လေထုက မူမမှန်ဘူး..
Vol. 49 Ch. 726
#ဘာသာပြန် = စနိုးဝှိုက်
လင်းဖန် နဲ့ယန်ဂျင် တို့ရဲ့ တိုက်ခိုက်မူက လူအနည်းငယ်ကို ဆွဲဆောင် နိုင်ခဲ့ပေမယ့် ဆယ်လီ အများစုကတော့ ဂရုမစိုက်ကြတော့ပါဘူး..။လင်းဖန်က..ယန်ဂျင်ကို ..စော်ကားရဲတဲ့ တစ်ယောက်တည်းသော လူဆိုတာကို သူတို့ လက်ခံထားလိုက်ကြပါပြီ..။
ဒါပေါ့..တစ်ချို့ဆယ်လီ တွေအတွက်ကတော့..ဒါက ဖျော်ဖြေမူ တစ်ခုပါပဲ...။ယန်ဂျင်က..ဒီလောကမှာ လွှမ်းမိုးနိုင်စွမ်းတွေနဲ့ တောက်ပနေတဲ့ လူတစ်ယောက်ပါ..။တစ်ချို့ ဆယ်လီ တွေဆိုရင် ယန်ဂျင် ရဲ့ ဆဲဆိုမူတွေကိုတောင် ခံကြရပါတယ်..။သူတို့ ဒါကို မခံနိုင်ကြပေမယ့် တစ်ဖက်လူက ယန်ဂျင်ဖြစ်နေတဲ့ အတွက် ဘာမှ မတတ်နိုင်ကြပါဘူး..။
မာစတာလင်းရဲ့..သနားညှာတာမူကင်းတဲ့ ပါးစပ်နဲ့တွေ့မှ.. ယန်ဂျင်က ထိုက်တန်တာကို ရနေတယ် လို့ပဲ သူတို့က မြင်ပါတယ်..။
တကယ်လို ဒါက အရင်တုန်းကဆိုရင် ယန်ဂျင်ရဲ့ ဘက်တော်သား ဆယ်လီတွေက ယန်ဂျင်ကို ချက်ချင်း ကာကွယ် ပေးကြမှာပါ..။သို့ပေမယ့် အခုတော့ သူတို့လည်း ဂရုမစိုက်ကြတော့ပေ..။
လင်းဖန် ရဲ့ လုပ်ဆောင်ချက်နဲ့ အောင်မြင်မူတွေက သူတို့အပေါ်ကို အများကြီး သက်ရောက်ခဲ့ပါတယ်..။သူတို့ထဲက အချို့ဆိုရင် မာစတာလင်းနဲ့ အနာဂတ်မှာ တွေ့ခွင့်ရဖို့တောင် မျှော်လင့်နေကြမှာပါ..။မာစတာလင်းနဲ့ ဆက်ဆံရေးကောင်းနိုင်ဖို့ဆိုရင် သူတို့က..ယန်ဂျင်နဲ့ ရင်းနီီးတယ် ဆိုရင်တောင် ဒီကိစ္စတွေမှာဝင်မပါပဲ..တိတ်တိတ်နေဖို့ လိုအပ်ပါတယ်..။
မာစတာလင်း..က ရှန်ဟိုင်းဂြိုလ်တု TV နစ်ဝါ့က ဖိတ်ခေါ်ထားတဲ့ ဒိုင်လေးယောက်ထဲက..တစ်ယောက်ဖြစ်ပြီး..တစ်ခြား ဒိုင်သုံးယောက်ကလည်း မာစတာလင်းကို ပထမဆုံး မြင်ဖူးကြတာပါပဲ..။
ဒီပြိုင်ပွဲက..တိုက်ရိုက်ထုတ်လွင့်မှာ ဖြစ်ပြီး ပြိုင်ပွဲ အတွင်းမှာ..တစ်ခုခုဖြစ်ပျက်လာရင်တောင် အပိုင်းတွေကို ဖြစ်ထုတ်တာတွေ..လုပ််မှာ မဟုတ်ပါဘူး..။
သိူ့ပေမယ့် ရှန်ဟိုင်းဂြိုလ်တု TV နစ်ဝါ့က ဒိုင်တွေရဲ့ စွမ်းဆောင်ရည်တွေကို သေချာစီစစ်ပြီး ရွေးချယ်ထားတာပါ..။သူတို့ရဲ့ ကျွမ်းကျင်မူတွေနဲ့ ဆိုရင် ဘာပြသနာမှ ဖြစ်လာနိုင်စရာ အကြောင်း မရှိပါဘူး..။ပြိုင်ပွဲဝင်တွေ အတွက်ကတော့..တကယ်လိူ့တစ်ခုခုဖြစ်ပျက်လာရင်လည်း ဒါက ပြိုင်ပွဲရဲ့ ဟိုက်လိုက် တစ်ခုပါပဲ..။
ရှန်ဟိုင်းဂြိုလ်တု TV နစ်ဝါ့..။
လင်းဖန် အစောကြီး ရောက်လာခဲ့တယ်.။သူက ရှန်ဟိုင်းမှာ နေတာ ဆိုတော့ ဒီနေရာကို လာဖို့ဆိုတာက..၁၀ မိနစ်လောက်ပဲ အချိန်ပေးရပါတယ်..။
သူ ဧည့်ကြိုကောင်တာ နားကို လျောက်သွားတဲ့ အချိန်မှာ..ဧည့်ကြို မိန်းကလေးဟာ..ချက်ချင်း မှတ်မိခဲ့ကြပါတယ်..။
"မာစတာလင်း..ညီမက ပရိတ်သတ်ပါ...။ညီကို လက်မှတ်လေး ထိုးပေးလို့ရမလား.."
ဧည့်ကြိုကောင်တာ မှာ..ရှိနေတဲ့ မိန်းကလေးဟာ..ဘောပင်နဲ့ စာအုပ်ကို ထုတ်လိုက်ပြီး..နွေးထွေးစွာ ပြောလိုက်တာပါ..။
"ရပါတယ်..ပြသနာ မရှိပါဘူး.."
လင်းဖန် လက်ကို ဆန့်တန်းပြီး..သူ့နာမည်နဲ့ လက်မှတ်ကို ထိုးပေးလိုက်တယ်..။
"ဟုတ်သားပဲ..တစ်ခြား ဒိုင်တွေ ရောက်ကြပြီလား..."
"မရောက်ကြသေးဘူး....မာစတာလင်းက အစောဆုံးပဲ.."
မိန်းကလေးဟာ ပြန်ပြောလိုက်တယ်..။
"ကောင်းပြီလေ..ဒါဆိုလည်း အပေါ်ကို အရင်တက်နှင့်တော့မယ်.."
လင်းဖန် နှုတ်ဆက်ပြီးတာနဲ့..ဓာတ်လှေကားကနေ တဆင့် အပေါ်ထပ်ကို တက်သွားခဲ့ပါတယ်..။
ဥက္ကဌ လီ နဲ့ နစ်ဝါ့ရဲ့ ဒုတိယ ဥက္ကဌ တို့ဟာ..အစည်းအဝေး ခန်းထဲမှာ အစောကြီးကတည်းက စောင့်နေခဲ့တယ်..။
"မာစတာလင်း ထိုင်ပါဦး.."
ဒုတိယ ဥက္ကဌ ဟာ အပြုံးတွေ ပြည့်နေတဲ့ မျက်နှာနဲ့ ပြောလိုက်တာပါ..။ဒီပရိုဂရမ်က အတော်ကို ကုန်ကျထားတာကြောင့်..သူ အတော် စိတ်လှုပ်ရှားနေခဲ့တယ်..။
ပရိသတ်တွေ..အများကြီး ရဖို့အတွက်လည်း သူတို့ ကြော်ငြာ တွေမှာ..ရင်းနှီးမြုပ်နှံမူတွေ အများကြီး သုံးထားပါသေးတယ်..။
"ကျေးဇူးပါ ဒုတိယ ဥက္ကဌ"
လင်းဖန် ပြုံးပြီး ပြန်ပြောလိုက်တယ်..။
ဥက္ကဌ လီ ရဲ့ မျက်နှာဟာ လည်း ကျေနပ်နေခဲ့ပြီး..
"မာစတာလင်း..ကျွန်တော်တို့ ဒိုင်တွေကို ကြေညာပြီးတာနဲ့..မာစတာလင်း ရဲ့..ကျော်ကြားမူက ..ရှိုးအပေါ်ကို အတော် အကျိုးသက်ရောက်မူပေးခဲ့တယ်..."
"ဒါက ဘာမှ မဟုတ်ပါဘူး..။ဒါက အသေးအဖွဲလေး ဆိုတော့ ပြောစရာတောင် မလိုပါဘူး.."
လင်းဖန် လက်ဝေ့ယမ်းပြီး နိမ့်ချစွာ ပြောလိုက်တာပါ..။
"ဒါအသေးအဖွဲ မဟုတ်ပါဘူး..။မာစတာလင်းရဲ့ ကျော်ကြားမူက ကျွန်တော်တို့ အတွက် တကယ် အကျိုးရှိခဲ့တာပါ.."
ဥက္ကဌလီ ထပ်ပြောလိုက်ပါတယ်..။
မာစလင်း ရဲ့ ကျော်ကြားမူကို လည်း သူတို့ နစ်ဝါ့က လူတွေက သေချာေဆွးနွေးကြပြီးသားပါ..။သာမန်လူတွေက မာစတာလင်း လုပ်တာတွေကို လိုက်လုပ်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး..။
ယင်းနောက် အလုပ်သမားတစိယောက်ဟာ..အစည်းအဝေးခန်းထဲ ဝင်လာခဲ့တယ်..။
"ဆရာ..ဒိုငိသုံးယောကိ ရောက်နေပါပြီ.."
"မာစတာလင်း တစ်ခြား ဒိုင်သုံးယောက်တော့ ရောက်လာပြီ..။အခုလို စီစဥ်ပေးတာက..အကုန်လုံး ရင်းရင်းနှီးနှီး ရှိကြဖို့လေ..ဒါဆ်ိုရင် စင်ပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် စိမ်း မနေတော့ဘူးပေါ့.."
ဥက္ကဌ လီ ပြောလိုက်တာပါ..။
လင်းဖန် ရယ်မောလိုက်ပြီး..
"ကောင်းပါပြီ.. ဒီ ဆရာ သုံးယောက်က တကယ်ကျော်ကြားတော့ကျွန်တော်လည်း သိခွင့်ရချင်ပါတယ်..။ဒါဆို ကျွန်တော် သူတို့နဲ့ တွေ့ခဲ့တာကို ပြန်ကြွားလို့ရတယ်လေ.."
ဥက္ကဌ လီကတော့..ဒီမှတ်ချက်ကို သိပ်ပြီး အလေးအနက် မထားပေ..။သူ့အမြင်မှာတော့့ မာစတာလင်းကသာ..အဓိကပါ..။တကယ်လို့ တစ်ခြားလူတွေသာ..မာစတာလင်း လို အရည်အချင်း ရှိကြရင် လူတိုင်းရဲ့ ခေါင်းပေါ်မှာ တောင် တက်ထိုင်နေကြမှာ အသေအချာပါပဲ..။
အဲ့အချိန်မှာပဲ..ယောက်ျားလေး နှစ်ယောက် နဲ့ အမျိုးသမီး တစ်ယောက်ဟာ..အခန်းထဲဝင်လာခဲ့တယ်..။
ဟောင်ဂျင်ရှင်းက အရပ်ရှည်ပြီးတော့..သူ့ဆံပင်က အသက်အရွယ်ကြောင့် ဖြူနေခဲ့ပါတယ်..။သူက ဂီတလောကမှာ အနှစ် ၂၀ လောက် ရှိနေပြီ ဖြစ်ပြီး အောင်မြင်ချိန်တုန်းက သီချင်းအေးအေးလေးတွေ သီဆိုခဲ့ပါတယ်..။
နောက်ထပ် ယောက်ျားလေး ဒိုင်တစ်ယောက်ကတော့ သူက အသက် ၄၀ ကျော်လောက် ရှိနေပြီ ဖြစ်ပေမယ့် ခေတ်ပေါ်..အဝတ်အစားတွေကို ဝတ်ဆင်ထားခဲ့ပါတယ်..။သူက ဂီတလောကမှာ ပေါ့ဘုရင် ဆိုတဲ့ ဘွဲ့ကို ရရှိထားခဲ့တာပါ..။သူက လွန်ခဲ့တဲ့ နှစ်အနည်းငယ်မှာ လှုပ်ရှားမူတွေ သိပ်မလုပ်ပေမယ့် နာမည်ကတော့ အခုချိန်အထိ ကျသွားခြင်း မရှိပါဘူး..။
နောက်ဆုံးတစ်ယောက် မိန်းမလှလေး တစ်ယောက်ပါ..။အသက်အရွယ်ကြောင့် မျက်နှာပေါ်မှာ..အမာရွတ် တစ်ချ်ို့ရှ်ိနေပေမယ့် လှပတဲ့ အမျိုးသမီး တစ်ယောက်ဆိုတာကတော့ ဖုံးကွယ်ထားလို့ မရနိုင်ပါဘူး..။
သူတို့ သုံးယောက်ကို ကြည့်ကာ ဥက္ကဌ လီ ပြုံးလိုက်ပြီး...
"ကြိုဆိုပါတယ်..။ကျွန်တော် မိတ်ဆက်ပေး ပါရစေ..ဒါက မာစတာလင်းပါ.."
လင်းဖန် ..ဆရာသုံးယောက်ကို ..ဝမ်းသာတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်ပြီ...
"တွေ့ရတာ ဝမ်းသာပါတယ်..။အလုပ်ကို အတူတကွ ပျော်ပျော်ရွှင်ရွှင် လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်.."
ဟောင်ဂျင်ရှင်း..လင်းဖန် ရဲ့ လက်ကိုဆွဲကာ နှုတ်ဆက်လိုက်ပြီး..စိတ်လှုပ်ရှားကာ ပြောလိုက်တယ်..။
"မာစတာလင်း က ဒီလောက်ငယ်မယ်လို့ ငါမထင်ထားခဲ့ဘူး..။မာစတာလင်း ဆွဲထားတဲ့..ပန်ချီကား ဆယ်ချပ်ကို..ပြတိုက်မှာ သွားကြည့်သေးတယ်..ဒါက တကယ်ကို အံ့ဩစရာပဲ..."
ဟောင်ဂျင်ရှင်း က ဒီလောက် အထိဖော်ရွေနေလိမ့်မယ်လိူ့ လင်းဖန် မထင်ထားခဲ့ပေ..။
"ဆရာ..ဟောင် ရဲ့ သီချင်းတွေကို ကျွန်တော် ကြီးပြင်းလာတော့..အမြဲနားထောင်ပြီး ကြိုက်ခဲ့ရတာလေ..။အထူးသဖြင့် တောင်တန်းနဲ့ မြစ်ရေ သီချင်းပဲ..ဒါက ဒီနေ့ အထိ ကျွန်တော် အကြိုက်ဆုံး သီချင်းပဲ..။ကျွန်တော်က ပရိတ်သတ်ပါ.."
"ကျေးဇူးပါ..ကျေးဇူးပါ.."
ဟောငိဂျင်ရှင်း ရယ်မောလိုက်တယ်..။
တကယ်လို့ သူတို့.သာ မျက်နှာသာပေးရင် ..လင်းဖန် လည်း ပြန်ချီးကျုးဖို့..ဝန်လေးနေမှာ မဟုတ်ပါဘူး..။
"ဆရာလီ မင်္ဂလာပါ.."
လင်းဖန် နွေးနွေးထွေးထွေး နှုတ်ဆက်လိုက်ပါတယ်..။သူ့ကို ဆယ်လီ တွေဝိုင်းနေတာက တကယ် ကောင်းမွန်တဲ့ ခံစားချက်တစ်ခုပါ..။
"အင်း.."
လီယင်ဒေါင်ရဲ့ အမူအရာက..တည်ငြိမ်နေပြီး..ဘာစိတ်လှုပ်ရှားမူမှ မရှိခဲ့ပေ..။သူ လင်းဖန်နဲ့ အနည်းငယ် သာ လက်ဆွဲနှုတ်ဆက်လိုက်ပြီး နောက်ပြန်ဆုတ်သွားခဲ့ပါတယ်..။
လင်းဖန် ဒီအခြေအနေက ရှက်ဖို့ကောင်းတယ်လို့ မထင်ထားခဲ့ပေ..။သူ လီယင်ဒေါင်ကို ကြည့်လိုက်တဲ့ အချိန်မှာတော့ တစ်ခုခု ပြောချင်နေတဲ့ ပုံပါပဲ..။
လင်းဖန် သူ့ကို ဘယ်တုန်းကမှ မစော်ကားခဲ့ဘူးပေ..။ဒိီတော့ ဖြစ်နိုင်ချေက တစ်ခုတည်းရှိပါတယ်..။အဲတာက..ဒီလီယင်ဒေါင်က..ယန်ဂျင် နဲ့..သူငယ်ချင်းကောင်းတွေ ဖြစ်နေတာပါပဲ..။
ဂီတ လောကက ကျဥ်းကျဥ်း လေးဖြစ်ပြီး..ယန်ဂျင်ကလည်း ဒီလောကမှာ အကြာကြီး ကျင်လည် နေခဲ့တာပါ..။လီယင်ဒေါင်ကလည်း အလားတူ စွာပဲ ဖြစ်တာကြောင့်..သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်...သိကျွမ်းနိုင်ဖို့က ..ဖြစ်နိုင်ချေ အရမ်းမြင့်မားပါတယ်..။
သို့ပေမယ့်..လင်းဖန် သိပ်ပြီး ဂရုမစိုက်တော့ပေ..။လီယင်ဒေါင်က သူ့ကို တည့်တည့်ကြီး မစော်ကားသ၍ ဒါက အဆင်ပြေပါတယ်..။
"မာစတာလင်းက တကယ်ကို ငယ်ရွယ်တာပဲ..။အစ်မက ..ယန်ဂျင် နဲ့..သူငယ်ချင်းကောင်းတွေ ဖြစ်ပေမယ့်..မင်းတို့နှစိယောက် ဘယ်လိုမျိုး နားလည်မူလွဲနေကြတာလဲ..သိပ်တော့မသိဘူး.."
ကျိုးလီ..ဖော်ရွေစွာပဲ ပြောလိုက်တယ်..။
သို့ပေမယ့် လင်းဖန် သူမ မျက်လုံးကနေ တဆင့်..သူ့အပေါ် အထင်သေးမူတွေကို မြင်နေရပါတယ်..။
"ဆရာမ ကျိုး မှားနေပြိ..ကျွန်တော် ယန်ဂျင်ကို ဘာမှ မဆန့်ကျင်ပါဘူး.."
လင်းဖန် ပြောလိုက်တယ်..။
"ဒါဆို..ဘာလို့ မာစတာလင်းက သူမကို မုန်းကြောင်း တိုက်ရိုက် ပြောနေရတာလဲ.."
ကျိုးလီ မေးလိုက်တာပါ..။
"မ မဟုတ်ပါဘူး..။ကျွန်တော်တို့က..နားလည်မူလွဲတာ မရှ်ိပါဘူး.။ဒါပေမဲ့ ကျွန်တော်တို့ကြားမှာ ရန်ငြိုးတော့ ရှိနေတယ်..။ကျွန်တော် အရင်ကတည်းက ပြောပြီးသားပါ..ကျွန်တော်နဲ့ သက်ဆိုင်တဲ့ လူတွေကို မလေးမစား လာလုပ်မယ် ဆိုရင် ကျွန်တော့်ကို အဆိုးမဆိုနဲ့လို့..."
ကြည့်ရတာ..လီယင်ဒေါင် နဲ့ ကျိုးလီ တို့က ယန်ဂျင် နဲ့ အရမ်းရင်းနှီးတဲ့ ပုံပါပဲ..။သူတို့နှစ်ယောက် ..သူ့ကို မကြိုက်ကြဘူးလား ဆိုတာကတော့ ပြောဖို့ ခက်ခဲပါတယ်..။
ဥက္ကဌ လီဟာ..အစည်းအဝေး ထဲက လေထုက တစ်ခုခု မှားယွင်း လာတာကို ခံစားလိုက်ရတယ်..။ယင်းနောက်..သူ ဝင်ပြီး ပြောလိုက်တယ်..။
"ဒိုင်လေးယောက် စလုံး ဒီကိုရောက်နေကြပြီ ဆိုတော့..ကျွန်တော်တို့ နောက်ပိုင်း အစီအစဥ် အတွက် အသေးစိတ်အချက်အလက်လေးတွေ စတင်လိုက်ရအောင်..."