ဒါက အတော်စိတ်ဝင်စားစရာပဲ
Vol. 49 Ch. 724
#ဘာသာပြန် = စနိုးဝှိုက်
မိနစ်အနည်းငယ် အတွင်းမှာပဲ..လင်းဖန်ဟာ ဖြစ်နိုင်ချေတွေ အများကြီးကို တွေးပြီးသွားပါပြီ..။
ငါ ဘာဆက်လုပ်ရမလဲ...
အချိန်ကို ကြည့်လိုက်တဲ့ အခါမှတော့ ညလယ်ပိုင်းကို ရောက်နေခဲ့ပါပြီ.။
ဖြစ်နိုင်တာက..ဒီနေ့ သူ လူမိုက် ၄၅ ယောက်လောက်ကို တစ်ယောက်ထဲ ယှဥ်ပြီး တိုက်ခိုက်လိုက်လို့ ယွန်ယွဲ့ယောင်က ကြွေသွားတာလား..။
ဒါက သူ စိတ်ကူးယဥ်တာ လို့ ပြောလို့ရပေမယ့်..ဖြစ်နိုင်ချေကလည်း အများကြီး ရှိပါတယ်..။
ချီးပဲ.တကယ်လို့ သူသာ ဒါကို အစောကြီးကတည်းက သိခဲ့ရင် ဒီအိမ်မှာ တည်းမှာ မဟုတ်ပေ..။
ဒေါက်..ဒေါက်...
.
နောက်ထပ် တံခါးခေါက်သံ ပေါ်ထွက်လာခဲ့တယ်..။
"အစ်ကိုလင်း..မအိပ်သေးဘူးမလား.."
ယွန်ယွဲ့ယောင် ရဲ့ အသံက အနည်းငယ် အလျင်လိုလာခဲ့ပြီး ထပ်မစောင့် နိုင်တော့ သလို မျိုးပါပဲ..။
အခန်းထဲတွင်..။
လင်းဖန် ဘယ်ညာ ကို တစ်ချက်ကြည့်လိုက်ပြီး ဘာဆက်လုပ်မလဲ ဆိုတာတောင် မသိတော့ပေ..။
တကယ်လို့ ဒီညသာ တစ်ခုခု ဖြစ်သွားခဲ့လို့.သူမ ကိုယ်ဝန် ရသွားခဲ့ရင်..ဒါက..ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်ကုန်တော့မှာပါ..။
' နိုး ' လို့ ပြောလိုက်တာက ပြသနာ ကို ဖြေရှင်းနိုင််မယ့် နည်းလမ်းပါပဲ..။
သိူ့ပေမယ့် သူမက တည့်တည့်ကြီး ဝင်တိုးလာမယ် ဆိုရင် တော့ သူ ငြင်းနိုင်မှာ မဟုတ်ပေ..။
မေ့လိုကိတော့..တံခါးကို အရင်ဖွင့်လိုက်မယ်...
အသက်ကို ပြင်းပြင်းရူပြီး သူ တံခါးကို ဖွင့်လိုက်ပါတယ်..။
ကျွီ..
ယွန်ယွဲ့ယောင်ဟာ ညအိပ်ဝတ်စုံလေးကို ဝတ်ထားခဲ့ပြီး အပြင်မှာ ရပ်နေခဲ့တယ်..။
"အစ်ကိုလင်း မအိပ်သေးဘူးမလား.."
"မအိပ်သေးဘူး..အခုပဲ အိပ်တော့မလို့..ဘာလို့လဲ.."
လင်းဖန် ပြန်မေးလိုက်တာပါ..။
ပုံမှန် ဇာတ်ကားတွေထဲက အတိုင်းဆိုရင် ဒီမိန်းကလေးက..သူ့ကို.. ' အစ်ကိုလင်း အထဲခန ဝင်လာလို့ ရမလား' လို့ မေးတော့မှာပါ.။နောက်ထပ်ဖြစ်နိုင်ချေတစ်ခုက..ဘာမှ မပြောပဲ..အထဲကို ဝင်လာပြီး အနမ်းပေးကာ.နောက်ဆက်တွဲတွေ ဆက်လုပ်တာပါ..။
သိူ့ပေမယ့် အဲဒိီအစား ယွန်ယွဲ့ယောင်ဟာ..ခနလောက် တွေဝေနေခဲ့ပြီး မေးလိုက်တယ်..။
"အစ်ကိုလင်း..မာကျောက်ကစား တတ်လား.."
လင်းဖန် ကြောင်အသွားခဲ့ပေမယ့်..အလျင်အမြန်ပဲ ခေါင်းညိမ့်လိုက်ပြီး..
"အင်း..ဘာဖြစ်လို့လဲ.."
အဲ့အချိန်မှာပဲ. ယွန်ယွဲ့ယောင်ဟာ သဘောကျသွားပြီး..လင်းဖန် ရဲ့ လက်ကို လာဆွဲလိုက်တယ်..။လင်းဖန် အတွက်ကတော့ ဒါက အရမ်းကို တည့်တိုးဆန်လွန်းပါတယ်..။
အနည်းဆုံးတော့ စကားလေး နည်းနည်းပါးပါး အရင်ဆုံးပြောသင့်တာပါ..။တံခါးကို ဖွင့်ပြီးတာနဲ့..မိန်းကလေးတစ်ယောက်က ဒီလို တိုက်ရိုက်ကြိီး မပြုမူ သင့်ပါဘူး..။
သူက ဒီလို လူမျိုး မဟုတ်ပေ..။
"ကောင်းပြီလေ..အတော်ပဲ ဖြစ်သွားပြီ..။ညီမရဲ့ မောင်လေး နဲ့ ညီမလေးက..ဒီည မာကျောက်ကစား ချင်နေကြတာ တစ်ယောက်လိုနေလို့..။အဲတာ မာစတာလင်း ဝင်ကစားပေးပါလား.."
ယွန်ယွဲ့ယောင် တောက်ပတဲ့ မျက်နှာနဲ့ ပြောလိုက်တယ်..။လင်းဖန် ရဲ့ လောင်းကစား စွမ်းရည်တွေနဲ့ ဆိုရင် သူ မာကျောက် ကောင်းကောင်း ကစားနိုင်မယ် ဆိုတာကို သူမ သိပြီးသားပါ..။အခုလို မေးလိုက်တာ ဆိုတာကလည်း စကားအစပျိုးတာပါပဲ..။
သိူ့ပေမယ့် သူတို့ အစ်ကိုလင်း ဆီမှာ ကျိန်းသေ ရှုံးနိမ့်ကြမှာပါ..။
"အာ..."
လင်းဖန် ဆွံ့အသွားပြီးကာမှ.. ရေရွတ်လိုက်တယ်..။
"မာကျောက်ပဲလား..."
"အင်းလေ..တစ်ခြား ဘာရှ်ိရဦးမှာလဲ.."
အိမ်မာဆိုရင် ယွန်ယွဲ့ယောင် ရဲ့ ပုံစံက အပြင်မှာ တွေ့နေရသလို ခေါင်းမာတဲ့ ပုံစံ မရှိပါဘူး..။
"မ ..မဟုတ်ပါဘူး...။ငါက..တစ်ခုခု အရေးပေါ် ရှိနေဦးမယ်လို့ ထင်လို့ပါ.."
လင်းဖန် သူမကို အတွေးမလွန်စေချင်ခဲ့ပေ..။သူက ကျော်ကြားတဲ့ တိမ်ဖြူလမ်းက မာစတာလင်းပဲ..။သူ့မှာ ပရိတ်သတ်တွေလည်း အများကြီး ရှိပါတယ်..။သူ ဘယ်လိုလုပ်ပြီး ဒီလိူ လူမျိုး အဖြစ်ခံနိုင်မှာလဲ..။
လင်းဖန် ကို ပိုပြီး စိတ်ရှုပ်ထွေးစေတာက..သူ ဟောင်ဂျင်ကို ရောက်ပြီးတာနဲ့..ဒီကိစ္စတွေကို မကြာခန တွေးနေမိတာပါ..။
ဘယ်လောက် ရှက်ဖို့ကောင်းလိုက်လဲ...။
"ဒါဆိုလည်း အမြန်သွားရအောင်..သူတို့စောင့်နေကြတယ်.."
ယွန်ယွဲ့ယောင် ပြောလိုက်ပြီး လင်းဖန် ပြန်တုန့်ပြန်တာတောင် စောင့်မနေတော့ပဲ..ဆွဲခေါ်သွားခဲ့ပါတယ်..။
လင်းဖန် ယွန်ယွဲ့ယောင် ရဲ့ နောက်ကနေ ပါလာခဲ့တယိ..။သူ မနက်ဖြန် မနက်ဆိုရင် ရှန်ဟိုင်းကို ပြန်ရတော့မှာပါ..။ဟောင်ဂျင်က အန္တာရာယ်များပြိီး သွေးဆောင်ဖြားယောင်း မူတွေလည်း အများကြိိီးရှိပါတယ်..။ရှန်ဟိုင်းကပဲ ပိုကောင်းမှာပါ..။
မနက် ၄ နာရီ အထိ ဆက်တိုက်ဆော့နေခဲ့တယ်..။
.
လင်းဖန် အစတုန်းက သူတိူ့ ခနလောက်ပဲ ဆော့မယ်လိူ့ ထင်ထားခဲ့တာပါ..။သူတို့ရဲ့ ကစားပွဲက..အဆုံးမရှိဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။တကယ်လို့ သူ အနားယူချင်တယ် လို့သာ မပြောရင်..သူတို့က နေထွက်တဲ့ အထ်ိတောင် ဆော့ကြမယ့် သဘောပါပဲ..။
အခန်းပြန်လာတဲ့ နောက်မှာ သူ အိပ်ယာပေါ်ပို ပစ်လှဲလိုက်တယ်...။ယင်းနောက် သူ့ရဲ့ နီရဲနေတဲ့ ပါးတွေကို ကိုင်ကြည့်လိုက်ပါတယ်..။
ဒီနေ့ တစ်နေ့လုံး..ငါ ဘာတွေ တွေးနေတာလဲ..
နောက်တစ်ခန်းတွင်..။
ယွန်ယွဲ့ယောင် ရဲ့ ညီမက ..အဖေတူပေမယ့် အမေ မတူပါဘူး..။သို့ပေမယ့်သူမက အချိန်အတော်ကြာအောင် အပြင်မှာ နေပြီးမှ ဒီအိမ်ကို ရောက်လာခဲ့တာပါ..။သူမတို့က အမေ မတူကြပေမယ့်လည်း..ယွန်ယွဲ့ယောင်က..ညီမလေး အရင်းတစ်ယောက်လိုပဲ. ဂရုစိုက်ပေး ပါတယ်..။
"အစ်မ..မာစတာလင်းကို သဘောကျလား.."
ယွန်ရှင်းဒါ စိတ်လှုပ်ရှားစွာ မေးလိုက်တာပါ..။
"ဒါက ဘယ်လို မေးခွန်းမျိုးလဲ..။အခု သွားအိပ်တော့.."
ယွန်ယွဲ့ယောင် ဆူသလိုနဲ့ ပြောလိုက်တယ်..။သူမ စောင်ကို ဆွဲလိုက်ပြီး အိပ်ဖို့ ပြင်လိုက်ပလတယ်..။သို့ပေမယ့် သူမ မျက်လုံး မှိတ်လိုက်တဲ့ အချိန်မှာ ဒိီနေ့ရဲ့ အဖြစ်အပျက်တွေက..မျက်လုံးထဲမှာ ပြန်ပေါ်လာခဲ့တယ်..။နောက်ဆုံးမှာတော့ သူမ အိပ်မက် ကမ္ဘာထဲကို ရောက်သွားခဲ့ပါပြီ..။
…
နောက်တစ်ရက်..။
လေဆိပ်တွင်..။
လင်းဖန် သူ့ကို လိုက်ပို့တဲ့ လူအုပ်စုကို လက်ပြနှုတ်ဆက်လိုက်ပြီး...
"ရှန်ဟိုင်းကို လာမယ် ဆိုရင် ကျုပ်ကို အကြောင်းကြားပါ..။ကျုပ် ကျိန်းသေ လာကြိုပေးမယ်..."
ယွန်ယွဲ့ယောင်ဟာ ပြန်လက်ပြနေခဲ့ပြီး..သူမ ရဲ့ မျက်လုံးကတော့ မျက်ရည်တွေ စို့ နေခဲ့တယ်.။
"နှုတ်ဆက်ပါတယ် အစ်ကိုလင်း.."
ဘယ်ချိန်မှ သူမ နဲ့ အစ်ကိုလင်း ပြန်တွေ့နိုင်မှာလဲ ဆိုတာကို မသိနိုင်ပါဘူး..။
"ဆရာလင်း..ဒီတစ်ခေါက်အတွက် ဘယ်လို ကျေးဇူးတင်ရမလဲ တောင် မသိတော့ဘူး.."
ရီကျန်းမင် ကျေးဇူးတင်စွာ ပြောလိုက်တာပါ..။
သူက ဟောင်ဂျင်မှာ..ရက်အနည်းငယ်သာ နေပေမယ့် အတော်ကို အကျိုးရှိခဲ့ပါတယ်..။သူ အိပ်ကတ်ထဲက သူ့ရဲ့ ကတ်ကို ပြန်စမ်းလိုက်ပြီး..သဘောကျစွာ ရယ်မောလိုက်တယ်..။
ပိုက်ဆံ ဝင်ဖို့က အတော်ကို လွယ်ကူတာပါ..။
မာကျောက် ကစားရင်းနဲ့..ဒေါ်လာ ဆယ်သန်း ရခဲ့တာ..။
စွယ်စုံကျမ်း မရခင်တုန်းက ဆိုရင် လင်းဖန် ရဲ့..အဓိက ရည်မှန်းချက်က ပိုက်ဆံတွေ အများကြီး ရှာဖို့ပါ..။သို့ပေမယ့် စွယ်စုံကျမ်းကို ရပြီးနောက်မှာ ..သူ့အတွက် ပိုက်ဆံ ဝင်ဖို့ ဆိုတာက အရမ်းလွယ်ကူနေတာကြောင့်..ပိုက်ဆံနောက်ကို မလိုက်တော့ပါဘူး..။
လင်းဖန် အတွက်..အဓိပ္ပါယ် ရှိတဲ့ အလုပ်ဆိုတာက..နန်ရှမ်းဂေဟာက ကလေးတွေကို ပိုပိုပြီး တိုးတက်လာအောင် ပျိုးထောင်ပေးတာပါပဲ..။
တိမ်ဖြူလမ်း..။
လူလိမ် ထျန် တံခါးပေါက်မှာ ထိုင်ပြီး ဆေးလိပ်သောက်နေခဲ့တယ်..။
"ဟို ငနဲ ဟောင်ဂျင်မှာ ဘာတွေ လုပ်နေပြန်ပြီလဲ မသိဘုး..။သူ ငါ့ကို ခေါ်မသွားဘူးဆိုတာ ယုံတောင် မယုံနိုင်ဘူး.."
ဝူယူလန် ရယ်မောလိုက်ပြီး...
"အစ်ကိုလင်းက အလုပ်ကိစ္စနဲ့ သွားတာလေ..။သူက အားလပ်ရက် ခရီးထွက်သွားတာမှ မဟုတ်တာ..."
လူလိမ် ထျန် အကူညိီမဲ့စွာ ခေါင်းခါယမ်းလိုက်ပြီး..။
"အကြီးအကဲ..ဝူ..ခင်ဗျားက ဒီကလေးကို ပျိုးထောင်ပြီး အချိန်ဖြုန်းနေတာပဲ..။သူမက အိမ်ထောင်တောင် မပြုရသေးဘူး ဒီလိုဖြစ်နေပြီ...။ကျုပ်ထင်တာတော့ ကျုပ်တို့ အပြန်အလှန်..အားကိုးပြီး နေသွားကြရမယ် ထင်တယ်..."
ကျောက်ကျန်းယန် ရယ်မောလိုက်ပြီး..
"လူလိမ် ..ခင်ဗျားက ဘယ်လို အားကိုးမူကို ပြောချင်တာလဲ.."
သူ့ရဲ့ အမူအရာက..လူလိမ် ထျန်ရဲ့ အားကိုးမယ် ဆိုတဲ့ စကားကို အကြီးကြီးတွေ အဓိပ္ပါယ် ဖော်ချင်နေသလိုပါပဲ..။
လူလိမ်ထျန် ခေါင်းခါယမ်းလိုက်ပြီး..
"လာပြန်ပြီ နောက်တစ်ယောက်..။မင်းလည်း တစ်ကိုယ်တည်း ဖြစ်နေတာ အံ့ဩစရာ မရှိတော့ဘူး.."
"ဟေးဟေး..ကျွန်တော့်ကို ဒီလိုတော့ မပြောသင့်ဘူးလေ..။ကျွန်တော့် တိုက်ရိုက်ထုတ်လွင့်မူမှာဆို ကျွန်တော့်ကို သဘောကျနေတဲ့ ကောင်းမလေးတွေ ဘယ်လောက်တောင် များလိုက်လဲ..။ပြသနာ တစ်ခုက သူတို့က အသက်မပြည့်သေးတာပဲ..မဟုတ်ရင် ကျွန်တော် ရည်းစားရနေလောက်ပြီ..."
ရုတ်တရက်..သိပ်မဝေးတဲ့နေရာကနေ ရင်းနှီးတဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့တယ်..။
"အိူး..မင်းက..အသက်မပြည့်တဲ့မိန်းကလေး တွေကို လိမ်ညာနေတာလား..။ဒါက မကောင်းဘူးနော်..."
ဒီအသံကို ကြားပြီး အကုန်လုံး ကြောင်အသွားပြီး လှည့်ကြည့်လိုက်ကြတယ်..။
လူလိမ်ထျန် အံ့ဩစွာ ရေရွတ်လိုက်တယ်..။
"အိုး.မင်း ဟောင်ဂျင်ကနေ ပြန်လာတာ မြန်လှချည်လား..။မင်း ရောက်ပြီးတာနဲ့များ တန်းပြန်လာတာလား.."
"ကျုပ် လုပ်စရာရှ်ိတာကို လုပ်ပြီးတာနဲ့ ချက်ချင်း တန်းပြန်လာတာ..."
လင်းဖန် ပြောလိုက်တာပါ..။
ဝူယူလန် ဟာ အစ်ကိုလင်း ပြန်လာတာကို မြင်ပြီး ပျော်သွားခဲ့တယ်..။သူမ ချက်ချင်းပဲ..လင်းဖန် အတွက် ထိုင်ခုံ ပြင်ဆင်ပေးပြီး..နိုပ်ပေးလိုက်ပါတယ်..။
"အစ်ကိုလင်း ဟောင်ဂျင်ကို သွားတာ ဘယ်လိုနေလဲ..။ပျော်ဖို့ကောင်းခဲ့လား..."
လင်းဖန် ခနလောက် တွေးပြီး ပြန်ဖြေလိုက်ပါတယ်..။
"ဒီခရီးက အတော်ကျေနပ်ဖို့ကောင်းပြီး..ပျော်ဖို့လည်း ကောင်းပါတယ်.."
ဒါက တကယ်ကို ပျော်ဖို့ကောင်းတဲ့ ခရီးပါ..။သူ လူမိုက်တွေ အများကြီး..ကို ရိုက်နှက်ခဲ့ရတာနဲ့တင် ဒီခရီးက ပျောိဖို့ကောင်းနေပါပြီ...။