဲ့ လက်နက်တွေကို ဝေ့ယမ်းပြီး ရှေ့ကို တက်လာခဲ့တယ်..။