တိုက်ရိုက်ထုတ်လွင့်မူ စတင်ပြီ
Vol. 49 Ch. 725
#ဘာသာပြန် = စနိုးဝှိုက်
လင်းဖန် ဟောင်ဂျင်ကနေ ပြန်ရောက်လာတာက ရက်အနည်းငယ် ရှိနေခဲ့ပါပြီ..။ဘဝက သာမန်သာ ပြန်ဖြစ်သွားပြီး ဘာမှ ထွေထွေထူးထူး ဖြစ်မလာခဲ့ပေ..။
သို့ပေမယ့်..လင်းဖန် နဲ့ဝိုက်ဘိုပေါ်မှာ စကားပြောဖို့ နောက်ထပ်လူတစ်ယောက် ထပ်ရလာခဲ့ပြီး..အဲတာကတော့ ယွန်ယွဲ့ယောင်ပါ..။
သူတို့ ညဘက်ဆိုရင် စကားအနည်းငယ် ပြောဖြစ်ကြပါတယ်..။
နန်ရှန်း ဂေဟာက လည်း ကောင်းကောင်းမွန်မွန်ပဲ ရှေ့ဆက်နေခဲ့တယ်..။လင်းဖန် ရဲ့..စွယ်စုံအမှတ်တွေကလည်း အတော်ကို တက်လာခဲ့ပါပြီ..။သို့ပေမယ့်..မစ်ရှင်ကို ပြည့်ဖို့အတွက်ကတော့ နာမည်သုံးခု လိုနေဆဲပါပဲ..။
လင်းဖန် သူ့ရဲ့ တပည့်ဖြစ်တဲ့ ကျိုးမင်ချင်းနဲ့ အဆက်အသွယ် မရတာအတော်ကြာနေပြီ ဖြစ်တာကြောင့်..အနည်းငယ်တော့ စိတ်ပူမိပါတယ်..။ကျိုးမင်ချင်းက ဖုန်းမခေါ်တာ အတော်ကြာပြီ ဖြစ်ပြီး သူ ဘာတွေ.ဖြစ်နေလဲ ဆိုတာ မသိနိုင်ပေ..။
ခနလောက်တွေးပြီးတဲ့ နောက်မှာ လင်းဖန် ဖုန်းခေါ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်..။
"မင်ချင်း. အခြေအနေ ဘယ်လိုရှိလဲ..။ခင်ဗျားဆီက အဆက်အသွယ် မရတာတောင် အတော်ကြာနေပြီ..."
လင်းဖန် မေးလိုက်တာပါ..။
"ဆရာ..ကျွန်တော် မကြာခင် ပြန်လာမှာပါ..။ဒီတောင်တန်းဒေသမှာ အဖွဲ့အစည်းတွေ အများကြီးရှိတယ်..။လူနာတွေထဲ က တစ်ချို့ရဲ့ ရောဂါက ရှုပ်ထွေးပြီး..ကုရတာ အချိန်ယူရမှာကြောင့်ကျွန်တော် ပြန်မလာနိုင်သေးတာလေ.."
ကျိုးမင်ချင်း ဖုန်းထဲကနေ တောင်းပန်တဲ့ အသံနဲ့ ပြောလိုက်တယ်..။
"အပြီးအကဲ..ကျိုး..ဖုန်းခေါ်လာတာ ခင်ဗျားရဲ့ ဆရာလား.."
တစ်ဖက်ကနေ အသံတစ်ခုကို ကြားလိုက်ရတယ်..။
မေးစရာ မလိုပဲ..တစ်ခြားတစ်ဖက် ဘယ်သူလဲ ဆိုတာကို လင်းဖန် သိလိုက်ပါတယ်..။ကျိုးမင်ချင်းက..တောင်တန်းဒေသမှာ ဆေးပညာ ပရဟိတ လုပ်ရင်း သူနဲ့တွေ့ခဲ့တာပါ..။ဒီလူက အမေရိကန် ဒေါက်တာ တစ်ယောက်ဖြစ်ပြီး..သူလည်း တရုတ်ပြည်က တောင်တန်းဒေသကို ဆေးပညာ ပရဟိတ လာလုပ်ပေးတာပါပဲ..။
ကြည့်ရတာ..သူတို့ နှစ်ယောက်က..အတူတူ နေလာတာ ကြာပြီ ဖြစ်တာကြောင့် တစ်ယောက်နဲ့တစိယောက်..မိတ်ဆွေ တွေဖြစ်သွားတဲ့ ပုံပါပဲ..။
"အင်း.. ကောင်းပြီ.. လုပ်စရာရှိတာလုပ်ပြီး အမြန်ပြန်လာခဲ့လေ..။အရမ်းအလွန်အကျွံ မလုပ်ပဲ ကိုယ့်ကိုကို ဂရုစိုက်ဖို့လည်း မမေ့နဲ့ဦး..။ခင်ဗျားက လူငယိတွေလို သန်စွမ်းတော့တာ မဟုတ်ဘူး.."
ကျိုးမင်ချင်း သူ့ ဆရာရဲ့ စိုးရိမ်မူကို..ကြားပြီး ခံစားသွားခဲ့ရတယ်..။
"သိပါပြီ ဆရာ..။ကောင်းပြီလေ..နောက်မှ တွေ့မယ် ..ကျွန်တော်အခု တောင်ပေါ်ကို တက်နေလို့.."
ဖုန်းချပြီး နောက်မှာ လင်းဖန် ဝိုက်ဘိုကို ဖွင့်ပြီး သတင်းတွေကို ဖတ်ကြည့်လိုက်တယ်..။
ရှန်ဟိုင်း ဂြိုလ်တု TV နစ်ဝါ့ ရဲ့ ' အသန်မာဆုံး ကောင်းကင် သံစဥ်' အစီစဥ် က ရုပ်မြင်သံကြားတွေမှာ စတင် ကြော်ငြာ နေခဲ့ပါပြီ..။
ပြိုင်ပွဲ မတိုင်ခင်မှာ..ဒိုင်တွေ ရဲ့ အကြောင်းအရာက လူပြောအများဆုံးပါပဲ..။မြို့သားတွေဟာ ဘယ်သူတွေက ဒိုင်ဖြစ်လာမလဲ ဆိုတာကို ဆွေးနွေးနေခဲ့ကြပါတယ်..။အစီစဥ် ကျင်းပသူတွေဟာ..သူတို့ရဲ့ အစီစဥ်တွေ ရှိနေပေမယ့် အခုထိ တရားဝင်တော့ ချမပြသေးပါဘူး..။
အဲ့အချိန်မှာပဲ..ရှန်ဟိုင်း ဂြိုလ်တု TV နစ်ဝါ့ဟာ စတင်ပြီး ကြေညာလိုက်တယ်..။
"ပထမဆုံး အကြိမ် ' အသန်မာဆုံး ကောင်းကင်သံစဥ် ' သီချင်းဆိုပြိုင်ပွဲ..ဆယ်ရက် , ဒိုင်လေးယောက် , ဆု တစ်ခု..."
"ချီးပဲ..စတင် ကြေညာပြီ..။နောက်ဆုံးတော့ တရားဝင် ကြေညာလာခဲ့ပြီ..."
"ဒိုင်တွေက ဘယ်သူတွေလဲ..။ယန်ဂျင်လို့တော့ မပြောနဲ့နော်..."
"မင်း ကျောက်တုံးအောက်မှာ နေနေတာလား..။ယန်ဂျင်က ဒီ ပြိုင်ပွဲမှာ ပါမှာ မဟုတ်ဘူးလို့ မစောကြီးကတည်းက ကြေညာထားတယ်လေ.."
"ကြည့်လိုက်ကြ..ဒီပြိုင်ပွဲ ရဲ့ ဆရာတွေက..ဟောင်ဂျင်ရှင်း , လီယင်ဒေါင်., ကျိုးလီ နဲ့ လင်းဖန်...."
"ချီးပဲ..အံ့ဩစရာပဲ..။ရှန်ဟိုင်း ဂြိုလ်တု TV နစ်ဝါ့က ..ပေါ့..ဘုရင်..ဟောင်ဂျင်ရှင်း ကို ဖိတ်ခေါ်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး.."
"ဘာ ပေါ့ ဘုရင်လဲ.။သူအောင်မြင်ခဲ့တာက လွန်ခဲ့တဲ့ နှစ် ၂၀ ကလေ.."
"ငါ့ အကြိုက်ဆုံး လီယင်ဒေါင် လည်းပါတယ်.."
"ယန်ဂျင် ကတော့ သနားပါတယ်..။ရှန်ဟိုင်း ဂြိုလ်တု TV က..ယန်းဂျင် အစား ကျိုးလီ ကို ရွေးလိုက်တာပဲ ဖြစ်ရမယ်..။ငါထင်တာတော့ သူမက ပိုကောင်းပါတယ်.."
"မင်းတို့ ကန်းနေတာလား..။မာစတာလင်းလည်း ဒီရှိုးမှာ ပါတယ်လေ..။မာစတာလင်း..ဘာတွေ လုပ်ဥိီးမလဲ ဆိုတာ ကြည့်ဖို့ တကယ်မစောင့်နိုင်တော့ဘူး.."
"ဟုတ်တယ် ဟုတ်တယ်..မာစတာလငိး..ရဲ့ ပုံစံကို ကြည့်ဖို့ မစောင့်နိုင်တော့ဘူး..။ဒီရှိုးက သူ ပါမှ ပိုပြီး အဓိပ္ပါယ် ရှိသွားတော့မှာ..."
"ဘာ မာစတာလင်းလဲ..။သူက သီချင်းနည်းနည်းလောက်ပဲ..ရေးဖူးတာလေ..။တစ်ခြား ဒိုင်တွေ နဲ့ယှဥ်ရင် တစ်ဆင့်နိမ့်နေတာ အမှန်ပဲ..."
"ဟားဟား..တစ်ဆင့်နိမ့်တယ် တဲ့လား..။မင်းကန်းနေလား..။ငါ ရှာတွေ့တာကတော့..ရှန်ဟိုင်း ဂြိုလ်တု TV နစ်ဝါ့က ..မာစတာလင်းကို ဒိီရှိုးအတွက် ဒေါ်လာ သန်း ၂၀ တောင်ပေးထားတာ..။ဒါက ဒိုင်တွေထဲမှာ သူ အများဆုံးပဲ.."
"ဟောင်ဂျင်ရှင်း ၁၈ သန်း ..လီယင်ဒေါင် ၁၆.၅ သန်း...ကျိုးလီက ၁၉ သန်း..။မာစတာလင်းနဲ့ ယှဥ်ရင် သူတို့က..ပိုပြီး နည်းကြတယ်..။ဒါက ရှန်ဟိုင်း ဂြိုလ်တု TV နစ်ဝါ့ရဲ့ မျက်လုံးထဲမှာ..မာစတာလင်းက..တစ်ခြားဒိုင်တွေထက်ပိုပြီး ပေါ်ပြူလာ ဖြစ်နေတယ် ဆိုတာပဲ.."
"ချီးပဲ..ဒါ တကယ်ကြီးလား..."
…
အင်တာနက်ပေါ်မှာ..'အသန်မာဆုံး ကောင်းကင် သံစဥ် ' ပြိုင်ပွဲ အကြောင်းကို..ရက်အနည်းငယ် ကြာအောင် ဆက်တိုက်ဆွေးနွေးနေခဲ့ကြတယ်..။သို့ပေမယ့် ဒီရှိုးက အမှန်တကယ်ကို ပေါ်ပြူလာ ဖြစ်နေခဲ့တာပါ..။
ရှန်ဟိုင်း ဂြိုလ်တု TV နစ်ဝါ့ က အတော်ကို သန်မာပါတယ်..။သူတို့ ဒီရှိုးကို ပေါ်ပြူလာဖြစ်အောင် လုပ်ဖို့က..သိပ်ပြီး..မခက်ခဲပါဘူး..။
တစ်ခြား ဒိုင် သုံးယောက်ကတော့..သူတို့ မျှမျှတတ မဆက်ဆံခံရဘူးလို့ ခံစားနေကြရပါတယ်..။သူတ်ို့တွေက ဒီလောကထဲမှာ..ဆယ်နှစ်ကျော်နေခဲ့ပါပြီ...။သူတို့ထဲက လုပ်သက်အရင့်ဆုံး ဆိုရင်..အနှစ် ၂၀ တောင် ရှိနေခဲ့တာပါ..။အခု ဆရာမ ယန်ဂျင် အစား ဝင်လာတဲ့ ဒိုင်က ပထမဆုံး ပွဲဦးထွက်မှာတင် သူတို့ထက် ပိုများနေခဲ့ပါတယ်..။
သူတို့ ရဲ့ အမြင်ရ ဆိုရင်တော့ ..ဒါက လုံးဝကို နည်းလမ် မကျပါဘူး..။အရင်တုန်းက ယန်ဂျင် ရဲ့ ကမ်းလှမ်းမူက သူတို့ထက် များတယ် ဆိုတာကို လက်ခံနိုင်ပေမယ့် အခု မာစတာလင်းကပါ သူတို့ထက် များနေတာကိုတော့ လက်မခံနိုင်ကြပေ..။
ယန်ဂျင် ရဲ့ အရည်အသွေးမျိုး ဘယ်သူ့မှာ ရှိလို့လဲ..။တစ်ချိန်တည်းမှာပဲ..ဂီတလောကမှာ ယန်ဂျင် ရဲ့..လွမ်းမိုးမူက အတော်မြင့်မားပြီး..သူမ ရဲ့ တန်ကြေးက ထိုက်တန်မူရှိပါတယ်..။ဒါပေမဲ့ မာစတာလင်းက ဘာတွေများ အောင်မြင်မူ ရှိနေလို့ သူတို့ထက် များနေရတာလဲ..။
သူက အင်တာနက်ပေါ်မှာ နည်းနည်းကျော်ကြားပြီး နိုင်ငံပြတိုက်ထဲမှာ သူ့ ပန်ချီကား အနည်းငယ် ရှိယုံပါပဲ..။ဘာလို့ သူရဲ့ တန်ကြေးက ငါတို့ထက်များနေတာလဲ..။
တိမ်ဖြူလမိး..။
"အံ့ဩစရာပဲ..ပြိုင်ပွဲအတွက် ကမ်းလှမ်းခ က..ဒေါ်လာ သန်း၂၀ တဲ့..။ဒါက ဘယ်လောက်တောင် များတဲ့ ပိုက်ဆံလဲ.."
လူလိမ် ထျန် အံ့ဩစွာ ပြောလိုက်တာပါ...။
သူတို့လင်းဖန် ဒိုင်အဖြစ် လုပ်တောပမယ် ဆိုတာကို သိပေမယ့်..သူရရှိမယ့် ပိုက်ဆံက ..တစ်ခြားဒိုင်တွေထက်တောင် ပိုများနေမယ်လို့ မထင်ထားခဲ့ပါဘူး..။
ဒေါ်လာ သန်း ၂၀..။ဒီပမာဏက တစ်ချ်ို့လူတွေ တစ်ဘဝလုံး ရှာရင်တောင်.. မရနိုင်တဲ့ ပမာဏပါ..။
"ဘာတွေ များ ထူးခြားလို့လဲ..ဒါက ဘာမှ မဟုတ်ဘူး."
လင်းဖန် တည်ငြိမ်စွာ ပြောပြီး လက်ဝေ့ယမ်းလိုက်တယ်..။သူ့ပုံစံက..လူလိမ်ထျန်ကို ထထိုးချင်စိတ်တောင် ပေါက်စေပါတယ်..။
သိူ့ပေမယ့် လင်းဖန်လည်း သူ့ ..အခကြေးငွေက တစ်ခြားလူတွေထက် ပိုများနေတာကို အံ့ဩမိပါတယ်..။တကယ်လို့..သူ ခန့်မှန်းတာ မှန်ကန်မယ် ဆိုရင်..ဒီလူတွေ ဒါကို ပျော်ရွှင်ကြမှာ မဟုတ်ပါဘူး..။
ဒီလို ဂီတလောကမှာတောင် မရှိတဲ့..ကောင်လေးက..သူတို့ထက် တန်ကြေးပိုများနေတာကို ဘယ်သူက လက်ခံနိုင်မှာလဲ..။
ဝိုက်ဘိုကို ကြည့်လိုက်တဲ့ အချိန်မှာ ယန်ဂျင်လည်း ဒီကိစ္စကို မပျော်တာ သတိထားမိလိုက်ပါတယ်...။သူမက လူတွေရဲ့ အာရုံစိုက်မူကို ရဖို့..ဝိုက်ဘိုပေါ်မှာတောင် တိတ်တဆိတ်ပို့စ် တင်ထားလိုက်ပါသေးတယ်..။
"တောထဲမှာ ကျားမရှိတော့..မျောက်က သူ့ကိုယ်သူ ဘုရင်လို့ ထင်နေခဲ့တယ်..."
မြို့သားတွေဟာ မှတ်ချက်တွေ ဝိုင်းပေးနေကြပါတယ်..။ဘာတွေဖြစ်နေလဲ ဆိုတာကိုသိတဲ့ လူတိုင်းက ယန်ဂျင် ဆ်ိုလိုတဲ့ အဓိပ္ပါယ်ကို နားလည်ပါတယ်..။
လင်းဖန် ယန်ဂျင်ကို တုန့်ပြန်ဖို့ နှစ်ခါတောင် ပြန်မစဥ်းစားပေ..။သူ သူမရဲ့ ပို့စ်အောက်မှာ မှတ်ချက်ရေးလိုက်တယ်..။
"ယန်ဂျင် ကျားသစ်မကြီး..ဘယ်တော့ တောထဲကို ပြန်လာမှာလဲ..။ငါက ကျားတွေ ..နဂါးတွေကိုပဲ..နိမ်နင်းချင်နေတာ..."
လင်းဖန် ရဲ့ မှတ်ချက်တက်လာတဲ့ အချိိန်မှာ အကုန်လုံး သဘောကျသွားခဲ့ပါတယ်..။
"ဟားဟား..မာစတာလင်းက တော်တော် စကားတတ်တာပဲ..။သူက ယန်ဂျင်ကို နည်းနည်းမှ အလွတ်မပေးဘူး.."
"မာစတာလင်းက လုံးဝ မျက်နှာသာ မပေးဘူးနော်..။သူမက အခုဆိုရင် ဆွံ့အနေလောက်ပြီ..."
" ဒီ ပြိုင်ပွဲက တစ်ခုခုတော့ ထူးခြားတော့မယ် ထင်တယ်နော်..။ဒီမှာ ဇာတ်လမ်းလေးတွေ ဖြစ်လာတော့မယ် ဆိုတာ ငါ လောင်းရဲတယ်.."
"ငါလည်း..တိုက်ပွဲတွေ ဖြစ်လာမယ့် ဘက်ကနေ လောင်းတယ် ..."
"မင်းတို့က..တော်တော် စိတ်ကူးယဥ်တတ်တာပဲ..။ငါ ဒီပြိုင်ပွဲကို ကြည့်ဖို့ တကယ် မစောင့်နိုင်တော့ဘူး.."
…
လင်းဖန်ရဲ့ တုံ့ပြန်မူကို မြင်ပြီး ယန်ဂျင် မျက်မှောင်ကျတ်လိုက်တယ်..။သူမ ဂီတလောကမှာ နှစ်တွေ အတော်ကြာအောင် နေခဲ့ဖူးပေမယ့်..ဒီလို မိန်းမလို မိန်းမရ ရန်ပြန်တွေ့တတ်တဲ့..ယောက်ျားမျိုးကိုတော့ တစ်ခါမှ မတွေ့ဖူးပါဘူး..။
သူ့ကြည့်ရတာလည်း...ကောင်းကင်ရော မြေကြီးရော ဘာကိုမှ ကြောက်ရွံ့မယ့်ပုံ မရှိပေ..။